Kø kýáw အောင်မြင်ချင်ရင် အကြောင်းပြချက်တွေမပေးပါနဲ့

မိမိရဲ့စိတ်တွေကို ထိန်းနိူင်ဖို့အကြိမ်ကြိမ်ကြိုးစားပါ။ငယ်စဉ်အချိန်တွေတုန်းကလိုစိတ်မြန်လက်မြန်နဲ့ဘယ်ရာကိုမှ မဆုံးဖြတ်လိုက...
03/05/2025

မိမိရဲ့စိတ်တွေကို
ထိန်းနိူင်ဖို့အကြိမ်ကြိမ်ကြိုးစားပါ။
ငယ်စဉ်အချိန်တွေတုန်းကလို
စိတ်မြန်လက်မြန်နဲ့
ဘယ်ရာကိုမှ မဆုံးဖြတ်လိုက်ပါနဲ့။
မတည်မြဲခြင်းသဘောနဲ့
အရာရာကို သိမြင်ချိန်ဆပြီး
ဒေါသကိုလဲ ဖျောက်ဖျက်ပြစ်ရမယ်
လောဘကိုလဲ ဖျောက်ပြစ်ရတယ်
မောဟကိုလဲ ထိန်းနိူင်ရမယ်။
"ငါ"တစ်လုံးဆောင်လို့
"အတ္တ"ကို ရှေ့တန်းတင်ရင်
မှားတတ်တယ်ဆိုတာ
ဘဝတစ်ကွေ့မှာ မကြာခဏ
ကြုံခဲ့ပြီးပြီပဲ အသိစိတ်လေးနဲ့
ပြန်ထိန်းကြည့်ပါ။
အရာအားလုံးက
ဖြစ်ပြီးရင်ပျက်မှာပဲဆိုတာသိပြီးရင်
ဒါကိုပဲ ဒေါသစိတ်နဲ့
ပြောချင်တဲ့ စကားလုံးတွေကို
ထိန်းနိူင်ဖို့က အဓိကပဲမို့
အချိန်ယူပြီး ဒေါသဖြစ်နေတဲ့
မိမိရဲ့စိတ်ကို ပြန်ထိန်းနိူ င်ဖို့ပဲလိုတာပါ။
တစ်ချို့သော စကားလုံးတွေက
မှန်နေပေမယ့်လဲ အကျိုးမရှိလျှင်
မပြောတာ အကောင်းဆုံးပါပဲ ။

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်

ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း==========================================၁။ ကင်းခြေများ မတော်တ...
15/02/2025

ကင်းမြီးကောက် ကင်းခြေများ အကိုက် ခံရပါက အမြန်အဆိပ်ဖြေနည်း
==========================================

၁။ ကင်းခြေများ မတော်တဆ ကိုက်ခံရပါက –သင်္ဘောသီး အစိမ်း အခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေး ခြင်းဖြင့် အဆိပ် ချက်ချင်း ပြေနိုင် ပါတယ်။

၂။ ကင်းမြှီးကောက် ကိုက်ခံ ရပါက –သံပုရာသီး အရည်နှင့် အချိုမှုန့် သမအောင် ရောစပ်၍ရသော အရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။

၃။ ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ –မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည် ညစ်ယူပါ။ကြက်သွန် မီးဖုတ် အရည်ကို အကိုက် ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကို အုံ၍ အဝတ်ဖြင့် စည်းထားပါ။အဆိပ်ပြေ လိမ့်မည်။

၄။ မန်ကျည်းသီး အစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။အဆိပ် ပြေပါ လိမ့်မည်။

(ကင်းမြီးကောက် ကို အလွယ်တကူ သိမြင်နိုင်သော်လည်း အချို့မှာကင်းခြေများနှင့် ရထားကောင်တို့ကို ဆင်တူနေသဖြင့် မှားယွင်းတတ်ကြပါသည်… သိသူများကတော့ အလွယ်တကူခွဲခြား နိုင်သော်လည်း

မသိသူများ မှတ်သားရန်မှာ… လူကို အန္တရာယ် မပေးတတ်သောရထားကောင်မှာ နှေးကွေးလေးလံစွာသွာ သွားသည့်အကောင်မျိုးဖြစ်၍ကင်းခြေများမှာတော့ သင် ဖမ်းမမီအောင် အသွားမြန်သည့် သတ္တဝါမျိုးဖြစ်ပါသည်။ ရထားကောင်က ခန္ဓာကိုယ် လုံးပြီး၊ ကင်းခြေများကတော့ပြားသော ခန္ဓာကိုယ် ရှိပါသည်။

မကြာသေးမီက ရထားကောင်ပေါ်ဖိအိပ်မိသော ကျောင်းသားလေးတစ်ဦး၏ လည်ပင်းတွင် အညိုအမည်းစွဲသည့် ဒဏ်ရာဖြစ်ကျန်ရစ်သည့် ပို့စ်ကို တင်ပေးခဲ့ပြီးဖြစ်ပါသည်။

ရထားကောင်အား ဖိအိပ်မိပြီး သူ၏ခန္ဓာကိုယ်မှ ထွက်သည့်အရည်များနှင့်အချိန်ကြာစွာ ထိမိ၍ ဤသို့ဖြစ်ရခြင်း ဖြစ်သော်လည်း သာမန်အားဖြင့်ထိုရထားကောင်များမှာ အန္တရာယ် မပေးသည့် သတ္တဝါ ဖြစ်သည့်အပြင်သူ့အား တို့ထိလိုက်ပါက သင်းခွေချပ်ကဲ့သို့ ခန္ဓာကိုယ်တခုလုံးအားခွေပြီးနေလိုက်သဖြင့် ကလေးများ၏ ဆော့ကစားခြင်းကိုပင် ခံရသည့်သတ္တဝါဖြစ်ပါသည်။

ကင်းခြေများနှင့် ကင်းမြီးကောက်ကတော့ အဆိပ်ရှိသတ္တဝါ ဖြစ်ပြီး မလွဲမရှောင်သာ တိုးမိ၍သော်လည်းကောင်း တက်နင်းမိ၍သော်လည်းကောင်း အကိုက်ခံရပါက အဆိပ်တက်နိုင်ပါသဖြင့်ထိုသတ္တဝါများကို ခွဲခြားသိမြင် ရှောင်ရှားနိုင်ကြပါစေ…)
မူရင်း ဆရာကျေးဇူးပါ

ဆေးဖက်ဝင်  #ဘောစကိုင်းအနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်းဘောစကိုင်းပင်ကို အဝေရာဟုလည်းခေါ်၏ သိသူတို့အကျိုးကများလှ၏။ အကြောင်...
10/02/2025

ဆေးဖက်ဝင် #ဘောစကိုင်း
အနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်း
ဘောစကိုင်းပင်ကို အဝေရာဟုလည်းခေါ်၏ သိသူတို့အကျိုးကများလှ၏။ အကြောင်းကရှိ၏
ပျောက်ကင်းတော့မှာ မဟုတ်ပါထင်ရသော အဒေါ်၏ခါးတွင်ပေါက်သော အနာမှာနှစ်ချီခဲ့လေသည်။
တဖြည်းဖြည်းလှိုက်စားလာကာ အနာတွင်းနက် စိတ်ပျက်ဖွယ်ဖြစ်ရသည်။မိဘဆွေမျိုးများ
အာလုံးစိတ်မကောင်းဖြစ်ရသည်။ဆရာစုံစွာ လက်လည်းကုန်လေပြီ။

အနာဟောင်းကြီး ဘောစကိုင်းဖြင့် ပျောက်ကင်းခဲ့သည်။
အင်္ဂလိပ်မြန်မာဆေးတို့ဖြင့် ဆေးပေါင်းခနေသော အနာသည်အလွန်ပေါပေါ လမ်းဘေးတောတွင်
ပေါက်သော ဘောစကိုင်းအရွက်ကကုစားပေးနိုင်ခဲ့
လေသည်။

ဘောစကိုင်းရွက်ကိုခူးပြီး ရေစင်အောင်ဆေးကာ ကြေညက်အောင်ထောင်းပြီး အနာတွင် အုံပေးခြင်း
ဖြစ်ပါသည်။ပြည်တရွဲရွဲ စိတ်ညစ်ဖွယ်အနာကြီးကို ဘောစကိုင်းရွက်ပြုတ်ရည်ဖြင့်နေစဉ် ဖန်ရည်ဆေး
ပေးခြင်း အရွက်အုံစည်းခြင်းသာဖြစ်သည်။
ပုံမှန်လုပ်ကိုင်းပေးရင်း(15)ရက်အကြာ အနာ
နုတ်ခမ်းဝအသားနု တက်လာကာ တဖြည်းဖြည်း
ခြောက်လာပြီး အပြီးတိုင်ပျောက်ကင်းခဲ့ပါသည်။

အနာဆွေးအနာအိုးကြီး ဘောစကိုင်းရွက်ဖြင့်
အမှန်ပျောက်ကင်းခဲ့ပါသည်ဆို၍ တင်ပြမိပါသည်။

အချို့ အနာဆွေး အနာအိုကြောင့် စိတ်ညစ်နေရပြီး
ဆေးခန်းပြသရန်အခက်ကြုံသူတို့ ဘောစကိုင်းရွက်ကို ဖန်ရည်ဆေးခြင်းကြိတ်အုံခြင်းဖြင့် ပျောက်ကင်း
စေပါကြောင်း။

ရဲမျိုးသူ(ဗောဓိမြိုင်)

#နွယ်မြစ်သစ်ပင်ဆေးဘက်ဝင်
#ကျန်းမာရေး


#မူရင်းရေးသားသူအားရိုသေစွာဖြင့်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင် ဒါတွေလုပ် လိုက်ပါ .ငါး အရိုးမျက်လျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီ...
15/01/2025

မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင်
ဒါတွေလုပ် လိုက်ပါ .

ငါး အရိုးမျက်လျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင်ဆေးရုံတက်ပြီး
လည်ချောင်းကနေ
ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။
ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကိုတိုက်စားသွားပေလိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ်အဆင်ပြေပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည်အချွဲများနှင့်အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၄င်းတို့မှာ ပါ၀င်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်။

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါ၀င်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။

သတိပြုရန်

ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။ သင့်ပတ်၀န်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများအတွက် ဒီ Post လေးကို Share ပေးနိုင်ကြပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ။


#ကျန်းမာရးဗဟုသုတ #ရွှေရုပ်သွင်အဆီကျဗိုက်ချပ်အာရုံကြောအားဆေး #ရွှေဆား #ရွှေလာဘံ

ကိုယ်ဝန် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ===============================ကိုယ်ဝန်ဆောင်ချိန်မှာဆိုလျှင် သာမန်အချိန်ထက် ...
14/01/2025

ကိုယ်ဝန် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ
===============================

ကိုယ်ဝန်ဆောင်ချိန်မှာဆိုလျှင် သာမန်အချိန်ထက် အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရတာကို သိရှိပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ရှိပြီဆိုတာနှင့် နားလည်တတ်ကျွမ်းသူတွေဆီမှ ဆောင်ရန်၊ရှောင်ရန် နည်းနာများကို သိရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်နုနယ်သေးတဲ့အချိန်မှာ အစားအသောက် ၊ အနေအထိုင် မဆင်ခြင်လျှင် ပျက်ကျသည်အထိ ဖြစ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ အခန့်မသင့်လျှင် ပျက်ကျခြင်း ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်နုစဉ်မှာ လုံးဝမစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

၁။ နာနတ်သီး
----------------
နာနတ်သီးဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံး အသီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ လုံးဝမစားသင့်တဲ့ ဦးစားပေး အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဓါတ်ဟာ သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေကာ ကိုယ်ဝန်နုစဉ်မှာ စားသုံးလျှင် အလွန် အန္တရာယ်များပါတယ်။

၂။ သင်္ဘောသီး
------------------
နာနတ်သီးပြီးလျှင်တော့ သင်္ဘောသီးပဲဖြစ်ပါတယ်။ အချို့က သင်္ဘောသီးအစိမ်းကို မစားသင့်ဘူးဆိုတာ သိရှိပြီး ဖြစ်မှာပါ။ ဖြစ်နိုင်မယ်ဆိုလျှင်တော့ သင်္ဘောသီးကို အစိမ်းရော အမှည့်ပါ မစားတာ အကောင်းဆုံးပါ။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ စားသုံးမိလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ လုံးဝမစားမိဖို့ အရေးကြီးပါတယ်။

၃။ ရှားစောင်းလက်ပက်ဖျော်ရည်
------------------------------------
ရှားစောင်းလက်ပက်ဟာ အသားအရေနှင့် ကျန်းမာရေးအတွက် အလွန်ကိုကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။ သို့သေ်ာ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ တင်ပါးဆုံရိုး သွေးယိုစီးမှု ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

၄။ ဒန့်ဒလွန်သီး
------------------
ဒန့်ဒလွန်သီးမှာပါဝင်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓါတ်ပေါင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက်တော့ အန္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်။

၅။ မက်မွန်သီး
----------------
အရသာရှိတဲ့ မက်မွန်သီး ၊ မက်မွန်သီးဖျော်ရည်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မစားသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် မက်မွန်သီးအခွံမှာပါတဲ့ အမျှင်လေးတွေဟာ ယားယံခြင်းနှင့် သားအိမ်တွင်း သွေးယိုစီးမှုဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျဖို့အတွက် အလားအလာများစေပါတယ်။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ ရှောင်သင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

၆။ ကော်ဖီ
------------
ကော်ဖီကြိုက်တဲ့သူအနေနဲ့ မနက်ခင်းကို ကော်ဖီတစ်ခွက်မှ မသောက်ရလျှင် တစ်နေ့တာလုံး နေလို့ထိုင်လို့ မကောင်းဘူးဆိုတာ သိပါတယ်။ သို့သော်ငြားလည်း ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့တော့ လုံးဝမရှောင်နိုင်လျှင်တောင် အလွန်ထိမ်းသိန်းပြီး သောက်သုံးသင့်ပါတယ်။ ကဖင်းဓါတ်က ခန္ဓာကိုယ်တွင်း အရည်တွေကို စုပ်ယူပစ်ပြီး ကယ်လ်စီယံဓါတ်ကို လျော့နည်းစေကာ ရေဓါတ်ကုန်ဆုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်များ ရေများများသောက်ဖို့ လိုအပ်သလို ကဖင်းဓါတ် များလွန်းလျှင် ကိုယ်ဝန်ပျက်ကျခြင်း ၊ ပေါင်မပြည့်ဘဲမွေးခြင်း နှင့် အခြား သာမန်မဟုတ်တဲ့ ကလေးမွေးဖွားခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၇။ စည်သွပ်ဘူး ငါးများ
--------------------------
တူနာငါး ၊ ဆောလ်မွန်ငါးတွေကို စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင်လုပ်ထားးသော ငါးမျိုးကိုလည်း မစားသင့်ပါဘူး။ အလွယ်ပြောရလျှင်တော့ ငါးသေတ္တာကို လုံးဝ မစားသင့်ပါဘူး။ ဒီလိုစည်သွပ်ဘူးမှာပါဝင်တဲ့ ငါးတွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပြီး ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေနိုင်ပါတယ်။

၈။ အအေးခံထားသော စားဖွယ်ရာများ
------------------------------------------
အထူးသဖြင့် ကုန်တိုက်တွေမှာရောင်းတဲ့ ရေခဲရိုက် အအေးခံထားသော ကြက်အူချောင်းများ ၊ အသားတုများ ၊ အသားတွေဟာလည်း စည်သွပ်ငါးတွေကဲ့သို့ ဘက်တီးရီးယားတွေ များစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အစားအသောက်စားမယ်ဆိုလျှင် ပူနွေးသော အစားအစာများကိုသာ စားသင့်ပါတယ်။

၉။ အသင့်သောက် အအေးဘူးများ
--------------------------------------
ကိုယ်ဝန်ဆောင်များအနေဖြင့် အဆင်သင့်သောက်သုံးနိုင်တဲ့ အအေးဘူးတွေအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်မျိုးကိုသာ သောက်သုံးသင့်ပါတယ်။

၁၀။ Green Tea (လက်ဖက်စိမ်း)
-------------------------------------
Antioxident ကြွယ်ဝတဲ့ Green Tea မှာ ကဖင်းဓါတ်ဟာ ၂၀၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ကော်ဖီကဲ့သို့ပင် စွမ်းအင်ရှိတာကြောင့် များများသောက်လျှင် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေသာမက နို့တိုက်မိခင်တွေ သောက်သုံးလျှင်လည်း ကလေးကို အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် green tea သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ပြီး ရရှိလာမယ့် ရင်သွေးလေးကို ကျန်းမာစွာ မွေးဖွားလိုတယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်မယ်လို့ မျှော်လင့်ပါတယ်။ ရှောင်တယ်ဆိုတဲ့နေရာမှာ လုံးဝ မစားရတာမဟုတ်ပါဘူးနော်။ တန်ဆေးလွန်ဘေးကို အမြဲသတိရှိပြီး မိခင်ကျန်းမာရေးနဲ့လဲဆိုင်တာဖြစ်လို့ အစစ ဂရုစိုက်နိုင်ပြီး ကျန်းမာတဲ့ မိခင်ရော ကလေးပါဖြစ်ပါစေရှင်...


ကိုယ်ဝန်ဆောင်မေမေလောင်းများအတွက်ပါ။
မင်္ဂလာပါ မေမေတို့ရေ...☺️☺️☺️

နာမဗေဒ-သုခုမ က မေမေတို့အတွက် ဘာတွေဆောင်ရွက်ပေးလဲဆိုတော့😍

💞(1)💞
#ခွဲမွေးမဲ့မိခင်လောင်းတို့အတွက် ရင်သွေးလေးရဲ့
မွေးဖွားရက်ကောင်း/ဖေဖေမေမေ အကျိုးပြု နေ့နံ
တွက်လိုသူများအတွက် ရက်ရွေးမေးမြန်းလိုပါသလား?
အသေးစိတ် သိရှိရန် link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/Rt6H7pMVjSA5D6s4/?mibextid=oFDknk

💞(2)💞
#ဗိုက်ထဲကဘာလေးလဲမေးမြန်းချင်ပါသလား?
2(A)လက်ရှိကိုယ်ဝန်အတွက် ဘာလေးလဲ
သိချင်တာလား။
2(B)နောက်ကလေးယူရင် ဘာလေးဖြစ်မလဲ
သိချင်တာလား။
အသေးစိတ်သိရှိရန် link ထဲ ဝင်ကြည့်ပါ။
https://www.facebook.com/share/p/sCS4mvUvUaRLprXW/?mibextid=oFDknk

💞(3)💞
ေးအမည်ပေးကင်ပွန်းတပ်မေးမြန်းချင်ပါသလား?
အသေးစိတ်သိရှိရန် link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/WTcPY425Dwnq4evA/?mibextid=oFDknk

💞(4)💞
#သားသမီး ရတနာလေး ရနိုင်/မရနိုင် မေးမြန်းချင်ပါသလား?
အသေးစိတ်သိရှိရန် link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/GBapFYActkAscDvF/?mibextid=oFDknk

💞(5)
#မင်္ဂလာအခါပေး ရက်မြတ်ရွေးချယ် လိုပါသလား?
အသေးစိတ်သိရှိရန် Link ထဲဝင်ကြည့်ပါ။
https://www.facebook.com/share/p/QTvyeT5b3BCVs8HK/?mibextid=oFDknk

💞(6)အနုပညာ/လုပ်ငန်း နာမည်ပေး မေးမြန်းလိုပါသလား?
https://www.facebook.com/share/p/tV6K3tftVhwx1Nvo/?mibextid=oFDknk

ကဲ... မေမေတို့ ...သိချင်တယ် မေးမြန်းချင်တယ်ဆိုရင်တော့....Page Chat box သို့လာရောက် မေးမြန်းနိုင်ပါပြီနော်..

Viber ကတဆင့် မေးမြန်းချင်ပါက 09260550137 သို့ မေးမြန်းနိုင်ပါတယ်ရှင်.

မေးဖူးတဲ့မေမေတွေကတော့ 100 မှာ 90% မှန်တာ လက်ခံပြီး အားထားရတဲ့
နာမဗေဒ-သုခုမ ပါရှင် ။😍

#ကလေးအမည်ပေးပညာရှင် ဆရာမဒေါ်စောနန်းသွင်
Viber-Ph 09260550137

25/11/2024
24/11/2024

မဟာဗုဒ္ဓလူသား(2+3)

24/11/2024

မဟာဗုဒ္ဓလူသား (1)

14/10/2024

ဩကာသရှင်းတမ်း

ဩကာသ ဩကာသ ဩကာသ
ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ
(တနည်းကာယကံ၊၀စီကံ၊မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါး ပါးသော ကံကို ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ )
ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်
ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။

◉◡ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊
၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍
မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို
လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား …… ။

သြကာသ
••••••••••••
◉◡ရှိခိုးပါရစေ … ကန်တော့ပါရစေ … ဟု
အခွင့်တောင်းခြင်းကို … သြကာသ ဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊
ထင်ရှားပျံ့နှံ့ စေလိုသောကြောင့် လည်းကောင်း၊
သြကာသ ကို သုံးကြိမ် ဆိုရပါသည် … ။

ကံသုံးပါး
•••••••••••
◉◡ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံ ဟု ခေါ်သည်။

ရတနာ
•••••••••
◉ နှစ်သက်မြတ်နိုးအပ်သောကြောင့်
ရတနာ ဟု ခေါ်ပါသည် … ။

ဘုရား ရတနာ
•••••••••••••••••
◉◡တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရား ဟု ခေါ်ပါသည် … ။

တရား ရတနာ
•••••••••••••••••
◉◡အပါယ်ဆင်းရဲ သံသရာ၀ဋ်ဆင်းရဲသို့
မကျရောက်အောင် ဆွဲဆောင်တတ် သောကြောင့်
တရား ဟု ခေါ်ပါသည် … ။

သံဃာ ရတနာ
•••••••••••••••••
◉◡အယူသီလ တူမျှခြင်းဖြင့်
ပေါင်းစုဖွဲ့စည်းထားသောကြောင့်
သံဃာ ဟု ခေါ်ပါသည် … ။

အရိုအသေ
•••••••••••••
◉◡ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့်
ညွတ်တွားကိုင်းရှိုင်းခြင်း၊ အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း … ။

ရှိခိုး
••••
◉◡ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်း ဟူ၍ သုံးမျိုးရှိသည်။
ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ …
ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊ ဆရာသမားတို့၏
ဂုဏ်ကျေးဇူးကို အာရုံပြု၍
ထိခြင်းငါးပါး (ခြေ, လက်, နဖူး,တံတောင်, ဒူး) ဖြင့်
ရှိခိုးခြင်းကိုခေါ်သည်။

နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ …
ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို …
နှုတ်ဖြင့် ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။

စိတ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ …
ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို …
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။

ပူဇော်
•••••••
◉◡ပစ္စည်းဖြင့် ပူဇော်ခြင်း၊
တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည် … ။

ဖူးမြော်
••••••••
◉◡ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊
အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း … ။

မာန်လျှော့
••••••••••••
◉◡မိမိသန္တာန်ရှိသော …
မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း၊
(ရတနာ သုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း) ကို
မာန်လျှော့သည် ဟု ခေါ်ပါသည်။
မာန်လျှော့ခြင်းကို … နိဝါတမင်္ဂလာ ဟု မှတ်ပါ … ။

ကန်တော့
••••••••••••
◉◡အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု …
၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟု ခေါ်သည်။ အပြစ်ရှိ၍ကန်တော့ခြင်း၊
ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည် … ။
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍
ကုသိုလ်ကို တော့ , ယူခြင်းကို ဆိုလိုသည်)

အပါယ်
•••••••••
◉◡ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု
ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)
အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ ……
(၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊
ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ
သွားတတ်သော သတ္တဝါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ
ဝေးကွာသော သတ္တဝါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ်
မတောက်ပသော သတ္တဝါ။
* လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့၀င်၊
* ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
* မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
* ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။

ကပ်
•••••
◉◡ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)
ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ ……
(၁) ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂) သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃) ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။
* လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
* ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
* မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။

ရပ်ပြစ် ရှစ်ပါး
•••••••••••••••
◉◡မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ …
ရပ်ပြစ်ဟု ခေါ်သည်။ အပြစ်ရှိသော အရပ်ကို
မြန်မာတို့က … [ရပ် - ပြစ်] ဟု ခေါ်ကြသည်။
အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။
ထိုအရပ်သို့ ရောက်နေလျှင် … မဂ်, ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် …
မဂ်ဖိုလ်ရခွင့်မရှိခြင်းကို …
[ အပြစ် ]ဟု မိန့်တော်မူသည် … ။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ ……

(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့် …
ဘုရားပွင့်နေဆဲအခါ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ
အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)
(၄) ဒီဃာယုနတ် …
အသက်ရှည်သော နတ်ဗြဟ္မာကို …
[ ဒီဃာယုနတ် ] ဟု ဆိုသည်။
ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်၍ …
ဘုရားရှင်ကို မဖူးတွေ့နိုင်သော …
အသညသတ်ဗြဟ္မာများနှင့်
အရူပဗြဟ္မာများတည်း … ။
(အသညတတ်ဗြဟ္မာ များသည် ခန္ဓာကိုယ်သာရှိ၍
စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား …
စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။
ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည်
ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)
(၅) ဖြစ်လတ်ပစ္စန် …
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ
အစွန်အဖျား တောတောင်အကြား (ပစ္စန္တရာဇ်သား)
လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)
(၆) မိစ္ဆာဉာဏ်ရှိ …
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။
(၇) ဉာဏ်မရှိသား …
ဘုရားပွင့်ဆဲအခါ တရားကို
နည်းလည်လောက်သော ဉာဏ်မရှိသူများ။
(ဤဆိုခဲ့သော ၇မျိုးသည် ဘုရားပွင့်ဆဲအခါ၌
ဖြစ်သူများတည်း။)
(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ် …
တတ်သိနားလည်လောက်သော
ဉာဏ်ရှိသော်ငြားလည်း …
ဘုရားမပွင့်သောအခါ လူဖြစ်သူများ … ။

ရန်သူ
••••••
◉◡ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ ……

(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး
မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့် ရန်သူမဟုတ်နိုင်။
အမွေခံသားဆိုး သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)
* ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး,
မှတ်သားလေကွဲ့ အမှန်တဲ့ … ။

၀ိပတ်တိ
••••••
◉◡ဖောက်ပြန်ချွတ်ယွင်းခြင်းကို ဝိပတ္တိဟု ခေါ်သည်။

၀ိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ …

(၁) ကာလဝိပတ္တိ။ ။မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂) ဂတိဝိပတ္တိ။ ။ အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊
မကောင်းသော ဂတိ ဖြစ်၍ [ဂတိဝိပတ္တိ]ဟု ဆိုသည်။
(၃) ဥပဓိဝိပတ္တိ။ ။ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။
အင်္ဂါချို့တဲ့ခြင်းကို [ဥပဓိဝိပတ္တိ]ဟု ဆိုသည်။
(၄) ပယောဂဝိပတ္တိ။ ။ ကိုယ်မှု နှုတ်မှုကို [ပယောဂ]
ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ ဝီရိယလည်းမရှိဘဲ
ပြုမှု ပြောမှု ကြံစည်မှုကို [ပယောဂဝိပတ္တိ]ဟု ဆိုသည်။
* ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ဝိပတ္တိ။
ကာလ ဂတိ,ဥပဓိမှ, ပယောဂ, လေး၀ မှတ်လေဘိ။

ဗျသနတရား
•••••••••••••••
◉◡ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။
ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ …

၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၄။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။
ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။
ဘောဂ, ရောဂ-ဒိဋ္ဌိ , သီလထည့်, ငါးရှိ သရုပ်ပြ။
အခါခပျသိမျး ... ရပါလို၏။

◉◉◡ဤမကောင်းသော တရားတို့မှ …
အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ …
မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု … ဆုတောင်းသည်။
★ မင်းကွန်းဆရာတော်ဘုရားကြီး★ ★ ဦးဝိစိတ်တသာရဘိဝံသ★

#တရားဓမ္မအသိတိုးပွားကြပါစေ #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kø kýáwผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์