ServoFlower Elevator Myanmar

ServoFlower Elevator Myanmar An Elevator Company Unlimited Solutions
We are not just an elevator company — a lifestyle
company ServoFlower is a Lift and Elevator Company

08/06/2025

🚩Secure Glass Elevator shaft support with innovative locking design.

🚩Glass Elevator Shaft which can be easily installed into internal (or) external spaces.

# ServoFlower Elevator Myanmar
# Home lift/Cargo lift/Dumbwaiter/Stairlift
️☎ 09 975362163

နှစ်ဆန်း (၁) ရက်နေ့မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ် ၂၀၂၅ ဧပြီလ ၁၇ ရက်နေ့ မြန်မာပြည်သူ ပြည်သားများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ...
16/04/2025

နှစ်ဆန်း (၁) ရက်နေ့
မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ်
၂၀၂၅ ဧပြီလ ၁၇ ရက်နေ့

မြန်မာပြည်သူ ပြည်သားများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘများ တိုးတက်ကြီးပွား ကြပါစေကြောင်း ....
ServoFlower Elevator Myanmar မှ
ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။


Elevator Myanmar

21/03/2025

LEADERS IN LIFT DESIGN
We manufacture and install some of the most technically advanced and aesthetically pleasing lifts on the market. Our team is highly dedicated to excelling expectations with every brief, with lift solutions that are engineered to improve both accessibility and interior design in any property.

DIFFERENCE BETWEEN HOME AND COMMERCIAL ELEVATORSElevator ဓာတ်လှေကားတွေ အသုံးပြုခဲ့ကြတာ ကြာပြီဖြစ်ပေမယ့် Home Lift နှင့် ...
27/02/2025

DIFFERENCE BETWEEN HOME AND COMMERCIAL ELEVATORS

Elevator ဓာတ်လှေကားတွေ အသုံးပြုခဲ့ကြတာ ကြာပြီဖြစ်ပေမယ့် Home Lift နှင့် Commercial Lift မတူဘူးဆိုတာ တော်တော်များများ မသိကြသေးဘူး။ ဒါကြောင့်ပဲ လူတွေဟာ ကိုယ့်ရဲ့လိုအပ်ချက်နှင့် မကိုက်ညီတဲ့ ဓာတ်လှေကားကို ဟိုလူပြောတာ ဟုတ်နိုးနိုး သည်လူပြောတာ ဟုတ်နိုးနိုးနဲ့ ရွေးချယ်တပ်ဆင်ခဲ့ကြတယ်။ သင့်အနေနဲ့ ဘယ်လိုဓာတ်လှေကားမျိုး Home Elevator or Commercial Elevator က သင့်လိုအပ်ချက်နဲ့ ကိုက်ညီမလဲဆိုတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ဖျက်ကို ပြုလုပ်နိုင်ဖို့ သိနိုင်ဖို့ အချက်အလက်တွေ အများကြီးရှိပါတယ်။

ဓာတ်လှေကားတိုင်းဟာ Home Elevator ဖြစ်ဖြစ် Commercial Elevator ဖြစ်ဖြစ် ဒေါင်လိုက် ရွေလျားစေတဲ့ စက်တွေပါပဲ။ ဒါပေမယ့် သုံးစွဲထားတဲ့ စက်တွေ ပုံစံတွေ ပြီးတော့ နည်းပညာတွေ မတူကြပါဘူး။
ကွာခြားချက် မတူညီမှုတွေကို အချက်အလက်လေးတွေနဲ့ တင်ပြချင်ပါတယ်။

Objects that they are designed to carry
အိမ်တွေမှာ အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ Home Lift တွေဟာ အရမ်းလေးလံတဲ့ အရာဝတ္တုများကိုသယ်ဖို့ နေ့စဥ် အကြိမ်အရေအတွက်များစွာ မရပ်မနား အသုံးပြုဖို့ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ Home Lift ရဲ့ အဓိကရည်ရွက်ချက်က အိမ်သားတွေရဲ့ နေ့စဥ်လှုပ်ရှားသွားလာမှုကို သက်တောင့် သက်သာဖြစ်စေဖို့ နှင့် အပြင်အဆင်လှပမှု ဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့ Home Lift ပုံစံအပေါ်မူတည်ပြီး မိသားစုဝင်တွေ ဧည့်သည်တွေ သက်တောင့်သက်သာ အပေါ်တက် အောက်ဆင်း အသုံးပြုနိုင်သလို အချို့သော အရမ်းဝန်မကျယ်တဲ့ မလေးလံတဲ့ အရာတွေကို သယ်ယူဖို့လဲ ဖြစ်ပါတယ်။
Commercial Elevator တွေကတော့ အဓိကအားဖြင့် လူတွေရဲ့ နေ့စဥ်ဘဝလှုပ်ရှားမှုကို အမြန်နှုန်းမြင့်ပေးဖို့ လေးလံတဲ့ အရာတွေကို တစ်ထပ်မှ တစ်ထပ်သို့ သယ်ယူဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Commercial Elevator တွေကို Shopping Mall တွေ ရုံးတွေ Hotel. စသဖြင့် အများပြည်သူနဲ့ ဆိုင်တဲ့ အဆောက်အဦးတွေမှာ တပ်ဆင် အသုံးပြုဖို့ အဓိက ရည်ရွယ်ထုတ်လုပ်ထားပါတယ်။

Capabilities of the Lifts
အထပ်မြင့် အဆောက်အဦးတွေ ဆောက်လုပ်ကြတယ်ဆိုတာ မိသားစု နေထိုင်ဖို့ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ပြောရမယ်ဆိုရင် Home lift တွေကို အမြင့်ဆုံး ၁၅ မီတာ ၅ ထပ်အထိ တပ်ဆင်းသွားလာလို့ရအောင် ရည်ရွယ်ထုတ်လုပ်ကြပါတယ်။ ထို့ထက်မြင့်သွားရင် နေ့စဥ်အသုံးပြုမယ့် အရေအတွက်များရင် Commercial Elevator ကိုသာ အသုံးပြုသင့်ပါတယ်။

Weight Capacities
အပေါ်မှာ ပြောခဲ့သလိုပါပဲ Home Lift တွေကို လူအနည်းငယ်သာ အသုံးပြုဖို့ ရည်ရွယ်တာမို့လို့ အများဆုံးသယ်ဆောင်နိုင်မှု ၅၀၀ ကီလိုဂရမ် ပေါင်အားဖြင့် ၁၀၀၀ ပေါင် ကျော်ကျော် နိုင်ပါတယ်။ ဒါပေမယ့် Commercial Elevator တွေကိုတော့ အသုံးပြုမယ့် ရည်ရွယ်ချက်အပေါ် မူတည်ပြီး ၅၀၀၀ ကီလိုဂရမ် ပေါင်အားဖြင့် တစ်သောင်းကျော်ကျော် ထိ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

Customizations
ယနေ့ခေတ်မှာတော့ Elevator Manufacturers ဓာတ်လှေကားထုတ်လုပ်သူတော်တော်များများက မတူညီတဲ့ အသွင်အပြင် လေးတွေကို သုံးစွဲသူတွေ ရွေးချယ်ခွင့်ရှိအောင် ထုတ်လုပ်လာကြပါပြီ။ သို့ပေမယ့်လည်း လူအများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ရတာဖြစ်လို့ဘယ်လိုပဲ ရွေးချယ်ပါစေ နောက်ဆုံးမှာတော့ အများပြည်သူဆိုင်ရာ အဆောက်အအုံဥပဒေ ကန့်သက်ချက်တွေနင့် ရင်ဆိုင်ကြရပါတယ်။
ဒါပေမယ့် အိမ်သုံးဓာတ်လှေကား Home Lift ကတော့သင့်ကို ဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ ကန်သက်ချက်တွေ မရှိလို့ သင့်စိတ်ကြိုက် အရောင်တွေ မီးဒီဇိုင်းတွေ အသုံးအဆောင်တွေ ကို လှပအောင် ဂုဏ်ရှိအောင် ပြုလုပ်နိုင်ပါတယ်။

Cost
ဓာတ်လှေကားတွေရဲ့ ကုန်ကျစရိတ်က သင့်ရဲ့ ရွေးချယ်မှု ပုံစံ အမျိုးအစား အရွယ်အစား အပေါ် မူတည်ပြီး မတူညီနိုင်ပါဘူး။ ယေဘူယျအားဖြင့် စွမ်းဆောင်နိုင်မှု အသုံးချနိုင်မှု မြင့်မားသော Commercial Elevator တွေကတော့ Home Lift နှင့်ယှဥ်လျင် စျေးမြင့်ကြပါတယ်။ ဒါပေမယ့်လည်း တခါတလေမှာတော့ အထူးပြုလုပ်ချက်တွေ များရင်တော့ Home Lift က Commercial Lift ထက် စျေးပိုမြင့်သွားမှာပါ။ မည်သို့ပင်ဆိုစေကာမူ Elevator တစ်စီးကို တပ်ဆင်ရန် လိုအပ်သော အဆောက်အဦးပြုပြင်ရမှုများကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုလျင်တော့ Commercial Elevator က Home Elevator ထက် ပို၍ ကုန်ကျ စရိတ်မြင့်နေဦးမှာဖြစ်ပါတယ်။

ဓာတ်လှေကားကုမ္ပဏီတွေ အများကြီးရှိလို့ သင်စိတ်ကြိုက် ရွေးချယ်မှုပြုလုပ်နိုင်သလို ကျွန်တော်တို့ ပြောပြခဲ့တဲ့ အချက်တွေ အပြင် အခြားသော မတူညီတဲ့ အချက်တွေရှိနိုင်တာမို့ သင့်ရဲ့ စိတ်ကူး သင့်ရဲ့ လိုအပ်ချက်နှင့် ကိုက်ညီမည့် Elevator/ Lift မျိုးကို အချိန်ပေးပြီး ရွေးခြယ်မှု ပြုလုပ်သင့်ပါတယ်။

သင့်အိမ်အတွက် သင့်စိတ်တိုင်းကျ Home Lift တစ်စီးကို တပ်ဆင်ဖို့ စိတ်ကူးရှိရင် ကျွန်တော်တို့ ServoFlower Elevator Myanmar ကို ဆက်သွယ်နိုင်ပါတယ်။

ServoFlower Elevator Myanmar
No.29A, Khine Shwe War Lane, Insein Road (Hledan). Kamayut Township. Yangon.
095035428,
servoflower@gmail.com

24/02/2025

Hydraulic Lifts are Energy Efficient and Future oriented.
Hydraulic Lift.က ဘာတွေပိုကောင်းလဲ
Hydraulic အကြောင်းကို မသိတဲ့သိတွေက Hydraulic Lift က ဆီတွေနဲ့ ညစ်ပတ်တယ်လို့ထင်တယ်။
Hydrailic System ဆိုတာ ဆီရဲ့ ဖိအားကို အသုံးပြုတဲ့ စနစ်ဖြစ်ပါတယ်။ ဒါပေမယ့် သည်ဆီတွေဟာ အပြင်ကိုရောက်သွားတာ မဟုတ်ဘူး Oil Tank ထဲက ထွက်လာပြီး Oil Tank ထဲ ပြန်ဝင်သွားတာပါ ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို မဖြစ်နိုင်ပါဘူး။
Noise
Motor ပါတဲ့ အတွက် ဆူညံမှုဆိုတာ ရှိနေမှာပါ။ ဒါပေမယ့် ဆူညံမှုကို ဖြစ်စေတဲ့ Motor unit ကို lift နဲ့ ဝေးရာမှာ ထားလို့ရတဲ့ အတွက် သာမာန် ဓာတ်လှေကားတွေမှာ မရနိုင်တဲ့တိတ်ဆိတ်ခြင်းကို ရရှိနိုင်တဲ့ တမျိုးတည်းသော ဓာတ်လှေကား ဖြစ်ပါတယ်။
Safety
သုံးစွဲဖို့စိတ်ချရပါ့မလား?
ကျွန်တော်တို့ သည်ကမ္ဘာမြေကြီးပေါ်မှာ ရပ်တည်နိုင်သရွေ့ အခြားဓာတ်လှေကားတွေလို အလယ်မှာရပ်ပြီး ပိတ်မိနေတာမျိုး မဖြစ်နိုင်ပါဘူး။
ကမ္ဘာမြေစွဲအားရှိနေသရွေ့ နီးစပ်ရာအထပ်ကိုအလွယ်တကူဆင်းလို့ ရစေလို့ပါ။
Maintenance and service
Low Maintenance Drive ဖြစ်ပါတယ် ။
စတီးကြိုးတွေ Pulley တွေက အဓိက အစိတ်အပိုင်းမဟုတ်လို့ Wear & Tear ဆိုတာ Lifetime.မှာ မရှိသလောက်ပါ။ ပုံမှန်ဓာတ်လှေကားတွေရဲ့ Drive အစိတ်အပိုင်းတွေက ဓာတ်လှေကားကျင်းထဲမှာ ရှိလို့ Regular Maintenance လုပ်တဲ့အခါမှာ Access လုပ်ဖို့ခဲယဥ်းပေမယ့် Hydraulic Lift ကတော့ သည်ပြဿနာမျိုး မကြုံစေနိုင်ပါဘူး။
Cost
(5) ထပ် အထိ အဆောက်အဦးတွေ အတွက် အကောင်းဆုံးနဲ့ သင့်ငွေကြေးကို ထိရောက်မှု အရှိဆုံး သုံးစွဲမှုပါပဲ။ သာမာန်ဓာတ်လှေကားတွေထက် အဆောက်အဦးပိုင်းမှာလည်းကောင်း၊ ဓာတ်လှေကား ကုန်ကျစရိတ်မှာလည်းကောင်း၊ နောင်ထိမ်းသိမ်းမှု အစားထိုးပြုပြင်မှုတွေလည်းကောင်း ကုန်ကျမှု သိသိသာသာ လျော့နည်းပါတယ်။
ServoFlower
ကျွန်တော်တို့ Hydraulic Lift ရဲ့ Drive System များသည် Germany and Italy နိုင်ငံများမှ European Quality and Safety Standard များဖြင့် ထုတ်လုပ်ထားသော ကမ္ဘာ့ အဆင့် 1 to 5. အတွင်းမှာရှိတဲ့ Europe Made စစ်စစ်များဖြစ်ပါတယ်။
Europe Manufacturing Standard / Machinery Directive များအတိုင်း ထုတ်လုပ်ပါတယ်။
သင့်အိမ်အတွက် လိုက်ဖက်မှု အရှိဆုံး ၊ သင့်နှင့် သင့်မိသားစုအတွက် လုံခြုံစိတ်ချရမှု အကောင်းဆုံး၊ သင့်စိတ်ကြိုက် ဖန်တီးရွေးခြယ်နိုင်တဲ့ Luxury Lift မျိုးကို
ရရှိနိုင်ဖို့ ကျွန်တော်တို့ ServoFlower Elevator ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ServoFlower Elevator Myanmar
No.29A, Khine Shwe War Lane, Insein Road.
No.(1) Quarter,Kamayut Township.
Yangon. 095035428

An Elevator Company Unlimited Solutions
We are not just an elevator company — a lifestyle
company

Maintaining Mobility and Preventing Disability are Key to Living Independently as we Ageအသက် ၅၀ ကျော် အရွယ်ရောက်ပြီးသား ...
23/02/2025

Maintaining Mobility and Preventing Disability are Key to Living Independently as we Age

အသက် ၅၀ ကျော် အရွယ်ရောက်ပြီးသား လူတွေရဲ့ ၈၀ ရာခိုင်းနှုန်းဝန်းကျင်ဟာ သူတို့နေထိုင်ခဲ့တဲ့ သူတို့ရဲ့ အိမ်လေးမှာပဲ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်ကြတယ်တို့ American Association for Retired People.( AARP) ရဲ့ စစ်တမ်းတွေအရ သိရှိရပါတယ်။

ဒါဘာကို ဖော်ပြနေတာဆိုရင် အသက်အရွယ်ကြောင့် သန်စွမ်းကြံ့ခိုင်မှုတွေဟာ အကျဘက်ရောက်လာလို့ ငယ်ရွယ်စဥ်ကလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ အခန်မသင့်လို့ ခြေမခိုင်လို့ ချော်လဲကျ နိုင်နှုန်း များလာလို့ပါတဲ့။

သည်တော့ ကျန်းကျန်းမာမာနဲ့ ဘဝရဲ့ လက်ကျန် အချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ သုတေသနတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

တွေ့ရှိချက်တွေအရ အရမ်းကို ရိုးရှင်းပြီး လုပ်ဆောင်ဖို့လွယ်ကူပါတယ်။ ဥပမာပြောရရင် Standing Breaks အချိန်အကြာကြီး တဆက်ထဲ ထိုင်ပြီး အလုပ်လုပ်နေစဥ် အချိန်ခဏလောက် မတ်တပ်ရပ်ပေးခြင်း ဟာ ခါးနာခြင်းကို ကာကွယ်သက်သာစေရုံသာမက သွေလည်ပတ်မှုကို ပိုမိုကောင်းမွန်စေလို့ ဆီးချိုရောဂါ နှလုံးရောဂါတွေ ဖြစ်နိုင်မှုကိုပါ လျော့ကျ ကာကွယ်နိုင်ပါတယ်။ သည်တွေ့ရှိချက်တွေက ကျွန်တော်တို့ရဲ့ ခန္တာကိုယ်ကို အချိန်အကြာကြီးအနေအထားတခုထဲမှာ မနေသင့်ဘူး လို့ ညွှန်ပြနေတာပါ။

သည်တော့ အသက်အရွယ်ရလို့ လှုပ်ရှားသွားလာနိုင်စွမ်းနည်းလာတဲ့ ကျွန်တော်တို့ရဲ့ အဖိုးအဖွား အဖေအမေ တွေ တနေကုန် တနေရာတည်းမှာ ထိုင်ရင်း ဘဝရဲ့ လက်ကျန်အချိန်တွေ အတွက် တွေးကြည့်လိုက်ပါ။

Technology to Support Home Mobility Aids

ကျွန်တော်တို့ အခုရောက်နေတာ နည်းပညာခေတ်ကြီးပါ။ ကျွန်တော်တို့ ချစ်ရတဲ့ အဖိုးအဖွား အဖေအမေတွေနေ့စဥ် လှုပ်ရှားမှုကို စောင့်ကြည့် ကူညီပေးနိုင်တဲ့ ကိရိယာတွေ နည်းစနစ်တွေ အများကြီးရှိနေပါပြီ

လူကြီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြင် မိသားစုအတွင်း နွေးထွေးတဲ့ ​ပြောဆို သွားလာ ဆက်ဆံနိုင်မှုကလည်း သူတို့ရဲ့ ခန္တာကိုယ်ကိုသာမက စိတ်ပိုင်းဆိုင်ရာကို ကျမ်းမာမှုကို လဲ များစွာ အထောက်အကူဖြစ်စေပါတယ်။

သည်တော့ ကျွန်တော်တို့ရဲ့ အဖိုးအဖွား အဖေအမေတွေ အိမ်အတွင်း လွယ်လင့်တကူ သွားလာဆက်သွယ်လို့ရအောင် စီစဥ်ထားခြင်းဖြင့် ကျွန်တော်တို့ချစ်ရသူတွေရဲ့ လက်ကျန်အချိန်တွေကို ကျန်းကျန်းမာမာ စိတ်ချမ်းမြေ့စွာ ကျော်ဖြတ်နိုင်အောင် ကူညီနိုင်ပါတယ်။

သည်လို ကူညီဖို့ဆိုရင် လှေခါးထစ်တွေကို အထူးဂရုစိုက်ဖို့ အရေးကြီးဆုံးပါ။ အသက်အရွယ်ရသူတွေ အများဆုံး ကြုံတွေ့ရတဲ့ ကိုယ်ခန္တာရဲ့မျှခြေ ထိန်းသိမ်းနိုင်စွမ်း ရပ်တည်နိုင်စွမ်း အမြင်အာရုံ လျော့နည်းလာခြင်းကြောင့် လှေခါးထစ်တွေက အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခုပါ။

ဒါလိုမျိုး နေ့စဥ်ဘဝလှုပ်ရှားမှုကို အတားအဆီးမဖြစ်စေပဲ ချစ်ရတဲ့ မိသားစုဝင်တွေနှင့် နွေးထွေးတဲ့ သွားလာဆက်ဆံရေးကို ရေရှည်တည်မြဲစေဖို့ဆိုရင် လှေခါးထစ်တွေရဲ့ ခြိမ်း​ခြောက်မှုက ကင်းဝေးအောင် Home Elevator ကို တပ်ဆင်သင့်ပါတယ်။

အသက်အရွယ်ရသူ​တွေ အတွက် Home Lift တွေက လှေခါးထစ်တွေက ချော်ကျနိုင်တဲ့ အန္တရာယ်ကို ကာကွယ်နိုင်ရုံသာမက သူတို့စိတ်နှင့်သူတို့ လွတ်လပ်စွာ သွားလာနိုင်ဖို့ ကူညီပေးနိုင်လို့ ကျန်းမာရေးအထောက်အကူပြု စက်ပစ္စည်းတစ်ခုထက် ပိုမိုပြီး ပျော်ရွှင်စရာ ​မြတ်နိုးတွယ်တာစရာ မိသားစု ဘဝလေး ကို ရေရှည့်တည်တန့်စေမည့် သံယောဇဥ်ကြိုးလေးလဲ ဖြစ်ပါတယ်။

သည်လို Home Lift/ Home Elevator မျိုးကို လိုအပ်ခဲ့ရင် ကျွန်တော်တို့ ServoFlower Elevator Myanmar ကို ဆက်သွယ်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ServoFlower Company Limited
No.29A, Khine Shwe War Lane, Insein Road.
No.(1) Quarter, Kamayut , Yangon.Myanmar.
(+95) 95035428, servoflower@gmail.com
www.servoflower.com

🌟🎉 Happy New Year! 🎉🌟As we step into 2025, we want to take a moment to thank each and every one of you for being a part ...
01/01/2025

🌟🎉 Happy New Year! 🎉🌟
As we step into 2025, we want to take a moment to thank each and every one of you for being a part of this journey. Your support, kindness, and connection mean the world to us.

Let’s make this year one to remember—full of growth, love, and opportunities. Here’s to chasing dreams, chasing storms, creating memories, and embracing the magic of new beginnings.

Wishing you all health, happiness, and success in the year ahead! 🥂✨

ServoFlower Elevator Myanmar

Exterior Home Elevators and Lifts အိမ်အပြင်မှာတပ်ဆင်လို့ရတဲ့ ဓာတ်လှေကားတွေက အိမ်ရဲ့ အလှအပတစ်ခု အထပ်တိုင်းကို လွယ်ကူစွာ ပ...
30/12/2024

Exterior Home Elevators and Lifts
အိမ်အပြင်မှာတပ်ဆင်လို့ရတဲ့ ဓာတ်လှေကားတွေက အိမ်ရဲ့ အလှအပတစ်ခု အထပ်တိုင်းကို လွယ်ကူစွာ ပေါင်းကူးဆက်သွယ်နိုင်မှု တွေအပြင် အိမ်ရဲ့ဖွဲ့စည်းပုံ နှင့် အကျယ်အဝန်းကို ထိခိုက်စေမှု မရှိပါဘူး။

Why choose an Exterior Elevator?
အိမ်ရဲ့ လက်ရှိ ဖွဲ့စည်းပုံကို မထိခိုက်စေဘဲ အထပ်တိုင်းကို လွယ်လင့်တကူ သက်တောင့်သက်သာ သွားလာနိုင်စေဖို့ဆိုရင် exterior home elevator က လက်တွေ့ကျတဲ့ အဖြေတစ်ခု။
အဖိုးအဖွားတွေ wheelchair အသုံးပြုနေရသူတွေ အတွက် အသင့်တော်ဆုံး ဖြစ်ရုံသာမက exterior lifts က သင့်ရဲ့အိမ်ကို ပိုပြီး လှပအောင် စွမ်းဆောင်နိုင်ပါသေးတယ်။

What is an Exterior Elevator?
Exterior Elevators ဆိုတာ အိမ်အပြင်ကနေ တပ်ဆင်အသုံးပြုရတဲ့ Vertical Transportation System တစ်ခုပါ။ သင့်မိသားစုရဲ့ နေ့စဥ်ဘဝ အိမ်တွင်းသွားလာမှုတွေကို ပိုမိုပြီး လွယ်ကူအောင် အိမ်ရဲ့ Interior Decoration တွေကို မထိခိုက်ပဲ တပ်ဆင်လို့ရအောင် ထုတ်လုပ်ထားတဲ့ elevators တစ်မျိုးပါပဲ။

Types of Exterior Home Elevators and Lifts
အိမ်ပြင်မှာတပ်ဆက်အသုံးပြုလို့ရတဲ့ elevators တွေ အမျိုးမျိုးရှိပါတယ်။
 Hydraulic Lifts
 Traction Lifts
 Pneumatic Lifts
 Platform Lifts
 Air Driven Home Lifts

Benefits of Exterior Elevators and Lifts
သက်ကြီးရွယ်အိုတွေ wheelchair အသုံးပြုရသူတွေ အတွက် အိမ်ရဲ့အထပ်တိုင်းကို လွယ်ကူစွာ သွားလာနိုင်လို့ အခြားသူကို မှီခိုအားထားမှု ကင်းလွတ်လျော့ပါစေနိုင်သလို နေစဥ်လှေကားတပ်ဆင်းနေရလို့ ဖြစ်ပေါ်လာမယ့် အရာတွေကလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
အိမ်ရဲ့ အပြင်မှာတပ်ဆင်ထားတာဖြစ်လို့ သင့်ရဲ့ အိမ်အတွင်းအကျယ်ကိုလဲ ထိခိုက်မှုမရှိစေနိုင်သလို သင့်အိမ်ကို ပိုမိုလှပအောင် ပေါင်းစပ်ပြုလုပ်နိုင်လို့ အခြားသူတွေရဲ့ လေးစားအားကျမှုကိုလဲ ရရှိစေနိုင်ပြီး သင့်အိမ်ရဲ့ တန်ဖိုးကိုလဲ ပိုမို မြင့်မားစေပါတယ်။

Why choose ServoFlower Home Lifts for exterior Elevators?
Elevators Company များစွာရှိသော်လည်း အများစုက Trading Company များဖြစ်ကြပါတယ် ။ ဒါ့အပြင် Home lifts ကိုသာ အဓိကထားလုပ်တဲ့ Company က ပိုပြီးနည်းပါးပါတယ်။
Home Elevators ဆိုတာ ပုံမှန်ဓာတ်လှေကား (Commercial Elevator) တွေလို မြန်ဆန်မှု ဝန်တင်နိုင်မှုတွေ မမြင့်သော်လည်း တင့်တယ်ခမ်းနားမှု မတူညီမှု လုံခြုံစိတ်ချရမှု ကျက်သရေရှိစွာ လှပမှု တို့ရဲ့ ပေါင်းဆုံရာပဲ ဖြစ်ပါတယ်။

သင့်အိမ်နှင့် လိုက်ဖက်အောင် သင့်လိုအပ်ချက်နှင့် ကိုက်ညီတဲ့ Home Lift တစ်စီးကို လိုအပ်ခဲ့လျင် ကျွန်တော်တို့ ServoFlower Elevator Myanmar ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ServoFlower Company Limited
No.29A, Khine Shwe War Lane, Insein Road.
No.(1) Quarter, Kamayut , Yangon.Myanmar.
(+95) 95035428, servoflower@gmail.com
www.servoflower.com

25/12/2024

🍂🌿🍁This Christmas, may your days be filled with the Warmth of Family, the Cheer of Friends, and the Promise of a New Year full of Hope & Joy🍁🌿🍂

# ServoFlower Elevator Myanmar
# Home lift/Cargo lift/Stairlift/Dumbwaiter
☎ 09 5035428

24/11/2024

🌿🌹 Coming Soon 🌹🌿

🇲🇲 A Local Product But The World Class

# ServoFlower Elevator Myanmar
# Home lift/ Cargo lift/Dumbwaiter/Stair lift
☎ 09 5035428

Address

Khine Shwe War Lane
Yangon
11041

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+9595035428

Alerts

Be the first to know and let us send you an email when ServoFlower Elevator Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ServoFlower Elevator Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

SERVOFLOWER Elevator Company

ServoFlower Company Limited was established in 2016 as an Elevator Company in MYANMAR. The main brands of lifts that ServoFlower represent are Cibes Lift (Sweden), Vimec Elevaor (Italy) and Symax Lift (Canada/China). Among them are a full range of home lifts, platform lifts, stair lifts and freight lifts, elevators that can meet the requirements of most challenging architecture situations.

ServoFlower conforms to standards in design, installation procedure, rigidly controls every sector and maintenance to ensure that each project perfectly reflect design requirements.

We promise to customers to provide safer, more comfortable and more reliable mobile space.

OUR PLANS