HC product Natural Beauty

HC product Natural Beauty ယုံကြည်စိတ်ချစွာဝယ်ယူခြင်းဖြင့် အလှတရားကိုပိုင်ဆိုင်နိုင်ခြင်း /Good product/

❝ မေတ္တာဆိုတာ… ချစ်တာ မဟုတ်ဘူး ❞ ဆိုတာ… ချစ်တာ မဟုတ်ဘူး။ သူတစ်ပါးတို့အား ဒုက္ခမပေးဘူးဆိုတဲ့ စိတ်ထား။ သူတစ်ပါးတို့အတွက် က...
28/05/2024

❝ မေတ္တာဆိုတာ… ချစ်တာ မဟုတ်ဘူး ❞

ဆိုတာ…
ချစ်တာ မဟုတ်ဘူး။
သူတစ်ပါးတို့အား
ဒုက္ခမပေးဘူးဆိုတဲ့ စိတ်ထား။
သူတစ်ပါးတို့အတွက်
ကောင်းကျိုး ဆောင်ရွက်မယ်ဆိုတဲ့
စိတ်ထား။

ကရုဏာဆိုတာ…
ဘယ်သူကိုမျှ မညှင်းဆဲဘူး။
ဘယ်သူ ဒုက္ခ ရောက်ရောက်
ငါကူညီစောင့်ရှောက်မယ် ဆိုတဲ့
စိတ်ထား။

ဥပေက္ခာဆိုတာ…
မျက်နှာလွှဲ ခဲပစ်
လုပ်တာမဟုတ်ဘူး။
ဟန်ချက်ညီအောင်နေတာ။

ကြောက်တဲ့ဘက်လည်း
ရောက်ပြီးတော့… မတုန်လှုပ်နဲ့။
ကြိုက်တဲ့ဘက်လည်း
ရောက်ပြီးတော့… မတုန်လှုပ်နဲ့။

အဲဒီအစွန်းနှစ်ခု
လွတ်အောင်ရှောင်ပြီး
အလယ်ကနေသွားတာ။

ဥပေက္ခာ ဆိုတဲ့ပုဒ်ကို
အဘိဓမ္မာမှာ…
“မဇ္စျတ္တာကာရ လက္ခဏာ” လို့
ဖွင့်တယ်။

“မဇ္စျတ္တ” ဆိုတာ
Middle Way ပဲ။

အတွေးမှန်ဖို့ရန်…
စွန့်လွှတ်ဖို့ တွေးပါ။
သူတစ်ပါး အကျိုးစီးပွား
ဆောင်ရွက်ဖို့ တွေးပါ။
သူတစ်ပါးရဲ့ ဒုက္ခကို
ပယ်ဖျောက်ဖို့ စောင့်ရှောက်ဖို့
တွေးပါ။

အတွေးသုံးပါး၊ အဲဒါကို
“သမ္မာသင်္ကပ”လို့ ခေါ်တယ်။

ကောင်းတယ် အကျိုးရှိတယ်ဆိုတဲ့
အလုပ်သည် …
စိတ်ကောင်းရှိတဲ့အခါမှ
လုပ်ဖြစ်တာ။
မကောင်းဘူး အကျိုးမရှိဘူးဆိုတဲ့
အလုပ်သည် …
စိတ်ကောင်းမရှိတဲ့အခါတိုင်း
လုပ်ဖြစ်တယ်။

ဒါကြောင့်…
စိတ်ကောင်းထားတယ်ဆိုတာ
အဓိပ္ပါယ် သိပ်ရှိပါတယ်။

လူ့ဘဝ ဆိုတဲ့
ဘဝကောင်းတစ်ခုကို
ရရှိနေချိန် မှာ…
အကျင့်ကောင်းတွေနဲ့
တိုးတက်အောင် လုပ်ကြ။

ဘဝကောင်းကို မသိရင်
အကျင့်ကောင်းကိုလည်း
မကျင့်မိတတ်ဘူး …။

လူသားအားလုံးရဲ့ ပန်းတိုင်ဟာ
ဝိသုဒ်ဓိနဲ့ ဝိမုတ်တိပါပဲ။

Purification –
သန့်ရှင်းစင်ကြယ်ခြင်းကို
”ဝိသုဒ္ဓိ” လို့ ခေါ်တယ်။

Liberation –
လွတ်မြောက်ခြင်းကို
”ဝိမုတ္တိ” လို့ ခေါ်တယ်။

သန့်ရှင်းစင်ကြယ်ခြင်း –
Purification
လွတ်မြောက်ခြင်း –
Liberation ရဖို့အတွက်
ဘာလုပ်ရမလဲဆိုရင်…

We must follow
the dhamma
ဓမ္မကို လိုက်နာကျင့်သုံးရမယ်။

ဓမ္မကို လိုက်နာကျင့်သုံးတဲ့
ပုဂ္ဂိုလ်ဟာ…
သန့်ရှင်းသွားတယ်။
သန့်ရှင်းလို့ရှိရင်
လွတ်မြောက်သွားတယ်။

မိမိကိုယ်တိုင်
နိဗ္ဗာန်ရောက်ဖို့ထက်
မိမိကြောင့်… သူတစ်ပါး
စိတ်သောက မဖြစ်အောင်
နေတတ်ဖို့ ပိုအရေးကြီးတယ်။

အဲဒါ မြင့်မြတ်သော…
လူစွမ်းကောင်းတို့ရဲ့စိတ်ထားပဲ။

#မူရင်းရေးသားသူ✍️✨️✍️✨️✍️✨️✍️✨️✍️🙏🌹🙏🌹🙏🌹🙏🌹🙏※※※ ⃣☞♠🅣🅐🅜♠☜⃣※※※
ွတ်လပ်စွာယူနိုင်ပါတယ်

"သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့" #ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ  *****သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..သူ...
25/05/2024

"သိပ်ကြိုက်လို့ အလွတ်ရနေမိတဲ့"

#ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာတွေ ပါ
*****
သင့်ကို နှိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူ့ကြောင့် သင်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်လာတာပါ..
သင့်အလှည့်ကျရင် နိမ့်ကျတဲ့သူတွေကို လက်တွဲခေါ်ပါ..

သင့်ကို ကဲ့ရဲ့ခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူ့ကြောင့် ကဲ့ရဲ့ခံရရင် ဘယ်လိုခံစားရလဲဆိုတာ သင်သိခဲ့တာပါ..
သင့်အလှည့်ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့..

သင့်ကို အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့သူကို ကျေးဇူးတင်ပါ..
သူက ဘဝရဲ့အရေးကြီးဆုံးသင်ခန်းစာကို သင်ပေးခဲ့တာပါ..
သူ့ကြောင့် သင်လူတစ်ယောက်ကို မျက်စိမှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး..
ဒါပေမယ့် သင့်ကိုယုံကြည်တဲ့သူကို ဘယ်တော့မှမလိမ်ပါနဲ့..
အဲဒီခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ..

သင်အကူအညီတောင်းခဲ့တိုင်း လှည့်မကြည့်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ..
သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ..
သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ..

သင့်ကို ခေါင်းပုံဖြတ်ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူးတင်ပါ..
ခေါင်းပုံဖြတ်တဲ့သူတို့က ခေါင်းရှောင်တစ်ယောက်အောက်မှာလုပ်ရတဲ့ လက်အောက်ငယ်သားတစ်ယောက်ရဲ့ ခံစားမှုမျိုးကို သင်နဲ့မိတ်ဆက်ပေးခဲ့လို့ပါ..
သင်ခေါင်းဆောင်ဖြစ်တဲ့နေ့ သင့်လက်အောက်ငယ်သားတွေ ဘယ်တော့မှ အဲ့ဒီလို မခံစားရပါစေနဲ့..

သင်အလုပ်ကို အဆပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် လစာနည်းနည်းက တိုးမပေးခဲ့တဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ပါ..
သင်ကြိုးစားခဲ့လို့ သင့်မှာအရည်အချင်းတွေရှိနေရင် သင့်အတွက် အလုပ်မရှားတော့ပါဘူး..
အခွင့်အရေးပေါင်းများစွာက
သင့်ရှေ့လက်တစ်ကမ်းမှာ ရောက်နေပါပြီ..
သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာသို့ ပြောင်းလိုက်ပါ..
သင်အလုပ်ရှင်ဖြစ်တဲ့နေ့ သင့်ရဲ့လက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားပါ..

သင့်ကို ပစ်ခွာသွားသူကို ကျေးဇူးတင်ပါ..
သင့်ကိုတန်ဖိုးမထားသူတစ်ယောက်ကို သင် စောစောစီးစီး သိလိုက်ရတာပါ..
နောက်ကျမှသိရင် အရာရာနောက်ကျနေပါလိမ့်မယ်..
သူ့ကြောင့် သင်နဲ့ထိုက်တန်တဲ့သူကိုတွေ့ဖို့ လမ်းပွင့်သွားတာပါ..
သင့်ကို တန်ဖိုးထားတဲ့လူတစ်ယောက်တွေ့တဲ့နေ့ကျရင်
သင့်ကို သူလုပ်ခဲ့တဲ့အမှားမျိုး ထပ်မလုပ်ပါနဲ့..

အထက်မှာဖော်ပြခဲ့တဲ့ လူမျိုးတွေကို ဘယ်တော့မှ မမုန်းပါနဲ့..
သူတို့က သင်မုန်းရလောက်အောင် မထိုက်တန်တဲ့သူတွေပါ..
သင့်ရဲ့စိတ်ထဲက နှမ်းတစ်စေ့စာနေရာလောက်နဲ့တောင် မထိုက်တန်တဲ့သူတွေပါ..

သူတို့ကြောင့် သင့်ရဲ့ရိုးသားမှုအကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွားပါစေနဲ့..
သူတို့ သင့်ကိုပြုမူခဲ့တဲ့အတိုင်း သင်လည်းပြုမူမယ်ဆိုရင်
သင်လည်း သူတို့လို ရွံစရာလူမျိုးဖြစ်လာပါလိမ့်မယ်..
သူတို့ သင့်ကိုပြောင်းလဲနေတာကို ဘယ်တော့မှ လက်မခံပါနဲ့..
သူတို့ကြောင့် သင်ကြိုးစားတာ ဘယ်တော့မှ ရပ်မသွားစေနဲ့..
သင့်ရဲ့ဖြူနေတဲ့စိတ်ထားကို သူတို့ကြောင့် အစွန်းမခံနဲ့..

#ဘယ်တော့မှလည်းကလဲ့စားချေဖို့မကြိုးစားပါနဲ့..
#မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ဆိုတဲ့ အယူအဆက
#ကမ္ဘာကြီးကိုအမှောင်ကျစေလိမ့်မယ်..

(မဟတ်တမဂန်ဓီ)

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေသည်..:-

:
by Kyaw Aye:

အပူလှိုင်းအတွက်ကြိုတင်ကာကွယ်ထားပါ #ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်၁ ) -  #ခန္ဓာကိုယ်အပူအကြောင်းလူ တစ်ယောက်၏ ကိုယ်တွင်းအပ...
25/05/2024

အပူလှိုင်းအတွက်ကြိုတင်ကာကွယ်ထားပါ
#ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်
၁ ) - #ခန္ဓာကိုယ်အပူအကြောင်း
လူ တစ်ယောက်၏ ကိုယ်တွင်းအပူချိန်သည် ပျှမ်းမျှ ၉၆ . ၆ ဒီဂရီ ဖြစ်ပြီး ရာသီ ဥတု
ပေါ် မူတည် ၍ ၄င်း ပမာဏထက် အပူချိန် အတက်အကျ အနည်းငယ် ပြောင်းလဲ
တတ် ပါ၏ ။

ကိုယ်တွင်း အပူ များခြင်းကို ဆေးပညာ လောက၌ Heat street ဟု ခေါ်ပြီး ကိုယ်တွင်း အပူချိန် သည် သူ့ အလိုလို အေးသွားခြင်း မျိုး မရှိ တတ်ပါ။

၂ ) - #အပူချိန် များ ပါက ဖြစ်တတ် သော ရောဂါ များ

ခန္ဓာ ကိုယ်တွင်း လိုအပ်သည် ထက် အပူချိန် ပိုများပါက ပိန်ချုံးခြင်း , ကြွက်တက်ခြင်း ,
လျှာ - နုတ်ခမ်းတွင် သာမက အရေပြားပေါ်တွင် အဖုအပိမ့် များ ထွက်လာခြင်း ..

ဝက်ခြံ ထွက်ခြင်း , ခေါင်းမူးဝေခြင်း , ပျို့အန်ခြင်း တို့အပြင် ခန္ဓာကိုယ် အတွင်း
ကလီစာ များကိုပါ ပျက်စီး စေနိုင်သည် ဟု လေ့လာချက် အရ သိနိုင် သည်။

၃ ) - #အပူရှိန် မြင့်တက် စေ၍ အထူး ရှောင်ရမည့် အစားအစာ များ

ရေခဲရေ. , ရေနွေး , စွပ်ပြုတ် စသည့် အရည်ပူပူ များ
နေပူ ထဲ အချိန်ကြာ သွား လာခြင်း
ငရုပ်သီး. , ချင်း ( ဂျင်း ) , မျှစ်ချဉ် ,
ငရုပ်ကောင်း. , ပတဲကော , စသော ပူပူ လောင်လောင် အစပ် များစားခြင်း
ရေသောက် နည်းခြင်း များသည် ကိုယ်တွင်း အပူချိန် မြင့်တက် လာစေ
ရှောင် ကျဉ် ရမည်။

၄ ) - #အပူငြိမ်းအေးစေရန်

အပူ ငြိမ်းအေး စေရန် အဓိက ဆေးအဖြစ် ရေဝဝ သောက်ပြီး တစ်နေ့ ရေ ၂ ကြိမ် ချိုးပေးပါ။

၅ ) - #အပူဓာတ် များသူ အတွက်

မိုးရာသီ မှ လွဲ၍ ဆောင်းနှင့် နွေတို့ တွင် ခန္ဓာကိုယ်တွင်း အပူဓာတ် များသူများအတွက် ယခင်ကထက် ရေကို ပိုသောက် ပြီး ရေဓာတ်ပါသော အသီးအနှံများ စားပေးသင့်သည်

ဖရဲသီး - ခန္ဓာကိုယ်၏ ၃ ပုံ ၂ ပုံ ကို အရည်ဓာတ်ဖြင့် ဖွဲ့စည်း ထားပါသည်။
ဖရဲသီးထဲမှာ ရေဓာတ် ၉၀ % ကျော် ပါဝင်၍ အပူငြိမ်း အေးစေသော အကောင်းဆုံး
အသီးအနှံဖြစ်ပါသည်။

သခွားသီး - သခွားသီး မှာ ရေ ဓာတ် ကြွယ်ဝစွာ ပါရှိ၍ ခန္ဓာကိုယ် ကို ထိရောက်စွာ အေးမြစေပြီး နေ့စဉ် စားပေး သင့်ပါသည်။

သံပုရာသီး - နံနက် အိပ်ရာ ထ သံပုရာ ဖျော်ရည် တစ်ခွက် သောက် ပေးခြင်းကလည်း ကိုယ်တွင်း အပူငြိမ်းအေးစေရုံသာမက ပေါ့ပါး လန်းဆန်းစေပြီး တစ်နေ့ကုန်
သက်လုံ ကောင်း စေပါသည်။

ပူစီနံရွက် - ပူစီနံရွက် သည် ခန္ဓာ ကိုယ်တွင်းကို အေးမြစေ၍ မြန်မာ. အိန္ဒိယ. ဗီယက်နမ်. မကာအို. စသော ဥရောပတခွင်ရှိ ရှေး တိုင်းရင်းဆေး ဆရာကြီး များက ပူစီနံပင် များကို အပူငြိမ်းဆေး အဖြစ် ဆေးဝါး ဖော်စပ် လာခဲ့ကြ ပါ၏ ။

မုန်လာဥ အဖြူ - အဖြူရောင် မုန်လာဥများ ထဲ၌ ဗီတာမင် စီ ပါဝင်သည့် အပြင်
ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ် ပေးနိုင်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ အလုံ
အလောက် ပါဝင်နေ ၍ စားပေးသင့် ပါသည်။

နှမ်း - နှမ်းစေ့ များသည် အပူ ငြိမ်းအေး စေသော အိမ်တွင်း ဆေးဝါး တစ်မျိုး ဖြစ်ခြင်း ကြောင့် နှမ်းစားရင်း ရေများများ သောက်ခြင်း , နှမ်းပျစ် , နှမ်းယို လေးတွေ စားပေး လည်း အပူ ငြိမ်းအေး စေပါ၏ ။

စမုံစပါး - စမုန်စပါး အစေ့လေးများကို သောက်ရေခွက် ထဲ တစ်ညအိပ် စိမ်ထားပြီး
နံနက် အိပ်ရာ ထပါက ရေသောက်ရင်း အဖတ် များပါ ကုန်အောင် ဝါးစားပါက တစ်နေ့
တာလုံး. အပူငြိမ်းအေး စေနိုင်သည့် အပြင် ခံတွင်း ရနံ့ကို ပါ ရှင်းသန့် စေနိုင်ပါသည်။

အုန်းစိမ်းရည် - အုန်းသီးစိမ်း နုနုမှ ရသော အုန်းစိမ်း ရည် အား သင့်တင့် မျှတစွာ
ကိုယ်တွင်း အပူ ဓာတ် များသူ များနှင့် မိခင်လောင်းများ အတွက် အပူ ငြိမ်းအေး စေ
သည့် အပြင် ရေ ဓာတ် ခမ်း ခြောက်ခြင်း မှလည်း ကာကွယ် ပါသည်။

သလဲသီး. - သလဲသီး နှင့် သလဲသီး ဖျော်ရည် ကလည်း ကိုယ်တွင်း အပူကို စုပ်ယူ
သဖြင့် မှီဝဲ ပေးသင့် ပါသည်။

ဘိန်းစေ့ - ဘိန်းမုန့် , ဆနွင်မကင်း , စသည့် သရေစာ မုန့်များ၌ အသုံး ပြုလေ့ရှိ
သော ဘိန်းစေ့ လေးများ ကလည်း ကိုယ်တွင်း အပူရှိန် ပုံမှန် ဖြစ်စေပါ၍ ည အိပ်ရာဝင်
ခါနီး ဘိန်းစေ့ လက်တဆုပ် ဝါးစားပြီး ရေသောက် အိပ်ပါက နှစ်ခြိုက်စွာ အိပ်မောကျ
စေသည့် အပြင် တစ်နေ့တာ လုံး အပူ ငြိမ်း စေသည်။

ပဲနံ့သာပင် အစေ့ - အိန္ဒိယနိုင်ငံ ၌ ရှေးယခင်က စ၍ ယနေ့ တိုင်အောင် အပူငြိမ်း
ဆေး တိုင်းရင်း ကုထုံးဖြင့် ပဲနံ့သာပင် အစေ့များကို အသုံးပြု လျှက် ရှိပါသည်။ ဟင်း
ခပ် အမွှေးအကြိုင် အဖြစ် ချက်ပြုတ် စားသောက် နိုင်သည်။

နွားနို့ - ကျိုချက် ပြီးသား နွားနို့ကို အအေးခံ ၍ နံနက် တိုင်း သောက်ပေး ပါက
လည်း ကိုယ်တွင်း အပူ ငြိမ်းအေး စေပါ၏ ။
( နွားနို့တွင် ပျားရည် အနည်းငယ်ခပ်သောက်နိုင်သည်)။
crd
#ရှငိဘုရင်တိုင်းရင်းဆေး

 #အဆုတ်ပွပီး_ချောင်းဆိုး_မပျောက်ဘူး_ဆိုသူများအတွက်_ဆေးနည်းသာမန် ချောင်းဆိုးတာပဲ ဖြစ်ဖြစ်  နာတာရှည် ချောင်းဆိုးတာပဲ  ဖြစ်...
24/05/2024

#အဆုတ်ပွပီး_ချောင်းဆိုး_မပျောက်ဘူး_ဆိုသူများအတွက်_ဆေးနည်း

သာမန် ချောင်းဆိုးတာပဲ ဖြစ်ဖြစ် နာတာရှည် ချောင်းဆိုးတာပဲ ဖြစ်ဖြစ်
အခု သဘာဝဆေးနည်း ကို
သုံးစွဲကြည့်ဖို့ မျှဝေပေးလိုက်ရပါတယ်နော်

#ဆေးနည်းကတော့

၁/ရှားစောင်းလက်ပတ် ၁ထွာခန့်
၂/သံပရာသီး တစ်လုံး
၃/ဆားအနည်းငယ်

ပြုလုပ်ရန်

ပန်းကန်လုံးလေးထဲ
ရှားစောင်းလက်ပတ် အတွင်းသား
jelly ဖတ်လေးတွေ ခြစ်ထုတ်ပါ။ သံပရာသီးတစ်လုံး ညှစ်ထည့်ပါ။
ဆားလေး အနည်းငယ် ထည့် ပါ။
၃ မျိုးလုံး ရောသမအောင် ခေါက်ပြီး သောက်ပါ။

(အစာအိမ် သမားများ သံပရာသီးအစား
(Lemon) သံပုယိုသီး ကို သုံးပါ)

သောက်သုံးရမည့်အချိန်

#မနက်စာ စားပြီး တစ်ကြိမ်

#ညစာ အပြီး တစ်ကြိမ်

ကိုဗစ် ကြောင့် ရော
တချို့ အိုမီခရွန် Omicron အပြီး ချောင်းတွေ တဟွပ်ဟွပ် ဆိုးကျန်နေတာ
ဒီနည်းလေး နဲ့ တစ်ရက် ၂ ကြိမ်
၄ ရက်လောက် သောက်လိုက်တာ ပျောက်သွားကြတာမို့ လိုအပ်သူများ
အသုံးပြုနိူင်ဖို့မျှဝေလိုက်ပါတယ်။
Credit
(ကျန်းမာရေး)

ကျန်းမာရေးနှင့်သက်ဆိုင်သောအစားအစားများ     #ကျန်မားရေး
23/05/2024

ကျန်းမာရေးနှင့်သက်ဆိုင်သောအစားအစားများ



#ကျန်မားရေး

အလှအပအတွက်ရှားစောင်းလက်ပတ်ရှားစောင်းလက်ပတ်ပင်ရဲ့အကြောင်းအရာတော်တော်များများစုံလင်အောင်စုစည်းထားပါတယ်...(မဖတ်အားလဲ share ...
22/05/2024

အလှအပအတွက်ရှားစောင်းလက်ပတ်ရှားစောင်းလက်ပတ်ပင်ရဲ့အကြောင်းအရာတော်တော်များများစုံလင်အောင်စုစည်းထားပါတယ်...
(မဖတ်အားလဲ share ပြီး သိမ်းထားနော် ) 🌨️

ရှားစောင်းလက်ပတ်ပင်🌵🌵🌵 ဟာဆေးဖက်ဝင် အပင်တမျိုးဖြစ်တဲ့ အပြင် antioxidants ပါဝင်တာကြောင့် အသားရည်ထိန်းသိမ်းရာမှာလဲ များစွာ အထောက်ကူပြုပါတယ်။ရှားစောင်းလက်ပတ် ကို ရှေးပဝေသဏီကတည်းကပင် ဆေးကုသရာမှာ အရေးပါတဲ့ ဆေးဖက်ဝင်အပင် အဖြစ် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့ကြပါတယ်။
ရှားစောင်းလက်ပတ်ဟာ အသားရည်ထိန်းသိမ်းမှုအတွက် အထောက်အကူပြုပုံ၊အကျိုးပြုပုံများစွာထဲမှ

- အသားရည်ရောင်ရမ်းခြင်းကိုပျောက်ကင်းသက်သာစေခြင်း
- အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း
- အနာရွတ်များကိုသက်သာပျောက်ကင်းစေခြင်း
- ဝက်ခြံများက်ို ပျောက်ကင်းသက်သာစေခြင်း
- နေလောင်ဒဏ်များကိုပျောက်ကင်းစေခြင်း
- အသားရည် တွန့်ရွခြင်းများကို ကာကွယ်ပေးခြင်း
- အသားရည်ခြောက်သွေ့မှုကို သက်သာပျောက်ကင်းစေခြင်း။

ဒါ့အပြင် ရှားစောင်းလက်ပတ်ကို အလှပရေးရာ အတွက် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြပါတယ်။

- Moisturizer face mask အနေနှင့်အသံုးပြုခြင်း
- Eye treatments အနေနှင့်အသံုးပြုခြင်း
- Smoothing gel (sun care) အနေနှင့် အသံုးပြုခြင်း
- After shave care အနေနှင့်အသံုးပြုခြင်း
- Acne treatment အနေနှင့် အသံုးပြုခြင်း စသဖြင့် တစောင်းလက်ပတ်ကို ပံုစံအမျိုးမျိုးအသံုးပြုကြပါတယ်။

👸Benefits of aloe for hair

ရှားစောင်းလက်ပတ်တွင် ဦးရေပြား၊ဆံသားအတွက်လိုအပ်သော
- Vitamin B2
- Vitamin B6
- Vitamin B12
- Vitamin B
- Vitamin C တို့ပါဝင်တဲ့အတွက် ဦးရေပြားနှင့်ဆံသားထိန်းသိမ်းရေးအတွက် များစွာအကျိုးပြုပါတယ်။

ဒါ့အပြင် ဦးရေပြားနှင့် ဆံသားထိန်းသိမ်းရေးအတွက်

- ဦးရေပြားယားယံခြင်းကိုသက်သာပျောက်ကင်းစေခြင်း
- ဦးရေပြားနှင့်ပတ်သတ်သည့် ဒက်၊ဗောက် အစရှိသည် တို့ကိုသက်သာပျောက်ကင်းစေခြင်း
- ပိုးမွှားသန့်စင်နိုင်သော Anti-bacterial ဓာတ်ပါဝင်ခြင်း
- PH ပါဝင်နှုန်းကို ထိန်းညှိပေးခြင်း
- Fungus ( မှိုဆွဲခြင်း ကိုကာကွယ်ပေးခြင်း)
- ဦးရေပြားရှိ ကပ်ပါးကောင်များကိုဖယ်ရှားပေးခြင်း
- သွေးလည်ပတ်မှူကို ထိန်းညှိပေးခြင်း
- ဦးရေပြားကိုအေးမြစေခြင်း
- ဆံပင်ကျွတ်ခြင်း၊ဆံသားပါးခြင်းကို ကာကွယ်ပေးခြင်း
- ဆံပင်သန်စေနိုင်ခြင်း
- ဦးရေပြား မခြောက်သွေ့စေရန် လိုအပ်သောရေဓာတ် ကိုဖြည့်ပေးခြင်း။ စသဖြင့် ဦးရေပြားနှင့် ဆံသားကိုများစွာ အထောက်ကူပြုပါတယ်။

ထို့အပြင် ရှားစောင်းလက်ပတ်ကို ဆံသားနှင့် ဦးရေထိန်းသိမ်းရေအတွက် ပံုစံုအမျိုးမျိုးအသံုးပြုကြပါတယ်။

- ကြက်ဆူဆီ
- Argan oil ( အာဂေးရေနံ)
- သစ်ကတိုး၊တောင်ကမာဆီ
- ရှောက်သီးရည်
- ပျားရည်
- ကြက်ဥအနှစ်
- သံလွင်ဆီ
- မက်မွန်ဆီ
- ကြက်သွန်နီရည်
- ပက်ပါမင့်ဆီ
- Essential oils အမျိုးမျိုးဖြင့် ရောစပ်အသုံးပြုကြပါတယ် 💛🖤Aloe Vera(ရှားစောင်းလက်ပတ်)၏အကျိုးကျေးဇူးများ🌵🌵🌵
--- ရှားစောင်းလက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်

နှုတ်ခမ်းအတွက်
-----------
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်
--------------
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်...။

အသားအရေ ထိန်းသိမ်းချင်သူတွေ အနေနဲ့ ရှားစောင်းလက်ပတ် အိမ်မှာ စိုက်ပြီး တပတ်တခါ မျက်နှာကို ပေါင်းတင်ပေးနိုင်ပါတယ် နော် အသဲတို့ ❗️❗️သင်မသိသေးတဲ့ ရှားစောင်းလက်ပတ်ပင်ရဲ့ အသုံးဝင်ပုံများ❗️❗️

🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

ရှားစောင်းလက်ပတ်ရဲ့ ဂျယ်လီအနှစ်မှာ ဗီတာမင်တွေမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ သတ္တိတွေ ပါဝင်တာကြောင့် ပိုးကောင်ကိုက်တာကနေ ဆံပင်ပျော့ဆေးအထိ မျိုးစုံသုံးလို့ ရပါတယ်။

၁။ ပိုးကောင်ကိုက်တာကို ကုသပေးနိုင်တယ်🌱🌵

တစ်ညလောက် ခြင်ထောင် မထောင်မိတာနဲ့ မနက်ကျ ခြင်ကိုက်ဖုတွေ ပြွတ်သိပ်နေပြီ ဟုတ်။ ရှားစောင်းလက်ပတ် ဂျယ်လီအနှစ်ကိုပဲ ဖြစ်ဖြစ် ဆေးဆိုင်မှာ ရောင်းတဲ့ ရှားစောင်းလက်ပတ်အရည်ကိုပဲဖြစ်ဖြစ် ဝယ်လိမ်းလိုက်ပါ။ သူ့မှာ ပါတဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ သတ္တိကြောင့် အဖုအပိမ့်ကို မြန်မြန်ကျစေပါတယ်။ အယားလည်း သက်သာစေတာကြောင့် မကုတ်မိတော့ဘူးပေါ့။

၂။ မိတ်ကပ် ဖျက်ဆေးအဖြစ် သုံးနိုင်တယ်🌱🌵

စျေးလည်းမကြီး အသားအရည်ကိုလည်း မထိခိုက်တဲ့ သဘာဝ မိတ်ကပ် ဖျက်ဆေးကို ရှာနေတယ်ဆိုရင်တော့ ရှားစောင်းလက်ပတ်နဲ့ သံလွင်ဆီကို ရောပြီး အသုံးပြုနိုင်ပါတယ်။ ဒီနှစ်ခုက မိတ်ကပ်ကို ဖျက်ပေးတဲ့အပြင် ရေဓာတ်ကို ဖြည့်တင်းပေးပြီး ဆဲလ်အသစ်တွေကို ဖြစ်စေတာကြောင့် အသားအရေကို နုပျိုစေပါတယ်။

၃။ အပူလောင်ဖုကို ကုသပေးနိုင်တယ်🌱🌵

အပူလောင်တာကြောင့် အရည်ကြည်ဖုထွက်လာတယ်ဆိုရင် ရှားစောင်းလက်ပတ် ဂျယ်လီအနှစ် အေးအေးလေးကို လိမ်းပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကို သက်သာစေတဲ့ သတ္တိကြောင့် နီတာ၊ ရောင်တာကို လျော့‌စေပါတယ်။ အရည်ကြည်ဖု ပေါက်သွားရင်လည်း အမွေပွီးစိုစွတ်အောင် ဆက်လိမ်းနိုင်ပါတယ်။ ဒါမှ မြန်မြန်သက်သာမှာပါ။

၄။ နေ‌လောင်ဒဏ်ကို သက်သာစေတယ်🌱🌵

ရှားစောင်းလက်ပတ်ကို နာမည်ကြီးစေတဲ့ နောက်တစ်မျိုးက နေလောင်ဒဏ်ကို ကုသပေးနိုင်တာပါပဲ။ တခွား အစိုဓာတျထိန်းခရင်မ်- Moisturizer တွေက အပူကို စုပ်ယူနိုင်တာကြောင့် နေ‌လောင်တာကို ပိုဆိုးစေပါတယ်။ ရှားစောင်းလက်ပတ် က ‌တော့ အေးမြစေတဲ့ ဂုဏ်သတ္တိ ပါဝင်တာကြောင့် နေ‌လောင်ဒဏ်ကို သက်သာစေပါတယ်။ ဒါ့အပြင် အစိုဓာတ်ထိန်း- Moisturizing သတ္တိရှိတာကြောင့် အသားအရကေို ကာကွယ်ပေးပြီး နေ‌လောင်ဒဏ်ကိုမြန်မြန်သက်သာစေပါတယ်။

၅။ အသားအရေကို စို‌‌ပြေစေတယ်🌱🌵

ရှားစောင်းလက်ပတ်က ခန္ဓာကိုယ်တစ်ခုလုံးမှာ သုံးနိုင်တဲ့ သဘာဝ - Moisturizer ပဲ ဖြစ်ပါတယ်။ အထူးသဖွင့် အဆီမပွနျတာ‌ကြောင့် မျက်နှာမှာ သုံးလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် တဖက်မှာ သဘာဝချေးချွတ်ဆေး – Exfoliator လည်း ဖြစ်တာကြောင့် အလွန်အကျွံသုံးမိရင် အသားအရေ‌ခွောက်သွေ့ပြီး ထိခိုက်နိုင်လို့ သတိထားရပါမယ်။

၆။ ဆံပင်ပျော့ဆေးအဖြစ် သုံးနိုင်တယ်🌱🌵

သုံးနကြေ ဆံပင်ပျော့ဆေးတွေအစား ရှားစောင်းလက်ပတ်အနှစ်ကို ခေါင်းမလျြောခငျ ငါး မိနစ်လောက် ဆံပင်မှာ လိမ်းထားကြည့်ပါလား။ ဆံပင်လေးက နူးညံ့ပြီး အိစကျနေမှာပါ။ အကြောင်းက ရှားစောင်းလက်ပတ်မှာ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေ အစိုဓာတ်တွေ ပါဝင်လို့ဖွစျပွီး ဆံပင်ကို သန်စွမ်းစေလို့ပါပဲ။

၇။ အမွှေးရိတ်ခရမ်အဖြစ် သုံးနိုင်တယ်🌱🌵

ရှားစောင်းလက်ပတ်က အစိုဓာတ်ကို ဖွည့်တင်းပေးနိုင်တာကြောင့် တစျခွား ‌အမှေးရိတ်ခရမ်တွေအစား သုံးနိုင်ပါတယ်။ သူ့ကြောင့် ရိတ်ရတာလည်း ပိုချောတယ်။ ဇာဂနာအနာ- Razor Burn တွေလည်း မရဘူး။ ဒါ့အပွငျ အစိုဓာတ် ပါဝင်တာကြောင့် ရိတ်ပြီးရင်လည်း အသားအရကေို မခွောကျသှေ့စေပါဘူး။

၈။ ဝက်ခြံကို ကုသပေးနိုင်တယ်🌱🌵

ရှားစောင်းလက်ပတ်က တကယ်ပဲ ဝက်ခြံ ထွက်တာကို လျော့ကြ စေပါတယ်။ ရောင်ရမ်းမှုကို သက်သာစေတဲ့ သတ္တိရှိတာကြောင့် ဝက်ခြံ နီရဲရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ဒါ့အပွငျ ပိုးသေတဲ့ သတ္တိလည်း ရှိတာကြောင့် ဝက်ခြံကို ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို သတ်တဲ့နေရာမှာ ထိပ်ဆုံးပါပဲ။ ဒါကြောင့် ရှားစောင်းလက်ပတ်နဲ့ တည့်၊ မတည့်ကို အရင်စမ်းသပ်ပြီး တည့်တယ်ဆိုရင် မျက်နှာကပ်- Face Mask အနနေဲ့ သုံးကြည့်လို့ ရပါတယ်။

၉။ ဗောက်ပျောက်စေတယ်🌱🌵

သုံးနေကျ ဗောက်ပျောက်ခေါင်းလျော်ရည်ကို ခဏထားပြီး ရှားစောင်းလက်ပတ်အနှစ်ကို ပြောင်းသုံးကြည့်ပါလား။ ခေါင်းမလျော်ခင် ရှားစောင်းလက်ပတ်အနှစ်ကို လိမ်းထားပြီး ငါး မိနစ်လောက်နေမှ လျြောခလြိုက်ပါ။ ဗောက်သက်သာစေတဲ့အပွငျ ဦ‌ရေပွားအေးမွ‌စေပါတယ်၊ ဆံပင်ပျော့တာ၊ သန်စွမ်းစေတာ စတဲ့ အကျိုး‌‌ကြေးဇူးတွေပါ ရရှိမှာပါ။

၁၀။ မီးလောင်နာကို သက်သာစေပါတယ်🌱🌵

ရှားစောင်းလက်ပတ်က နေ‌လောင်တာကိုပဲ သက်သာစေတာ မဟုတ်ပါဘူး။ သိပ်မပြင်းထန်တဲ့ မီးလောင်နာကို ကုသတဲ့နေရာမှာလည်း ရှားစောင်းလက်ပတ်က 1% Silver Sulfadiazine ထက် အနာကို ပိုသက်သာစေပြီး အနာကျက်လည်း မြန်ပါတယ်
♥ Aloe vera လို့ ခေါ်တဲ့ ရှားစောင်းပင် ♥

မျက်နှာကို ရှားစောင်းပင်အနှစ် နဲ့ ပွတ်ပေးခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေကတော့.....
👉 အမဲစက်
👉 အမာရွတ်
👉 အဆီပြန်
👉 အရေးကြောင်း
👉 မျက်ကွင်းညိုခြင်း
👉 အသားရေ မညီခြင်း

စတာတွေကို သိသိသာသာ သက်သာစေပါတယ်။ နေ့တိုင်းတစ်နေ့တစ်ခါ ညအိပ်ခါနီးလုပ်ပေးသင့်ပါတယ်နော်....

အသုံးပြုပုံ
- ဘေးကအစူးတွေကိုလှီးထုတ်ပါ
- အပေါ်အခွံတဖက်ကိုပါးပါးခွါပါ
- ခလယ်ကအသားကို ဇွန်းနဲ့ ကွာမကျအောင် ခြစ်ရာပေးလိုက်ပါ
- မျက်နှာပေါ်ညင်သာစွာပွတ်ပါ (ဝက်ခြံ ရှိရင်မပွတ်ပါနဲ့)
- မျက်နှာအနှံ့ပွတ်ပြီးရင် ခဏအခြောက်ခံထားပါ။ ခြောက်ရင်ပြန်ပွတ်ပါ။ အဲ့လိုသုံးခါပွတ်ပြီးရင်ရေဆေးချပြီး ကိုယ် သုံးနေကျ skin care လေးလိမ်းပေးရပါမယ်။

နှစ်ပတ်လောက်မပျင်းပဲ သေချာလေး လုပ်ကြည့်ရုံနဲ့ စိုအိတင်းရင်းနေတဲ့ မျက်နှာအလှကို ပိုင်ဆိုင်နိုင်ပြီနော် 😍
“ ရှားစောင်းလက်ပတ်ပင် အကြောင်း သိကောင်းစရာ ”

ရှားစောင်းလက်ပတ် အပင်မျိုးသည် အသုံးဝင်သည့် ရတနာ ဖြစ်ပေသည်။ ရောဂါတော်တော်များများကိုလည်း ကာကွယ် ကုသနိုင်ပေသည်။ရှားစောင်းလက်ပတ်ပင်ကို တင်းတိပ်၊ ဝက်ခြံများ ကုသရာတွင် အသုံးပြုကြပါသည်။ ထို့အပြင် အသားအရည် ဖြူဖွေးစေရန်အတွက်လည်း ထည့်သွင်းအသုံးပြုကြပါသည်။ အခြားလူသိနည်းနေသေးသော အကျိုးကျေးဇူး အများအပြား ရှားစောင်းလက်ပတ်တွင် ရှိနေပါသေးသည်။

ရှားစောင်းလက်ပတ်အပင်၏ အကျိုးကျေးဇူးများပုံ၊အဖိုးတန်ရတနာဖြစ်ပုံ တို့ကို အောက်ပါ အချက်အလက်များတွင် တွေ့မြင်နိုင်ပါသည်။

(၁) ပိုးများကိုသေစေခြင်း
ရှားစောင်းလက်ပတ်ပင်ဟာ လူကို ဒုက္ခပေးနိုင်သည့် ဘက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်ပိုးများကို သေစေနိုင်သည့် အစွမ်း သတ္တိ ရှိပါသည်။

(၂) ပဠိဇီဝဆေးအနေဖြင့် အသုံးပြုနိုင်ခြင်း
ရှားစောင်းလက်ပတ်ပင်သည် လူ့ခန္ဓာကိုယ်တွင် ပဠိဇီဝဆေး အနေဖြင့် လည်းကောင်း၊ အရေပြား ရောင်ရမ်းလျှင် လည်းကောင်း၊ နာတာရှည် ရောဂါများ အတွက်လည်းကောင်း အသုံးပြုနိုင်ပါသည်။

(၃) အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း
ရှားစောင်းလက်ပတ်ပင်သည် ဗီတာမင်ဓာတ် ပြည့်ဝပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါသည်။ အသားအရေကိုလည်း စိုပြေလှပစေပါသည်။ ထို့ကြောင့် ဝက်ခြံပျောက်ဆေးများနှင့် ဘောက်ပျောက်ဆေးများတွင် ရှားစောင်းလက်ပတ် ကို အသုံးပြုကြပါသည်။ ထို့ပြင် ဆံကေသာကို ပျော့ပျောင်းစေပြီး ဆံသားများကိုလည်း ရှင်သန်စေရန် အထာက်အကူ ပြုပါသည်။


(၄) အစာအိမ်အတွက် အထောက်အကူပြုခြင်း
ရှားစောင်းလက်ပတ်ပင်သည် အစာအိမ်အနာများနှင့် အူလမ်းကြောင်း တလျှောက်ရှိ အနာများအတွက် အထူး ကောင်းမွန်ပေသည်။

(၅) နှလုံးအားကောင်းစေခြင်း
ကယ်ဆီယမ် ပါဝင်သော ရှားစောင်းလက်ပတ်ပင်သည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်း ခြင်း နှင့် နှလုံးကြီးခြင်းတို့ကို လျော့နည်းစေပါသည်။ နှလုံးခုန်နှုံးကိုလည်း တည်ငြိမ်စေပါသည်။

(၆) ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးခြင်း
ရှားစောင်းလက်ပတ်ပင်သည် တုပ်ကွေး စသည့်ဗိုင်းရပ်ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးသည်။

(၇) ကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်ခြင်း
ရှားစောင်းလက်ပတ်တွင် ပါဝင်သော ပစ္စည်းများသည် ကိုယ်ခံစွမ်းအားကို တိုးတက် ကောင်းမွန်စေခြင်းကြောင့် ခန္ဓာကိုယ်ရှိ ပုံမှန်မဟုတ်သော ဆဲလ်များကြီးထွားမှုကို ဟန့်တားစေနိုင်သည့် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိ ရှိပါသည်။

(၈) ကိုယ်ပူကျစေခြင်း
ရှားစောင်းလက်ပတ်ပင်သည် အခါးဓာတ်ရှိသဖြင့်ကိုယ်တွင်း အပူကို ကျစေပါသည်။ ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန် မဟုတ်သော ဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိ ရှိသောကြောင့် ခန္ဓာကိုယ်မှ မလိုလားအပ်သော အရာများကို ဖယ်ရှားနိုင်ပါသည်။

(၉) အိုမင်းရင့်ရော်ခြင်းကို လျော့ချနိုင်ခြင်း
ပရိုတိန်းဓာတ် ပါဝင်သော ရှားစောင်းလက်ပတ်ပင်သည် အိုမင်းရင့်ရော်ခြင်းကို လျော့နည်းစေသည်။
နာတာရှည် ဓာတ်မတည့်သော ရောဂါများကိုလည်း သိသိသာသာ ပျောက်ကင်းစေနိုင်ပါသည်။

(၁၀) နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း
သွားကိုက်ခြင်း၊ ညောင်းညာကိုက်ခဲခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။ လှုပ်ရှားမှုကြောင့် ဖြစ်သော ခေါင်းမူးဝေဒနာကိုလည်း သက်သာ ပျောက်ကင်းစေပါသည်။

(၁၁) နေရောင်ဒဏ် ကာကွယ်နိုင်ခြင်း
ရှားစောင်းလက်ပတ်ပင်သည် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်သော စွမ်းအားရှိသောကြောင့်အသားအရေကို ဖြူဝင်း တောက်ပ စေသည်။ နေရောင်ဒဏ်ကိုလည်း ကာကွယ်နိုင်ပေသည်။ ထို့ပြင် မျက်နှာနီမြန်းခြင်း နှင့်တင်းတိပ် အစရှိသော အရေပြားနှင့် ပတ်သက်သည့် ရောဂါလက္ခဏာများကို ကာကွယ်ပေးပါသည်။


(၁၂) ခြင်ကိုက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
ပူအိုက်လွန်းသော ရာသီတွင် ခြင်ကိုက်မခံရအောင် ရှားစောင်းလက်ပတ် အရည်ကို ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းပေးနိုင်ပါသည်။ ရှားစောင်းလက်ပတ်ဖြင့် ထုတ်လုပ်ထားသော စက်ပရေး ဖျန်းထားသည့် နေရာတွင် ယင်ကောင်များ မဝင်ရောက်နိုင်ပေ။


(၁၃) အနံဆိုးများကို သက်သာစေခြင်း
ရှားစောင်းလက်ပတ် လိမ်းခြင်းဖြင့် ခံတွင်းနံ့ဆိုးခြင်း၊ ခြေထောက် အနံ့ဆိုးခြင်းနှင့် ဂျိုင်းအနံ့ဆိုးခြင်းများကို သက်သာစေနိုင်ပါသည်။

ရောင်ရမ်းနာတွေ၊ အမာ ရွတ်နဲ့ အပူလောင်တာတွေကို အကောင်းဆုံးကုသနိုင်တဲ့ သဘာဝ ဆေးပင်
ရှားစောင်းလက်ပတ်ဟာ

- လေထုထဲက မမြင်နိုင်တဲ့ ဓာတု ပစ္စည်းတွေကို ဖယ်ရှားသန့်စင် ပေးတာကြောင့် အိပ်ခန်းတွေနဲ့
အိမ်အတွင်းပိုင်းမှာ ထားပေးသင့် ပါတယ်။

- အိမ်ထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပျံ့လွင့်နေသလဲဆိုတာကို အပင်ပေါ်မှာ ပေါ်လာတဲ့အညိုရောင်
အစက်အ ပြောက်တွေကိုကြည့်ရင် သိနိုင်ပါ သတဲ့။

"အိပ်ခန်းထဲမှာထားသင့်တဲ့ အပင်လေးတွေ"အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး
အောက်ဆီဂျင်ပြန်ထုတ်ပေးတဲ့အတွက် လူသားအကျိုးပြုပေးကြပါတယ်။
စိတ်ကို လန်းဆန်းပေါ့ပါးစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ အပင်လေးတွေရှိတာကြောင့်
သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။
#ကိုယ့်အိမ်မှာစိုက်ထားသင့်တဲ့အပင်ကဘာလဲ💁

ရှားစောင်းလက်ပက်ပင်ပါ💚

ရှားစောင်းလက်ပတ်အသုံးဝင်တာတေက အများကြီးပါပဲ အဲ့ထဲကမှ လုပ်ရတာလွယ်ကူတဲ့နည်းလေးနဲ့ ဘယ်ပြသနာလေးတေ ဖြေရှင်းပေးမလဲဆိုတော့..

*အသားအရေခြောက်တာ
*အရေပြားပေါ်မှ နေလောင်ကွက်​တွေရှိတာ
*ဆံပင်းပါးတာ
*ဆံပင်ကျွတ်တာ
*မျက်နှာအရေးအကြောင်းတွေ ရှိတာ
*တင်းတိတ်တွေရှိတာ

စတဲ့ ပြသနာတေကို ရှားစောင်းလက်ပတ်နဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ ပြောပြမှာပါရှင်☺

#အသားအရေခြောက်သောသူများအတွက်💚

ရှားစောင်းလက်ပတ် တစ်ချောင်းကိုယူ ဘေးကဆူသားလေးကို ဓားလေးနဲ့ ပါးပါးလေးလှီးချလိုက်ပါ
နောက်ပြီး နှစ်ခြမ်းခြမ်းပြီး အထဲက ရှားစောင်းgelအနှစ်ကလေးနဲ့ ခြောက်ကပ်နေတဲ့အသားပေါ်ကို ပွတ်တိုက်ပေးပါ
ပတ်တိုက်ပြီးရင် မိနစ် ၂၀လောက်ထားပြီး ရေဆေးချရုံပါပဲရှင်

#နေလောင်ကွက်ရှိသူများအတွက်💚

နေလောင်ကွက်ရှိသူတွေအတွက်ကလဲ အပေါ်ကနည်းအတိုင်း နေလောင်ကွက်ပေါ်ကို ပြုလုပ်ပေးပြီး နာရီဝက်ခန့်ထားပေးရုံပါပဲရှင်

#ဆံပင်းပါးတဲ့ကျွတ်တဲ့သူများအတွက်💚

ရှားစောင်းလက်ပတ်ကို
*ဓားနဲ့ နှစ်ခြမ်းခြမ်းလိုက်ပြီး အထဲက ရှားစောင်းgelကို ဇွန်းနဲ့ ခြစ်ထုတ်ပါ

*ခွက်အသန့်ထဲ ထည့်ထားပါ

*ဇွန်းနဲ့ ခြစ်ထုတ်ထားတဲ့ ရှားစောင်း gelများကိုကြိတ်စက်တစ်ခုခုနဲ့ ကြိတ်လိုက်ပါ

*ကြိတ်ပြီးတာနဲ့ ရရှိလာသောရှာစောင်းရှားစောင်း gelများကို ဦးရေပြားထဲစိမ့်ဝင်အောင် အနံံ့နှိပ်နယ်ပြီး ပွတ်တိုက်ပေးပါ

နာရီဝက်(00:30)ခန့်ထားပြီးလျှင် ခေါင်းလျှော်ချရုံပါပဲရှင်

(ဆံပင်ပါးတဲ့သူတေ ထူလာမယ် အပင်သစ်တွေပေါက်မယ်/ဆံပင် ကျွတ်တဲ့သူတွေ ကျွတ်တာသက်သာလာမယ် ဆံပင်သစ်တွေထက်ပေါက်လာပါလိမ့်မယ်)
#မျက်နှာပေါ်ကအရေးအကြောင်း/တင်းတိတ်ရှိသူများအတွက်💚

ရှားစောင်းလက်ပတ်အနှစ်ကို နံနက် ည မျက်နှာသစ်ပြီးတိုင်း
လူးပေးရင်တော့ တင်းတိတ်ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာ
မလိုပဲ အရေးအကြောင်းမရှိ မျက်နှာလေးတင်းနေပါလိမ့်မယ်ရှင့်
(မင်မင်လဲ ကိုယ်တိုင်မှီဝဲနေပါတယ်နော်💁)

ဒီနည်းတွေလုပ်ပြီးရင် ခရင်တစ်မျိုးမျိုးကို လိမ်းဖို့မမေ့ပါနဲ့နော်😉
Crdရှားစောင်းလက်ပတ် အုန်းဆီလေး လုပ်ဖြစ်တယ် 😉

"အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့
ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း"

ရှားစောင်းလက်ပတ်အသုံးဝင်ပုံ(၁)

၁။ ရှားစောင်းလက်ပတ်ကို ၂ လက်မအရွယ် ဖြတ်ပြီး
မီးကင်တယ် ဆိုရုံလေး ကင်ပါ။
ငါးပြားလောက် စားပါ၊ သွေးဝမ်းသွားခြင်းကို
ပျောက်ကင်းစေနိူင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ်
တစ်ပတ်လောက်ဆက်စားပါ။

၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကို
ျန့စဉ် ၅ ပြားလောက်စားပေးခြင်းအားဖြင့်လည်း အတွင်း
လိပ်ခေါင်း ရောဂါကို ပျောက်ကင်းစေနိူင်ပါတယ်၊
ရှားစောင်းလက်ပတ် အနှစ်ကို စအိုထဲထည့် ပေးနိူင်ရင်
ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သားနံရံမှ
အပူများကိုစုတ်ယူနိုင်စွမ်းရှိသောကြောင့် အတွင်းလိပ်ခေါင်း
ရောဂါပျောက်ကင်းနိူင်ပါတယ်၊ ရောဂါပြင်းနေရင်တော့
အချိန်ယူသုံးစွဲရမှာပဲ ဖြစ်ပါတယ်။

၃။ မီးယပ် သွေးဆုံးကိုင်နေသူများအတွက်
ရှားစောင်းလက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့်
နေ့စဉ် လိမ်းပေးပါက သွေးဆုံးကိုင်ချိန်တွင်
ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ် ။

၄။ နှလုံးရောဂါ ရှိသူများ ရုတ်တရက်အမောဖောက်လာပါက
ရှားစောင်းလက်ပတ် အနှစ်ကို သကြားဖြင့် ဖျော်သောက်ပါက
အမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၅။ ရှားစောင်းလက်ပတ် အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး
အတွက်လည်းအသုံးပြုနိူင်ပါတယ်။ ဆီပူ၊ မီးပူ၊ အိတ်ဇောအပူ
လောင်ခြင်းများအတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ်
အနှစ်ကို ပတ်တီးဖြင့်စည်းထားပေးပါ။ အရည်ကြည်အဖု လုံးဝ
ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက်ကင်းနိုင်ပါတယ်။ အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကို
စုပ်ယူနိုင်သောကြောင့် အနာ မဖြစ်တော့ပါ။

၆။ ဘောက်ပျောက်၊ ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင်
အကွက်လိုက်ကျွတ်သော သူများအတွက် ရှားစောင်းလက်ပတ်
အနှစ်ကို အရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ပြန်ပေါက်ပြီး
ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၇။ ရှားစောင်းလက်ပတ်အနှစ်ကို နံနက် ည မျက်နှာသစ်ပြီးတိုင်း
လူးပေးရင်တော့ တင်းတိတ်ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာ
မလိုပဲ အရေးအကြောင်းမရှိ မျက်နှာလေးတင်းနေပါလိမ့်မယ်။
လှချင်ရင် တစ်သက်လုံးလိမ်းပေတော့။

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်၀ ပါသည်။အူမကြီးကို ရှင်းလင်းပေးသည့် ၀မ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ၀မ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊
● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊
● အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမ၀င်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။ ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်၀င်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါ၀င်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ၀င်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ၀င်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

အားလုံးက ကွန်ပြုတာသမားတွေဖြစ် ကြမှာပါ။ မျက်စိဝေဒနာ လည်းသေချာပေါက်ရှိကြမှာပါ။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့ ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ် အနေထားမှာ မျက်လုံးပေါ်မှာ အ၀တ်ပါးပါးလေးခံ ပြီး အနှစ်ကို မျက်လုံးပေါ် တွင်15မိနစ်လောက်ကပ်ပေးထားပါ။(သီချင်းလေးနားထောင်ရင်းပေါ့) ။ပြီးရင်ခွာပြီး မျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ အတွက် အရမ်းကောင်းတဲ့ သဘာ၀နည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ် ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ တစ်ရက်ရက်လေးပေါ့။ ( ဒီလိုလုပ်ပေးပါက မျက် စိကျန်းမာရေးတင် မကပါဘူး မျက်ကွင်းညိုတာနဲ့ မျက်လုံး ပတ်လည်က အရေးကြောင်းတွေကိုပါ သက်သာစေမှာပါ)

နောက်တစ်ခု က လှချင်ပါတယ်ဆိုတဲ့ ပျိုပျိုမေများအတွက် လှချင်ရက် သားနဲ့ မလှချင်ဘူးပြောတဲ့ ကိုကိုများပါ ဒီရှားစောင်း လက်ပတ်က အရမ်းအသုံး၀င်ပါတယ်။

နေပူထဲသွားတာများလို့နေလောင်ပြီး အသားမည်းလာရင်၊ ၀က်ခြံတွေ ဖြစ်ပြီးအမာရွတ်ကျန် နေခဲ့ရင်၊ မှဲ့ခြောက်တွေများလွန်းလို့ အလှပျက်နေရင် ၊ အသားရေမွဲခြောက်ခြာက် ၊ ဆံပင်တွေမွဲခြောက် ခြောက် ဖြစ်နေလို့စိတ်ညစ်နေရင် ရှားစောင်း လက်ပတ်ကို သတိရလိုက်ပါနော်။

ကိုယ်ရဲ့အားလပ်ချိန် လေးမှာရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပြီး လှသည်ထက်လှ ကြမယ်နော်။ လုပ်ရမှာက ရှားစောင်းလက်ပတ်အတွင်းသားလေးကို ဇွန်းနဲ့ခြစ်ယူပြီး ရေဆေးလိုက်ပါ။ ပြီးရင် ခွက်တစ်ခုမှာထည့်ပြီး ခေါက်ပါ ။ပျားရည် 2 ဇွန်းထည့်ပြီးရောမွှေပေးရင်ပိုကောင်းပါတယ်။ ရပြီ ဆိုရင် မျက်နှာပြင် အနှံ့ ညီညီ ညာညာ လေးသုတ်လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ လှပတင်းရင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးပါနော်။ ( ကမ္ဘာ ကျော် အလှကုန်တွေဟာ aloe vera က မပါမဖြစ်ဆိုတာမမေ့နဲ့နော်)

နောက်တစ်ခုကဆီးပူ ဆီးအောင့်သမား အတွက်။ ရှားစောင်းလက် ပတ် အနှစ် ကိုယူ ဆန်ဆေးရေမှာ 10 မိနစ် လောက်စိမ်ထား ပြီးရင် အဲဒီ အနှစ်ရယ် သကြားရယ် နောက်ဆန်ဆေးရေ အသစ်ရယ် ရောပြီး သောက်ပေးပါ။ ဆီးခုံမှာ အရမ်းပူနေရင် ဆီးခုံမှာပါကပ်ပေးပါ။ သက်သာ သွားပါလိမ့်မယ်နော်။ ဒါပေမဲ့ ကိုယ်က ၀မ်းလျော လွယ်တယ်၊ကိုယ်၀န်ရှိတယ်၊ နို့တိုက်နေရတယ်၊အသက် အရမ်းကြီးတယ်၊တခြားရောဂါကြီး ရှိတယ်ဆိုရင်တော့ မသောက်ပါနဲ့နော်။

နောက်ဆုံးတစ်ခု က ပိန်လို့ အားမရှိလို့ ၀မ်းချုပ်လွန်းလို့ ပါဆိုတဲ့သူတွေ အတွက်ပါနော်

ရှားစောင်း လက်ပတ်၊ မန်ကျဉ်းသီး၊ကြိတ်မှန်ရွက်၊ ကြက်သွန်နီ ၊ ထန်းလျက် ရော ကျို ထားသော ချက်ဆေး ကို ပျားရည်နှင့်ရောပြီး တစ်နေ့ တစ်ဇွန်း စားပေးပါက မီးယပ်သွေးပူခြင်း၊ သွေးခန်း ခြင်း အကြောတက်ခြင်း ကောက် ကွေး နာကျင်ခြင်း သက်သာစေပြီး ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်း များ သက်သာစေပြီး သွေးသား စိုပြေ ကာကျန်း မာဝြဖိုး အလှတိုးလာပါလိမ့် မည်။

နှုတ်ခမ်းအတွက်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက်

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးလာမည်။
ဆံပင်ဆေးမဆိုးချင်တဲ့ဆံပင်ဖြူလို့ဆေးဆိုးဖို့မလိုပါဘူးရှင်။ဖြူနေတဲ့သူတွေလဲဆေးမဆိုးရဘဲအနက်တွေ့ပြန်ပေါက်လာပါတယ်။ရှားစောင်းလက်ပတ်
၁ပိသာ+မကျီးသီးမှည့်၅၀သား+ထန်းညှက်၅၀ိသား+ပျားရည်၁၀သား+စမှုံမျိုးငါးပါးအနည်းငယ်ကိုရောပြီးယိုကြိုသလိုကြိုပြီးတစ်နေ့စတီးဇွန်းတစ်ဇွန်းမှန်မှန်သောက်ပေးပါကဖြူနေတဲ့ဆံပင်တွေဆေးမဆိုးရဘဲနောက်ထပ်ရှည်လာပါလိမ့်မည်။B ပိုး ။ C ပိုး နှင့် အသဲကင်ဆာသမား များအတွက် သတင်းကောင်း

တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်နှင့် အသည်းကင်ဆာ
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်ဟု ခေါ်လိုက်လျှင် ကွန်ုပ်တို့ မြန်မာပြည်တွင် မသိသူ မရှိလောက်အောင်ပင် လူသိများလှပါသည်၊၊ သို့သော် ရှားစောင်းလက်ပပ် ၏် အစွမ်းထက်လှသော ဂုဏ်သတ္ထိထူးများနှင့် ဆေးအသုံးကို ပြည့်စုံအောင်လေ့လာနေကြဆြဲဖစ်သည်။

၊၊ရှားစောင်းလက်ပပ်ပင်သည် အပူဒဏ်ကို ကြံ့ကြံံခံနိုင်သော သဘာ၀ရှိသည့် ထူးခြားသော အပင်တစ်မျိုးဖြစ်သည်၊၊

အပင်၏ တစ်ဖက်တစ်ချက်တွင် လွှသွားကဲ့သို့ ဆူးလေးများ ပါရှိကာ အခွံ၏အတွင်းထဲတွင်တော့ အင်မတန် အေးမြ စိုစွတ်သော ရှားစောင်းလက်ပပ် အနှစ်ခေါ် ဂျယ်ရီအတုံးလေးများကို ထူးခြားစွာတွေ့ရလေသည်၊၊ရှားစောင်းလက်ပပ်၏ ထူးခြားချက်မှာ အပင်ကိုနုတ်ရ်ျ ရက်ပေါင်းများစွာ ပစ်ထားစေကာမူ အပင်သည် ညှိုးခြောက်မသွားပဲ ရှင်သန်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရလေသည်၊၊

ထိုသို့ရက်ရှည်လများ ပစ်ထားသော်လည်း ညှိုးခြောက်မသွားပဲ တာရှည်ခံခြင်းမှာ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်ရီတုံးကလေးများ၏ အစိုဓါတ် ကို ရေရှည်ထိန်းထားနိုင်သော ဂုဏ်သတ္ထိတို့ကြောင့်ဖြစ်သည်၊၊ ထို့ကြောင့် ရှေးသမားအကျော်တို့က ရှားစောင်းလက်ပပ်ပင်ကို မသေဆေးပင်ဟုလည်းခေါ်ကြသည်၊၊ ရှေးအခါကပင်သမားတော်အကျော်အမော်တို့က မီးယပ်ဆေး၊နုနာရောဂါ ပျောက်ဆေးများအဖြစ် ဖော်စပ်အသုံးပြုခဲ့ကြသည်၊၊

ထို့အပြင်ရှားစောင်းလက်ပပ်ကို မှီဝဲသောကြောင့် ခန္ဒာ ကိုယ်တစ်ခုလုံး ခံစားနေရသော ယားနာများနှင့် ခုခံအားကျဆင်း မှုရောဂါပါ သက်သာလာခဲ့ကြောင်း ဝေဒနာသည်တစ်ဦး၏ ကိုယ်တွေ့လည်းသိခဲ့၇ ခဲ့ပါသည်၊၊ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများ နှင့် ဆေးအသုံးများကား ကျယ်၀န်းလှပါ၏။

ရှားစောင်းလက်ပပ်ဂျယ်ရီ(4)လက်မ၊ (5)လက်မ ခန့်ကို နေ့စဉ် မှန်မှန်မှီဝဲပါက တစ်လအတွင်းတွင် သွေးထဲ ၇ှိသော သကြားဓါတ်များ ပုံမှန်ပြန်ဖြစ်ကာ ဆီးချို၊ သွေးချို ရောဂါ သက်သာ သွားမည်ကို စာဖတ်သူကိုယ်တိုင်သုံးစွဲကြည့်လျှင် ကိုယ်တွေ့သိရပေမည်၊၊

ထိုရှားစောင်းလက်ပပ်ဂျယ်ရီကို နှစ်ရှည်လများဆက်လက် မှီဝဲပါက ဆီးချို ၊ သွေးချိုကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါများဖြစ်သည့် အာရုံကြောအားနည်းခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ခန္ဒာကိုယ်ယားယံခြင်း၊ကျောက်ကပ်ပျက်စီးခြင်းဝေဒနာများကို ဟန့်တားကာကွယ် သက်သာပျောက်ကင်းနိုင်ပြီး ဆီးချို၊သွေးချို ရောဂါ များလည်း တဖြည်းဖြည်း သက်သာ ပျောက်ကင်းနိုင်သည်၊၊

ထို့အပြင် ရှားစောင်းလက်ပပ် အပေါ်ခွံကို ခွာရ်ျ အတွင်းသား အနှစ်ဂျယ်ရီ ကို နေ့စဉ် တစ်နေ့ တစ်ကြိမ် မှီဝဲပါက အူလမ်းကြောင်းမကောင်းရ်ျ ၀မ်းကောင်းစွာ မသွားနိုင်သော ၀မ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းစေသည်၊၊ ထို၀မ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းသောကြောင့် ၀မ်းချုပ်ရောဂါ ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သော လိပ်ခေါင်းရောဂါ၊ စအိုအိမ်(အစာဟောင်းအိမ်) ကင်ဆာရောဂါများ ကာကွယ်ပြီး ဖြစ်လေသည်၊၊

ထို့ပြင်၀မ်းချုပ်လျှင် အစားအသောက်ပျက်ခြင်း၊၀မ်းဗိုက် ရင်ခေါင်းတောင့်တင်းခြင်း၊အပူနှင့် လေတို့ ပေါင်းစပ်ရ်ျ ဥဏှ ဝါ ယော အထက်သို့ ဆောင့်ကာ လေအထက်သို့ ဆောင်ကာ လေထိုး၊လေအောင့် ဖြစ်ခြင်း၊ကျောရင် ညှပ်၍ အောင့်ခြင်း၊ဇက်ကြောထိုးရ်ျ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အပူ အပုပ် အထက်သို့ဆောင်ရ်ျ သွေးတိုးခြင်း၊ ခေါင်းနောက်၍ ချွေးဆေးပြန်ခြင်း၊မျက်စိအမြင်ဝေဝါး၍ မျက်စိမကြည်ခြင်း စသော ဝေဒနာမျိုးစုံခံစားတတ်ရလေသည်၊၊ရှားစောင်းလက်ပပ်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းဖြင့် ဆီး၊၀မ်း၊ လေမှန် အပူငြိမ်းကာ သွေးသားစင်ကြယ်၍ အထက်ပါ ဝေဒနာများကို ကာကွယ် ပြီးသားဖြစ်သည့် အပြင် ဝေဒနာခံစားနေရပါကလည်း ပျောက်ကင်းနိုင်စေသည်။


Address

Mandalay
81400

Telephone

+959764451076

Website

Alerts

Be the first to know and let us send you an email when HC product Natural Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram