ဒို့မိသားစုလေး - Dohmeetharsulay

ဒို့မိသားစုလေး - Dohmeetharsulay မိတ်ဆွေတို့မိသားစုတွေ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွင်ဖို့ ကူညီပေးနေပါတယ်။

မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ရတဲ့ထုံးစံအတိုင်း မေမေတွေဟာ ကိုယ်ဝန်စရှိကတည်းက ဘေဘီလေးတွေအတွက်ပဲ​ဦးစားပေး စဥ်းစာ...
24/10/2025

မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ရတဲ့ထုံးစံအတိုင်း မေမေတွေဟာ ကိုယ်ဝန်စရှိကတည်းက ဘေဘီလေးတွေအတွက်ပဲ​ဦးစားပေး စဥ်းစားလေ့ရှိပါတယ်... အတွေးတွေထဲမှာ ဘေဘီလေးအတွက်ပဲ ကိုယ့်အတွက်ကို မေ့နေတတ်ကြပါတယ်... ဘေဘီလေးတွေ ကျန်းမာဖို့ မေမေတို့လည်း ကိုယ်ဝန်ဆောင်ချိန်ကတည်းက အာဟာရပြည့်ဝပြီး ကျန်းမာဖို့လိုအပ်ပါတယ်... ဒါကြောင့်မို့လို့ မေမေတို့အတွက်အာဟာရအတွက်လည်း လေ့လာကြဖို့ သင်တန်းလေးလုပ်ပေးထားပါတယ်... ပုံလေးတွေ တပုံချင်း ထောက်ကြည့်ပေးပါ....

သင်တန်းလေးအကြောင်း Messenger မှာမေးလို့ရသလို အောက်ကလင့်မှာလည်း လေ့လာကြည့်လို့ရပါတယ်လို့...

https://dohmeetharsulay.com/course/maternalnutrition/

24/10/2025

မိခင်နို့တိုက်ကျွေးတဲ့အခါ အနေအထားမမှန်ရင်ဘာတွေဖြစ်တတ်သလဲ ဒီဗွီဒီယိုလေးမှာ လေ့လာကြည့်ပါ...
အောင်မြင်စွာမိခင်နို့တိုက်ကျွေးနိုင်ဖို့ အွန်လိုင်းသင်တန်းလေးတက်ချင်တယ်ဆိုရင် မင်မင်တို့ကို ဆက်သွယ်ပါနော်...

မိခင်နို့တိုက်ကျွေးတဲ့အခါ အနေအထားမမှန်ရင်ဘာတွေဖြစ်တတ်သလဲ ပုံလေးတွေမှာ လေ့လာကြည့်ပါ... အောင်မြင်စွာမိခင်နို့တိုက်ကျွေးနို...
24/10/2025

မိခင်နို့တိုက်ကျွေးတဲ့အခါ အနေအထားမမှန်ရင်ဘာတွေဖြစ်တတ်သလဲ ပုံလေးတွေမှာ လေ့လာကြည့်ပါ...

အောင်မြင်စွာမိခင်နို့တိုက်ကျွေးနိုင်ဖို့ အွန်လိုင်းသင်တန်းလေးတက်ချင်တယ်ဆိုရင် မင်မင်တို့ကို ဆက်သွယ်ပါနော်...

24/10/2025

ပြီးခဲ့တဲ့အပတ်က Healthy and Happy Families က စီစဥ်တင်ဆက်ခဲ့တဲ့ Baby Led Weaning အကြောင်း ဒေါက်တာ နန်းအိန်ငင်း M.B.,B.S (Ygn), M.Sc Diabetes Care and Management (UK) နဲ့ အမေးအဖြေလေးအကြောင်းကို အင်တာဗျူးဗွီဒီယိုလေးကို ကြည့်လို့အားမရလို့ သေချာထပ်သိချင်တဲ့သူတွေအတွက် အမေးအဖြေလေးတွေကို ခုလို စာနဲ့ထပ်မံမျှဝေပေးလိုက်ပါတယ်။ စာရိုက်ရတာ များတဲ့အတွက် အပိုင်း (၁) နဲ့ အပိုင်း (၂) ဆိုပြီး မျှဝေပေးပါရစေ။ အပိုင်း (၂) ကိုတော့ မနက်ဖြန်ည ခုလိုအချိန်မှာပဲ ထပ်မံမျှဝေပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။ အင်တာဗျူး ဗွီဒီယိုလေးကို ကြည့်ရှုချင်တဲ့သူတွေအတွက် အောက်ပါလင့်မှာ ကြည့်နိုင်ပါတယ်။

https://fb.watch/1jT4chzrV9/

Healthy and Happy Families က အခုလိုစိတ်ဝင်စားဖွယ်ရာ အစီအစဥ်လေးတွေကနေတစ်ဆင့် ဗဟုသုတရဖွယ်ရာတွေကို မျှဝေပေးသွားမှာမို့လို့ Page လေးကို Like & Share လုပ်ပေးထားကြပါဦးနော်။

ဒေါက်တာ နန်းအိန်ငင်းနဲ့ အမေးအဖြေ အပိုင်း (၁) ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

HHF: မိရိုးဖလာ ကလေးဖြည့်စွက်စာကျွေးမွေးခြင်းနဲ့ Baby led Wearing ရဲ့ကွာခြားချက် လေး မျှဝေပေးစေ လိုပါတယ်။

Dr. Nang Ain Ngin: ကျွန်မကိုယ်တိုင်က ဆရာဝန်တစ်ယောက်ဆိုပေမဲ့ ကလေးဖြည့်စွက်စာကျွေးတဲ့အချိန်မှာ ဒီအကြောင်းအရာတွေကို သိခဲ့တာမဟုတ်ဘူး။ အန်တီသဲလ်မာကိုမေးရတယ်။ စာအုပ်တွေ ဖတ်ရတယ် ဘယ်လို ဖြည့်စွက် ကျွေးမလဲဆိုတာကိုလေ့လာခဲ့ရတယ်။ လေ့လာချိန်မှာ ပတ်ဝန်းကျင်မှာ မိရိုးဖလာ ဖြည့်စွက် ကျွေးနည်း အတိုင်းကြိတ်မယ်၊ ပြုတ်မယ်၊ ဇွန်းနဲ့ခွံ့မယ်ကိုတွေ့ပေမယ့် ခုနောက်ပိုင်းတွေ့တာက BLW ပေါ့။ ကလေးကိုသူတို့စားချင်တဲ့အချိန်မှာ စားနိုင်သလောက်ပဲကျွေးတာ သူတို့မစားချင်ရင် အတင်းခွံ့ကျွေးတာမျိုး မရှိအောင် အဲ့တာလေးတွေကို ဘယ်လိုလုပ်ရလဲဆိုတာကို လေ့လာပြီးလုပ်ခဲ့ရတယ်။
ကွာခြားတာကတော့ ပထမ စစချင်း ကျွေးတဲ့ အချိန်မှာတော့ သူတို့က စားချင်မှ လည်းစားတယ်။ မစားချင်လည်းမစားဘူး။ ခွံ့ကျွေးတဲ့ traditional နည်းကတော့ မိခင်(သို့မဟုတ်) caretaker က ကျွေးတဲ့အတိုင်းကို ပါးစပ်ဟ၊ ဇွန်းထည့် ခွံ့ကျွေးတဲ့အတိုင်း စားမှာပဲဆိုတော့ ကိုယ်ကျွေးချင်းသလောက် ဝင်တယ်လို့ မိဘက ထင်တယ်။ BLW ကတော့ အဲ့လိုမဟုတ်ဘူး အတင်းခွံ့ကျွေးရတာလည်းမရှိဘူး။ သူတို့ဘာသာယူစားမယ်။ သူတို့ဘာသာ နမ်းကြည့်မယ်ဆိုတော့ အာဟာရအားလုံးပြည့်စုံလားဆိုတော့ မသေချာဘူးပေါ့။ စိတ်ထဲထင်တယ်အဲ့လိုလေးတော့ ကွာခြားချက်ရှိတယ်။ ပထမတော့ဒွိဟဖြစ်တယ် သူအာဟာရအားလုံးအပြည့်အဝ ရနိုင်မလား။ သူတကယ်ကောစားပါ့မလား၊ ကြိတ်ချေတာမဟုတ်ပဲအစာကို အတုံးလိုက်ကျွေးတာဆိုတော့ နင်မလား။ ကိုယ်ကသတိထားကျွေးရတာပေါ့။ အဲ့ဒါကို ဘယ်လို ရှောင်ရမလဲကို ကြည့်ပြီး သတိထားပြီးကျွေးဖြစ်တယ်။

HHF: BLW ကို ကျင့်သုံးတဲ့အခါ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အတွေ့အ ကြုံကို ဝေမျှပေးပါဦး။

Dr. Nang Ain Ngin: အတွေ့အကြုံကမနည်းဘူးပေါ့နော်။ ပထမသားဦးလည်းဖြစ်တယ်။ ဒီနိုင်ငံမှာက အဲလို လုပ်တာ သိပ်မတွေ့ဖူး ဘူး။ ကိုယ့်အမျိုးထဲမှာလည်း အဲ့လိုလုပ်တာမတွေ့ဖူးတော့ လုပ်ရကိုင်ရ နည်းနည်းတော့ခက်တာပေါ့။ ကိုယ်ကမွေးကတည်းကမိခင်နို့တစ်မျိုးထဲ တိုက်ခဲ့တယ် ၆ လ ပြည့် မှ တစ်ခါတည်း BLW ကိုလုပ်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ်။ အရင်ဆုံးဖြည့်စွက်စာကျွေးမယ်ဆိုတော့ ဘယ်လိုနည်းနဲ့ကိုကျွေးမလဲ။
BLW သုံးမလား၊ traditional နည်းပဲသုံးမလားဆိုတာ ဆုံးဖြတ်ရတာပေါ့နော်။ ဆုံးဖြတ်တဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်းနဲ့ မရဘူး။ ကိုယ့်အိမ်ထောင်ဖက်နဲ့လည်း တိုင်ပင်ရတယ်။ သူ့အကူအညီလည်း အများကြီး လိုတယ်ဆိုတော့ အရင်ဆုံးတိုင်ပင်တယ်။ BLW ဆိုတာဘာလည်းပေါ့။ ကလေး ၅လကျော်ကျော်မှာ တခြားအမေ တွေနဲ့တွေ့ကြည့်တယ်။ ကျွန်မအသိအမေတစ်ယောက်က အဲ့အချိန်မှာ Full BLW ကို ကျင့်သုံးနေတာ။ ၆လ ပြည့်တာနဲ့ မုန်လာဥနီဆိုပြုတ်ထားတဲ့အတုံးလိုက်ကြီးတွေ ကျွေးတာလုံးဝကိုမချေဘူး။ သူ့ကလေးက ၉လ လောက်ရှိနေပြီ အရမ်းကိုအဆင်ပြေနေတယ်။ စားလည်းစားတယ် ဆိုတော့ ဘယ်လိုမျိုးများလုပ်သလဲ ဆိုတာသိချင်တယ်။ သူ့ကိုချိန်းတယ် သွားတွေ့တယ်။ ကိုယ်ထက်အတွေ့အကြုံ များတဲ့အမေဆီကနေ အရင်ဆုံးသွားကြည့်တယ်။ အိမ်ထောင်ဖက်နဲ့လည်းတိုင်ပင်တယ်။ သူကလည်း အိုကေတယ်၊ ကိုယ်လည်းအိုကေတယ် ဆိုတော့မှ ဘာပစ္စည်းတွေလိုမလဲပေါ့။ အဲဒါတွေ အရင်ဆုံးစုတယ်ပေါ့။ အဓိကကတော့ High Chair ပေါ့နော်။ High Chair နဲ့သူသေချာထိုင်မယ်။ ထိုင်ပြီးစားမယ်ပေါ့။ သူထိုင်နိုင်ပြီလား ဆိုတာကြည့်ပြီးထိုင်ပြီးကျွေးဖို့ High Chair r ရှာတယ်။ စားတဲ့အချိန် တသမတ်တည်း ဖြစ်အောင်လို့ အချိန်ဇယား အစီအစဉ်ဆွဲတယ်။ စားတာကလည်းအတူတူထိုင်စားဖြစ်အောင်လို့ ကိုယ်စားတဲ့ အချိန်နဲ့လိုက်ညှိရတယ်။ အဲ့တာလေးတွေပြင်ဆင်ရတယ်။ အဲ့တာတော်တော်အခက်အခဲဖြစ်တယ်။
အဖေကအလုပ်ပြန်မရောက်သေးတဲ့အချိန်တို့၊ နေ့လည်မှာ ကိုယ်ကဆာနေပြီ။ သူကလုံးဝမဆာသေးတာတို့ အဲ့လိုဖြစ်နေတော့ကိုယ်စားတဲ့အချိန်မှာ သူစားစားမစားစား အတူတူထိုင်ဖြစ်အောင်လို့ ကိုယ်စားတဲ့အချိန် သူ့ကိုထိုင်ခိုင်းလိုက်တယ်။ အစားလေးနည်းနည်းပေးထားတယ်။ ဆော့ဆော့စားစား အဲ့လိုမျိုးလုပ်ရတယ်။
အမေနို့ကလည်းသောက်နေတုန်းဆိုတော့ အမေနို့သောက်ချိန်နဲနဲလေးခွာအောင် အိပ်တဲ့အချိန်နဲ့လည်း နည်းနည်းခွာအောင် မဟုတ်ရင်ကျွေးနေရင်း ခုံပေါ်မှာအိပ်ငိုက်တာတွေရှိတယ်။ အရင်ဆုံးတော့ အချိန်လေးဆွဲရတာပေါ့။ အဲ့တာလေးနည်းနည်းတော့ ကသီတယ်။ သူတို့ကဘယ်အချိန် အိပ်မလဲ။ ဘယ်အချိန်နို့ဆာဦးမလဲ။ အဲ့တာတွေ အချိန်ဆွဲထားရတယ်။ အမြဲအတူတူထိုင်စားဖြစ်အောင် လုပ်တယ်။ နောက်တစ်ခုက စားနေတဲ့အချိန်မှာ သူအရမ်းကြာသွားအောင်ပေးမထိုင်ဘူး။ နာရီဝက်လောက်ပဲ။ နာရီဝက်အတွင်းမှာ သူမစားရင်ရပ်ထားပြီး အကုန်သန့်ရှင်းရေးလုပ်ပြီး ထားထားလိုက်တယ်။ နောက်တစ်နပ်အထိ ဘာမှမကျွေးဘူး။ ကြားထဲမှာ အမေနို့ပဲတိုက်တယ်။ သဘောက ဒီတစ်ခါမှာမစားရင် နောက်တစ်ခါမှာမှ မစားရင် သူငတ်တော့မယ်ဆိုတာ သူသိရမယ်။ လိုက်စားရတော့မယ် နောက်တစ်ချိန်မှာ သူစားပြီး ဒီခုံမှာထိုင်ရင် ဒီအချိန်မှာလူကြီးနဲ့အတူ ထိုင်နေရင် သူစားရတော့မယ်ဆိုတာ သူသိသွားပြီ။ တစ်လလောက်နေရင်အိုကေပဲ။ ထိုင်ခုံမှာထိုင်ပြီးဆိုတာနဲ့ သူစားပြီ။ ပထမနှစ်လလောက်က လုံးလည်ချာလည်ရိုက်နေတာပဲ။ မစားဘူးဆော့တယ်။ နမ်းကြည့်တယ်။ ပစ်ချတယ်။ အစာကို တစ်မျိုးထဲ ဆိုလည်း မကြိုက်ဘူး။ အမျိုးမျိုး ပြောင်းကျွေးရတယ်။ နောက်တစ်ခုက ချေပြီးကျွေးတာမဟုတ်ပဲ အတုံးလေးတွေဆိုတော့ အော့တာ တအားဖြစ်တယ်။ ပျို့တာပေါ့နော်။ နို့ကိုပဲမြိုတဲ့ အကျင့်ဖြစ်နေတော့ အော့တာပေါ့နော်။ အဲ့ဒီ အော့တာကို တွေးပြီးရင် ကြောက်တယ်။ လန့်တယ်ပေါ့နော်။ အမေတွေက ဒါဘာဖြစ်တာလဲ။ အန်ထွက်တာလား၊ အစာနင်တာလား၊ အဲ့တာကို လည်း သိထားရမယ်။ အဖေအမေနဲ့ အစာကျွေးမယ့်သူတွေက အစာနင်တာလား၊ အန်တာလား ကိုသေချာသိအောင်လုပ်ထားရမယ်။ အဲ့တစ်ခုကို သေချာသိဖို့ လိုအပ်တယ်။ နယ်ဘက်ကမိခင်တွေကိုတော့ ဘယ်လိုပညာပေးရမလဲ ဆိုတာတော့ လိုအပ်မယ်ထင်တယ်။ တစ်ချိုက ပျို့တာကိုမြင်ပြီး ကြောက်တာနဲ့ ဆက်မကျွေးရဲတော့ဘူး။ အဲ့တာလေး တွေတော့ရှိတယ်။
နောက်တစ်ခုက တအားဖွမယ်။ တအားပေမယ်ဆိုတော့ အမေတွေကကြာရင်စိတ်မရှည်တော့ဘူး။ တစ်ရက်ကို ၃ ခါကျွေးရင် ၃ ခါသန့်ရှင်းရေးလုပ်ရတယ်။ ကြမ်းပါတိုက်ရတယ်။ အကုန်လုံးအောက်တွေ ပစ်ချဆိုတော့။ အခန့်မသင့်ရင် ကလေးရော၊ ထိုင်ခုံကော ရေချိုးခန်းထဲဆွဲထည့်ပြီး ရေပိုက်နဲ့ ထိုးချရတာဆိုတော့ အဲ့တာတွေကို နေ့တိုင်းနေ့တိုင်း မလုပ်နိုင်မှာရှိတော့၊ အဲ့တာအတွက်ကို ကြိုတင်ပြင်ဆင် ရတာ တွေရှိတာ ပေါ့နော်။ အဲ့တာကလည်း ၂ လ လောက်ပါပဲ။ ၂ လလောက်ပြီးသွားရင် သူ့အတွက်က တစ်သက်လုံး အဲ့လိုမပွတော့ဘူး။ သူကောင်းကောင်းထိုင်စားပြီး အပြင်သွားရင်လည်း အရမ်းအိန္ဒြေရတယ်။ အပြင်သွားရင် လူကြီးတွေထိုင်စားရင် သူလည်းထိုင်စားတယ်။ ခုံပေါ်က နေခုန်ဆင်းတာတို့၊ မတ်တပ်ရပ်ပြီး စာပွဲပေါ်တက်တာတို့မရှိဘူး။ သူ့ဘာသာထိုင်ပြီး အေးအေးဆေးဆေးစားမယ်။ ပြီးတော့ဒီအချိန်က socializing လုပ်တာဆိုတော့သိတယ်။ လူကြီးတွေနဲ့ စကားပြောမယ်။ သူကိုယ်တိုင်လည်း စကား တွေလိုက်ပြောတယ်။ သူစားတဲ့အချိန်မှာ enjoy ဖြစ်အောင်လုပ်ပေးရတာပေါ့။အဲ့ဒီအကျင့်ကလေးက ၂လ၊ ၃လ လောက်က သည်းခံရတယ်။

HHF: BLW ရဲ့အကျိုးကျေးဇူးကိုပဲ ပြောပြပေးပါဆိုရင်ဘယ်အချက်ကို highlight လုပ်ပြီး ပြောပြပေးချင်ပါသလဲ ခင်ဗျား။

Dr. Nang Ain Ngin:
(၁) အစာမရွေးတော့ဘူး။ ဘာကျွေးကျွေးစားတယ်။ လူကြီးစားတာလဲ လိုက်စားချင်တယ်။ သူ့အချိန်နဲ့ သူစားတတ်တယ်။ စားပွဲခုံပေါ်ရောက်တာနဲ့ စားရမယ်ဆိုတာ သိတယ်။ ရုန်းရင်းဆန်ခတ်တွေ မဖြစ်ဘူး။ အတင်းထိုးကျွေးတာမရှိဘူး။ သူဗိုက် ပြည့်တဲ့အချိန် သူ့ဘာသာသူရပ် သွားတယ်။ သူဆာရင်စားတယ်။ ဗိုက်ပြည့်ရင်ရပ်တယ်။ အတင်းဇွန်းနဲ့ကျွေးရင်သူပြည့်လို့ပြည့်မှန်းလဲမသိဘူး။ ဒီအတိုင်းကျွေးရင် အဝလွန်တာ တွေဖြစ်လာ တယ်။ အဲ့ဒါတွေအတွက်ကာကွယ်ပြီးသားဖြစ်တယ်။
(၂) သူ့ဘာသာသူယုံကြည်မှုရှိတယ်။ ဇွန်းတွေခက်ရင်းတွေပေးကိုင်ရင် သူလဲလူကြီးတစ်ယောက်လို စားနိုင်တယ်ဆိုတာကို သူသိပြီး သူပျော်တယ်။ သူလုပ်နိုင်တယ်။ ပေးလုပ်ထားတယ်ဆိုသူ့ကိုယ် သူ ယုံကြည်မှု ရှိလာတယ်။ပြီးတော့ သမီးစားတာတွေက သိပ်မပွတော့ဘူးပဲ။ ဒီနေ့ မေမေသန့်ရှင်းရေး သိပ်မလုပ်ရတော့ဘူး။ အဲ့လိုပြောတော့သူ့ဟာသူလည်းပျော်လာတယ်။သူ့ကိုလည်းချီးမွမ်း ပေးတယ်ဆိုတော့ အခုဆိုရင် သူက ၂ နှစ် နဲ့ ၁လ မှာ ဇွန်းနဲ့ခက်ရင်းနဲ့ကိုစားနေပြီး အဲ့လိုဆိုတော့ အဆင်ပြေတယ်ပေါ့နော်။

အပိုင်း (၂) ကို မနက်ဖြန်မှာ ဆက်လက်မျှဝေပေးမှာမို့ Page မှာ မျှဝေပေးမှာမို့လို့ စောင့်ကြည့်ပေးပါဦးနော်။
အားလုံးပဲ ကျန်းမာ‌ပျော်ရွှင်တဲ့ မိသားစုဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

22/10/2025

မွေးဖွားပြီးပြီးချင်း ပထမဆုံးအကြိမ် မိခင်နို့တိုက်ကျွေးခြင်း

17/10/2025

ကလေးများအတွက် Play Date အစီအစဉ် 📍
(Yangonနှင့်Mandalay)

ဒီနေ့ခေတ်မှာ ကလေးငယ်တွေဟာ ဖုန်းနဲ့ ကွန်ပျူတာ screen တွေပေါ်မှာပဲ အချိန်ကုန်နေကြတာများလာတာကြောင့် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေနဲ့ ဝေးကွာလာရုံသာမက ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါးလာပါတယ်။ 🤗
ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ Play Date ဆိုတဲ့ အထူးအစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ 🎉
ဒီအစီအစဉ်လေးက အထူးသဖြင့် အသက် ၅ နှစ်ကနေ ၁၅ နှစ် အတွင်းရှိတဲ့ ကလေးငယ်လေးတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်ရှင်။ 🚸

📍Play Date မှာ ဘာတွေ လုပ်ဆောင်သွားမှာလဲ?

➡️စိတ်ကူးယဉ်ပုံပြင်လေးတွေကို နားဆင်ရင်း ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ သင်ကြားပေးပါမယ်။
➡️ပုံဆွဲခြင်းနဲ့ အနုပညာလှုပ်ရှားမှုတွေကတစ်ဆင့် ကလေးတို့ရဲ့ စိတ်ထဲက ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့ ကူညီပေးပါမယ်။
➡️သူငယ်ချင်းအသစ်တွေနဲ့ မုန့်လေးတွေစားရင်း ပျော်ရွှင်ဖွယ် အချိန်လေးတွေ အတူတူ ဖန်တီးကြပါမယ်။
➡️သီချင်းလေးတွေ၊ ဂိမ်းလေးတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး နွေးထွေးစွာ နှုတ်ဆက်ကြပါမယ်။
📍ဒီအစီအစဉ်ကနေ ဘာအကျိုးကျေးဇူးတွေ ရရှိမှာလဲ?
➡️ကလေးနဲ့ မိဘတွေကြားက ဆက်ဆံရေးကို ပိုမိုရင်းနှီးနီးကပ်စေပါမယ်။
➡️အသစ်အဆန်းတွေကို ရဲရဲဝံ့ဝံ့ လုပ်ကြည့်ရင်း ကလေးတို့ရဲ့ စိတ်ရွှင်လန်းမှုနဲ့ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါလိမ့်မယ်။
➡️သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့ပြီး အတူတကွ ကစားခြင်းအားဖြင့် လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးတက်လာစေပါမယ်။
➡️ပျော်ရွှင်စရာ လှုပ်ရှားမှုတွေနဲ့ ကစားရင်း ကလေးတွေရဲ့ စိတ်ထဲမှာရှိတဲ့ ကြောက်ရွံ့မှုတွေကို ရုန်းထွက်နိုင်ဖို့ ကူညီပေးပါမယ်။

ဒီ Play Date အခမဲ့ program လေးကနေ ကလေးတို့ရဲ့ ဘဝအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိစေမှာဖြစ်တဲ့အတွက် လာရောက်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

စိတ်ပါဝင်စားပြီး ပါဝင်ချင်လျင် စာရင်းသွင်းရန် 👇
Yangon Registration Link
https://docs.google.com/forms/d/e/1FAIpQLScj-qJhcGLqeGaRRUo1gDILZj0CImsAx-aCS-GnTkdjBGMQzw/viewform?usp=header

Mandalay Registration Link
https://docs.google.com/forms/d/e/1FAIpQLSfEZojczpKT3OKqeDDQRXhJmHRD8oWUj6DBwMn3Kz5DKSPh1A/viewform?usp=header

နေ့ရက်: [19 October Sunday]For Yangon,
[18 October Saturday] For Mandalay
အချိန်: [3PM _ 5PM ]
ဖုန်း:[ 09784509916(Ygn) , 09776000736(Mdy)]
နေရာ: [5/9, Bogalay street, Botahtaung Township, Yangon]
[ [စ/၆, 108 C street, 67 x 67 A,Chan Mya Tharzi, Mandalay] ]

Free Webinar လေးက ဒီအပတ် သောကြာနေ့မို့လို့ စာရင်းမသွင်းရသေးရင် စာရင်းသွင်းလို့ရအောင် သတိပေးပါရစေရှင့်...
15/10/2025

Free Webinar လေးက ဒီအပတ် သောကြာနေ့မို့လို့ စာရင်းမသွင်းရသေးရင် စာရင်းသွင်းလို့ရအောင် သတိပေးပါရစေရှင့်...

ဒို့မိသားစုလေးရဲ့ ဖြည့်စွက်စာသင်တန်း (self-paced သို့မဟုတ် Zoom) တက်ရောက်ဖူးသူများနဲ့ Ebook ဝယ်ယူထားတဲ့ မိဘများအတွက် အခမဲ့ Webinar ကို ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အခမဲ့ တက်ရောက်ခွင့်ရဖို့ သင်တန်းတက်ထားကြောင်း သို့မဟုတ် စာအုပ်ဝယ်ထားကြောင်း တစ်ခုခုပြပေးဖို့ပါပဲ။

👉 ဒီ Webinar က ဘယ်လိုပုံစံလဲ။

ဒီ webinar ဟာ အရင်ကတည်းက တက်ရောက်ခဲ့တဲ့ သင်တန်းတွေနဲ့ Ebook ထဲက သင်ခန်းစာတွေအပေါ်မှာ မေးခွန်းတွေ၊ မရှင်းလင်းတာတွေရှိရင် တိုက်ရိုက်မေးမြန်းနိုင်မယ့် အမေးအဖြေ session ပဲ ဖြစ်ပါတယ်။

👉 Webinar မှာ ဘယ်သူတွေက ဆွေးနွေးပေးမှာလဲ။

ဒီ webinar မှာ ဒို့မိသားစုလေးက ဆရာမကြီး ဒေါ်သဲလ်မာထွန်းသိန်းနဲ့ ဆရာကိုစိုးညီညီတို့က အတူတူ ဆွေးနွေးဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

👉 Webinar အသေးစိတ်အချက်အလက်များ

🗓️ ရက်စွဲ - အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၅ (သောကြာနေ့)

🕒 အချိန် - ည ၇ နာရီ မှ ည ၈ နာရီ (တစ်နာရီကြာ)

🌐 နေရာ - Zoom Meeting Platform

💰 ကုန်ကျစရိတ် - အခမဲ့

📲 စာရင်းပေးသွင်းရန် - အောက်တွင်ပေးထားသည့် Link တွင် Buy Ticket ကိုနှိပ်၍​ သင်တန်းစာရင်း ပေးသွင်းနိုင်ပါသည်။​

https://dohmeetharsulay.com/events/cfweb_oct2025/ -event-booking-form

https://youtu.be/xXLZVJmOyzE
10/10/2025

https://youtu.be/xXLZVJmOyzE

မေမေတို့ရေ... ဒီဗွီဒီယိုလေးမှာတော့ မိခင်တွေရဲ့ နေ့စဥ်ဘဝမှာ စားသောက်ရတဲ့ အာဟာရတွေနဲ့ပါတ်တဲ့လို့ ဆောင်ရန်၊ ရ.....

10/10/2025

ဒီလင့်ကနေ Buy Now လေးကိုနှိပ်ပြီး အခုပဲ သင်တန်းတက်ဖို့ စာရင်းသွင်းလိုက်ပါနော်...
https://dohmeetharsulay.com/course/maternalnutrition/

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Website

http://www.dohmeetharsulay.com/

Alerts

Be the first to know and let us send you an email when ဒို့မိသားစုလေး - Dohmeetharsulay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဒို့မိသားစုလေး - Dohmeetharsulay:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram