ဇီဝသျှင်-ဘန်ကောက် ဆေးဝယ် ဈေးဝယ်

ဇီဝသျှင်-ဘန်ကောက် ဆေးဝယ် ဈေးဝယ် ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဇီဝသျှင်-ဘန်ကောက် ဆေးဝယ် ဈေးဝယ်, Bangkok.

မြန်မာပြည်မှ မိဘပြည်သူများအတွက် အမြဲစွဲသောက်နေသောဆေးဝါးများ အကြောင်းအမျိုးမျိုးကြောင့် ပြတ်လပ်မှုမရှိစေရန် ၁ လ ၂ လ ၃ လ စာ ကြိုတင်ဝယ်ယူထားမယ်ဆိုလျှင် Brand,Generic,mg အတိုင်းအတိအကျဆောင်ရွက်ပေးပါသည်။ တခြားအသုံးအဆောင်များအတွက်လည်း Shopping Services ရှိတယ်နော

04/11/2025

ဘန်ကောက် ဆေးအဝယ်လေးတွေ
ရပ်နားထားပါတယ်။

ပျော်ရွှင်စရာ တန်ဆောင်တိုင်ဖြစ်ပါစေ

AI ဖြင့် လိမ်လည်မှုများ ဖော်ထုတ်ရန်ခြေလှမ်းသွက်လာသော ထိုင်းဘန်ကောက်ပိုစ့်ဒေတာ နှင့် ဉာဏ်ရည်တုအဖွဲ့အစည်းများအဆိုအရထိုင်းန...
19/03/2025

AI ဖြင့် လိမ်လည်မှုများ ဖော်ထုတ်ရန်
ခြေလှမ်းသွက်လာသော ထိုင်း

ဘန်ကောက်ပိုစ့်

ဒေတာ နှင့် ဉာဏ်ရည်တုအဖွဲ့အစည်းများအဆိုအရ
ထိုင်းနိုင်ငံသည် AI အသုံးပြု၍ မသာမာလိမ်လည်မှုလုပ်ငန်းများဖော်ထုတ်ရန် ခပ်သွပ်သွပ်ဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် ဘဏ္ဍရေး ကဏ္ဌတွင် ဆုးရှုံးနိုင်ခြေများကို ကြိုတင်တွက်ချက်တားဆီးနိုင်ရန်နှင့် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ဘဏ်စနစ်ဖြစ်လာစေရန် အထူးအလေးပြုဆောင်ရွက်နေသည် ဟု ဖော်ပြထားသည်။

ဩစတျေးလျ ဥရောပ နှင့် ဟောင်ကောင် တို့တွင်
အောင်မြင်စွာအသုံးပြုနေပြီဖြစ်သော AI စနစ်သုံး
Financial Crime ကာကွယ်မှုကို အတုယူပြီး အသုံးချသွားမည်ဖြစ်သည်။

News credit- Bangkok Post

ဗီဇာကင်းလွတ်ခွင့် ရက် ၆၀ မှ ရက် ၃၀ သို့ ပြန်လည်လျှော့ချမည်ဘန်ကောက် မတ် ၁၈နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ခရီးသွားများအား၂၀၂၄ ...
18/03/2025

ဗီဇာကင်းလွတ်ခွင့် ရက် ၆၀ မှ ရက် ၃၀ သို့ ပြန်လည်လျှော့ချမည်

ဘန်ကောက် မတ် ၁၈

နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ခရီးသွားများအား
၂၀၂၄ ဇူလိုင်လမှ စ၍ ရက် ၆၀ ဗီဇာကင်းလွတ်ခွင့်နေထိုင်ခွင့် ပေးထားရာမှ ရက် ၃၀ သို့ပြန်လည်လျှော့ချရန် ထိုင်းအစိုးရနှင့် ဝန်ကြီးဌာနများ မီဒီယာများမှ ကနဦးသဘောတူထားကြပြီဟု သိရသည်။

ရက် ၆၀ နေထိုင်ခွင့်အား အခွင့်ကောင်းယူ၍
မလျော်မကန်လုပ်ငန်းများ လုပ်ကိုင်နေကြမည်ကို စိုးရိမ်၍
ဤသို့ပြန်လည်လျှော့ချရန် စဉ်းစားခြင်းဖြစ်သည်ဟု သိရပါသည်။

မည်သို့ပင်ဆိုစေကာမူ
မြန်မာပါ့စပို့စ် ကိုင်ဆောင်သူများအတွက်
ရက် ၃၀ မှ ၁၄ ရက်သို့ ပြောင်းလဲထားသည်မှာ
ယခင်အတိုင်း ပဲ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။

ဆောက်လုပ်ဆဲတံတားပြိုကျ၊ ၅ ဦးသေဆုံးဘန်ကောက် မတ် ၁၅ရာမ ၂ လမ်း နှင့်  ချာလမ်မဟာနခုံအမြန်လမ်းဆက်သွယ်တည်ဆောက်နေဆဲဖြစ်သော ချွန...
15/03/2025

ဆောက်လုပ်ဆဲတံတားပြိုကျ၊ ၅ ဦးသေဆုံး

ဘန်ကောက် မတ် ၁၅

ရာမ ၂ လမ်း နှင့် ချာလမ်မဟာနခုံအမြန်လမ်းဆက်သွယ်တည်ဆောက်နေဆဲဖြစ်သော
ချွန်သောင် (Chom Thong) မိုးပျံလမ်းတံတား ပြိုကျပြီး ၅ဦးသေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါသည်။

ယနေ့ မတ်လ ၁၅ ရက် မနက်ခင်းတွင် အဆိုပါဆောက်လုပ်ဆဲတံတား ပြိုကျ၍ လမ်းများကို ယာယီပိတ်ထားလိုက်ရကြောင်းနှင့် ဘေးဝဲယာအဆောက်အအုံထိခိုက်မှုကို စီစစ်နေပြီး အန္တရယ်ကင်းရှင်သည်နှင့် ယဉ်သွားယဉ်လာများအား ပြန်လည်ဖွင့်လှစ်ပေးမည် ဟု သိရှိရပါသည်။

အဆိုပါ တည်ဆောက်ဆဲ မိုးပျံလမ်းကူးတံတားသည်
ဘန်မော့၊ ဘန်ခွန်သီယံ နှင့် ချွန်သောင် ဒေသများသို့ အဓိက ဆက်သွယ်ပေးမည့် Express Way ဖြစ်သည်။

News credit NBT-National News Bureau of Thailand

သီတင်းကျွတ်ကာလ အခါသမယ မှာမြန်မာပြည်သူအပေါင်းဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းကမ္ဘာသူကမ္ဘာသား အပေါင်းကိုယ်စိတ်နှလုံး ရွှင်ပြုံ...
16/10/2024

သီတင်းကျွတ်ကာလ အခါသမယ မှာ
မြန်မာပြည်သူအပေါင်း
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်း
ကမ္ဘာသူကမ္ဘာသား အပေါင်း
ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြပါစေ

ဘတ် ပေးတော့မည်ထိုင်းအစိုးရက မြန်မာအပါအဝင် နိုင်ငံ ၄ ခုမှ စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့်ပေးရ...
28/09/2024

ဘတ် ပေးတော့မည်

ထိုင်းအစိုးရက မြန်မာအပါအဝင် နိုင်ငံ ၄ ခုမှ စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့်ပေးရန် စီမံထားသည်။ ထိုင်းအစိုးရသည် အသက် ၁၈ နှစ်အောက် ကလေးများကိုပါ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး အလုပ်သမားအသစ်များအတွက် မှတ်ပုံတင်ခြင်းပြုလုပ်ပေးမည်ဖြစ်သည်။

ထိုင်းဝန်ကြီးများ၏ စက်တင်ဘာလ ၂၄ ရက်နေ့အချိန် အစည်းအဝေးတွင် နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲမှု ကော်မတီ၏ တောင်းဆိုချက်အရ သဘောတူညီချက်များကို ပြဌာန်းခဲ့သည်။ ထိုသဘောတူညီချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်မှ စာရွက်စာတမ်းမရှိသော အလုပ်သမားများကို တရားဝင် အလုပ်သမားအသစ်အဖြစ် မှတ်ပုံတင်ပေးမည်ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သက်တမ်းကုန်မည့် အလုပ်ပါမစ်ကိုင်ထားသူများအတွက် ၂ နှစ်မှ ၄ နှစ်အထိ သက်တမ်းတိုးပေးမည်ဖြစ်သည်။

ထို့ပြင် အလုပ်သမားမှတ်ပုံတင်ရေးနှင့်ဆိုင်သော ကုန်ကျစရိတ်များနှင့် အချိန်ဇယားကို အာဏာပိုင်များမှ မူဝါဒများ မသိမ်းပိုက်သေးသည့်အကြောင်းကို သတင်းရင်းအမြစ်များက ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များက လက်ရှိတွင် မြန်မာ အလုပ်သမားများစွာကို စစ်ဆေးဖမ်းဆီးလျက်ရှိပြီး၊ ဇွန်လ ၅ ရက်မှ စက်တင်ဘာလ ၁၉ ရက်အထိ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ တရားမဝင် အလုပ်သမား ၂၅၆,၂၁၃ ယောက်ကို ဖမ်းဆီးထားကြောင်း သိရသည်။ ၎င်းအထဲတွင် မြန်မာ အလုပ်သမား ၁၉၃,၄၃၀ ယောက် ပါဝင်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။

27/09/2024

သန့်ဇင် အကောင်းဆုံးကြိုးစားခဲ့
ပါတယ်
အားတင်းထား နောက်တပွဲပေါ့ကွာ

မြန်မာတွေကို ထိုင်းတွေ ဆန္ဒပြနေကြပြီဘန်ကောက် စင်တင်ဘာ ၂၃ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင...
23/09/2024

မြန်မာတွေကို ထိုင်းတွေ ဆန္ဒပြနေကြပြီ

ဘန်ကောက် စင်တင်ဘာ ၂၃

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်နေမှုအပေါ် ကျေနပ်မှုမရှိသည့် ထိုင်းနိုင်ငံသားအချို့က စက်တင်ဘာ ၂၃ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။

အဆိုပါဆန္ဒပြပွဲကို ထိုင်း NGO အဖွဲ့အစည်းတစ်ခုက ဦးဆောင်ခဲ့ပြီး၊ လူဦးရေ ၃၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများက တရားမဝင် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တားဆီးရန်နှင့် ထိုင်းနိုင်ငံသားများသာလုပ်နိုင်သော အလုပ်အကိုင်များကို မြန်မာရွှေ့ပြောင်းများ လုပ်ကိုင်ခြင်းကို တားမြစ်ရန် တောင်းဆိုခဲ့ကြသည်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင် နိုင်ငံရေးကြောင့် ခိုလှုံနေသည့် အင်အားစုများကို ထိန်းသိမ်းရန် လည်း တောင်းဆိုထားကြောင်း သိရသည်။

ဖော်ပြပါ ဖုန်းနံပါတ် အစ ပါတဲ့ အဝင် Call တွေ မကိုင်ရန် ထိုင်းသတင်း သတိပေး( ထိုင်းနိုင်ငံကုဒ် က +66 ကို +66 နဲ့ဝင်ရင် မကို...
23/09/2024

ဖော်ပြပါ ဖုန်းနံပါတ် အစ ပါတဲ့ အဝင် Call တွေ မကိုင်ရန် ထိုင်းသတင်း သတိပေး

( ထိုင်းနိုင်ငံကုဒ် က +66 ကို +66 နဲ့ဝင်ရင် မကိုင်နဲ့ဆိုတော့ ဘယ်လိုကြီးလဲ၊)

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဇီဝသျှင်-ဘန်ကောက် ဆေးဝယ် ဈေးဝယ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram