Hsu Myat Moe

Hsu Myat Moe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu Myat Moe, Medical and health, ပဲခူးစုလမ်း, .

“ ဖူးစာကံကြမ္မာ “ အတွဲ(၂)Love Destiny 2 (2023)၁၇ ရာစုကို တကျော့ပြန်လို့ ဦးရဲ့အသဲကိုခြွေမယ့် မယ့်ကာလကိတ်ရဲ့ Love Destiny ...
26/10/2023

“ ဖူးစာကံကြမ္မာ “ အတွဲ(၂)

Love Destiny 2 (2023)

၁၇ ရာစုကို တကျော့ပြန်လို့ ဦးရဲ့အသဲကိုခြွေမယ့် မယ့်ကာလကိတ်ရဲ့ Love Destiny 2 လေး ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ မမBellaနဲ့ P'Popeရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့စီးရီးရဲ့အဆက်ဖြစ်တဲ့အပြင် မမBellaကို နှစ်ကိုယ်ခွဲအနေနဲ့မြင်ရမှာဖြစ်လို့ လက်လွတ်မခံသင့်တဲ့စီးရီးဆိုလည်းမမှားပါဘူး။

ဖူတန်/ကိတ်ဆူလန်/ကာလကိတ် အဖြစ် Bella Ranee
ရစ်/မွမ်/လွန် အဖြစ် Pope Thanawat

ဇာတ်လမ်းအကျဉ်း

၂၀၁၈ မှာထွက်ရှိထားတဲ့ Love Destiny 1ရဲ့ ၁၇ ရာစုက အချစ်ဇာတ်လမ်းလေးအပြီးမှာတော့ အချိန်တွေဆက်လက်ကုန်လွန်လို့ ၂၁ ရာစု မျက်မှောက်ခေတ်က ဖူထန်ဆိုတဲ့မိန်းကလေးဟာ ထူးဆန်းတဲ့ ရှေးဟောင်းကျမ်းစာတစ်ခုကို ရှာတွေ့ရာကနေ တစ်ဖန် ရှေးခေတ်ကိုရောက်လာပြန်ပြီး အတွဲ ၁ မှာ ၁၇ ရာစုရောက်နေတဲ့ မယ့်ကလာကိတ် တစ်ဖြစ်လည်း ကိတ်ဆူလန်နဲ့ လာဆုံဖို့ဖြစ်လာပါတော့တယ်။

အနာဂတ်ကနေ ရောက်လာတဲ့အပြင် အမေဖြစ်သူနဲ့ ချွတ်စွပ်သူနေတဲ့ ဖူတန်တစ်ယောက် မယ့်ကာလကိတ်ရဲ့သားဖြစ်တဲ့ ရစ်ရဲ့အာရုံကို အပြည့်အဝဖမ်းစားလိုက်တဲ့အခါမှာတော့...

မယ့်ဖူတန်ကရော ကိတ်ဆူလန်လိုပဲ အချစ်အတွက်အရာရာကိုစတေးပြီး ၁၇ ရာစုမှာဆက်နေဖို့ရွေးမှာလား။ မျက်မှောက်ခေတ်ကလူတစ်ယောက်အတွက် ရှေးခေတ်မှာတွေ့ရမယ့်ပြဿနာမျိုးစုံကို ဘယ်လိုဖြေရှင်းသွားမလဲ။ ဒီလို ၁၇ ရာစုမှာ တဝဲလည်လည်ဖြစ်နေတဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာကို ၂၀၂၃ ရဲ့ အကောင်းဆုံးစီးရီးဖြစ်လာမယ်လို့ လူပြောများနေတဲ့ Love Destiny S2
ကို Ash နဲ့ အတူ ကြည့်ရှုလိုက်ရအောင်ပါ။

( ဇာတ်လမ်းအကျဉ်းကို Zicky မှ ရေးသားပေးထားပါတယ် )

Subtitle By - Ash Team
Encode By - Myint Thu

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်




#ဖူးစာကံကြမ္မာအတွဲ၂
#ဖူးစာကံကြမ္မာ
"

အပိုင်း 1
https://t.me/ashchannel003/7102
အပိုင်း 2
https://t.me/ashchannel003/7112
အပိုင်း 3
https://t.me/ashchannel003/7222
အပိုင်း 4
https://t.me/ashchannel003/7253
အပိုင်း 5
https://t.me/ashchannel003/7325
အပိုင်း 6
https://t.me/ashchannel003/7336
အပိုင်း 7
https://t.me/ashchannel003/7355
အပိုင်း 8
https://t.me/ashchannel003/7458

လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လ...
21/10/2023

လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။
အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။
ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။
သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။
ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့်
ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။
လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။
ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။
နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ…
မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။
ကရက်စနာက သရဲတွေကို ‌မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး
အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။
ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။
အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ
သူတို့က‌ရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။



https://t.me/c/1690607750/585

Ugram 2023ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်ပရိသတ်ကြီးတို့ နေ့မြင်ညပျောက...
21/10/2023

Ugram 2023

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်
ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ
သဘောပေါက်ထားကြပါလိမ့်မယ် ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်
ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ
နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်
မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ ဒါမှမဟုတ်
မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား
ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့
ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့

ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား
ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးပါ
https://t.me/c/1808141364/3880

Thunivu (2023)============အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီးAjith Kumar (အဂျစ်...
21/10/2023

Thunivu (2023)
============
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီး
Ajith Kumar (အဂျစ်ကူမား)ရဲ့ ရုံတင်ငွေ ၂၅၀ကုဋေထိ ပြန်လည်အမြတ်ရရှိထားတဲ့ အက်ရှင်ကားကောင်းတခုပဲဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီး
ဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။

သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ သူဟာ ရဲလည်း မဟုတ်
စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။

ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့
လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။Thunivu (2023)

https://t.me/c/1808141364/3903

Address

ပဲခူးစုလမ်း

Website

Alerts

Be the first to know and let us send you an email when Hsu Myat Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram