A Tu Tu Holistic Mental Wellness Services are here for you and your beloved ones.

အခုလို အခက်အခဲကာလတွေမှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို တည်ဆောက်ပြီး အတူတူကျော်ဖြတ်ဖို့အတွက် ATuTu ရှိနေပါ့မယ်

22/05/2026

May you heal from the wounds.

Little reminder for today.
21/05/2026

Little reminder for today.

စိတ်ထိန်းရခက်တဲ့အခြေအနေမျိုးမှာတောင် အမှားတွေမလုပ်မိအောင် ဒီနည်းနဲ့ထိန်းကျောင်းနိုင်ပါတယ်။⭐️ကိုယ်ဘာတွေဖြစ်နေလဲဆိုတာ သတိထ...
20/05/2026

စိတ်ထိန်းရခက်တဲ့အခြေအနေမျိုးမှာတောင် အမှားတွေမလုပ်မိအောင် ဒီနည်းနဲ့ထိန်းကျောင်းနိုင်ပါတယ်။
⭐️ကိုယ်ဘာတွေဖြစ်နေလဲဆိုတာ သတိထားကြည့်ပါ။
⭐️ ကိုယ့်ခံစားချက်တွေက သာမိုမီတာလိုပါပဲ။ ဘာတွေကိုညွှန်ပြနေသလဲ သိနိုင်လာမယ်။ ဒါကြောင့် ခံစားချက်တွေကို အာရုံလွှဲမယ့်အစား ခံစားခွင့်ပြုလိုက်ပါ။ emotion တစ်ခုက စက္ကန့်ပိုင်းပဲကြာတာမို့လို့ ခံစားခွင့်ပြုပေးပါ။
⭐️ကိုယ့်ကိုယ်ကိုယ်ရော သူတပါးကို ပြစ်တင်ဝေဖန်တာကို မလုပ်ပါနဲ့ဉီး။ ဘယ်နေရာမှာ ဘာဖြစ်နေလဲ၊ ဘာတွေခံစားရလဲ၊ စိတ်နဲ့ရုပ်မှာ ဘာတွေဖြစ်လာလဲဆိုတာ စုံထောက်တစ်ယောက်လို စူးစမ်းရှာဖွေပါ။
⭐️ အပေါ်ကအချက်တွေအားလုံး လုပ်ပြီးသွားရင် ခေါင်းထဲမှာ တစ်ခုခုပေါ်လာပါလိမ့်မယ်။ ဘာကိုပဲလုပ်လုပ် ကိုယ့်အတွက်ကောင်းစေချင်တဲ့စိတ်လေးနဲ့ရွေးပြီး လုပ်မယ်ဆိုရင် နောင်တချိန်မှာ နောင်တရမယ့်အလုပ်တွေ လုပ်မိတော့မှာမဟုတ်ပါဘူး။

The good news is, "nothing is permanant."And the bad news is, "nothing is permanant."
19/05/2026

The good news is, "nothing is permanant."
And the bad news is, "nothing is permanant."

တကယ်လို့များ motivation လိုချင်တယ်ဆိုရင်လေ... ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ခဲ့ပြီးသူတွေနဲ့ ရောက်အောင်သွားနေတဲ့လူတ...
18/05/2026

တကယ်လို့များ motivation လိုချင်တယ်ဆိုရင်လေ... ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်ခဲ့ပြီးသူတွေနဲ့ ရောက်အောင်သွားနေတဲ့လူတွေကိုကြည့်လိုက်တယ်။
ကိုယ့်အတွက် toxic ဖြစ်စေတဲ့အရာတွေကို စွန်ခွာချင်ပေမဲ့ စိုးရိမ်မှုတွေရှိနေတယ်ဆိုရင် ဒီလိုမျိုးစွန့်ခွာခဲ့တဲ့လူတွေကို မေးကြည့်တယ်။ သူတို့ ဘယ်လိုစိတ်နဲ့ ကျောခိုင်းခဲ့သလဲဆိုတာကိုပေါ့။
ကိုယ်ကြိုးစားနေတဲ့အရာကို လက်လျှော့ချင်သလိုတွေဖြစ်လာပြီဆိုရင် ကိုယ့်လိုပဲ ကြိုးစားနေသူတွေ၊ ကိုယ့်ရှေ့က ရောက်နှင့်ပြီးသူတွေကို မေးကြည့်တယ်။ သူတို့ရော ဘယ်လိုစိတ်နဲ့ ဘယ်လိုအကူအညီတွေယူပြီး ရှေ့ဆက်နေလဲဆိုတာ မေးမြန်းလိုက်တယ်။
ကိုယ့်မှာ ပန်းတိုင်တစ်ခုရှိတယ်ဆိုရင် ယုံကြည်ချက်တူတွေနဲ့ပဲ ရှေ့ဆက်ရတာမဟုတ်လားလေ။

အရင်တုန်းက အမှားတစ်ခုခုလုပ်ခဲ့မိရင် နောင်တရလို့မဆုံးဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပြစ်တင်နေတာတွေက ရှေ့ကိုမရောက်စေဘဲ နောက်...
17/05/2026

အရင်တုန်းက အမှားတစ်ခုခုလုပ်ခဲ့မိရင် နောင်တရလို့မဆုံးဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပြစ်တင်နေတာတွေက ရှေ့ကိုမရောက်စေဘဲ နောက်ပြန်ဆွဲချနေတဲ့အရာမှန်း သိသွားတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ပြစ်မတင်တော့ဘူး။
Without mistakes and failures, I wouldn't become this mature current one. So, I learnt.
အမှားတွေကနေ သင်ခန်းစာတွေရခဲ့တယ်။ ပိုကောင်းတဲ့ ရွေးချယ်မှုတွေကို လုပ်လာနိုင်တယ်မဟုတ်လား။

စိတ်ညစ်နေရင် ကိုယ့်ကိုယ်ကိုယ် ပစ်ထားမိတတ်ကြလွန်းလို့ ဒါလေးထပ်ပြီး remind တာပါရှင်
16/05/2026

စိတ်ညစ်နေရင် ကိုယ့်ကိုယ်ကိုယ် ပစ်ထားမိတတ်ကြလွန်းလို့ ဒါလေးထပ်ပြီး remind တာပါရှင်

နေ့စဉ်ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေက တကယ်ကို စိတ်ဓာတ်ကျစရာပါပဲ။ ဒီလိုနဲ့ နေထိုင်ရင်း မောပန်းလာတယ်။ လူတွေနဲ့ ဝေးရာမှာ နေချင်လ...
15/05/2026

နေ့စဉ်ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေက တကယ်ကို စိတ်ဓာတ်ကျစရာပါပဲ။ ဒီလိုနဲ့ နေထိုင်ရင်း မောပန်းလာတယ်။ လူတွေနဲ့ ဝေးရာမှာ နေချင်လာတယ်၊ အရင်က လုပ်ခဲ့တဲ့ ပျော်စရာတွေက ခုချိန်မှာ ပျော်စရာမကောင်းတော့ဘူး၊ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။
ဒီလိုတွေ ခံစားနေရတာ စိတ်ဓာတ်ကျခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေပါ။ ဒီခေတ်ဒီအခါမှာ ကျမတို့နိုင်ငံကမှာ အများဆုံးကြုံရတဲ့ စိတ်ပြဿနာတစ်ခုပေါ့။ စိတ်ပြဿနာတွေဟာ ကြုံနေရတဲ့အခက်အခဲ လူမှုဘဝတွေကနေလည်း ဖြစ်လာတတ်တယ်။ လက်လျှော့လိုက်လို့ မဖြစ်ပါဘူး။ ကျမတို့ကို မှီခိုနေတဲ့သူတွေ ရှိနေပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မှီခိုရမယ်မဟုတ်လား။
အတူတူ ဆက်ပြီးကြိုးစားကြမယ်နော်။

"ဒါကို နှစ်ခေါက်လောက် ပြန်ဖတ်ပါ"တကူးတက တာဝန်ပေးခံရတာ မဟုတ်ဘူးဆိုရင် လူတွေကို ပြောင်းလဲပစ်ဖို့ ကိုယ့်မှာ တာဝန်မရှိဘူး။
14/05/2026

"ဒါကို နှစ်ခေါက်လောက် ပြန်ဖတ်ပါ"
တကူးတက တာဝန်ပေးခံရတာ မဟုတ်ဘူးဆိုရင် လူတွေကို ပြောင်းလဲပစ်ဖို့ ကိုယ့်မှာ တာဝန်မရှိဘူး။

စိတ်ဒဏ်ရာ (ထရော်မာ)တွေ အကြောင်း ကျမတို့ ခနခနကြားဖူး၊ ပြောဖူးကြတယ်။ ဒါပေမဲ့ ဒါတွေပျောက်သွားဖို့အတွက် Counselling ယူရမှာ ဝ...
13/05/2026

စိတ်ဒဏ်ရာ (ထရော်မာ)တွေ အကြောင်း ကျမတို့ ခနခနကြားဖူး၊ ပြောဖူးကြတယ်။ ဒါပေမဲ့ ဒါတွေပျောက်သွားဖို့အတွက် Counselling ယူရမှာ ဝန်လေးနေတုန်းပဲဆိုရင် ဒီစာက ကိုယ့်အတွက်ပဲလို့ မှတ်လိုက်ပါ။
စိတ်ဒဏ်ရာဆိုတာကို လိုတိုရှင်း ပြောရရင် ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် စိတ်ရဲ့ခံနိုင်ရည်အားကို ကျော်လွန်ပြီး စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ဉီးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတာ စိတ်ဒဏ်ရာပါ။ သဘာဝဘေးအန္တရာယ်တွေနဲ့ အကြမ်းဖက်မှုတွေကို ကြုံရပေမဲ့ တချို့က ထရော်မာရကြတယ်။ တချို့က မရကြဘူး။ စိတ်ခံနိုင်ရည်အား မတူကြလို့ပါ။

စိတ်ဒဏ်ရာရလောက်တဲ့ ဖြစ်ရပ်အလွန်မှာ စိတ်ဒဏ်ရာ ရ၊ မရ ဘယ်လိုသိနိုင်မလဲ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ခေါင်းထဲမှာ ထပ်တလဲလဲ ပေါ်နေတယ်။ ဒီအကြောင်းတွေ သတိရမိတိုင်း ခံစားချက်တွေပြင်းထန်လာတယ်။ ဒါနဲ့ ဆက်စပ်တဲ့အရာတွေကို ရှောင်နေမိတယ်... ကိုယ့်စိတ်ခံစားချက်ပြင်းထန်မှုကို မကြိုက်တော့ ရှောင်မိတယ်။ ဘယ်လိုကိုင်တွယ်ရမှန်းလည်းမသိဘူး။ အိပ်မက်ဆိုးတွေ ခနခနမက်တယ်၊ ဒီအကြောင်းတွေးမိတာနဲ့ အိပ်မပျော်တော့ဘူး။ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်လာတယ်ဆိုရင် ဒါ စိတ်ဒဏ်ရာ ရသွားလို့ပါ။

ဘာကြောင့်ကုစားရမှာလဲ?
စိတ်ဒဏ်ရာဟာ ကိုယ့်ကို အချိန်မရွေး ဒုက္ခပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အနာမကျက်သေးလို့ပါ။ ကိုယ်ဘယ်လောက်ပဲ ရှောင်နေမိပါစေ ခေါင်းထဲရောက်လာတာနဲ့၊ အကြောင်းတိုက်ဆိုင်တာနဲ့ Trigger တွေရပြီး အနာဆွသလိုဖြစ်တဲ့အခါ နာကျင်ရတယ်မဟုတ်လား။ ဒီနာကျင်မှုတွေကို ပျောက်ဖို့အတွက် ကုစားရပါတယ်။ ဘယ်လောက်ထိ ကုစားရမလဲဆိုရင် အနာကျက်ပြီးလို့ အမာရွတ်ပဲကျန်တော့တဲ့အထိ ကုစားရတာပေါ့။ အမာရွတ်တွေရှိနေတယ်ဆိုတာ အနာကျက်သွားပြီ၊ ထိရင် မနာတော့ဘူးလို့ ပြောနိုင်တဲ့ ကိုယ့်ရဲ့သန်မာလာမှုပါပဲ။

Healing ဆိုတာ အနာကျက်သွားတယ်လို့ ပြောချင်တာပါ။ ဘယ်သူမှ အသိအမှတ်မပြုပေမဲ့ ကိုယ်တစ်ယောက်တည်းပဲ တိတ်တဆိတ်ပြိုလဲရတဲ့အချိန်တွ...
12/05/2026

Healing ဆိုတာ အနာကျက်သွားတယ်လို့ ပြောချင်တာပါ။ ဘယ်သူမှ အသိအမှတ်မပြုပေမဲ့ ကိုယ်တစ်ယောက်တည်းပဲ တိတ်တဆိတ်ပြိုလဲရတဲ့အချိန်တွေ၊ ရုန်းထွက်ချင်ပေမဲ့ ထပ်တလဲလဲပိတ်မိနေတဲ့ Pattern တွေကနေ လွတ်မြောက်သွားတာဟာ အနာကျက်သွားတာပါပဲ။
ဒါကို ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထား လေးစားတဲ့လူတွေမှပဲ ရွေးချယ်နိုင်တယ်။

ที่อยู่

Mae Sot, Tak
Ban Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ A Tu Tuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์