Hearts_SG

Hearts_SG Provision of healthcare related trainings and education consultations

Hearts@SG ရဲ့ပြီးခဲ့တဲ့ Sunday ကအတန်း​လေးပါ..စာ​မေးပွဲနဲ့လုံးလည်ချာလည်လိုက်​နေကြ​တော့ ပုံ​လေး​တွေသိပ်မရလိုက်ဘူး.. ထမင်းဝ...
20/08/2025

Hearts@SG ရဲ့ပြီးခဲ့တဲ့ Sunday ကအတန်း​လေးပါ..

စာ​မေးပွဲနဲ့လုံးလည်ချာလည်လိုက်​နေကြ​တော့ ပုံ​လေး​တွေသိပ်မရလိုက်ဘူး.. ထမင်းဝိုင်း​လေးပဲသွားရည်ယိုနိုင်ရန်တင်​ပေးလိုက်ပါတယ်🤤🤤🤤

လာမယ့် September 7 ရက်​နေ့ဖွင့်မယ့် ၁လ၂ရက်အတန်း​လေးလည်း သင်တန်းသား၃​ယောက်စာ​လောက်ပဲ​နေရာကျန်​တော့တာမို့ စိတ်ဝင်စားတယ်ဆို page messenger သို့မဟုတ် whatsapp 9633 3473 မှတဆင့်အမြန်​လေးဆက်သွယ်စုံစမ်းစာရင်း​ပေးနိုင်ပါတယ်ရှင့်.. (ဖုန်း​လေး​တော့မ​ခေါ်ကြဖို့​မေတ္တာရပ်ခံပါရ​စေ)
​နောက်ထပ်အတန်းဖွင့်နိုင်ဖို့က အခုလက်ရှိအတန်း​လေး​တွေပြတ်မှဖွင့်နိုင်မှာမို့ သင်တန်းတက်ဖို့စိတ်ကူးရှိတယ်ဆိုရင် အတန်းသစ်​​လေးရှိတဲ့အချိန်စာရင်းသွင်းပြီးတက်ကြ​ဖို့အကြံပြုလိုပါတယ်...

မပြောမရှိကြနဲ့နော်...သတင်းကောင်းလေးမျှဝေချင်လို့ပါ...နောက်ထပ်သင်တန်းသူတယောက် St Andrew NH မှာ HCA အဖြစ် အလုပ် confirmati...
14/08/2025

မပြောမရှိကြနဲ့နော်...
သတင်းကောင်းလေးမျှဝေချင်လို့ပါ...
နောက်ထပ်သင်တန်းသူတယောက် St Andrew NH မှာ HCA အဖြစ် အလုပ် confirmation ရသွားပြန်ပါပြီ...
(အလုပ် interview အောင်ပြီး NH အလုပ်ခန့်စာ‌စောင့်နေသူ သမီးငယ်များလည်း နောက်ထပ်လာပါဦးမည်)
HEARTS@SG HCA သင်တန်းမှာ တက်ရောက် ပညာသင်ကြား တတ်‌မြောက် အောင်မြင်ပြီးနောက်...
စင်္ကာပူ Nursing Home တွေမှာ Healthcare Assistant (HCA) အဖြစ်လည်းကောင်း၊ Community Care Service company မှာ Community Care Associate (CCA) အဖြစ်လည်းကောင်း...
အခက်အခဲ မရှိ၊ တာဝန်ထမ်းဆောင်နေကြတဲ့ သင်တန်းသူလေးများ...
သင်တန်းအပတ်စဉ် အသစ်များအတွက် စာရင်းသွင်းလက်ခံလျှက်ရှိရာ....
HEARTS@SG ၌ သင်တန်းတက်ရောက်လိုသူများ WhatsApp no. 9633 3473 သို့ message ပေးပို့ မေးမြန်းစုံစမ်းနိုင်ပါတယ်...(ဖုန်းမခေါ်ပါရန် မေတ္တာရပ်ခံပါတယ်)

Hello everyone! New class announcement!အားလုံးပဲ​စောင့်ရတာကြာသွားလို့အားနာပါတယ်.. ၁လ၂ရက်အတန်းသစ်​ (ပထမပတ်နှင့်တတိယပတ်အတန...
01/08/2025

Hello everyone! New class announcement!

အားလုံးပဲ​စောင့်ရတာကြာသွားလို့အားနာပါတယ်..
၁လ၂ရက်အတန်းသစ်​ (ပထမပတ်နှင့်တတိယပတ်အတန်း) လေးကို September လ ပထမပတ် (7 September) မှာဖွင့်ဖြစ်မှာဖြစ်တာ​ကြောင့် ​စုံစမ်း​မေးမြန်းထားသူများ, သင်တန်းတက်ချင်ကြသူများ page messenger မှတဆင့် သို့မဟုတ် whatsapp 9633 3473 မှတဆင့် စာရင်း​ပေးသွင်းနိုင်ပါပြီ..

Edit: Sorry ပါညီမ​လေးတို့​​ရေ.. အတန်း​လေးပြည့်သွားပြီဖြစ်တာ​ကြောင့် စာရင်းမသွင်းရ​သေးသူများထပ်ပြီးလက်ခံလို့အဆင်မ​ပြေ​တော...
16/06/2025

Edit: Sorry ပါညီမ​လေးတို့​​ရေ.. အတန်း​လေးပြည့်သွားပြီဖြစ်တာ​ကြောင့် စာရင်းမသွင်းရ​သေးသူများထပ်ပြီးလက်ခံလို့အဆင်မ​ပြေ​တော့လို့ပါ.. ​နောက်၁တန်းအမြန်ဆုံးဖွင့်နိုင်​အောင်ကြိုးစား​ပေးပါ့မယ်ရှင့်..

Hello everyone!!

​ပြောထားတဲ့အတိုင်း​လေး ၁လ၁ရက်အတန်းသစ်​လေး registration ဖွင့်​ကြောင်း ​ကြေညာ​ပေးတာပါရှင့်.. စာရင်းသွင်းချင်တဲ့သင်တန်းသား/သူတွေ 9633 3473 (whatsapp) က​နေတဆင့် ဆက်သွယ်စာရင်း​ပေးနိုင်ပါပြီ..

Details:
၁လ၁ရက်အတန်း တတိယပတ်တိုင်း
အတန်းစတင်မည့်ရက် - 20th July

Note: လူဦး​ရေ အကန့်အသတ်​လေးရှိတာ​ကြောင့် ဖြစ်နိုင်ရင် အမြန်ဆုံးစာရင်း​ပေး​စေလိုပါတယ်ရှင့်.. မင်မင် စာချက်ချင်းမပြန်​သေးရင်လည်းမပူပါနဲ့​နော်.. ဖြည်းဖြည်းချင်းပြန်​ပေးသွားမှာဖြစ်တဲ့အတွက် စိတ်ရှည်ရှည်​လေး​သည်းခံ​စောင့်​ပေးကြပါ​နော်🥰

ပုံ​လေး​တွေက​တော့ BCLS အတန်း​လေးကို ဆရာကြီးကိုယ်တိုင် training ​ပေး သင်ကြား​ပေး​နေတာ​လေးပါ...

ရာနှုန်းပြည့် ပညာသင်ဆု ထောက်ပံ့မှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်း ချက်ချင်းရရှိနိုင်မယ့်“ 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭...
06/06/2025

ရာနှုန်းပြည့် ပညာသင်ဆု ထောက်ပံ့မှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်း ချက်ချင်းရရှိနိုင်မယ့်
“ 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 (𝐇𝐀𝐃𝐏) ”⁣

အရည်အသွေး ပြည့်၀သော Healthcare Assistant များကို မွေးထုတ်ပေးမည့် HADP Programme အား အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်ခြင်း ဝန်ဆောင်မှုများစွာကို စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးနေသည့် CLL HEALTH မှ HEARTS Training Centre နှင့် ပူးပေါင်း၍ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ဆိုတာ ...

မြန်မာ့လူမှုအသိုင်းအ၀ိုင်းတစ်ခုလုံး၏ သက်ရှည်ကျန်းမာနိုင်ရေးကို ရှေးရှု၍ ကျန်းမာရေးအခန်း ကဏ္ဍတစ်ရပ်လုံးကို စောင့်ရှောက်မြှင့်တင်လိုတဲ့ စိတ်ဆန္ဒဖြင့် အစဥ်တစိုက် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းစု ဖြစ်ပါတယ်။

𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ဆိုတာ …

လူနာများအား စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဆေးဘက်ဆိုင်ရာပညာရှင် များနှင့်အတူ လူနာများကို ထောက်ပံ့ကူညီပေးရမယ့် ရာထူး (ကျန်းမာရေးစောင့်ရှောက်မှု အကူ) ဖြစ်ပါတယ်။

________________________________________

ဘယ်သူတွေ လျှောက်ထားသင့်လဲ?

● သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ လူနာပြုစုစောင့်ရှောက်ရေး (သို့) အများပြည်သူ ကျန်းမာရေး စောင့်‌ရှောက်မှု ၀န်ဆောင်မှုလုပ်ငန်းများကို စိတ်ပါ၀င်စားသူများ

● လက်တွေ့အသုံးချကျွမ်းကျင်မှု သင်တန်းများနှင့် အလုပ်အကိုင်အာမခံချက်ကို လိုလားနေသူများ

● အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရတာကို နှစ်သက်ပြီး ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းတွင် ကောင်းစွာအလုပ်လုပ်ကိုင်လိုသူများ

● မြန်မာလူမှုအသိုင်းအ၀ိုင်း၏ ကျန်းမာရေးအခန်းကဏ္ဍတိုးတက်လာစေရန်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့လိုစိတ် ပြင်းပြသောကြောင့် career ပြောင်းလဲလုပ်ကိုင်ကြလိုသူများ

________________________________________

အကျိုးခံစားခွင့်များ

✅ သင်တန်းကြေးနှင့် အထွေထွေကုန်ကျစရိတ်များအတွက် ရာနှုန်းပြည့် ထောက်ပံ့မှုနှင့် အခြားသောပံ့ပိုးမှုများ

✅ အရည်အသွေးမြင့် စာတွေ့ ၊ လက်တွေ့ သင်ကြားမှုများ

✅ On Job Training (OJT) လုပ်ငန်းအတွေ့အကြုံများ

✅ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်

✅ CLL HEALTH ရောဂါရှာဖွေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိသွားမှာဖြစ်ပါတယ်။

________________________________________

သင်တန်းကာလအနေဖြင့် (၃) လကြာမြင့်မှာဖြစ်ပြီး

🎯 အသက် - ၁၈ နှစ် မှ ၂၅ နှစ် အတွင်း
🎯 ကျား / မ မရွေး
🎯 သတ်မှတ်ပညာအရည်အချင်း - သိပ္ပံတွဲအထူးပြု Grade-12 (သို့) တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ပြီးတဲ့သူတိုင်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်ဝန်ဆောင်မှုကို စိတ်ပါဝင်စားသော လူငယ် ၊ လူရွယ်တိုင်းအတွက် ပညာလည်းရ ကျွမ်းကျင်ရာဘဝအနာဂတ်ကိုပါ လျှောက်လှမ်းနိုင်မယ့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာသင်ဆု အခွင့်အလမ်းဖြစ်တာကြောင့် လက်လွှတ်မခံဘဲ အခုပဲ လာရောက်လျှောက်ထားလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

________________________________________

သင်တန်းအမှတ်စဥ် (၁) Batch-1 တွင် ပေးပို့လျှောက်ထားသော သင်တန်းသားများအနက်မှ အရည်အချင်းပြည့်မီသော သင်တန်းသားများကို စိစစ်ရွေးချယ်မည်ဖြစ်ပြီး လူဦးရေအကန့်အသတ်ဖြင့် သင်တန်းသားဦးရေ (၂၀) ဦးကိုသာ ထိရောက်စွာ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်လို့ အချိန်မီ လာရောက်လျှောက်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ 💯

________________________________________

လျှောက်ထားလိုပါက အောက်ဖော်ပြပါ Link တွင် ဖြည့်စွက်နိုင်ပါတယ်။

https://tinyurl.com/CllHadpForm

လျှောက်လွှာပိတ်မယ့်ရက်ကတော့ (၂၀.၆.၂၀၂၅) ဖြစ်ပါတယ်။

________________________________________

အသေးစိတ်သိရှိလိုပါက

📞 09 880 920 541
🌐 www.cllhealth.com
📧 careers@cllhealth.com သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။




Admin ​ကျန်းမာ​ရေးကအရမ်းကြီး​ကောင်း​သေးတယ်လို့မဆိုနိုင်​​သေးပေမယ့် ပုံ​လေး​တွေ, video ​လေး​တွေ​တွေ့မိတော့တင်ချင်တာလက်ယား...
02/06/2025

Admin ​ကျန်းမာ​ရေးကအရမ်းကြီး​ကောင်း​သေးတယ်လို့မဆိုနိုင်​​သေးပေမယ့် ပုံ​လေး​တွေ, video ​လေး​တွေ​တွေ့မိတော့တင်ချင်တာလက်ယားပြီ​​လေ..

Batch ၃ခု​တောင်​ပေါင်းလုပ်တဲ့ graduation day ​လေးမို့အရမ်းကိုကြည်နူးစရာ​ကောင်းပါတယ်.. batch ၃ခုက သင်တန်းသူသင်တန်းသား၁​ယောက်ချင်းဆီမှာလည်း သူ့ story နဲ့သူ ဒီ certificate ကိုရ​အောင်ယူမယ်ဆိုပြီးတက်ကြတဲ့က​လေး​တွေမို့ သင်တန်းပြီးဆုံး​ကြောင်း certificate တင်မကပဲ အမတို့အ​နေနဲ့က​တော့ ဇွဲဆုပါ​ပေးပြီးသားပါ...

Congratulations batch 8, 11 and 12!!!

သင်တန်းပြီးသွား​ပေမယ့် အမြဲတန်းအဆက်အသွယ်မပြတ် Hearts မိသားစု​လေးနဲ့ခင်မင်ရင်းနှီးစွာ​နေသွားဦးမယ်လိူ့ယုံကြည်ရင်း... admin မုန့်ဟင်းခါးသွားစားလိုက်ပါဦးမယ်.. (မနေ့ကမှ မစားလိုက်ရတာလို့..😅)

11/05/2025

Page မှာ​ဖြေ​ပေး​နေတဲ့ ​၏admin လည်းဖြစ် founder လည်းဖြစ်တဲ့အမ ​ဆေးရုံတက်​နေရတာ​ကြောင့်အ​ဖြေလေး​တွေကျန့်ကြာ​နေရင် စိတ်ရှည်သီးခံ​ပေးဖို့​မေတ္တာရပ်ခံပါတယ.. hi ၁လုံးထဲ​ပြောတာတို့ ​​ဖြေလည်မ​​ဖြေဘူးတို့ ? တို့ဆိုတာရိုင်းတဲ့စကားအ​ပြောအဆိုလည်းဖြစ်တာ​​ကြောင့် admin တို့ဆီသိချင်တာ​လေးကိုတိတိကျကျ​လေး​မေးထား​ပေးပါရှင့်...

​နောက် batch အသစ်ဖွင့်မ့် ၁လ၁ရက်အတန်း​လေးကလည်း july လ​လောက်မှာဖွင့်နိုင်မှာမို့ registration ဖွင့်ပြီ, သင်တန်းအပ်လို့ရပြီဆိုမှသာ depost ​လေးသွင်းရင်း စာရင်းအက်​ပေးပါရှင့်🙇‍♀️🙇‍♀️🙇‍♀️

ကဲ..သင်တန်းသူ​တွေ​ရော ဆရာမ​တွေ​ရောအရမ်းကိုဓါတ်ဖမ်းကြ​တော့ မင်မင်လည်းဘယ်ဓါတ်ပုံလှလဲမလှလဲ​ ရွေးမ​နေ​တော့ဘူး.. အကုန်တင်ချလိ...
20/04/2025

ကဲ..သင်တန်းသူ​တွေ​ရော ဆရာမ​တွေ​ရောအရမ်းကိုဓါတ်ဖမ်းကြ​တော့ မင်မင်လည်းဘယ်ဓါတ်ပုံလှလဲမလှလဲ​ ရွေးမ​နေ​တော့ဘူး.. အကုန်တင်ချလိုက်ပါပြီ😁

Hearts ရဲ့ ရင်ခွင်မှာ​လုံခြုံ​နွေး​ထွေးစွာပညာသင်ကြား​နေကြတဲ့သင်တန်းသူ​လေး​တွေရဲ့အ​ပျော်ဟာဓါတ်ပုံ​တွေက​​နေတဆင့်​တောင်ကူးစက်​စေနိုင်လိမ့်မယ်လို့ထင်ပါတယ်...

အတတ်ပညာအသိပညာ​တွေကိုသင်ကြား​ပေးရုံသာမက လူငယ်​လေး​တွေလမ်းမှန်​ပေါ်​ရောက်​အောင်, ဘဝ​နေထိုင်နည်းစနစ်​တွေပါ​နွေး​ထွေးစွာအကြံ​ပေး​နေတဲ့ Hearts သင်တန်း​လေးကိုတက်ချင်တယ်ဆိုရင်​တော့ May 11 ရက်​နေ့မှာ ၁လ၂ရက်တန်း (ဒုတိယပတ်နှင့်စတုတ္ထပတ်)အသစ်​လေးဖွင့်မှာမို့ page messenger သို့မဟုတ် မှတဆင့် စာရင်း​ပေးသွင်းနိုင်ပါပြီ!! လူအကန့်အသတ်​လေးရှိတာမို့ လူပြည့်သွားရင်လက်မခံ​ပေးနိုင်တာနားလည်​စေလိုပါတယ်.. ​နောက်အတန်း​တွေမ​စောင့်ရ​လေ​​အောင် တက်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင် အမြန်ဆုံးသာစာရင်းသွင်းဖို့လက်တို့ပါရ​စေ❣️

ဘေးရန်အန္တရာယ်များ ကင်းဝေးပြီး...ငြိမ်းချမ်းတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...May you be safe from all dangers and...Have a p...
16/04/2025

ဘေးရန်အန္တရာယ်များ ကင်းဝေးပြီး...
ငြိမ်းချမ်းတဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...
May you be safe from all dangers and...
Have a peaceful and happy Myanmar New Year...

မြန်မာပြည်တွင် ယခုရက်ပိုင်းအတွင်းကျ​ရောက်ခဲ့တဲ့ သဘာဝ​ဘေးအန္တရာယ်ဆိုးကြီး​ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဝမ်...
10/04/2025

မြန်မာပြည်တွင် ယခုရက်ပိုင်းအတွင်းကျ​ရောက်ခဲ့တဲ့ သဘာဝ​ဘေးအန္တရာယ်ဆိုးကြီး​ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဝမ်းနည်းပူ​ဆွေးရမည်ဆိုတာအ​သေအချာပါ..
Hearts မိသားစုများအ​နေနဲ့လည်း တတ်နိုင်သမျှအဘက်ဘက်မှ တတ်အားသ၍ကူညီလှူဒါန်းလျက်ရှိပါတယ်..

အားလုံးစိတ်မ​ချမ်း​မြေ့​နေကြ​ပေမယ့်လည်း Hearts ရဲ့ရည်ရွယ်ချက်ထဲမှ ၁ခုဖြစ်တဲ့ မြန်မာလူငယ်များရဲ့အလုပ်အကိုင်တက်လမ်းအတွက်​ (တချို့​မေးမြန်းထားကြတဲ့က​လေးများစာချုပ်ကုန်​တော့မည့်အခက်အခဲများရှိသည်ကတ​ကြောင်း) Hearts Batch 16 (၁လ၂ရက်အတန်း) ကိုလာမယ့် May လ ဒုတိယပတ် (၁၁ရက် ​မေလ) မှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်...

စိတ်ဝင်စားသူများ သို့မဟုတ် page messenger မှတဆင့် ဆက်သွယ်​မေးမြန်းစာရင်း​ပေးသွင်းနိုင်ပါတယ်...

04/04/2025

HEARTS to Hearts (1)
HEARTS သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ၊ သင်တန်းသား/သူဟောင်းများ၊ အသိမိတ်ဆွေများ စုစည်းကောက်ခံရ‌ရှိသော... အကူငွေ ပထမအသုတ်အား...
မြေပြင်၌ ငလျင်ကပ်ဘေးသင့် ပြည်သူများထံအရောက် သွားရောက်လှူဒါန်းပါမည်...
ထပ်မံလှူဒါန်းကြမည့် အကူအညီရရှိမှုအခြေအနေပေါ်မူတည်၍...
မီးစက်ဖြင့် ရေတင်ရေပေး‌ဝေနိုင်မှု၊ သောက်ရေသန့် ပေးဝေနိုင်မှု စသည့် အခြေခံလိုအပ်ချက်များအား ဆက်လက်ဆောင်ရွက်သွားရန်ရှိပါသည်...
ကပ်ဘေးဒါဏ်မျိုးစုံကြားမှ ထပ်ဆင့် ငလျင်ကပ်ဘေးဒါဏ်ကြောင့် မိသားစု ပစ္စည်းဥစ္စာများဆုံးရှူံး၍ စိတ်နှလုံးညှိုးနွမ်းနေကြရသူ ပြည်သူများအတွက် တတ်စွမ်းသမျှအကူညီ‌ပေးဆောင်ရွက်မည်ဖြစ်ရာ...
HEARTS to Hearts အစီအစဉ်များတွင် ပူးပေါင်းပါဝင် ကူညီထောက်ပံ့လိုသူများ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....
🙏🙏🙏
https://www.facebook.com/share/p/1AD4radaf5/?mibextid=oFDknk
https://www.facebook.com/share/p/196aPgWNQX/?mibextid=oFDknk

Hi everyone!ဒီ​နေ့ဘာ​နေ့လဲ?ဒီ​နေ့ Batch အသစ်​နောက်၁ခုဖွင့်တဲ့​နေ့❣️ပြီး​တော့ မုန့်ဟင်းခါးအ​ကြော်စုံနဲ့စားရတဲ့​နေ့❣️အများ...
23/02/2025

Hi everyone!

ဒီ​နေ့ဘာ​နေ့လဲ?

ဒီ​နေ့ Batch အသစ်​နောက်၁ခုဖွင့်တဲ့​နေ့❣️

ပြီး​တော့ မုန့်ဟင်းခါးအ​ကြော်စုံနဲ့စားရတဲ့​နေ့❣️

အများကြီးမ​ပြော​တော့ဘူး.. ပုံ​လေး​တွေသာကြည့်ကြပါလို့🩷🧡💛

Address


238841

Alerts

Be the first to know and let us send you an email when Hearts_SG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share