DR SOE HTET AUNG

DR SOE HTET AUNG M.B.,B.S( Ygn) , MRCP(UK)

08/03/2026

ဆီးချိုသွေးချိုရှိနေတယ်။ဆေးသောက်နေရတယ်။ဆီးချိုသွေးချိုက ဘယ်လောက်ရှိရင် ကောင်းလဲ။( Glycemic Target)

ဆီးချိုရောဂါရှိနေတဲ့ သူဆိုရင်

၁။ မနက်စောစော အစာမစားခင်ဆီးချိုကို ၁၃၀ mg/dl အောက် ရှိရပါမယ်။
အချို့လူနာတွေက ဆီးချို ကို ချဲဂဏန်းလို ထိပ်စီးနဲ့မှတ်တာရှိပါတယ်။၁ ထိပ်စီးဆို ကောင်းတယ်။ ၂ ထိပ်စီးဆို မကောင်းဘူးပေါ့။ အဲ့ဒီလို မဟုတ်ပါဘူး။ မနက်စာမစားခင်ဆို ၁၃၀ မကျော်သင့်ပါဘူး။

၂။ စားပြီး ၂ နာရီ ဆီးချိုကို ၁၈၀ mg/dl အောက်ပဲရှိရပါမယ်။
အချို့လူနာတွေ စားပြီးချိန် ဆီးချိုစစ်လို့ ၂၀၀/၃၀၀ ကျော် နေရင် ကျွန်တော်၊ ကျွန်မ ခုလေးတင် စားထားလို့ပါ ဘာညာနဲ့ အတင်း ဘူးခံ ငြင်းတာ ရှိပါတယ်။ အမှန်က စားပြီးချိန်မှာစစ်ရင်လည်း ၁၈၀ မကျော်သင့်ပါဘူး။ မယုံရင် ဆီးချိုမရှိတဲ့ ကိုယ့်သားသမီး လူငယ်တစ်ယောက်ယောက်ကို ခုအချိုရည်တိုက်ပြီး တစ်နာရီ၊၂ နာရီ နေရင် ဆီးချိုကောက်စစ်လိုက်ပါ။ ၁၄၀ တောင် မကျော်တာ တွေ့ရပါလိမ့်မယ်။

၃။ ၃ လ တစ်ခါ စစ်ရတဲ့ HbA1c ဆိုတဲ့ ဓာတ်သည် ၇% မကျော်သင့်ပါဘူး။
HbA1c ကို မြန်မာလို သုံးလ ဆီးချို၊ သုံးလစုပေါင်းအချိုဓာတ်၊ သွေးနီဥတွင်း သကြားဓာတ် စသဖြင့် ခေါ်ကြပါတယ်။ ဆီးချိုရောဂါသည်တစ်ယောက် ဆီးချို ထိန်းနိုင် မထိန်းနိုင် သိချင်ရင် HbA1c စစ်လိုက်တာနဲ့ ပေါ်ပါတယ်။ အပေါ်က တန်ဖိုးနှစ်ခု( မနက်စောစောဆီးချိုနဲ့ စားပြီး ၂ နာရီ ဆီးချို)ဟာ လက်ရှိစစ်တဲ့ အချိန်မှာရှိတဲ့ ဆီးချိုကိုသာ ကိုယ်စားပြုပါတယ်။ အဲ့ဒီတန်ဖိုးနှစ်ခုကောင်းနေပေမယ့် HbA1c များနေရင် ဆေးလျှော့လို့မရသေးပါဘူး။ဆီးချိုမကောင်းသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲ့ဒီလိုပဲ။ အဲ့ဒီနှစ်ခု နည်းနည်းတက်နေပေမယ့် HbA1c ကောင်းနေရင် အလောတကြီးဆေးမတိုးသေးဘဲ စောင့်ကြည့်လေ့ရှိပါတယ်။ ဆေးကို စွတ်တိုးရင် အခန့်မသင့်ရင် ဆီးချိုထိုးကျတတ်ပါတယ်။ဆေးအတိုးအလျှော့လုပ်ဖို့အတွက်ဆို HbA1c က ပိုအသုံးဝင်ပါတယ်။ နိုင်ငံခြားမှာဆို လူနာကိုယ်တိုင်က သူ့ရဲ့နောက်ဆုံးစစ်ထားတဲ့ HbA1c တန်ဖိုးကို မှတ်ထားလေ့ရှိပါတယ်။ ဒီမှာတော့ HbA1c ကို တော်တော်များများ မရင်းနှီးသေးတာ တွေ့ရပါတယ်။ HbA1c တန်ဖိုးကို ၇% အောက်မှာ ထိန်းထားနိုင်ရင် အာရုံကြောတွေ ပျက်စီးမှု၊ မျက်စိသွေးကြောတွေပျက်စီးမှု၊ ကျောက်ကပ်သွေးကြောမျှင်တွေ ပျက်စီးမှုကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျား

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

06/03/2026

#သွေးလေးဖက်နာ ရှိတယ်။ ဘာတွေလိုက်နာရမလဲ။

၁။ ဆရာဝန်ညွှန်ကြားတဲ့ ရောဂါထိန်းဆေးတွေ မှန်မှန်သောက်ပါ။ မသောက်ရင် လက်ချောင်းတွေ ကောက်ပြီး ပုံပျက်သွားလိမ့်မယ်။

၂။ ရက်ချိန်းမှန်မှန်ပြပါ။ ဒီဆရာဝန် ငါ့ကို ခဏခဏချိန်းပြီး ပါးပါးလှီးနေတာ မဟုတ်ဘူးနော်။ ရောဂါ အရှိန်အတက်အကျကို သိပြီး ဆေးကို လိုသလို ညှိနိုင်အောင်၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အချိန်မီသိပြီး ဆေးရပ်စရာရှိရင် ရပ်၊ ပြောင်းစရာရှိရင် ပြောင်းနိုင်အောင်ပါ။

၃။ ဆရာဝန်သွေးစစ်ခိုင်းရင် မှန်မှန်
စစ်ဖို့လိုပါတယ်။ရောဂါအရှိန်အတက်အကျကို သိဖို့၊ ဆေးအတိုးအလျှော့လုပ်နိုင်ဖို့ သွေးအဖြေသိမှ ရမှာပါ။

၄။ သွေးလေးဖက်နာ ရောဂါဟာ သွေးတိုးဆီးချိုလိုပဲ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ Independent risk factor for CVD ပါ။ လူနာတော်တော်များများ အဲ့ဒါကို မသိကြပါဘူး။ အဲ့ဒါကြောင့် သွေးလေးဖက်နာရှိမှန်းသိရင်
- ဆေးလိပ်ဖြတ်ပါ။
- အဆီအဆိမ့်( အထူးသဖြင့် ဝက်ဆီ၊ အမဲဆီ၊စားအုန်းဆီ ၊ margarine စတဲ့ပြည့်ဝဆီတွေ ရှောင်ပါ။
- သွေးတိုး၊ ဆီးချို မဖြစ်အောင် ထိန်းပါ။ သွေးတိုးဆီးချိုရှိရင် သေချာကုပါ။
- သွေးကျဲဆေးတွေ၊ အဆီကျဆေးတွေ သောက်နေတဲ့ လူနာတွေ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် မရပ်ပစ်ပါနဲ့။
- အဝမလွန်ပါစေနဲ့။
- အသားငါးအသီးအရွက်အစုံစားပါ။
- မျှစ်တွေ၊ မှိုတွေ ပဲပင်ပေါက်တွေ ရှောင်စရာ မလိုပါဘူးဗျာ။
- အားကစားလုပ်ပါ။ အားကစားလုပ်လို့ရပါတယ်။ အရမ်း မပြင်းထန်တဲ့အားကစားတွေ လုပ်ပါ။

၅။ သွေးလေးဖက်နာရှိသူတွေဟာ သာမန်လူတွေထက်စာရင် အရိုးပွရောဂါဖြစ်ပွါးမှု ပိုများပါတယ်။ အဲ့ဒါကြောင့် ဆရာဝန်က ကယ်လစီယမ်နဲ့ vitamin D အားဆေးတွေ ပေးရင် သေချာသောက်ပါ။

၆။ သွေးလေးဖက်နာမှာ ပေးတဲ့ methotrexate,/ leflunamide/ sulfasalazine/ azathioprine စတဲ့ သောက်ဆေးတွေ၊ Infliximab/ Etanercept/ adalimumab စတဲ့ ဇီဝကုထုံးတွေ၊ baricitinib/ upadacitinib စတဲ့ ဆေးတွေအားလုံး ကိုယ်ခံအားကျစေတယ်ဗျ။ ဒါကြောင့် ရောဂါပိုးဝင်စေမယ့် အပြုအမူတွေရှောင်ရှားပါ။
လူစုလူဝေးသွားရင် mask တပ်ခြင်း၊
လမ်းဘေးစာ၊ ယင်နားစာတွေ ရှောင်ခြင်းတို့ဟာ ကောင်းတဲ့အမူအကျင့်တွေပါ။

၇။နောက်ပြီး သွေးလေးဖက်နာဆေးတွေသောက်နေရတဲ့လူနာတွေမှာ ရောဂါပိုးဝင်ရင် တော်တော်နဲ့ လက္ခဏာ မပြတတ်ဘူးဗျ။ အသိနောက်ကျတတ်တယ်။ အဲ့ဒါ ပြဿနာရှိတယ်ဗျ။ ဥပမာ- လူကောင်းတစ်ယောက် ဝက်ခြံတစ်လုံးပေါက်ရုံနဲ့ မျက်နှာကြီးတစ်ခုလုံး ရောင်ကိုင်းလာတာ အလွန်ဖြစ်ခဲတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ဆို ဝက်ခြံကို လက်
တောင် မဆေးဘဲ ညှစ်ချင်ညှစ်လိုက်သေးတာမဟုတ်လား😁။ ဒါပေမယ့် ဒီဆေးတွေပေးထားတဲ့ လူနာ ဝက်ခြံတစ်လုံးတည်းက အနာမကျက်ဘဲ cellulitis ကြီး ရလို့ ပိုးသတ်ဆေးပြင်းပြင်း ပေးရတာ ကြုံဖူးတယ်။
နောက်ပြီး သာမန်လူ အူအတက်ရောင်ရင် ဖျားမယ်၊ ဗိုက်အောင့်မယ်၊ အန်မယ်။ သွေးစစ်ရင် သွေးဖြူဥတွေများနေတာ၊ CRP လို့ခေါ်တဲ့ အရောင်ဓာတ်တွေ တက်နေတာစတဲ့ ပိုးဝင်ခြင်း၏လက္ခဏာတွေ တွေ့ရမယ်။ ဒါပေမယ့် သွေးလေးဖက်နာဆေးတွေ သောက်နေတဲ့သူတွေ အူအတက်ရောင်ရင် ခုနကဟာတွေ မတွေ့ရတော့ဘူးဗျ။ အဲ့ဒီတော့ ဆရာဝန်ဆုံးဖြတ်ချက် မှားတတ်တယ်။အချို့တွေဆို အူအတက်ရောင်ပြီး ပေါက်တော့မယ့်အထိကို လူနာက အဖျားမတက်၊ သွေးအဖြေမှာ WBC မတက်၊ CRP ထင်သလောက်မတက်တာ ၊ ဗိုက်ထင်သလောက် မအောင့်တာတောင် ရှိတယ်။ ခွဲစိတ်ဆရာဝန်တောင် ခွဲရမလို၊ မခွဲရမလိုဖြစ်သွားတာ။ On call ကြည့်ပေးတဲ့ သမားတော်ဆရာက clinical acumen ကောင်းလို့ သာပေါ့။ သူက လူနာ အူအတက်ရောင်နေကြောင်း၊ သွေးလေးဖက်နာဆေးတွေကြောင့် ရောဂါလက္ခဏာ ငုပ်လျှိုးနေတာသာဖြစ်ကြောင်း၊ ခွဲစိတ်မှုပြုလုပ်ရန် အထူးအကြံပြုလိုကြောင်း ရေးပေးလိုက်လို့ ခွဲခန်းဝင်လိုက်တော့မှ အူအတက်က ပေါက်တော့မယ့်ဆဲဆဲဖြစ်နေတာတွေ့ရတာ။ ဒါကြောင့် သွေးလေးဖက်နာဆေးတွေ သောက်နေတဲ့လူနာတွေ ရောဂါပိုးဝင်ပြီ။ ဖျားနာပြီ ဆိုရင် ဆရာဝန်ရော၊ လူနာရော မပေါ့ပါနဲ့ဗျ။ ဆေးခဏ ရပ်သင့်ရင်ရပ်ရမယ်။ ဆေးခဏပြောင်းသင့်ရင် ပြောင်းရမယ်ဗျ။

၈။ သွေးလေးဖက်နာဆေးတွေသောက်နေရတဲ့လူတွေမှာ ကိုယ်ခံအားက သာမန်ထက် လျော့နည်းနေတတ်တယ်။ အဲ့ဒီတော့ နောက်ပြဿနာက ကာကွယ်ဆေးတွေထိုးရင် ကာကွယ်ဆေးမအောင်တာ၊ ကိုယ်ခံအား မထွက်တာ ဖြစ်တတ်တယ်။ ဒါကြောင့် အချို့သွေးလေးဖက်နာဆေးတွေကို ကာကွယ်ဆေးထိုးပြီးရင် ခဏနားထားရတာမျိုးရှိပါတယ်။ အဲ့ဒါကြောင့် သွေးလေးဖက်နာသောက်နေသူတွေ ကာကွယ်ဆေးထိုးရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၉။ တိုင်းရင်းဆေးတွေ မသောက်ပါနဲ့။

အားလုံးအဆင်ပြေကြပါစေဗျ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊(၈) ရပ်ကွက် ၊ လှိုင်မြို့နယ်
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

“ရှုပ်လည်းရှုပ်။ တတ်လည်းတတ်နိုင် ပါပေ့။”မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။”လူနာက...
02/03/2026

“ရှုပ်လည်းရှုပ်။ တတ်လည်းတတ်နိုင် ပါပေ့။”

မှတ်ချက်- ဆေးပညာလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။”

လူနာက ၆၃ နှစ်။ အမျိုးသမီးပါ။တရှောင်ရှောင်နဲ့ နေမကောင်းဖြစ်နေတာ ၃ လလောက်ရှိပါပြီ။ အဖျားတက်လိုက်၊ ကျလိုက်ဖြစ်တယ်။ တစ်
ပတ်လောက် ငွေ့ငွေ့ဖျားလိုက်။ ၃၊၄ရက်လောက်ကောင်းလိုက်ပေါ့။ ခံတွင်းပျက်တယ်။ နည်းနည်းပိန်သွားတယ်။ အဆစ်အမြစ်တစ်ခါတလေကိုက်တယ်။ အဲ့ဒီလောက်ပါပဲ။ အနီးအနားမှာ ဆေးခန်းပြလိုက်ကောင်းလိုက်ဖြစ်နေတာပါ။ ကျွန်တော့်ဆီရောက်လာတာက နောက်ဆုံးပြခဲ့တဲ့ဆေးခန်းက သမားတော်နဲ့ပြရမယ်ဆိုပြီး လွှဲစာနဲ့ လွှတ်လို့ရောက်လာတာပါ။
ကျွန်တော်လွှဲစာသေချာဖတ်ကြည့်တော့ လူနာက အသည်းရောင်အသားဝါ C ပိုးဖြစ်ဖူးပြီး ၂၀၁၈ ကတည်းက ပျောက်သွားပါပြီ။ ( တနည်းအားဖြင့် SVR 12 ရပြီးဖြစ်ပါတယ်)
လွန်ခဲ့တဲ့ ၁၀ နှစ်က အစာအိမ်ခွဲစိတ်မှု ( Partial gastrectomy )လုပ်ဖူးပါတယ်။ CA stomach suspect နဲ့ပါ။ ဒါပေမယ့် biopsy မှာ TB gastritis ထွက်ပါသတဲ့။

Investigation တွေလည်း လောလောလတ်လတ်လုပ်ထားတာတွေ့ပါတယ်။
CP auto မှာ Hb 8.7, MCV-62
WBC,plt -within normal
USG, CXR- NAD
Urine RE- NAD ပါ ။
Hypochromic microcytic anemia တွေ့တယ်။ ကျန်တာ OK တယ်ပေါ့။
အဲ့ဒါနဲ့ လူနာကို စမ်းကြည့်ပါတယ်။ အဲ့ဒီမှာ လူနာရဲ့ လက်ဝါးနဲ့ လက်ထိပ်တွေမှာ ပုံမှာပြထားတဲ့အတိုင်း အနီရောင်
အစက်တွေ တွေ့တာပါ။ Vasculitic rash တွေပါ။ palm မှာရော၊ finger tips တွေမှာပါတွေ့ရပါတယ်။ ခြေထောက်ကိုကြည့်တော့ ခြေထောက်မှာလည်း vasculitic rash လိုမျိုးထပ်တွေ့ပါတယ်။
အဲ့ဒါနဲ့ vasculitic rash ကနေ ရောဂါအစရှာဖို့ စဉ်းစားလိုက်ပါတယ်။ လူနာကို နည်းနည်းထပ်မေးကြည့်တော့ လက်ချောင်းထိပ်လေးတွေနာတယ်။ Raynaud’s phenomenon တော့ မရှိပါဘူး။ အဆစ်အမြစ်တွေ ကိုက်တယ်။ Non specific joint pain ပါပဲ။ Photosensitive rash တွေ ဘာတွေမရှိပါဘူး။
ဒါဆို ဒီအရွယ်ကြီး vasculitis ရမယ့် cause ဘာရှိလဲ။
Primary vasculitis တွေလား။( Large vessel , medium vessel, small vessel vasculitides)
Secondary vasculitis တွေလား( Other autoimmune diseases, Infection, malignancy)
ဒီအရွယ်မှာတော့ malignancy ကို အရင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။
Hypochromic microcytic anemia ရှိ၊ loss of appetite and loss of weight ရှိတယ်ဆိုတော့ GI malignancy exclude လုပ်ဖို့ stool FIT စစ်မယ်။ IDA confirm ဖို့ iron study စစ်မယ်။ Inflammatory marker အဖြစ် ESR စစ်မယ်ပေါ့။
နောက်တစ်ချက်က အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် vasculitic rash ကို နောက်ဆုံးမြင်ဖူးတာ ၂၀၁၈ လောက်ကပါ။ မတွေ့တော့တာ ၆ နှစ်လောက်ရှိနေပြီဆိုတော့ vasculitic rash ဟုတ်မဟုတ် confirm လုပ်ဖို့ရယ်၊ ဘာတွေ ထပ်စစ်ရင် ကောင်းမလဲသိအောင်ရယ်အတွက် ကျွန်တော့်အစ်ကိုလို ခင်ရတဲ့ Rheumatologist ဆရာကို ပုံတွေပို့ပြီး လှမ်းအကြံဉာဏ်တောင်းရပါတယ်။ ဆရာက ANCA profile နဲ့ ENA profile စစ်ခိုင်းလို့ အဲ့ဒါပါ ထည့်စစ်လိုက်ပါတယ်။
အဖြေရလာတော့
FIT- negative
ESR-37
ANCA profile- negative
ENA profile မှာ
SSA- positive
RNP/Sm- positive
Mi-2b- positive
PCNA- positive ပါ။
အဲ့ဒါနဲ့ ဆရာက
SLE ( D/Dx- MCTD) လို့ Diagnosis လုပ်ပေးပါတယ်။ အဲ့ဒါနဲ့ ဆရာကြီး ဦးချစ်စိုးဆို လွှဲလိုက်ပါတယ်။ ဒီကြားထဲ လူနာက financial problem ရှိလို့ ချက်ချင်းမပြဖြစ်သေးလို့ ကျွန်တော်ပဲ အစ်ကိုဆရာနဲ့ တိုင်ပင်ပြီး ၁ လလောက် ကုလိုက်ရပါသေးတယ်။ ခုတော့ လူနာလည်း မှန်ကန်တဲ့ကုသမှုရလို့ တော်တော်လေးနေကောင်းနေပါပြီ။

နောက်တစ်ယောက်ကတော့ အသက် ၂၅ နှစ်မိန်းကလေးပါ။သူက ဗိုက်
ခဏခဏအောင့်နေတာပါ။ gastritis ဆိုပြီး ဆေးခန်းတွေပြ။ ဆေးသောက်ဆေးထိုးလည်း မသက်သာ။ နောက်ဆုံး အစာအိမ်နဲ့အူလမ်းကြောင်းပြ ။ scope ကြည့်တော့လည်း ဘာမှမတွေ့။ နောက်ဆုံး အထွေထွေသမားတော်( နာမည်မေ့သွားတာ ခွင့်လွှတ်ပါ)တစ်ယောက်နဲ့ ပြ၊ အဲ့ဒီဆရာက ENA profile နဲ့ Urine RE , ESR တွေစစ်တော့မှ dsDNA strongly positive, Sm antibody positive , Urine RE မှာ heavy proteinuria, ESR တော်တော်တက်နေလို့ ဖြစ်နေလို့ SLE မှန်း diagnosis ရပြီး Rheumatologist ဆီ ရောက်သွားတာပါ။ ခုတော့ Immunosuppressant နဲ့ အဆင်ပြေနေပါပြီ။ သူကတော့ ကျွန်တော့်ဆီမှာ Diagnosis ရတာမဟုတ်ပါဘူး။ အခြားမှာ ရခဲ့တာပါ။ကျွန်တော့်ဆီလာတာ အခြားရောဂါလာပြတာပါ။ ဆေးမှတ်တမ်းတွေပါလာလို့ ဖတ်ကြည့်ရင်း စိတ်ဝင်စားစရာကောင်းလို့မှတ်မိနေတာပါ။ SLE ရဲ့ GI involvement ပေါ့။ vasculitic phenomenon ပဲ ထင်ပါတယ်။

နောက်တစ်ယောက်ကတော့ ကျွန်တော် PUO အကြောင်း ရေးတုန်းက ပထမဆုံးဖော်ပြခဲ့ဖူးတဲ့ လူနာပါ။၂၃ နှစ် အမျိုးသား။ ၁ လလောက်ဖျားနေတာ အဖျားမကျ။ ကျွန်တော့ဆီလာပြတော့ စမ်းကြည့်တော့ လူနာက Marked pallor နဲ့ hepato-splenomegaly ရှိတယ်။ သွေးစစ်တော့ Hb က အရမ်းကျ။ MCV -100 ကျော်။ ESR- 110, Urine RE မှာ heavy proteinuria ။ B,C,R all negative ။ ဘယ်လိုမှ အစရှာမရလို့ ဆေးရုံလွှဲလိုက်တော့မှ SLE with autoimmune hemolytic anemia ဖြစ်နေတာပါ။ တစ်ခါ ကျွန်တော်ဖော်ပြခဲ့ဖူးပါတယ်။

အချုပ်ပြောရရင်

၁။ SLE ( Systemic Lupus Erythematosus ) ကို အရေပြားလေးဖက်နာဆိုပြီး မြန်မာလို အမည်ပေးထားပါတယ်။ နာမည်
အတိုင်းပဲ။ အရေပြားမှာ အကွက်တွေထတယ်။ ဆံပင်တွေ ကျွတ်တယ်။ လေးဖက်နာဆိုတဲ့အတိုင်း အဆစ်တွေ နာတယ်။ ရောင်တယ်ပေါ့။ အသက်အရွယ်အားဖြင့် လူငယ်ပိုင်းအမျိုးသမီးတွေ ပိုဖြစ်လေ့ရှိပေမယ့် အသက်အရွယ်မရွေး၊ ကျားမမရွေးဖြစ်နိုင်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ SLE ဟာ ရောဂါအားဖြင့် connective tissue disease ထဲမှာ အကြုံးဝင်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ organ အစုံ၊ system အစုံထိနိုင်ပါတယ်။ မာယာများသလို၊ အန္တရာယ်လဲ ကြီးပါတယ်။ အချိန်မီမသိ၊ အချိန်မီမကုရင် organ threatening, life threatening disease ဖြစ်ပါတယ်။

၂။ presentation ပေါင်းစုံလာတတ်ပါတယ်။ ကျွန်တော်တို့ သိထားတဲ့ “သွေးမဆုံးသေးတဲ့ အမျိုးသမီး၊ အဆစ်အမြစ်နာ၊ နေပူထဲသွားရင် မျက်နှာမှာ အကွက်ထ၊ ဆံပင်ကျွတ်ရင် SLE ကို မမေ့နဲ့” ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်
အချို့ အဖျားမကျတာကြာလို့လာပြတယ်။ စစ်လိုက်တော့ SLE။
အချို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတွေတိုးနေတယ်။ ဆီးစစ်၊ သွေးစစ်တော့ SLE ကြောင့် ကျောက်ကပ်ထိတာဖြစ်နေတယ်။ အချို့ ခေါင်းကိုက်တယ်။ ဆေးခန်းပေါင်းစုံရောက်တယ်။ မသက်သာဘူး။ နောက်ဆုံး fits ရပြီး ဆေးရုံရောက်မှ စစ်လိုက်တော့ Lupus cerebritis ။ အချို့ နှာခေါင်းသွေးလျှံတယ်။ သွေးယိုတယ်။ သွေးစစ်တော့ platelet count ကျတယ်။ Cause ရှာတော့ SLE။ အချို့ severe anemia နဲ့ MCV အရမ်းတက်၊ Retic count တက်။ Direct Coomb test positive နဲ့ Autoimmune Hemolytic anemia လို့ diagnosis ထွက်။ Cause ရှာတော့ SLE ။ အချို့ ဘာဖြစ်မှန်းမသိဘူး။ တရှောင်ရှောင်ဖြစ်။ system အစဆွဲထုတ်လို့မရ။ နောက်ဆုံး လက်ဖဝါးတွေ၊ finger tip တွေမှာ vasculitic rash တွေ့မှ အစဖော်လို့ရပြီး SLE ထွက်သွားရော။ ဒါက ကျွန်တော်ကြုံဖူးသမျှ ကိုယ်တွေ့ရော၊ ကိုယ်တွေ့မဟုတ်တာရော ပါပါတယ်။ ဒါတောင် ကျွန်တော့်လို ကုသရေးနယ်ပယ်ထဲဝင်တာ ၆နှစ်မပြည့််သေးတဲ့ ဆရာဝန်ပေါက်စ ကြုံဖူးသမျှပါ။ ကျွန်တော်မကြုံဖူးတဲ့ presentation တွေ ဘယ်လောက်တောင်ရှိမလဲမသိပါဘူး။

၃။ SLE က GP setting မှာ ကုလို့အဆင်မပြေပါဘူး။ ကျွန်တော်လည်း မကုနိုင်၊ မကုတတ်ပါဘူး။ Rheumatologist referral လိုပါတယ်။ GP အနေနဲ့က awareness ရှိရင် အဆင်ပြေပါပြီခင်ဗျ။

SLE အကြောင်း စိတ်ဝင်စားရင် Z-waka application မှာ Senior Consultant Rheumatologist အစ်မ ဒေါက်တာဇာခြည်ဝေလင်း ရဲ့ SLE အကြောင်း CME ကို နားထောင်ကြည့်ဖို့ recommend လုပ်ချင်ပါတယ်။ အလွန်ကောင်းပါတယ်ခင်ဗျ။

Rheumatology case တွေကို ရောဂါရှာတတ်အောင် သင်ကြားပေးခဲ့သော Rheumatologist အစ်မ ဒေါက်တာဇာခြည်ဝေလင်းနှင့် ကျွန်တော် လှမ်းတိုင်ပင်တိုင်း မညည်းမညူဖြေကြားပေးသော Rheumatologist အစ်ကို ဒေါက်တာစိုးသီဟကျော်တို့ကို ဂါရဝပြုအပ်ပါတယ်ခင်ဗျား။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

အပန်းမကြီးရင် SLE နဲ့ ပက်သက်တဲ့ မိတ်ဆွေတို့ရဲ့ Experience တွေ မန့်ခဲ့ပေးပါဦး။ ကျွန်တော်လည်း ပညာရအောင်လို့ပါခင်ဗျ။

လွတ်သွားလျှင် အန္တရာယ်ရှိပါသည်။မှတ်ချက် -ဆေးပညာလောကသားများအတွက် experience sharing post ဖြစ်ပါသည်။ဒီတစ်ခါလူနာက အသက် ၁၅ န...
27/02/2026

လွတ်သွားလျှင် အန္တရာယ်ရှိပါသည်။

မှတ်ချက် -ဆေးပညာလောကသားများအတွက် experience sharing post ဖြစ်
ပါသည်။

ဒီတစ်ခါလူနာက အသက် ၁၅ နှစ် ကလေးပါ။ အိမ်မှာဖျားနေတာ ၆ ရက်ရှိပါပြီ။ ချောင်းဆိုးရင်လည်း သွေးတွေပါပါတယ်။ အနားက ဆေးခန်းတွေမှာ နေ့စဉ်သွားပြနေရတယ်လို့ပြောပါတယ်။ဆေးလည်း သွားတိုင်း ထိုးခံနေရပေမယ့် မသက်သာပါဘူး။ ကျွန်တော့်ဆီလာတော့ ကလေးက အန်ပါအန်နေပါတယ်။ အဖျားလည်းတက်နေတုန်းပါပဲ။ ဆေးမှတ်တမ်းတွေ တောင်းကြည့်တော့ ဆေးမှတ်တမ်းမပေးဘူးလို့ ပြောပါတယ်။ ဓာတ်မှန်လည်း ရိုက်ထားတယ်ဆိုပြီးပြောပါတယ်။ ဓာတ်မှန်ကတော့ ဆိုးဆိုးရွားရွားမရှိပါဘူး။ ကျွန်တော်လူနာကို စမ်းကြည့်တော့ လူနာက အဖျား ၁၀၀ လောက်၊ သွေးပေါင်ကောင်း၊ အဆုပ်မှာလည်း ဆိုးဆိုးရွားရွားမရှိပါဘူး။ အဲ့ဒါနဲ့ ကျွန်တော်လည်း လူနာကို antibiotic ( co-amoxiclav) ၊ နှစ်ရက်စာပေး၊ ကျန်တာတော့ symptomatic ပေးပြီး ၂ ရက်နေတော့ပြန်လာခိုင်းလိုက်ပါတယ်။
ဒါပေမယ့် လူနာက မသက်သာပါဘူး။ လာပြတဲ့ ညနေမှာတင် အအန်မရပ်လို့ ညနေကို တစ်ခေါက်ထပ်လာပြီး အအန်ပျောက်ဆေးထပ်ထိုးရသလို ရက်ချိန်းမပြည့်သေးဘဲ ထပ်လာပြရပါတယ်။ အဖျားလည်း မကျသလို တော်တော်လည်း ill ဖြစ်နေပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း သူ့ကို ခေါင်းစခြေဆုံးပြန်စမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မျက်လုံးက စဖြဲကြည့်တာမှာ စတွေ့တာပါပဲ။ လူနာရဲ့ မျက်သားအဖြူမှာ သွေးခြေတွေဥနေပါတယ်။ Conjunctival hemorrhage ရနေတာပါ။ Jaundice က ရှိသလို၊ မရှိသလိုပါပဲ။ မျက်လုံးအိမ်ကို ဖိကြည့်တော့ နာတယ်ပြောပါတယ်။ Eye ball tenderness ပါရှိနေတာပါ။ ခြေသလုံးကြွက်သားကို ကိုင်ကြည့်တော့လည်း calf muscle tenderness ရှိနေပါတယ်။ ပါးစပ်မှာတော့ coated tongue မရှိပါဘူး။ Lungs clear
Liver and spleen- not palpable ပါ။

Clinically ကတော့ Leptospirosis နဲ့ တူနေပါတယ်။ Hemoptysis ရတာကလည်း pulmonary hemorrhage ကြောင့် ဖြစ်နိုင်ပါတယ်။ အဲ့ဒါနဲ့ social history မေးကြည့်တော့ လူနာရဲ့ အမေက အိမ်ကျဉ်းကြောင်း၊ အိမ်မှာ ကြွက်ပေါကြောင်း၊ ကြွက်တွေ ဥဒဟိုသွားနေကြောင်း ဖြေပါတယ်။
အဲ့ဒါနဲ့ လူနာကို CP auto, ESR, Widal test, creatinine, LFT, Leptospira antibody တွေ စစ်လိုက်ပါတယ်။ အဖြေကို မြန်နိုင်သမျှ မြန်မြန်ထုတ်ပေးဖို့ မှာလိုက်ပါတယ်။
အဲ့ဒီနေ့ နေ့လယ်က သွေးစစ်တာ ညနေမှာ
အဖြေတွေရပါတယ်။ ညနေခင်းဆရာမကလည်း အဖြေတွေကြည့်ပြီး အရေးကြီးနေတာနဲ့ ကျွန်တော့်ကို ချက်ချင်းဖုန်းဆက်ပါတယ်။ အဖြေတွေက
FBC မှာ Neutrophil leukocytosis and thrombocytopenia
ESR 65( high)
Creatinine-598.5
Liver function test - Mildly elevated
Widal- Negative ပါ။
Leptospira antibody - pending ပါ။ ၂ရက်စောင့်ရမယ်လို့ ပြောပါတယ်။

လူနာက AKI ဝင်နေပါပြီ။ ကျောက်ကပ်ပါထိနေပါပြီ။ ဒါဆို တောက်လျှောက်မနားတမ်းအန်နေတာ uremic gastritis ကြောင့် ဖြစ်ပါလိမ့်မယ်။
ဒါဆိုရင် ဖြစ်နိုင်ချေအများဆုံးရောဂါက Weil’s disease ( Severe Leptospirosis) ပါပဲ။
အဲ့ဒါနဲ့ ညီမလေးကိုပဲ အကူအညီတောင်းပြီး လူနာအိမ်ကို ချက်ချင်းဖုန်းဆက်ခေါ်၊ အဖြေတွေရှင်းပြပြီး စံပြဆေးရုံအရေးပေါ်ကို ချက်ချင်းသွားခိုင်းလိုက်ရပါတယ်။
နောက်တစ်ပတ်လောက်နေတော့ လူနာဆေးရုံဆင်းတော့ ပြန်လာပြပြီး အကျိုးအကြောင်းလာပြောပြပါတယ်။
လူနာ ကျောက်ကပ်တစ်ခါဆေးလိုက်ရပါတယ်။ Hemodialysis တစ်ခါထိသွားပါတယ်။ Leptospira antibody ကတော့ Negative ဖြစ်ပေမယ့် Clinically တူနေတာကြောင့် Leptospirosis လိုပဲ ကုတာပါ။ ကျောက်ကပ်က ရောက်ရောက်ချင်းနေ့ ချက်ချင်းဆေးပြီး နောက်နေ့တွေတော့ ထပ်မဆေးရတော့ပါဘူး။ ခုတော့ လုံးဝကောင်းသွားပါပြီ။ ကျွန်တော်ဆိုအစက လူနာကို ပစ်ရပြီလို့တောင် ထင်တာပါ။ အသက်ရှင်သွားတာ ဝမ်းသာစရာပါပဲ။

အမှန် ဒီလူနာကို ကျွန်တော် diagnosis ရတဲ့အတွက် ကျေးဇူးတင်ရမှာက Physician ဆရာဦးနေမျိုးအောင် ကိုပါ။ကျွန်တော် အလုပ်သင်ဆရာဝန်( House surgeon) ဘဝ စံပြဆေးရုံ Medical ward၊ ဆရာကြီးဦးချစ်ထွန်း side မှာ တာဝန်ကျတုန်းက လူနာတစ်ယောက်ကြုံခဲ့ဖူးပါတယ်။ အဲ့တုန်းက ဆရာကြီးက စံပြဆေးရုံ medical ward ရဲ့ Clinical Professor ပါ။လူနာက ဆရာကြီးခုတင် ( Renal extension) ကပါ။ လူနာက coma ရနေတာပါ။ အဖျားလည်းတက်နေပါတယ်။ GCS မကောင်းတော့ history လည်း ကောင်းကောင်းမေးမရသလို၊ examination မှာလည်း positive finding ဘာမှမရှိပါဘူး။ Liver function test derangement ရှိတယ်။ creatinine နည်းနည်းတက်တယ်ဆိုတော့ hepatic encephalopathy precipitated by infection အနေနဲ့ ကုထားတယ်လို့တော့ မှတ်မိပါတယ်။ လူနာက ဆေးရုံမှာ ၁ ပတ်လောက်ထိ ရောဂါရှာမရဘဲ တိုင်ပတ်နေတာပါ။ အဖျားကလည်း မကျပါဘူး။ နောက်ဆုံး လူနာကို meropenem ပေးပါတယ်။ ကျွန်တော်လည်း အဲ့ကျမှ meropenem ဆိုတာကြီးကို ဘဝမှာ စမြင်ဖူးတာပါ။ အဲ့ဒါကြီးပေးတော့ လူနာ နည်းနည်းလှုပ်လာပါတယ်။ GCS 3/15 ကနေ 4လောက် 5 လောက်ဖြစ်လာတာပါ။ တစ်ရက် ဆရာနေမျိုးအောင် round လှည့်တော့ လူနာမှာ Eye ball tenderness, calf muscle tenderness တွေ စမ်းမိရာကနေ Leptospirosisကို suspect ဖြစ်ပြီး Leptospira antibody ဖောက်( အဲ့တုန်းက Leptospira antibody က NHL ကို ပို့ရတာပါ)၊ အဖြေမရခင် antibiotic ကို benzyl penicillin ( C Pen) ပြောင်းလိုက်တာမှာ လူနာ ၂ ရက်အတွင်း အဖျားကျ၊ ထထိုင်ပြီး ၁ ပတ်လောက်နေတော့ ပျော်ရွှင်စွာဆေးရုံဆင်းသွားပါလေသတည်းပေါ့။ သောင်းချီတန်တဲ့ meropenem နဲ့ မကောင်းဘဲ တစ်လုံး ၆၀၀ တန် Benzyl Penicillin နဲ့ ပျောက်သွားတာလည်း ကျွန်တော်တို့ house တွေကြား ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ လူနာက Leptospira antibody လည်း positive ထွက်ပါတယ်။
အဲ့ဒီအချိန်တုန်းက ဆရာက PG-2 ထင်ပါတယ်။ Final part-2 မှာ medicine ဂုဏ်ထူးထွက်ခဲ့တဲ့ဆရာ၊ ကျွန်တော်တို့ အငယ်တွေကို အမြဲညှာတာတဲ့ ဆရာ၊ အငယ်ဘဝကတည်းက Clinical အရမ်းကောင်းတဲ့ ဆရာက ကျွန်တော်အလွန်ချစ်သော၊ အားကျသော ဆရာစာရင်းမှာ ပါပါတယ်။ ကိုယ့်အချင်းချင်းဆို ညှာတာသလောက်၊အခြား Ward တွေနဲ့ဆို အကျောမခံ၊အနိုင်ကျင့်မခံဘဲ လူပါးဝရင် ဘောင်ထဲက ပညာပေးတတ်တာလည်း ကျွန်တော်သဘောကျတာပါပဲ။ အဲ့တုန်းက ဆရာက ဆရာကြီးဦးချစ်ထွန်းကို သူ leptospirosis ထင်ကြောင်း တင်ပြတော့ ဆရာကြီးပြန်ပြောတာတောင် မှတ်မိပါသေးတယ်။ Leptospirosis မှာ liver ကိုထိတဲ့ dose ထက် renal ကိုထိတဲ့ dose က ပိုများတယ်တဲ့( ဆရာကြီးပြောခဲ့တဲ့ စကားလုံးအတိအကျကို ပြန်ပြောတာပါ)။ ဒီလူနာမှာ renal function အရမ်းကြီးမဆိုးတာတော့ leptospirosis နဲ့ မတူဘူးတဲ့။ဒါပေမယ့် ဆရာကြီးက ဆရာနေမျိုးအောင်ရဲ့ management plan ကို သဘောတူခဲ့ပါတယ်။ ကျွန်တော်ဒီ case ကို အစအဆုံးသိနေတာက ကျွန်တော့် side က လူနာဖြစ်နေတာရယ်၊ ကျွန်တော်မနက်တိုင်းသွေးဖောက်ရတဲ့လူနာလည်းဖြစ်၊ သွေးဖောက်ရအရမ်းခက်တဲ့လူနာလည်း ဖြစ်တာကြောင့် မှတ်မိနေတာပါ။ အဲ့ဒီမှာ ရခဲ့တဲ့ ပညာနဲ့အတွေ့အကြုံက ခုဒီလူနာကို ကယ်ဖို့ အသုံးဝင်သွားတာပါ။

ဒီ case တွေမှာ
၁။ ကျွနိတော် final part 2 မှာ medicine သင်ရတုန်းက Leptospirosis နဲ့ပက်သက်ပြီး ကျွန်တော့်ဆရာဦးစိန်ဝင်းသင်ပေးခဲ့တာလေးကို ပြန်ဖောက်သည်ချချင်ပါတယ်။ Viral hepatitis သင်တုန်းကပါ။ အဲ့တုန်းက ဆရာက Viral hepatitis ရဲ့ important differential က leptospirosis ဆိုတာ သေချာခေါင်းထဲဝင်အောင် သင်ပေးခဲ့ပါတယ်။ Hepatitis နဲ့လာတဲ့ လူနာမှာ Full blood count , creatinine နဲ့ urine RE ကို မဖြစ်မနေပါအောင်စစ်ဖို့ ၊ အဲ့ဒီမှာ တစ်ခုခုထူးခြားတာနဲ့ Leptospirosis ကို သံသယထားဖို့ သင်ပေးခဲ့တာပါ။ Liver နဲ့ renal နှစ်ခုထိနေရင် Leptospirosis ကို မမေ့ဖို့ ဆရာက undergrad ကတည်းက သင်ပေးခဲ့ပါတယ်။အဲ့ဒါ Leptospirosis နဲ့ ပက်သက်ပြီး ဘဝမှာ ပထမဆုံးသင်ခံခဲ့းတဲ့ clinical point ပါ။ ဆရာ့ကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေပြောလိုက်ပါတယ်။

၂။ ကျွန်တော် MRCP PACES အတွက် ပြင်ဆင်တော့ ဆရာဦးဖြိုးသီဟ သင်ပေးခဲ့တဲ့ practical point တစ်ခုကိုလည်း မျှဝေချင်ပါတယ်။ အဲ့ဒီတုန်းက ဆရာမက Reno-pulmonary syndrome အကြောင်းရှင်းပြနေတာပါ။ hemoptysis နဲ့ hematuria နှစ်ခုရရင် ဘာတွေ ဖြစ်
နိုင်လဲလို့ ဆရာက စာမေးပါတယ်။ ကိုယ်တွေလည်း Goodpasture Syndrome ( အခုတော့ anti GBM disease ပေါ့)တို့၊ Wegener’s granulomatosis ( အခုတော့ Granulomatosis with polyangitis)တို့ တစ်ယောက်တစ်ပေါက်ဖြေကြတာပေါ့။
အဲ့ဒါမှာ ဆရာက ထောက်ပြပါတယ်။ မင်းတို့အဖြေမှာ အရေးကြီးတဲ့ရောဂါနှစ်ခုကျန်ခဲ့တယ်တဲ့။ SLE နဲ့ Leptospirosis ကို မမေ့နဲ့တဲ့။ အဲ့ဒီကတည်းက တစ်ခါထဲ မှတ်မိနေတာ ခုအသုံးဝင်လာတာပါပဲ။ ဆရာဖြိုး ကျေးဇူးတွေလည်း အများကြီးပါပဲ။

၃။ Leptospirosis ဟာ waterborne zoonotic disease ပါ။ ကြွက်သေးကတဆင့် ကူးတယ်လို့ လူသိများပါတယ်။ ရေတက်တဲ့၊ ရေဝပ်တဲ့နေရာမှာ နေသူတွေ၊ လယ်ထဲ၊ ဥယျာဉ်ခြံမြေထဲ ဖိနပ်မစီးဘဲ သွားတဲ့သူတွေ၊ အညစ်အကြေး တွေ၊အမှိုက်တွေ၊မိလ္လာတွေနဲ့ ထိတွေ့လုပ်ကိုင်သူတွေမှာ ဖြစ်လေ့ရှိပါတယ်။အဲ့ဒါကြောင့် အဲ့ဒီနေရာတွေသွားရင် ဖိနပ်မပါဘဲ မသွားဖို့ အကြံပေးချင်ပါတယ်။

၄။ Leptospirosis ဟာ ရောဂါမသိရင် အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပေမယ့် ရောဂါသိရင်တော့ ပျောက်နိုင်ပါတယ်။ ကျွန်တော်တို့ ဆရာဝန်တွေဘက်က awareness ရှိရင် အသက်တစ်ချောင်းကို ကယ်နိုင်ပါလိမ့်မယ်။

၅။ ဒီလူနာဖျားတဲ့အချိန်မှာ သူ့အမေက ဆေးခန်းနေ့တိုင်းသွားတယ်လို့ ပြောပါတယ်။ သွားတိုင်းဆေးထိုးပေးတယ်လို့လည်း ပြောပါတယ်။ ဆေးမှတ်တမ်းမပေးတာကြောင့် ဘာဆေးလည်းလို့ ကျွန်တော်လည်း မသိဘူးပေါ့။ Diclo နေ့တိုင်းထိုးတာဆိုရင်တော့ မလုပ်သင့်ဘူးလို့ ဆိုပါရစေ။ ဒီကလေး အန်တာ၊ AKI ရသွားတာ Leptospirosis ကြောင့် အဓိကဆိုပေမယ့် Diclo ကြောင့် ပိုဆိုးသွားနိုင်တယ်ဆိုတာ သတိပေးပါရစေ။

ဆေးပညာနဲ့ ပက်သက်ပြီး သင်ဆရာ၊ မြင်စရာ၊ ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။
အားလုံးအဆင်ပြေကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

26/02/2026

လေးဖက်နာဟု ဆိုရာဝယ်

မှတ်ချက်-ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါက အသက် ၃၉ နှစ် အမျိုးသမီးတစ်
ယောက်ပါ။ အဆစ်
အမြစ်တွေ နာလို့ လာပြတာပါ။ နာနေတာတော့ လနဲ့ ချီနေပါပြီ။မနက်အိပ်ရာထရင်လည်း လက်ဆစ်တွေ တင်းနေတယ်။ လှုပ်ရှားရင်းနဲ့ ၁ နာရီလောက်နေမှ သက်သာသွားတယ် ဆိုတော့ အဆစ်တွေ ရောင်နေတာပေါ့။ Inflammatory arthritis ပေါ့။ နေပူထဲထွက်ရင် မျက်နှာမှာ အကွက်ထတာ၊ ရေကိုင်ရင် လက်တွေ အရောင်ပြောင်းတာတော့ မရှိပါဘူး။ စမ်းကြည့်တော့ squeeze test positive ။ သွေးတွေစစ်ကြည့်တော့ ESR တက်၊ AntiCCP နဲ့ Rheumatoid factor negative ဆိုတော့ sero negative RA အဖြစ် Provisional diagnosis တပ်၊ လူနာကို လေးဖက်နာအထူးကုဆီ လွှတ်တော့ မသွားတာနဲ့ ကျွန်တော်ဘဲ ဆက်ကုထားလိုက်ပါတယ်။ methotrexate ပဲ ပေးထားလိုက်ပါတယ်။လူနာက methotrexate နဲ့ အဆင်ပြေပါတယ်။ steroid မကူဘဲနဲ့ကို တစ်နှစ်လောက်ထိ တောက်လျှောက် သက်သာနေတာပါ။ လူနာလည်း ဝမ်းသာ၊ကျွန်တော်လည်း ဝမ်းသာပေါ့။ sustained remission ရရင် methotrexate ကို တဖြည်းဖြည်းလျှော့မယ်လို့စဉ်းစားထားပါတယ်။ ဒီအထိက ပန်းခင်းသောလမ်းပါပဲ။
ပြဿနာက တစ်ရက်မှာ လူနာက ပါးချိတ်ရောင်ပါတယ်။ အဲ့ဒီအချိန်က မွမ်နာလို့ အရပ်ထဲမှာခေါ်ကြတဲ့ ပါးချိတ်ရောင်နာ ( Mumps or Parotitis ) တွေ တော်တော်ဖြစ်နေကြတဲ့အချိန်ပါ။ အဲ့ဒါနဲ့ လူနာကို ဆိုင်ရာ treatment ပေး၊ Infection ရှိနေလို့ methotrexate ပါ ခဏရပ်ပြီး ပါးချိတ်ရောင်နာ ပျောက်မှ ပြန်စဖို့ မှာလိုက်ပါတယ်။
ဒါပေမယ့် လူနာက ပါးချိတ်ရောင်နာ မသက်သာပါဘူး။ ပထမဆုံး supportive treatment ပေး၊ မသက်သာတော့ antibiotics ပေးတာလည်း လူနာက ၂ ပတ်အထိ မသက်သာတာနဲ့ ကျွန်တော်လည်း စိတ်ပူလို့ လူနာကို နားနှာခေါင်းလည်ချောင်းအထူးကုနဲ့ လွှဲလိုက်ပါတယ်။ နားနှာခေါင်းအထူးကုနဲ့ ပြပေမယ့်လည်း လူနာက response သိပ်မကောင်းသေးပါဘူး။ Infection မကောင်းသေးတော့ methotrexate က ရပ်ထားရပြီး hydroxychloroquine နဲ့ ပဲ ခဏမှေးထားရပါတယ်။ လေးဖက်နာက လောလောဆယ် အခြေအနေကောင်းနေတာကြောင့်၊သူ့ parotitis ကိုပဲ သေချာအရင်ကုဖို့ လူနာကို မှာလိုက်ပါတယ်။ ၂လလောက်ကြာသွားတယ်ထင်ပါရဲ့။တစ်ရက်မှာတော့ လူနာ ကျွန်တော့်ဆီ ပြန်လာပါတယ်။ အဖျားတွေလည်း တက်နေပါတယ်။ ဖျားတာ ၇ရက်လောက်ရှိပြီလို့ ဆိုပါတယ်။ ရုပ်ကလည်း မမှတ်မိလောက်အောင် ကျသွားပါတယ်။ ဆေးမှတ်တမ်းတွေလည်း ပါလာပါတယ်။ အဖျားအတွက်ပြထားတဲ့ ဆေးမှတ်တမ်းရော၊ သွေးလေးဖက်နာကို Rheumatologist နဲ့ သွားပြထားတာတဲ့ မှတ်တမ်းရော တွေ့ရပါတယ်။ ဆရာက ကျွန်တော့် diagnosis ကို လက်ခံပါတယ်။ ဒါပေမယ့် သူလူနာကို စမ်းသပ်ထားတဲ့ finding မှာ ? sclerodactyly ဆိုတာလေး ရေးထားတာတွေ့ရပါတယ်။ Query ဆိုတော့ သိပ်မသေချာလို့ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ပြီး ခွါချိန်းထားပုံရပါတယ်။ဘာမှထပ်စစ်ထားတာတော့မတွေ့ရပါဘူး။ Immunosuppressant ကတော့ leflunemide ပေးထားတာတွေ့ပါတယ်။ အဲ့ဒါက Rheumatologist ရဲ့ မှတ်တမ်းပါ။ အဖျားအတွက်ပြထားတဲ့မှတ်တမ်းမှာတော့ cefixime ပေးထားတာတွေ့ရပါတယ်။ ပိုးသတ်ဆေးပေးထားပေမယ့် မသက်သာပါဘူး။ အဆစ်အမြစ်တွေလည်း ကိုက်ခဲနေပါတယ်။ သေချာမေးကြည့်တော့ ရေကိုင်ရင်ပါ လက်တွေကျဉ်လာတယ်ဆိုတော့ Raynaud’s phenomenon ပါ စချင်နေပြီလား မသိပါဘူး။ Vasculitic rash တွေ၊ Malar rash တွေတော့ မရှိပါဘူး။ Skin tightening တွေ ၊ skin thickening တွေလည်း မရှိပါဘူး။ ကျွန်တော်လူနာကို စကြည့်တုန်းက ANA ထည့်မစစ်မိပါဘူး။ လူနာက RA အပြင် အခြား Connective tissue disease တစ်ခုခုဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါနဲ့ လူနာကို counselling ဝင်ပြီး ANA ( titre) ,CP ( auto), ESR တွေ စစ်လိုက်ပါတယ်။ လူနာကို steroid ပါ high dose ပေးလိုက်ပါတယ်။ antibiotics လည်း ဆက်ပေးထားလိုက်ပါတယ်။ ထွက်လာတဲ့အဖြေမှာ CP အဖြေကောင်း၊ ESR -100 ၊ ANA ( titre) က 1/1280 ( strong positive) ပါ။ လူနာက steroid ဝင်တာနဲ့ လုံးဝကောင်းသွားတာပါ။ အဖျားလုံးဝကျ၊ ကိုက်တာခဲတာ လုံးဝကောင်းသွားတာပါ။ အဲ့ဒါနဲ့ ENA profile စစ်တော့ Anti smith antigen positive, Scl 70 positive ကျန်တဲ့ RNP sm တို့ဘာတို့လည်း positive ပါ။ အဲ့ဒါနဲ့ လူနာကို Rheumatologist ဆီ အဖြေနဲ့တကွ ပြန်လွှဲလိုက်ရပါတယ်။ လက်ရှိမှာလူနာ SLE / seronegative RA overlap အဖြစ် ကုသမှုခံနေပါတယ်။

နောက်တစ်ယောက်ကလည်း အသက် ၄၈နှစ် အမျိုးသမီးပါ။ သူလည်း small hand joint pain နဲ့ လာတာပါ။ EULAR criteria နဲ့ assessment လုပ်ပြီး seronegative RA အဖြစ်နဲ့ ကုထားတာပါ။ methotrexate ပေးထားတာပါ။ လူနာလည်း control ရနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းစစ်တဲ့ Full blood count အဖြေတွေမှာ leucopenia ရှိရှိနေလို့ လူနာကို methotrexate ဖြုတ်ပြီး hydroxychloroquine နဲ့ ပြောင်းပေးထားပါတယ်။ ဒါပေမယ့် methotrexate ၃ လလောက် ရပ်ပြီး ပြန်စစ်တော့လည်း leucopenia ရှိနေတုန်းမို့ မသင်္ကာတာနဲ့ ANA( titre) စစ်တော့ 1:320 နဲ့ positive ပြ။ ENA profile ထပ်စစ်တော့ RNA/Sm နဲ့ Ku positive မို့ Rheumatologist ဆီ refer လုပ်လိုက်ပါတယ်။ ခုတော့ Sjogren arthritis with leucopenia အဖြစ်ကုသမှုခံနေပါတယ်။

ဒီcase တွေမှာ

၁။ ကျွန်တော် Rheumatology case တွေကို ကုသရာမှာ လူနာရဲ့ clinical context ကို သေချာကြည့်လေ့ရှိပါတယ်။ လူနာရဲ့ age, s*x, joint distribution ,extra articular features စတာတွေ ကြည့်ပြီး အဖြစ်နိုင်ဆုံးလို့ထင်တဲ့ diagnosis or differential diagnosis ကို ထုတ်ပါတယ်။ Investigation လုပ်ရင်လည်း အဲ့ဒီ differential ကို support or exclude လုပ်မယ့် test ကို စစ်ပါတယ်။လူနာ မလိုဘဲ အပိုမကုန်အောင်လို့ပါ။ အထူးသဖြင့် အစောပိုင်းကာလတွေမှာ ကျွန်တော်ဟာ skin rash , hair loss, Raynaud’s phenomenon , skin thickening, dry eye, dry mouth စတဲ့ clinical features တွေမရှိရင် RA ( seropositive or seronegative ) သို့မဟုတ် seronegative arthitides ကိုပဲ အဓိက စဉ်းစားပြီး၊ANA ကို ထည့်မစစ်တော့ဘဲ skip လုပ်မိခဲ့ပါတယ်။ အမှန်က SLE , Sjogren’s , systemic sclerosis , MCTD, UCTD စတဲ့ အခြား connective tissue disease တွေဟာလည်း polyarthritis or polyarthralgia နဲ့ initial presentation လာနိုင်ပါတယ်။ လာတတ်ပါတယ်။ အစောပိုင်းကာလတွေမှာ arthritis နဲ့ပဲ present လုပ်ပြီး ကြာလာတော့မှ၊ disease progressive ဖြစ်လာတော့မှ အခြား extra articular features တွေ တဖြည်းဖြည်းပေါ်လာတာ၊အခြား criteria တွေ တဖြည်းဖြည်း စုံလာတာမျိုးပါ။ အစောပိုင်းမှာ RA အဖြစ်နဲ့ကုနေရင်း နောက်မှ Thrombocytopenia ခဏခဏရလာလို့ ၊ leucopenia ခဏခဏရလာလို့ မသင်္ကာလို့ စစ်တော့မှ SLE ပါထပ်တွေ့တာပြီး SLE /RA overlap ဖြစ်နေတာမျိုးတွေ မကြာခဏတွေ့ရတတ်ပါတယ်။ အဲ့ဒါကြောင့် polyarthritis or polyarthralgia alone နဲ့လာတဲ့လူနာမှာ other extra articular features တွေ မတွေ့သေးပေမယ့်လည်း SLE, systemic sclerosis, Sjogren’s, MCTD, UCTD စတဲ့ connective tissue disease တွေကို မမေ့ဖို့လိုကြောင်း သတိပေးလိုပါတယ်။ ကျွန်တော့်မှားခဲ့ဖူးတဲ့၊ ကျွန်တော် လွဲချော်ခဲ့ဖူးတဲ့အတွေ့အကြုံကို မိတ်ဆွေတို့ သင်ခန်းစာယူနိုင်အောင် မျှဝေလိုက်ရပါတယ်။သတိမပြုခဲ့မိတော့ differential diagnosis မှာလည်း မထည့်မိခဲ့၊ Investigation မှာလည်း ထည့်မစစ်ခဲ့မိဘူးပေါ့။

၂။ DMARDs ပေးထားတဲ့ RA လူနာမှာ leucopenia / thrombocytopenia တွေရရင် ပထမဆုံးစဉ်းစားရမှာက DMARDs ရဲ့ side effects ပါ။ အဓိကဖြစ်တာက methotrexate, leflunemide, , cyclophosphamide, azathioprine ,sulfasalazine စတဲ့ဆေးတွေပါ။ DMARDs ကို ခဏ ရပ်ရင် ပြန်ကောင်းသွားတတ်ပါတယ်။ မကောင်းရင်တော့ အခြား cause ဘာရှိလဲရှာရမှာပါ။( ဥပမာ SLE လိုမျိုး haematological manifestation ရှိတဲ့ ရောဂါ တစ်ခုခုတွဲနေလားပေါ့)

၃။ နောက်ဆုံးပြောချင်တာက DMARDs တွေ ပေးတဲ့အခါမှာ အရေးကြီးဆုံးက regular monitoring ပါ။ ဒီလူနာတွေမှာ အစက Diagnosis လွတ်မလိုဖြစ်ခဲ့ပေမယ့် နောက်ပိုင်း Diagnosis ပြန်ရသွားတာလည်း monitoring လုပ်လို့ပါ။ DMARDs အမျိုးအစားအလိုက် Full blood count, liver function , renal function, eye assessment စတာတွေကို periodically monitor လုပ်ဖို့လိုပါတယ်။ ဆေးမစခင်မှာလည်း လူနာမှာ latent infection ( Eg. TB, B ပိုး, C ပိုး) ရှိလား။ အသည်း၊ ကျောက်ကပ်ကောင်းလား assessment လုပ်ဖို့လိုပါတယ်။အချို့ဆရာဝန်တွေ leflunemide လိုဆေးမျိုးပေးထားပြီး မ​ပေးခင်
လည်း ဘာမှ မစစ်ထား၊ ပေးပြီးတော့လည်း ဘာမှ မစစ်ထားတာ အန္တရာယ်များလှပါတယ်။

ဆေးပညာနဲ့ ပက်သက်ပြီး သင်ဆရာ၊ မြင်စရာ၊ ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။
အားလုံးအဆင်ပြေကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

18/02/2026

ှင့်ဆီးချိုသွေးချို-၇

ဆီးချိုရောဂါသည်များ Ramadan မှာ အင်ဆူလင် ဘယ်လို ညှိမလဲ။ အပိုင်း-၂

-mixed insulin (အင်ဆူလင် အကြည်နှင့် အနောက်ရောထားသော အင်ဆူလင်) ထိုးနေသူများ ဆေးညှိနည်း

ဒီထိုးနည်းကိုလည်း မြန်မာနိုင်ငံက အင်ဆူလင်ထိုးနေတဲ့ ဆီးချိုရောဂါသည်တွေ ရင်းနှီးကျွမ်းဝင်ကြပါတယ်။ ဘာ အင်ဆူလင်ထိုးလဲ လို့ မေးရင် mixtard ထိုးနေတယ်။ Novomix 30 ထိုးနေတယ် စသဖြင့် လူနာတွေ ဖြေလေ့ရှိတာ ဒီထိုးနည်းပါပဲ။
အမှန်က mixtard တို့၊ Novomix 30 တို့ဆိုတာ ကုမ္ပဏီကထုတ်တဲ့ အမှတ်
တံဆိပ်တွေပါ။ အခြား အလားတူ အာနိသင်တူ တံဆိပ်တွေ ရှိပါသေးတယ်။ Biosulin 30၊ Wosulin 30၊ Insunova 30 စတဲ့ နာမည်ပေါင်းစုံ ရှိပါတယ်။
Pre-mixed insulin ကို အများအားဖြင့် တစ်နေ့ ၂ ခါ ထိုးလေ့ရှိပါတယ်။ အများအားဖြင့် နံနက်ခင်းထိုးတဲ့ dose က ညနေခင်းထိုးတဲ့ dose ထက် ပိုများလေ့ရှိပါတယ်။ တစ်နေ့ တစ်ကြိမ် ထိုးတာ၊ တစ်နေ့ ၃ ကြိမ်ထိုးတာလည်း ရှိပါတယ်။

၁။ တစ်နေ့ တစ်ကြိမ်ထိုးရင် IFTAR မှာ ထိုးပါ။ ထိုးနေကျ ယူနစ်အတိုင်း ဆက်ထိုးနိုင်ပါတယ်။
၂။ တစ်နေ့ ၂ ကြိမ်ထိုးရင် မနက်ဆေးကို IFTAR မှာ ထိုးပါ။ ညနေဆေးကို ၂၅% ကနေ ၅၀% လျှော့ပြီး SUHOOR မှာ ထိုးပါ။ ဥပမာ- mixtard ကို မနက် ၂၀၊ ည ၁၀ ထိုးနေသူဆိုရင် မနက် ၂၀ကို ညနေ IFTAR မှာပြောင်း ထိုးပါ။ ည ၁၀ ကို ၅၀% လျှော့ပြီး ထိုးပါ ဆိုတော့ မနက် SUHOOR မှာ ၅ ယူနစ်ထိုးရမှာဖြစ်ပါတယ်။
၃။ တစ်နေ့ သုံးကြိမ်ထိုးရင် နေ့လယ်ထိုးဆေးကို ဖြုတ်ပါ။ မနက်နဲ့ ညဆေးကို အထက်ကပြောခဲ့တဲ့အတိုင်း ပြောင်းထိုးပါ။

၃ရက်တစ်ခါ ဆေးညှိဖို့လိုပါတယ်။ ဆေးညှိတာက ပြီးခဲ့တဲ့အပတ်က တင်ပေးခဲ့တဲ့ basal insulin ညှိနည်းနဲ့ အတူတူပါပဲ။

တစ်နေ့ တစ်ကြိမ်ထိုးနေရင် ဆေးကို IFTAR မှာ ထိုးပါ။ ဆီးချိုကို မနက် ဘာမှမစားရသေးခင်စစ်ပါ။ ( မှတ်ချက်- IFTAR မှာ ထိုးတဲ့ Insulin က တစ်ညလုံး ဆီးချိုမတက်အောင် ထိန်းပေးထားမှာ ဖြစ်ပြီး နောက်တစ်နေ့ နံနက်ထိ ဆီးချိုထိန်းထားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် IFTAR မှာ ထိုးတဲ့ Insulin လုံလောက်မှုရှိမရှိသိချင်ရင် နောက်နေ့နံနက် ဆီးချိုစစ်
လိုက်ရင် အဖြေပေါ်ပါတယ်။ နောက်နေ့ နံနက် ဆီးချိုတွေ ထိုးကျနေရင် IFTAR မှာ ထိုးတဲ့ insulin များသွားပြီ။ ဆေးလျှော့ဖို့ လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ ထို့အတူ နောက်နေ့နံနက် ဆီးချိုတွေ တက်နေရင် IFTAR မှာညထိုးတဲ့ insulin မလုံလောက်သေးဘူး။ ထပ်တိုးဖို့ လိုတယ်လို့ အဓိပ္ပာယ်ရပါတယ်။)

- ဆီးချို 70 အောက် (သို့မဟုတ် )ဆီးချိုကျတဲ့ လက္ခဏာတွေရှိရင်ဆို IFTAR မှာ ထိုးမယ့် Insulin ကို နဂိုထက် 4 units လျှော့ထိုးပါ။

- ဆီးချို 70နဲ့ 90 ကြားဆို IFTAR insulin ကို နဂိုထက် 2 unit လျှော့ထိုးပါ။

- ဆီးချို 90 နဲ့ 130 ကြားဆို IFTAR insulin အပြောင်းအလဲ လုပ်စရာမလိုပါ။ နဂို ထိုးနေကျအတိုင်း ဆက်ထိုးပါ။
- ဆီးချို 130 နဲ့ 200 ကြားဆို Insulin ကို နဂိုထက် 2 units တိုးထိုးပါ။
- ဆီးချို 200 ကျော်ရင် Insulin ကို နဂိုထက် 4 units တိုးထိုးပါ။

တစ်နေ့ နှစ်ကြိမ်ထိုးရင်လည်း ဒီသဘောတရားအတိုင်းပါပဲ။ ဆီးချိုကိုတော့ တစ်နေ့ ၂ ကြိမ် စစ်ရပါမယ်။ ဝါမဖြေခင် pre-IFTAR မှာ တစ်ခါ၊ မနက်အိပ်ရာထ အစာအစားခင် တစ်ခါစစ်ပါ။

ညနေ ဝါမဖြေခင် စစ်တဲ့ဆီးချို တန်ဖိုး ( pre-IFTAR blood glucose level)ကိုကြည့်ပြီး SUHOOR မှာထိုးမဲ့ Insulin ကို ညှိပါ။ လိုတိုး ပိုလျှော့လုပ်ပါ။ ညှိပုံ ညှိနည်းက အထက်ပါအတိုင်းပါပဲ။ ဝါမဖြေခင် ညနေဆီးချို 70 အောက်ဆို နံနက်ဆေးကို 4 units လျှော့ထိုး၊ 70နဲ့ 90ကြားဆို 2 units လျှော့ထိုး၊ 90 နဲ့ 130 ကြားဆို နဂိုအတိုင်းထိုး၊ 130 နဲ့ 200 ကြားဆို 2 unit တိုးထိုး၊ 200 ကျော်ရင် 4 unit တိုးထိုးပါ။

အရေးကြီးတာတစ်ခုက ဆေးကို နေ့တိုင်းမညှိရပါဘူး။ ၃ရက် တစ်ခါသာ ညှိရပါမယ်။ ဆီးချိုကို ၃ ရက်ဆက်တိုက်စစ်ပြိး မှတ်တမ်းလုပ်ထားပါ။ အငယ်ဆုံးဆီးချိုတန်ဖိုးကို ယူပြီး ဆေးညှိပါ။
ဒီလောက်ဆို Ramadan မှာ Premixed insulin ညှိနည်းကို သဘောပေါက်လောက်ပါပြီ။

Ramadan မှာ အားလုံးပျော်ရွှင်
ချမ်းမြေ့ကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn) , MRCP(UK)
ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

Address

Yangon,Myanmar
Yangon

Website

Alerts

Be the first to know and let us send you an email when DR SOE HTET AUNG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram