Yin Pwint Yar Counseling Center

Yin Pwint Yar Counseling Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yin Pwint Yar Counseling Center, Mental Health Service, Online, Yangon.

စိတ်ပင်ပန်းနေချိန်မှာ ရင်ဖွင့်ဖို့ ရင်ဖွင့်ရာ Centerလေး ရှိပါတယ်နော် 💙လူတိုင်းမှာ တစ်ယောက်တည်း ရင်ဆိုင်ရခက်တဲ့ စိတ်ဖိစီး...
03/01/2026

စိတ်ပင်ပန်းနေချိန်မှာ ရင်ဖွင့်ဖို့ ရင်ဖွင့်ရာ Centerလေး ရှိပါတယ်နော် 💙
လူတိုင်းမှာ တစ်ယောက်တည်း ရင်ဆိုင်ရခက်တဲ့ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေ ရှိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ကို အကဲမဖြတ်ဘဲ နားထောင်ပေးမယ့်သူ၊ အဖြေရှာပေးမယ့်သူ လိုအပ်နေပြီလား?
ဒါဆိုရင်တော့ "ရင်ဖွင့်ရာ" မှ ကျွမ်းကျင် Counsellor များနဲ့ တစ်ဦးချင်း (အခမဲ့) ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်နော်
✅ ရင်ဖွင့်ရာမှာ ဘာတွေရရှိမလဲ?
(၅၀) မိနစ်ကြာ လုံခြုံစိတ်ချရတဲ့ ဆွေးနွေးခြင်း
Online (Zoomဖြင့် တွေ့ဆုံနိုင်ခြင်း)
ငွေကြေးအကုန်အကျ လုံးဝမရှိဘဲ ကျွမ်းကျင်သူနဲ့ ဆွေးနွေးနိုင်ခြင်း
စိတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးလို့ အခုပဲ ဆက်သွယ်လိုက်ပါနော်
📞 09-892184076 (Viber, Messenger)

24/11/2025
လူတိုင်းဟာ ဘဝမှာ တစ်ခုမဟုတ်တစ်ခုသော ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ကြရစမြဲပါ။ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေကို ဆုံးရှုံး...
14/10/2025

လူတိုင်းဟာ ဘဝမှာ တစ်ခုမဟုတ်တစ်ခုသော ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ကြရစမြဲပါ။
ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေကို ဆုံးရှုံးလိုက်ရတဲ့အခါ ခံစားရတဲ့ ဝေဒနာကလည်း အမျိုးမျိုးပါပဲ။

တစ်ချို့ကတော့ ဒီလိုဆုံးရှုံးမှုတွေကို လွယ်လွယ်ကူကူ ကျော်လွှားနိုင်ကြပေမယ့်၊ တချို့အတွက်တော့ ဒီဝေဒနာတွေကနေ ရုန်းထွက်ဖို့ အခက်အခဲတွေ ရှိနေတတ်ပါတယ်။

ဆုံးရှုံးမှုတွေကြောင့် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ အနာဂတ်အတွက် စိုးရိမ်ပူပန်ခြင်းစတဲ့ ခံစားချက်တွေဟာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒီခံစားချက်တွေကနေ ရုန်းမထွက်နိုင်ဘဲ တစ်ယောက်တည်း ကျန်ရစ်နေပြီလို့ ခံစားနေရပြီဆိုရင် နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုနဲ့ နားလည်မှုပေးမယ့်သူတွေ လိုအပ်နေပါပြီ။

ကျွန်မတို့ရဲ့ ရင်ဖွင့်ရာ Counselling Center က သင့်ရဲ့ဆုံးရှုံးမှုဝေဒနာတွေကို နားထောင်ပေးဖို့ အသင့်ရှိပါတယ်။

ဒီနေရာမှာဆိုရင် —

အုပ်စုဖွဲ့ ဆွေးနွေးမှုများ (Group Counselling): ဆုံးရှုံးမှုဒဏ်ကို ခံစားနေရတဲ့ တခြားသူတွေနဲ့အတူ အတွေ့အကြုံတွေ ဖလှယ်ပြီး နွေးထွေးတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်၊ ယူနိုင်ပါတယ်။ တစ်ဦးတည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်က သင့်ကို အားအင်တွေ ဖြစ်စေမှာပါ။

တစ်ဦးချင်း ဆွေးနွေးတိုင်ပင်မှု (Individual Counselling): သင့်ရဲ့ပုဂ္ဂလိက ခံစားချက်တွေနဲ့ အခက်အခဲတွေကို ကျွမ်းကျင်တဲ့ Counsellor တွေနဲ့ လွတ်လပ်ပွင့်လင်းစွာ ရင်ဖွင့်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ သင့်ရဲ့ဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေပေးသွားမှာပါ။

ဘဝရဲ့ကြမ်းတမ်းတဲ့ခရီးမှာ တစ်ယောက်တည်း ဝမ်းနည်းပူဆွေးမနေပါနဲ့။

ကျွန်မတို့ရဲ့ ရင်ဖွင့်ရာ Counselling Center ကို အရောက်လှမ်းလာပြီး သင့်ရဲ့ဝေဒနာတွေကို ဝေမျှလိုက်ပါ။

နွေးထွေးတဲ့ နားလည်မှုတွေနဲ့အတူ သင့်ကို ပံ့ပိုးပေးဖို့ အသင့်ရှိပါတယ်။

Emotional Well Being Work Shop (Online)
ဒီ Workshop လေးကတော့ Online Workshop လေးဖြစ်ပြီး Zoom မှ တစ်ဆင့် Join ရမှာဖြစ်ပါတယ်။

ပါဝင်တက်ရောက်လိုသူများအနေနဲ့
https://forms.gle/C6ceNHFeyqj3Kj5VA
ကို အခမဲ့ ဆက်သွယ်ပါဝင်နိုင်ပါတယ်ရှင့်

Work Shop အစီစဉ်လေးကို ပြန်လည်ကြေညာသွား​ပေးပါမယ်ရှင့်

😇စိတ်ခံစားချက်တွေကို ဖွင့်ဟဖို့ အခက်အခဲ ဖြစ်နေပါသလား။😇တစ်ယောက်တည်း ရင်ဖွင့်ဖော် လိုနေပါသလား။😇ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံး...
06/09/2025

😇စိတ်ခံစားချက်တွေကို ဖွင့်ဟဖို့ အခက်အခဲ ဖြစ်နေပါသလား။

😇တစ်ယောက်တည်း ရင်ဖွင့်ဖော် လိုနေပါသလား။

😇ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားနေရပါသလား။

😇စိတ်စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ ခက်ခဲနေပါသလား။

ဒီလိုမေးခွန်းတွေနဲ့ ကြုံနေရပြီဆိုရင်...

သင့်ရဲ့ စိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟနိုင်ဖို့၊

နားလည်ပေးမယ့် ရင်ဖွင့်ဖော်လေးတစ်ယောက်အဖြစ် ရှိနေပေးဖို့

ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေနိုင်ဖို့၊

စိတ်စိုးရိမ်ပူပန်မှုတွေကို လျှော့ချပြီး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့အတွက်...

"ရင်ဖွင့်ရာ" Work Shop ကို ဖိတ်ခေါ်ချင်ပါတယ်။

ဒီ Work Shop လေးဟာ သင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျှော့ပြီး စိတ်ပေါ့ပါးလန်းဆန်းစေမယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။

လုံခြုံပြီး နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ တူတူရင်ဖွင့်ကြရအောင်။

ရင်ဖွင့်ရာ (Work Shop)

🗓️ နေ့ရက်: ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် (စနေနေ့)

⏰ အချိန်: ည ၇ နာရီမှ ၉ နာရီအထိ

📍 နေရာ: Zoom Platform

Work Shop ကို ပါဝင်မယ့်သူများအနေနဲ့ လွတ်လပ်စွာ ရင်ဖွင့်နိုင်ဖို့အတွက် တိတ်ဆိတ်လုံခြုံတဲ့ နေရာလေးကနေ တက်ရောက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

Work Shop လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ အခုပဲ စာရင်းသွင်းနိုင်ပါပြီ။

[စာရင်းသွင်းရန်]

https://forms.gle/ywvmnEa4LND6m5m78

စာရင်းသွင်းရန်အခက်ခဲရှိပါက
Page Messager မှ
အမည်
ဖုန်းနံပါတ်
Viber နံပါတ် များ ပေးပို့ပြီးပါဝင်နိုင်ပါတယ်ရှင့်

သင့်ရဲ့ စိတ်ခံစားချက်တွေကို မျှဝေဖို့နဲ့ ကိုယ်ပိုင်ငြိမ်းချမ်းမှုကို ရှာဖွေဖို့ "ရင်ဖွင့်ရာ" Work Shop သို့ အရောက်လှမ်းဖို့ ဖိတ်ခေါ်ပါတယ်နော်။

အလုပ်မှာ ပင်ပန်းခဲ့သမျှကို ပြောပြလို့တဲ့ လူတစ်ယောက် ..စိတ်မသက်မသာဖြစ်ရတဲ့ လူတွေအကြောင်းကိုပြောပြလို့ရတဲ့ လူတစ်ယောက် ..အဆ...
06/09/2025

အလုပ်မှာ ပင်ပန်းခဲ့သမျှကို ပြောပြလို့တဲ့ လူတစ်ယောက် ..

စိတ်မသက်မသာဖြစ်ရတဲ့ လူတွေအကြောင်းကို
ပြောပြလို့ရတဲ့ လူတစ်ယောက် ..

အဆင်မပြေမှုတွေကို ရင်ဖွင့်လို့မယ့် လူတစ်ယောက် ..

နောက်ဆုံး ..
ဘာမှ မပြောပြနိုင်တဲ့ စိတ်ပင်ပန်းမှုမျိုး ခံစားနေရရင်တောင်
မေးခွန်းတွေ မမေးဘဲ အသာလေး ထွေးပွေ့ပေးထားမယ့် လူတစ်ယောက် ..

ဒီလိုလူတယောက်လိုအပ်နေပြီဆို ရင်ဖွင့်မယ်
Counseling အစီစဉ်ပါဝင်လို့ရပါပြီနော်

ဆက်သွယ်ရန်ဖုန်းနံပါတ်လေးက

09890102847လေးကနေ ဆက်သွယ်လို့ရသလို

Page Massagerကနေလဲ အမည် ၊ ဖုန်းနံပါတ် လေးဖြင့် စာရင်းပေးနိုင်ပါတယ်ရှင့်

Counselling (သို့) နှစ်သိမ့်ဆွေးနွေးခြင်း ဆိုတာဘာလဲ။Counseling ဆိုတာ စိတ်ပိုင်းဆိုင်ရာအကျပ်အတည်းဖြစ်နေသည့် လူတွေကို ကူညီ...
05/09/2025

Counselling (သို့) နှစ်သိမ့်ဆွေးနွေးခြင်း ဆိုတာဘာလဲ။

Counseling ဆိုတာ စိတ်ပိုင်းဆိုင်ရာအကျပ်အတည်းဖြစ်နေသည့် လူတွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခု လို့ ပြောလို့ရပါတယ်။ စိတ်ညစ်နေသူတွေ၊ စိတ်အကျပ်အတည်းကြုံတွေ့နေသူတွေကို စိတ်သက်သာရအောင် ဝေဖန်ခြင်း၊ အကြံပေးခြင်း မပါပဲ၊ လျို့ဝှက်ထိန်းသိမ်းစွာ ကူညီနားထောင်ပေးခြင်း ဖြစ်ပါတယ်။

ဘယ်လိုအချိန်မှာ နှစ်သိမ့်ဆွေးနွေးမှု ခံယူသင့်လဲ။

အမြဲတမ်း ကိုယ်တစ်ယောက်တည်းလို့ ခံစားနေရပြီး စိတ်ဓာတ်ကျ အားငယ်မှုများရှိလာတဲ့အချိန်မျိုးတွေ ၊ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူ တစ်ခုက အချိန်အတိုင်းအတာ တစ်ခုထိ ပြဿနာပေးနေပြီး အဲ့အရာနဲ့ပတ်သတ်ပြီး အဖြေရှာမရဖြစ်နေတဲ့အချိန်တွေ၊ သင့်ရဲ့လူမှုပတ်ဝန်းကျင်အတွင်း တွေးခေါ် ပြောဆို ဆက်ဆံခြင်းတို့ကို အနှောက်အယှက်ဖြစ်လာတဲ့အချိန်တွေမှာ နှစ်သိမ့်ဆွေးနွေးမှု ခံယူသင့်ပါတယ်။

နှစ်သိမ့်ဆွေးနွေးမှုခံယူခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာနိုင်သလဲ။

• မိမိရဲ့ ခံစားနေရသော စိတ်ဖိစီးမှုများ အနည်းငယ်လျော့ကျသက်သာလာနိုင်မယ်။
• မိမိခံစားချက်များကို လုံခြုံစွာ ရင်ဖွင့်လို့ရနိုင်မယ့် နေရာတစ်ခုရှိကြောင်းကိုသိရှိလာနိုင်မယ်။
• စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ ပြေလည်မှုရရှိလာနိုင်မယ်။
• မိမိ၏ စိတ်ခံစားချက်များအား အသိအမှတ်ပြုလာနိုင်မယ်။
• စိတ်ဖိစီးမှုဖြစ်စေသော အကြောင်းအရာများအားသိရှိ၍ မိမိကိုယ်ကို ပြန်လည်သုံးသပ်လာနိုင်မယ်။
• စိတ်နှင့် ခန္ဓာ ကျန်းမာစွာနေထိုင်နိုင်မည့် အချက်များအား သိရှိလာနိုင်မယ်။

ကျွန်မတို့တွေအာလုံးမှာ လက်ရှိ အခြေအနေတွေက အခက်အခဲ၊ စိန်ခေါ်မှုတွေအများဆုံး ကာလလို့ ပြောရင်မမှားနိုင်ဘူးလို့ထင်ပါတယ်။ ဒီလိုအခက်အခဲတွေကြားက စိတ်ပင်ပန်းမှုတွေကို ဝေဖန်မှုမရှိ၊ (Confidentiality) လျို့ဝှက်ထိန်းသိမ်းမှု အပြည့်နဲ့ နားထောင်ပေးမယ့်သူ ယုံကြည်စွာရင်ဖွင့်နိုင်မယ့်သူ တစ်ဦးဦးတော့ လိုအပ်ကြပါတယ်။
ကျွန်မတို့အားလုံးမှာ မိသားစု၊ သူငယ်ချင်းတွေကိုတောင် ရင်ဖွင့်ပြောဆိုလို့မရတဲ့ အကြောင်းအရာလေးတွေလဲ ရှိနေတတ်ပါတယ်။ အလုပ်ကိစ္စကြောင့်ပဲဖြစ်စေ၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး၊ မိသားစုရေး၊ ကျန်းမာရေး စတဲ့မျိုးမျိုးသော အရေးတွေမှာ အဆင်မပြေမှုတွေကြုံနေရပြီး လတ်တလော(သို့) ရေရည်စိတ်တွေထဲ ခံစားနေရတဲ့ အဆင်မပြေမှုတွေကို တစ်ယောက်တစ်လှည့်စီ ပြောပြပေးပြီး အနည်းနဲ့အများစိတ်သက်သာအောင် ကိုယ့်ကိုကို ပြန်နားလည် မြင်ယောင်မိလာအောင် Reflect လုပ်နိုင်အောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။
ထိုအကြောင်းအရာလေးတွေကို လွတ်လပ်စွာ ရင်ဖွင့်နိုင်ရန်အတွက် ရင်ဖွင့်ရာ မှ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ပတ်သတ်တဲ့ အစီအစဉ်လေးတွေ အကြောင်း မိတ်ဆက်ပေးပါရစေ။

Emotional Well Being Work Shop (Online)
ဒီ Workshop လေးကတော့ Online Workshop လေးဖြစ်ပြီး Zoom မှ တစ်ဆင့် Join ရမှာဖြစ်ပါတယ်။
ပါဝင်တက်ရောက်လိုသူများအနေနဲ့
https://forms.gle/C6ceNHFeyqj3Kj5VA
ကို အခမဲ့ ဆက်သွယ်ပါဝင်နိုင်ပါတယ်ရှင့်

Work Shop အစီစဉ်လေးကို ပြန်လည်ကြေညာသွား​ပေးပါမယ်ရှင့်


ရက်ကွက်(၇)၊ စိတ္တသုခ မူကြိုကျောင်းအထက်၊ တိုးချဲ့ရက်ကွက်၊ လားရှိုးမြို့။

Address

Online
Yangon

Website

Alerts

Be the first to know and let us send you an email when Yin Pwint Yar Counseling Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram