Sacred Taurus Tarot

Sacred Taurus Tarot 🔮Sacred Ta**us Tarot: Strength, wisdom and the cards — guiding you toward clarity and transformation.

🌸✨✨Weekly Tarot Reading 29.1.26✨✨🌸စိတ်ညစ်စရာ စိတ်ရှုတ်စရာတွေကြုံတွေ့ပြီးပြီလားတဲ့ ကဲ့ကြုံပြီးရင်တော့ တပူပေါ်နှစ်ပူဆင့်အေ...
29/01/2026

🌸✨✨Weekly Tarot Reading 29.1.26✨✨🌸

စိတ်ညစ်စရာ စိတ်ရှုတ်စရာတွေကြုံတွေ့ပြီးပြီလားတဲ့ ကဲ့ကြုံပြီးရင်တော့ တပူပေါ်နှစ်ပူဆင့်အောင်မလုပ်ကြနဲ့တော်နော်။ မိမိရဲ့စိတ်က အပြင်ကအပူထက်ပိုပူအောင်မလုပ်ဆောင်မိဖို့အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ reading မှာပြောနေတာက ဖြစ်တဲ့ပြသနာလက်ရှိအခြေအနေထက် မိမိရဲ့စိုးရိမ်မှုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲပြသနာတွေကိုသတိထားပါ။ ဆိုလိုတာကစိုးရိမ်ပူပန်မှုတွေလျော့ချပြီး ညဘက်တွေအိပ်ရေးဝအောင်အိပ်ပေးပါနော်။ မိမိမျှော်မှန်းထားတဲ့ကိစ္စအဝဝ မကြာခင်ကောင်းတဲ့ဘက်ကိုရောက်လာတော့မယ်လို့ပြောချင်ပါတယ်၊အဲ့အတွက် စိတ်ညစ်နေမယ့်အစား ကိုယ်လုပ်ရမှာတွေကိုယ်ဆက်လုပ်နေပေးပါ အားမလျော့လိုက်ပါနဲ့ ။ မျှော်လင့်ချက်ရောင်ခြည်ရှိနေပါသေးတယ်။

With light and love on your path 🌌💓


မဂ်လာပါစာဖတ်သူတို့ရေ ဆရာမတယောက် နှစ်ကုန်ခရီးတွေထွက် ကျန်းမာရေးပိုလိုက်စားဖြစ်ပြီး 2026 မှာ မာရသွန်တွေလိုက်ပြေးနေတာရယ် ကိ...
29/01/2026

မဂ်လာပါစာဖတ်သူတို့ရေ ဆရာမတယောက် နှစ်ကုန်ခရီးတွေထွက် ကျန်းမာရေးပိုလိုက်စားဖြစ်ပြီး 2026 မှာ မာရသွန်တွေလိုက်ပြေးနေတာရယ် ကိုယ်ပိုင်အလုပ်ကနှစ်ကုန်ကနေနှစ်သစ်ကူးပိုအလုပ်ရှူတ်တာရယ် tarot reading ဘက်ကိုက ကိုယ်တိုင်လဲ ဒီ နှစ်စမှာ tarot ဖတ်တဲ့ energy အရှုတ်အရှင်းတွေကနေခဏလေးနားပြီး energy အသစ်မွေးချင်တာရယ်ကြောင့် ခဏနားပစ်လိုက်ရတယ် အခုတော့energy ကောင်းကောင်းလေးနဲ့ ပြန်ပြီးဖတ်ပေးနေပါပြီ စောင့်ပေးနေတဲ့သူများကျေးဇူးအထူးပါလို့နော် 💙🤞

✨🌙New moon အတွက် Message- ရှေ့လာမယ့် new moon Jan 18 2026ကိုယ့်အတွက်ဘလိုရှိမလဲ ‼️‼️🔱 Alchemy“You have the Midas touch ri...
13/01/2026

✨🌙New moon အတွက် Message- ရှေ့လာမယ့် new moon Jan 18 2026ကိုယ့်အတွက်ဘလိုရှိမလဲ ‼️‼️

🔱 Alchemy
“You have the Midas touch right now, and every project you begin turns to gold.”⚜️

မိမိရဲ့စိတ်ကူးအတွးတွေ ချက်ချင်းအဖြစ်အပျက် တခုပြီးတခုဖြစ်နေတဲ့ ကာလမှာ သင်ဟာ အောင်မြင်မှုရဲ့ energy တွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။
အခုအချိန်မှာ ကိုယ့်အတွေးနဲ့ စိတ်ကူးတွေက လက်တွေ့ဖြစ်လာနိုင်စွမ်း အလွန်မြန်ဆန်ပါတယ်။ ဒါကြောင့် ဘာကိုတွေးမိလဲ၊ ဘာကိုရွေးချယ်မိလဲ ဆိုတာ သေချာဂရုစိုက်ပါ။ ဒီenergy နဲ့ဆိုရင် ဖြစ်ချင်တဲ့အောင်မြင်မှုတွေ ဖန်တီးနိုင်သလို၊ ပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ သို့ပေမယ့် ကိုယ့်စိတ်မကျေနပ်တဲ့ ဘယ်အရာကိုမဆို ပြန်ပြင်ယူနိုင်တယ်ဆိုတာ တော့ ဒီကာလရဲ့ အားသာချက်ပါပဲ။

"Alchemy ပညာရှင်" ဆိုတာ သာမန်သတ္တုကို တန်ဖိုးကြီးရွှေငွေအဖြစ် ပြောင်းလဲပေးနိုင်သူဖြစ်ပါတယ်။ ကိုယ်လုပ်နေတာသည် ရိုးရှင်းတဲ့သာမန်အလုပ်တွေဆိုပေမယ့် သက်ဆိုင်တဲ့သူတိုင်းအတွက် အဓိပ္ပါယ်ရှိ၊ ကောင်းချီးမင်္ဂလာပြည့်၊ ကြွယ်ဝချမ်းသာစေတဲ့ အရာတွေအဖြစ် အသက်သွင်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ယုံကြည်ပါနော်။ ။

🌸🌸Affirm frequently: “Thank you for helping me focus my thoughts completely on joy. I am so grateful that all of my needs are so carefully addressed.” 🌸🌸

With light and love on your path 🌌💘


🧡🌸✨Daily Tarot Reading 💫📖 ယနေ့အတွက် message ကတော့ ငွေကြေးစုဆောင်းမှုနှင့်ပတ်သတ်တာဖြစ်ပြီး၊ တစ်ခါတရံတွင် စုဆောင်းဖို့ အခြ...
09/01/2026

🧡🌸✨Daily Tarot Reading 💫📖

ယနေ့အတွက် message ကတော့ ငွေကြေးစုဆောင်းမှုနှင့်ပတ်သတ်တာဖြစ်ပြီး၊ တစ်ခါတရံတွင် စုဆောင်းဖို့ အခြေအနေတခုမရောက်နိုင်သော အဖြစ်ကို ခံစားရတတ်ပါသည်။ ဤအခြေအနေတွင် ရှိနေသောအခါ၊ ကိုယ့်အိမ်ကိစ္စနှင့် အလုပ်များကိုပဲဖိပြီး ပြုလုပ်ရန်မဟုတ်ဘဲ မိမိရှာဖွေထားသည်များကို စုဆောင်းရအောင် စီမံကြိုးကိုင်ရန် အချိန်ယူသင့်သည်။ ငွေကြေး၊ ဆက်ဆံရေးနှင့် အခြားတာဝန်ဝတ္တရားများကို လဲ ခိုင်မာအောင် ပြုလုပ်သင့်ပါတယ်။

အနာဂတ်ကို ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်မှုကြောင့် ကျွန်ုပ်တို့၏ ငွေကြေးကို တင်းတင်းကျပ်ကျပ် ကိုင်ထားမိနေခြင်း ဟုတ်မဟုတ် ဆန်းစစ်ရန် လဲလိုအပ်ပါသည်။ ငွေကြေးအဝင်အထွက်တည်ငြိမ်မှုကို ဦးစားပေး အာရုံစိုက်ခြင်းသည် ရေရှည်တွင် စိတ်ချမ်းသာမှုကို ပေးစွမ်းမည်ဖြစ်သည်။

With light and love on your path 🌌💘


🌸💝မယ်တော်နှင့်ပဌာန်းဆက်ပါသူများထံသို့ ပေးသော message 💝🌸 ခဏလောက်ရပ်နားပြီး စိတ်ကိုငြိမ်သက်အောင်၊ စိုးရိမ်ပူပန်မှုနှင့် ကြ...
08/01/2026

🌸💝မယ်တော်နှင့်ပဌာန်းဆက်ပါသူများထံသို့ ပေးသော message 💝🌸

ခဏလောက်ရပ်နားပြီး စိတ်ကိုငြိမ်သက်အောင်၊ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများမှ လွတ်ကင်းအောင် လုပ်ပါ။ မယ်တော်က သင့်နဖူးကို ယုံကြည်မှု၊ မျှော်လင့်ချက်နှင့် ကောင်းမွန်သောစွမ်းအားများဖြင့် ပွတ်သပ်ပေးသည်ကို ခံစားကြည့်လိုက်ပါ။ မိမိရဲ့ကောင်းနေတဲ့အရာတွေကို ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုက ဖျက်ဆီးနေသောကြောင့် စိုးရိမ်ပူပန်မှုကို ရပ်တန့်ရမည်။ ယနေ့နှင့် မနက်ဖြန်ကို စဉ်းစားရန်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ စဉ်းစားရန်မလိုအပ်ပါ။

ကိုယ်နဲ့ကိုယ့်ရဲ့ချစ်ရသူများသည် မယ်တော်၏ကာကွယ်ခြင်းခံရမည်ဖြစ်ပြီး လိုအပ်သမျှဖြည့်ဆည်းပေးခြင်းခံရမည်။ မိမိရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မည်သည့် အကြောက်တရားမျိုးကိုမဆို လွှတ်ချလိုက်ပါ။ အပြုသဘောဆောင်သော အတွေးများနှင့် ရည်ရွယ်ချက်များကို ထိန်းသိမ်းထားပါ။ ကိုယ်ရဲ့ လိုအပ်ချက်များကို ယခုနှင့် အနာဂတ်တွင် အမြဲဖြည့်ဆည်းပေးနေမည်ကို သိရှိထားပါ။ ပိုက်ဆံနှင့်ပတ်သက်ပြီးစိုးရိမ်နေခြင်းကိုလျော့ချပေးပါ။

With light and love on your path 🌌💘


🎊💫6.1.26 Daily Tarot Reading 🦄💜မိမိ အလုပ်ပြီးမြောက်ရန် နည်းပညာကျွမ်းကျင်မှုနှင့် ဉာဏ်ပညာကို ပေါင်းစပ်အသုံးချပါ။ လုပ်ငန်း...
06/01/2026

🎊💫6.1.26 Daily Tarot Reading 🦄💜

မိမိ အလုပ်ပြီးမြောက်ရန် နည်းပညာကျွမ်းကျင်မှုနှင့် ဉာဏ်ပညာကို ပေါင်းစပ်အသုံးချပါ။ လုပ်ငန်းအစီအစဉ်က ရှင်းလင်းသွားပြီဆိုရင် နောက်တစ်ဆင့်မှာ တိုးတက်မှုအတွက် ပြောင်းလဲမှုများကို ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ပြီး အားထည့် လုပ်ဆောင်ခြင်းကလိုအပ်ပါတယ်။ အာရုံထွေပြားခြင်းကို ကျော်လွှားပစ်ပါ။ အခြားသူများရဲ့ သဘောတူညီမှုရအောင် ကြိုးပမ်းနေစရာ အချိန်မရှိတော့ပါ။ မိမိစတင်လုပ်ဆောင်တာနဲ့ အခြားသူများက ကိုယ့်ရဲ့ ရှင်းလင်းသော တွေးခေါ်မှုနှင့် မြန်ဆန်သော တုံ့ပြန်လုပ်ဆောင်မှုအတွက် ကျေးဇူးတင်ကြပါလိမ့်မယ်။ အခြေအနေများ အလျင်အမြန် ပြောင်းလဲနေပြီး ကြိုတင်မှန်းဆရခက်သည့် အချိန်မျိုးတွင် စိတ်အေးအေးထားကာ မှန်ကန်သော အချိန်ကိုရွေးချယ်နိုင်ခြင်းသည် မိမိရဲ့ ထူးခြားသောပါရမီဖြစ်ပါတယ်နော်။

With light and love on your path 🌌💘


🎊✨ 5.1.26 Daily Tarot Reading ✨🎊အခွင့်အလမ်းတစ်ခု ပေါ်ထွန်းလာနိုင်သည်။ အလုပ်အသစ် သို့မဟုတ် ခေါင်းဆောင်မှုရာထူးတစ်ခု ဖြစ်န...
05/01/2026

🎊✨ 5.1.26 Daily Tarot Reading ✨🎊

အခွင့်အလမ်းတစ်ခု ပေါ်ထွန်းလာနိုင်သည်။ အလုပ်အသစ် သို့မဟုတ် ခေါင်းဆောင်မှုရာထူးတစ်ခု ဖြစ်နိုင်သည်။ မိမိအိမ် သို့ လုပ်ငန်းခွင် ရဲ့ ဦးဆောင်နိုင်သူတစ်ဦး ဖြစ်လာနိုင်သည်။ လက်ရှိအချိန်တွင် မိမိလက်ရှိနေရာမှာ အမြင့်ဆုံးအနေအထားတခုကို ရောက်နေတတ်ပါသည်။ မိမိရောက်နေတဲ့နေရာမှာ ဦးဆောင်မှု အရည်အသွေးကို အကျိုးရှိစွာ အသုံးချပါ။ ဒီကတ်သည် ကံကြမ္မာအရ ကိုယ့်ဘဝကို ထိန်းချုပ်နိုင်ပြီး အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း လက္ခဏာတစ်ခုဖြစ်ပါတယ်။ အခုလို အဆင့်သို့ ရောက်ရှိလာသည်မှာ ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုတို့ကြောင့် ဖြစ်သည်။ ဦးဆောင်သူ ဖြစ်သည့်အလျောက် မိမိကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများကိုပါ ချမှတ်သင့်ပါသည်။

Astrological: Mars
Zodiac: Aries
Element: Fire
Chakra: Root

With light and love on your path 🌌💘


❣️Walk for Peaceမှရလိုက်တဲ့တန်ဖိုးရှိတဲ့Massage☮️🦮Aloka သည်  အိန္ဒိယမှ အိမ်ရာမဲ့ခွေးလေးတစ်ကောင်ဖြစ်ခဲ့သည်။ အိမ်မရှိ။ အစီ...
04/01/2026

❣️Walk for Peaceမှရလိုက်တဲ့တန်ဖိုးရှိတဲ့Massage☮️🦮

Aloka သည် အိန္ဒိယမှ အိမ်ရာမဲ့ခွေးလေးတစ်ကောင်ဖြစ်ခဲ့သည်။ အိမ်မရှိ။ အစီအစဉ်မရှိ။ လမ်းသည် မည်သည့်နေရာသို့ ရောက်သွားမည်ကိုသိပုံလဲမရှိပါ။

ဗုဒ္ဓဘာသာရဟန်းတော်များ Walk for Peace ငြိမ်းချမ်းရေးခရီးရှည်ကို စတင်လျှောက်လှမ်းသောအခါ၊ Aloka က လမ်းလျောက်တဲ့ အတန်းနောက်မှလိုက်လာပြီး ရဟန်းတော်များနှင့်အတူ ရာသီဥတုဆိုးတဲ့ဒဏ်ကြားမှ၊ နာကျင်မှုများကြားမှ၊ ရပ်လိုက်ရင် ပိုလွယ်ကူမည့် အခိုက်အတန့်များကြားမှ၊ ဘုန်းဘုန်းများနှင့် ဆက်သွားရန် ရွေးချယ်ထားဟန်တူသည်။

လက်ရှိချိန် Aloka သည် ဘုန်းကြီး ၁၉ ပါးတို့နှင့်အတူ အမေရိကန်ပြည်ထောင်စုတစ်လျှောက် မိုင်ပေါင်းထောင်ချီခရီးစဉ်ကို ငြိမ်းချမ်းစွာလျှောက်နေသည်။ သူလျှောက်နိုင်သည့်အခါ လျှောက်သည်၊ လိုအပ်သည့်အခါ အနားယူပြီး၊ သူ့ကို ဘယ်တော့မှ နောက်မှာမချန်ထားခြင်းမခံရတော့ပါ။

ကျွန်မတို့ တွေ အခု ၂၀၂၆ ခုနှစ်ထဲသို့ ခြေလှမ်းစတင်နေသည်နှင့်အမျှ၊ ဒါဟာ သင်ခန်းစာတစ်ခု ဖြစ်လာနိုင်သည်။

အရာရာတိုင်းကို အစီအစဉ်ကျကျ နားလည်ဖို့ မလိုပါ။
ကိုယ်လုပ်ရမှာက ဖြေးဖြေးညင်းညင်းနဲ့ သစ္စာရှိစွာ၊ မိမိနဲ့ ခြေလှမ်းတူတဲ့သူများနဲ့ အတူတကွ ဆက်လှမ်းနေရုံပါပဲ။

💌✨Key Message: Peace isn’t loud.
Sometimes it looks like a tired dog, a long road, and the courage to stay.

🗓️💫Daily Affirmation: မိမိရဲ့တစ်နေ့တာကိုမစတင်ခင် “ TODAY IS PEACEFUL DAY ” လို့ နှုတ်မှထွက်၍ ရွတ်ဆိုခြင်းဖြင့် စတင်ကြည့်ပါနော်။

🙏May we walk into this year with the same quiet hope. 💙

With light and love on your path 🌌💘







အေးချမ်း
နိုင်ပါစေ။🤍

✨🌙The Full Moon in Cancer rises on January 3, 2026 🌘🌑✨ဒီ full moon in cancer အချိန်တွင်းမှာ စိတ်ခံစားမှုတွေ ပြင်းထန်နေတယ...
04/01/2026

✨🌙The Full Moon in Cancer rises on January 3, 2026 🌘🌑✨

ဒီ full moon in cancer အချိန်တွင်းမှာ စိတ်ခံစားမှုတွေ ပြင်းထန်နေတယ်ဆိုရင်ကိုယ်ရှိန်သတ်ပြီး ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်ပါ။ အထူးသဖြင့် လူမှုရေးတွေ အလုပ်များတဲ့ အားလပ်ရက်ကာလပြီးဆုံးပြီး နှစ်သစ်စ ကာလမှာပေါ့။

ဒီအားလပ်ရက်မှာ ကိုယ့်ကိုကိုယ်လုံလောက်တဲ့ အနားရရဲ့လား သေချာဂရုစိုက်ပါ။ မိမိစိတ်ကို သက်သောင့်သက်သာရှိစေတဲ့ လူတွေနဲ့ အတူအချိန်ကုန်ဆုံးပါ။ ကိုယ့်ကို ပိုပြီး ငြိမ်းချမ်းသက်သာစေမယ့် ဘာမဆိုလုပ်လို့ရပါတယ်။ ကိုယ့်ကို လုံခြုံပြီး စိတ်အားတက်မှုရစေတဲ့ အရာတွေကို ဦးစားပေးခြင်းအားဖြင့် ပိုပြီး စိတ်တည်ငြိမ်သက်သာလာပြီး ကိုယ့်ကိုကိုယ် စိတ်ပူလောင်စရာမလိုပဲ ရှေ့ဆက်လှမ်းဖို့အတွက် အသင့်ပြင်ဆင်နိုင်မှာပါနော်။

With light and love on your path 🌌💘



✨😇Daily massage for 2026’s 2nd day 🌟💙ဒီနေ့မှာတော့ စိတ်ခံစားချက်၊ အလိုလိုသိစိတ်များ နဲ့ spiritual နဲ့ဆိုင်တဲ့ခံစားချက်မျာ...
02/01/2026

✨😇Daily massage for 2026’s 2nd day 🌟💙

ဒီနေ့မှာတော့ စိတ်ခံစားချက်၊ အလိုလိုသိစိတ်များ နဲ့ spiritual နဲ့ဆိုင်တဲ့ခံစားချက်များ မြန်မြန်ဆန်ဆန် အသက်ဝင်နေတတ်ပါတယ်။ ဒီနေ့အတွက် အခက်အခဲများ ဘာမှသိပ်မရှိပဲ ကောင်းတဲ့အကြောင်းအရာများသာ ကြားရနေတတ်ပါတယ်။
ဒီနေ့မှာ မိမိနဲ့ အလွန်လိုက်ဖက်ညီပြီး သဟဇာတဖြစ်သော မိတ်ဆွေများ၊ဆွေမျိုးများ၊ သူငယ်ချင်းများ သို့ မောင်နှမများ နှင့် မျှဝေယှဉ်တွဲလုပ်ဆောင်ရခြင်းသည် မိမိအတွက်ကောင်းမွန်သော အခွင့်ထူးတစ်ခုရတဲ့ နေ့တစ်နေ့ဖြစ်တယ်လို့ယူဆပါ။

With light and love on your path 🌌💘


💫Universe မှ2026နှစ်သစ်အတွက် ပေးသော massage 🌍🌟 “ပြောင်းလဲခြင်း” 🎭မိမိဘဝတွင် အဓိကကျသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်တော့...
01/01/2026

💫Universe မှ2026နှစ်သစ်အတွက် ပေးသော massage 🌍🌟 “ပြောင်းလဲခြင်း” 🎭

မိမိဘဝတွင် အဓိကကျသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်တော့မည်။ ကိုယ်တိုင် မကောင်းသောအကျင့်စရိုက်များကို ခွာချနိုင်ပြီး ကောင်းတဲ့ဘက်သို့ ခြေလှမ်းနိုင်တော့မည်။ မိမိကိုယ်ကို တစ်ခါမှ မဖြစ်နိုင်လောက်ဘူးဟုတွေးထားသော အခွင့်အလမ်းတစ်ခုသည် မကြာမီကိုယ့်အတွက် ရယူနိုင်သည်အထိ ဖြစ်လာတော့မည်။ ကိုယ့်ရဲ့ အတွင်းစိတ် (intuition) မှာ ပိုမိုအားကောင်းလာနေပြီး မိမိရဲ့ ယုံကြည်မှုကို ခိုင်မာစေမည်။ Universe က အသစ်တစ်ခုကို စတင်ရန် အချိန်တန်ပြီ ဖြစ်ကြောင်းပြနေပါတယ်။

Universe သည် မိမိက မှန်ကန်သောလမ်းကြောင်းပေါ်ရှိနေကြောင်း ဆက်လက် hints များ ပေးနေလိမ့်မည်။ Universe ကပေးပို့မည့် အချို့သော hints များသည် သဘာဝတရားထံမှ လာမည်။ သတိထားကြည့်ပါ။

၂၀၂၅ ခုနှစ်၏ နောက်ဆုံးနေ့၌ "The Fairy of Transformation" သည် မိမိရှိရာ လာရောက်လည်ပတ်ပြီး၊ ပြောင်းလဲမှု၊ အသွင်ကူးပြောင်းမှုနှင့်ပျော်ရွှင်မှုတို့ကို မီးမောင်းထိုးပြခဲ့သည်။

🔐Key Messages: Enjoy the journey to a new, successful and more confident you! You’re stepping into your best timeline!

With light and love on your path 🌌💘

31/12/2025

နှစ်ဦးမေတ္တာ ပို့သလွှာ
——————————-
(၁) သတ္တဝါများစွာ၊ ဘေးရန်ကွာ၊ ချမ်းသာကြပါစေ။
(၂)မေတ္တာရေချမ်း၊ သွန်းကာဖြန်း၊ ငြိမ်းချမ်းကြပါစေ။
(၃) သက်ရှည်ကျန်းမာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ၊ ပြည့်ပါစေ။

With love and light on your path 🌌💘
**usTarot


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sacred Taurus Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram