Aung Pharmacy

  • Home
  • Aung Pharmacy

Aung Pharmacy ထိုင်းနိုင်ငံမှဆေးဝါးပစ္စည်းများကိုမှာယူနိုင်ပါတယ်...
Viber 09 441739142

Ultrasonic Cleaner 3 Liter  // INSTOCK //
08/06/2024

Ultrasonic Cleaner 3 Liter // INSTOCK //

❝ဆေးရုံတစ်ရုံရဲ့ အရေးကြီးဌာနတစ်ခုဖြစ်တဲ့ CSSD ဘယ်လိုအလုပ်လုပ်သလဲ❞ခွဲစိတ်မှုတွေပြုလုပ်ပြီးတဲ့အခါတိုင်းမှာ ခွဲစိတ်ခန်းသုံး...
01/02/2024

❝ဆေးရုံတစ်ရုံရဲ့ အရေးကြီးဌာနတစ်ခုဖြစ်တဲ့ CSSD ဘယ်လိုအလုပ်လုပ်သလဲ❞

ခွဲစိတ်မှုတွေပြုလုပ်ပြီးတဲ့အခါတိုင်းမှာ ခွဲစိတ်ခန်းသုံးပစ္စည်းတွေကို #သန့်စင်ဆေးကြောပိုးသတ်ခြင်း ဆိုတဲ့လုပ်ငန်းစဥ်တွေကိုပြုလုပ်ရပါတယ်။
CSSD လို့ခေါ်တဲ့ Central Sterile Services Department လို့ခေါ်တဲ့ဌာနကနေတာဝန်ယူပြီးလုပ်ဆောင်ရတာဖြစ်ပါတယ်။

CSSD ဟာဆေးရုံတစ်ရုံမှာအလွန်အရေးကြီးတဲ့ဌာနတစ်ခုဖြစ်ပြီး ❛Patient safety starts here❜ လို့တောင်ခံယူလုပ်ဆောင်တတ်ကြပါတယ်။
ဆေးရုံတစ်ခုချင်းစီရဲ့ CSSD စည်းမျဥ်းစည်းကမ်းသတ်မှတ်လုပ်ဆောင်ပုံတွေမတူညီနိုင်ပေမယ့် စံထားရမယ့် လမ်းညွှန်သတ်မှတ်ချက်တစ်ခုအတိုင်း လိုက်နာဆောင်ရွက်ရပါတယ်။
ဒါမှသာ နောက်ထပ်ခွဲစိတ်မှုတစ်ခုကို လုပ်ဆောင်ဖို့အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး ကူးစက်ပိုးမွှားတွေ ကူးစက်ခြင်းကနေကာကွယ်နိုင်မှာပါ။

ဆေးရုံတစ်ခုမှာခွဲစိတ်မှုတစ်ခုပြီးဆုံးသွားပြီဆိုတာနဲ့ အောက်ကအဆင့်တွေကိုဆက်လက်လုပ်ဆောင်ကြရပါတယ်။

➊ Collection and Inspection:

လူနာခွဲစိတ်မှုအပြီးမှာ အသုံးပြုထားတဲ့ခွဲစိတ်ခန်းသုံးပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းရပါတယ်။
ပစ္စည်းအစိတ်အပိုင်းတွေပျက်ဆီးတာမျိုးရှိ/မရှိကိုစစ်ဆေးရပါတယ်။
ပျက်ဆီးထိခိုက်ထားတာမျိုးရှိရင်မှတ်တမ်းတင်ရပါတယ်။

➋ Pre-cleaning:

ခွဲစိတ်မှုပြီးပြီးချင်းမှာမျက်စိနဲ့အလွယ်တကူမြင်ရတဲ့သွေး၊ တစ်ရှူးနဲ့အခြားအညစ်ကြေးများကို ရေနဲ့
Soft Brush ကိုအသုံးပြုပြီးပထမဆုံးအဆင့်အနေနဲ့ဆေးကြောရပါတယ်။ Pre-cleaning ကိုဘာလို့လုပ်ရသလဲဆိုရင် သွေးတွေ၊ တစ်ရှူးတွေဟာ ခွဲစိတ်ခန်းရဲ့ Temperature အောက်မှာကြာကြာထားလေ ခွဲစိတ်ကိရိယာတွေမှာ ပိုမိုကပ်ငြိနိုင်လေဖြစ်လို့ပါ။

➌ Transport to Sterile Processing:

ဆေးကြောပြီးတဲ့ပစ္စည်းတွေကိုသီးသန့်အသုံးပြုရတဲ့ Container တွေ၊ Tray တွေကိုအသုံးပြုထည့်သွင်းပြီး Sterile Processing Area ကိုပို့ဆောင်ရပါတယ်။ Container တွေက ကူးစက်ပိုးမွှားတွေပျံ့နှံ့ခြင်းကိုကာကွယ်ပေးပါတယ်။

➍ Cleaning:

Sterile Processing Area ကိုရောက်တဲ့အခါမှာတော့ Detergent လို့ခေါ်တဲ့ သတ်မှတ်အင်ဇိုင်းပါတဲ့ဆပ်ပြာမှုန့်ကိုအသုံးပြုပြီး ခွဲခန်းသုံးပစ္စည်းတွေကို လုံးဝပြောင်စင်နေစေဖို့ ဆေးကြောသန့်စင်ရပါတယ်။ လိုအပ်ခဲ့ရင် Soaking Method လို့ခေါ်တဲ့နည်းလမ်းကိုလည်းအသုံးပြုပါတယ်။ ဖြုတ်လို့ရတဲ့ပစ္စည်းတွေကို တစစီဖြုတ်ပြီးဆေးကြောရပါတယ်။

Manual Cleaning အဆင့်ပြီးတာနဲ့ ရာနှုန်းပြည့်သန့်ရှင်းစေဖို့အတွက် ကိုအသုံးပြုရပါတယ်။ Ultrasonic Cleaning က မျက်စိနဲ့မမြင်နိုင်တဲ့အညစ်အကြေးတွေကိုပါ သန့်စင်ဆေးကြောပေးနိုင်ပါတယ်။ Ultrasonic က လူလက်နဲ့ဆေးကြောသန့်စင်ဖို့ခက်ခဲတဲ့ ပစ္စည်းအတွင်းပိုင်းတွေ၊ သေးငယ်တဲ့အစိတ်အပိုင်းတွေ၊ joint အတွင်းပိုင်းတွေအထိ ပြောင်စင်နေအောင် ဆေးကြောပေးပါတယ်။
ပြီးသွားရင်တော့ Mechanical Cleaning လို့ခေါ်တဲ့အဆင့်ပါ။ အလိုအလျောက်ဆေးကြောသန့်စင်စက်ထဲကိုထည့်ပြီး နောက်ဆုံးအဆင့်အနေနဲ့ ဆေးကြောပါတယ်။

➎ Inspection:

သန့်စင်ဆေးကြောပြီးတဲ့ပစ္စည်းတွေကို ပြန်လည်စစ်ဆေးရပါတယ်။

✓ အညစ်အကြေးများကပ်ငြိနေခြင်းရှိ/မရှိကိုစစ်ဆေးရပါတယ်။
✓ ခွဲခန်းသုံးပစ္စည်းများ ပျက်စီးမှုရှိ/မရှိစစ်ဆေးရပါတယ်။
✓ ခွဲခန်းသုံးပစ္စည်းများ အလုပ်လုပ်ဆောင်ချက်မှန်/မမှန်စစ်ဆေးရပါတယ်။
✓ လိုအပ်ခဲ့ရင် (or) စတဲ့ဆေးရည်များကို ခွဲခန်းသုံးပစ္စည်းတွေပေါ်မှာ အနေနဲ့သုံးစွဲပေးရပါတယ်။

ပုံမှန်အားဖြင့် ဒီလိုဆေးရည်တွေကို Routine အနေနဲ့ပြုလုပ်ပေးရင်ရေရှည်ခံပြီး အပျက်အဆီးအလေလွင့်နည်းပါးပါတယ်။

➏ Sterilization:

ပိုးသတ်ခြင်းလုပ်ငန်းကိုဆောင်ရွက်ဖို့ သင့်တော်တဲ့နည်းစနစ်ကိုရွေးချယ်အသုံးပြုရပါတယ်။
ပိုးသတ်ခြင်းနည်းစနစ်ကိုလုပ်ဆောင်တဲ့အခါမှာ အသုံးပြုတဲ့နည်းစနစ်ရဲ့ ကိုလိုက်နာရပါမယ်။
ဒါမှသာ အလွန်သေးငယ်တဲ့သက်ရှိ (အဏုဇီဝ) တွေဖြစ်တဲ့ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်၊ Yeast တွေနဲ့ Protozoa တို့ကိုပါ သေစေနိုင်မှာဖြစ်ပါတယ်။

Stainless Steel အသားနဲ့ပြုလုပ်ထားတဲ့ ခွဲခန်းသုံးပစ္စည်းတွေကို ပိုးသတ်ရာမှာအသုံးပြုတဲ့ Steam Sterilization လိုနည်းစနစ်ကို အခြားတည်ဆောက်ပုံမတူတဲ့ Endoscope လို ပစ္စည်းတွေကိုပိုးသတ်ဖို့အသုံးမပြုရပါဘူး။ Endoscope လိုပစ္စည်းမျိုးတွေကို Cold Sterilization သို့မဟုတ် HLD လို့ခေါ်တဲ့ High Level Disinfectant မျိုးတွေသုံးပြီး လုပ်ရပါတယ်။ လူ့ခန္ဓာကိုယ်ထဲထည့်သွင်းအသုံးပြုရတဲ့ Scope လို ပစ္စည်းတွေဟာ လူနာအချင်းချင်းကူးစက်ပိုးမွှားပျံ့နှံ့ဖို့အလွယ်ဆုံးနဲ့ အန္တရာယ်အရှိဆုံးပစ္စည်းတွေဖြစ်လို့ သင့်လျော်တဲ့ပိုးသတ်ခြင်းနည်းစနစ်ကိုမှန်မှန်ကန်ကန်အသုံးပြုဖို့အထူးလိုအပ်ပါတယ်။

➐ Packaging:

ပိုးသတ်ပြီးပြီဆိုရင်တော့ ထုပ်ပိုးမှုအဆင့်ဖြစ်ပါတယ်။ ထုပ်ပိုးမှုနည်းစနစ်ကိုလည်း အသုံးပြုမယ့် သက်ဆိုင်ရာ Guideline ကိုလိုက်နာပြီးဆောင်ရွက်ရပါမယ်။
ဒါမှသာ နောက်တစ်ကြိမ်ခွဲစိတ်မှုပြုလုပ်လိုတဲ့အခါမှာ ပိုးမွှားကင်းစင်စွာစိတ်ချလက်ချနဲ့ အသုံးပြုဖို့အသင့်ဖြစ်နေမှာပဲဖြစ်ပါတယ်။

➑ Storage:

ထုပ်ပိုးပြီးတဲ့ခွဲခန်းသုံးပစ္စည်းတွေကို ခြောက်သွေ့ပြီးသန့်ရှင်းတဲ့သိုလှောင်ခန်းထဲမှာသိမ်းဆည်းထားရပါတယ်။

➒ Documentation:

ခွဲခန်းသုံးပစ္စည်းတွေရဲ့လုပ်ဆောင်မှုအခြေအနေ၊ ဆေးကြောခြင်း၊ ပိုးသတ်ခြင်းအဆင့်တစ်ခုစီတိုင်းရဲ့မှတ်တမ်းကို သေချာစွာစာရင်းပြုစုထားရပါတယ်။

➓ Regular Maintenance:

သင့်တော်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီး ပုံမှန်ထိန်းသိမ်းဆောင်ရွက်ပြုပြင်ခြင်းလုပ်ငန်းစဉ်တွေကိုလည်းဆက်လက်ဆောင်ရွက်ရပါတယ်။

REDA HEALTHCARE MYANMAR

● Whatsapp/Line - (+66) 9 9182 6927

● Viber - 09441739142

REDA ကထုတ်လုပ်ထားတဲ့ MUCUS EXTRACTOR ကို instock အနေနဲ့ဝယ်ယူနိုင်ပါပြီ။ REDA HEALTHCARE (Myanmar) ▪️WhatsApp (+66) 099 1...
16/01/2024

REDA ကထုတ်လုပ်ထားတဲ့ MUCUS EXTRACTOR ကို instock အနေနဲ့ဝယ်ယူနိုင်ပါပြီ။

REDA HEALTHCARE (Myanmar)

▪️WhatsApp (+66) 099 182 6927

❇️Instru-Stain ကိုအသုံးပြုပုံ၁။ Instru-Stain ၁ ဆကို ရေနွေး ၇ ဆနှင့်ရောစပ်ပါ။၂။ ထို့နောက်ရောစပ်ထားသော Instru-Stain Soluti...
27/12/2023

❇️Instru-Stain ကိုအသုံးပြုပုံ

၁။ Instru-Stain ၁ ဆကို ရေနွေး ၇ ဆနှင့်ရောစပ်ပါ။

၂။ ထို့နောက်ရောစပ်ထားသော Instru-Stain Solution အရည်ကို Stainless Steel Container ထဲသို့ထည့်ပါ။

၃။ ဆေးကြောသန့်စင်လိုသည့် Instrument များကို Instrument Tray ထဲသို့ထည့်ပြီး Instru-Stain Solution အရည်ကိုလောင်းထည့်ပြီး ၅ မိနစ်စိမ်ထားပါ။
(Joint တွေ Lock တွေထဲထိသန့်စင်နိုင်စေရန် Instrument များကို open position အနေအထားမှာထားပေးပါ။)

၄။ ၅ မိနစ်ပြည့်လျှင် စိမ်ထားသော Instrument များကိုဆယ်ယူပါ။

၅။ ဆယ်ယူထားသော Instrument များကို ပွတ်တိုက်ဆေးကြောပါ။

၆။ ရေဖြင့်ဆေးကြောပါ။

၇။ မပြောင်စင်သေးသော၊ အလွန်အမင်းညစ်ပတ်နေသော Instrument များကို အပေါ်ကအဆင့်များအတိုင်းပြန်လည်လုပ်ဆောင်ပါ။ Instru-Stain ဆေးရည်ကြောင့် Instrument များပျက်ဆီးစေနိုင်ခြင်းလုံးဝမရှိသောကြောင့် လိုအပ်သလိုသုံးစွဲနိုင်ပါတယ်။

❇️Stainless Steel Cart များ Tray များကို ဆေးကြောရန်

၁။ Instru-Stain ၁ ဆကို ရေနွေး ၅ ဆနှင့်ရောစပ်ပါ။

၂။ ဆေးကြောမည့်သူက လက်အိတ်ဝတ်ထားရန်လိုအပ်ပြီး ဆေးကြောလိုသည့် Cart များ Tray များကို Brush ဖြင့်ပွတ်တိုက်ပါ။

၃။ ရေဖြင့်ဆေးကြောပါ။

၄။ Towel ဖြင့်ပြန်လည်သုတ်ပြီးအခြောက်ခံပါ။

Stainless Steel ပစ္စည်းတွေကိုအမြဲသစ်လွင်တောက်ပနေစေဖို့ Instru-Stain ကို တစ်ပါတ်တစ်ကြိမ် (သို့မဟုတ်) တစ်လလျှင်နှစ်ကြိမ် Routine Preventative Program အနေဖြင့်အသုံးပြုရန်အကြံပေးပါတယ်။

Instru-Stain ဟာ mild acid solution ဖြစ်ပြီး Stainless Steel Instrument တွေအားလုံးမှာကပ်ငြိနေတဲ့ သံချေးတွေ၊ အစက်အပျောက်တွေ၊ အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်ပေမယ့် Chrome နဲ့ Silverplated ပစ္စည်းတွေမှာတော့ Instru-Stain ကိုအသုံးပြုဖို့မသင့်တော်ပါ။

ℹ️Instru-Stain ၁ ပုံးမှာ 5 Litres ပါဝင်ပါတယ်။ ဂါလံအနေနဲ့ဆိုရင် 1.08 Gallons ဖြစ်ပါတယ်။

အသေးစိတ်သိရှိနိုင်ဖို့ REDA HEALTHCARE (Myanmar) ရဲ့ဖုန်း
09 7630 65255 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

REDA HEALTHCARE (Myanmar)

▪️(+66)099 182 6927

▪️ခွဲစိတ်မှုတွေပြုလုပ်ပြီးတဲ့အခါတိုင်းမှာ Surgical Instrument တွေကို   လို့ခေါ်တဲ့ Central Sterile Service Department မှ...
14/12/2023

▪️ခွဲစိတ်မှုတွေပြုလုပ်ပြီးတဲ့အခါတိုင်းမှာ Surgical Instrument တွေကို လို့ခေါ်တဲ့ Central Sterile Service Department မှာ သန့်စင်အောင်ဆေးကြောခြင်း၊ ပိုးသတ်ခြင်းစတဲ့လုပ်ငန်းစဥ်တွေကိုလုပ်ဆောင်ရပါတယ်။

Steam sterilization လို့ခေါ်တဲ့ autoclave ကိုအသုံးပြုပြီး ပိုးသတ်တဲ့နည်းလမ်းဟာအရမ်းပဲကောင်းမွန်ပေမယ့် အကြိမ်ရေများလာတာနဲ့အမျှ surgical instrument တွေမှာ mineral stain လို့ခေါ်တဲ့ သတ္ထုဂျိုးတွေကပ်ငြိဖြစ်ပေါ်လာပါတယ်။

နောက်ပြီးရံဖန်ရံခါမှာဆေးရုံ၊ ဆေးခန်းတွေမှာအလုပ်များမှုကြောင့် Surgical Instrument တွေကို ချက်ချင်းမဆေးကြော၊ မသန့်စင်နိုင်တဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်။ Surgical Instrument တွေမှာကပ်ငြိနေတဲ့ သွေးတွေ၊ ခန္ဓာကိုယ်ကတစ်ရှူးတွေ၊ အကျိအချွဲတွေဟာ အချိန်ကြာလာလေ ပြောင်စင်အောင်ဆေးကြောဖို့ရာ ခက်ခဲလေပဲဖြစ်ပြီးသံချေးကိုက်တာမျိုးတွေဖြစ်ပေါ်လာပါတယ်။
နောက်တစ်ချက်က Surgical Instrument တွေဆေးကြောသန့်စင်ပိုးသတ်ရာမှာ ရေမသန့်ခြင်းနဲ့ သင့်တော်တဲ့ Detergent ကိုရွေးချယ်အသုံးမပြုမိတဲ့အခါတွေမှာလည်း Instrument တွေရဲ့မူလ Steel အသားမှာ အစက်အပျောက်ထင်တာတွေ၊ ရေဂျိုးတက်တာတွေ၊ ဂျီးကပ်ငြိတာတွေ၊ သံချေးတက်တာမျိုးတွေဖြစ်ပေါ်လာပါတယ်။

ဒီလိုမျိုးဖြစ်ရပ်တွေကို REDA ကအထူးလေ့လာထုတ်လုပ်ထားတဲ့ Instru-Stain နဲ့ကာကွယ်ထိန်းသိမ်းနိုင်ပါတယ်။
REDA Instru-Stain က CSSD တွေတိုင်းမှာရှိသင့်တဲ့အရေးကြီးတဲ့ Product တစ်ခုပဲဖြစ်ပါတယ်။
REDA Instru-Stain ကို Surgical Instrument တွေသာမကပဲ Stainless Steel Carts တွေ၊ Tray တွေနဲ့ Basin တွေမှာလည်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ။

✨"လူကြီးမင်းတို့ရဲ့ဆေးရုံဆေးခန်းတွေမှာ REDA Instru-Stain ကိုအသုံးပြုပြီး အရေးကြီးတဲ့ Surgical Instrument တွေရဲ့ မူလအရည်အသွေးကိုပြန်လည်ရယူလိုက်ပါ"

အသေးစိတ်သိရှိနိုင်ဖို့ REDA HEALTHCARE (Myanmar) ရဲ့ဖုန်း 09 7630 65255 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

REDA HEALTHCARE (Myanmar)







▪️WhatsApp (+66) 099 182 6927

အရည်အသွေးမြင့်တဲ့ Microcure တံဆိပ် Disposable Skin Stapler တွေကို REDA မှာဝယ်ယူနိုင်ပါတယ်။ အရေးပေါ်ဌာနတွေ၊ အထွေထွေခွဲစိတ...
22/11/2023

အရည်အသွေးမြင့်တဲ့ Microcure တံဆိပ် Disposable Skin Stapler တွေကို REDA မှာဝယ်ယူနိုင်ပါတယ်။ အရေးပေါ်ဌာနတွေ၊ အထွေထွေခွဲစိတ်မှုတွေ၊ တိရစ္ဆာန်ဆေးခန်းတွေမှာအသုံးပြုဖို့သင့်တော်ပါတယ်။ Skin Stapler Remover ကိုလည်းဝယ်ယူနိုင်ပါတယ်။

REDA HEALTHCARE (Myanmar)

09 7630 65255

⁉️ဘာ့ကြောင့် ရိုးရိုးအစာပိုက်တွေထက် Smooth-Flo Feeding Tube က စျေးကြီးရတာလဲ?စျေးနှုန်းတစ်ခုတည်းကိုယှဥ်ကြည့်လိုက်တဲ့အခါမှ...
21/11/2023

⁉️ဘာ့ကြောင့် ရိုးရိုးအစာပိုက်တွေထက် Smooth-Flo Feeding Tube က စျေးကြီးရတာလဲ?

စျေးနှုန်းတစ်ခုတည်းကိုယှဥ်ကြည့်လိုက်တဲ့အခါမှာ Smooth-Flo Feeding Tube ရဲ့စျေးနှုန်းကသိသိသာသာကိုမြင့်မားတာကိုလူတွေသတိထားမိကြပါတယ်။

✨ဒီလိုစျေးနှုန်းဘာလို့မြင့်မားရတာလဲဆိုတဲ့အချက်ကိုပြောပြချင်ပါတယ်။

အဓိကအကျဆုံးအချက်ကတော့ Material Properties ကြောင့်ပါ။
အခုစျေးကွက်ထဲအများဆုံးအသုံးပြုနေကြတဲ့ Material တွေက Silicone, PVC စတဲ့ Material တွေပဲဖြစ်ပါတယ်။

ရဲ့ Smooth-Flo Feeding Tube ကို Medical Grade နဲ့ပြုလုပ်ထားပါတယ်။
Polyurethane Material က လူခန္ဓာကိုယ်နဲ့ biocompatible အဖြစ်ဆုံး material တစ်မျိုးပဲဖြစ်ပြီး
Polyurethane Material ကိုလူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး စိတ်ချလက်ချ Long-term အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။

Feeding Tube တွေဟာအခြားကုန်ပစ္စည်းတွေနဲ့မတူပဲ လူ့ခန္ဓာကိုယ်ထဲထည့်သွင်းအသုံးပြုရတာဖြစ်လို့ ရေရှည်အသုံးပြုဖို့စဥ်းစားတဲ့အခါမှာ အသုံးပြုရတဲ့ patient သက်တောင့်သက်သာရှိမှုနဲ့ ရေရှည်အကြမ်းခံနိုင်မှုတို့ဟာအရေးကြီးဆုံးအချက်တွေဖြစ်ပြီး Polyurethane Material ကအဆိုပါအချက်တွေကို စွမ်းဆောင်ပေးနိုင်တာပဲဖြစ်ပါတယ်။

Polyurethane Material တွေက အရည်အသွေးကောင်းသလို ထုတ်လုပ်မှုအဆင့်များရှုပ်ထွေးပြီး Safety Standard တွေကလည်းမြင့်မားတာဖြစ်လို့ ထုတ်လုပ်မှုကုန်ကျစရိတ်ကတော့ သာမန် Material တွေထက်ကုန်ကျစရိတ်ပိုများပါတယ်။

ဒီအချက်တွေကြောင့် Polyurethane Material တွေက စျေးနှုန်းမြင့်မားနေတာဖြစ်ပြီး ရေရှည်အသုံးပြုရမယ့်လူနာတွေအတွက်ဆိုရင်တော့ ကြာလာလေလေ တွက်ချေကိုက်လာလေလေ ပဲဖြစ်သလို အသုံးပြုနေစဥ်မှာလည်း လူနာသက်တောင့်သက်သာရှိမှုနဲ့ အရည်အသွေးပိုင်းစိတ်ချရတဲ့အခြား features တွေကြောင့် စိတ်အေးချမ်းသာစွာအသုံးပြုနိုင်မှုက ရရှိမယ့်တန်ဖိုးကိုပါထည့်သွင်းစဥ်းစားသင့်ပါကြောင်းအသိပေးလိုက်ပါတယ်။

REDA HEALTHCARE (Myanmar)

▪️WhatsApp (+66)099 182 6927

Laproscopic Procedures တွေမှာမရှိမဖြစ်အသုံးပြုဖို့လိုအပ်တဲ့ Veress Needle ကို REDA မှာဝယ်ယူရရှိနိုင်ပါပြီ။Needle Indicat...
20/11/2023

Laproscopic Procedures တွေမှာမရှိမဖြစ်အသုံးပြုဖို့လိုအပ်တဲ့ Veress Needle ကို REDA မှာဝယ်ယူရရှိနိုင်ပါပြီ။

Needle Indicator ကို ထင်ရှားစွာမြင်ရနိုင်တဲ့ အနီရောင်ကိုအသုံးပြုပေးထားပြီး Needle လက်ကိုင်က Transparent ဖြစ်တာကြောင့် Needle Indicator ကိုရှင်းလင်းစွာမြင်ရစေပါတယ်။
Ergonomic Design လက်ကိုင်ဖြစ်လို့ အသုံးပြုရတာသက်တောင့်သက်သာရှိလှပါတယ်။

Needle ထိပ်ဖျားက Blunt Tip ဖြစ်ပြီး Spring Loaded Mechanism ဖြစ်လို့ လူနာကိုထိခိုက်မှုမဖြစ်စေအောင်ကာကွယ်ပေးနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက 09 7630 65255 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

REDA HEALTHCARE (Myanmar)

09 7630 65255

"SURGERY RETRACTOR SYSTEM"✅Simple to use Only three steps to finish.✅Meet various surgical demands. ✅Self-retention desi...
15/11/2023

"SURGERY RETRACTOR SYSTEM"

✅Simple to use
Only three steps to finish.

✅Meet various surgical demands.

✅Self-retention design
Free up surgeons’ hands.

✅The elastic-balled hook can be more effectively fixed, prompting and not easy to slide.

REDA HEALTHCARE (Myanmar)

📱09 7630 65255

Mucus Extractor ကို New Born Baby တွေရဲ့အသက်ရှုလမ်းကြောင်းကောင်းမွန်စွာအလုပ်လုပ်စေဖို့ အကျိအချွဲတွေကိုဖယ်ထုတ်တဲ့နေရာတွေမ...
14/11/2023

Mucus Extractor ကို New Born Baby တွေရဲ့အသက်ရှုလမ်းကြောင်းကောင်းမွန်စွာအလုပ်လုပ်စေဖို့ အကျိအချွဲတွေကိုဖယ်ထုတ်တဲ့နေရာတွေမှာအသုံးပြုပါတယ်။
နောက်ပြီး Mucus Extractor ကို ဓါတ်ခွဲစမ်းသပ် စစ်ဆေးဖို့ လိုအပ်တဲ့ ချွဲ၊ သလိပ်တွေကို လူနာဆီကနေထုတ်ယူရာမှာ
ပိုမိုလွယ်ကူ ကောင်းမွန်နေစေဖို့လည်းအသုံးပြုပါတယ်။

စစ်ဆေးဖို့ ထုတ်ယူနေစဉ်နဲ့ သယ်ယူပို့ဆောင်တဲ့အခါမှာလည်း ကျန်းမာရေးပညာရှင်တွေ၊ ၀န်ထမ်းတွေကို virus နဲ့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် Mucus Extractor ကစွမ်းဆောင်ပေးနိုင်ပါတယ်။

REDA Healthcare Myanmar

📱09 7630 65255



Open incision တွေမှာ bleeding ဖြစ်ခြင်းနဲ့ Wound Infection ကိုလျှော့ချပေးနိုင်တဲ့  Incision Protection Sleeve တွေကို RED...
01/11/2023

Open incision တွေမှာ bleeding ဖြစ်ခြင်းနဲ့ Wound Infection ကိုလျှော့ချပေးနိုင်တဲ့ Incision Protection Sleeve တွေကို REDA မှာဝယ်ယူရရှိနိုင်ပါတယ်။

Disposable အမျိုးအစားဖြစ်ပြီး Height adjust ပြုလုပ်နိုင်တဲ့ Polymer Material အသားနဲ့ High fixed ဖြစ်တဲ့ Silicone အသားဆိုပြီး (၂)မျိုးရွေးချယ်နိုင်ပါတယ်။

အသေးစိတ်သိရှိဖို့ REDA HEALTHCARE (Myanmar) ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

📱09 7630 65255

Haemorrhoid Banding Technique ဖြစ်တဲ့ Ligator နဲ့တွဲဖက်သုံးရတဲ့ Silicone O-Rings တွေကို REDA HEALTHCARE (Myanmar) မှာဝယ်...
27/10/2023

Haemorrhoid Banding Technique ဖြစ်တဲ့ Ligator နဲ့တွဲဖက်သုံးရတဲ့ Silicone O-Rings တွေကို REDA HEALTHCARE (Myanmar) မှာဝယ်ယူရရှိနိုင်ပါတယ်။

Haemorrhoid Ligator ရဲ့ထိပ်မှာ ဒီ Silicone O-Rings ကိုတပ်ဆင်ပြီး အတွင်းလိပ်ခေါင်းရောဂါကိုကုသတဲ့နေရာမှာအသုံးပြုရတာပဲဖြစ်ပါတယ်။
ဒီ Silicone O-Rings တွေက Medical Grade ဖြစ်ပြီး 1 box မှာ O-Rings အခုရေ ၁၀၀ ခု ပါဝင်ပါတယ်။

ဆရာ၊ ဆရာမတို့အနေနဲ့ လိုအပ်ခဲ့ရင် REDA HEALTHCARE (Myanmar) ရဲ့ဖုန်း 09 7630 65255 ကိုဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။

REDA HEALTHCARE (Myanmar)

09 7630 65255

Address


Alerts

Be the first to know and let us send you an email when Aung Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share