Dr Phyoe - Trusted GP

Dr Phyoe - Trusted GP MRCGP-qualified GP sharing trusted, evidence-based health education | 10+ years of experience in patient care | Preventive & continuous care

ဒီနေ့ Yoma Marathon 2026 အပြေးပြိုင်ပွဲမှာ  station ၁ ခုက Medical Lead 👩‍⚕️အနေနဲ့ ကျွန်မပါဝင်ကူညီခွင့်ရခဲ့ပါတယ်ကျွန်မခံစ...
22/02/2026

ဒီနေ့ Yoma Marathon 2026 အပြေးပြိုင်ပွဲမှာ station ၁ ခုက Medical Lead 👩‍⚕️အနေနဲ့ ကျွန်မပါဝင်ကူညီခွင့်ရခဲ့ပါတယ်

ကျွန်မခံစားမိတာ ၁ ခုကတော့ ကျွန်မတို့လို မိသားစုဆရာဝန်တွေက ရောဂါကုဖို့ ၁ ခုထဲအတွက် ဆရာဝန်အလုပ်ကို ရွေးချယ်ခဲ့တာမဟုတ်ပါဘူး၊
ဒီလိုအချိန်တွေမှာ လူတွေဘေးက​နေ ရပ်တည်ပေးပြီး ကျန်းမာရေးစောင့်လျှောက်မှုပေးဖို့လည်း ဖြစ်ပါတယ်။

ဒီ မာရသွန်အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူထောင်ချီကို ကြည့်ပြီး ကျွန်မတွေးမိတာလေး ၂ ခုရှိတယ်
1. အားကစားရှုထောင့်
မာရသွန်ပြေးတယ် ဆိုတာ တကယ်တမ်းမလွယ်ပါဘူး၊ သေချာပြင်ဆင်ထားဖို့လိုသလို စိတ်ဓာတ်ခိုင်မာဖို့လည်း လိုပါတယ်၊ အသက်အရွယ်မရွေး ပြေးနေကြတာကို မြင်ရတာက အင်မတန်အားတက်စေပါတယ်
-တချို့က အနိုင်ရဖို့ပြေးတယ်
-တချို့က ကျန်းမာဖို့ပြေးတယ်
-တချို့က သူတို့ကိုယ် သူတို့ပြောင်းလဲဖို့ပြေးတယ်
ဘာကြောင့်ဘဲ ပြေးပြေး သူတို့အားသွန်ခွန်စိုက်ပြေးနေကြတာကို မျက်မြင်ကိုယ်တွေ့ အားပေးနိုင်ခဲ့ပါတယ်။

နေ့စဉ် ဆရာဝန်တယောက်အနေနဲ့ နေမကောင်းတဲ့ လူနာတွေဘဲ ကြည့်ရှုပေးနေရပြီး
ဒီနေ့တော့ ကျွန်မက လူတွေရဲ့ ကျန်းမာရေးကောင်းမှု၊ ခွန်အားရှိမှု၊ ပျော်ရွင်မှုတို့ကို အထင်းသား မြင်ခဲ့ရပါတယ်။

၂)ကျန်းမာရေးရှုထောင့်

ကျန်းမာရေးရှုထောင့်ဘက်က ကြည့်ရင်လည်း လေ့ကျင့်ခန်းလုပ်တာက အင်မတန်အကျိုးရှိပါတယ်
-သွေးတိုးရောဂါနှင့် နှလုံးကျန်းမာရေး အတွက်
-စိတ်ကျန်းမာရေးအတွက်
- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက်
လူတိုင်း၊ လူတိုင်း လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

Today was not just about running.
It was about community.
It was about health awareness.
It was about resilience.

မိသားစု ဆရာဝန်တယောက်အနေနဲ့ ကျွန်မ ယုံကြည်မိတာကတော့
ကျန်းမာစွာ နေထိုင်ခြင်း ( healthy lifestyle) က ဆေးကုသခြင်းကဲ့သို့ဘဲ အရေးကြီးပါတယ်။

ဒီကနေ့ Yoma Group ရဲ့ဒီ လှုပ်ရှားမှုလေးထဲ ပါဝင်ခွင့်ရခဲ့လို့ ဝမ်းသာမိပါတယ်။

Proud to serve. Proud to support. Proud to witness the power of sport. 💙

Dr Phyoe - trusted GP

#ရန်ကုန်ရိုးမမာရသွန်

Yoma Marathon 2026

18/02/2026

WHO ကသတိပေးနေတဲ့ Nipah virus 🦠 #ဗဟုသုတ

ခုတလောအပြောများနေတဲ့ Acute Lymphoblastic Leukemia ကလေးသွေးကင်ဆာအကြောင်းAcute= ဖြစ်တာမြန်၊ပွါးတာမြန်Lymphoblastic Leukemi...
18/02/2026

