Sayy Swan - Health & Wellness Store

Sayy Swan - Health & Wellness Store နားလည် တတ်ကျွမ်းသော ဆရာဝန်များကိုယ်တိုင်ရောင်းချသောကြောင့် ဘေးကင်း စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်။

🈹12:12 sale Up to 50% discount 🏆ယခု post ကို like and share ထားပြီး comment မှာ screenshot ပြပေးသူများထဲမှ ၂ ယောက် ကို မ...
12/12/2025

🈹12:12 sale

Up to 50% discount

🏆ယခု post ကို like and share ထားပြီး comment မှာ screenshot ပြပေးသူများထဲမှ ၂ ယောက် ကို မဲ6ဖာက်ပြီး

Infant Tylenor (သို့)
Children Tylenor (သို့ )
Children Motrin တို့မှ

ကြိုက်နှစ်သက်ရာ ၁ ဗူး စီ လက်ဆောင်ရရှိမည့် အခွင့်အရေးကြီးမို့ ဝင်ရောက် အားပေးကြပါဦးရှင်



#ဆေးစွမ်းဆေးနှင့်ဆေးပစ္စည်းမျိုးစုံ

 #ဆီးချိုရှိသလား၊  #အရေပြားသတိထားပါ (၂) #ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)   ⚕️ ⚕️ ⚕️ #ဆီးချိုခြေထောက်နာ      ...
08/12/2025

#ဆီးချိုရှိသလား၊ #အရေပြားသတိထားပါ (၂)

#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)



⚕️ ⚕️ ⚕️

#ဆီးချိုခြေထောက်နာ

ဆီးချိုရဲ့ အရေပြားပြဿနာတွေထဲမှာ အန္တရာယ်အရှိဆုံးကတော့ ခြေထောက်အနာပါပဲ။ ပြဿနာအရင်းခံကတော့ ဆီးချိုကြောင့် သွေးလွှတ်ကြောတွေ ကောင်းကောင်းအလုပ်မလုပ်တာနဲ့ အာရုံကြောတွေ ထိခိုက်ပျက်စီးခြင်းပါ။ အာရုံကြောပျက်စီးတော့ ခြေထောက်မှာ ချွေးထွက်နည်းမယ်၊ အသားခြောက်မယ်၊ ကွဲမယ်၊ အက်မယ်၊ အသားမာတက်မယ်၊ ပြီးတော့ အနာရှိရင် ဘယ်လောက်ကြီးကြီး မနာတော့ပါဘူး။ ပြောရရင် အနာကြီးရောဂါသည်တွေမှာ မကြာခဏကြုံရလေ့ရှိတဲ့ နာတာရှည် ခြေဖဝါးအနာနဲ့ အတူတူပါပဲ။ အနာဆိုတာ နာရပါမယ်၊ နာမှသာ အနားပေးကြတာမျိုးပါ။ ခြေထောက်မှာ အနာရှိပေမယ့်လည်း မနာတော့ ပုံမှန်အတိုင်း သွားလာရင်းနဲ့ အနာပိုဆိုးလာတာပါ။ နောက်တစ်ချက်က အနာကျက်ဖို့ အာဟာရတွေ၊ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။ ဆီးချိုမှာ သွေးကြောတွေက ကျဉ်းနေတော့ သွေးကောင်းကောင်းမရဘဲ အနာက သက်ဆိုးရှည်တော့တာပါ။ ကြာတော့ အနာက နက်လည်းနက်၊ ကျယ်လည်းကျယ်လာပြီး ဖြတ်ရ၊ တောက်ရတဲ့အဆင့်ထိ ရောက်ပါလေရော။ ဆီးချိုလည်းရှိ၊ ဆေးလိပ်ကလည်းစွဲဆိုရင်တော့ သွေးကြောပိတ်ပြီး ခြေထောက်ဖြတ်ပစ်ရတဲ့ အဖြစ်ဆိုးတွေ ပိုပြီးကြုံရနိုင်ပါတယ်။

ဆီးချိုလူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဆီးချိုရောဂါသက်တမ်းတစ်လျှောက်မှာ တစ်ချိန်ချိန်တော့ ခြေထောက်မှာ အနာဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ခြေထောက်အနာဖြစ်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းကတော့ အခြေအနေဆိုးပြီး ခြေဖြတ်လိုက်ရတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူကျောင်းနေဖက် ဆရာဝန်တစ်ဦးဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပဲ ဆီးချိုကြောင့် ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရပါတယ်။ နောက်တော့ ကျောက်ကပ်ပါပျက်စီးပြီး ကွယ်လွန်ရှာပါပြီ။

#အရေပြားကို_သတိထားပါ

အရေပြားမှိုစွဲတာ၊ ပြည်တည်နာမျိုးစုံဖြစ်တာတွေဟာ ယေဘုယျအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ဆိုင်ပါတယ်။ ရေချိုးမှန်ပါစေ။ အကြိုအကြားနေရာတွေကို သေသေချာချာ သန့်ရှင်းပေးပါ။ ချွေးစို၊ ရေစိုနဲ့ အကြာကြီး မနေပါနဲ့။ ခြောက်ခြောက်သွေ့သွေ့ထားပါ။ အသားခြောက်ရင် အစိုထိန်းခရင်မ်တွေ လိမ်းပေးပါ။ ပိုးသတ်ဆပ်ပြာတွေကိုလည်း အလွန်အကျွံ မသုံးပါနဲ့။ အဲဒီဆပ်ပြာတွေကြောင့် အသားအရေ ပိုပြီးခြောက်သွားနိုင်လို့ပါ။ အကြောင်းကြောင်းကြောင့် အနာတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မပေါ့ဆပါနဲ့။ ဆရာဝန်နဲ့ စောစောစီးစီးပြသပြီး ဖိဖိစီးစီး ကုသမှုခံယူပါ။ ဆေးမြီးတို လုံးဝရှောင်ပါ။

ဆီးချိုရောဂါရှိရင် အထူးသတိထားရမှာက ခြေထောက်ပါ။ ခြေထောက်မှာ အသားမာ၊ အနာအဆာ၊ အကွဲ၊ အအက်၊ အရည်ကြည်ဖု ရှိ၊ မရှိ နေ့စဉ် စစ်ဆေးပါ။ များသောအားဖြင့် ခြေထောက်က ထုံနေတော့ ခံစားမှုနဲ့ မသိနိုင်တာမို့ မျက်စိနဲ့စစ်ဆေးခြင်းကသာ အဓိကကျပါတယ်။ ခြေဖဝါးဆိုရင် ကိုယ့်ဘာသာကိုယ် ပြန်စစ်ဖို့ အသက်ကြီးရင် မလွယ်တာမို့ မှန်ထောင်ပြီး ကြည့်ပါ။ အိမ်အတူနေတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး စစ်ဆေးရင်လည်း ရပါတယ်။ ခြေချောင်းကြားလေးတွေကို ခြောက်သွေ့နေအောင် ထားပါ။

ဖိနပ်မပါဘဲ ခြေဗလာနဲ့ မသွားပါနဲ့။ ဖိနပ်မှာ ထိုးဝင်နေတဲ့ သံစ၊ ပုလင်းကွဲစ၊ ကျောက်ခဲချွန်လေးတွေ ရှိမရှိလည်း စစ်ပါ။ ဖိနပ်စီးရင်လည်း ဖိနပ်ဟာ အထူးသဖြင့် အလုံပိတ်ဖိနပ်ဟာ အနေတော်ဖြစ်ရပါမယ်။ မဟုတ်ရင် ဖိနပ်ပေါက်ရာက အနာကြီးသွားမှာ စိုးရိမ်ရလို့ပါ။

ခြေထောက်ကို အပူမလောင်မိအောင် မီးအပူနဲ့ ဝေးဝေးနေပါ။ ဆောင်းကာလ မီးလှုံရင်း ခြေထောက်မှာ အပူလောင်တာမျိုးပါ။ ထုံနေတဲ့ ဆီးချိုခြေထောက်ဟာ ပူမှန်းအေးမှန်း မသိတော့ အတော်ဂရုစိုက်ပေးရမှာပါ။

#ခြေသည်းလက်သည်း_ဂရုပြု

လက်သည်း၊ ခြေသည်း မှန်မှန်ညှပ်ပါ။ ရေချိုးပြီးစ ညှပ်ရင် လက်သည်းပျော့လာတာမို့ ညှပ်ရပိုလွယ်ပါတယ်။ လက်သည်းထိပ်ဘေးစောင်းကို အကွင်းလိုက်မထားဘဲ ဖြောင့်ဖြောင့်ပဲ ညှပ်ပေးပါ။ လက်သည်း၊ ခြေသည်းညှပ်ရင်း ဘေးကအသားတွေကို မထိမိပါစေနဲ့။ ခြေစွယ်ငုပ်တာ၊ လက်သည်းပန်းခုံးရောင်တာ၊ မှိုစွဲတာတွေ မဖြစ်ရအောင် အထူးဂရုစိုက်ပါ။ တစ်ချိန်လုံး ရေကိုင်နေရသူတွေ သတိထားရမှာက လက်ချောင်း၊ ခြေချောင်းကြားလေးတွေကို မှိုသတ်ပေါင်ဒါ မကြာခဏထည့်ပေးပါ။ စွတ်စိုနေတဲ့ လက်ချောင်း၊ ခြေချောင်းကြားတွေမှာ မှိုစွဲရင် လက်သည်း၊ ခြေသည်းတွေလည်း မှိုစွဲတော့မှာပါ။ အသက်ကြီးလေ ဒါမှမဟုတ် ဆီးချိုရင့်လေ လက်သည်း၊ ခြေသည်း မှိုစွဲဖို့ များလေပါ။

#ပေါ့ပေါ့ဆဆမနေကြပါနဲ့

ဘာမဟုတ်တဲ့ အနာလေးကနေ ပြဿနာတက်ပြီး နောက်ဆုံးမှာ ခြေဖြတ်၊ လက်ဖြတ်လုပ်လိုက်ရတဲ့ကိစ္စတွေဟာ အတော်ရင်နင့်စရာ ကောင်းပါတယ်။ အနာကတစ်ဆင့် ဘက်တီးရီးယားပိုးတွေ သွေးထဲရောက်ပြီး သွေးဆိပ်တက်တဲ့ အဖြစ်မျိုးတွေနဲ့ အသက်ဆုံးပါးသွားတာမျိုးလည်း ကြောက်စရာကောင်းပါတယ်။ ဒီတော့ ဆီးချိုရှိ၊ မရှိ ပုံမှန်စစ်ဆေးကြပါ။ ဆီးချိုရှိခဲ့ရင် ဆရာဝန်များနဲ့ ပြသပြီး စနစ်တကျကုပါ။ ထိန်းပါ။ စောစောကပြောခဲ့သလိုပဲ အရေပြားကို သတိထား ဂရုစိုက်ကြပါ။ မပေါ့ဆကြပါနဲ့။

#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုးအကြောင်း..........♥အက်စထရိုဂျင်(Estrogen)ဟော်မုန်းအမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျ...
07/12/2025

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုးအကြောင်း..........

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း

အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း

သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥DEHA

အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine

အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမ်းချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol

Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ၊

♥Insulin

သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျွန်တော်တို့ကဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် 11:11 sale ကြီးကို 11.11.2025 မှ 25.11.26 ထိ 15 ရက်တိုင်တိုင် အထူးစျေးဖြင့် ...
10/11/2025

မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် 11:11 sale ကြီးကို

11.11.2025 မှ 25.11.26 ထိ 15 ရက်တိုင်တိုင် အထူးစျေးဖြင့် ရောင်း ချ ပေးသွားပါမည် ဖြစ်သောကြောင့် ဝယ် ယူ အားပေးနိုင်ကြပါပြီ ။

ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဘေးဘယာကင်းလို့ ကျန်းမာခြင်းတွေ ဆောင်ကျဉ်းနိုင်ပါစေက...
06/10/2025

ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဘေးဘယာကင်းလို့ ကျန်းမာခြင်းတွေ ဆောင်ကျဉ်းနိုင်ပါစေကြောင်း ဆေးစွမ်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။



#ဆေးစွမ်းဆေးနှင့်ဆေးပစ္စည်းမျိုးစုံ

ဂုတ်နှိပ်စက် ~ 19000Computer တနေကုန်ကြည့်/phone တနေကုန်နှိပ်/ကား တနေကုန်မောင်း နေရသူများအလုပ်ပင်ပန်းပြီးညောင်းညာနေပါလားက...
30/09/2025

ဂုတ်နှိပ်စက် ~ 19000

Computer တနေကုန်ကြည့်/phone တနေကုန်နှိပ်/ကား တနေကုန်မောင်း နေရသူများ

အလုပ်ပင်ပန်းပြီးညောင်းညာနေပါလား

ကိုယ့်ဘာကိုယ်အိမ်မှာတစ်ကိုယ်လုံးနှိပ်လို့ရမယ့်4D အနှိပ်စက်လေးသာ ဆောင်ထားလိုက်

အနင်းအနှိပ် မလွတ်သူ ဖိုးဖွားမိဘ တွေကို ကန်တော့လည်း အကြိုက်တွေ့မှာ နော်

လျှပ်စစ်ကြိုးပါ ပလပ်ပေါက်ထိုး သုံးရုံပဲနော်

နှိပ်ထုနည်းလေးများ စုံနေတာပဲ

နှိပ်ထု အတိုးအလျော့ ကလည်း ပါသေး

ညောင်းညာ တတ်သူဆို ဒါတစ်ခု တော့ ဆောင်ထားသင့်ပါတယ်။

စွယ်စုံသုံးနှိပ်စက် -46000 အရမ်းအကြောတက်တက်တဲ့သူများအတွက် တော်ရုံနှိပ်စက်ကတော့တိုးကိုမတိုးဘူး ဒီနှိပ်စက်နဲ့တွေ့တော့မှအကြ...
28/09/2025

စွယ်စုံသုံးနှိပ်စက် -46000

အရမ်းအကြောတက်တက်တဲ့သူများအတွက် တော်ရုံနှိပ်စက်
ကတော့တိုးကိုမတိုးဘူး ဒီနှိပ်စက်နဲ့တွေ့တော့မှအကြောတွေပြေ ဇတ်ကြောတက် ခါးနာပျောက်သွားတော့တယ်

အမှန်တစ်ကယ်ကောင်းလို့ အညောင်းမိတက်တဲ့ ဦးဦး ကိုကို မမ အလုပ်ထိုင်လုပ် computerရှေ့မှာ အလုပ်ကြာကြာ ထိုင်လုပ်ရတဲ့သူတွေသာမက ကားအကြာကြီး မောင်းရသူတွေအတွက်အကုန်လုံး အဆေင်ပြေမှပြေပဲနော်

အိမ်မှာ မီးပလပ်နဲ့ သုံးလို့ရသလို ကားမှာပါတဲ့ စီးကရက်လိုက်ဇာ အပေါက်နဲ့လည်း ထိုးပြီးသုံးလို့ရတယ်နော် 4D Kneading ဖြစ်ပြီး အပူလည်းပါ အနှိပ်ဖုလုံး ၈ခုနဲ့အတူQualityကလည်း
ပြောစရာမလိုအောင်ကောင်းလို့ ဇတ်ကြောတစ်ခုတညိးမထင်လိုက်ပါနဲ့ တစ်ကိုယ်လုံးကိုလည်းနှိပ်လို့ရပါတယ် ဗိုက်အဆီကျစေဖို့အတွက် ဗိုက်သားလေးကိုလည်း နှိပ်နယ်ပေးလို့ရပါတရယ်ရှင်

ွင်ရရှိနိုင်ပါပြီ

မိမိရဲ့ ကလေးကို ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံခြားမှာ ကျောင်းသွားတက်ခိုင်းစေချင်တဲ့ မိဘများအတွက် 🇲🇲🎓🦾လူငယ်တွေလည်း ဒီ အချ...
25/09/2025

မိမိရဲ့ ကလေးကို ဆယ်ကျော်သက်အရွယ်ကတည်းက နိုင်ငံခြားမှာ ကျောင်းသွားတက်ခိုင်းစေချင်တဲ့ မိဘများအတွက် 🇲🇲🎓🦾

လူငယ်တွေလည်း ဒီ အချက် ၁၀ ချက်ကို သေချာ ပြင်ဆင်ပါ။ ပြည်ပမှာ ကျောင်း/တက္ကသိုလ်သွားတက်ဖို့ မိဘထောက်ပံ့မှုနဲ့ပဲ သွားသွား၊ scholarship နဲ့ပဲ သွားသွား ဒီ ၁၀ ချက်ကို ကြိုပြင်ပါ။

✅ Good Health and Sports

ကျန်းမာရေးကို ကောင်းအောင်ဂရုစိုက်ပါ။ ချုချာနေရင် ပြည်ပမှာ အဆင်မပြေပါဘူး။ ကစားခုန်စား သေချာလုပ်ပါ။ ကိုယ့်ရဲ့ physical strength ရော၊ social circle ကျယ်လာဖို့ရော sports က အရေးကြီးပါတယ်။ sports ကနေ သင်ယူနိုင်တဲ့ life skills တွေ အများကြီးရှိပါတယ်။ တွေ့သမျှ အားကစား လိုက်လုပ်စရာမလိုပါဘူး။ တကယ် ဝါသနာပါတဲ့ အားကစားကို ထူးချွန်အောင်လုပ်ပါ။ ကျောင်းဝင်ခွင့်နဲ့ scholarship ရဖို့ အထိ ကိုယ့်ရဲ့ student profile ကို အကူအညီအများကြီး ဖြစ်စေပါတယ်။

✅ Common Sense and Learning Spirit

သိမြင်လွယ်ဖို့ အကင်းပါးဖို့ ဘက်မျှအောင်တွေးတတ်ဖို့ လိုတယ်။ ဆက်စပ်တွေးခေါ်နိုင်စွမ်း
ရှိအောင် ၊ နေရာ အသစ် လူအသစ် ပတ်ဝန်းကျင်အသစ်မှာ ကိုယ်နဲ့ မရင်းနှီး မကျွမ်းဝင်တဲ့ အရာတွေ တွေ့လာကြုံလာရင်လည်း စိုးရိမ်မနေဘဲ သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင် သင်ယူလိုစိတ်ရှိအောင် ရေခံမြေခံ အသစ်မှာ flexible and adaptable ဖြစ်အောင် ပျိုးထောင်ပေးထားသင့်ပါတယ်။

✅ Respect and Gratitude

လူငယ်တွေ အနေနဲ့ လေးစားမှုရှိဖို့၊ မရိုင်းပျ မမောက်မာဖို့ သင်ထားဖို့ လိုပါတယ်။ ကိုယ့် အပေါ် ကျေးဇူးရှိရင် သေချာ ကျေးဇူးတင်တတ်ဖို့ လည်း သင်ကြားပေးထားသင့်ပါတယ်။ မသင့်တော်တဲ့ ယဉ်ကျေးမှုတွေ ကိုယ့်ကလေးပေါ် လွှမ်းမိုးမခံပါနဲ့။ ပြောရဲ ဆိုရဲ ရှိတာ၊ မကြောက်တတ်တာနဲ့ အချင်းချင်း သော်လည်းကောင်း လူကြီးသူမနဲ့ ပြောဆိူဆက်ဆံရာမှာလည်းကောင်း မောက်မာရိုင်းပျတာ တခြားစီ ဖြစ်ပါတယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ သိမ်မွေ့ယဉ်ကျေးပြီး ကျေးဇူးတရားသိတတ်သူ တွေ ဖြစ်အောင် ငယ်စဉ်ကတည်းက သင်ပေးထားသင့်ပါတယ်။

✅ Emotional and Anger Management

စိတ်ခံစားလွယ်တာ နဲ့ ဒေါသဖြစ်လွယ်တာ၊ စိတ်မထိန်းနိုင်ဘဲ ရုတ်တရက် တုံ့ပြန်တတ်တာမျိူးတွေ မဖြစ်အောင်လည်း train ထားသင့်ပါတယ်။ ပြည်ပမှာ လူပေါင်းစုံနဲ့ သွားတွေ့ဆုံ ပေါင်းသင်းရမယ့် ကျောင်းပတ်ဝန်းကျင်တစ်ခုမှာ ဒီ အချက်က အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ်။

✅ Resilience

လွယ်လွယ်လက်မလျှော့ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ အကောင်းဆုံးကို ဇွဲရှိရှိ တစိုက်မတ်မတ်ဆောင်ရွက် တတ်တဲ့ ကြံ့ကြံ့ခံတဲ့ စိတ်နေစိတ်ထားမျိုးရှိအောင်လည်း train ထားပါ။

ငယ်ငယ်ကတည်းက သူ့အရွယ်နဲ့ တန်တဲ့ challenge တွေ သူ့ဘာသာ ဖြတ်သန်းတတ်အောင် သင်ယူတတ်အောင် train ထားပါ။ တစ်ခါတစ်လေ နာကျင်ပါစေ၊ ပြိုလဲပါစေ၊ လွှတ်ပေးထားပါ။ အရမ်းကြီး ဖူးဖူးမမှုတ်ထားပါနဲ့၊ သူ့ဘာသာ လဲနေရာကနေ ပြန်ထတတ်အောင် သင်ယူသွားပါလိမ့်မယ်။

✅ Academic and Digital Skills

စာတော်ဖို့ အရေးကြီးပါတယ်။ ဘာသာရပ်တွေကို နည်းလမ်းအမှားတွေ သုံးပြီး မလေ့လာမိအောင် ထိန်းကျောင်းပါ။ ဘာသာရပ်တွေမှာ ပျမ်းမျှ အမှတ်တွေ ညီနေအောင် ကောင်းနေအောင် ဂရုစိုက်ခိုင်းပါ။ အမှတ်ကောင်းရင် တက္ကသိုလ်ကောင်းကောင်း scholarship ကောင်းကောင်းရဖို့ တပန်းသာပါတယ်။

လက်ရှိ ခေတ်ပေါ် digital tools, gadgets and platforms တွေနဲ့လည်း အကျွမ်းတဝင်ရှိဖို့ လိုပါတယ် ။ ဒါက ကိူယ့်ရဲ့ကျောင်းသားဘဝမှာ student life အတွက်သာမက social life အတွက်ပါ အသုံးဝင်ပါတယ်။

✅ Social Skills (Networking)

အပေါင်းအသင်း ကောင်းကောင်း ရွေးပေါင်းတတ်အောင် ၊ ကိုယ်ကလည်း အပြန်အလှန် ခင်မင်လေးစားမှု အကူအညီပေးမှုနဲ့ တကယ့် physical world မှာ best friends တွေ ရအောင် ပျိုးထောင်ပေးပါ။

ကောင်းတဲ့ အမူအကျင့်တွေ စိတ်နေစိတ်ထားတွေ ကူးစက်ဖလှယ်နိုင်မယ့် ဝန်းကျင်တွေကို ပို့ပေးပါ။

သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတတ်အောင်၊ လူကြီးသူမ ဆရာဆရာမ တွေကို လေးလေးစားစား ဆက်ဆံတတ်အောင် ၊ အယုတ်အလတ်အမြတ်မရွေး မခွဲခြားအောင် သင်ထားပါ။

✅ Survival Skills

ထမင်းဟင်းချက် ပန်းကန်ဆေး အဝတ်လျှော်မီးပူတိုက် အခန်းရှင်း အမှိုက်ပစ် စျေးဝယ် စသဖြင့်သော မိမိတစ်ဦးတည်းနေရင် လုပ်တတ်နေရမယ့် အိမ်မှုကိစ္စများ သင်ထားပါ။ နိုင်ငံခြားမှာ ဘယ်သူမှ ထိုကိစ္စများကို ကိုယ့်အတွက် လာလုပ်မပေးပါ။

✅ Leadership and Team Skills

ဒါကတော့ hard skill and soft skill ဘယ်လိုဖြစ်ဖြစ် ခေါ်လို့ရတဲ့ skill တစ်ခုဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်နဲ့ scholarship ရဖို့ အဆုံးအဖြတ်ပေးတာလည်း ဒီ skill တွေဖြစ်ပါတယ်။ လက်တွေ့ ကျောင်းသွားတက်စဉ်မှာလည်း ကျောင်းကိစ္စများတွင်သာမက အားကစားပိုင်း လူမှုဆက်ဆံရေးပိုင်း နဲ့ အခြား extracurricular activities တွေ ဆောင်ရွက်နိုင်စေဖို့လည်း အထူးအရေးကြီးတဲ့ skills တွေ ဖြစ်ပါတယ်။

✅ Time & Logistic Management

နောက်ထပ်အရေးအကြီးဆုံး အနုစိတ်အရည်အချင်းတစ်ခုကတော့ အချိန်ကို သေချာစီမံပြီး အရေးကြီးတာကို သေချာ ဦးစားပေးဆောင်ရွက်တတ်တဲ့ အရည်အချင်းပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အရေးကြီး ဆောင်ရွက်စရာ ကိစ္စတစ်ခု ရှိလာပြီဆိုရင် လိုအပ်တဲ့ ဆောင်ရွက်စရာ ဝယ်ခြမ်းစရာ ကြိုတင်စီစဉ်စရာ ကိစ္စတွေကို သေချာ တွက်ချက်ပြင်ဆင်တတ်တဲ့ အရည်အချင်းလိုပါတယ်။ ဒါဟာ နိုင်ငံခြားမှာ တစ်ယောက်တည်းဖြစ်စေ အများနဲ့ ဖြစ်စေ ခရီးသွားလာခြင်း၊ ပွဲလမ်းသဘင်များ စီစဉ်ခြင်း အစရှိသဖြင့် ကိစ္စရပ်တွေ အောင်မြင်စွာ ပါဝင်ကူညီနိုင်ဖို့ အထူး အရေးကြီးပါတယ်။

နိဂုံးချုပ် အကြံပေးချင်တာကတော့ မိဘတွေ ကိုယ့်သားသမီးကို သေချာပြင်ဆင်ပေးပါ။ မလောပါနဲ့။ false hope တွေမှာ မမျောပါနဲ့။

နိုင်ငံခြားမှာ ကိုယ့်ကလေးက တစ်ယောက်တည်းရပ်တည်နေထိုင်ရမှာ ဖြစ်ပါတယ်။

၁၃-၁၄ နှစ်ကစလို့ နိုင်ငံခြားပို့ချင်ပြီဆို အခု ပြောတဲ့ အချက်တွေမှာ ကိုယ့်သားသမီးက maturity level ဘယ်လောက်ရှိပြီလဲဆိုတာ အရင်တွေးပါ။

ကျွန်တော်တို့ အခု ရေးချင်ရာ လျှောက်ရေးပြီး အကြံပြုထားတာ မဟုတ်ပါ။

ဒါတွေကို သတိမမူ မပြင်ဆင်ဘဲ လောကြီးပြီး mis- and dis info တွေ false hope တွေ ယုံမိရင်တော့ လူငယ်တွေ အပေါ် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ရှိလာပါလိမ့်မယ်။

မြန်မာလူငယ်တွေ အားလုံး ဘေးကင်းပြီး ထက်မြက်ထူးချွန်ကြပါစေ။
Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sayy Swan - Health & Wellness Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram