Say Swan USA Supplement Health & Wellness

Say Swan USA Supplement Health & Wellness Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Say Swan USA Supplement Health & Wellness, Medical and health, Yankin, YanKin.

18/08/2025
💕ဘေဘီလေးတွေရဲ့ ခွဲခွာရမှာ စိုးကြောက်တဲ့စိတ် (Separation Anxiety) ကို ဘယ်လိုကူညီပေးကြမလဲ💕မိဘ ၊ ချစ်ခင်ရသူတွေ၊  ဒါမှမဟုတ် ...
11/08/2025

💕ဘေဘီလေးတွေရဲ့ ခွဲခွာရမှာ စိုးကြောက်တဲ့စိတ် (Separation Anxiety) ကို ဘယ်လိုကူညီပေးကြမလဲ💕

မိဘ ၊ ချစ်ခင်ရသူတွေ၊ ဒါမှမဟုတ် သူတို့ကို အမြဲထိန်းတဲ့သူတွေနဲ့ ခွဲခွာရမှာ စိုးကြောက်တဲ့စိတ် (separation anxiety) ဟာ ကလေးလေးတွေမှာ ဖြစ်တတ်ပါတယ်။ ဒါဟာ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု (early childhood development) ဖြစ်စဉ်မှာ ပါဝင်တဲ့ ပုံမှန်အစိတ်အပိုင်း တခုပါပဲနော်။ 😊

ကလေးဟာ သင့်ကို မျက်စိအောက်ကအပျောက်မခံဘူး၊ တခုခုဆို သူလေးမမြင်အောင် ခိုးထွက်ရတယ်၊ မူကြိုပို့တဲ့အချိန်တိုင်းငိုတယ်……… ဆိုတာတွေဟာ မေမေတိုင်း ခံစားတွေ့ကြုံကြရပါတယ်နော်။ 😇

ဒီလိုအချိန်လေးတွေဟာ မေမေတွေအတွက်ရော ဘေဘီလေးတွေရော စိတ်ဖိစီးရပါတယ်။ ဒါလေးတွေကို အကူအညီဖြစ်စေမယ့် အကြံပြုချက်လေးတွေ မျှဝေလိုက်ပါတယ်။ 🥰

✨ နှုတ်ဆက်တဲ့အချိန်ကို အလေ့အကျင့်လေးတခုလို အကျင့်လုပ်ပေးထားရင် ကောင်းပါတယ် ။ ဥပမာ - ပွေ့ဖက်တာ ၊ တာ့တာပြတာလိုမျိုး _ ဒါမှမဟုတ် “ချစ်တယ်နော်၊ မေမေပြန်လာမယ်နော်” “ I love you, see you soon” ဆိုတာမျိုးလေး ပြောပေးမယ်ဆို ကလေးလေးတွေအတွက် စိတ်သက်သာရာရစေပါတယ်။ ဒါပေမယ့် တိုတိုနဲ့လိုရင်း နှုတ်ဆက်ဖို့အကြံပြုပါတယ်၊ နှုတ်ဆက်ချိန်ကြာလေ စိုးရိမ်ပူပန်စိတ်တက်လေဖြစ်တတ်လို့ပါနော်။

🧸 မိဘတွေအနေနဲ့ ဘေဘီလေးတွေခွဲခွာရတဲ့ ကာလ (ဥပမာ- မူကြိုပို့တာ၊ မေမေက လုပ်ငန်းခွင်ပြန်ဝင်ရတော့မှာ) တွေရှိလာတော့မယ်ဆို ကြိုတင်လေ့ကျင့်ပေးရင် ပိုအဆင်ပြေပါတယ်။ ၁၀-၁၅ မိနစ်လောက်က စပြီး အဘိုးအဘွား ဖြစ်စေ ၊ ယုံကြည်ရတဲ့လူတွေဆီမှာ ခဏအပ်ထားပြီး သူလေးနဲ့ ခေတ္တခွဲနေကြည့်ပါ။ နောက်ပိုင်း အချိန်နည်းနည်းလေးကနေ တဖြည်းဖြည်း အချိန်တိုးပြီး ခွဲနေကြည့်ပါ။ ဒီလိုအလေ့အကျင့်လေးရပြီဆို တကယ်ခွဲခွာရမယ့် အချိန်ကျ ပိုမိုလွယ်ကူပြီး ဘေဘီလေးတွေလဲ ခံစားရသက်သာပါတယ်။

👀 ဘေဘီလေးတွေကို နှုတ်ဆက်တဲ့အချိန်ဆို မေမေတို့ကလဲ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး နှုတ်ဆက်ဖို့ အကြုံပြုပါတယ်။ မေမေတွေက အရမ်းစိုးရိမ်ပြီး ဝမ်းနည်းပြရင် ဘေဘီလေးတွေက ပိုခံစားရပါတယ်။ သူတို့ကို ပြုံးပြုံးလေးနှုတ်ဆက်ပြီး မေမေက ခဏဘဲထားခဲ့တာ ပြန်လာတွေ့မှာဆိုတာ သူတို့စိတ်ထဲ သေချာအောင် နေပြပါ။

🌿 ဘေဘီလေးတွေ စိတ်ခံစားရတာသက်သာအောင် သူတို့ရဲ့ favorite အရုပ်လေးတွေ ၊ ပစ္စည်းလေးတွေ ၊ မိသားစုဓာတ်ပုံလေးတွေကို သူတို့နားထားပေးလို့ရပါတယ်။

⏳ အလွန့်အကျွံနှစ်သိမ့်စကားပြောပေးမဲ့အစား ဘေဘီလေးတွေရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးတာက ပိုကောင်းပါတယ်။ “သားသား အဆင်ပြေသွားမှာနော်” လို့ပြောပေးမယ့်အစား “ မေမေနဲ့ ခွဲရလို့ သားသားလေး ဝမ်းနည်းနေတာ သိတာပေါ့၊ မေမေက ညနေကျ သားသားဆီ ပြန်လာမှာနော်” လို့ပြောပေးတာက သူတို့ရဲ့ ခံစားချက် ကို အသိအမှတ်ပြုရာရောက်ပြီး ဝမ်းနည်းစိတ်ကို ပိုသက်သာစေပါတယ်။

မေမေတို့ သိထားရမှာက ခွဲရမှာ စိုးကြောက်တဲ့စိတ် (separation anxiety) ဟာ ဘေဘီလေးနဲ့ ကိုယ့်ရဲ့ကြားက ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာသံယောဇဉ်ကိုပြတဲ့ လက္ခဏာဖြစ်တယ်။

အချိန်တခုရပြီး ကျင့်သားရသွားပြီဆို ဘေဘီလေးတွေဟာ နှုတ်ဆက်ပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်တွေ့ရမှာပဲဆိုတာကို တဖြည်းဖြည်းနားလည်လာမှာမို့ ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ကြိုးစားရအောင်နော်။ 💕

မေမေတို့မှာ တခြားအလုပ်ဖြစ်တဲ့ နည်းလမ်းတွေ၊ အတွေ့အကြုံလေးတွေ ရှိသေးတယ်ဆိုလည်း ကွန့်မန့်မှာ ရှဲခဲ့ဦးနော်👇

sharing is caring!!!

မေတ္တာဖြင့်

Emma








Oestrogel အမျိုးသမီးဟော်မုန်းလိမ်းဆေးတွေ ထပ်ရောက်ထားပါပြီ ။🤦‍♀️အမျိုးသမီးများသွေးဆုံးကိုင်ဝေဒနာများကုသရန်သုံးပါသည်။ဆရာဝန...
10/08/2025

Oestrogel
အမျိုးသမီးဟော်မုန်းလိမ်းဆေး

တွေ ထပ်ရောက်ထားပါပြီ ။

🤦‍♀️အမျိုးသမီးများသွေးဆုံးကိုင်ဝေဒနာများ
ကုသရန်သုံးပါသည်။

ဆရာဝန်ညွှန်ကြားချက်ဖြင့်သုံးရန်

#ဆေးစွမ်းဆေးနှင့်ဆေးပစ္စည်းမျိုးစုံ ေးနှင့်ဆေးပစ္စည်းမျိုးစုံ
Wellness

08/08/2025
31/07/2025

#အစာအိမ်အက်စစ်လျှော့ဆေးတွေနဲ့ပတ်သက်ပြီး လွဲမှားနေတဲ့အယူအဆများ။

#အန်တာဆစ် (Antacids - e.g., Digene-Antacil-Gaviscon)**
* **အယူအဆလွဲ:** "ဒီဆေးတွေက အစာအိမ်အက်စစ်ကို အပြီးအပိုင်လျှော့ပေးတယ်။ အချိန်ကြာကြာသောက်လို့ရတယ်။"
* **အမှန်:**
* ခဏတာ အက်စစ်ဓာတ်ပြေလျော့မှုကိုပဲ ပေးပါတယ်။ အက်စစ်ထုတ်လုပ်မှုကို အမြစ်ပြတ်မထိန်းနိုင်ပါ။
* ကြာရှည်သောက်ရင် ဝမ်းချုပ်/ဝမ်းလျှော၊ သတ္တုဓာတ်ချို့တဲ့မှု (အထူးသဖြင့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်) ဖြစ်နိုင်ပါတယ်။

#ဆူခရယ်လ်ဖိတ် (Sucralfate - e.g., Carafate)**
* **အယူအဆလွဲ:** "ဒီဆေးက အစာအိမ်အက်စစ်ကိုလျှော့တာပဲ။"
* **အမှန်:**
* အက်စစ်ကိုတိုက်ရိုက်မလျှော့ပါ။ အစာအိမ်နံရံမှာ အကာအရံအလွှာဖြစ်စေပြီး အနာကျက်မြန်စေတဲ့ **နာကာဆေး** ဖြစ်ပါတယ်။
* အက်စစ်လျှော့ဆေး (PPI) တွေနဲ့ တွဲသောက်ရင် ဆေးစုပ်ယူမှုနည်းစေနိုင်လို့ အချိန်ခြားပေးသောက်သင့်ပါတယ်။

#ဖာမိုတီဒင်း (Famotidine - e.g., Pepcid)**
* **အယူအဆလွဲ:** "H2 blockers တွေက PPI တွေလောက် မထိရောက်ဘူး။ လုံးဝအသုံးမဝင်ဘူး။"
* **အမှန်:**
* PPI လောက် အားမပြင်းပေမယ့် လက္ခဏာအလယ်အလတ်အတွက် အထိရောက်ဆုံးနဲ့ **လူနာအတွက်အန္တရာယ်နည်းတဲ့** ရွေးချယ်စရာဖြစ်ပါတယ်။
* ရုတ်တရက်အစာအိမ်ပြဿနာတွေ (ဥပမာ အစာမကြေ) အတွက် PPI ထက် ပိုသင့်တော်ပါတယ်။

(Proton Pump Inhibitors - e.g., Omeprazole, Pantoprazole)**
* **အယူအဆလွဲ (၁):** "PPI တွေကို ဘေးကင်းလို့ အချိန်ကြာကြာသောက်လို့ရတယ်။"
* **အမှန်:**
* **ဆရာဝန်ညွှန်ကြားချက်မပါဘဲ လပေါင်းများစွာ/နှစ်ချီသောက်ရင် အန္တရာယ်ရှိပါတယ်။**
* ဘေးထွက်ဆိုးကျိုးတွေ - အရိုးပွခြင်း၊ ဗီတာမင် B12/မဂ္ဂနီစီယမ်ချို့တဲ့ခြင်း၊ အူလမ်းကြောင်းပိုးဝင်လွယ်ခြင်း (C. diff)၊ ကျောက်ကပ်ပြဿနာများ။
* **အနာကျက်ပြီး လိုအပ်မှသာ ဆေးပမာဏလျှော့/ရပ်သင့်ပါတယ်။**

* **အယူအဆလွဲ (၂):** "PPI ကို နာနေမှသောက်ရမယ်။ နေ့တိုင်းသောက်စရာမလိုဘူး။"
* **အမှန်:**
* **အက်စစ်ပြန်ထွက်မှု လုံးဝထိန်းဖို့အတွက် (ဥပမာ - အနာကျက်စေဖို့) နေ့တိုင်း ပုံမှန်သောက်ရပါတယ်။**
* နာမှသောက်ရင် အာနိသင်မရှိပါ။ အစာမစားမီ (၃၀) မိနစ်အလိုမှာ သောက်ရပါတယ်။

(P-CAB - Potassium-Competitive Acid Blocker - e.g., Vonoprazan)**
* **အယူအဆလွဲ (၁):** "PCAB က PPI ထက် အားလုံးပိုကောင်းတယ်။"
* **အမှန်:**
* **အက်စစ်ပိုပြင်းပြင်းထုတ်တဲ့ ပြဿနာတွေ (ဥပမာ - Barrett's esophagus) နဲ့ PPI မတိုးတဲ့လူနာတွေအတွက် ပိုထိရောက်တာမှန်ပါတယ်။**
* ဒါပေမယ့် သာမန်လက္ခဏာတွေအတွက် PPI ကိုယ်တိုင်က ထိရောက်နိုင်ပါတယ်။

* **အယူအဆလွဲ (၂):** "PCAB ကို ဘေးကင်းလို့ ကြာရှည်သောက်လို့ရတယ်။"
* **အမှန်:**
* **ဆေးအသစ်ဖြစ်လို့ ကြာရှည်သောက်ရင် ဘေးထွက်ဆိုးကျိုးတွေကို လေ့လာဆဲဖြစ်ပါတယ်။**
* PPI လိုပဲ လိုအပ်မှသာ ဆရာဝန်ညွှန်ကြားချက်နဲ့ ကြာရှည်သုံးစွဲသင့်ပါတယ်။

#သတိပြုရန် အချက်များ**
* **မိသားစုဝင်များနဲ့ ဆေးမျှဝေမသောက်ပါနဲ့။** ရောဂါအခြေအနေတူရင်တောင် ဆေးရွေးချယ်မှုကွာနိုင်ပါတယ်။
* **ဆေးအလွယ်ဝယ်သောက်ခြင်းကို ရှောင်ပါ။** GERD, အစာအိမ်အနာ စတာတွေအတွက် ဆေးကုသမှုခံယူပါ။
* **ဆေးသောက်နေပေမယ့်** အောက်ပါလက္ခဏာတွေ့ရင် **ဆရာဝန်ပြပါ -**
* အန်ဖတ်ထဲသွေးပါခြင်း / ဝမ်းအမည်းသွားခြင်း
* မကြာခဏအန်ခြင်း
* မတော်တဆပိန်လာခြင်း
* မျိုချရခက်ခြင်း
* **ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ:** အချို့ဆေးများ (ဥပမာ - ဖာမိုတီဒင်း၊ အချို့ PPI) ကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်ပါတယ်။
#အရေးကြီးသည်မှာ -** ဒီဆေးတွေဟာ **လိုအပ်တဲ့အချိန်မှာ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရင် အစာအိမ်နဲ့အစာပြွန်ပြဿနာတွေအတွက် အလွန်ထိရောက်တဲ့ ကုသမှုနည်းလမ်းတွေ** ဖြစ်ပါတယ်။ ဒါပေမယ့် မှားယွင်းစွာသုံးစွဲမိရင် အန္တရာယ်ရှိနိုင်ပါတယ်။ သင့်တော်တဲ့ ဆေးကို သင့်တော်တဲ့အချိန်နဲ့ သင့်တော်တဲ့ကာလအပိုင်းအခြားအတွက် ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သုံးစွဲပါ။
Prof Thein Myint-GI 31.7.2025

31/07/2025

နို့သကြားကိုမချေဖျက်နိုင်ခြင်း (Lactose Intolerance)
••••••••••••••••••••••••••••••••••••••••••••••••••••••

ကလေးက Lactose Intolerance ဖြစ်လို့ဆိုတဲ့ စကားကို မိဘတွေကြားဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ ဘာကြောင့် Lactose Intolerance ဖြစ်ရသလဲဆိုတဲ့အကြောင်းတွေကိုရေးသားပေးမှာပါ။

💠Lactose Intolerance ဆိုတာ အူလမ်းကြောင်းက Lactose ကို မချေဖျက်နိုင်တာပါ။ အူသိမ်ထဲမှာ Lactose ကိုချေဖျက်မယ့် Lactase ဆိုတဲ့ အင်ဇိုင်းမလုံလောက်တော့လို့ပါ။

Lactose ဆိုတာ မိခင်နို့၊နွားနို့နဲ့ အခြားနို့ထွက်ပစ္စည်းတွေမှာပါတဲ့ သကြားပါ။ နို့သကြားဖြစ်ပါတယ်။ မိခင်နို့မှာလည်း 5-7% လောက်ပါဝင်ပါတယ်။

Lactase ဆိုတာကတော့ နို့သကြားကိုချေဖျက်ပေးတဲ့ Enzyme ပါ။ ဒီလိုချေဖျက်ပေးမှသာ ခန္ဓာကိုယ်က အာဟာရကိုအသုံးပြုနိုင်တာဖြစ်ပါတယ်။

💠Lactose Intolerance ဖြစ်ရသောအဓိကအကြောင်းအရင်းများ

▪️Lactase non-persistence (hypolactasia)

Lactase Enzyme က တဖြည်းဖြည်းနည်းပါးလာတာပါ။ အတွေ့ရများတဲ့အကြောင်းရင်းပါ။ ဒါကမျိုးဗီဇကြောင့်ဖြစ်ရတာပါ။ အသက် ၅နှစ်နောက်ပိုင်းမှာ လက္ခဏာတွေစပြတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်ရင်ပိုသိသာလာပါတယ်။

▪️Congenital lactase deficiency (alactasia)

မွေးကတည်းကကို Lactase Enzyme မပါလာတာပါ။ ဒါလည်းမျိုးဗီဇကြောင့်ဖြစ်ပြီး တော်တော့်ကိုရှားပါးတဲ့အကြောင်းအရင်းဖြစ်ပါတယ်။ မိခင်နို့ကို လုံးဝမချေဖျက်နိုင်တာကြောင့် မွေးကင်းစကတည်းက ဝမ်းလျှောတတ်ပါတယ်။ သူတို့အတွက် အထူးပြုလုပ်ထားတဲ့အာဟာရ (Special Diet) လိုအပ်ပါတယ်။

▪️Secondary lactose intolerance

အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်းကြောင့် နို့သကြားကို ခေတ္တမချေဖျက်နိုင်တော့ခြင်းဖြစ်ပါတယ်။ ယာယီအခြေအနေဖြစ်ပါတယ်။ အစာအိမ်နဲ့အူသိမ်ရဲ့ နံရံလေးတွေ ခဏပျက်စီးနေတာကြောင့် နို့သကြားကို မချေဖျက်နိုင်တာပါ။ ကုသမှုခံယူရင် ရက်သတ္တပတ်အနည်းငယ်မှာပြန်ကောင်းနိုင်ပါတယ်။

💠Lactose Intolerance ဖြစ်တာကိုဘယ်လိုသိရှိနိုင်မလဲ?

▪️လေထခြင်း
▪️ဗိုက်နာခြင်း
▪️ဝမ်းပျက်ခြင်း
▪️Diaper လောင်သလို တင်ပါးများရဲနီနေခြင်း
▪️ဂျီကျခြင်း
▪️နို့ကောင်းကောင်းမစို့ခြင်း
▪️အလေးချိန်မတက်တော့ခြင်းစတဲ့ အခြေအနေတွေကတော့ lactose intolerance မှာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေနဲ့တိုက်ဆိုင်တိုင်းလည်း lactose intolerance မဟုတ်ပါ။ မိခင်နို့စို့တဲ့ကလေးတော်တော်များများမှာ ဒီလိုပြဿနာတွေတွေ့ရတတ်ပါတယ်။ ကိုယ့်ကလေးက Lactose Intolerance ဖြစ်နေမလားလို့ သံသယရှိရင် ဆရာဝန်ပြသသင့်ပါတယ်။

💠စစ်ဆေးမှုများ

ကလေးရဲ့ဝမ်းကိုစစ်ဆေးနိုင်ပါတယ်။ Hydrogen Breath Test ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Elimination Diet လို့ခေါ်တဲ့ Lactose ပါတဲ့ အရာတွေကို ခဏဖြတ်တောက်တာပါ။ ကလေးရဲ့ လက္ခဏာတွေတိုးတက်မှုရှိမရှိကြည့်ရပါတယ်။

💠ကုသမှုများကတော့ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အခြေအနေပေါ်မူတည်ပါတယ်။ ကလေးဆရာဝန်ကြီးများရဲ့ကုသချက်သည်သာ အမှန်ကန်ဆုံးဖြစ်ပါတယ်။ Formula နို့သောက်တဲ့ကလေးများက Secondary Lactose intolerance ဖြစ်ရင်တော့ Lactose Free Formula နို့ကိုတိုက်ရပါတယ်။

ကလေးကြီးများကို ဂရုစိုက်မှုပေးရာမှာတော့ Lactose ပါဝင်မှုကို လျှော့ချပေးရပါတယ်။ လုံးဝဖြတ်တောက်ပစ်တာထက် လျှော့ချပေးရပါတယ်။ ဥပမာ ဒိန်ချဉ်ဆိုရင် နို့ထွက်ပစ္စည်းဖြစ်ပေမယ့် သူ့မှာပါတဲ့ ဘတ်တီးရီးယားက Lactose ကိုချေဖျက်နိုင်တာကြောင့် ကျွေးလို့ရပါတယ်။ Lactose အင်မတန်လျှော့ထားတဲ့ချိစ်၊ calcium-fortified soy စားသောက်ကုန်များ၊ Lactose ထုတ်ထားသော နွားနို့၊ Butter ၊ ပေါင်မုန့် ၊ အသီးအနှံစတာတွေတော့ စားလို့ရပါတယ်။
အသေးစိတ်ကိုတော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

သို့သော် နို့ရေခဲမုန့်၊ Milk အချိုပွဲများ၊ Cream Cheese၊ နို့ရည်ဆမ်းထားတဲ့ အာလူးထောင်း စတာတွေကိုတော့ရှောင်သင့်ပါတယ်။

ဒါကတော့ နို့သကြားကို မချေဖျက်နိုင်ခြင်းအကြောင်း သိကောင်းစရာပဲဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁) မာမီ

#နို့သကြား


✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

30/07/2025

မိဘနှင့်ကလေးကြား နွေးထွေးမှု ရှိစေဖို့
Bonding with Your Child

---------

ရင်သွေးငယ်များ မွေးဖွားပြီးသည်နှင့် ကလေးအကြောင်း တတ်ကျွမ်းနားလည်ပြီး အတွေ့အကြုံရှိသည့် မိဘများ မဖြစ်နိုင်ပါ။ တစ်ခါတစ်ရံမှာ မိဘများအနေဖြင့်လည်း ကလေးအကြောင်းနားလည်ပြီး ကလေးနှင့်ရင်းနှီးမှုရှိစေဖို့ ကြိုးစားလေ့ကျင့်ရသည်များ ရှိတတ်ပါတယ်။ ကလေးငယ်နှင့်မိဘ ဆက်ဆံရေးသည် ရေရှည်အထိ အုတ်မြစ်ခိုင်ပြီး ကျန်းမာဖို့အတွက်ဆိုလျှင် မွေးကင်းစမှ ကလေးအသက် (၅)နှစ်တွင်း ရင်းနှီးမှုရရှိထားရန် လိုအပ်ပါတယ်။ ထိုကဲ့သို့ ကလေးနှင့် ရင်းနှီးမှုရရှိရန် အောက်ပါအချက်များအား လေ့ကျင့်နိုင်ပါတယ်။

✅ ကလေးငယ်အပေါ်အာရုံစိုက်ခြင်း။

အလုပ်များသည့်ကာလများတွင် ကလေးတစ်ဖက်နှင့်ဖြစ်နေပါက ပုံတူတူဆွဲခြင်း၊ သီချင်းတူတူဆိုခြင်း၊ စာတူတူဖတ်ခြင်း စသဖြင့် ရိုးရှင်းပြီး လေးနက်မှုရှိသည့် activity များ ပြုလုပ်နိုင်ပါတယ်။ တီဗီပိတ်ထားပြီး ဖုန်းများလည်း အသုံးမပြုရန် လိုအပ်ပါတယ်။ တီဗီကြည့်၊ ဖုန်းသုံးမည့်အစား ကလေးအား ရေချိုးပေးရင်း သီချင်းလေးများဆိုပြခြင်း၊ မိမိငယ်စဉ်က အမှတ်တရများကို ကလေးငယ်အား ပြန်လည်ပြောပြခြင်း၊ မိမိ မီးဖိုချောင်ဝင်သည့်အခါတွင် ကလေးအား ဘေးမှအတူ ကြည့်ခွင့်ပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
ငယ်စဉ်တည်းက ထိုသို့အလေ့အကျင့်များရှိပါက အရွယ်ရောက်လာသည့်အခါတွင်လည်း မိဘနှင့်သားသမီး တရင်းတနှီး စကားဖောင်ဖွဲ့ရန် လွယ်ကူသွားပါလိမ့်မယ်။

✅ ကလေးခေါ်လျှင် ပြန်ထူးခြင်း။

ကလေးငယ်က မိဘတွေကို ခေါ်လျှင်ထူးခြင်းသည် ကလေး၏ စိတ်ရောကိုယ်ပါ လိုအပ်မှုများကို မိမိကအမြဲတမ်း အလေးထားသည့် သဘောဆောင်ပါတယ်။ ကလေး၏ ယုံကြည်မှုကိုလည်း ရရှိသလို နွေးထွေးမှုလည်း ပိုပြီးပေးရာ ရောက်ပါတယ်။ ကလေးအနေဖြင့် စိတ်လုံခြုံမှုအားခံစားရစေဖို့ အော်ငိုသည်နှင့် ထူးပေးခြင်း၊ ကလေးစိတ်ဆိုး၊ စိတ်ကောက်နေသည့်အခါများတွင်"စိတ်မဆိုးနဲ့၊ စိတ်မကောက်နဲ့" ဟုပြောမည့်အစား "မေမေနားလည်ပါတယ်၊ ဘာကိုစိတ်ဆိုးနေလဲ၊ ဘာလို့စိတ်ကောက်သွားတာလဲ၊ မေမေ့ကိုပြောပြချင်လား။" စသည်တို့ မေးခြင်း၊ မိမိကလေးမှ ပြောချင်တာရှိသည့်အခါ အလေးထား၍ နားထောင်ပေးခြင်းတို့ကို ပြုလုပ်ပေးပါ။ လူကြီးအလေးပေးခြင်းခံရသည့် ကလေးသည် ကြီးလာသည့်အခါတွင်လည်း မိဘများအပေါ် ၄င်းတို့၏ နေ့စဉ်ဘဝအကြောင်းအရာများကို ပိုမိုယုံကြည်စွာဖြင့် ရင်ဖွင့်တိုင်ပင်နိုင်လာပါတယ်။

✅ မိသားစုအလေ့အကျင့်များထားခြင်း။

ဥပမာ - သောကြာနေ့ညတိုင်းတွင် ကာတွန်းကား အတူတကွကြည့်ခြင်း၊ ပိတ်ရက်တိုင်းတွင် ဈေးဝယ်အတူတကွထွက်ခြင်း၊ မုန့်ပဲသရေစာများ အတူတကွလုပ်စားခြင်း နေ့တစ်နေ့၏ အစ (၅) မိနစ် (သို့မဟုတ်) ညအိပ်ရာမဝင်မီ နောက်ဆုံး (၅) မိနစ်သည် အရေးကြီးသည်ဟု ပညာရှင်များ သုံးသပ်ကြသောကြောင့် မနက်ဆိုလျှင် သီချင်းလေးသီဆိုပြီး နှိုးပေးခြင်း၊ ညအိပ်ရာမဝင်ခင် ပုံပြင်စာအုပ်ဖတ်ပြပေးခြင်းစသည့် အလေ့အကျင့်များ ပြုလုပ်နိုင်ပါတယ်။ ကလေးသည် အရွယ်ရောက်ပြီးသားဆိုလျှင် အိပ်ရာကနိုးလာသည့်အခါ “ညက အိပ်လို့ကောင်းရဲ့လား။ သား ဒီနေ့ ဘာလုပ်စရာရှိလဲ တို့၊ မအိပ်ခင်မှာလည်း သမီး ဒီနေ့ဘာတွေလုပ်ခဲ့လဲ။ အဆင်ပြေရဲ့လား။ ပျော်ခဲ့လား။” စသည့် မေးခွန်းများဖြင့် ရင်းနှီးမှုရယူနိုင်ပါတယ်။

✅ အတူတကွ ကစားပေးခြင်း။

ကစားခြင်းသည် ကလေးငယ်တိုင်း၏ ပထမဆုံးအလုပ်ဖြစ်ပါတယ်။ ကစားရင်းနဲ့သာလျှင် သူတို့လေးတွေ အသစ်အသစ်သော အကြောင်းအရာများကို လေ့လာကြတာများပါတယ်။ ဥပမာ - သူတို့ဆော့နေသည့် အရုပ်လေးများဖြင့် ဝင်ဆော့ပေးခြင်း၊ အရုပ်လေးနာမည် မေးခြင်း၊ အရုပ်လေး၏အကြောင်းများ ရှင်းပြခိုင်းခြင်း (သို့မဟုတ်) ကာတွန်းပုံများ၊ တိရိစ္ဆာန်ပုံများဆွဲခြင်း၊ အရောင်ခြယ်ခြင်း၊ အတူတူကခုန်ခြင်း၊ သီချင်းတူတူဆိုခြင်း စသည်တို့ ပြုလုပ်ချင်းအားဖြင့် ကလေး၏အကြိုက်၊ အမူအကျင့်၊ စိတ်နေစိတ်ထားနှင့် ဝါသနာများအား ပိုမိုလေ့လာနိုင်ပါတယ်။

✅ တစ်နိုင်တစ်ပိုင်များ ပေးလုပ်ခိုင်းကြည့်ခြင်း။

ကလေးများသည် ငယ်ရာမှ ကြီးလာသည်နှင့်အမျှ မိမိကိုယ်တိုင် ရပ်တည်နိုင်မှုသည်လည်း အတိုင်းအတာ တစ်ခုထိ ဖြည်းဖြည်းချင်း ရှိလာဖို့လိုအပ်ပါသည်။ ငယ်စဉ်ကတည်းက ထိုသဘောတရားအား ပေးနားလည်လိုပါက - ကလေးသောက်မည့်အအေးဘူးအား ကလေးကိုပဲ ဖောက်ကြည့်စေခြင်း၊
ခွက်ထဲရေငှဲ့ကြည့်စေခြင်း၊ ဆရာဝန်မှ "သားသား၊ မီးမီး၊ ဘာဖြစ်သလဲ? ဘယ်နားက နာနာဖြစ်နေလဲ?" မေးသည့်အခါတွင် သူတို့ဘာသာသူတို့ပြောပြစေခြင်း၊ စားသောက်ဆိုင်ရောက်သည့်အခါ စားချင်သည်များကို သူတို့ဘာသာ မှာစေခြင်း ရေချိုးပြီးလျှင် (သို့မဟုတ်) အပြင်သွားခါနီးလျှင် ဝတ်ချင်သည့် အဝတ်အစားများကို ရွေးစေခြင်း စသည်တို့ဖြင့် လေ့ကျင့်ပေးမည်ဆိုလျှင် သူတို့လေးတွေ မိမိကိုယ်ကို အားကိုးနိုင်လာမှာဖြစ်ပါတယ်။

ဖေဖေ၊ မေမေတို့အားလုံး ကိုယ်ချစ်ရတဲ့ သားသား၊ မီးမီးလေးတွေနဲ့ ပိုမိုရင်းနှီးပြီး တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတွေ ဖန်တီးနိုင်ကြပါစေခင်ဗျာ။ ❤️

ဘာသာပြန် - ကိုဟိန်းထက်ဇော် (Zack)
Content Writer: PalFish Myanmar

ကိုးကား - oaklahoma partnership for school readiness
https://www.okschoolreadiness.org/post/5-tips-for-bonding-with-your-child


27/07/2025

🧠 Shaken Baby Syndrome: Do you know the consequences?
A moment of frustration can lead to irreversible damage. Shaking a baby — even for just a few seconds — can cause brain injuries, blindness, and even death.

⚠️ Crying is a baby’s only way to communicate. Take a deep breath, ask for help, but never shake.
Protect. Care. Love. 💛

18/07/2025

✨General Practitioners တွေအတွက် လက်တွေ့ ကျတဲ့ Experience တွေကိုမျှဝေသွားမယ့် Z-waka platform ပေါ်က Channel အသစ် ✨
Social Media ကနေ GP ဆရာ၊ ဆရာမတွေအတွက် လက်တွေ့ကျတဲ့အကြောင်းအရာတွေကို Knowledge sharing လုပ်ပေးနေကျဖြစ်တဲ့ Experienced GP တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထက်အောင်က ဒီ Channel လေးမှာ clinical အတွေ့အကြုံ၊ real-cases နဲ့ management tips တွေကို Colleagues တွေအတွက် တစ်စုတစ်စည်းတည်းဖတ်ရှုနိုင်ဖို့ မျှဝေပေးသွားမှာပါ။

Z-waka Platform ကနေ GP ဆရာ၊ ဆရာမတွေအတွက် စီစဉ်တင်ဆက်ပေးထားတဲ့ မှတ်သားစရာTalk series ၃ပုဒ်မှာလဲ ဆရာ Soe Htet Aung က Speaker အဖြစ် ဆွေးနွေးပေးထားသေးတာမို့ Channel ကို Subscribe လုပ်ရင်း နားထောင်လိုက်ရအောင်နော်။

Subscribe to "Clinical Practice with Dr. Soe Htet Aung" :https://link.z-waka.com/N7rwJWySdbuAZn4VA

Talk Topic လေးတွေကတော့_
🔹 GP setting မှာ အဆစ်နာတဲ့လူနာတွေလာတဲ့အခါ ဘယ်အချိန်မှာ မှာ RA လို့ရောဂါအမည်တပ်မလဲ?
🔹 Gout နဲ့ပတ်သက်ပြီး ကြုံရတဲ့အခါ မှားတတ်တဲ့ Pitfalls
🔹 Mental illnessကြောင့် ဝေဒနာခံစားနေရတာလား ဒါမှမဟုတ် Organic Brain lesion ကလာတဲ့ ဝေဒနာလား ခွဲခြားဖို့ လက်တွေ့ Case Discussion စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေ ပါဝင်တာမို့ အခြားဆရာ၊ ဆရာမတွေကိုလဲ Z-waka မှာ စောင့်မျှော်ကြည့်ရှုနိုင်ပြီဆိုတဲ့အကြောင်း သတင်းစကားမျှဝေပေးပါဦးနော်။

Let’s watch the first talk “Encountering RA patients in GP” here: https://link.z-waka.com/yX41ju1cKayV28QM6

ဆရာ့ wall ပေါ်က “GP knowledge sharing” posts တွေကိုလည်း Z-waka platform မှာတစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်လည်စုစည်းတင်ဆက်ပေးနေပါပြီ။

17/07/2025

ခွေးလေးတွေကိုနို့နဲ့နို့ထွက်ပစ္စည်းမကျွေးဖို့ ပြောတုန်းက တချို့တွေက "သူတို့ခွေးလေးတွေဆိုရင်မွေးကတည်းကတိုက်လာတာ ဘာမှမဖြစ်ဘူး" ဆိုပြီးလာပြောကြတယ်။

🔺 အရင်တုန်းကတိုက်လို့မပြဿနာရှိဘူး ဆိုပေမယ့် အချိန်ကြာရင် အူလမ်းကြောင်းပျက်စီးနိုင်ပါတယ်။ ခွေးကလေးဟာ အသက်ရှည်ရှည်နေနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

ကျွန်တော်သေချာလေး ပြောပြပေးပါမယ်။

နွားနို့ကဲ့သို့ နို့ထွက်ပစ္စည်းတွေကိုခွေးလေးတွေကိုမကျွေးဖို့ဘာကြောင့် ပြောနေရတာလဲ?

➡️ ခွေးအများစုဟာ အရွယ်ရောက်လာတဲ့အခါ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ (Lactose) ကိုချေဖျက်နိုင်တဲ့ enzymes (Lactase) ဟာ နည်းသွားပြီး မချေဖျက်နိုင်တော့ပါဘူး။

ဆိုးကျိုးအနေနဲ့ ကလေးဟာ ၀မ်းလျှော၊ ၀မ်းပျက်တာ၊ အန်တာ တွေ ဖြစ်နိုင်ပါတယ်။

➡️ တချို့ခွေးတွေက နို့ထဲမှာ ပါ၀င်တဲ့ casein , whey လိုမျိုး proteins ဓာတ်တွေနဲ့ မတည့်တာမျိုး ဖြစ်တတ်ပါတယ်။

ဆိုးကျိုးကတော့ ယားယံ၊ အရေပြားနီရဲ တာမျိုးတွေဖြစ်တတ်ပါတယ်။

➡️ ခွေးအကြီးမျိုးစိတ်‌တွေထက် ခွေးအသေးစားမျိုးစိတ်တွေမှာ ပိုဖြစ်တတ်ပါတယ်။

➡️ တိုက်ချင်တယ်ဆိုရင် မိခင်နို့ ဒါမှမဟုတ် သူတို့လေးတွေအတွက်သီးသန့်ထုတ်ထားတဲ့ နို့ဘူးတွေကိုသာ တိုက်ကျွေးတာက ကျန်းမာရေးအတွက် ပိုမိုစိတ်ချရပါတယ်။

💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။

📌သင့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး online ဆေးခန်းပြကာ အသေးစိတ်ဆွေးနွေး လိုပါက page messenger တွင်လာရောက်ပြသဆွေးနွေးနိုင်ပါပြီ။



04/06/2023

သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပြလိုက်တယ်။ သူက ငယ်သေးတော့ စာမဖတ်တတ်သေးဘူး။ အမေဟာ စာအိတ်ကို ဖွင့်ဖတ်လိုက်တယ်။

ပြီးတော့ အယ်ဒီဆင်ကြားအောင် စာကို အော်ပြီး ဖတ်ပြလိုက်တယ်။–

“အမရဲ့ သားဟာ အလွန်ဉာဏ်ထက်မြက်ပြီး ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”

အဲဒီအချိန်ကစပြီး သူ့ကို အမေက အိမ်မှာပဲ စာသင်ပေးပါတယ်။ နှစ်ပေါင်းများစွာ ကြာတော့ သူ့အမေ ကွယ်လွန်သွားတယ်။ မကြာခင်မှာပဲ အယ်ဒီဆင်ဟာ ကမ္ဘာပေါ်မှာ ထင်ရှားအောင်မြင်တဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

တစ်ရက်မှာ သူဟာ သူ့အမေရဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာတစ်လုံးကို ဖွင့်ပြီး ဘာတွေ ရှိသလဲဆိုတာ ကြည့်လိုက်တယ်။

အဝတ်အစားဟောင်းတွေနဲ့ ဝါကျင့်ကျင့်ဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ စာလေးတစ်စောင်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။

စာမှာ ရေးထားတာက.....

“အမရဲ့ သားဟာ ဉာဏ်ရည်အလွန်နိမ့်ပါးနေပါတယ်။ သူ တစ်သက်လုံး စာတတ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ကျောင်းမှာ သူ့ကို လက်မခံနိုင်လို့ ဒီနေ့က စပြီး ကျောင်းထုတ်လိုက်ပါပြီ”

အယ်ဒီဆင်ဟာ စာကို ဖတ်ပြီး ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုလိုက်ပါတယ်။ သူ့ကို တသက်လုံး လိမ်သွားတဲ့ အမေကို စိတ်မနာနိုင်ပါဘူး။

သူ့အမေဟာ သူ့ကို သင်ပြပေးခဲ့လို့ သူဟာ အခုလို ထင်ရှားကျော်ကြားတဲ့ တီထွင်ပညာရှင်ကြီး ဖြစ်လာတယ်ဆိုတာကို သူ ကောင်းကောင်းသိတယ်။

အဲဒီညမှာပဲ သူက သူ့ဒိုင်ယာရီစာအုပ်မှာ ခုလို ရေးမှတ်လိုက်ပါတယ်။–

‘သောမတ်စ်အယ်ဒီဆင်ဟာ ဉာဏ်ရည်အလွန်နိမ့်ပါးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အမေက သူ့ကို ကမ္ဘာပေါ်မှာ အလွန်ဉာဏ်ထက်မြက်ပြီး တီထွင်တတ်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်’

မိဘတွေကို မှာချင်ပါတယ်.....

ခင်ဗျားတို့ ကလေးတွေကို ကျောင်းက ဆရာ ဆရာမတွေ၊ တခြားလူတွေက ဉာဏ်ထိုင်းတယ်၊ စာသင်လို့ မရဘူးလို့ ပြောရင် လွယ်လွယ်နဲ့ မယုံလိုက်ပါနဲ့။ ကလေးတွေရဲ့ အနာဂတ်ကို မိဘတွေ ပြောင်းလဲပေးလို့ ရတယ်ဆိုတာကို သိထားစေချင်ပါတယ်။

credit:
ဆရာဗန်းမော်သိန်းဖေ

ရာသီဥတုက အရမ်းပူလို့ စိတ်ညစ်နေပြီလား ??? ပူပြင်းတဲ့နွေရာသီကို အံတုဖို့ ကမ်းခြေ အပန်းဖြေ သွားမယ် လေ >> Buffet Breakfast>>...
18/04/2023

ရာသီဥတုက အရမ်းပူလို့ စိတ်ညစ်နေပြီလား ???
ပူပြင်းတဲ့နွေရာသီကို အံတုဖို့ ကမ်းခြေ အပန်းဖြေ သွားမယ် လေ >> Buffet Breakfast
>>> Swimming Pool
>>> Pool Bar
>>> Hotel Restaurant For Dining
>>> Free Bicycle

Payment type ကိုလည်း ဧည့်သည်များအဆင်ပြေဖို့အတွက်
50% Cash + ကျန် 50% ကို Bank Transfer ( AYA / KBZ ) , KBZ Pay များဖြင့်လည်းပေးဆောင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်
ပိတ်ရက်အမှီ..Bookingလေးတွေ တင်မယ်ဆိုရင်တော့…

Please call for Booking
Yangon Sales & Reservation :
09250652055
Ngwe Saung Front Office :
09424443289/ 09880141189

Address

Yankin
Yankin

Telephone

+959402200775

Website

Alerts

Be the first to know and let us send you an email when Say Swan USA Supplement Health & Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Say Swan USA Supplement Health & Wellness:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

About Us

Welcome to Ngwe Saung Beach!

We warmly welcome you to enjoy a unique stay in JL Lodge, a new hotel designed to meet all your needs. Experience the Myanmar traditional design in our bungalow type hotel located on a hill, just a close distance to all the popular areas of Ngwe Saung. There are 34 rooms classified into 5 different categories. All rooms are beautifully finished in traditional Myanmar style. o Royal Deluxe o Sea-view Deluxe o Garden-view Deluxe o Superior

Hotel Facilities o 24 hour Reception, Room Service, Security, Electricity o Swimming Pool, Kid Pool o Free parking o Complimentary Wi-Fi in Main Lobby and Restaurant o Laundry Service o Restaurant and Pool Bar o Group Garden party (on request) o A Romantic and private dinner for two (on request) o Car and bicycle rental

Room Facilities o LCD television with 10 channel satellite connection o Mini bar o Hair dryer o Complimentary purified drinking water, tea and coffee o PAPX Telephone line o All rooms except superior room with balcony viewing the beach and garden from the hill o Individually controlled air-conditioning (01:00 PM to 03:00 PM & 06:00 PM to 06:00 AM) o Water Heater