
04/12/2023
📌အမျိုးသမီးတို့ သတိထားဖို့
📌လေဒီတို့ သိထားရမဲ့ ရာသီလာချိန်သတိပြုစရာ
လစဉ် ရာသီလာစဉ်ကိုက်ခဲမှုဟာ တကယ်တော့ ကျွန်မတို့အမျိုးသမီးတွေအတွက် အိမ်မက်ဆိုးကြီးတစ်ခုလိုပါဘဲ !!!
ယခုလို အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီးယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးမှာ အမျိုးသမီးများ လစဉ်နာကျင်မှု ဒဏ်ကနေ ကင်းဝေးပြီး တက်ကြွလှပနေဖို့လဲ အရေးကြီးတာပေါ့…။
စားသုံးသင့်သော အစားအစာများ☘️🌿🍏🍑🥝
(၁) ရေများများသောက်ပေးပါ💧💦
တစ်နေ့ကို ရေ (၆) ခွက်မှ (၈) ခွက် အထိ သောက်သုံးခြင်းဖြင့် ရာသီလာချိန် ဖောရောင်ခြင်း၊ အစာမကြေခြင်းတို့ကို သက်သာစေပါတယ်။ အထူးသဖြင့် သံပယိုသီး၊ သခွားသီး၊ mints တို့နှင့် ရောနှောကာ ပူပူလေးသောက်ပေးပါက ပိုမို သက်သာစေပါတယ်။ အရည်ရွမ်းသော အသီးတွေဖြစ်တဲ့ သခွားသီး၊ ဖရဲသီးတို့ကိုလဲ စားသုံးသင့်ပါတယ်။
(၂) အစိမ်းရောင် ရှိသော အသီးအရွက်များ🥝🍌🥒🥦
ရာသီလာတဲ့ အခါတိုင်းတွင် ခန္ဓာကိုယ်မှ သံဓါတ်ဆုံးရှုံးပြီး ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နှုံးခြင်းတို့ကို ကာကွယ်ရန်အတွက် ကိုက်လန်၊ ဟင်းနုနွယ်ရွက်၊ broccoli တို့ကို စားသုံးပေးပါ။
(၃) Vitamin ကြွယ်ဝသော အသီးအနှံများ🍌🥦🥝🥬
ဌက်ပျောသီးတွင် Vitamin B6 နှင့် potassium ကြွယ်ဝတာကြောင့် ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းတို့ကို သက်သာစေပါတယ်။
နာနတ်သီးတွင် Bromelain ဆိုတဲ့ enzymes ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို ကုစားပေးပါတယ်။
ကီဝီအသီးမှာတော့ Actinidin ဆိုတဲ့ Enzymes ပါဝင်တာကြောင့် protein တွေကို ချေဖျက်ရာမှာ အထောက်အကူပြုစေပါတယ်။
(၄) Calcium ကြွယ်ဝသော အစားအစာများ🥚🍯
ဇီယာစေ့နှင့် အစိမ်းအရောင်ပါသော အသီးအရွက်များဆီကလဲ Calcium ကို ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။
(၅) Magnesium ကြွယ်ဝသော အစားအစာများ🥑🍍🍒
Magnesium ဓါတ်က သွေးကြောတွေကို ပျော့ပျောင်းစေခြင်း၊ Serotonin ကို ထွက်စေခြင်းဖြင့် ကိုက်ခဲမှုကို သက်သာစေပါတယ်။
အစေ့အစံတွေဖြစ်တဲ့ သစ်ကြားသီး၊ ဗာဒံသီး (almond)၊ ဖရုံစေ့ တွေကို စားသုံးပေးပါ။
နံနက်စာကို Oatmeal ကို စားသုံးခြင်းဖြစ်လဲ Magnesium ဓါတ်ကို ကြွယ်ဝစွာ ရရှိစေတဲ့အပြင် အမျှင်ဓါတ်များတာကြောင့် ဝမ်းချုပ်တာကိုပါ သက်သာစေပါတယ်။
(၆) Ginger 🥐🍠
မပါမဖြစ်တဲ့ ဂျင်းရယ် သံပယိုသီးရယ် ရေနွေးရယ် ရောပြီးသောက်သုံးခြင်းကလဲ ကိုက်ခဲမှု ရောင်ရမ်းမှုတွေကို သက်သာစေမှာဖြစ်ပါတယ်။
(၇) Chamomile Tea၊ Lavender Tea၊ Rose Tea 🍵🍵
အခုအရမ်း ခေတ်စားနေတဲ့ Chamomile ပန်းခြောက် tea ကလဲ အတော်ကို သက်သာစေနိုင်ပါတယ်။
Chamomile Tea ၊ Lavender Tea၊ Rose Tea စတာတွေက Anxiety ကိုလျှော့ချပေးနိုင်ပြီး စိတ်ကြည်လို့ နာကျင်မှုလျော့နည်းစေတယ်လေ။
Commercially ထုတ်နေတာမို့ လွယ်ကူစွာ ဝယ်ယူသောက်သုံးနိုင်ပါတယ်။
(၈) နနွင်း🍠🥔
နနွင်းဟာလဲ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။
(၉) Flaxseed နှမ်းကြတ်စေ့/ Salmon 🍣🍱
Omega 3 ကြွယ်ဝတဲ့ Flaxseed, Salmon 🍣 တို့ဟာလဲ ရောင်ရမ်းခြင်း ဖောခြင်းတို့ကို သက်သာစေမှာဖြစ်ပါတယ်။ Flaxseed ဟာ အမျှဉ်ဓါတ်များခြင်း၊ ဟော်မုန်းထိန်းညှိပေးခြင်းစတဲ့ ကောင်းကျိုးတွေလဲ ပေးနိုင်ပါသေးတယ်။
(၁၀) လေ့ကျင့်ခန်း🧎♂️🏃♀️🏃
ရာသီလာချိန်မှာ ပုံမှန်လုပ်နေကျ လေ့ကျင်းခန်းတွေကို လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ Endorphin ထွက်ခြင်းနှင့် ပျော့ပြောင်းခြင်းတို့ကိုဖြစ်စေပါတယ်။
ဖြည်းဖြည်းမှန်မှန် work out လုပ်တာ ၊ Yoga လေ့ကျင့်တာ စသဖြင့်ပေါ့…။
(၁၁) Heat and massage 💆💆♀️
ရေနွေးအိတ်၊ ရေနွေးဗူး တို့ကို ဗိုက်ပေါ်တွင် ကပ်ထားပေးခြင်း၊ ရေနွးပူူဖြင့် ရေချို့ခြင်း ရေစိမ်ခြင်း တို့ဟာလဲ သိသာစွာ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် lavender oil, olive oil တို့နှင့် ဝမ်းဗိုက်နေရာကို နှိပ်နယ်ပေးခြင်းကလဲ သက်သာစေမှာဖြစ်ပါတယ်။
(၁၂) အိပ်ရေးဝစွာအိပ်ပါ😴😴😴
(၁၃) ဆေး💊💉💊
Mefenamic acid, ibuprofen, aspirin တို့ကို အစာနှင့်တွဲ၍ ရာသီစလာသည်နှင့် သောက်ခြင်းဖြင့်လဲ သက်သာစေပါတယ်။
ရာသီလာချိန်ရှောင်သင့်သော အစားအစာများ🥃🍺🍿🍔
(၁) Alcohol
(၂) အသင့်စား ဆီကြော်များ
(၃) Caffeine
(၄) Soda ပါသော အစားအစာများ
(၅) ငန်လွန်းချိုလွန်း ဖန်လွန်းသော အစားအစာများ
ကဲ လေဒီတို့…
လစဉ်တိုင်း နာကျင်ကိုက်ခဲကင်းကင်းနဲ့ လန်းဆန်းတက်ကြွ အလှကြွယ်နိုင်ကြပါစေ…။ ။
Credit - DrWaiPhyo လေးစားစွာဖြင့်
#မြန်မာ့ဟန်rosegreentea