ခုတလောအပြောများနေတဲ့ Acute Lymphoblastic Leukemia ကလေးသွေးကင်ဆာအကြောင်း

Acute= ဖြစ်တာမြန်၊ပွါးတာမြန်
Lymphoblastic Leukemia= သွေးဖြူဥ ကင်ဆာ

ALL က ကလေးတွေမှာ အဖြစ်အများဆုံးကင်ဆာဖြစ်တယ်၊၊

ကလေး 1 သန်း (1 million)မှာ အယောက် 30 လောက်က ALL သွေးကင်ဆာဖြစ်နိုင်ခြေရှိတယ်။

👩‍⚕️သေချာကုရင် ပျောက်နိုင်ခြေများတယ်။

ဒီ ALL ဘဲ လူကြီးမှာဖြစ်ရင်တော့ သိပ်ကုရမလွယ်ပါဘူး။

🤒လက္ခဏာတွေကတော့

1. ရက်ရှည်ဖျားမယ်

2. သွားဖုံးသွေးယိုမယ်

3. ကိုယ်လက်တွေမှာ အညိုကွက်ပေါ်မယ်

4.သွေးအားနည်းပြီး ကလေးက မစားနိုင်၊ မဆော့နိုင် စတာတွေဖြစ်ပေါ်နိုင်ပါတယ်။

ဆေးခန်းပြလို့ ဆရာဝန်က သံသယရှိရင် သွေးစစ်၊ ရိုးတွင်းခြင်ဆီ စစ် စတာတွေလုပ်မယ်

ကုသနည်းများကတော့

1)ကင်ဆာဆေး (Chemo) သွင်း

2)ဓာတ်ကင်

3)ရိုးတွင်းခြင်ဆီအစားထိုး တာတွေ လုပ်လို့ရပါတယ်။

ဆေးစကုတဲ့ ပထမ ၂လ-၃လ အရမ်းခံရတတ်တယ်။
ကြိုးစားပြီးကုသမှုခံယူသင့်ပါတယ်။

ကုသမှုကြာချိန် ၂-၄ နှစ် ထိကြာနိုင်ပါတယ်။

ကုထုံးအသစ်တွေလည်း ခုထိရှာဖွေလေ့လာနေဆဲ ဖြစ်ပါတယ်။

ကလေးတွေမှာ ဆေးကုသမှု ပြီးဆုံးရင်
ပျောက်နိုင်ခြေ ၈၀% မှ ၈၅% လောက်ထိရှိပါတယ်။

ဒါပေမဲ့ ရောဂါလုံးဝပျောက်ဖို့ဆိုရင်တော့
ALL အမျိုးအစားနဲ့ ကလေးအသက်ပေါ်မှာတော့ မူတည်ပါသေးတယ်။

အသက် ၁နှစ်- ၁၀ နှစ်အတွင်း ကလေးဆို ပျောက်နိုင်တဲ့ အလားအလာပိုများပါတယ်။

ရောဂါပျောက်သွားပြီး ပြန်ဖြစ်နိုင်ချေ relapse rate)ကလည်း 20% ရှိပါသေးတယ်။

ပြန်ဖြစ်ပြီဆိုရင်တော့ ပြန်ကောင်းနိုင်ခြေက ၅၀% လောက်ဘဲကျန်ပါတော့တယ်။

စာဖတ်မိတ်ဆွေ၊မိဘတွေအတွက် up to date data တွေကို ကိုးကားပြီး မျှဝေပေးလိုက်ပါတယ်၊၊

#သွေးကင်ဆာ

#ကလေးကျန်းမာ

#ကျန်းမာရေး

Dr Phyoe
Stay healthy! 🩺Stay informed! 💁‍♀️

14/02/2026

Hello everyone! 👋
I’m a Family Medicine Specialist practicing evidence-based medicine and providing comprehensive care for all age groups.

Follow my page for trusted health information and practical medical tips.

11/02/2026
09/02/2026

#ကျောက်ကပ်ရောဂါအကြောင်း #အထွေထွေဆရာဝန်

Address

Heal By Pun Hlaing Family Clinics
Yangon
11161

Website

Alerts

Be the first to know and let us send you an email when Dr Phyoe - Trusted GP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram