Positive Vibes - Minn Naing

Positive Vibes - Minn Naing လေ့လာ သင်ယူရင်း / မျှဝေရင်း

ကိုယ့်ရဲ့ ဝမ်းနည်းစရာတွေ၊ ပြဿနာတွေကို လူတိုင်းကို မပြောပါနဲ့ကိုယ့်ဘဝမှာ အခက်အခဲတွေ၊ ဝမ်းနည်းစရာတွေ ကြုံလာရင် တစ်ယောက်ယော...
09/04/2026

ကိုယ့်ရဲ့ ဝမ်းနည်းစရာတွေ၊ ပြဿနာတွေကို လူတိုင်းကို မပြောပါနဲ့

ကိုယ့်ဘဝမှာ အခက်အခဲတွေ၊ ဝမ်းနည်းစရာတွေ ကြုံလာရင် တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် ခဏတော့ သက်သာသွားနိုင်ပါတယ်။

ဒါပေမဲ့ လူတွေ မင်းရဲ့ပြဿနာတွေကို သိသွားတဲ့အခါ သူတို့က ကူညီဖို့ထက် မင်းကို အားနည်းသူ၊ ပျော့ညံ့သူ လို့ မြင်လာတတ်ပါတယ်။

ပိုဆိုးတာက မင်းကို မနာလိုသူတွေ၊
မင်းရဲ့ ပြိုင်ဘက်တွေက အဲဒီ အခက်အခဲတွေကို မင်းရဲ့ အားနည်းချက်အဖြစ် သုံးပြီး မင်းကို ထိုးနှက်ကြလိမ့်မယ်။




ကိုယ့်ကို လူတွေ အထင်ကြီးလာအောင်ကြိုးစား အားထုတ်တာဟာကိုယ့်ရဲ့ စွမ်းအင် (Energy) တွေကိုအလဟဿ ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ....B...
21/02/2026

ကိုယ့်ကို လူတွေ အထင်ကြီးလာအောင်
ကြိုးစား အားထုတ်တာဟာ
ကိုယ့်ရဲ့ စွမ်းအင် (Energy) တွေကို
အလဟဿ ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ....

Be Who you are!



#ဘဝသင်္ခန်းစာ

ဘဝမှာ ကိုယ်က ဘယ်လိုပဲကောင်းအောင် နေနေ/ဘယ်လောက်ပဲတော်နေနေကိုယ့်ကို ဘယ်တော့မှ အထင်မကြီးမယ့်လူတွေအမြဲ ရှိနေမယ်ဆိုတာကိုမကြို...
19/02/2026

ဘဝမှာ ကိုယ်က ဘယ်လိုပဲကောင်းအောင် နေနေ/
ဘယ်လောက်ပဲတော်နေနေ
ကိုယ့်ကို ဘယ်တော့မှ အထင်မကြီးမယ့်လူတွေ
အမြဲ ရှိနေမယ်ဆိုတာကို
မကြိုက်ရင်လည်း လက်ခံရမှာ။




#ဘဝသင်္ခန်းစာ

စင်ကာပူနိုင်ငံမှာ ဆေ:ရုံ.တ.က်နေတဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ ဗီ.ဒီ.ယို.ကော.လ်ပြောပြီး ဂါရဝပြုခဲ့တဲ့ Walk for Peace ဆရာ...
11/02/2026

စင်ကာပူနိုင်ငံမှာ ဆေ:ရုံ.တ.က်နေတဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ ဗီ.ဒီ.ယို.ကော.လ်ပြောပြီး ဂါရဝပြုခဲ့တဲ့ Walk for Peace ဆရာတော် အရှင်ပညာကာရ

ရွှေဘုန်းပွင့် ဆရာတော်က "ဒီနေ့တော့စိတ်အားတက်စရာအခိုက်အတန့်လေးတစ်ခုအကြောင်းပြောပြမလို့ပါ မနေ့ညက ကျနုပ်နှင့် အရှင်ပညာကာရတို့အိပ်စက်အနားယူမည့်အခန်းဆီတို့ ရွှေသင်းဆရာတော်နှင့်ပါချုပ်ဆရာတော်ကြီး၏တပည့်ဖြစ်သူ အရှင်ဇဝနတို့ အလည်အပတ်ရောက်လာခဲ့ကြသည် အရှင်ဇဝနမှ အရှင်ပညာကာရအား ပါချုပ်ဆရာတော်ကြီးလဲ အရှင်ဘုရားတို့ခရီးစဉ်ဗီ.ဒီ.ယိုရု.ပ်သံ.တွေကြည့်ပြီးအားပေးနေတယ်လို့လျှောက်ထားပြီး ဆရာတော်ကြီးဆီဖုန်းခေါ်ကာ အရှင်ပညာကာရနှင့်ပါချုပ်ဆရာတော်ကြီးတို့ ဗီ.ဒီ.ယို.ကောလ်ဖြင့်စကားပြောဆိုကြပါတယ်။
မာကြောင်းသာကြောင်း အပြန်လှန်မေးကြပြီး ဆရာတော်ကြီးမှ အရှင်ပညာကာရကို ဒီခရီးစဉ်ကအလွန်မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး လူတွေလိုအပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ စိတ်ကနေစပြီးပြောင်းလဲဖို့လိုအပ်ကြောင်း လက်တွေ့ကျကျလုပ်မှ ငြိမ်းချမ်းခြင်းကိုရနိုင်မှာဖြစ်ကြောင်း ဆရာတော်ကြီးကိုယ်တိုင်ကလဲ အခုလို walk for peace လမ်းလျှောက်ခရီးစဉ်အတွက် အလွန်အားရပါကြောင်း မိန့်ပါတယ်။
အရှင်ပညာကာရမှလဲ သူ့ရဲ့လုပ်ဆောင်မှုကြောင့် လူတွေ ဗုဒ္ဓဘာသာကို ပိုပြီး ဂရုစိုက်မိလာတာကိုပဲကြေနပ်ပါကြောင်းနှင့် ဆရာတော်ကြီးဆီကို မကြာသောအချိန်မှာ ထပ်မံလာရောက် တွေ့ဆုံပါမည့်အကြောင်းကိုလျှောက်ထားပါတယ်. ထို့နောက် ဆရာတော်ကြီးမှ အရှင်ပညာကာရ ဦးစီးလုပ်ဆောင်နေတဲ့ ဓမ္မစေတီ (ပိဋကတ်ကျောက်စာစေတီ) စီမံကိန်းအကြောင်းကိုလဲမေးပါသည်. ပါချုပ်ဆရာတော်ကြီးသည် ယခုအခါ စင်္ကာပူဆေ:ရုံ.တွင်ခါ:အရို:ခွဲ-စိ-တ်မှုပြုလုပ်ထားရပါသဖြင့် လူ-နာ-ကုတင်ပေါ်ကနေပဲ စကားပြောဆိုပါသည်. ထို့နောက် အရှင်ပညာကာရမှ ဆရာတော်ကြီး အရမ်းပင်ပန်းနေပါ့မယ် နားပါဦး တပည့်တော် ဆရာတော်ကြီးဆီ လာရောက်ပါဦးမည်ပြောဆိုလျှောက်ထားပါသည်.
ထို့နောက် အရှင်ဇဝနမှ ကျနုပ်ဘက်ကို ဖုန်းလှည့်ပေးပြီး ဆရာတာ်ကြီးနှင့် မိတ်ဆက်ပေးပါသည်. ဆရာတော်ကြီးမှ ကျနုပ်အား ဘယ်ပြည်နယ်မှာနေလဲ ဘယ်လောက်ကြာပြီးလဲ ဘယ်မှာစာသင်ခဲ့လဲ စသည်မေးပြီး ဒီခရီးစဉ်မှ အတွေ့အကြုံအချို့ကိုမေးပါတယ်.
ဆရာတော်ကြီးမှ အရှင်ဘုရားတို့ ငယ်ရွယ်စဉ်မှာ လုပ်နိုင်သမျှလုပ်ထားကြဖို့ သူကိုယ်တိုင်လဲ ဒီအသက်အရွယ်ထိ လုပ်နိုင်သမျှကိုလုပ်နေသေးကြောင်းလဲမိန့်ပါတယ်. ထို့နောက်ဆရာတော်ကြီးက သူလွန်ခဲ့တဲ့ အနှစ် (၂၀) က ဂျာမန်လူတစ်ရောက်နှင့် သင်တန်းပို့ချရင်း စကားပြောမိကြတော့ တစ်ချိန်ကြရင် ဗုဒ္ဓဘာသာကို အနောက်တိုင်းသားတွေကပိုပြီးစိတ်ဝင်စားလာမှာကိုသူတွေးမိကြောင်းပြောဆိုမိခဲ့ကြပုံ အခုအဲအချိန်ကိုများရောက်လာနေပြီလားဟု သူတွေးနေမိခဲ့ပုံကိုမိန့်ပါတယ်.
ဗုဒ္ဓရဲ့ တရားတွေက လက်တွေ့ကျပြီး အကျိုးကိုလဲ လက်တွေ့ခံစားရလို့အနောက်တိုင်းကလူတွေနဲ့ပိုပြီး သဟဇာတကြကြောင်းမိန့်ပါတယ် အရှင်ပညာကာရက သူ့ကိုအမေရိကကိုကြွရောက်ဖို့အကြိမ်ကြိမ်ပင့်လို့ ကြွဖို့စိတ်ကူးနေတုန်း ဗီဇာအခ.က်.ခဲ.ကြုံလို့ မကြွဖြစ်သေးကြောင်းမိန့်ပါတယ်.
ဆရာတော်ကြီးက လူနာကုတင်ပေါ်က မကျန်းမ.မာ.ပေမဲ့ ဘာသာ သာသနာအတွက် စကားအတော်လေးပြောချင်တာကိုတွေ့ရပါတယ် ကျနုပ်ပဲစပြီး ဆရာတော်ကြီးဘုရား အရမ်းပင်ပန်းနေပါ့မယ် နားပါဦးဘုရား တပည့်တော်လဲ ဆရာတော်ကြီးကိုလာရောက်ကန်တော့နိုင်အောင် ကြိုးစားပါ့မယ်. ဆရာတော်ကြီးလဲ သာသနာတော်အတွက် အသ.က်ရှည်စွာနေပေးပါဘုရားလို့လျှောက်လိုက်တော့ ဆရာတော်ကြီးမှ ကံပေးသလောက်တော့နေရမှာပဲလေလို့ပြုံးပြုံးလေးမိန့်ပြီး ကျနုပ်တို့မှ ပါချုပ်ဆရာတော်ကြီးအား ဦးသုံးကြိမ်.ချ. နှုတ်ဆက်ကန်တော့လိုက်ပါသည်." လို့ မိန့်ကြားပြောပြလာခဲ့တာ ဖြစ်ပါတယ်.

16/12/2025

#အချစ်ပင်


#ပုံရိပ်


#အိပ်မက်များမကောင်းဘူးဒီရက်ထဲ
#သိပ်ချစ်တဲ့အမျိုးသမီးလေး
#ဒီမနက်ခင်းတွေကြားသက်ပြင်းတွေချ

"ပထမဆုံးခြေလှမ်းက အခက်ခဲဆုံးပဲ" 📌 ကျွန်တော်တို့တွေ ဘဝမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတဲ့အခါ "ငါ မလုပ်နိုင်တော့ဘူး၊ င...
03/12/2025

"ပထမဆုံးခြေလှမ်းက အခက်ခဲဆုံးပဲ" 📌

ကျွန်တော်တို့တွေ ဘဝမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတဲ့အခါ "ငါ မလုပ်နိုင်တော့ဘူး၊ ငါ့မှာ အားမရှိတော့ဘူး" လို့ ညည်းတွားမိတတ်ကြတယ်။
ဒါပေမဲ့ ခဏလောက် ပြန်စဉ်းစားကြည့်ပါဦး ။ လူတစ်ယောက်ရဲ့ ဘဝမှာ အခက်ခဲဆုံးအချိန်၊ အကြီးမားဆုံး စိန်ခေါ်မှုဆိုတာ ဘယ်အချိန်ကလဲ။ 💥
အဲဒါဟာ... "ကျွန်တော်တို့ လမ်းစလျှောက်ခဲ့တဲ့ ကလေးဘဝ အရွယ်" တုန်းကပါ။

စဉ်းစားကြည့်ပါဦး။ ⚡
လူ့လောကထဲ ရောက်ကာစ၊ ဘာမှ နားမလည်သေးတဲ့ ကလေးငယ်လေးတစ်ယောက်။ ခြေထောက်ကြွက်သားတွေက မသန်မာသေးဘူး။ ဟန်ချက် (Balance) ဆိုတာ ဘာမှန်းမသိသေးဘူး။ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အား (Gravity) ကို ဆန့်ကျင်ပြီး ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို မတ်တပ်ရပ်ဖို့ ကြိုးစားရတာဟာ အဲဒီအရွယ်အတွက်တော့ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ မစ်ရှင် (Mission) တစ်ခုပါ။ 🔰

ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်တို့ ဘာလုပ်ခဲ့ကြသလဲ။
တစ်ချက် မတ်တပ်ရပ်တယ်၊ "ဒုန်း" ခနဲ လဲကျတယ်။ နာတယ်။ ငိုတယ်။
ဒါပေမဲ့... "တော်ပါပြီကွာ... ငါ လမ်းမလျှောက်တော့ပါဘူး၊ ဒီတိုင်းပဲ လေးဖက်ထောက် သွားတော့မယ်" လို့ စိတ်လျှော့လိုက်တဲ့ကလေး ဘယ်နှစ်ယောက်ရှိလဲ။
တစ်ယောက်မှ မရှိပါဘူး။❌
လဲကျသွားရင် ပြန်ထတယ်။ တစ်ခါလဲရင် တစ်ခါပြန်ထတယ်။ အခါတစ်ရာ လဲရင် အခါတစ်ရာ ပြန်ထတယ်။ ဒူးခေါင်းတွေ ပွန်းပဲ့မယ်၊ ခြေမျက်စိတွေ ပွန်းမယ်။ ခေါင်းတွေ နာမယ်။ ဒါပေမဲ့ "လမ်းလျှောက်မယ်" ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ လမ်းလျှောက်နိုင်ခဲ့ကြတယ်။ နောက်တော့ အာ့ထက်ပိုပြီး ပြေးနိုင်ခဲ့ကြတယ်။ ⚡

ဒါဟာ ဘာကို ပြနေသလဲဆိုတော့...
"ကျနော်တို့ဟာ မွေးကတည်းက အရှုံးမပေးတတ်တဲ့ DNA တွေ ပါလာပြီးသား" ဆိုတာပါပဲ။

ကြီးပြင်းလာတဲ့အခါမှာတော့ ပုံစံတွေ ပြောင်းသွားကြတယ်။
ကလေးအရွယ်တုန်းက ရုပ်ပိုင်းဆိုင်ရာ လဲကျမှုတွေကို ရင်ဆိုင်ခဲ့ရတာ။ အခု လူကြီးအရွယ်မှာတော့ စိတ်ပိုင်းဆိုင်ရာ လဲပြိုကျမှုတွေကို ရင်ဆိုင်နေရတာ ။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတော့ ကွာခြားပါတယ်။
စီးပွားရေး အဆင်မပြေတာ၊ အချစ်ရေး အဆင်မပြေတာ၊ မိသားစု ပြဿနာ၊ နိုင်ငံရေး မတည်ငြိမ်တာ... ဒါတွေအားလုံးက ကျွန်တော်တို့ကို တွန်းလှဲနေတဲ့ အရာတွေပါပဲ။ တချို့က လဲကျသွားတဲ့အခါ ကလေးဘဝတုန်းက စိတ်ဓာတ်ကို မေ့ပြီး "ငါ အရှုံးပေးလိုက်တော့မယ်" လို့ တွေးမိတတ်ကြတယ်။

ဒီမှာ မိတ်ဆွေ!
ခများဟာ တစ်ချိန်တုန်းက ဘာအားကိုးမှမရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အကြိမ်ကြိမ် လဲကျတာ ထိခိုက်ဒဏ်ရာရတာတွေကို အကြိမ်ကြိမ် ကျော်ဖြတ်နိုင်ခဲ့တဲ့ "သူရဲကောင်း" တစ်ယောက် ဆိုတာ မမေ့လိုက်ပါနဲ့။
အခက်အခဲဆိုတာ လူတိုင်း ရှိတာပါပဲ ။ ဒါပေမယ့် ခဏပါပဲ။
ခများ ကြားဖူးပြီးသား စကားတစ်ခွန်းကို ပြန်ပြောပါရစေ။
" လဲကျသွားတာက ပြဿနာ မဟုတ်ပါဘူး။ ပြန်မထဘဲ နေလိုက်မှသာ ပြဿနာပါ။"

ဘဝက ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ကံတရားက ဘယ်လောက်ပဲ မျက်နှာသာမပေးပါစေ... ခင်ဗျားမှာ "ပြန်ထနိုင်တဲ့ စွမ်းအား" ရှိပါတယ်။

ဘာအသိတရားမှ မရှိသေးတဲ့ ၊ ခွန်အားနည်းနည်းပဲ ရှိသေးတဲ့ ကလေးဘဝတုန်းကတောင် လုပ်နိုင်ခဲ့ရင်...
အခုလို အသိဉာဏ်နဲ့ ခွန်အားတွေ ပြည့်စုံနေတဲ့အချိန်မှာ ဘာလို့ မကျော်ဖြတ်နိုင်ရမှာလဲ။ အခက်ခဲတွေနဲ့ တွေ့ရတဲ့အခါ ကိုယ်လုပ်နိုင်ခဲ့တာတွေကို ပြန်တွေးကြည့်ပါ။

ဒီတော့...
ဖုန်တွေခါလိုက်ပါ။ မျက်ရည်တွေ သုတ်လိုက်ပါ။
ပြီးရင် အသက်ပြင်းပြင်းရှူပြီး ရှေ့ကို ဆက်လျှောက်ပါ။
ခင်ဗျားဟာ ခင်ဗျားထင်တာထက် ပိုပြီး သန်မာပါတယ်။
"လဲကျဖူးတာ ရှက်စရာ မဟုတ်ဘူး၊ ပြန်မထတာကသာ ရှက်စရာပါ"

Positive Vibes - Minn Naing
#မိုတီ

ညဘက် အိပ်ပျော်ဖို့ ခက်နေရင်....ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် ခန္ဓာကိုယ်ထဲမှာ အဓိက ကူညီပေးတဲ့ ဟော်မုန်း (၄) မျိုးနဲ့ ...
25/11/2025

ညဘက် အိပ်ပျော်ဖို့ ခက်နေရင်....

ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် ခန္ဓာကိုယ်ထဲမှာ အဓိက ကူညီပေးတဲ့ ဟော်မုန်း (၄) မျိုးနဲ့ ၎င်းတို့ကို ချက်ချင်း လှုံ့ဆော်လို့ရတဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ မယ်လတိုနင် (Melatonin)
ဒါက ခန္ဓာကိုယ်ကို "အိပ်ချိန်ရောက်ပြီ" လို့ အချက်ပြပေးတဲ့ ဟော်မုန်းပါ။ အလင်းရောင် နည်းသွားတဲ့အခါ ပိုမိုထုတ်လုပ်ပြီး၊ မျက်လုံးကို ငိုက်မြည်းစေကာ ဦးနှောက်ကို နှေးစေပြီး နှလုံးခုန်နှုန်းကိုပါ လျော့ကျစေပါတယ်။

မယ်လတိုနင် တိုးပွားစေရန်
အိပ်ရာမဝင်မီ အနည်းဆုံး (၁) နာရီအလိုတွင် အပြာရောင်အလင်းများ (ဖုန်း/ကွန်ပျူတာ/တီဗီ) ကို လျှော့ချပါ။
နွေးထွေးသော မီးရောင်ကိုသာ ဖွင့်ပါ သို့မဟုတ် အခန်းကို မှောင်နေပါစေ။

ချယ်ရီသီး၊ ငှက်ပျောသီး၊ နွားနို့နွေးနွေး တို့လို မယ်လတိုနင်ဖြစ်ပေါ်စေတဲ့ အစားအစာများကိုလည်း စားနိုင်ပါတယ် ။

နေ့စဉ်နေ့တိုင်း အချိန်မှန်မှန် အိပ်ရာဝင်ခြင်းဖြင့် ဇီဝနာရီ (Biological Clock) ကို တည်ငြိမ်အောင် ထိန်းညှိပါ။

၂။ စီရိုတိုနင် (Serotonin)
ဒါကတော့ မယ်လတိုနင်ရဲ့ မူလရင်းမြစ်ဖြစ်ပြီး "စိတ်ကောင်းစေသော ဟော်မုန်း" လည်း ဖြစ်ပါတယ်။ စီရိုတိုနင် ကောင်းရင် မယ်လတိုနင်လည်း ကောင်းပြီး ပိုပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

စီရိုတိုနင် တိုးပွားစေရန်:
မနက်ခင်းမှာ ၁၀ မိနစ် / ၁၅ မိနစ်ခန့် နေရောင်ခြည်ခံပါ
မိနစ် ၂၀ /၃၀ ခန့် လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

အုတ်ဂျုံ ၊ ပဲအမျိုးမျိုး၊ ကြက်ဥ တို့လို ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်များ ပါဝင်တဲ့ အစားအစာများ စားပါ။

သီချင်းနားထောင်ခြင်း၊ ငြိမ့်ညောင်းတဲ့ သံစဉ်များကို နားထောင်ခြင်း ၊ အိမ်မွေးတိရစ္ဆာန်များကို ပွတ်သပ်ပေးခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ဖြင့် စိတ်အပန်းဖြေပါ။

၃။ Gamma-Aminobutyric Acid
ဒါက ဦးနှောက်ရဲ့ “ခလုတ်ပိတ်” စေတဲ့ အာရုံကြော ပို့လွှတ်ဆေး ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုများကို လျှော့ချပြီး စိတ်ငြိမ်သက်စေပါတယ်။ Gamma-Aminobutyric Acid ကောင်းရင် အိပ်ပျော်လွယ်ပြီး ညဘက် တရေးနိုးတာမျိုး မရှိအောင် ကူညီပေးပါတယ်။

Gamma-Aminobutyric Acid တိုးပွားစေရန်:

ဝင်သက် ၄ စက္ကန့် / ထွက်သက် ၆ စက္ကန့် နည်းလမ်းဖြင့် အသက်ပြင်းပြင်းရှူပါ

ရှားစောင်းလက်ပတ် လက်ဖက်ရည် (သို့) ကဖင်းဓာတ်ထုတ်ထားသော လက်ဖက်စိမ်းနွေးနွေး သောက်ပါ။

အစိမ်းရောင်အရွက်များ၊ အာလူး၊ ပဲအမျိုးမျိုး တို့လို Gamma-Aminobutyric Acid ဖြစ်ပေါ်စေတဲ့ အစားအစာများ စားပါ။

အိပ်ရာမဝင်မီ ယောဂ သို့မဟုတ် ကိုယ်လက်ဆန့်ထုတ်ခြင်း (Stretching) အ​သေးစား လေ့ကျင့်ခန်း လုပ်ပါ။

၄။ အောက်ဆီတိုစင် (Oxytocin)
ဒါက ချစ်ခင်တွယ်တာမှုနှင့် နွေးထွေးမှုပေးသော ဟော်မုန်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ခန္ဓာကိုယ်ကို အိပ်စက်ဖို့ အသင့်ဖြစ်စေပါတယ်။

အောက်ဆီတိုစင် တိုးပွားစေရန်:

ချစ်ရသူကို ပွေ့ဖက်ပါ (သို့) အိပ်ရာခေါင်းအုံးနုနုကို ပွေ့ဖက်ပါ။

သင့်ကို စိတ်သက်သာရာရစေသော သူများနှင့် စကားပြောပါ။

အိပ်ရာမဝင်မီ ရေနွေးနွေးဖြင့် ရေချိုးပါ။

"မေတ္တာပို့ အာရုံပြုခြင်း" ကဲ့သို့ တရားထိုင်နည်းကို လေ့ကျင့်ပါ။

#ညဘက်_အိပ်မပျော်ရင်
#ကောင်းကောင်းအိပ်ပျော်ဖို့


#အိပ်ခြင်း

Address

Kluang
Johor Bahru

Website

Alerts

Be the first to know and let us send you an email when Positive Vibes - Minn Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share