09/04/2026
Refeeding Syndrome
ဇူဇကာပုဏ္ဏား သေရတဲ့ အကြောင်းရင်းတစ်ခုလား?
ရက်ရှည် အစာငတ်နေတဲ့လူနာ (သို့မဟုတ်) အာဟာရ အရမ်းချို့တဲ့နေတဲ့ လူနာတစ်ယောက်ကို အစာပြန်ကျွေးတဲ့ အခါ ခန္ဓာကိုယ်ထဲမှာ (Metabolic Disturbances) ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်တာကို Refeeding Syndrome လို့ ခေါ်ပါတယ်။ အထူးသဖြင့် Hypophosphataemia ကိုအကြောက်ရဆုံးဖြစ်ပီး Hypokalemia, Hypomagnesaemia, thiamine deficiency, fluid shifts - ဒါတွေဖြစ်မှာပါ။
🔍Refeeding syndrome ဘာကြောင့်ဖြစ်လဲ?
အစာငတ်နေတဲ့အခါ ခန္ဓာကိုယ်မှာ Glucose မရှိတဲ့အတွက် Fat နဲ့ Protein တွေကို လောင်စာအဖြစ် သုံးရပါတယ်။
•နောက်ဆက်တွဲအနေနဲ့ Insulin ကျပြီး Glucagon တက်လာတယ်။ အဲဒီအခါ Cells ထဲက Electrolytes (Phosphate, Potassium, Magnesium) တွေက Cells အပြင်ထွက်ပီး သွေးထဲကို ဝင်လာပါတယ်။
လူနာ့ကို သွေးစစ်ကြည့်ရင် Electrolytes - Normal လို့ထင်ရတတ်ပါတယ်။
ဒါသည် ထောင်ချောက်ပါ။ တကယ်တော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ (Total body stores)- Electrolytes တွေက ပြောင်သလင်းခါနေပါပြီ။ ဒီ Trap ကိုသတိမထားမိဘဲ အစာ (Carbohydrate) စကျွေးလိုက်တဲ့အခါ ပြဿနာ စတက်တာပါပဲ။
🔥 The "Insulin Surge" & Electrolyte Plummet
အစာ စကျွေးလိုက်တာနဲ့ Blood Glucose တက်လာပြီး Insulin တွေ အလုံးအရင်းနဲ့ ထွက်ချလာပါတယ်။
1. Massive Cellular Uptake: Insulin က Glucose တွေကို Cells ထဲဆွဲသွင်းတယ်။ Anabolic hormone ဖြစ်တဲ့အတွက် Protein synthesis, Glycogen synthesis, Fat synthesis အကုန်ပြန်စတယ်။ သူတို့ထုတ်ဖို့အတွက် ကုန်ကြမ်းတွေ ဖြစ်တဲ့ Phosphate, Potassium, Magnesium တွေကိုပါ Cells ထဲဆွဲသွင်းပီး အားပါးတရကြီးသုံးချလိုက်ပါတယ်။
2. Plasma Levels Plummet: နောက်ဆက်တွဲကတော့ သွေးထဲမှာ Electrolytes တွေ ရုတ်တရက်ထိုးကျသွားပါတယ်။ အထူးသဖြင့် Hypophosphatemia အဆိုးဆုံးနဲ့ အကြောက်ရဆုံးပါ။ လူနာသည် Cardiac arrhythmias, Respiratory failure, Renal failure, Rhabdomyolysis, Seizures, Delirium- ဒီလက္ခဏာတွေနဲ့လာမှာပါ။
💡 Management & Prevention
Refeeding Syndrome ရဲ့ အဓိက Management သည် "START LOW — GO SLOW" ပါ။
• Risk Assessment: BMI < 16, Starvation >10days, Weight loss >15% within 6 months, Anorexia, Chronic alcoholics
ဒီလူတွေမှာ Refeeding syndrome ကိုသတိထားရပါ့မယ်။
• Correct Electrolyte first : Phosphate, Potassium, Magnesium စတဲ့ Electrolytes တွေကို သေချာစစ်ပြီး လိုအပ်သလို ပြန်ဖြည့်ပေးရပါမယ်။ တောက်လျောက်လည်း monitoring လုပ်နေရပါမယ်။
• Vitamin Supplementation: အထူးသဖြင့် Thiamine (Vitamin B1) ကို အစာမကျွေးခင်မှာ အရင်ပေးရပါမယ်။ ဘာကြောင့်လဲ ဆိုတာ ကျနော်ရှင်းပြဖူးပါတယ်။ တခြား Vitamins တွေလည်းပြန်ဖြည့်ရပါမယ်။
• Slow Feeding: ဒါလေးအရေးကြီးပါတယ်။ အစာပြန်ကျွေးတဲ့အခါ 10 kcal/kg/day ဒီပမာဏကနေ စကျွေးရပါမယ်။ ပီးမှတဖြည်းဖြည်းချင်း တိုးကျွေးရပါမယ်။
📌 အတိုချုံ့ရင်
Severely Starving, Malnourished စတဲ့ High Risk patients တွေမှာ Electrolytes တွေသည် Biochemically normal ပြနေပေမယ့် ခန္ဓာကိုယ်ထဲမှာတော့ ပြောင်သလင်းခါနေတတ်ပါတယ်။
ဒီလူနာတွေမှာ အစာပြန်ကျွေးရင် Refeeding syndrome လေးသတိထားဖို့ remind လုပ်လိုက်ရပါတယ်ဗျ။
Dr. Wunna Kyaw
7.4.2026