Tayza Aung Occultist

Tayza Aung Occultist Amulet & Burmese Magical Bamboo Tattoo Shop

စေတနာကြေးအစီအစဉ်ကအပွင့်ဆေးအဆီ feedbackဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)
27/10/2025

စေတနာကြေးအစီအစဉ်ကအပွင့်ဆေးအဆီ feedback

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

မိမိအပေါ် မကောင်းကြံသူကို ဆုံးမနည်းယခုနည်းသည် မိမိအပေါ်မကောင်းကြံသူ ၊ လိုက်တိုက်ခိုက်နေသူ ၊ အနိုင့်ကျင့်သူ စသည့်လူများအပ...
26/10/2025

မိမိအပေါ် မကောင်းကြံသူကို ဆုံးမနည်း

ယခုနည်းသည် မိမိအပေါ်မကောင်းကြံသူ ၊ လိုက်တိုက်ခိုက်နေသူ ၊ အနိုင့်ကျင့်သူ စသည့်လူများအပေါ်တွင်သာသုံးရန်ဖြစ်ပါသည် ။ ကိုယ့်အပေါ်လွန်မှလုပ်ရန်ဖြစ်ပြီး မလွန်ပဲအသုံးပြုပါက ကိုယ်တိုင်ပြန်ခံရပါလိမ့်မည် ။

ပထမဦးစွာ လက်ဖက်ကိုဆီဆမ်းကာ လက်ဖက်ပွဲပြင်ပါ ကွမ်းယာ ၊ ဆေးလိပ် ပါလျှင်ပိုကောင်းပါသည် ။ ထို့နောက် နတ်ရဲသစ်ပင်ကိုရှာပါ ။ နတ်ရဲသစ်ပင်ကိုမသိလျှင် ၊ ရှာမတွေ့လျှင် နတ်စင်ရှိသည့် သစ်ပင်တွက် ပြင်ထားသော လက်ဖက်ပွဲကိုကပ်ကာ အောက်ပါ မန္တန်ကို ( ၉ ) ခေါက်ရွတ်ကာ ငါ့ကို တိုက်ခိုက် ၊ မကောင်းကြံ ၊ အနိုင်ကျင့်သော ( တစ်ဖက်လူနာမည် ) ( ဘာဖြစ်ပါစေ ) ဆိုပြီးထားခဲ့လိုက်ပါ ။

ဥပမာ - ငါ့ကိုအနိုင်ကျင့်သော မောင်မောင် ငါ့ကိုအနိုင်ကျင့်သမျှပြန်ခံရပါစေ ။ သူ့ကိုအနိုင်ကျင့်မည့်သူပြန်ပေါ်လာပါစေ ။

ပြီးလျှင်ပြန်ခဲ့ပါ ။ ပြန်လျှင် နောက်ပြန်မကြည့်ရ ။

ရွတ်ရန်မန္တန်မှာ -

ဥုံ ဇမ္ဗူဒီပါ လက်ျာရစ်သန်း တောင်ဘက်ကျွန်းတွင် အစိုးရသည့် မြတ်ညီနောင် ။ မောင်တော်ရာမ စသည်မကြွင်း တောင်ကြီးရှင်မ ၊ မြို့တွင်းမြို့ပြင် စောင့်ထခြင်သည် ၊ နတ်ရှင်မဟာဂီရိ ၊ မင်းကြီးမင်းခေါင် ၊ မင်းခေါင်မင်းဖျား ၊ မင်းတရားနှင့် မင်းသားမောင်ရှင်ရွှေစစ်သင်နှင့် နတ်ရှင်သွေးသား ပုပ္ပါးလှစွာ ရှင်တော်မကြီး သမီးချွေးမ ၊ မင်းညီနောင်က စသည်နတ်များထင်ရှားအပေါင်း ကျွန်ုပ်အားကို မ တို့ပါလော့ ။ ယုတ်စွအဆုံး ဟုံးနှင့်အတူ ငါ့ရန်သူကို ကလူနှိပ်စက် ထွားထွားညက်အောင် နေ့ရက်မကြာ လည်သောခါလျှင် ဆင်လှံနင်းတွင် နစ်သောအသွင်ဖြစ်ပါစေသား ။ အလှလစ်လူ ရေပြက်ပြက်နှင့် မြောက်ဘက်သူ မယ်ဖြူ မယ်လျ ၊ ကထူးမ ကထူးအလို ကျွန်ုပ်ဆို၏ ၊ အိုထလျှင်စွာလိုက် ၊ ခိုက်လည်း လျှင်စွာခိုက် ၊ တိုက်လည်းလျှင်စွာတိုက် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ကျွန်တော့်ကိုဆရာရေ နက္ခတ်ကောင်းကြုံရင်ပြောပါဦးဆိုပြီးလာပြောနေကြလို့ တင်ပေးလိုက်ပါတယ် ။ လာမယ့် 28.10.25(အင်္ဂါ) နေ့ဟာ နှစ...
25/10/2025

ကျွန်တော့်ကိုဆရာရေ နက္ခတ်ကောင်းကြုံရင်ပြောပါဦးဆိုပြီးလာပြောနေကြလို့ တင်ပေးလိုက်ပါတယ် ။ လာမယ့် 28.10.25(အင်္ဂါ) နေ့ဟာ နှစ်ဖက်မြင် အဝင်နက္ခတ် အမြိတ္တစုတ်ရက်ကြုံတာဖြစ်တဲ့အတွက် ပီယ ၊ လာဘ အပွင့်ပိုင်းအတွက်အရမ်းကောင်းတာမလို့ အစီအရင် ၊ အဆောင်များ ပင့်ချင်အပ်ချင်တယ်ဆိုရင်လာပြောလို့ရပါပြီခင်ဗျာ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

စန်းပွင့်လွန်းလို့စိတ်ပါရှုပ်သတဲ့ပီယအကြမ်းဆိုတာ ဒီလိုပဲဖြစ်နေရမယ်ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)
23/10/2025

စန်းပွင့်လွန်းလို့စိတ်ပါရှုပ်သတဲ့
ပီယအကြမ်းဆိုတာ ဒီလိုပဲဖြစ်နေရမယ်

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ကာမပီယအဆောင် feedback ဒီအဆောင်က ပီယအနုပိုင်း ၊ ပီယအကြမ်းပိုင်းနှစ်ခုလုံးကောင်းတယ် ထွေထွေထူးထူးမပြောတော့ဘူး ဆောင်ထားတဲ့လူ...
22/10/2025

ကာမပီယအဆောင် feedback

ဒီအဆောင်က ပီယအနုပိုင်း ၊ ပီယအကြမ်းပိုင်းနှစ်ခုလုံးကောင်းတယ် ထွေထွေထူးထူးမပြောတော့ဘူး ဆောင်ထားတဲ့လူကလောလောဆယ်တင် စော်သုံးယောက်ရှိတယ် တခြားဘာညာတွေမပါသေးဘူး ပြောရုံတင်မဟုတ် အာစရိဒီမှာကြည့်ဆိုပြီးလာပြတာ တွဲတာမှတစ်လမပြည့်သေးကောင်မလေးကတစ်ခြားနိုင်ငံကနေတောင်သူ့ဆီတကူးတကလာတွေ့တဲ့ထိကိုစွမ်းတယ် သီတင်းကျွတ်ကန်တော့ရင်းလာပင့်သွားတာပဲ ပူဇော်ကြေးကလည်းမြင့်တယ် feedback ကအခုမှတင်ဖို့သတိရလို့လာတင်တာ

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ရောက်ရာအရပ်မှာ မျက်နှာပွင့်စေဖို့ ဂါထာအတိုတစ်ပုဒ်ဒီဂါထာလေးကို နေ့စဉ်ပုံမှန်ရွတ်ဖတ်မယ်ဆိုရင်ရောက်ရာအရပ်မှာ မျက်နှာပွင့်လန...
21/10/2025

ရောက်ရာအရပ်မှာ မျက်နှာပွင့်စေဖို့ ဂါထာအတိုတစ်ပုဒ်

ဒီဂါထာလေးကို နေ့စဉ်ပုံမှန်ရွတ်ဖတ်မယ်ဆိုရင်

ရောက်ရာအရပ်မှာ မျက်နှာပွင့်လန်းစေခြင်း
လူကြားထဲထင်ပေါ်စေခြင်း
ကိုယ့်ကိုလူအများကနှစ်သက်လက်ခံလာခြင်း
ကိုယ့်ပြောစကားအောင်လာခြင်း

စတာတွေအပြင် ပီယနဲ့ပတ်သက်တဲ့အခြားအခြားသော အကျိုးကျေးဇူးတွေကိုရရှိလာပါလိမ့်မယ် ။

အကောင်းဆုံးကတော့ မနက်အိပ်ယာထမျက်နှာမသစ်ခင် ရေတစ်ခွက်ခပ်ကာ ဤဂါထာဖြင့် 37 ခေါက်မန်းကာသစ်ပါ ။ ( ၇ ) ရက်အတွင်းထူးခြားပါတယ် ။

ရွတ်ရမယ့်ဂါထာကတော့ " ဧဟိပိယံ " ဖြစ်ပါတယ် ။

အဓိဌာန်ဝင်လိုပါက အထက်ပါဂါထာကိုပင် တစ်ရက်လျှင် ပုတီးကိုးပတ်စိပ်ကာ ကိုးရက်အဓိဌာန်ဝင်နိုင်ပါတယ် ။ သာမန်ထက်ပီယပိုပွင့်လန်းလာပါလိမ့်မယ်ခင်ဗျာ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ကရဝေးရွက်နဲ့ငွေခေါ်နည်းက လုပ်ဖူးတဲ့လူတိုင်း အဆင်ပြေတယ်ဆိုပြီးတစ်လေသံတည်းထွက်တာပဲဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လော...
17/10/2025

ကရဝေးရွက်နဲ့ငွေခေါ်နည်းက လုပ်ဖူးတဲ့လူတိုင်း အဆင်ပြေတယ်ဆိုပြီးတစ်လေသံတည်းထွက်တာပဲ

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ပီယ ၊ လာဘ ဆေးအဆီ စေတနာကြေးဖြင့်ဝေးပေခြင်းအလုပ်တွေများနေလို့ နောက်ကျသွားပေမယ့် ဒီနှစ်သီတင်းကျွတ်မှာ ကျွန်တော့်ပရိတ်သတ်တွေ...
16/10/2025

ပီယ ၊ လာဘ ဆေးအဆီ စေတနာကြေးဖြင့်ဝေးပေခြင်း

အလုပ်တွေများနေလို့ နောက်ကျသွားပေမယ့် ဒီနှစ်သီတင်းကျွတ်မှာ ကျွန်တော့်ပရိတ်သတ်တွေကို ဘာမှမလုပ်ပေးရသေးရယ် ကျွန်တော့်ကိုလည်းဆရာ အရင်လိုစေတနာကြေးအစီအစဉ်လေးတွေမလုပ်ဖြစ်တော့ဘူးလားဆိုပြီး လာလာမေးကြတာရယ်ကြောင့် ဒီအစီအစဉ်လေးကိုလုပ်ဖြစ်တာပါ ။

ဘာအစီအစဉ်လဲဆိုရင်တော့ ပီယ၊လာဘ ဆေးအဆီကို ယနေ့ 16.10.2025(ကြာသပတေး‌) ကနေ 18.10.2025(စနေ) နေ့အထိ သုံးရက်လုံး စေတနာကြေးနဲ့ပေးဝေပါမယ် ။

ဆေးရဲ့အစွမ်းကိုအကျဉ်းချုပ်ပြောရရင် ပီယ ၊ လာဘ အပွင့်ဆေးအဆီဖြစ်တဲ့အတွက် ပီယနဲ့ပတ်သက်ပြီး မျက်နှာပွင့် ၊ စန်းပွင့် ၊ လူချစ်လူခင်ပေါ ၊ ပြောစကားအောင် စတာတွေအပြင် လာဘပိုင်းဖြစ်တဲ့ ငွေဝင် ၊ ငွေမြဲ ၊ လုပ်ငန်းတိုးတက် စတာတွေအထိစွမ်းပါမယ် ။

ပင့်ဆောင်ချင်တယ်ဆိုရင်တော့ အခုကနေစပြီးလာပြောလို့ရပါပြီ ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

အပြစ်မဲ့ ဆုတောင်းအရိပ်လာခိုသူကို အရိပ်ဖြင့် အေးမြပေးနိုင်သူ ဖြစ်ရပါလို၏။အရိပ်ချိုးသူကိုလည်း မေတ္တာမပျက်ခွင့်လွှတ်နိုင်သူ...
14/10/2025

အပြစ်မဲ့ ဆုတောင်း

အရိပ်လာခိုသူကို အရိပ်ဖြင့်
အေးမြပေးနိုင်သူ ဖြစ်ရပါလို၏။

အရိပ်ချိုးသူကိုလည်း မေတ္တာမပျက်
ခွင့်လွှတ်နိုင်သူ ဖြစ်ရပါလို၏။

ရန်လိုသူကို ရန်တုံ့မမူခြင်းဖြင့်
သည်းခံနိုင်သူ ဖြစ်ရပါလို၏။

ချစ်ခင်သူကိုလည်း အပြစ်ပြင်ပေးခြင်းဖြင့်
အကျိုးဆောင်သူ ဖြစ်ရပါလို၏။

အဆုံးအမလိုသူကို အသုံးကျလာအောင်
ပြုပြင်ပေးနိုင်သူ ဖြစ်ရပါလို၏။

ဆုံးမလာသူကိုလည်း ကြီးငယ်မဟူ
လက်ခံနိုင်စွမ်းရှိသူ ဖြစ်ရပါလို၏။

အမှန်တရားကို လက်ခံနိုင်စွမ်းရှိ၍
အမှားကိုလည်း ပြုပြင်နိုင်စွမ်းရှိသူ
ဖြစ်ရပါလို၏။

ကျေးဇူးတရားကို သိတတ်၍
ကျေးဇူးရှိသူကို အသိအမှတ်ပြုနိုင်သူ
ဖြစ်ရပါလို၏။

ကိုယ့်ထက်သာသူအပေါ်
မုဒိတာတရားထားနိုင်၍
ကိုယ့်လောက်အဆင်မပြေသူအပေါ်
ကရုဏာထားနိုင်သူ ဖြစ်ရပါလို၏။

Crd: မနာပ ဒါယီ အရှင်ဝိစိတ္တ

ဘာခံစားချက်မှမရှိတော့ဘူး ကွဲမယ်ကွာမယ်ဆိုတဲ့အခြေအနေကနေ ပြန်ထူးခြားသွားတာလေးဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရ...
11/10/2025

ဘာခံစားချက်မှမရှိတော့ဘူး ကွဲမယ်ကွာမယ်ဆိုတဲ့အခြေအနေကနေ ပြန်ထူးခြားသွားတာလေး

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

သူရဿတီဒေဝီဆုတောင်းဂါထာဥုံ ဥသျှောင်ပါးနား နှုတ်ဖျားလျှာကစောင့်ထ သူရဿတီအညီမကွာ လိုရာတ တိုင်းရစေသော်ဥုံ ငါ၏အသံ တရံကြားကသားန...
10/10/2025

သူရဿတီဒေဝီဆုတောင်းဂါထာ

ဥုံ ဥသျှောင်ပါးနား နှုတ်ဖျားလျှာက
စောင့်ထ သူရဿတီ
အညီမကွာ လိုရာတ တိုင်းရစေသော်

ဥုံ ငါ၏အသံ တရံကြားက
သားနှင့်အညီ ညီနှင့်အမျှ
အမအလား ချစ်တွေပွားကာ
စီးပွားဥစ္စာ ငါ့ကိုဆောင်စေသော်

ဥုံ တာယာသိဒ္ဓိ ဝန္ဒာမိ
လေးကျွန်း လေးမျက်နှာ
နေမင်းကား ငါ့ အဖ
လမင်းကား ငါ့ အမိ
သွားလေရာရာ မဟာဂီရိနတ်မင်းကြီးသမီး မ စေသော်

ဥုံ တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ
ပိယေဟိ ပိယေဟိ မမ ပိယေဟိ
တုယှံ တုယှံ ခိပ်ပသိဒ်ဓိ ခိပ်ပသိဒ်ဓိ
ဓာရေယျ ဓာရေယျ ဝါရေယျ ဝါရေယျ
ဖုဋ္ဌဿ ဖုဋ္ဌဿ ဗန္ဓတ္တ ဗန္ဓတ္တ
ဓူရေ ဓူရေ သွာလေဟုံဟုံ ။

ဤဆုတောင်းဂါထာအား နံနက် အိပ်ယာထ ( ၇ ) ခေါက်
ညအိပ်ယာဝင် ( ၇ ) ခေါက် နေ့စဉ်မပျက် ရွတ်ဆိုပါက
စီးပွားရေး လူမှုရေး ပညာရေး အချစ်ရေး အစစအရာရာ
မိမိတို့၏ ဘဝလမ်းခရီးတွင် အခြားသူထက်ပိုမို၍ အောင်မြင်စေမည် ဖြစ်သည် ။

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

အိမ်မြှောင်ပီယ လိုသူရ စီရင်နည်းအိမ်မြှောင်ကို အူအသဲထုတ်၍ နံသွင်းအစာသွတ် အမှုန့် ပြုလုပ်ထားပြီး “ ဥုံ ဥဘတု သွာဟာ” ဟူ၍ ၃၇ ...
08/10/2025

အိမ်မြှောင်ပီယ လိုသူရ စီရင်နည်း

အိမ်မြှောင်ကို အူအသဲထုတ်၍ နံသွင်းအစာသွတ် အမှုန့် ပြုလုပ်ထားပြီး “ ဥုံ ဥဘတု သွာဟာ” ဟူ၍ ၃၇ အုပ်မန်း ထားလေ။

လိုသောအခါ စားသောက်ဖွယ်တွင် ရင်သွေးနှင့်ခပ် တစ်သက်လုံး ချစ်သည်။ သစ္စာရှိပါစေ။ အစာသွတ်ဆိုတာကတော့ လိုသူအမည်ကို မှိုင်းကိုင်စက္ကူမှာ ရေးပြီး သွင်းခိုင်းတာပါ။ ရင်သွေးဆိုတာမိမိ ဝဲဘက်ရင်အုံက သွေးကိုပြောတာပါ စတိ ပါပဲ။

မှတ်ချက်
ဗဟုသုတအဖြစ်တင်သည်ဖြစ်၍ မရှင်းသည် နားမလည်သည်များကို မည်သည့်အကြောင်းနှင့်မျှရှင်းပြမည်မဟုတ်ပါ

ဆရာတေဇအောင် (မြစလွယ်မျိုးဆက် ဂန္ဓာရီ လောကီပညာရှင်)

ที่อยู่

Bangkok

เบอร์โทรศัพท์

+959406242315

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tayza Aung Occultistผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Tayza Aung Occultist:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram