KPJ Hospital Myanmar

KPJ Hospital Myanmar Welcome to the official Myanmar page of Malaysia KPJ Damansara Specialist Hospital 🇲🇾🇲🇲

✨ Happy Healthy New Year 2024! 🎇💖 ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်ကိုပိုင်ဆိုင်ကြပါစေကြောင်း KPJ မလေးရှားဆေးရုံကြီးမှ ဆုတောင...
31/12/2023

✨ Happy Healthy New Year 2024! 🎇

💖 ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်ကိုပိုင်ဆိုင်ကြပါစေကြောင်း KPJ မလေးရှားဆေးရုံကြီးမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ 🇲🇾

🌸 အမျိုးသမီးကင်ဆာ ကာကွယ်ပါ✅ကင်ဆာရောဂါဆိုတာ စောစောသိလေ ကုသဖို့လွယ်သလို စရိတ်လဲပိုသက်သာပါတယ်။ အမျိုးသမီးတွေအများစုက ကိုယ့်...
30/12/2023

🌸 အမျိုးသမီးကင်ဆာ ကာကွယ်ပါ

✅ကင်ဆာရောဂါဆိုတာ စောစောသိလေ ကုသဖို့လွယ်သလို စရိတ်လဲပိုသက်သာပါတယ်။ အမျိုးသမီးတွေအများစုက ကိုယ့်မိသားစုအရေး၊ အိမ်မှုကိစ္စအရေး၊စီးပွါးရေး စတာတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး ကိုယ့်ကျန်းမာရေးကိုယ်တော့ ဂရုစိုက်ဖို့ မေ့နေတတ်ကြတာမို့ သတိလေးပေးရင်း KPJ မလေးရှားဆေးရုံကြီးရဲ့ Female Cancer (အမျိုးသမီးကင်ဆာ) screening package လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 👩‍⚕️

အမျိုးသမီးတွေအတွက် အထူးစီစဉ်ထားတာမို့ ဒီ Female Cancer Screening Package လေးမှာ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့

- ရင်သားကင်ဆာ
- သားအိမ်ခေါင်းကင်ဆာ
- သားဥအိမ်ကင်ဆာ
- သားအိမ်ကင်ဆာ တွေအတွက် လိုအပ်တဲ့စစ်ဆေးမှုတွေ ပါဝင်မှာဖြစ်သလို အခြားခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်နိုင်တဲ့ ကင်ဆာရောဂါအမျိုးအစားတွေအတွက်လည်း စစ်ဆေးမှုတွေထည့်သွင်းထားပါတယ်။

ဒါတင်မကပဲ အထွေထွေကျန်းမာရေးပြဿနာတွေအတွက် လိုအပ်တဲ့စစ်ဆေးမှုတွေလည်း ပြည့်ပြည့်စုံစုံပါဝင်ပါပြီး နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကိုယ်တိုင် သေချာစမ်းသပ်ပြီး ရှင်းပြပေးဦးမှာပါ။

ပါဝင်တဲ့စစ်ဆေးမှုအသေးစိတ်ကို ပုံမှာလေ့လာနိုင်သလို KPJ Hospital Myanmar Page chat box မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။ 😊

အမျိုးသမီးလေးတို့ရေ… ကျန်းမာမှ ကိုယ်ချစ်တဲ့သူတွေအတွက်ရော၊ ကိုယ်တိုင်အတွက်ပါ အကောင်းဆုံးတွေ ဖန်တီးနိုင်မှာပါနော်။ 😇

🎁 KPJ-DSH မလေးရှားဆေးရုံကြီးမှာ- ဖန်ပြွန်သန္ဓေသားယူပါ...👶🏻 သားသမီးရတနာယူဖို့ အခက်အခဲရှိတာကြောင့် ဖန်ပြွန်သန္ဓေတားနည်းလမ်...
28/12/2023

🎁 KPJ-DSH မလေးရှားဆေးရုံကြီးမှာ- ဖန်ပြွန်သန္ဓေသားယူပါ...

👶🏻 သားသမီးရတနာယူဖို့ အခက်အခဲရှိတာကြောင့် ဖန်ပြွန်သန္ဓေတားနည်းလမ်း (IVF- In Vitro Fertilization) ကိုစိတ်ဝင်စားနေပြီဆို မလေးရှားနိုင်ငံမှာရှိတဲ့ KPJ-DSH ဆေးရုံကြီးကိုသာ စိတ်ချလာခဲ့လိုက်တော့နော်။

👶🏻 ဖန်ပြွန်သန္ဓေသားယူတာနဲ့ပတ်သက်ပြီး သိလိုသမျှအသေးစိတ်အကြောင်းအရာတွေကို ကျွမ်းကျင်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းကစလို့ သန္ဓေသားလောင်းအောင်မြင်ပြီး လိုအပ်တဲ့ဆေးတွေအထိပါ အစအဆုံးပါဝင်ပြီးသား Package ကို မလေးရှား KPJ-DSH ဆေးရုံကြီးမှာ ရနေပါပြီ။

🏥 KPJ-DSH (KPJ-Damansara Hospital) ဆေးရုံကြီးဆိုတာကတော့ KPJ ဆေးရုံကွန်ယက်ရဲ့ ၈ခုမြောက်ဆေးရုံဖြစ်ပြီး Planetree international, US ကနေ Gold level Excellence certification ကို မလေးရှားမှာ ပထမဆုံးရထားတဲ့ အထူးကုဆေးရုံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဖန်ပြွန်သန္ဓေသားယူခြင်း ဝန်ဆောင်မှုက ဒီဆေးရုံကြီးရဲ့ နာမည်ရထိပ်တန်းကျန်းမာရေးဝန်ဆောင်မှု တစ်ခုလည်းဖြစ်တာမို့ စိတ်ချယုံကြည်စွာလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📥 အသေးစိတ်သိချင်တာရှိရင် Page Chat box ကိုလာခဲ့လို့ရပါတယ်နော်။ 😇

25/12/2023

🎄🎅🏻 Merry Christmas! အားလုံးပဲ ခရစ္စမတ်အချိန်အခါမှာ ကျန်းမာခြင်းလက်ဆောင်ကို ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ KPJ Hospital Myanmar Team မှ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။ 🎁

👉🏻ဝမ်းချုပ်တာကို ခပ်ပေါ့ပေါ့အလေးမထားဘဲမနေသင့်ပါဘူး!🚨 ဝမ်းချုပ်တာက များသောအားဖြင့် ရောဂါကြီးကြီးမားမားဖြစ်လေ့မရှိပေမယ့် မ...
24/12/2023

👉🏻ဝမ်းချုပ်တာကို ခပ်ပေါ့ပေါ့အလေးမထားဘဲမနေသင့်ပါဘူး!

🚨 ဝမ်းချုပ်တာက များသောအားဖြင့် ရောဂါကြီးကြီးမားမားဖြစ်လေ့မရှိပေမယ့် မကြာခဏဝမ်းချုပ်နေတယ်၊ ချုပ်တာကလည်း ပိုပိုဆိုးလာတယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်ဆရာကြီးများနဲ့ ပြသတိုင်ပင်ပြီး အူလမ်းကြောင်းဆိုင်ရာလိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုနိုင်ပါတယ်။

🌎 ဒီဇင်ဘာလက ဝမ်းချုပ်ခြင်းအတွက် ကျန်းမာရေးအသိပညာဖြန့်ဝေရေးလဖြစ်တာကြောင့် ဝမ်းချုပ်ခြင်းနဲ့ပတ်သက်ပြီး အားလုံးသိထားသင့်တဲ့အကြောင်းအရာတွေကို ပုံမှာပြောပြပေးထားပါတယ်။

🔬 အစာအိမ်နဲ့အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်းနဲ့ ပတ်သက်ပြီး မလေးရှား KPJ ဆေးရုံကြီးမှာ အထူး Package လေးတွေရှိတာမို့ အသေးစိတ်သိလိုတာရှိရင် chat box မှာစုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

👶🏻 သားသမီးလိုချင်ပေမယ့် မရနိုင်ဖြစ်နေပြီဆိုရင် အမျိုးသား(သို့)အမျိုးသမီးဘက်က လိုအပ်ချက်တစ်ခုခုရှိနေတာကြောင့်ဖြစ်နိုင်သလိ...
22/12/2023

👶🏻 သားသမီးလိုချင်ပေမယ့် မရနိုင်ဖြစ်နေပြီဆိုရင် အမျိုးသား(သို့)အမျိုးသမီးဘက်က လိုအပ်ချက်တစ်ခုခုရှိနေတာကြောင့်ဖြစ်နိုင်သလို စိတ်ဖိစီးမှုနဲ့ နေထိုင်မှု life style ကလည်း သန္ဓေအောင်မှုပေါ်သက်ရောက်နိုင်ပါတယ်။

👩🏻‍⚕️ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေမှ အချိန်ကုန်သက်သာပြီး ထိရောက်တဲ့နည်းလမ်းတွေကို ရွေးချယ်နိုင်မှာပါ။

🏥 စုံတွဲပေါင်းမြောက်များစွာအတွက် သားသမီးအလိုရှိတဲ့အိပ်မက်တွေပြည့်အောင် လမ်းညွှန်ပေးလျက်ရှိတဲ့ KPJ - Damansara ဆေးရုံကြီးရဲ့ Fertility centre မှ ဝါရင့်သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာမိုဟန်ရဂျ် နဲ့ ဖန်ပြွန်သန္ဓေသားအကြောင်းဆွေးနွေးတိုင်ပင်လိုပါက Teleconsultation နဲ့ ဆွေးနွေးတိုင်ပင်ဖို့ KPJ Hospital Myanmar page ရဲ့ chat box ကနေဆက်သွယ်စုံစမ်း နိုင်ပါပြီ။ 🩺

🇲🇾 Dr. Mohan Raj
M.B.B.S ( Malaysia ) , M.O.G (UM)
Specialized in IVF
Obstetrics and Gynaecology

💖 အသည်းလေးကို ပုံမှန် ဂရုစိုက်ပေးပါ။🚨 ယနေ့ခေတ်မှာ အရက်ဘီယာ၊ အဆီများတဲ့အစားအသောက်တွေ သုံးဆောင် တာများလာတာကြောင့် အသည်းအဆီ...
19/12/2023

💖 အသည်းလေးကို ပုံမှန် ဂရုစိုက်ပေးပါ။

🚨 ယနေ့ခေတ်မှာ အရက်ဘီယာ၊ အဆီများတဲ့အစားအသောက်တွေ သုံးဆောင် တာများလာတာကြောင့် အသည်းအဆီဖုံးရောဂါ ခံစားသူတွေ တစ်စနဲ့ တစ်စ များလာပါပြီ။

😨 အသည်းရောင်အသားဝါ A,B,C စတဲ့ပိုးတွေကူးစက်ခံရရာကလည်း အသည်းရောင်ရောဂါကစလို့ အသည်းခြောက်၊အသည်းကင်ဆာ ရောဂါအထိဖြစ်နိုင်ပါတယ်။

✅ အသည်းရောဂါရှိနေခဲ့ရင် စောလျင်စွာကုသနိုင်ဖို့ KPJ မလေးရှားဆေးရုံကြီးရဲ့ Liver screening Package နဲ့ အသည်းလေးကို ဂရုစိုက်ပေးဖို့ သတင်းစကားပေးချင်ပါတယ်။

🏥 ဒီ package မှာ အသည်းအတွက်လိုအပ်တဲ့စစ်ဆေးမှုတွေအပြင် အခြားအထွေထွေကျန်းမာရေးစစ်ဆေးမှုတွေလည်း ပါဝင်ပြီး အဖြေများကို ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ ပြသတိုင်ပင်နိုင်မှာပါ။ 👨‍⚕️👩‍⚕️

ထပ်မံသိရှိလိုတာတွေရှိရင် Page chat box မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။ 😇

🇲🇾 Medical Check-up မလုပ်ခင် ဘာတွေ ဆောင်ရ၊ရှောင်ရမလဲဆိုတာ ပုံလေးတွေမှာ လေ့လာကြည့်လိုက်ကြရအောင်! 😃👨🏻‍⚕️ ဆောင်ရ၊ ရှောင်ရမယ...
15/12/2023

🇲🇾 Medical Check-up မလုပ်ခင် ဘာတွေ ဆောင်ရ၊ရှောင်ရမလဲဆိုတာ ပုံလေးတွေမှာ လေ့လာကြည့်လိုက်ကြရအောင်! 😃

👨🏻‍⚕️ ဆောင်ရ၊ ရှောင်ရမယ့်အချက်တွေကို လေ့လာပြီးသွားလို့ Check-up လုပ်ဖို့စဉ်းစားနေပြီဆိုရင် KPJ-DSH မလေးရှားဆေးရုံကြီးမှာ အထွေထွေကျန်းမာရေးစစ်ဆေးမှု အတွက် ၂ညအိပ် ၃ရက်တာ Medical Check-up Package လေးကို နှုန်းထားသက်သာစွာနဲ့ ပြုလုပ်နိုင်ပါပြီနော်။

✅ Basic Package နဲ့ Comprehensive Package ၂ ခုခွဲထားပြီး တစ်ခုချင်းစီနဲ့ပတ်သက်လို့ အသေးစိတ်ကို KPJ Hospital Myanmar Page chat box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 😊

👶🏻 ကလေးရဖို့ ဘာတွေက ခက်ခဲနေတာလဲ?😢 သားသမီးရဖို့ အခက်အခဲရှိတဲ့ စုံတွဲတွေအနေနဲ့ ကိုယ်မျှော်လင့်တဲ့ မိသားစုဘဝလေးရဖို့ ဒီမေးခ...
14/12/2023

👶🏻 ကလေးရဖို့ ဘာတွေက ခက်ခဲနေတာလဲ?

😢 သားသမီးရဖို့ အခက်အခဲရှိတဲ့ စုံတွဲတွေအနေနဲ့ ကိုယ်မျှော်လင့်တဲ့ မိသားစုဘဝလေးရဖို့ ဒီမေးခွန်းအတွက် အဖြေရှာရခက်နေပြီလား?

😢 တစ်နှစ်အတွင်း ကလေးရဖို့ကြိုးစားနေပေမယ့် မရဘူးဖြစ်နေရင် “Infertility” လို့ခေါ်တဲ့ သန္ဓေမအောင်နိုင်ခြင်း အခြေအနေတစ်ရပ်ဖြစ်နေပြီလို့ ခံစားနေရပြီလား?

✅ ခုလို မေးခွန်းတွေနဲ့ ကြုံလာရပြီဆိုရင် KPJ ဆေးရုံကြီး မှာ အဖြေရှာကြည့်ဖို့ လိုပါမယ်။

အသက်အရွယ်ရလာခြင်း နဲ့ နေထိုင်မှုပုံစံ lifestyle နှင့် အခြားသော အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးမရတာမျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့်

👉အသက် ၃၅နှစ်အထက် စုံတွဲတွေမှာ ၆လ ကြာတဲ့ထိ ကလေးမရရင်

👉အသက်၃၅နှစ်အောက် စုံတွဲတွေမှာ ၁နှစ် ကြာတဲ့ထိ ကလေးမရရင်

“Fertility screening ခေါ် ကလေးရနိုင်မှုအခြေအနေကို စမ်းသပ်စစ်ဆေးမှုမျိုး” ပြုလုပ်ကြည့်ဖို့လိုပါတယ်။ စစ်ဆေးကုသမှုအတွက် မျိုးဆက်ပွါးဆိုင်ရာခေတ်မီနည်းပညာတွေနဲ့ ခွဲစိတ်မှုအနည်းဆုံးကုထုံးတွေအထိ ပြည့်ပြည့်စုံစုံ ပြုလုပ်လို့ရတဲ့ နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။

KPJ Damansara Specialist Hospital ကြီးရဲ့ Fertility Centre မှာ သန္ဓေအောင်မြင်မှု (Success rate) မြင့်မားပြီး ခေတ်မီနည်းပညာ၊ ပြည့်စုံတဲ့ဝန်ဆောင်မှု၊ ပျူငှါနွေးထွေးတဲ့အတွေ့အကြုံတွေကိုရရှိဖို့ အာမခံမှုအပြည့်ရှိပါတယ်။

KPJ ရဲ့ Fertility screening package မှာ

✨ အထူးကု ဆရာဝန်ကြီး နဲ့ စုံတွဲလိုက်ဆွေးနွေးတိုင်ပင်နိုင်ခြင်း

✨ အမျိုးသမီး ကလေးရနိုင်ချေကို စစ်ဆေးခြင်း

✨ အမျိုးသား ကလေးရနိုင်ချေကို စစ်ဆေးခြင်း စတာတွေအတွက် ခေတ်မီနည်းပညာနဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေ ပါဝင်ပါတယ်။

In-vitro Fertilization (ဖန်ပြွန် သန္ဓေသား) နဲ့ပတ်သက်ပြီး စုံစမ်းချင်တယ်ဆိုရင် KPJ ဆေးရုံကြီးရဲ့ Fertility Screening Package ရှိတာမို့ အသေးစိတ်သိရှိလိုတာတွေကို page ရဲ့ chat box မှာ ခုဘဲ စာရင်းသွင်း မေးမြန်းနိုင်ပါတယ်။

💖 နှစ်တိုင်း ပုံမှန် ကျန်းမာရေး Check up လုပ်ဖြစ်ရဲ့လား ?✅ ကိုယ်ကကျန်းမာနေပြီဆိုရင် ကျန်းမာရေး Check up လုပ်ဖို့ မလိုဘူး...
11/12/2023

💖 နှစ်တိုင်း ပုံမှန် ကျန်းမာရေး Check up လုပ်ဖြစ်ရဲ့လား ?

✅ ကိုယ်ကကျန်းမာနေပြီဆိုရင် ကျန်းမာရေး Check up လုပ်ဖို့ မလိုဘူးလို့ အများစုထင်ကြပေးပါတယ်။တကယ်တော့ ကျန်းမာနေ တဲ့အချိန်မှာစစ်မှ ဘာရောဂါလက္ခဏာမှ မပြခင် အစောဆုံးအဆင့်မှာ သိရှိပြီး အထိရောက်ဆုံးကုသမှုခံယူနိုင်တာကြောင့် ရောဂါ သက်သာပျောက်ကင်း နိုင်ချေလည်း ပိုများတာဖြစ်ပါတယ်။ အနည်းဆုံးတော့ တစ်နှစ်တစ်ခါ ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်နော်။

🏥 တစ်နှစ်လုံး အလုပ်တွေလုပ်ထားတဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ကျန်းမာရေးစစ်ဆေးမှုလည်းလုပ်ရင်း အနားလည်းယူနိုင်မယ့် KPJ မလေးရှားဆေးရုံကြီးရဲ့ Special Package အနေနဲ့ “Resort ဟိုတယ်ကြီးတွေမှာ ဇိမ်ခံပြီး ကျန်းမာရေးစစ်ဆေးနိုင်တဲ့ Package” လေးရှိပါတယ်။

🇲🇾 မလေးရှားနိုင်ငံကို ၂ညအိပ်၃ရက် သွားရောက်လည်ပတ်ရင်း ကျန်းမာရေးစစ်ဆေးမှုလည်း ပြုလုပ်လို့ရမယ့် ✨“3D2N KPJ-Resorts World Genting Health Screening Package” ✨နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုတာရှိရင် Page Chat box ကနေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်

07/12/2023

KPJ မလေးရှားဆေးရုံကြီးမှာ သက်တောင့်သက်သာကျန်းမာရေး ကုသမှု မျိုးစုံကို ရရှိနိုင်ပြီဖြစ်ကြောင်း သိပြီးပြီလား? 😇

နိုင်ငံခြားမှာ ဆေးကုသမှုခံယူတော့မယ်ဆိုရင် ကုသမှုအပိုင်းသာမကဘဲ ဆေးရုံအတွင်းလူနာအဖြစ် တက်ရောက်ကုသနေချိန်မှာ လူနာရော၊ လူနာရှင်ပါ သက်တောင့်သက်သာ ရှိနေဖို့က အရေးကြီးပါတယ်။ 🤔

🇲🇾KPJ မလေးရှားဆေးရုံကြီးမှာ ကမ္ဘာအဆင့် မီကုသမှုတွေခံယူနိုင်ရုံသာမကဘဲ သန့်ရှင်းကျယ်ဝန်းတဲ့အခန်းနဲ့ အဆင့်မြင့်ဝန်ဆောင်မှုတွေက စိတ်ကိုကြည်လင်စေလို့ ကုသမှုကို ပိုပြီးထိရောက်စေမှာပါနော်။ 😇

✨ သန့်ရှင်းသပ်ရပ်ပြီးကျယ်ဝန်းတဲ့အခန်းမှာ Facility အပြည့်ပြင်ဆင်ထားတဲ့ KPJ မလေးရှား ဆေးရုံ Premier Ward ရဲ့ ခမ်းနားတဲ့ အတွင်းပိုင်းပုံစံကို ပုံမှာကြည့်ရှုနိုင်ပါတယ်။

အတွင်းလူနာခန်းများကို လည်း တစ်ဦးချင်းဆီရဲ့လိုအပ်ချက်အလိုက် နှစ်သက်ရာရွေးချယ်နိုင်ဖို့လည်း ဆေးရုံအခန်း နှုန်းထားတွေကို ပုံမှာလည်း ကြည့်နိုင်ပါတယ်။ ✨

အသေးစိတ်သိရှိလိုတာရှိရင် KPJ Hospital Myanmar page chat box ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။ 😊

Welcome to the official Myanmar page of Malaysia KPJ Damansara Specialist Hospital 🇲🇾🇲🇲

🚨 အစာအိမ်ကင်ဆာရှိနေပြီလား? 🦠 အစာအိမ်ကင်ဆာက အခြားအစာအိမ်ရောဂါတွေမှာ ခံစားရတဲ့လက္ခဏာဆင်တူလေ့ရှိတာကြောင့် စဖြစ်ဖြစ်ချင်းမှာ...
05/12/2023

🚨 အစာအိမ်ကင်ဆာရှိနေပြီလား?

🦠 အစာအိမ်ကင်ဆာက အခြားအစာအိမ်ရောဂါတွေမှာ ခံစားရတဲ့လက္ခဏာဆင်တူလေ့ရှိတာကြောင့် စဖြစ်ဖြစ်ချင်းမှာ ဂရုမပြုမိတတ်ပါဘူး။

🦠 အစားအသောက်ပျက်၊ ကိုယ်အလေးချိန်ကျကာ ဝမ်းအမည်းတွေသွားပြီး အဆင့်နောက်ကျတော့မှ သိတဲ့အခါ ကုသမှုမှာ နှောင့်နှေးနိုင်ပါတယ်။ ဒါကြောင့် အားလုံးအတွက် အစာအိမ်ကင်ဆာနဲ့ပတ်သက်ပြီး သိသင့်တဲ့အကြောင်းအရာတွေကို မျှဝေလိုက်ပါတယ်။

🏥 အစာအိမ်ရောဂါများအတွက် အသေးစိတ် ဆွေးနွေးချင်ရင်တော့ KPJ Hospital Myanmar page ကနေဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

Address

119, Jalan SS 20/10, Damansara Utama
Petaling Jaya
47400

Alerts

Be the first to know and let us send you an email when KPJ Hospital Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category