U Hku

U Hku This page is mainly dedicated to share about knowledge for personal development, life and nature.

09/05/2025

ဖတ်ရှုကြည့်ပါ။အတွေးကောင်းတစ်ခုတော့ရမှာပါ။
Credit to နိုင်းနိုင်းစနေ

အလုပ်မှာ နီပေါနိုင်ငံသူတစ်ယောက်နဲ့ ကျွန်မခင်တယ်။ နေတဲ့ ရပ်ကွက်ကလည်း တူတော့ အလုပ်ပြန်ရင် အတူပြန်ဖြစ်တယ်။

ခင်ပြီး သိပ်မကြာဘူး... သူက ရထားထဲ ရောက်ရင် စာအုပ်ထုတ်ဖတ်လာတတ်တာကို ကျွန်မ သတိထားမိတယ်။ ဘာစာအုပ်တွေ ဖတ်သလဲ စပ်စုတော့ သူကလည်း အင်္ဂလိပ်စာတိုးတက်အောင် ငါအခု စာတွေဖတ်နေတယ် ပြောတယ်။ စာအုပ်ဖတ်တာ ကောင်းတဲ့အလုပ်လို့ ကျွန်မပြောပြပြီး သူ့ကို ဖတ်ဖို့ စာအုပ်တချို့နဲ့ မိတ်ဆက်ပေးတယ်၊ အိမ်မှာရှိတဲ့ စာအုပ်တချို့ ပေးတယ်။

သူက အခုမှ စာဖတ်စဆိုတော့ စိတ်ခွန်အားဖြစ်စေတဲ့ စာအုပ်တွေ ဖတ်နေတာ တွေ့တယ်။ ဖတ်ကျင့်ရလာရင် နင် ဝတ္ထု (novel) တွေ ဖတ်တတ်သွားလိမ့်မယ်လို့ ကျွန်မပြောတော့ သူက novel ဆိုတာ ဘာကို ပြောတာလဲ မေးတယ်။ ကျွန်မလည်း ကျွန်မသိသလောက် ပြောပြလိုက်တယ်။

သူက အားတာနဲ့ စာအုပ်ထုတ်ဖတ်တယ်။ ရထားပေါ်မှာ၊ အလုပ်တက်ဖို့ အချိန်လိုသေးရင်လည်း ဖတ်တယ်။

တစ်ရက်မှာ အိမ်အတူပြန်ရင်း ဘာစာအုပ်တွေ ထပ်ဖတ်ဖြစ်နေလဲလို့ သူ့ကို ကျွန်မမေးတော့ သူက .. "မီးမီး စာအုပ်တွေ ဖတ်ရင်း ငါ့အတွေးတွေ တော်တော်ပြောင်းသွားတယ် သိလား.. အရင်ကဆို ငါတော်တော်ဆိုးတာ .. တစ်ခုခုဆို ပြဿနာတက် ငြင်းခုံရတယ်.. မန်နေဂျာတွေနဲ့လည်း ငါအပြိုင်ငြင်းတယ်.. မကောင်းမြင်စိတ် များတယ်" လို့ ပြောတယ်။

ကျွန်မလည်း သူ့အကြောင်း နည်းနည်း သိထား ကြားထားတယ်။ သူတွဲနေတဲ့ သူနဲ့ ထမင်းအတူစား၊ အတူနားတဲ့ မိန်းမကြီးတစ်ယောက် ရှိတယ်။ အဲမိန်းမကြီးက အတွေးဆိုးတွေ ဝင်အောင် ဘေးကနေ ဆွပေး၊ သွေးထိုးပေးတတ်တာကို ကျွန်မသတိထားမိတယ်။

သူ့ကိုတော့ အဲမိန်းမကြီးနဲ့ မပေါင်းနဲ့လို့ ကလေးဆန်ဆန် ကျွန်မ မပြောပါဘူး။ အပျက်ဆောင်တဲ့စကား၊ ညည်းညူတဲ့စကားကို နေ့တိုင်း ကြားနေရင် ကိုယ့်စိတ်ထဲ အတွေးထဲ အပျက်ဆောင် ခံစားချက်တွေ ဝင်လာနိုင်တယ်၊ စာဖတ်တာက ကိုယ့်ကို အတွေးကောင်းတွေ ပေါ်စေတယ်၊ တွေးတောဆင်ခြင်တတ်စေတယ်၊ အမှားအမှန် သိစေတယ်၊ ကိုယ်ချင်းစာတတ်စေတယ်... ဘာညာ ကျွန်မပြောတာပေါ့။

ဒီနောက်ပိုင်း အဲမိန်းမကြီးနဲ့ သူ ထမင်းအတူ ထိုင်မစားတော့တာ တွေ့မိတယ်၊ ကွန်းပလိုင်းတက်တာမျိုးလည်း သိပ်မရှိတော့ဘူး။ သူတို့က လူချင်း မတည့်တော့တာ မဟုတ်ဘဲ စိတ်ချင်း မတည့်တော့လို့ ပြောစရာစကားတွေ နည်းသွားတာဖြစ်မယ်။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလဒ်ထဲက တစ်ခုပေါ့။ မကောင်းတာကို မကောင်းမှန်း ဆင်ခြင် တွေးတောတတ်သွားတယ်။ စိတ်ရှုပ်စရာတွေကို မကြား နားမထောင်ချင်တော့ဘူး။ ဘယ်သူမှလည်း အကြည်ဓာတ်မရှိတဲ့ စကားမျိုး နေ့တိုင်း မကြားချင်ဘူးလေ။

ရုပ်ရှင်တစ်ကားမှာ ပန်းတစ်ပင်ဟာ တော်တော်နဲ့ ပန်းမပွင့်ဘူး.. အပင်သန်ပေမယ့် ပန်းမပွင့်ဘူး။ ဒါကို ယောက်ျားဖြစ်သူက ပန်းရေလောင်းနေရင်း သူ့မိန်းမပြောခဲ့ဖူးတဲ့ "ပန်းကလည်း သက်ရှိမို့ ပန်းကို ရေလောင်းပြုစုတဲ့အခါ ကောင်းတဲ့ စကားတွေ ပြောပေးရတယ်" ဆိုတဲ့ စကားကို ပြန်သတိရပြီး ရေလောင်းတိုင်း ပန်းကို ချီးကျူးစကားတွေ၊ အားပေးစကားတွေ ပြောပေးတော့ သိပ်မကြာဘူး.. အဲအပင် ပန်းပွင့်သွားတယ်။

ဉာဏ်ရည်နိမ့်တဲ့ သက်ရှိအပင်တောင် ကောင်းတဲ့စကားတွေ ကြားတော့ ပန်းပွင့်သွားတယ်။ ဉာဏ်ရည်မြင့်တဲ့လူလည်း ကောင်းတဲ့စကား၊ ကောင်းတဲ့ခံစားချက်ကို အာဟာရအဖြစ် နေ့တိုင်း လိုအပ်ပါတယ်။ အဲဒီအာဟာရကို စာအုပ်တွေထဲကနေလည်း ရနိုင်ပါတယ်။

05/05/2025

သူ့ အဖခင်အိမ်မှာ နေထိုင်ရတာကိုသူ မနှစ်သက်ခဲ့ပါဘူး – အဓိက ကတော့ အဆက်မပြတ် “ပြောဆိုနေတဲ့” အဖေ ကြောင့်ပါ။

“အခန်းကထွက်ရင် ပန်ကာပိတ်ထား‌ လေ။”

“ဧည့်ခန်းမှာ တီဗီဖွင့်ထားပြီး ဘယ်သူမှမကြည့်ဘူး… ဘာလို့မပိတ်တာတုန်း”

“တံခါးကို သေသေချာချာပိတ်ပါ။”

“ရေအလဟဿမဖြုန်းနဲ့။”

သူ့ဖခင်က ဒီလို “အသေးအမွှား” အရာတွေနဲ့ သူ့ကိုအနှောင့်အယှက်ပေး‌နေတာကို သူမကြိုက်ခဲ့ဘူး။
သူသည်းခံနေခဲ့တယ်… တစ်နေ့မှာ အလုပ် အင်တာဗျူးဖုန်းခေါ်ဆိုမှုတစ်ခုရတဲ့အထိပါပဲ။

“ဒီအလုပ်ရပြီဆိုတာနဲ့ ဒီမြို့ကထွက်သွားမယ်။ အဖေ့ရဲ့ညည်းညူသံတွေ နားမှာမကြားရတော့ဘူး” လို့ သူစဉ်းစားမိတယ်။

သူထွက်ခွာတော့မယ့်အချိန်မှာ၊ သူ့ဖခင်က အကြံပေးလိုက်ပါ‌ သေးတယ်-
“မေးခွန်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ဖြေပါ။ အဖြေမသိရင်တောင် သေချာပေါက်သိသလိုပြောပါ။” တဲ့
ပြီးတော့သူ့အဖေက… အင်တာဗျူးအတွက် လိုအပ်တဲ့‌ ငွေထက် ပိုပိုလိုလို ထည့်ပေးလိုက်တယ်။

အင်တာဗျူး‌ နေရာရောက်တဲ့အခါ၊ သူသတိထားမိတာက
ဝင်ပေါက်မှာ လုံခြုံရေးမရှိဘူး။
ခြံတံခါးက ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ထားပြီး အပြင်ဘက်ကိုလှဲနေကာ ဖြတ်သွားဖြတ်လာလူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ တွေ့လိုက်တော့
သူက တံခါးကို ညင်ညင်သာသာပိတ်ပြီး အတွင်းကိုဝင်လိုက်တယ်။

လမ်းဘေးတစ်လျှောက်မှာ လှပတဲ့ပန်းတွေကိုတွေ့ရပေမယ့် ဥယျာဉ်မှူးက ရေပိုက်ကိုဒီတိုင်းကြီးဖွင့်ထားခဲ့တယ်။
ရေတွေနေရာတိုင်းယိုစီးနေတယ်။
သူက ပိုက်ကိုညှိပြီး အပင်တွေအမှန်တကယ်ရေလိုအပ်တဲ့နေရာမှာ ထား‌ပေးလိုက်တယ်။

Reception မှူးမရှိပေမယ့် စာရွက်တစ်ခုမှာ-
“အပေါ်ထပ်မှာ အင်တာဗျူးဖြေပါ” လို့ရေးထားတာ‌ တွေ့ရတော့..
သူက ဖြည်းဖြည်းချင်းအပေါ်တက်သွားတယ်…

လှေကား အတက်မှာ မီးတွေဖွင့်ထားဆဲဖြစ်နေတယ်၊
မနက် ၁၀ နာရီဖြစ်နေပြီ ဖြစ်ပေမယ့် ညကတည်းကဖွင့်ထားဟန်ရှိ‌နေတော့

သူ့ဖခင်အသံကို သူသတိရမိလေပြီ..
“ဘာလို့ အခန်းကထွက်တဲ့အခါ မီးဖွင့်ထားတာလဲ?”
စိတ်အနှောင့်အယှက်ဖြစ်ပေမယ့် သူက မီးခလုတ်ကိုရှာပြီး… ပိတ်လိုက်ပါတယ်။

အပေါ်ထပ် ခန်းမကြီးတစ်ခုထဲမှာ လူအများကြီးစောင့်နေကြတယ်။

သူဝင်လာတဲ့အခါ ခြေသုတ်ဖုံ အပေါ်အောက်မှောက်နေတာသတိထားမိတယ်။
သူက အနည်းငယ်သက်ပြင်းချပြီး ပြန်လည်စီစဉ်လိုက်တယ်။ အကျင့်ဟောင်းတွေက ပျောက်ဖို့ခက်တယ်လေ…

ရှေ့ခုံတွေပြည့်နေပြီး နောက်ခုံတွေကလွတ်နေတာတွေ့ရတယ်။
ပန်ကာတချို့က လူမထိုင်တဲ့ခုံတွေပေါ်မှာ တရွှီရွှီ‌ လေပေးနေတယ်။
ထပ်ပြီး သူ့ဖခင်ရဲ့အသံက သူ့စိတ်ထဲမှာပြန်‌ေပါ်လာပြီ-
“ဘာလို့ ဘယ်သူမှမထိုင်တဲ့နေရာမှာ ပန်ကာတွေဖွင့်ထားတာလဲ?”
သူက မလိုအပ်တဲ့ပန်ကာတွေပိတ်ပြီး နောက်ခုံမှာထိုင်လိုက်ပါတယ်။

အင်တာဗျူးဖြေသူတစ်ယောက်ပြီးတစ်ယောက် အခြားတံခါးကနေဝင်ပြီးထွက်သွားကြတယ် – ဘာမေးခွန်းတွေမေးထားလဲဆိုတာ ဘယ်သူမှမသိဘူး။

နောက်ဆုံးမှာတော့ သူ့အလှည့်ရောက်လာပါပြီ။
သူက စိုးရိမ်စိတ်နဲ့ ဝင်လာတယ်။
အင်တာဗျူးလူက သူ့စာရွက်စာတမ်းတွေယူပေမယ့် ကြည့်တောင်မကြည့်ဘူး။

“ဘယ်တော့အလုပ်စနိုင်မလဲ?” တဲ့

သူချက်ချင်းအံ့သြသွားတယ်။
“ခဏ… ဒါဟာ လှည့်စားမေးခွန်းလား? ဒါမှမဟုတ်… သူက အလုပ်ကမ်းလှမ်းနေတာလား?” သူဝေခွဲမရဖြစ်နေတယ် 🤔

အင်တာဗျူးလူက သူမရေမရာဖြစ်နေတာ ကိုသတိထားမိပြီး -
“ဘာလို့ မေးခွန်းတွေမမေးတာလဲဆိုတာ သိချင်နေမယ်ထင်တယ်။
တကယ်တော့ မေးခွန်းတွေက လူတစ်ယောက်ရဲ့ သဘာဝအစစ်အမှန်ကို မဖော်ပြနိုင်ဘူးလို့ ကျွန်တော်တို့ယုံကြည်လို့ပါ။
လူတွေရဲ့လုပ်ရပ်တွေကိုကြည့်ဖို့ ကျွန်တော်တို့ပို နှစ်သက်လို့ပါ။”
ကျွန်တော်တို့က “ကင်မရာတွေနဲ့ လူတိုင်းကိုစစ်ဆေးခဲ့တာပါ။ တံခါးပိတ်တာ၊ ပိုက်ညှိတာ၊ မီးပိတ်တာ၊ ခြေသုတ်ဖုံခင်းပြန်ပြင်တာ၊ ပန်ကာပိတ်တာ အဲလိုလုပ်တဲ့သူတစ်ယောက်ပဲရှိ‌ေနတယ်။”

“အဲ့ဒီလူက… မင်းပါပဲ။ ဒါကြောင့် မင်းကိုအလုပ်ခန့်လိုက်တာပါ။” တဲ့

အဲ့ဒီအချိန်မှာ သူ့ဖခင်သင်ပေးခဲ့တဲ့အရာတိုင်းဟာ အဓိပ္ပာယ်ရှိတယ်ဆိုတာ သူနားလည်သွားပါပြီ။

သူစိတ်အနှောင့်အယှက်ဖြစ်ခဲ့တဲ့ စည်းကမ်းတွေအားလုံးက… သူ့ပထမဆုံးအလုပ် သူရအောင် ကူညီပေးခဲ့တာပါ။
စိတ်တိုစိတ်ဆိုးမှုတွေ ပျောက်ကွယ်သွားပြီ။
အခုတော့ သူပြုံးလိုက်ပါပြီ – ကျေးဇူးတင်စိတ်နဲ့ ပေါ့–
နောက်တော့ ဆုံးဖြတ်လိုက်ပါတယ်-
“အဖေ့ကိုပါခေါ်သွားမယ်။ အတူနေမယ်။” ဆိုပြီး...

---

မိဘတွေပြောသမျှဟာ ကျွန်တော်တို့ ကောင်းကျိုးအတွက်ပါ။ သူတို့က ကျွန်တော်တို့အတွက် တောက်ပတဲ့အနာဂတ်တစ်ခုဖန်တီးပေးချင်တာပါ။
ကျောက်တုံးတစ်ခုဟာ ပန်းပုဆရာရဲ့တူနဲ့ထုတာ မခံရရင် ပန်းပုရုပ်မဖြစ်နိုင်ပါဘူး။
တန်ဖိုးရှိသူတစ်ဦးဖြစ်လာဖို့ ကျွန်တော်တို့ဟာ လမ်းညွှန်မှု၊ ပြုပြင်မှုနဲ့ ပြောဆိုဆုံးမတာတွေကို လက်ခံရမှာပါ –
ဒါ‌ေတွဟာ ကျွန်တော်တို့မိဘတွေကပေးတဲ့အရာ‌တွေပါပဲ။

ဖခင်တစ်ဦးက ကလေးကို သူ့ပုခုံးပေါ်မြှောက်တင်ပေးတယ်…
သူမမြင်ဖူးတဲ့ကမ္ဘာကို ကလေးကမြင်နိုင်ဖို့အတွက်ပါ‌ ပေါ့။

မိခင်ရဲ့နာကျင်မှုကို ကျွန်တော်တို့အလွယ်တကူခံစားမိတယ်၊
ဒါပေမယ့် ဖခင်ရဲ့နာကျင်မှုက မမြင်ရတတ်ဘူး – အခြားသူတွေပြောမှသာ ကျွန်တော်တို့ သတိထားမိတတ်ကြပါတယ်။

အသက် ၅ နှစ်အချိန်မှာ ဖခင်က ဆရာဖြစ်တယ်၊
အသက် ၂၀ အချိန်မှာတော့ သူ့ကို မကောင်းဆိုးဝါးတစ်ဦးလို့ခံစားရတယ်၊
ဒါပေမယ့် … သူကတော့ တစ်သက်လုံးအတွက် လမ်းပြဖြစ်နေတာပါ။

မိခင်တွေက အိုမင်းလာပြီး သားသမီးတွေနဲ့အတူနေတတ်ကြတယ်…
ဒါပေမယ့် ဖခင်အများစုက ဒါကိုတောင်းဆိုဖို့ ဘယ်လိုလုပ်ရမှန်းမသိကြပါဘူး။

ချစ်ခြင်းမေတ္တာပြဖို့ နောက်မှ‌ပေါ့ ဆိုပြီးမစောင့်ပါနဲ့။
သူတို့ရှိနေသေးတုန်း ဂရုစိုက်ပါ။ သူတို့ကိုပွေ့ဖက်ပါ။ အမြဲတမ်း ကျေးဇူးတင်ပါ။

သူတို့ဟာ ကျွန်တော်တို့ဘဝရဲ့အကြီးမားဆုံးလက်ဆောင်တွေပါ။
မိဘတွေဟာ လက်တွေ့ဘဝရဲ့စူပါဟီးရိုးတွေပါ။ ဘယ်တော့မှမမေ့ပါနဲ့။

Credit to Original Writer

04/05/2025
03/05/2025

ယနေ့ခေတ်မှာ အောင်မြင်မှုဆိုတာ ပင်ကိုယ်စွမ်းရည် ပါရမီရှိတဲ့သူတွေထက် အာရုံစူးစိုက်မှုအားကောင်းတဲ့သူတွေအတွက် ဖြစ်လာနေပါပြီ။

အခုမျိုးဆက်တွေရဲ့ခေတ်မှာ အရင်တုန်းကလို အသန်မာဆုံးသောသူတွေ ရှင်သန်ကျန်ရစ်တဲ့ခေတ်မဟုတ်တော့ပဲနဲ့ အာရုံစူးစိုက်မှုအားကောင်းတဲ့သူတွေ ရှင်သန်ကျန်ရစ်တဲ့ခေတ်ရောက်သွားပါပြီ။

ကိုယ်ဘာလိုချင်လဲ တိတိကျကျသိတဲ့သူတွေဟာ ကိုယ့်ရဲ့အာရုံစူးစိုက်မှုကို အနှောက်အယှက်ပေးမယ့်အရာတွေကို ဖျက်ချထားနိုင်ကြပါတယ်။

ပင်ကိုယ်ပါရမီစွမ်းရည်၊ကျွမ်းကျင်မှုတွေရှိလျက်နဲ့ ကျရှူံးနိုင်တာ ဘာကြောင့်ပါလဲ?

အာရုံစူးစိုက်မှု မရှိလို့ပါပဲ။ အာရုံစူးစိုက်မှု မရှိတော့ အစပြုထားပြီး အပြီးမသတ်နိုင်ကြတာတွေများလာကြပါတယ်။

အပြင်ပန်းကြည့်ရင် လူတိုင်းကအလုပ်များနေကြတယ်၊ကြိုးစားနေကြတာပါပဲ။ ဒါပေမယ့် အာရုံစူးစိုက်မှုအားကောင်းတဲ့သူတွေကသာ ဖြစ်ဖြစ်မြောက်မြောက် အောင်မြင်စွာနဲ့ လုပ်ဆောင်နိုင်ကြပါတယ်။
အာရုံစူးစိုက်မှုက အဓိကဖြစ်လာပါတယ်။

ဆိုတော့ကာ သင့်ရဲ့အာရုံစူးစိုက်မှုကို ဘာတွေကခိုးယူနေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(1)ပြင်ပအနှောက့်အယှက်များ

-လူမှုရေးဆိုင်ရာ မီဒီယာတွေကို ကြည့်ရှုမှုများ(Facebook, Instagram, X etc)
-အဆုံးမရှိတဲ့ Group messages များ
-ဖုန်းထဲမှာ 5 မိနစ်တစ်ကြိမ်လာနေတဲ့ သတိပေးချက် notifications များ
-မလိုအပ်၊အရေးမကြီးတဲ့ထွေရာလေးပါး ခေါ်ဆိုမှုများ
-အလွန်အကျွံရုပ်သံဇာတ်ကား၊ဇာတ်လမ်းတွဲကြည့်ရှု့မှုများ
-ပေါ်ပင်တွေကို အမှီလိုက်နေခြင်းများ
-လက်တွေ့မလုပ်ပဲ ကြည့်တာ၊မှတ်တာ၊ဖတ်တာတွေပဲများနေတာ
-သင်တန်းတွေ တစ်ခုမပြီးသေးဘူး၊နောက်တစ်ခုထပ်တက်တာတွေ
-သင်တန်းတေ့ချည်းလိုက်တက်ပြီး လက်တွေ့မှာတော့ အသုံးမပြုဖြစ်တာတွေ
-အသိသူငယ်ချင်းတွေခေါ်တိုင်း လိုက်ပေးတာတွေ

(2) အတွင်းစိတ်ထဲကအနှောက်အယှက်များ

-အတွေးလွန်ခြင်းနဲ့ဝေဖန်လေကန် စိတ်ကူးယဥ်ခြင်း
-ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဥ်ပြီး သိမ်ငယ်စိတ်ဝင်ခြင်း
-လုပ်တဲ့အရာတိုင်းမှာ အလွန်အကျွံ အပြစ်ကင်း၊ပြီးပြည့်စုံလိုခြင်း
-စီစဥ်နေတုန်းပါ ဆိုတဲ့ခေါင်းစဥ်တပ်ပြီး အချိန်ဆွဲခြင်း
-ကြီးမားတဲ့အောင်မြင်မှုတွေကို မရနိုင်ဘူးဆိုတဲ့ သံသယသိမ်ငယ်စိတ်ရှိနေခြင်း
-ပစ္စုပ္ပန်ဘဝကိုလွှမ်းမိုးမှုရှိနေတဲ့ အတိတ်က စိတ်ဒဏ်ရာများ
-ရှင်းလင်းပြတ်သားသော ပန်းတိုင်မရှိခြင်း
-လူတိုင်းကျေနပ်အောင်ကြိုးစားလုပ်ဆောင်နေခြင်း
-အားနာပြီး ပြောလိုက်တိုင်း ဟုတ်ကဲ့သမားဖြစ်နေခြင်း

(1)လူနေမှုဘဝပုံစံ အနှောက်အယှက်များ

-အချိန်စီမံခန့်ခွဲမှု မနိုင်နင်းခြင်း
-နေ့စဥ်ဘဝကို ဖြစ်သလို ဖြတ်သန်းခြင်း
-ကောင်းကျိုးမပေးသော အပေါင်းအဖော်များထားရှိခြင်း
-ပါလေရာငပိချက် နေရာတကာဝင်ပါခြင်း
-အိပ်စက်အနားယူချိန် မမှန်ခြင်း
-ကျန်းမာရေးနှင့် မညီညွှတ်သော စားသောက်မှုပုံစံရှိခြင်း

ဒါကြောင့် အောင်မြင်မှုရချင်ရင်

* အနှောက်အယှက်တွေကို ပိတ်ထား၊ရှင်းထားလိုက်ပါ။
* ကိုယ်စိတ်ပါဝင်စားတဲ့အရာတစ်ခုခုကို သေသေချာချာ အာရုံစူးစိုက်ပြီး လုပ်ပါ။
* ကိုယ့်ရဲ့အာရုံစူးစိုက်မှုကို ကိုယ့်ဘဝလိုတန်ဖိုးထား ကာကွယ်ပါ။

ယနေ့ခေတ်ကမ္ဘာကြီးမှာ ရွေးချယ်စရာ အရောင်အသွေးစုံလင်လှပါတယ်။
ဒါပေမယ့် သင့်အနေနဲ့အရာအားလုံးလိုက်လုပ်ဖို့မလိုအပ်ပါဘူး။

Translated by U Hku
Credit to Unknown Original Writer

Address

Kuala Lumpur
50200

Website

Alerts

Be the first to know and let us send you an email when U Hku posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram