​သွေး​ရောဂါများအ​ကြောင်း ​လေ့လာရန်

  • Home
  • Malaysia
  • Kuala Lumpur
  • ​သွေး​ရောဂါများအ​ကြောင်း ​လေ့လာရန်

​သွေး​ရောဂါများအ​ကြောင်း ​လေ့လာရန် To help people with blood diseases, their families and friends: correct knowedge on blood diseases

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၄)  ​ပါကစ္စတန်နိုင်ငံမှ ​ဒေါက်တာ တဟီရာ ဇာဖာရဲ့ "မ...
22/04/2026

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၄) ​

ပါကစ္စတန်နိုင်ငံမှ ​ဒေါက်တာ တဟီရာ ဇာဖာရဲ့
"မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများရဲ့ ​သွေးမတိတ်​ရောဂါ ရှာ​ဖွေကုသ​ရေးမှာ မမြင်ရနိုင်​သော ရုန်းကန်ရမှုများအ​ကြောင်း" ​ဆွေး​နွေးချက် ​နောက်ဆုံးအပိုင်းကို ဆက်လက်မျှ​ဝေလိုပါတယ်။

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများရဲ့ ​သွေးမတိတ်​ရောဂါ ရှာ​ဖွေကုသ​ရေးမှာ ဘာ​တွေက အတားအဆီးဖြစ်​နေသလဲ ဆန်းစစ်ကြည့်တော့ အချက် ၄ ချက်ကို သွား​တွေ့ပါတယ်။
* အကွာအ​ဝေး - အချို့​ဒေသ​တွေမှာ ​အနီးဆုံး ရောဂါ ရှာ​ဖွေစစ်​ဆေးနိုင်မယ့်​နေရာနဲ့ ​ဝေးကွာနေတာဟာ ​ရောဂါ​စော​စောသိနိုင်​ရေးမှာ စိန်​ခေါ်မှု တခုဖြစ်​စေပါတယ်။
* အချိန်နဲ့ ​ငွေ​ကြေး - အထူးကုနဲ့ ပြခွင့်ရဖို့ ၊ ကုသခွင့်ရဖို့အတွက် မိသားစုမှာ အချိန်​ပေးရတာ၊ ​ငွေ​ကြေးကုန်ကျမှုရှိတာ​တွေဟာလဲ ရောဂါ​စော​စောသိနိုင်​ရေးမှာ စိန်​ခေါ်မှု တခုဖြစ်​စေပါတယ်။
* ရိုးရာယဥ်​ကျေးမှုအရ နှုတ်ဆိတ်​နေခြင်း - ရာသီ​သွေးခြင်းနဲ့ ပါတ်သက်ပြီး ယဥ်​ကျေးမှုဆိုင်ရာ တားမြစ်ထားခြင်းများ​ကြောင့် မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာ ပွင့်ပွင့်လင်းလင်း​ပြောဖို့၊ အကူအညီ​တောင်းဖို့ ခက်ခဲ​စေတတ်ပါတယ်။
* ​ရောဂါရှာ​ဖွေနိုင်စွမ်း အကန့်အသတ်ရှိမှု - ​နေထိုင်ရာ​ဒေသရဲ့ ဓါတ်ခွဲခန်းများဟာ ​သွေးမတိတ်​ရောဂါဆိုင်ရာ စစ်​ဆေးမှုများကို ပြည့်ပြည့်စုံစုံ မစစ်​ဆေးနိုင်ခြင်းဟာလဲ ရောဂါ​စော​စောသိနိုင်​ရေးမှာ စိန်​ခေါ်မှု တခုဖြစ်​စေပါတယ်။

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများကို ကြည့်ပါ။ နား​ထောင်​ပေးပါ။ ယုံကြည်​ပေးပါ။
မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာ ရာသီလာချိန်၊ ကိုယ်ဝန်​ဆောင်ချိန်၊ က​လေး​မွေးချိန်​တွေမှာ အများနဲ့မတူတဲ့ ​သွေးထွက်နိုင်​ခြေ အန္တရာယ်များ ရှိ​နေပါတယ်။
​သွေးမတိတ်​ရောဂါလို့ သံသယ မထားမိတာ​ကြောင့် မလိုအပ်တဲ့ သားအိမ်ဖယ်ရှားခြင်းမျိုး လုပ်မိတတ်ပါတယ်။
​သွေးမတိတ်​ရောဂါရှိ​ကြောင်း ​စော​စောသိခြင်းဟာ အသက်​တွေကို ကယ်တင်နိုင်သလို မျိုးပွားနိုင်စွမ်း၊ ဂုဏ်သိက္ခာ၊ ဘဝအရည်အ​သွေးတို့ကို ထိန်းထားနိုင်စွမ်း ရှိပါတယ်။

သတိပြုမိဖို့ဆိုတာ ကြည့်မြင်ခြင်း၊ နား​ထောင်​ပေးခြင်း၊ ယုံကြည်​ပေးခြင်းက စတာပါ။ မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများက ​သွေးထွက်များတယ်လို့ ​ပြောတဲ့အခါ ရာသီ​သွေး အဆင်းများတာထက် ပိုနိုင်ပါတယ်။ ကြည့်ပါ။ နား​ထောင်​ပေးပါ။ ယုံကြည်​ပေးပါ။ ဒါမှသာ ဖွင့်​ပြောရခက်​နေတဲ့ သူတို့ရဲ့ အခက်အခဲများက​နေ ​တဆင့် သွေးမတိတ်​ရောဂါကို ဆက်လက်ရှာ​ဖွေဖို့ ဖြစ်လာပါလိမ့်မယ်။ ဒါမှသာ ​ရောဂါ​စော​စောသိပြီး အ​ပေါ်က​ပြောခဲ့သလို အသက်​များစွာ ကယ်တင်နိုင်ပြီး မျိုးပွားနိုင်စွမ်း၊ ဂုဏ်သိက္ခာ၊ ဘဝအရည်အ​သွေးတို့ကို ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

အနဲငယ်နဲ့ စတင်လိုက်တာဟာ ကြီးမားတဲ့ အ​ပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။
* ကျန်းမာ​ရေးဝန်ထမ်းများအတွက်
- ရာသီ​သွေးဆင်းခြင်းအ​ကြောင်း အမြဲ​မေးပါ။
- ​သွေးထွက်တဲ့ ​ရောဂါရာဇဝင်​ပြော​နေရင် မရပ်ပစ်ဘဲ အ​သေအချာ နား​ထောင်​ပေးပါ။
- အန္တရာယ်လက္ခဏာ​တွေ့ရင် ​အထူးကုဆီ စော​စောလွှဲပါ။
- ရာသီ​သွေး အဆင်းများတာကို ပုံမှန်ပဲလို့ ​တွေးတာမျိုးကို ရပ်လိုက်ပါ။

* မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများ၊ လူနာများအတွက်
- ရာသီ​သွေးဆင်းပုံကို ဂရုစိုက်ကြည့်ပါ။
- ​ရောဂါလက္ခဏာများကို ​ဖွင့်​ပြောပြပါ။
- မိမိဘာသာ ကြည့်နိုင်​အောင် ကြိုးစားပါ။ (၇-၂-၁)
- ​သွေးမတိတ်​ရောဂါ ရှိ​နေတာများလားလို့ ဆရာဝန်ကို ​မေးပါ။

တိုးတက်ဖို့ လုပ်​ဆောင်ဖွယ်ရာများ
၁။ လူ​တွေကြားမှာ ​သွေးမတိတ်​ရောဂါကို သတိထားမိလာ​အောင် လုပ်ပါ။ ကျန်းမာ​ရေး ပညာ​ပေးလုပ်ငန်းများမှ တဆင့် ​သွေးမတိတ်​ရောဂါအ​ကြောင်း ပညာ​ပေးပါ။
၂။ ကျန်းမာ​ရေး​စောင့်​ရှောက်မှု လွှမ်းခြုံနိုင်စွမ်းကို တိုးမြှင့်ပါ။ ရပ်​ဝေး​ဒေသ၊ ​ကျေးလက်​ဒေသများအထိ ​ရောဂါရှာ​ဖွေနိုင်မှု၊ လွှဲ​ပြောင်း​ပေးမှုတို့ကို တိုးချဲ့ပါ။
၃။ ​သွေးမတိတ်​ရောဂါ စစ်​ဆေးမှုများကို မီးယပ်ကျန်းမာ​ရေး ​စောင့်​ရှောက်မှုနှင့် ပူး​ပေါင်းလုပ်​ဆောင်ပါ။
၄။ ကျန်းမာ​ရေးဝန်ထမ်းများကို သင်တန်း​ပေးပါ။ ပြည်သူ့ကျန်းမာ​ရေး​စောင့်​ရှောက်မှုရဲ့ ​ရှေ့တန်း ဝန်ထမ်းများကို ​သွေးမတိတ်​ရောဂါနဲ့ ပါတ်သက်တဲ့ အသိပညာ​တွေ​ပေးဖို့၊ ​သွေးမတိတ်​ရောဂါကို ရှာ​ဖွေနိုင်ဖို့ လွှဲ​ပြောင်း​​ပေးနိုင်ဖို့ လိုအပ်တဲ့ အ​ထောက်အပံ့များ ​ပေးပါ။

​ဝေးလံတဲ့ ​ဒေသမှာ ​နေရတာနဲ့ပဲ ဘယ်မိန်းက​လေးငယ်နဲ့နဲ့ အမျိုးသမီးမှ တိတ်တဆိတ် ခံစား​နေရန် မသင့်ပါ။
​​စော​စောသတိထားမိခြင်းနဲ့ ကျန်းမာ​ရေး​စောင့်​ရှောက်မှုကို လက်လှမ်းမီခြင်း တို့ဟာ ​သွေးမတိတ်​ရောဂါ ရှိ​နေကြတဲ့ မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများရဲ့ ဘဝများစွာကို ​ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
မကြားသိမိလို့ ​ရောဂါရှိ​ကြောင်း မသိလိုက်တဲ့အခါ မ​စောင့်​ရှောက်လိုက်ရတာ မကုသလိုက်ရ​တွေ​ကြောင့် ​နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်​စေပါတယ်။
​ဒါကို ပြောင်းလဲဖို့ လိုပါတယ်။

ပါကစ္စတန်နိုင်ငံမှ ​ဒေါက်တာ တဟီရာ ဇာဖာရဲ့ အထက်ပါ​ဟော​ပြောချက်​တွေဟာ ပါကစ္စတန်နိုင်ငံမှ
အ​ခြေအ​နေ​တွေ​ပေါ် အ​ခြေခံပြီး ​ဆွေး​နွေးသွားတာ​ပေမယ့် မြန်မာနိုင်ငံအ​ခြေအ​နေ​တွေနဲ့လဲ အ​တော် ဆင်တူတာ ​တွေ့ရပါတယ်။
မြန်မာမှာလဲ မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာ ​သွေးမတိတ်​ရောဂါ ရှိ၊ မရှိ ​နောက်မကျဘဲ သိရဖို့ စိန်​ထော်မှု​တွေ ရှိ​နေ​သေးတာ​ကြောင့် အထက်ပါ ​ဟော​ပြောချက်ကို မျှ​ဝေလိုက်တာဖြစ်ပါတယ်။

အားလုံး ကျန်းမာ ချမ်းသာ ​ဘေးကင်းကြပါ​စေ။

ပါ​မောက္ခဦးစိန်ဝင်း
​သွေး​ရောဂါ အထူးကုဆရာဝန်ကြီး

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၃)  ​ပါကစ္စတန်နိုင်ငံမှ ​ဒေါက်တာ တဟီရာ ဇာဖာရဲ့ "မ...
21/04/2026

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၃) ​

ပါကစ္စတန်နိုင်ငံမှ ​ဒေါက်တာ တဟီရာ ဇာဖာရဲ့
"မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများရဲ့ ​သွေးမတိတ်​ရောဂါ ရှာ​ဖွေကုသ​ရေးမှာ မမြင်ရနိုင်​သော ရုန်းကန်ရမှုများအ​ကြောင်း" ​ဆွေး​နွေးချက်ကို ဆက်လက်မျှ​ဝေလိုပါတယ်။

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများရဲ့ ​သွေးမတိတ်​ရောဂါ ရှာ​ဖွေကုသ​ရေးမှာ ဘာလို့ အသိ​နောက်ကျကြရသလဲဆိုတာကို အခုလိုရှင်းပြပါတယ်။
- ရာသီ​သွေး အဆင်းများတာကို ပုံမှန် ဖြစ်ရိုးဖြစ်စဥ်လို့ မှတ်ယူလိုက်တဲ့အခါ ​ရောဂါ ရှိ​ကြောင်းသိရဖို့ နှစ်​ပေါင်းများစွာ ​နောက်ကျသွားနိုင်ပါတယ်။
- ​သွေးအားနဲတာကို အ​ကြောင်းရင်း မရှာ​ဖွေဘဲ သံဓါတ်အား​ဆေး​ပေးပြီး ကု​နေရင် ​ရောဂါ အသိ ​နောက်ကျနိုင်ပါတယ်။
- ရာသီ​သွေးအဆင်းများတာဟာ အမျိုးသမီး​ရောဂါ၊ မီးယပ်​ရောဂါနဲ့ပဲ သက်ဆိုင်တယ်လို့ မှတ်ယူလိုက်ရင် ​ရောဂါ အသိ​နောက်ကျနိုင်ပါတယ်။
- ​အ​ခြေခံကျန်းမာ​ရေးဝန်ထမ်းများ အ​နေနဲ့ မွေးရာပါ ​သွေးမတိတ်​ရောဂါများအ​ကြောင်း ဗဟုသုတနဲတဲ့အခါ ​ရောဂါ အသိ​နောက်ကျနိုင်ပါတယ်။

နိုင်ငံတိုင်းလိုလိုမှာ ကျန်းမာ​ရေး ပြသနာ တခုခုဖြစ်လာရင် အရင်ဦးစွာ​တွေ့တတ်တိုင်ပင်တတ်ကြတာက
- အမျိုးသမီးကျန်းမာ​ရေး​စောင့်​ရှောက်သူများ Lady Health Visitors
- သားဖွားဆရာမများ Midwives
- အ​ထွေ​ထွေ​ရောဂါကု ဆရာဝန်များ
- မိသားစု ဆရာဝန်များ
- တိုင်းရင်း​ဆေးဆရာများ
ဖြစ်​လေ့ရှိပါတယ်။
အဲဒီလူ​တွေကို အဆင့်မြှင့်​ပေးဖို့ လိုအပ်ပါတယ်။

ရာသီ​သွေး ဆင်းတာနဲ့ပါတ်သက်ပြီး အ​သေအချာ ဂရုတစိုက်​မေးမြန်းဖို့ (​ရှေ့က​​ပြောခဲ့တဲ့ ၇၊ ၂၊ ၁)၊ ​​ကျောင်းတက်ပျက်ရတာ အလုပ်မသွားနိုင်ဖြစ်ရတာမျိုး ရှိသလား​မေးဖို့၊ သွေးအားနဲသူတ​ယောက်မှာ ​သွေးထွက်တတ်တဲ့​ရောဂါ တခုခု ရှိ​နေမလား သံသယထားတတ်ဖို့၊ က​​လေးဘဝက ​သွေးထွက်လွယ်တာမျိုး ရှိသလား ​မေးဖို့၊ မိသားစု မျိုးရိုးမှာ ​သွေးမတိတ်ရောဂါ ရှိသလား ​မေးဖို့၊ သင်ကြားထား​ပေးသင့်ပါတယ်။ ဘယ်အချိန် အထူးကုဆီ လွှဲ​ပြောင်းပြသရမယ်ဆိုတာကိုလဲ အသိ​ပေးထားရပါမယ်။

​အထူးကုဆီ စော​စော လွှဲ​ပေးလိုက်တာဟာ
အချိန်တွေ၊ အသက်​ဆုံးရှုံးတာတွေ၊ ​ဝေဒနာ​တွေကို ​လျော့ပါးပြီး ဘဝ အရည်အ​သွေး ပြည့်ဝ​စေပါတယ်။
* အချိန် - ​ရောဂါ အမှန်ကို ​စော​စောသိခြင်းဖြင့် ထိ​ရောက်တဲ့ ကုသမှူကို ​စော​စောရ​စေပါတယ်။
* အသက် - ​စော​စောကုသခြင်းဖြင့် အသက်အန္တရာယ်ရှိ​လောက်တဲ့ ​သွေးထွက်မှုမျိုး ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
* ​ဝေဒနာ - ​ရောဂါမှန် မသိရဘဲ နာကျင်ခံစား​နေရတာ​တွေ၊ ပင်ပန်းနွမ်းနယ်​နေရတာ​တွေ၊ မသန်စွမ်းဖြစ်ရတာ​တွေကို ​ရောဂါ​စော​စောသိရင် ​လျှော့ချ​ပေးနိုင်ပါတယ်။
* ဘဝ အရည်အ​သွေး - မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲပဲ သွေးမတိတ်​ရောဂါကို ​စော​စောသိ၊ ​စော​စောကုသမှု ခံယူခွင့်ရရင် မိသားစုကြားမျက်နှာငယ်ရတာ၊ လူမှု​ရေးအရ ရှက်​ကြောက်​နေရတာ​တွေ မရှိ​တော့ဘဲ လွတ်လပ်​ပေါ့ပါးတဲ့ ဘဝမျိုး ရနိုင်ပါတယ်။

​နောက်​နေ့ ဆက်​ရေးပါဦးမယ်။

ပါ​မောက္ခ​ဦးစိန်ဝင်း
​သွေး​ရောဂါ အထူးကုဆရာဝန်ကြီး

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၂)   ​ ပါကစ္စတန်နိုင်ငံမှ ​ဒေါက်တာ တဟီရာ ဇာဖာရဲ့ ...
20/04/2026

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၂) ​

ပါကစ္စတန်နိုင်ငံမှ ​ဒေါက်တာ တဟီရာ ဇာဖာရဲ့
"မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများရဲ့ ​သွေးမတိတ်​ရောဂါ ရှာ​ဖွေကုသ​ရေးမှာ မမြင်ရနိုင်​သော ရုန်းကန်ရမှုများအ​ကြောင်း" ​ဆွေး​နွေးချက်ကို မျှ​ဝေလိုပါတယ်။

မြို့နဲ့ မိုင်၂၀ ​လောက် ​ဝေးတဲ့​နေရာက ၁၂ နှစ်အရွယ် မိန်းက​လေးတ​ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို စ​ပြောပြပါတယ်။ ငယ်စဥ်ကထဲက အ​ရေပြားမှာ မကြာ ခန အညိုအမဲ စွဲတတ်ပါတယ်။ အသက် ၁၁နှစ်အရွယ် ရာသီ​သွေးစ​ပေါ်ကထဲက ရာသီ​သွေး အဆင်းများ​လေ့ ရှိပါတယ်။ ​နှုတ်ခမ်းနဲ့ လက်ဖဝါး​တွေ ဖြူ​​ဖျော့​နေလို့ သံဓါတ်အား​ဆေး​တွေ ​သောက်​နေရ​ပေမယ့် ​သွေး​ရောဂါဆိုင်ရာ စစ်​ဆေးမှု​တွေ တခါမှ မစစ်​ဆေးဖူးပါဘူးတဲ့။ တရက်မှာ​​တော့ အူအတက်​ယောင်တာကို ​ခွဲစိတ်ရာက​နေ ​သွေးမတိတ်ဘဲ ​သွေးထွက်များပြီး ​​ရှော့ခ်ရလို့ ​သေလုနီးပါးအ​ခြေအ​နေနဲ့ မြို့​ဆေးရုံ ​ရောက်လာပါတယ်။ အ​ရေး​ပေါ်​သွေးသွင်းကုသ​ပေးပြီး အသက် ရှင်ခွင့်ရလို့ ရောဂါအ​ကြောင်းရင်း ရှာတဲ့အခါ ​မွေးရာပါ ​သွေးမတိတ်​ရောဂါ တမျိုးဖြစ်တဲ့ ဗွန်ဝီလီဘရန်း​သွေးခဲဓါတ် von Willebrand factor ချို့တဲ့​​နေသော ဗွန်ဝီလီဘရန်း ​သွေးမတိတ်​ရောဂါ von Wilebrand Disease ဖြစ်​ကြောင်း ​တွေ့ရှိရပါတယ်။

မိန်းက​လေးငယ်​လေးတဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆို​ပေမယ့် အလားတူ ကြုံ​တွေ့ရတဲ့ မိန်းက​လေးများ၊ အမျိုးသမီးများ အ​တော်များများ ရှိ​နေနိုင်ပါတယ်။ ဘယ်​နေရာ​တွေမှာ လွဲ​ချော်ခဲ့သလဲ သိရဖို့ ​ရောဂါရာဇဝင် ပြန်​မေးကြည့်တဲ့အခါ
၁။ က​လေးအထူးကုဆရာဝန်က အ​ရေပြား အညိုအမဲစွဲတာအတွက် ​သွေးအထူးကုထံမလွှဲခဲ့တာ
၂။ အ​ထွေ​ထွေဆရာဝန်ကလဲ ​သွေးအားနဲတာနဲ့ အ​ရေပြား အညိုအမဲစွဲတာအတွက် အကြိမ်ကြိမ်ပြဖူး​ပေမယ့် ​သွေးစစ်​ဆေးမှု​တွေ မလုပ်ခဲ့တာ
၃။ သားဖွားမီးယပ်ဆရာဝန်ကလဲ ရာသီ​သွေးအဆင်းများတာကို ပုံမှန်ပဲ မှတ်ယူပြီး သဲလွန်စ တခုလို့ မမှတ်ယူ၊ ဆက်လက်ရှာ​ဖွေ စစ်​ဆေးမှုများ မပြုလုပ်ခဲ့တာ​တွေကို ​တွေ့ရှိခဲ့ရပါတယ်။

ရာသီ​သွေး အဆင်းများတာဟာ သတိထားစရာ တခုဖြစ်​ပေမယ့် အလွယ်တကူ လွတ်သွားတတ်ပါတယ်။
ဒေါက်တာ တဟီရာ ဇာဖာက ၇၊ ၂၊ ၁ ဆိုတဲ့ ဂဏန်း သုံးလုံးကို သတိထား မှတ်ထားဖို့ ​ပြောပါတယ်။
- ၇ ဆိုတာ ရာသီ​သွေးဆင်းတာ ၇ ရက်ဆက်တိုက်ထက် များ​နေရင်
- ၂ ဆိုတာ ၂ နာရီမပြည့်ခင် ​အောက်ခံ လဲ​နေရရင်
- ၁ ဆိုတာ ၁ လက်မ အရွယ်တဲ့ ကြီးတဲ့ ​သွေးခဲဆင်းရင် လို့ ဆိုလိုပြီး
ဒီ ၃ ချက်ထဲက တချက်ချက် ရှိရင်ကို
​သွေး​ရောဂါ အထူးကုဆီ လွှဲပြီး ​သွေးမတိတ်​ရောဂါ ရှိ၊ မရှိ ရှာ​ဖွေသင့်​ကြောင်း ​ပြောပါတယ်။

ထပ်​ဆောင်းအဖြစ်
- က​လေးဘဝကထဲက အ​ရေပြား အညိုအမဲစွဲလွယ်ရင်
- တ​နေရာရာမှ ​သွေးထွက်လွယ်​နေရင်
- ​သွေးထွက်မိတဲ့အခါ ​သွေးတိတ်ဖို့ ကြာ​နေရင်
- ​သွေးအားနည်း​ရောဂါ ရှိ​နေရင်
- မိသားစုဝင် တဦးဦးမှာ ​သွေးမတိတ်​ရောဂါရှိ​နေရင်
သံသယကြီးကြီးထားရမှာ ဖြစ်ပြီး သွေး​ရောဂါ အထူးကုဆီ မဖြစ်မ​နေလွှဲ၊ သွေးမတိတ်​ရောဂါ ရှိ၊ မရှိ ရှာ​ဖွေသင့်​ကြောင်း ​ပြောပါတယ်။

ဆက်​ရေးပါဥိီးမယ်။

ပါ​မောက္ခဦးစိန်ဝင်း
​သွေး​ရောဂါအထူးကုဆရာဝန်ကြီး

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၁)   ​မွေးရာပါ ​သွေးမတိတ်​ရောဂါဟာ ​ယောက်ျား​လေး​တ...
19/04/2026

မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာလဲ သွေးမတိတ်​ရောဂါ ဖြစ်တတ်ပါတယ် (၁) ​

မွေးရာပါ ​သွေးမတိတ်​ရောဂါဟာ ​ယောက်ျား​လေး​တွေမှာ အဖြစ်များတယ်ဆို​ပေမယ့် မိန်းက​လေးများမှာ မဖြစ်တတ်တာ မဟုတ်ပါ။
​မွေးရာပါ​သွေးမတိတ်​ရောဂါ​ဝေဒနာရှင် ​ယောက်ျား​လေးတ​ယောက်ရှိတိုင်း မွေးရာပါ​သွေးမတိတ်​ရောဂါ​ဝေဒနာရှင် ​မိန်းက​လေး ၁.၇ ယောက် ရှိ​နေနိုင်ပါတယ်။
အမျိုးသမီး​တွေမှာ ​သွေးမတိတ်​ရောဂါ ရှိ​နေတာကို အသိ​နောက်ကျ တတ်ပါတယ်။

“ရာသီသွေး အဆင်းများတာ” ဟာ ပုံမှန်မဟုတ်ပါ။ သွေးမတိတ်ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ် ။
အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်က ရာသီသွေးအဆင်းများတတ်ပါတယ်။
အဲဒီထဲက ၃၀ ရာခိုင်နှုန်းလောက်မှာ သွေးမတိတ်ရောဂါ ရှိနေနိုင်ပါတယ်။
အမျိုးသမီး​တွေမှာ ​သွေးမတိတ်​ရောဂါ ရှိ​ကြောင်းသိဖို့ နှစ်ချီပြီး ကြာတတ်ပါတယ်။
အချို့မှာ ရာသီ​သွေး စ​ပေါ်ပြီး ဆယ်နှစ် အထက်ကြာမှ ​သွေးမတိတ်​ရောဂါ ရှိ​နေ​ကြောင်း သိရတာမျိုးလဲ ဖြစ်တတ်ပါတယ်။

အချို့ မိန်းက​လေးငယ်များနဲ့ အမျိုးသမီးများမှာ ရာသီ​သွေးနဲ့ပါတ်သက်ပြီး ပုံမှန်မဟုတ်တာကို ပုံမှန်လို့ ထင်​နေတတ်ပါတယ်။
ရာသီ​သွေးနဲ့ ပါတ်သက်တာကို မိသားစုထဲမှာ​တောင် ​ဆွေး​နွေးဖို့ ခက်​နေ၊ ရှက်​နေတတ်ပါတယ်။
အနီးစပ်ဆုံး မိခင်ကို​တောင် ပွင့်ပွင့်လင်းလင်း မတိုင်ပင်တာမျိုးလဲ ရှိပါတယ်။

"အမျိုးသမီးတိုင်း ရာသီလာရင် ဗိုက်နာတတ်တယ်၊ သွေးဆင်းများကြတယ်" စသဖြင့်လဲ အထင်မှားပြီး ဆရာဝန်မပြတာမျိုး ဖြစ်တတ်ပါတယ်။
အဲဒီလို ခံစားရတဲ့ မိန်းကလေးတွေဟာ ​ကျောင်းလဲ မှန်မှန် မတက်နိုင်၊ ပုံမှန် လူမှုဘဝမျိုးလဲ မရနိုင်တာ​တွေ ဖြစ်တတ်ကြပါတယ်။
အချို့ဆရာဝန်များကလဲ သွေးခဲဓါတ် စစ်ဆေးမှု မပြုလုပ်ဘဲ ​ဟော်မုန်း​ဆေးများသာ ​ပေး​နေတတ်ကြပါတယ်။

“ရာသီသွေး အဆင်းများ”တာလို့ ဘယ်လိုသိမလဲ။
- တနာရီအတွင်း ​အောက်ခံတစ်ချပ် သို့မဟုတ် တန်ပွန်တစ်လုံး သွေးစိုပြီး ပြည့်လျှံသွားသလား။
- အကြွေစေ့ အရွယ်ထက်ကြီးတဲ့ သွေးခဲတွေ ပါတတ်သလား။
- သွေးအားနည်းလို့ နေ့စဉ်ဘဝမှာ ပင်ပန်းနွမ်းနယ်နေတတ်သလား။
ဒီထဲက တစ်ခုခု ဖြစ်​နေတယ်ဆိုရင် ပုံမှန်မဟုတ်ပါ။

မိသားစုဝင် တဦးဦးမှာ ​သွေးမတိတ်​ရောဂါ ရှိတာမျိုး
နှာ​ခေါင်းမှ မကြာခန ဆယ်မိနစ်​ကျော်ကြာ​အောင်သွေးလျှံတာမျိုး
ထိခိုက်မှု မရှိပါဘဲ အညိုအမဲကွက်​တွေ အ​ရေပြားမှာပေါ်နေတတ်တာမျိုး
သွားတိုက်ရင် သွားဖုံးမှ သွေးထွက်လွယ်တတ်တာမျိုး
ခွဲစိတ်ခြင်း၊ သွားနှုတ်ခြင်းများ လုပ်ပြီးတဲ့အခါ အချိန်အကြာကြီး သွေးထွက်​နေခြင်းမျိုး
ဖြစ်တတ်သူ​တွေကို ​သွေးမတိတ်​ရောဂါ ရှိ၊ မရှိ စစ်​ဆေးဖို့ ​
သွေး​ရောဂါ အထူးကုဆရာဝန်ထံ ​စေလွှတ်သင့်ပါတယ် ။

အားလုံးကျန်းမာချမ်းသာ ​ဘေးကင်းကြပါ​စေ။

ပါ​မောက္ခဦးစိန်ဝင်း
​​သွေး​ရောဂါ အထူးကု ဆရာဝန်ကြီး

"အသည်းရောဂါရှိရင် သံဓါတ်​ရှောင်ရမှာလား"
28/03/2026

"အသည်းရောဂါရှိရင် သံဓါတ်​ရှောင်ရမှာလား"

သာလာဆီးမီးယားအတွက် သာလီဒိုမိုက် Thalidomideမကြာ​သေးခင်က Pan Pacific Hotel မှာ ၈ ကြိမ်​မြောက် မြန်မာနိုင်ငံ ​သွေးရောဂါ ညီ...
18/03/2026

သာလာဆီးမီးယားအတွက် သာလီဒိုမိုက် Thalidomide

မကြာ​သေးခင်က Pan Pacific Hotel မှာ ၈ ကြိမ်​မြောက် မြန်မာနိုင်ငံ ​သွေးရောဂါ ညီလာခံကို ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ ​မြောက်ဥက္ကလာပ​ဆေးရုံ ​​သွေး​ရောဂါအထူးကုဌာနမှ ဆရာဝန်များ ပူး​ပေါင်း​ဆောင်ရွက် အားထုတ်မှု​ကြောင့် ရရှိလာခဲ့တဲ့ ​အဖိုးထိုက်တန်လှ​သော ဆေးပညာ ​တွေ့ရှိချက်တခုကို တင်ပြနိုင်ခဲ့ပါတယ်။ အဲ့ဒါက​တော့ လူကြီးသာလာဆီးမီးယားလူနာများမှာ သာလီဒိုမိုက်​ဆေး Thalidomide ​သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ ဟီမိုဂလိုဘင် တိုးတက်မှုပဲ ဖြစ်ပါတယ်။

- ၂၀၂၅ ​မေလမှ ၂၀၂၆ ​ဖေ​ဖော်ဝါရီလအတွင်း သာလီဒိုမိုက်​သောက်ခဲ့ကြတဲ့ လူကြီးသာလာဆီးမီးယား လူနာ ၂၈ ယောက် ကို ​လေ့လာခဲ့ကြရာမှာ ကျားလူနာ ၁၂ ဦး၊ မ လူနာ ၁၆ ဦး ပါဝင်ခဲ့ကြပါတယ်။

- ဟီမိုဂလိုဘင် အီးဘီတာ သာလာဆီးမီးယား လူနာ (၇၄%) နဲ့ ဘီတာသာလာဆီးမီးယား လူနာ (၂၄%) ပါဝင်ခဲ့ပါတယ်။

- သာလီဒိုမိုက်​ဆေး မ​သောက်ခင် လူနာများရဲ့ ဟီမိုဂလိုဘင်မှာ ၃.၉၅ မှ ၈.၄ g/dl ဖြစ်ပြီး ပျမ်းမျှ ဟီမိုဂလိုဘင်မှာ ၆.၃၉ g/dl ဖြစ်ပါတယ်။

- လူနာတ​ယောက်သာလျင် ​ဆေး​သောက်စဥ် အ​ရေပြား ယားယံမှု​ကြောင့် ​ဆေး​သောက်ရပ်လိုက်တာ ​လေ့လာ​တွေ့ရှိခဲ့ရပြီး ကျန် ၂၇​ယောက်လုံးမှာ ပြင်းထန်တဲ့ ​ဘေးထွက်ဆိုးကျိုး မခံစားခဲ့ရတာကိုလဲ
​​လေ့လာ​တွေ့ရှိခဲ့ရပါတယ်။

- ​ဆေးမ​သောက်ခင်က ဟီမိုဂလိုဘင်ထက် ဟီမိုဂလိုဘင် ၂ g/dl ​ကျော်​အောင် တိုးတက်လာသူ ၅၂%၊ ဟီမိုဂလိုဘင် ၁ g/dl ​နှင့် ၂ g/dl ကြား တိုးတက်လာသူ ၂၆%၊ ဟီမိုဂလိုဘင် တိုးတက်​သော်လဲ ၁ g/dl ​ကျော်​အောင် မတက်သူ ၂၂% ဖြစ်​ကြောင်းကိုလဲ ​လေ့လာ​တွေ့ရှိခဲ့ကြပါတယ်။

- သာလီဒိုမိုက်​ဆေး ​သောက်ပြီး တလမှ ၂လ အကြာမှာ လူနာများရဲ့ ဟီမိုဂလိုဘင်မှာ ၄.၅ မှ ၁၂.၈ g/dl ဖြစ်ပြီး ပျမ်းမျှ ဟီမိုဂလိုဘင်မှာ ၈.၈၁ g/dl ဖြစ်ပါတယ်။

- သာလီဒိုမိုက်​ဆေး ​သောက်ပြီး တလမှ ၂လ အကြာမှာ လူနာများရဲ့ ဟီမိုဂလိုဘင်ဟာ မ​သောက်ခင်က ဟီမိုဂလိုဘင်ထက် အနဲဆုံး ၀.၂ g/dl မှ အများဆုံး ၅.၉၅ g/dl ထိ တိုးတက်လာတာကို ​တွေ့ရပြီး ပျမ်းမျှအားဖြင့် သာလီဒိုမိုက်​ဆေးကို တလမှ ၂လ ထိ ​သောက်ပြီးချိန်မှာ ဟီမိုဂလိုဘင် ၂.၄၂ g/dl ထိ တိုးတက်လာကြ​ကြောင်း ​လေ့လာ​တွေ့ရှိခဲ့ရပါတယ်။

- သာလီဒိုမိုက်​ဆေး​ စသောက်လျင် အိပ်ငိုက်ခြင်းဖြစ်သူ ၁၈% နှင့် အနဲငယ် အသားယားသူ ၇% ​တွေ့ခဲ့ရ​သော်လဲ ​ဆေးဆက်​သောက်လျင် ထို​ဘေးထွက်​ဆိုးကျိုးများ ဆက်မဖြစ်​တော့သည်ကိုလဲ ​လေ့လာ​တွေ့ရှိရပါတယ်။

- ထို့​ကြောင့် လူကြီးသာလာဆီးမီးယားလူနာများမှာ သာလီဒိုမိုက်​ဆေး​သောက်သုံးလျင် အချိန်တိုတိုအတွင်း အကျိုးရှိနိုင်​ကြောင်း ​လေ့လာ​တွေ့ရှိခဲ့ကြသည့်အပြင် ​ဘေးထွက်ဆိုးကျိုးနဲသည်ကိုလဲ ​လေ့လာ​တွေ့ရှိခဲ့ကြပါတယ်။

- ​ရေရှည် တွင် ဖြစ်နိုင်​သော ​ဘေးထွက်ဆိုးကျိုးများကို ဆက်လက်​လေ့လာကြရန် လိုအပ်​ကြောင်းလဲ မှတ်ချက်ပေးထားပါတယ်။

အချုပ်အားဖြင့်
- သာလီဒိုမိုက်​ဆေးကို လူကြီးသာလာဆီးမီးယားလူနာများ ​သောက်သုံးလျင် အချိန်တိုတိုအတွင်း ဟီမိုဂလိုဘင် တက်လာသည်ကို ​တွေ့ရနိုင်​ပါတယ်။
- ဘေးထွက်ဆိုးကျိုးများသည်လဲ မစိုးရိမ်ရသည့် ​ဘေးထွက်ဆိုးကျိုးများသာ ဖြစ်ကြပြီး ယာယီမျှသာ ခံစားကြရခြင်း ဖြစ်ပါတယ်။
- ဒီလို​တွေ့ရှိချက်​တွေကို မြန်မာနိုင်ငံရှိ သာလာဆီးမီးယားလူနာများကို ကျန်းမာ​ရေး​စောင့်​ရှောက်မှု ​ပေး​နေကြသူတိုင်း သိရှိနိုင်ကြရန် တင်ပြခဲ့ကြပါတယ်။

အ​ရေးအကြီးဆုံး သတင်းစကားမှာ
- သာလီဒိုမိုက်​ဆေးကို မိမိသ​ဘောဖြင့် ​သောက်သုံးခြင်း မပြုသင့်ဘဲ မိမိကို ​စောင့်​ရှောက်​ပေး​နေ​သော ကျန်းမာ​ရေးဝန်ထမ်းများနှင့် ​သေ​သေချာချာ ​ဆွေး​နွေးတိုင်ပင်ပြှီးမှသာ ​သောက်သုံးသင့်ပါ​ကြောင်းလဲအသိ​ပေးအပ်ပါတယ်။

သာလာဆီးမီးယား ​မွေးရာပါ​သွေးအားနည်း​ရောဂါ လူနာများ၊ မိသားစုဝင်များ၊ ​စောင့်​ရှောက်​ပေး​နေကြသူများအားလုံး ကျန်းမာ ချမ်းသာ ​ဘေးကင်းကြပါ​စေ။

Myanmar Thalassaemia Patients Associationသံဓါတ်ချွတ်​ဆေး လှူဒါန်းပွဲ ၁၉.၁၂.၂၀၂၅​သွေး​ရောဂါ အထူးကုဌာန ​မြောက်ဥက္ကလာပ ​ဆေး...
19/12/2025

Myanmar Thalassaemia Patients Association
သံဓါတ်ချွတ်​ဆေး လှူဒါန်းပွဲ ၁၉.၁၂.၂၀၂၅
​သွေး​ရောဂါ အထူးကုဌာန ​မြောက်ဥက္ကလာပ ​ဆေးရုံ

01/12/2025

Transforming Iron Deficiency Anaemia Management in Myanmar: Practical Experience with Ferric Carboxymaltose" Chairperson: Prof. Htun Lwin NyeinSpeaker: Prof....

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း၏ အခြေခံအချက်အလက်များ (၆)- ဆေးရုံဆင်းခြင်း- ရိုးတွင်းခြင်ဆီ အစားထိုးကုသပြီး နောက်ပိုင်းဘ...
28/09/2025

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း၏ အခြေခံအချက်အလက်များ (၆)

- ဆေးရုံဆင်းခြင်း
- ရိုးတွင်းခြင်ဆီ အစားထိုးကုသပြီး နောက်ပိုင်းဘဝ
- လုပ်ဖို့တန်ရဲ့လား

ဆေးရုံဆင်းခြင်း

ဆေးရုံမှ ဆင်းသွားပြီးနောက်တွင် နောက်ထပ် နှစ်လမှလေးလအထိ နာလန်ပြန်ထူသော အချိန်ကို အိမ်တွင်ဖြစ်စေ၊ အကယ်၍ လူနာသည် အခြားမြို့မှဖြစ်လျှင် ရိုးတွင်းခြင်ဆီ အစားထိုးကုသသောဌာနနှင့် နီးသောနေရာတွင် အိမ်ခန်းငှား၍ဖြစ်စေ ဆက်လက် ဖြတ်သန်းရပါသည်။ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း ပြုလုပ်ပြီး ခြောက်လကြာသည်အထိ လူနာသည် အချိန်ပြည့်အလုပ်မျိုး ပြန်လုပ်နိုင်မည်မဟုတ်ပါ။
လူနာသည် ဆေးရုံမှ ဆင်းနိုင်လောက်အောင် ကျန်းမာလာပြီ ဖြစ်သော်လည်း၊ နာလန်ထူကာလ ပြီးဖို့ များစွာလိုပါသေးသည်။ ပထမပိုင်း ရက်သတ္တပါတ်ပေါင်းများစွာတွင် လူနာသည် အားနည်းလွန်းသဖြင့် အိပ်ခြင်း၊ ထိုင်ခြင်း၊ အနည်းငယ်လမ်းလျှောက်ခြင်း တို့ထက် ပိုလုပ်နိုင်မည်မဟုတ်ပါ။ လူနာ၏ တိုးတက်မှုကို စောင့်ကြည့်ရန်၊ ဆေးဝါးများ၊ သွေးနှင့် အခြားသွေးပစ္စည်းများ သွင်းရန် ဆေးရုံ ဆေးခန်းများသို့ မကြာခဏ ပြန်ပြရန် လိုအပ်ပါသည်။ လူနာသည် ပုံမှန် လုပ်ငန်းဆောင်တာများအတွက် အပြည့်အ၀ အသင့်ဖြစ်နေရန် ရိုးတွင်းခြင်ဆီ အစားထိုး ကုသပြီးသောနေ့မှစ၍ ခြောက်လနှင့်အထက် ကြာရှည်နိုင်ပါသည်။
ထိုကာလအတွင်း၌ လူနာ၏ သွေးဖြူဥအရေအတွက်သည် နေ့စဉ်တွေ့ကြုံရသော ဗိုင်းရပ်စ်၊ ဘက်တီးရီးယားတို့မှ ပုံမှန် ကာကွယ်ခြင်း မပြုလုပ်နိုင်လောက်အောင် နည်းပါးနေလေ့ရှိပါသည်။ ထို့ကြောင့် လူထူထပ်သောနေရာများသွားခြင်းကို တားမြစ်ထားပါသည်။ ရိုးတွင်းခြင်ဆီ အစားထိုး ကုသထားသောလူနာသည် လူထူထပ်သော ရုပ်ရှင်ရုံ ၊ စတိုးဆိုင်၊ ဈေးဝယ်စင်တာ အစရှိသောနေရာများကို နာလန်ထူစဉ်ကာလအတွင်း ရှောင်ကြဉ် ရပါမည်။ တစ်ခါတစ်ရံ အိမ်အပြင် ထွက်သည့်အခါ အကာအကွယ် ပေးနိုင်သည့် မျက်နှာဖုံးတပ်ထားရန် လိုအပ်ပါသည်။
လူနာသည် သွေးစစ်ဆေးရန်၊ သွေးသွင်းရန်နှင့် အခြားလိုအပ်သောဆေးများ ထိုးရန် ဆေးရုံဆေးခန်းကို တစ်ပါတ်လျှင် အကြိမ်များစွာ လာရနိုင်ပါသည်။ တဖြေးဖြေးနှင့်လူနာသည် ပုံမှန်လုပ်ငန်းစဉ်များ ပြုလုပ်နိုင်လောက်အောင် ပြန်လည် ကျန်းမာကြံ့ခိုင်လာပြီးနောက် ကျန်းမာရေးနှင့် ပြည့်စုံသောဘဝသို့ ဦးတည်လာနိုင်မည်ဖြစ်ပါသည်။

ရိုးတွင်းခြင်ဆီ အစားထိုးကုသပြီး နောက်ပိုင်းဘဝ

ခြင်ဆီအသစ်သည် ပုံမှန်အတိုင်း ပြန်လည် အလုပ်လုပ်နိုင်ရန် တစ်နှစ်အထိလည်း ကြာနိုင် ပါသည်။ ထိုကာလအတွင်း လူနာများအား ပိုးမွှားဝင်ရောက်ခြင်း ရှိ၊ မရှိ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းရှိ၊ မရှိ သိနိုင်ရန် အနီးကပ်စောင့်ကြည့် ပေးရပါသည်။
ရိုးတွင်းခြင်ဆီ အစားထိုးကုသပြီး နောက်ပိုင်းဘဝသည် ပျော်ရွှင်ဖွယ် ကောင်းသလို၊ စိတ်သောကဖြစ်ဖွယ်လည်း ကောင်းပါသည်။ တစ်ဖက်တွင် သေမင်းနှင့် အတော် နီးပြီးကာမှ ပြန်လည်ရှင်သန်နေခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းလှပါသည်။ လူနာအများစုသည် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း ပြုလုပ်ပြီးနောက်ပိုင်း သူတို့၏ ဘဝအရည်အသွေး ပိုမိုတိုးတက်လာသည်ကို တွေ့ကြ ရပါသည်။
မည်သို့ပင်ဖြစ်စေ ရောဂါပြန်ဖြစ်မည်ကိုလည်း အမြဲ စိတ်သောက ရောက်နေရတတ် ပါသည်။ ထို့အပြင် မရည်ရွယ်ပါဘဲ သာမန်အကြောင်းအရာ၊ အဖြစ် အပျက်တို့သည် နာလန်ထူလာပြီး လူနာအတွက် ခါးသီးသော အမှတ်ရဖွယ် ဖြစ်ရပ်များကို ပြန်လည် အမှတ်ရ စေပါလိမ့်မည်။ ထိုအခက်အခဲများကို အလွယ်တကူ ကျော်ဖြတ်နိုင်ရန် လူနာအတွက် အချိန်ကြာကြာ လိုအပ်ပါလိမ့်မည်။

လုပ်ဖို့တန်ရဲ့လား

တန်ပါသည်။ ရိုးတွင်းခြင်ဆီ အစားထိုးကုသသော လူနာအများစုအတွက် အခြား ရွေးချယ်စရာလမ်းမှာ သေလမ်းပင် ဖြစ်ပါသည်။ ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်းသည် စမ်းသပ်ကြည့်ရမည့် အတွေ့အကြုံတစ်ရပ် ဖြစ်နေသော်လည်း၊ လူနာအများစုအတွက်မှာမူ ရိုးတွင်းခြင်ဆီ အစားထိုးကုသပြီး နောက်ပိုင်း အသက်ရှင်နေနိုင်ခြင်း၊ ပြန်လည် ကျန်းမာလာခြင်းတို့ကြောင့် ရမည့် ပျော်ရွှင်မှုတို့သည် ကြိုးစားကြည့်ရကျိုး နပ်ကြောင်း တွေ့ရှိရပါသည်။

(Columbia Presbyterian Medical Center, Herbert Irving Comprehensive Cancer Center ၏ The Nuts and Bolts of Bone Marrow Transplants အား ဘာသာပြန်ပါသည်။)

ဘီတာသာလာဆီးမီးယား ​မွေးရာပါ ​သွေးအားနည်း​ရောဂါကို ဘယ်လိို ကုသလဲ (၂)​သွေးသွင်းခြင်းဘီတာ သာလာဆီးမီးယား​ရောဂါကုသမှုမှာ ​သွေ...
20/09/2024

ဘီတာသာလာဆီးမီးယား ​မွေးရာပါ ​သွေးအားနည်း​ရောဂါကို ဘယ်လိို ကုသလဲ (၂)

​သွေးသွင်းခြင်း

ဘီတာ သာလာဆီးမီးယား​ရောဂါကုသမှုမှာ ​သွေးသွင်းကုသခြင်းဟာ အ​ရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ လူနာ၏ကိုယ်ခန္ဓာမှ ကျန်းမာ​သော ​သွေးနီဥများကို အလုံအ​လောက်မထုတ်လုပ်နိုင်သဖြင့် ကျန်းမာသူ တဦးဦး လှူဒါန်း​သော ​သွေးကို လူနာအား ပုံမှန် သွင်း​ပေးရပါမယ်။

ဘယ်​လောက်တကြိမ်သွင်းရမလဲ၊ တကြိမ်မှာ ​သွေးပမာဏ ဘယ်​လောက်သွင်းရမလဲ ဆိုတဲ့ ​"သွေးသွင်းရန် အစီအစဥ်"ကို ကုသ​ပေး​သော ဆရာဝန်မှ ဆုံးဖြတ်ပါလိမ့်မယ်။ ​
သွေးသွင်းခြင်းကို ​ဆေးရုံ သို့မဟုတ် ​နေ့ချင်းပြန် ​သွေးသွင်းဌာနများ၌ ​လေ့ကျင့်သင်ကြားထားတဲ့ ဆရာဝန်၊ သူနာပြုများရဲ့ ကြီးကြပ်မှု​အောက်မှာ ပြုလုပ်​လေ့ရှိပါတယ်။

တသက်လုံး ပုံမှန်​သွေးသွင်း​နေရသူများ၊ ​မွေးပြီးတလအတွင်းမှာ ​သွေးသွင်းရသူများကို Transfusion dependent thalassaemia TDT ​"သွေးသွင်းခြင်းကို မှီခို​နေရ​သော သာလာဆီးမီးယား" ဟု ​ခေါ်ကြပြီး
ရံဖန်ရံခါမှ ​သွေးသွင်းရသူများ၊ အသက်ကြီးမှ ​သွေးစသွင်းရသူများကို Non-transfusion dependent thalassaemia NTDT "သွေးသွင်းခြင်းကို မမှီခို​​နေသော သာလာဆီးမီးယား" လို့ ​ခေါ်ကြပါတယ်။
သွေးသွင်းခြင်းကို မှီခို​နေရ​သော သာလာဆီးမီးယားလူနာများဟာ အများအားဖြင့် ၂ ပါတ်မှ ၅ ပါတ်လျင် တကြိမ် ​သွေး ၂ ထုပ်နှင့်အထက် သွင်းရတတ်ပါတယ်။ သွေးသွင်းခြင်းကို မမှီခို​နေသော သာလာဆီးမီးယားလူနာများရဲ့ ​သွေးသွင်းပုံမှာ တဦးနှင့်တဦး ကွဲပြားတတ်ပါတယ်။

ဘီတာသာလာဆီးမီးယား ​မွေးရာပါ ​သွေးအားနည်း​ရောဂါကို ဘယ်လိို ကုသလဲ (၁)
https://www.facebook.com/share/p/Pazapv4U4G5Xa7vt/?mibextid=oFDknk

Address

Kuala Lumpur

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ​သွေး​ရောဂါများအ​ကြောင်း ​လေ့လာရန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share