ShineKhant

ShineKhant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ShineKhant, Muse.

ဒါပေါ့😆
23/01/2021

ဒါပေါ့😆

☃☃ဆောင်းတွင်းရဲ့ ဖြူစင်တဲ့ နှင်းပွင့်လေးတွေနဲ့အပြိုင်လှနေရတဲ့ အသားအရေရဲ့ လျှို့ဝှက်ချက်ကို သိချင်လား?❄️❄️ဒါကတေ့ အသားအရေရ...
30/12/2020

☃☃ဆောင်းတွင်းရဲ့ ဖြူစင်တဲ့ နှင်းပွင့်လေးတွေနဲ့အပြိုင်လှနေရတဲ့ အသားအရေရဲ့ လျှို့ဝှက်ချက်ကို သိချင်လား?❄️❄️

ဒါကတေ့ အသားအရေရဲ့ အစိုဓါတ်ကိုထိန်းသိမ်းပေးပြီး ဖြူဝင်းမှုကိုအားပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အပြည့်အဝကာကွယ်ပေးမယ့် SPF 30 PA++ ပါဝင်တဲ့ Sakura Body Lotion လေးကြောင့်ပေါ့။🤩🤩

Sakura Body Lotion ဟာ သဘာဝမှ ရရှိတဲ့ သစ်ဥ၊ သစ်ဖုများမှ ထုတ်လုပ်ထားတဲ့အပြင် FDA အသိအမှတ်ပြုလက်မှတ်ပါ ရရှိထားတာမို့ နတ်သမီးလေးတို့ရဲ့ အသားအရေဖြူဝင်းချောမွေ့စေဖို့ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်နော်။😍😍

Sakura Body Lotion ကိုဝယ်ယူလို၍ဖြစ်​စေ၊ပြန်လည်​ရောင်းချလို၍ဖြစ်​စေ ပေ့ခ်ျရဲ့ မက်ဆေ့ခ်ျဘောက်စ်ကနေ အခုပဲ ဆက်သွယ်မှာယူလိုက်ပါနော်။🤗🤗

#

27/12/2020

ပြောချင်တာပြောပြီးမှ "စိတ်ထဲမထားနဲ့"တဲ့
ဆိုတော့ ဘယ်ထဲသွားထားရမှာလဲ😏

တကယ်လို့ထပ်ချစ်ဖြစ်ခဲ့ရင် ကိုယ်တန်ဖိုးကိုသိပြီးကိုယ့်ကိုတန်ဖိုးထားမြတ်နိုးပေးတဲ့သူမျိုးကိုပဲ လက်တွဲတော့မယ် . . .ဘယ်သူနဲ့...
23/12/2020

တကယ်လို့ထပ်ချစ်ဖြစ်ခဲ့ရင် ကိုယ်တန်ဖိုးကိုသိပြီး
ကိုယ့်ကိုတန်ဖိုးထားမြတ်နိုးပေးတဲ့
သူမျိုးကိုပဲ လက်တွဲတော့မယ် . . .

ဘယ်သူနဲ့ပဲယှဉ်ရွေးယှဉ်ရွေး ကိုယ့်ကိုပဲ
အမြဲတမ်းရွေးချယ်တဲ့သူမျိုး . . .

အချိန်တိုင်းမအားလပ်ရင်တောင် ကိုယ့်အတွက်
သီးသန့်အချိန်ဖယ်ပေးတတ်တဲ့ သူမျိုး . . .

ကိုယ့်ရဲ့ဖြစ်တည်မှုကို အရှိတိုင်းလက်ခံပေးမယ့်သူမျိုး
ကိုယ်ကျရူံးနေရင်တောင် အနားမှာအမြဲရှိနေပေးမယ့်သူမျိုး . . .

ဘာလုပ်လုပ်ဘာကိုင်ကိုင် အသေးအမွှား
ကိစ္စလေးကအစ ကိုယ့်ကိုပြန်ပြောတတ်တဲ့
သူမျိုးနဲ့ပဲ ဆုံဆည်းချင်မိတော့တယ် . . . ။

ပြတ်မယ်ဆိုတဲ့စကားကို ခဏခဏပြောတတ်တဲ့
ကိုယ့်ကိုမငြိုငြင်တဲ့အပြင် အနားကမခွာတဲ့သူမျိုးနဲ့
တစ်ခါလောက်တော့ ဆုံတွေ့ချင်သေးတယ် . . .

ကိုယ်လိုအပ်တဲ့အချိန်ပဲဖြစ်ဖြစ် မလိုအပ်တဲ့အချိန်ပဲဖြစ်ဖြစ်
အနားမှာအမြဲရှိနေပေးမယ့်သူမျိုးကိုပဲ လိုချင်မိတော့တယ် . . .

ဘယ်အချိန်ပြန်လှည့်ကြည့်ကြည့် စိတ်ချရတဲ့
လက်တစ်စုံကိုပဲ ပိုင်ဆိုင်ချင်မိတော့တယ် . . .

အတ္တကြီးတယ်ပဲပြောပြော လောဘကြီးတယ်ပဲပြောပြော
ကိုယ်တစ်ယောက်တည်းကိုပဲ မျက်စိထဲမြင်ပြီး
သစ္စာရှိရှိချစ်ပေးမဲ့သူမျိုးကိုပဲ လိုချင်တော့တယ် . . .

လမင်းမေ ~ 𝐋 . ᴍ . 𝐌𝕒𝐲

အိပ်ရေး၀၀ အိပ်ပျော်ချင်တဲ့သူတွေရော အိပ်မက်လှလှမက်ချင်သူ‌တွေ‌ရော အတွက် Deep Sleep Pillow Mist လေးလာပါပြီ။ 💁💁 ညအိပ်ယာဝင်ခါ...
11/12/2020

အိပ်ရေး၀၀ အိပ်ပျော်ချင်တဲ့သူတွေရော အိပ်မက်လှလှမက်ချင်သူ‌တွေ‌ရော အတွက် Deep Sleep Pillow Mist လေးလာပါပြီ။ 💁💁

ညအိပ်ယာဝင်ခါနီးတိုင်း ခေါင်းအုံး၊ အိပ်ယာ နဲ့ လိုက်ကာလေးတွေကို pillow mist လေးဖြန်းပေးထားခြင်းဖြင့် စိတ်အေးချမ်းသက်သာစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မှာပါ။😴😴

ရေမွေးနံ့လို Alcohol ပါတဲ့ ရနံ့မဟုတ်ပဲ ကျန်းမားရေးအတွက် ကောင်းမွန်တဲ့ aromatherapy ရနံ့ကုထုံးနည်း နဲ့ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

Deep Sleep Pillow Mist လေးဟာ aromatherapy လို ရနံ့ကုထုံးတွေလုပ်ရာမှာ အသုံးပြုတဲ့ အသီးအရွက် အပွင့်များဖြစ်တဲ့ Chamomile, Lavender နဲ့ Ylang Ylang လိုမျိုး တန်ဖိုးကြီး ရနံ့အစီများမှ ထုတ်လုပ်တဲ့ ပြည်တွင်းဖြစ် ပစ္စည်းလေးတစ်ခုပဲ ဖြစ်ပါတယ်။😍😍

အိပ်ဆေးငွေ့မဟုတ်တာကြောင့် ချက်ချင်းကြီး အိပ်ပျော်မှာ မဟုတ်ပဲ ဇိမ်ကျကျနဲ့ အိပ်ချင်သူတွေအတွက် Luxury ခံစားချက်ကို ပေးနိုင်မဲ့ Spary တစ်ခုပါ။🌙🌟

ကဲ အခုပဲ Deep Sleep Pillow Mist လေးတွေကို 8800Ks တည်းနှင့်shine khant Page ရဲ့ Chat Box မှတဆင့် မှာယူလိုက်တော့နော်…💜💙

"မင်း ဖတ် ရ တာ တန် ပါ တယ်"   📚-------------📚-------------📚လူတစ်ချို့မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်းမင်းက တန်ဖိုးမရှိလို...
06/12/2020

"မင်း ဖတ် ရ တာ တန် ပါ တယ်"
📚-------------📚-------------📚

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်။

📕📒📗လေးစားစွာဖြင့် 🖍🖍🖍📗📒📕
အရှင်ဇဝန သူ့စိတ်ကြိုက် စာပေများ 📖
Crd

Botanical Sakura’s Cream Type Face Scrub 💚🌿💚🌿💚🌿💚🌿💚🌿💚🌿💚🌿Stearic acid💚💚💚💚Stearic Acidက အသားရေကို နူးညံ့ပျော့ပျောင်းစေပြီးအ...
06/12/2020

Botanical Sakura’s Cream Type Face Scrub
💚🌿💚🌿💚🌿💚🌿💚🌿💚🌿💚🌿

Stearic acid
💚💚💚💚
Stearic Acidက အသားရေကို နူးညံ့ပျော့ပျောင်းစေပြီး
အရေပြားပေါ်မှာရှိတဲ့ မလိုအပ်တဲ့အဆီတွေ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်

သဘာဝကနေ ထုတ်လုပ်ထားတာမို့ Chemical အစားထိုးပြီး ပြုလုပ်အသုံးပြုကြပါတယ်

အသားရေ ရေဓာတ်ဆုံးရှုံးမူကိုလဲ ပြန်လည်ကာကွယ်ပေးပါတဲ့ Stearic Acidက Face Scrubထဲမှာ ပါဝင်ထည့်သွင်းထားပါတယ် 🌿

သဘာဝနဲ့ထိတွေ့ခွင့်ပေးလိုက်ပါ
🌿you deserve it🌿

stop using this product immediately when skin irritation occurs

6000 MMK



03/12/2020

FB Password မပေးကြေး။

နင့်ချစ်သူလည်းမသိစေနဲ့
ငါ့သူငယ်ချင်းတွေလည်းမသိစေရဘူး။

နင်နဲ့ငါ silentတွဲကြမယ်။

နင်နဲ့ငါ ဖုန်းတွေပြောကြမယ်။
Messageမှာလည်း စာတွေပို့ကြမယ်။

နင့်ချစ်သူကို အချိန်ပေးပြီးရင်
ငါနဲ့လာပြော နင်ငိုနေရင်ဖြစ်ဖြစ်..
ပျော်နေရင်ဖြစ်ဖြစ် ငါ့ကိုမျှဝေ...
ငါနားထောင်ပေးမယ်။

နင်လည်း ငါ့ကိုချစ်တယ်ပြော
ငါလည်း နင့်ကို ချစ်တယ်ပြောမယ်။

နင့်ချစ်သူသိတဲ့ facebook accကို ငါနဲ့မပြောနဲ့။
ငါနင့်အတွက် သီးသန့်accဖွင့်ထားမယ်။

နင်စိတ်ကူးရရင် ရသလို နင့်ချစ်သူနဲ့dateနေချိန်တိုင်း ငါ့ကို သတိရပေး။

ငါလည်း သူငယ်ချင်းတွေနဲ့ အပြင်သွားတိုင်း နင့်ကို လွမ်းပေးမယ်..။

ငါတိုတွေ silentသက်တမ်း (၁)နှစ်ပြည့်ရင် နင့်ကို ငါနမ်းမယ်..။
နင်လည်း ငါ့ကို ပြန်နမ်းပေး။

နင်သတိရတဲ့ အချိန်တိုင်း ငါ့ကိုဖုန်းဆက် Billအတွက်တော့ ငါ့တာဝန်ထား။

ညဘက်အိပ်မပျော်တဲ့အချိန်တိုင်း
ငါ ဖုန်းထဲကနေ ချော့သိပ်ပါရစေ..။

ဒီလိုနဲ့ နှစ်တွေကြာလာရင် နင်နဲ့ငါ ဆုံးဖြတ်ချက်ချမယ်။
နင့်ချစ်သူက ငါ့လောက်ချစ်နိုင်မလား စဉ်းစား ငါလည်း ပြန်စဉ်းစားမယ်။

အဆင်မပြေလောက်ဖူး နင်ထင်ရင် ငါ့ကိုလမ်းခွဲ။
ငါကတော့ နင်အဆင်မပြေလောက်မှ လမ်းခွဲပေးမယ်..
မဟုတ်ရင် နင့်ကို ငါယူမယ်။

ကြာကူလီတွေ စနိုက်တွေ ငါမသိဖူး
ပို ချစ်တဲ့သူက ပိုင်ဆ်ိုင်ကြေး...။

အဆင်ပြေတေနော် ချစ်သူရဲ့ ဂရုစိုက်မှုမရဘဲ

အပယ်ခံ ဖစ်နေရတဲ့သူတွေ အတွက်တော့
#လိုသုံးလေးတွေအတွက်☺️💜

နှလုံးသားနှုတ်ဖြင့် ဖတ်စေချင်📖 📖 📖 📖 📖 📖🎪ကိုယ်ချင်းစာတရားဆိုတာ ဦးနှောက်ကလာတာမဟုတ်ဘူး နှလုံးသားက လာတာကိုယ်ချင်းစာစိတ်လေးေ...
30/11/2020

နှလုံးသားနှုတ်ဖြင့် ဖတ်စေချင်
📖 📖 📖 📖 📖 📖

🎪ကိုယ်ချင်းစာတရားဆိုတာ
ဦးနှောက်ကလာတာမဟုတ်ဘူး
နှလုံးသားက လာတာ
ကိုယ်ချင်းစာစိတ်လေးမွေးမြူတတ်ပါစေ။

🎪အကောင်းမြင်စိတ်ဆိုတာ
တော်ရုံလူမှာ မရှိနိုင်ဘူး
စာနာ တတ်တဲ့လူမှာပဲရှိတယ်
အကောင်းမြင်စိတ်လေးမွေးမြူနိုင်ပါစေ။

🎪အချစ်ဆိုတာ
ဦးနှောက်ကနေ ဖြစ်တည်တာမဟုတ်ဘူး
နှလုံးသားကနေ ပေါက်ဖွားလာတာ
ဘဝအတွက်ဆိုရင်တော့
နှလုံးသားနဲ့ ဦးနှောက် ဆတူ စဉ်းစားဆုံးဖြတ်တတ်ပါစေ။

🎪မနာလိုစိတ်ဆိုတာ
ကိုယ့်ထက် သူသာနေလို့ဖြစ်တာ
ကိုယ့်ထက် သူတော်နေလို့ဖြစ်တာ
မနာလိုစိတ်တွေ ဖယ်ထုတ်နိုင်ပါစေ။

🎪လူကြားထဲ ထင်ပေါ်ခံချင်တဲ့သူက
မရှိတာကို အရှိလုပ်ပြီးကြွားတယ်
ပညာတတ်ဖြစ်ကြောင်းလည်း ကြွားတယ်
ဉာဏ်ပညာကြီးတဲ့သူက သိုသိုသိပ်သိပ်နဲ့
ဘဝကိုဖြတ်သန်းတယ်
အေးအေးချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းနိုင်ပါစေ။

🎪လောဘတွေကြီးလာရင်
ရယူသင့် မသင့် လုပ်သင့် မလုပ်သင့်
ဖြစ်သင့် မဖြစ်သင့် မစဉ်းစားဘဲ
အကုန်လုံးကို လိုချင်လာတယ်
ကိုယ့်ရှိသလောက်နဲ့ ရောင့်ရဲနိုင်ပါစေ။

🎪လူတစ်ယောက်မှာ
ရုပ်လှဖို့ ရုပ်ချောဖို့ထက်စာရိတ္တကောင်းစွာနဲ့ နှလုံးသားဖြူစင်နေရင် ဘယ်နေရာရောက်ရောက် အများကြားခေါင်းမော့နေနိုင်ပါတယ်။

🎪အရာအားလုံးဟာ ခဏတာဆိုတဲ့
သင်္ခါရသဘောတရားကိုလည်း နားလည်နိုင်ပါစေ။

🎪ခပ်မြင့်မြင့်ကလှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ။


ဪဘယ်တော့ပြန်ဆုံမလဲမသိ သတိရနေပါတယ်
Every time မဟုတ်ရင်တောင်မှတိုက်ဆိုင်မှုရှိတိုင်း.

"ငါ လူတိုင်းအပေါ်မှာ  ကောင်းနိုင်ချင်မှကောင်းနိုင်မယ်၊သို့ပေမယ့်ငါချစ်ရတဲ့ လူအပေါ်မှာ​တော့ ကောင်းနိုင်တယ်'' တစ်စုံတစ်ယောက်...
29/11/2020

"ငါ လူတိုင်းအပေါ်မှာ ကောင်းနိုင်ချင်မှကောင်းနိုင်မယ်၊သို့ပေမယ့်ငါချစ်ရတဲ့ လူအပေါ်မှာ​တော့
ကောင်းနိုင်တယ်''

တစ်စုံတစ်ယောက်ကများ နင်ဟာ နွေးထွေး၊ကြင်နာတတ်လွန်းတဲ့လူလားလို့လာမေးရင် ကိုယ်ကတော့
မဟုတ်ဘူးလို့​ဖြေမှာပဲ။ သည်းခံတတ်လွန်းတဲ့လူလားလို့ မေးရင်လည်း No parလို့ ဖြေရမှာပဲ..။

ကိုယ်ဟာ နူးညံ့သိမ်မွေ့ပုံပေါက်လားတော့မသိဘူး ဒါကြောင့်ပဲ ကိုယ့်ဆီက နွေးထွေးကြင်နာမှု၊ ကောင်းခြင်းကိုမျှော်ကိုးပြီး ဘဝထဲဝင်လာဖို့ကြိုးစားကြတဲ့လူတွေရှိပေမယ့် သူတို့တကယ်တမ်းကိုယ့်နားမှာ နေကြည့်တဲ့အခါ သူတို့ထင်ထားသလိုမဟုတ်တော့စိတ်ပျက်သွားကြတယ်။

ဟုတ်ပါတယ်ကိုယ်ဟာ ကိုယ်ချစ်ရတဲ့ လူအပေါ်မှာပဲ
ကောင်းတာ။ဂရုတစိုက် နားထောင်ပေးတာမျိုး၊
အလိုက်သိပေးတာမျိုး၊အကြိုက်တွေမှတ်ထားတတ်တာမျိုး၊ ဂရုစိုက်ပေးတာမျိုး ၊နှစ်သိမ့်ပေးတာမျိုး
ဒါတွေကို ကိုယ်ချစ်ရတဲ့လူကိုမှလုပ်ပေးတာ..။

အရာအားလုံးဟာ စိတ်ထဲက ပါမှဖြစ်တာမဟုတ်လား။
ဒီလိုပဲ တခြားလူတွေကို အေးတိအေးစက်ဆက်ဆံတတ်လွန်းလို့၊တစ်ယောက်တည်းသီးသန့်နေ့တတ်လို့
တစ်ခြားလူတွေရဲ့ဒဏ်ကို မခံနိုင်လို့ ၊သိပ်ကိုအေးစက်လှတဲ့ပုံပေါက်တယ်ဆိုပေမယ့် ကိုယ်ချစ်တဲ့လူအပေါ်မှာတော့ ကောင်းပါတယ်..။

ဒါကြောင့် ဂရုစိုက်ပေးတာမျိုး၊နွေးထွေးပေးတာ
အတူတူရှိနေပေးတာ စတာတွေကို
ကိုယ်ချစ်တဲ့လူကိုပဲ လုပ်ပေးတဲ့အရာတွေ။
တခြားလူနဲ့ဆိုရင်တော့ ငါကအပူမခံနိုင်တဲ့ကြောင်ပဲ

လူဖြစ်ရှုံးကြသူများ၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ န...
29/11/2020

လူဖြစ်ရှုံးကြသူများ

၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြောတတ်သူ ။

၂ ။ သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ။

၃ ။ သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည်စက်လက်အရှုံးကြီးရှုံးနိမ့်မှုအပေါ်တွင် ၀မ်းသာအားရအောင်ပွဲခံနိုင်သူ။

၎ ။ ကိုယ့်လက်အောင်ငယ်သား အပေါ်တွင် ညှာတာမှုမရှိပဲအမြဲ လိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အ တွက်သာကြည့်တတ်သူ ။

၅ ။ နေရာတကာလူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေ
ပြည့်ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာတတ်သူ။

၆ ။ မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ။

၇ ။ ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေအကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ ။

၈ ။ မြေနိမ့်ရာ လှံစိုက် - ရေနစ်ရာ ၀ါးကူထိုး အမြဲလုပ်တတ်သူ ။

၉ ။ တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအ များနှင့်ရောနှောလုပ်ဆောင်တတ်သူ ။
( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

၁၀ ။ ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ ။ ​ကျေးဇူးတင်​ပါတယ်​........(မိဘ​မေတ္တာ)

တန်ရာ တန်ရာပဲ ဆက်ဆံလိုက်ပါ~~~~~~~~~~~~~~~~~~~~~~တချို့လူတွေရှိတယ် . . .ငြိမ်ခံနေတုန်းက မမြင်ဘူးထပြောမိမှ ကိုယ်ကစွာတယ် ဆိ...
27/11/2020

တန်ရာ တန်ရာပဲ ဆက်ဆံလိုက်ပါ
~~~~~~~~~~~~~~~~~~~~~~
တချို့လူတွေရှိတယ် . . .
ငြိမ်ခံနေတုန်းက မမြင်ဘူး
ထပြောမိမှ ကိုယ်ကစွာတယ် ဆိုတာမျိုး ။

တချို့လူတွေရှိတယ် . . .
ခေါင်းပေါ်တတ်နင်းခံရတာမသိဘူး
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ်ဆိုတာမျိုး ။

တချို့လူတွေရှိတယ် . . .
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး
ဒဲ့ပြောလိုက်မှ ကိုယ်က လူကြမ်း ကြီးဆိုတာမျိုး ။

တချို့လူတွေရှိတယ် . . .
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်း ဘူးဆိုတာမျိုး ။

တချို့လူတွေရှိတယ် . . .
အတွင်းစိတ်ကိုမြင်အောင်မကြည့် တတ်ကြဘူး
အပေါ်ယံကောင်းပြတာကိုမှ အဟုတ် ထင်တတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် . . .
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး
ဟန်ဆောင်တတ်တဲ့လူကိုမှ အမှန် အကန်ထင်တတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် . . .
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး
ဘယ်သူသေသေ ငတေမာရင်ပြီးရော
စိတ်နဲ့ တဖက်သားစိတ်ကို အသေ သတ်ပစ်ကြတာမျိုး ။

တချို့လူတွေရှိတယ် . . .
ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိ
စော်ကားတဲ့ စကားပြောတတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် . . .
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တပါး
လူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး ။

တချို့လူတွေရှိတယ် . . .
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့
သက်သက်လူဖြစ်လာတာမျိုး ။

ဒါကြောင့် အကောင်းမြင်စိတ်
အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ဘဲ
အသက်ရှင်နေတဲ့ တချို့လူတွေအတွက်
စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ

Address

Muse

Telephone

+9673374226

Website

Alerts

Be the first to know and let us send you an email when ShineKhant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram