Peace of mind May our world be forever peaceful With peaceful hands in peace.

23/12/2025
23/02/2022

ယ‌နေ့အကြိုက်‌ဆုံးပို့စ်‌

လူတစ်ယောက်ရဲ့ စိတ်ထားဟာ ကံတရားပါ
==============================

တစ်ခါက သူဌေးတစ်ဦးဟာ
ခြံတစ်ခြံဝယ်လိုက်တယ်။
ခြံထဲက အိမ်ကိုပြင်လိုက်တယ်။
ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေရှိတယ်။
ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက
အဲဒီသစ်သီးပင်တွေကြောင့်ပါပဲ။
အဲဒီအသီးတွေကို
သူဌေးကတော် ကြိုက်နှစ်သက်လို့ပါ။

အိမ်ပြင်နေချိန်အတွင်းမှာ
မိတ်ဆွေတချို့က ဗေဒင်ဆရာခေါ်ပြီး
ကံကြမ္မာကိုကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။
သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့
ဗေဒင်ဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။

ဗေဒင်ဆရာက နာမည်ကြီးတစ်ဦးပါ။
ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး
ဘူတာမှာ သူဌေးကိုယ်တိုင်သွားကြိုခဲ့ပါတယ်။ ဆရာ့ကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ
သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။
ဒါကို ဗေဒင်ဆရာကတွေ့တော့ "ခင်ဗျားကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ" လို့ဆိုတယ်။

သူဌေးက "ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး" လို့ ရယ်ပြီး ပြောပါတယ်။

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။
ကလေးငယ်တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။
သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။
ကလေးငယ် ဖြတ်ကျော်သွားပေမယ့်
သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကို
နင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တစ်ခုခုကို စောင့်နေသလိုပါပဲ...
ခဏနေတော့ ကလေးငယ်နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။

ဒါကို ဗေဒင်ဆရာက "နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ" လို့မေးပါတယ်။

သူဌေးက .. "ကလေးဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစားကြတယ်။ သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ.." လို့ဆိုတယ်။

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံသွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ "ဆရာ... ခဏလောက် စောင့်ပါနော်" လို့ဆိုတယ်။

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက"အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုးနေတယ်ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင်
ခြေလက်တွေကျိုးမှာ စိုးတယ်။
သူတို့ကို ပေးခူးလိုက်မယ်... ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ်ကြည့်ကြတာပေါ့" လို့ဆိုတယ်။

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး "ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။ ဒီအိမ်သားတွေရဲ့ကံကြမ္မာကို
ကျွန်တော်မကြည့်တော့ပါဘူး" လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ
မေးတော့ ဆရာက
"ဟုတ်ပါတယ်... ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ်ကောင်းတဲ့နေရာမို့ပါ" လို့ရှင်းပြတယ်။

လူရဲ့အပြုအမူက ကံတရားဖြစ်ပါတယ်။
အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့
အရပ်ဟာ ကံကောင်းတဲ့အရပ်ဖြစ်တယ်။
ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊
ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ
ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။

ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်။
------------* ----------* ------------

Crd #သုတစုံလင်

🙏ကျေနပ်စရာဘဝ🙏________________လူ့ဘဝဆိုသည်ကား မြင့်မြတ်သော ဘဝ ဖြစ်၏။ မြင့်မြတ်သော ဘဝ ဖြစ်သည့်အတွက် ကျေနပ်စရာဘဝပင် ဖြစ်၏။ က...
16/02/2022

🙏ကျေနပ်စရာဘဝ🙏
________________
လူ့ဘဝဆိုသည်ကား မြင့်မြတ်သော ဘဝ ဖြစ်၏။
မြင့်မြတ်သော ဘဝ ဖြစ်သည့်အတွက်
ကျေနပ်စရာဘဝပင် ဖြစ်၏။

ကျေနပ်စရာဘဝ ဖြစ်ပါလျက် တချို့လူများသည်
မကျေနပ်ကြ။

ဘာကြောင့်နည်း။
လိုချင်မှု မက်မောမှုတို့ လွန်ကဲနေသောကြောင့်တည်း။

တချို့လူများသည် ဘယ်လောက်ရရ မကျေနပ်၊
ဘယ်လောက်ရှိရှိ မကျေနပ်ကြ။

" လိုသေးတယ် လိုသေးတယ်" ဆိုပြီး သောက
ဖြစ်နေကြ၏။

"ဥပါဒါန်ကြောင့် ဥပါဒ်ရောက်" ဆိုသကဲ့သို့ လိုချင်မှု
စွဲလန်းမှုတို့ကြောင့် ဒုက္ခရောက်နေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ပစ္စည်း စုဖို့ လိုသကဲ့သို့ တရားရှာဖို့လည်း
လိုအပ်လှပေသည်။

ဘဝဆိုသည်ကား သစ္စာအမြင်နှင့် ကြည့်လျှင်
ဒုက္ခပင် ဖြစ်သည်။

လူ့ဘဝလည်း ဒုက္ခ၊ နတ်ဘဝလည်း ဒုက္ခ၊
ဗြဟ္မာဘဝလည်း ဒုက္ခပင် ဖြစ်သည်။

ဘာကြောင့် လူနတ်ဗြဟ္မာများကို ကျေနပ်စရာဘဝဟု
ဆိုရသနည်းဟူမူ အပါယ်လေးဘုံနှင့် နှိုင်းယှဉ်လျှင်
ဒုက္ခနည်းသောကြောင့် ဖြစ်သည်။

မှန်၏။ ခွေး ဝက်စသော တိရစ္ဆာန်တို့နှင့် နှိုင်းယှဉ်ကြည့်လျှင်
လူ့ဘဝသည် ကျေနပ်စရာဘဝပင် ဖြစ်သည်။

ကိုယ့်စိတ် ကိုယ်ပိုင်၏။ ကိုယ့်အလုပ် ကိုယ်လုပ်လို့ ရ၏။
အကောင်းအဆိုးကို ဝေဘန်နိုင်စွမ်း ရှိ၏။

ကုသိုလ်ကောင်းမှုများကို တပိုင်တနိုင် လုပ်နိုင်၏။
ဤသည်ကား လူ့ဘဝ၏ အနှစ်သာရ ဖြစ်သည်။

ထို့ကြောင့် ဤအခြေအနေကို ကြည့်လျှင်ပင်
လူ့ဘဝသည် ကျေနပ်စရာ ကောင်းလှပေသည်။

အရေးကြီးသည်ကား ကိုယ်ရရှိနေသည့် လူ့ဘဝကို
" ကျေနပ်စရာဘဝ" ဟု သိထားဖို့ပင် ဖြစ်သည်။

မြတ်ဘုရားနှင့် သုပ္ပဗုဒ္ဓ
-------------------

အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်း၌ သီတင်းသုံးပြီး တရားဟောတော်မူ၏။

ထိုတရားပွဲသို့ သုပ္ပဗုဒ္ဓ အမည်ရှိသော ဆင်းရဲသားတစ်ယောက်
ရောက်လာပြီး တရားနာလေသည်။

သူသည် တရားကို စူးစူးစိုက်စိုက် နာလေသည်။
တရားနာရင်း တရားမှတ်၊ တရားမှတ်ရင်း တရားနာသည့်အတွက်
တရားတော်၏အဆုံး၌ သောတာပန် ဖြစ်သွားလေ၏။

ထို့နောက် သုပ္ပဗုဒ္ဓသည် မိမိရသောတရားထူးတရားမြတ်ကို
လျှောက်ထားရန်အတွက် ဘုရားထံ သွားလေသည်။

သိကြားမင်းက သူ၏ သဒ္ဓါတရားကို အကဲခတ်လိုသောကြောင့်
ကောင်းကင်ယံအထက်ကနေ လှန်းမေးလိုက်၏။

" ဟေ့ သုပ္ပဗုဒ္ဓ ဘယ် သွားမလို့လဲ"။

" သင် ဘယ်သူလဲ"။

" ငါက သိကြားမင်းပါ"။

" အော် ဟုတ်ပီ၊ ဘာပြောစရာရှိလဲ သိကြားမင်းကြီး"။

" တခြား မဟုတ်ပါဘူးကွာ၊ မင်း ဆင်းရဲနေတာကို
ငါ မကြည့်ရက်ဘူး

၊ ဒါကြောင့် စည်းစိမ်ဥစ္စာတွေ ပေးချင်လို့ပါ၊
တစ်ခုတော့ ရှိတယ်၊ ဘုရားဟာ ငါတို့အတွက် ဘာမှ
အကျိုး မရှိဘူး၊

အလကားပဲလို့ ပြောရလိမ့်မယ်၊ ဒီလို ပြောရင်
မင်းကြိုက်တာ ပြော၊ ငါ ပေးမယ်"။

" သိကြားမင်းကြီး မိုက်လှချည်လား၊ ဘယ်လိုများ
ပြောလိုက်တာလဲဗျာ၊

ကျုပ်က အသက်ကိုသာ အသေခံမယ်၊
ဘုရားဟာ အလကားပဲလို့တော့ ဘယ်တော့မှ
ပြောမှာ မဟုတ်ဘူး"။

" ဘာဖြစ်လို့လဲ သုပ္ပဗုဒ္ဓ"။

" ကျုပ်ရင်ထဲ ဘုရား ရှိတယ်၊ ငါးပါးသီလ
ခါးဝတ်ပုဆိုးလို မြဲတယ်၊ တရားကိုလည်း စွဲစွဲမြဲမြဲ
အားထုတ်နေတယ်၊

ဒါကြောင့် ကျုပ်ဘဝကို ကျေနပ်တယ်၊ ကျုပ်က
အပူသည် မဟုတ်ဘူး၊

ကျုပ်ဘဝက အင်မတန် ငြိမ်းချမ်းတယ်၊
ရှင်းအောင် ပြောမယ်ဗျာ၊ ကျုပ်က လူချမ်းသာဗျ" ။

သုပ္ပဗုဒ္ဓ၏ ရဲရဲတောက်စကားကြောင့်
သိကြားမင်းကြီး ဘာမှ ပြန် မပြောတော့ဘဲ
ပြန်သွားလေတော့သည်။

တကယ်တော့ သုပ္ပဗုဒ္ဓသည်
ဆင်းရဲသားတစ်ယောက်ပင် ဖြစ်၏။

သို့သော် သူ့ဘဝကို ကျေနပ်နေသူ ဖြစ်သည်။
ဘာကြောင့်နည်း၊ တရားရှိသောကြောင့်တည်း။

သူသည် တရားရှိနေသည့်အတွက် ဘယ်အရာကိုမှ
တမ်းတမ်းစွဲ မဖြစ်တော့ပေ။

ရတာလေးနှင့် ဝအောင် စား၏။
ရှိတာလေးနှင့် လှအောင် ဝတ်၏။

အလုပ်ကိုလည်း ရိုးရိုးသားသား လုပ်၏။
ထို့ကြောင့် သူ့ဘဝကို ကျေနပ်နေခြင်း ဖြစ်သည်။

နည်းလမ်းငါးသွယ်
--------------------

လူ့ဘဝသည် နေတတ်လျှင် ကျေနပ်စရာပင် ဖြစ်ပါ၏။
နေတတ်ဖို့အတွက် နည်းလမ်း သိဖို့ လို၏။

နည်းလမ်း သိလျှင် လက်တွေ့ကျင့်ရမည် ဖြစ်၏။
သို့မှလည်း ကိုယ့်ဘဝကို ကျေနပ်မည် ဖြစ်သည်။

၁။ "မနေ့က ငါထက် ဒီနေ့ငါ သာစေရမည်" ဟူသော
ခံယူချက်နှင့် အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစား
လုပ်ရမည်။

၂။ မတရားလောဘကို ဖယ်ရှားပြီး ရှိသည့်အရာနှင့်
ကျေနပ်ရမည်။

၃။ ဘာပဲလုပ်လုပ် ဆင်ခြင်တုံတရားနှင့် ချင့်ချိန်ကာ
ဖြစ်နိုင်ချေ ရှိသော အလုပ်ကို ဦးစားပေး လုပ်ရမည်။

၄။ အပျော်အပါး အသောက်အစား တို့ကို ရှောင်ကြဉ်ပြီး
သူတပါးကို တတ်နိုင်သမျှ ကူညီရမည်။

၅။ အနန္တောအနန္တငါးပါးကို ဦးထိပ်ထားပြီး
ကုသိုလ်ကောင်းမှုများကို တပိုင်တနိုင် ပြုလုပ်ရမည်။

ဤကဲ့သို့ နေမည်ဆိုလျှင် ဘဝသည် ကျေနပ်စရာပင်
ဖြစ်ပါ၏။

ဘဝသက်တမ်း ကြည့်မည်ဆိုလျှင် နေဖို့အချိန်ကား
တဖြေးဖြေးနှင့် နည်းနည်း လာလေပြီ။

နေဖို့အချိန် နည်းလေလေ သေဖို့အချိန်က
နီးလေလေပင် ဖြစ်သည်။

ထို့ကြောင့် မသေခင် အချိန်လေးမှာ မကျေနပ်မှုတို့ဖြင့်
အချိန်မဖြုန်းသင့်တော့။

ဘဝကို ဓမ္မဖြင့် အလှဆင်ဖို့ အချိန်ရောက်နေပြီ ဖြစ်သည်။
သို့မှသာ ကိုယ်ရရှိနေသည့် လူ့ဘဝသည်
" ကျေနပ်စရာ ဘဝ" ဟု ဆိုရမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

မေတ္တာ စမ်းရေ အေးမြပါစေ..
🌱

သမ္ဗုဒ္ဓေဂါထာအကြောင်း        ==========သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူးပ...
04/02/2022

သမ္ဗုဒ္ဓေဂါထာအကြောင်း
==========

သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး
ပြိတ္တာကတော ဂါထာအစကြားတာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတယ်…

ကျောင်းထိုင်ပြတ္တာကြီးတွေ အခြားဂါထာတွေပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ့် သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ
ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး….

သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင် နတ်တွေသိကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပြီး စိတ်က တောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး….
လိုက်ဖြည့်စည်းပေးရပါတယ် သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်…

သဲစုမကဘုရားတွေရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်းအနည်းငယ် ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်….

သမ္ဗုဒ္ဓေဂါထာ/ မြန်မာပြန်

(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒှါဒသဉျစ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊
နမာမိ သိရသာမဟံ။

နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။

(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန်တာ နိဗ်ဗူတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရနေ နမာ မဟံ။

ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။
ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်းရိုသေစွာရှိခိုးပါ၏။

(၃) နမက်ကာရာနုဘာဝနေ၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကအန္တရာယာပိ၊
ဝိနာသန္တု အသေသတော။

ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။

ဘေးအန္တရယ်ဟူသမျှကင်းဝေးပြီး
ချမ်းသာစေခြင်းအကျိုးငှာ ……

ရင့်ကျက်လာတာနဲ့အမျှ ၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။ ၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှ...
14/12/2021

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက
ရှားပါးတယ်ဆိုတဲ့အကြောင်း
သိလာတယ်။

၂။ မိဘတွေကို ပိုပြီး
ကျေးဇူးတင်ရကောင်းမှန်း
သိလာတယ် ။

၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့
လောဘအကြောင်း
ပိုပြီးနားလည်လာတယ်။

၄။ လောကကြီးအတွက်
တစ်ခုခုပေးဆပ်လိုက်တိုင်း
လောကကြီးက ကျွန်တော်တို့ကို
ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ
ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်း
အချိန်ဖြုန်းရတာက
ပျင်းစရာကောင်းတဲ့
အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ
အတင်းလုပ်ယူလို့မရတဲ့
ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က
ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း
သိလာတယ်။

၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း...
မလိုက်တစ်ခါရှိခဲ့ပါမူ
ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း
သိလာတယ်။

၉။ တစ်ချို့လူတွေဟာ...
တိရစ္ဆာန်ထက်တောင်...
ယုတ်မာကောက်ကျစ်ကြပြီး....
လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။

၁၀။ တစ်ချို့ လူတွေဟာ
ကောက်ကျစ်..
ယုတ်မာ ရိုင်းစိုင်းနေပါလျက်...
စွတ်စွဲခံရ ဆင်းရဲကြတာ
ဘာကြောင့်လဲဆိုတာကိုပါ...
ကျွန်တော် သိလာတယ်။

၁၁။ ကံနဲ့ ကံအကျိုးပေး... ကို
ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း...
သူတစ်ပါးအတင်းအဖျင်း ပြောလျှင်...
ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။

၁၂။ လောကကြီးမှာ...
မဖြစ်သင့်တာ မရှိ...
မတရားတာမရှိ...
တရားသဘော... အနည်းငယ်လည်း
သိလာတယ် ။

၁၃။ အရာရာဟာ..
ဆုပ်ရင်ကွဲတယ်...
ကြဲရင်မြဲတယ် ဆိုတဲ့...
နိယာမ သဘောကိုလည်း သိလာခဲ့တယ်။

၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့
ရုပ်လက္ခာကြည့်ပြီး
လူတွေရဲ့ အကျင့်စရိုက်ကို
ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။

၁၅။ ဘဝကို
နောင်တကင်းစွာ ဖြတ်သန်းရင်း
အတိတ်ကိုပြန်ကြည့်ရင်း
သူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့
ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ
ကိုယ့်ကြောင့်
သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင်
နေတတ်လာတယ်။


တကယ်တန်းတော့ ဘဝဆိုတာ
အချိန်တိုလေးပါပဲ
ခဏလေးလိုဘဲ
နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ
အမုန်းတွေ
အတ္တမာန်မာနတွေ
အငြိုးအတေးတွေနဲ့
မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ
ပိုမြင့်မြတ်တဲ့သူပါပဲ.

Reference to fbနည်းပညာ

ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာ၀င်တို့ သာမာန်နေ့စ...
13/12/2021

ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာ၀င်တို့ သာမာန်နေ့စဉ်ဘ၀တွင် ကျင့်သုံး နေကြသည့် အလေ့အကျင့်များကို ကုသိုလ်တော့ ရသည်၊ နိဗ္ဗာန်မရဟုဆိုကာ ကပျက်ကချော် ပြောဟောသွန်သင် နေကြသော ဓမ္မကထိက များလည်း ယနေ့ခေတ်တွင် တော်တော်ထွန်းကား ရေပန်းစားလျက် လူကြိုက်များ နေကြတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာဆန်းစစ်မယ် ဆိုရင် ကောင်းမြတ်တဲ့ အလေ့အကျင့်တွေဟာလည်း တစ်ဖက်တစ်လမ်းမှ အနှစ်သာရအနေဖြင့် တည်ရှိနေတာကို တွေ့ရပါတယ်။ ဘုရားစာ ရွတ်ဖတ်တာဟာ ကိုယ်နားမလည် ပေမယ့် စေတနာကောင်းကောင်းဖြင့် ရွတ်ဖတ်မယ် ဆိုရင် ကောင်းကျိုး တွေပေးနေတာပါပဲ။ ဘုရားရှင်ကို သိကြားမင်းက ဂါထာနဲ့ရွတ်ဖတ် ပူဇော်တာတွေ၊ အရှင်သောဏမထေရ်ကို ဘုရားရှင်က အရွတ်အဖတ်ကောင်းလို့ ကောင်းချီးပေးခဲ့တာတွေ၊ ဖားနတ်သားဟာ ပဌာန်းသံကို နားမလည်ပါပဲလျက် နားထောင်ကောင်း၍ နားထောင်နေစဉ် နွားကျောင်းသား တုတ်ဖြင့်ထောက်မိ၍ သေသွားတော့ နတ်ပြည်မှာ ဖားနတ်သားဖြစ်သွားတဲ့ သာဓက၊ လင်းနို့သားငါးရာ ရဟန်းတွေရွတ်တဲ့ပဌာန်းတရားကို အမြဲ နားထောင်နေခဲ့ရတဲ့ ကျေးဇူးကြောင့် ဒီဘုရားရှင်လက်ထက် အရှင်သာရိပုတ္တရာထံမှ ပဌာန်းတရားနာကြားရပြီး ရဟန္တာဖြစ်သွားတာတွေ စသည်ဖြင့် သာဓကတွေများစွာ ရှိပါတယ်။ နန္ဒမင်းသားမှ ရဟန်းဖြစ်လာသော အရှင်နန္ဒဟာလည်း နတ်သမီးရချင်လို့ ဘုရားပေးတဲ့ဂါထာ ရွတ်နေရင်းနဲ့ ရဟန္တာဖြစ်သွားခဲ့တာ အထင်အရှားပါပဲ။ ကိုယ်နှစ်သက်တဲ့ပါဠိတော်တွေ ပဌာန်းဖြစ်စေ၊ ဓမ္မစကြာဖြစ်စေ၊ ပရိတ်ဖြစ်စေပေါ့။ ရွတ်ဆိုခြင်းဟာ နားပင်မလည်သော်လည်း အကျိုးမယုတ်ပါဘူး။ ဘုရားရှင်ရဲ့နှုတ်တော်ထွက်စကားတော်တွေ ဖြစ်တာကြောင့် ဘုရားရှင်ရဲ့ အသံတော်တွေ ကိုယ့်သန္တာန်မှာ ကိန်းအောင်းလာတာပေါ့။ ကိုယ့်သန္တာန်ဟာ ဘုရားလည်း ကိန်း၊ တရားလည်းကိန်းတော့ မြင့်မြတ်တဲ့ အသွင်သို့ ကူးပြောင်းလာတာပါ။ ပြောချင်တာက ရွတ်ဖတ်ခြင်း၊ ပူဇော်ခြင်းဖြင့်လည်း ကောင်းကျိုးရတယ်၊ ဆိုးကျိုးမဖြစ်ဘူးဆိုတာပါ။ ပြီးတော့ ရွတ်ဖတ်တာဟာ ဗုဒ္ဓဘာသာ၀င်တို့ရဲ့ အစဉ်အလာ တစ်ရပ်လည်း ဖြစ်တယ်ဆိုတာပါပဲ။ ဒါကို နိဗ္ဓာန်ရောက်ကြောင်းမဟုတ်လို့ မလုပ်သင့်ဘူးလို့ ပယ်လိုက်မယ်ဆိုရင် ကောင်းမြတ်တဲ့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာတွေ ကျိုးပဲ့ပျက်စီး သွားတော့မယ်လေ။

ရှိခိုးခြင်း၊ ဦးချခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပေးခြင်းဆိုတာဟာ ဗုဒ္ဓဘာသာရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေပါ။ ဘုရား၊ ပုထိုး၊ စေတီ၊ ဆင်းတု စသည်ကိုတွေ့လျှင် မိမိတို့နားလည်သည့်ဘာသာနဲ့ ရှိခိုးမယ်၊ ဂုဏ်တော်ပါဠိရွတ်ဆို ရှိခိုးမယ်ဆိုရင် ယဉ်ကျေးမှုရှိတဲ့ ဗုဒ္ဓဘာသာ၀င်တစ်ယောက်ဖြစ်ပြီပေါ့။ ဆွမ်းတော်ကပ်မယ်၊ ရေတော်ကပ်မယ်၊ ဆီမီးနဲ့ပူဇော်မယ်ဆိုရင် ဗုဒ္ဓကို ရိုသေရာရောက်ပါတယ်။ လေးစားရာလည်း ရောက်ပါတယ်။ ကြည်ညိုရာလည်း ရောက်ပါတယ်။ ကိုးကွယ်ရာလည်း ရောက်ပါတယ်။ ရဟန်းတော်တွေတွေ့တော့လည်း လက်အုပ်ချီသင့်တဲ့နေရာမှာ လက်အုပ်ချီ၊ ဦးချသင့်တဲ့နေရာမှာ ဦးချ၊ ပူဇော်သင့်တဲ့နေရာမှာ ပူဇော်၊ သက်ကြီးရွယ်အို၊ ဆရာသမား၊ ဘိုးဘွားမိဘ စသည်တို့အပေါ်မှာလည်း ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပေးခြင်းဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှု အစစ်ဖြစ်ပါတယ်။ ရိုသေခြင်း၊ ကိုင်းညွတ်ခြင်းဖြင့် ဂုဏ်မသိမ်ပါဘူး၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုလိုက်နာသူဖြစ်လို့ ဂုဏ်ပင်တက်ပါတယ်။ လူချစ်လူခင် ပေါလာမယ်၊ ရိုသေလေးစားသူတွေ များလာမယ်။ တကယ်လိုက်နာကြည့်လျှင် တကယ်လက်တွေ့ ရရှိနိုင်တဲ့အကျိုးတရားတွေပါ။ ဒီယဉ်ကျေးမှုတွေကို နိဗ္ဓာန်ရောက်ကြောင်းမဟုတ်လို့သာ ပယ်လိုက်ကြမယ်ဆိုရင် ဗုဒ္ဓဘာသာဟာ ယဉ်ကျေးမှုကင်းမဲ့တဲ့ ဘာသာတစ်ရပ်အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

ပုတီးစိပ်တာကိုလည်း အပြင်းအထန် ကန့်ကွက်တဲ့ ဓမ္မကထိကလေသံတွေ မိုးလျှံနေအောင် ကြားခဲ့ရပါတယ်။ ထေရဝါဒမဟုတ်ဘူး၊ မဟာယာနကလာတာ၊ ဟိန္ဒူဝါဒကလာတာ စသည်ဖြင့်ပေါ့။ ဘယ်ကလာသည်ဖြစ်စေ သူ့ရဲ့ အကျိုးဆက်ကိုကြည့်လိုက်တော့ ဆိုးကျိုးမရှိပါဘူး။ ပုတီးတစ်လုံး ဂုဏ်တော်တစ်ချက်ပွားနေမယ်၊ ပုတီးတစ်လုံး ဂါထာတစ်ပုဒ်ရွတ်နေမယ်၊ ပုတီးတစ်လုံး ပဌာန်းတစ်ချက် စိပ်နေမယ်ဆိုရင် ပုတီးနဲ့မှတ်ပြီး ကုသိုလ်တွေ ပွားနေတာဖြစ်တော့ ကောင်းကျိုးပဲ တွေ့ရပါတယ်။ ဆိုးကျိုး ဆိုးပြစ် ဘာတစ်ခုမှ မတွေ့ရပါဘူး။ ဂုဏ်တော်ပွားတာ ကိုယ်နားမလည်တဲ့ ပါဠိတွေရွတ်နေတာ၊ ပါဠိဆိုတာ ကုလားစကားတွေဆိုပြီး အရိုအသေ တန်အောင် ပေါ့လျော့သွားအောင် ပြောဟောနေကြတာတွေလဲ ကြားရပါရဲ့။ ပါဠိကို ဘုရားဟောတဲ့စကားဖြစ်လို့ ဘုရားစကား၊ ဘုရားစာလို့သာ မှတ်ထားလိုက်မယ်ဆိုရင် ဘုရားကို ပိုမိုကြည်ညိုလာမှာပဲ။ ဘုရားက ကုလားဖြစ်တော့ ကုလားစကားနဲ့ပဲ ဟောမှာပေါ့။ ပုတီးစိပ်တာဟာ မည်သည့်ဝါဒမှ ယူသုံးထားသည်ဖြစ်စေ ဗုဒ္ဓဘာသာတို့ရဲ့ အလေ့အကျင့်ဖြစ်လာခဲ့ပြီမို့ ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့ထုံးစံတစ်ရပ်အဖြစ်နဲ့သာ လက်ခံလိုက်စမ်းပါ။ ပုတီးစိပ်ခြင်း ဖြင့်လည်း စိတ်ကို ထိန်းနိုင်သလို သမာဓိကိုလည်း အထိုက်အလျောက် ထူထောင်လို့ရပါတယ်။

ဗုဒ္ဓဘာသာချင်းတူပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုချင်း၊ အစဉ်အလာချင်း၊ ဓလေ့ထုံးစံချင်တော့ တူချင်မှတူပါလိမ့်မယ်။ မြန်မာပြည်ရောက်လာတဲ့ ဗုဒ္ဓဘာသာသည် မြန်မာလူမျိုးတို့နဲ့ သဟဇာတဖြစ်တဲ့ ဗုဒ္ဓဘာသာ ဖြစ်လာတယ်။ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာ၊ ဓလေ့ထုံးစံနဲ့ ရောနှောပေါင်းစပ် သွားတဲ့အခါကျတော့ ခွဲခြားလို့မရတော့ပါဘူး။ ဒီအတိုင်းပဲ ထိုင်းရောက်တဲ့ဗုဒ္ဓဘာသာက ထိုင်းလူမျိုးတွေနဲ့ သဟဇာတဖြစ်တဲ့ ဗုဒ္ဓဘာသာဖြစ်နေပြီး ထိုင်းယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံတို့နဲ့ ရောနှောပေါင်းစပ် သွားတာပါပဲ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေ အခြေခံပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံတွေကို ရှေးရှေးခေတ်ကာလကပင် လေ့ကျင့်လိုက်စားလာခဲ့ကြတော့ ဒီနေ့ခေတ်မှာ ဆိုရင် ဘာသာယဉ်ကျေးမှုနဲ့ နိုင်ငံယဉ်ကျေးမှု ခွဲခြားလို့တောင် မရတော့လောက်အောင် ပေါင်းစပ်နေတာ တွေ့နိုင်ပါတယ်။ မည်သို့ပင် ရောနှောပေါင်းစပ်လို့နေသော်လည်း တူညီချက်တစ်ခုတော့ ရှိမြဲဖြစ်ပါတယ်။ အဲဒါ ဘာလဲဆိုရင် ဘုရား တရား သံဃာအရိပ်အောက်က ယဉ်ကျေးမှု အစဉ်အလာ ဓလေ့ထုံးစံဖြစ်နေတာပါပဲ။

ဗုဒ္ဓဘာသာမှာ ယဉ်ကျေးမှုရယ်၊ အစဉ်အလာရယ်၊ ဓလေ့ထုံးစံရယ် ဒီသုံးမျိုးကို ပယ်လိုက်မယ်ဆိုရင် အသွင်အပြင်မဲ့ ဘာသာတစ်ခုဖြစ်သွားပါလိမ့်မယ်။ ခရစ်ယန်မှာလည်း သူ့ဘာသာအလိုက် ယဉ်ကျေးမှု၊ အစဉ်အလာ၊ ဓလေ့ထုံးစံရှိသလို မွတ်ဆလင်မှာလည်း ရှိ၊ ဟိန္ဒူ စတဲ့အခြားဘာသာတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ ရှိနေကြတာပဲ။ ဒို့ဗုဒ္ဓဘာသာတွေက အသွင်အပြင်တွေခွါချလိုက်မယ်ဆိုရင် အ၀တ်မဲ့လူသားပမာ ဘာသာရဲ့ အလှတရားတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။

12/12/2021
"စိတ်ဓာတ်"========        လူတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့်က....." စိတ်ဓာတ်"အပေါ် အများကြီး မူတည်နေပါတယ်။ "စိတ်ဓာတ်" မြင့်မား...
09/12/2021

"စိတ်ဓာတ်"
========

လူတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့်က.....
" စိတ်ဓာတ်"အပေါ် အများကြီး မူတည်နေပါတယ်။

"စိတ်ဓာတ်" မြင့်မားရင် " ဘဝ"မြင့်မားမှာဖြစ်ပြီး။
"စိတ်ဓာတ်" နိမ့်နေရင် ......
ငွေချမ်းသာလည်း ဘဝက နိမ့်ကျနေမှာပါ။

"စိတ်ဓာတ်" မြင့်မားတယ်ဆိုတာ ဘယ်လိုဟာကို ခေါ်သလဲ...?
{ ၁ } ရိုးသားမှူ
{ ၂ } ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ် ၊ အပြောတွေအပေါ် တာဝန်ယူမှူ။
{ ၃ } အရှိကို အရှိအတိုင်း ရိုးသားစွာ ဖော်ပြတတ်မှူ။
{ ၄ } မကောင်းတာလုပ်လုပ် ၊ ကောင်းတာပဲလုပ်လုပ် စည်းစနစ်ကျမှူ။
{ ၅ } ကိုယ်မှားရင် မှားတယ်လို့ ဝန်ခံရဲတဲ့ သတ္တိရှိမှူ။
{ ၆ } အခြားသူရဲ့ နှာခေါင်းပေါက်နဲ့ အသက်မရူတတ်သူ။
{ ၇ } အပြောတစ်မျိုး / အလုပ်တစ်မျိုး မလုပ်တတ်သူ။
{ ၈ } ကိုယ်မှန်တယ်ထင်ရင် ရှင်ဘုရင်တောင် ပြန်ပြောရဲသလို။
ကိုယ်မှားပြီး ဆိုရင်လည်း သူတောင်းစားတောင် ....
တောင်းပန်ဖို့ ဝန်မလေးတတ်သူ။
{ ၉ } အမှန်တရားကိုလက်ကိုင်ထားသူ ၊

စိတ် သည် ဘဝ ၊ ဘဝ သည် စိတ်ပါ...။
စိတ်ဓာတ် မကောင်းမှတော့ မှန်လိုပဲ .....
ဘဝလည်း ချောလာစရာ အကြောင်း မရှိပါ။

ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး......
" ဂွင်"ဆိုတဲ့ တစ်နပ်စား ကြံစည်နေမှတော့
တစ်နပ်စားပြီး စားစရာ မကျန်တော့ရင် ငတ်ပြီပေါ့။

ပညာတွေ ဘယ်လောက်ပဲ တော်တော် ......
စိတ်ဓာတ်တွေ မကောင်းရင်တော့ အသုံးမဝင်သလို .....
အရည်အချင်းတွေ ဘယ်လောက်ပဲ ရှိရှိပါ။
စည်းကမ်း မရှိရင်တော့ ......
ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။

သူငယ်ချင်း .......
"ဘဝ" မြင့်မားပြီး အဆင့်အတန်းမြင့်တဲ့ ......
လူသား တစ်ယောက် ဖြစ်ချင်ရင်တော့
"စိတ် "ကို အရင်ပြင်ကြည့်လိုက်ပါ။😊
🙏🙏🙏ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

Credit; ✍️

အတင်းပြောသူကို တားနည်းတစ်နေ့တော့ အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီး (Socrates)ကို …အိမ်နီးနားချင်းဖြစ်သူ အလွန် အတင်းအဖျင်...
09/12/2021

အတင်းပြောသူကို တားနည်း

တစ်နေ့တော့ အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီး (Socrates)ကို …

အိမ်နီးနားချင်းဖြစ်သူ အလွန် အတင်းအဖျင်း ပြောတတ်တဲ့ လူတစ်ယောက် ရောက်လာပါ တယ်။

ပညာရှင်ကြီးကလဲ ဒီလူဟာ အတင်းအဖျင်း အရမ်းပြောတတ်မှန်း သိထားပါတယ်။

ရောက်ရောက်ချင်းပဲ
အဲဒီလူက စကားစပါတော့တယ်။

"ဆရာကြီးခင်ဗျာ ဒီနေ့မနက် ဆရာကြီးနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ကြားခဲ့ပါတယ်။

အဲဒါပြောပြချင်လို့ ထမင်းတောင်
မစားပဲ ပြေးလာတာပါတဲ့ "

ဆိုကရေးတီးက သူ့စကားကိုမဆက်ဖို့ လက်ကာ
ပြထားလိုက်ပြီး အခုလိုပြောလိုက်ပါတယ်။

"မင်းရဲ့သတင်းကို ငါနားမထောင်ခင်
မေးခွန်းသုံးခု မေးမယ်ကွာ။

အဲဒီမေးခွန်းတွေကို ဖြေပြီးမှ ငါမင်းရဲ့
သတင်းကို နားထောင်မယ် " တဲ့။

ထိုလူကလည်း "ဟုတ်ကဲ့ပါ ဆရာကြီး။ မေးချင်တာ မေးပါခင်ဗျာ"တဲ့။

"ပထမဆုံး ငါမေးမယ့်မေးခွန်းက မင်းပြောတဲ့ သတင်းမှာ ငါ့အတွက် ကောင်းတာပါသလား "

"မပါပါဘူးဆရာကြီး။ တကယ်တော့… "

"ကောင်းပြီ။ ငါဒုတိယမေးခွန်းကို ဆက်မေးမယ်။ မင်းရဲ့သတင်းမှာ ငါ့အတွက် အကျိုးရှိတာ ပါသလား "

" မပါပါဘူး ဆရာကြီး။ ဒါပေမဲ့…"

" အေးပါ။ ငါနောက်ဆုံး တတိယမေးခွန်းကို မေးဦးမယ်ကွာ။ အဲဒီသတင်းက အမှန်အကန် သတင်းလားကွာ"

" အသေအချာမသိပါဘူး ဆရာကြီး။
ကျွန်တော် ကြားရသလောက်ဆိုရင်…"

"ဟာကွာ…မင်းရဲ့သတင်းက ကောင်းတာမပါ။ ငါ့အတွက် အကျိုးဖြစ်တာလဲမပါ။

သတင်းမှန်လည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့
အချိန်ကုန်ခံပြီး ငါ့လာပြောတာလဲကွ။

ငါ့မှာ နားထောင်ဖို့ အချိန်မရှိဘူး။ ထွက်သွား ကွာ"ဆိုပြီး ဆိုကရေးတီးက အဲဒီလူကို မောင်းထုတ်လိုက်ပါတယ်။

ပညာရှိတို့မည်သည်မှာ အတင်းအဖျင်းစကား များကို နားထောင်ဖို့ အချိန်မပေးတတ်ကြပါ။ ။

ဗန်းမော်သိန်းဖေ

ℂ𝕣𝕖𝕕𝕚𝕥 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫

ဒီဇင်ဘာလ၏ ပထမဆုံးနံနက်ခင်းမှာကျက်သရေအဖြာဖြာတိုးတက်ကြပါစေ....1.12.21
01/12/2021

ဒီဇင်ဘာလ၏ ပထမဆုံးနံနက်ခင်းမှာ
ကျက်သရေအဖြာဖြာတိုးတက်ကြပါစေ....
1.12.21

ที่อยู่

Ayutthaya
13170

เบอร์โทรศัพท์

+66947713884

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Peace of mindผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์