Bangkok Medicare ကျန်းမာရေးဝန်ဆောင်မှု

☃️❄️ ဒီဇင်ဘာလမှာ ဘန်ကောက်ကို အလည်လာရင်း ဆေးစစ်ချင်သူတွေ အတွက် အတန်ဆုံး medical check up package တွေလာပါပြီ ❄️☃️☃️🎄 ဒီဇင်...
12/12/2023

☃️❄️ ဒီဇင်ဘာလမှာ ဘန်ကောက်ကို အလည်လာရင်း ဆေးစစ်ချင်သူတွေ အတွက် အတန်ဆုံး medical check up package တွေလာပါပြီ ❄️☃️

☃️🎄 ဒီဇင်ဘာလတစ်လလုံး ဘန်ကောက်မြို့က ကုန်တိုက်တွေမှာ အထူးလျှော့ဈေးတွေ ၊ ခရစ်စမတ်နဲ့ New year အပြင်အဆင်တွေအပြင် ကျောက်ဖရားမြစ်တစ်လျှောက်မှာ အလှပြမီးတွေ ၊ ဒရုန်းပြပွဲနဲ့ မီးပန်းတွေ ရှိတာကြောင့် ဘန်ကောက်ကို လာလည်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ 🎄☃️

🎄 အလည်လာရင်း ကျန်းမာရေးအတွက် ဆေးစစ်ချင်သူတွေ အတွက် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 က ကူညီပေးဖို့ အဆင်သင့်ရှိနေပါပြီနော် 🎄

🎄 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာ
✅ လိုအပ်တဲ့ ဆေးစစ်ချက်တွေ အစုံပါဝင်ပြီး
✅ ဈေးနှုန်းလည်း အတန်ဆုံး ဖြစ်တဲ့ medical check up package တွေကို ရွေးပေးထားပါတယ်။

☃️ တစ်ကိုယ်လုံး စစ်ဆေးတာ အပြင် အသက် ၅၀ အထက် မိဘဘိုးဘွားတွေ အတွက် အထူးသင့်တော်တဲ့
❄️ နှလုံးကျန်းမာရေးစစ်ဆေးခြင်း
❄️ အစာအိမ်နှင့် အူလမ်းကြောင်းစစ်ဆေးခြင်း စတဲ့ package မျိုးစုံလည်း ရနိုင်ပါတယ်။

🎄 ကျန်းမာရေးစစ်‌ဆေးမှုနဲ့ ပတ်သက်ပြီး မြန်မာဆရာဝန်နဲ့ အခမဲ့ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

❄️ လေယာဉ်လက်မှတ် ဝယ်ပေးခြင်း
❄️ လိုချင်တဲ့ ဈေးနှုန်းနဲ့ တည်းချင်တဲ့ နေရာမှာ ဟိုတယ်ဘွတ်ကင် တင်ပေးခြင်း
❄️ ရက်ကြာကြာနေလိုသူတွေအတွက် အလည်အပတ် ဗီဇာလျှောက်ပေးခြင်း
❄️ အကြိုအပို့ စီစဉ်ပေးခြင်း
❄️ လျှောက်လည်မည့်ရက်များ အတွက် ကားငှားပေးခြင်း
စတဲ့ one stop service တွေလည်း ရနိင်တာမို့ luggage လေးပြင်ပြီး လာရုံပဲနော်။ 🧳

ဆက်သွယ်ရန်
🎄 ရန်ကုန်ဖုန်း 09446688892
🎄 ထိုင်းဖုန်း 0951477580
🎄 Viber +66948502122


👩‍⚕️ အမျိုးသမီးတွေမှာဖြစ်တဲ့ ရာသီမမှန်ခြင်းနှင့် PCOS ရောဂါ🔸 PCOS ( polycystic o***y syndrome ) ဆိုတာ ဟော်မုန်းမမှန်ဘဲ သ...
18/09/2023

👩‍⚕️ အမျိုးသမီးတွေမှာဖြစ်တဲ့ ရာသီမမှန်ခြင်းနှင့် PCOS ရောဂါ

🔸 PCOS ( polycystic o***y syndrome ) ဆိုတာ ဟော်မုန်းမမှန်ဘဲ သားဥအိမ်မှာ ရေအိတ်လေးတွေ အများကြီးဖြစ်တဲ့ ရောဂါပါ။

🔸 ပုံမှန်ဆိုရင် အမျိုးသမီးတွေမှာ တစ်လတစ်ခါ သားဥကြွေပါတယ်။
🔸 PCOS မှာက ဟော်မုန်းတွေမမှန်တော့ သားဥအိမ်ကနေ သားဥမကြွေနိုင်ဘဲ ရေအိတ်လေးတွေ ဖြစ်လာတာပါ။

🔸 သားဥ မကြွေနိုင်တာကြောင့် ရာသီလည်း မှန်မှန်မလာသလို ကလေးရဖို့လည်း ခက်ခဲကြပါတယ်။
🔸 နှစ်လ သုံးလ နေမှ ရာသီလာတာ၊ ရာသီလာရင်နည်းတာတွေ ဖြစ်တတ်ပါတယ်။

🔸 ဒါ့အပြင် မျက်နှာမှာ ဝက်ခြံတွေထွက်တာ၊ အမွေးတွေများတာ၊ ကိုယ်အလေးချိန်များတာတွေဖြစ်တတ်ပါတယ်။

🔸 အာထရာဆောင်းရိုက်ရင် သားဥအိမ်မှာ ရေအိတ်လေးတွေ တွေ့ရတတ်သလို သွေးစစ်ရင်လည်း ဟော်မုန်းတွေ မမှန်တာ တွေ့ရပါတယ်။

🔸 ကုသတဲ့ အခါမှာ ဆေးသောက်ရုံတင်မကဘဲ ကိုယ်အလေးချိန်အတွက် အစားအသောက်ထိန်းတာ၊ လေ့ကျင့်ခန်းလုပ်တာတွေ လိုပါတယ်။ ဒါမှ ကိုယ်အလေးချိန်ကျလာပြီး ခံစားရတဲ့ လက္ခဏာတွေ သက်သာလာမှာပါ။

🔸 PCOS ရောဂါဟာ ရေရှည်မှာ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံး၊ သားအိမ်ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။

🔸 ဒါကြောင့် ရာသီမလာတာ ကြာရင်၊ ရာသီမမှန်ရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြသဆွေးနွေးသင့်ပါတယ်။

🍀 အားလုံး ရောဂါကင်းဝေး ကျန်းမာကြပါစေ။

Dr.Su

🏥 အမျိုးသမီးရောဂါများနှင့် ပတ်သက်ပြီး ဘန်ကောက်မှာ စစ်ဆေးချင်ရင်၊ ကုသချင်ရင် Bangkok Medicare မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

🧳One stop service တွေလည်းရှိတာမို့ luggage ပြင်ပြီးလာရုံပါပဲ။

ဆက်သွယ်ရန်
ရန်ကုန်ဖုန်း 09446688892
ထိုင်းဖုန်း 0951477580
Viber +66948502122




05/08/2023

❓ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘာတွေ သတိထားရမလဲ❓
❓မိုးရာသီရဲ့ အန္တရာယ်တစ်ခုဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ဘယ်လိုကာကွယ်မလဲ❓

🌧️ တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေနဲ့ အတူရောက်ရှိလာတဲ့ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အထက်လန်အောက်လျှောစတဲ့ ရောဂါတွေ၊ မိုးရေထဲပြေးရင်းလွှားရင်းချော်လဲထိခိုက်ဒဏ်ရာရမှာ၊ မိုးမိပြီး အအေးပတ်မှာ စတာတွေက မိုးရာသီရောက်လာတာနဲ့ မေမေဖေဖေတို့ စိတ်ထဲမှာ ကလေးတွေအတွက် ပူပင်ရပါပြီ။

👩‍⚕️ ဒီထဲက ဝမ်းပျက်ဝမ်းလျှောနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာနဲ့ အတူ အန်တာပါ တွဲရှိတတ်ပါတယ်။
👉 အဖျားတအားကြီးရင်၊ ဝမ်းထဲမှာ သွေးပါရင်၊ ဝမ်းလျှောတာ၊ အန်တာ ဆက်တိုက်ဖြစ်နေရင် ဆေးရုံဆေးခန်းချက်ချင်းသွားသင့်ပါတယ်။

❗ဝမ်းပျက်ဝမ်းလျှောရဲ့ အဓိက အန္တရာယ်က ရေဓာတ်ဆုံးရှုံးတာပါ။

♦️ ကလေးက ပုံမှန်ထက်ပို ဂျီကျရင်၊ အီရင်
♦️ရေဆာရင်၊ ရေကို အငမ်းမရသောက်ရင်၊ နို့စို့အရွယ်ကလေး နို့ကို အငမ်းမရစို့ရင်
♦️မျက်တွင်းချိုင့်ရင် ကလေးမှာ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာစပြလာတာပါ။ ဆေးရုံဆေးခန်းပြသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာ အန်တာ မသက်သာသေးဘဲ
❗ကလေးက ငြိမ်ကျသွားရင်၊ နုံးသွားရင်
❗အစာရေ ဘာမှ ကျွေးလို့မရတော့ရင် အရေးကြီးပါတယ်။ အရေးပေါ်ဆေးရုံဆေးခန်းသွားပါ။

👩‍⚕️ တကယ်လို့ မေမေတို့အနေနဲ့ ကလေးအခြေအနေကို မဆုံးဖြတ်တတ်ရင် တွေဝေနေရင် ဆေးရုံဆေးခန်းကိုပဲ သွားပါလို့ အကြံပေးချင်ပါတယ်။

ကလေးက ဝမ်းပျက်ဝမ်းလျှော စဖြစ်ပြီဆိုတာနဲ့ ✅ ကလေးကို အရည်များများတိုက်ပါ။
✅ နို့စို့ကလေးဆို နို့များများပိုတိုက်ပါ။
✅ နို့ဖြတ်ပြီးသားဆိုရင်တော့ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ဓာတ်ဆားရည် စတာတွေတိုက်ပေးပါ။

👉 ဝမ်းတစ်ခါသွားပြီးတိုင်း တစ်ခါ အရည်ပြန်တိုက်ပေးပါ။

✅ အသက် ၂နှစ်အောက်ကလေးဆိုရင် ဝမ်းတစ်ခါသွားပြီးတိုင်း အရည် ၅၀ - ၁၀၀ မီလီလီတာ တိုက်ဖို့လိုပြီး ၂နှစ်အထက်ဆိုရင်တော့ ၁၀၀ - ၂၀၀ မီလီလီတာ တိုက်ဖို့လိုပါတယ်။

✅ တကယ်လို့ ကလေးက အန်တယ်ဆိုရင် ၁၀ မိနစ်စောင့်ပြီး ဓာတ်ဆားရည်ကို ဇွန်းနဲ့ဖြည်းဖြည်းချင်းတိုက်ပေးပါ။ ၂-၃ မိနစ်ကို တစ်ဇွန်းတိုက်ပေးပါ။
❗ဘယ်လိုတိုက်တိုက် အန်ရင် ဆေးရုံဆေးခန်းသွားပါ။

ဝမ်းပျက်ဝမ်းလျှောကာကွယ်ဖို့က

💁‍♀️ ကလေးရဲ့ အစားအသောက်ကိုင်တွယ်နေတဲ့ လူကြီးက လက်ကို ခဏခဏဆေးပါ။ ကလေးကိုလည်း လက်ခဏခဏ ဆေးဖို့ သင်ပေးပါ။

💁‍♀️ အိုးခွက် ပန်းကန်တွေကို သန့်ရှင်းအောင်ထားပါ။

💁‍♀️ အသားငါးနဲ့ အသီးအရွက်တွေကို သီးသန့်စီ ကိုင်တွယ်ပါ။

💁‍♀️ ရေကို ကျိုချက်သောက်ပါ။ ရေသန့်စက်တွေမှာဆိုရင်လည်း filter ကို မကြာခဏလဲပေးပါ။

💁‍♀️ အစားအသောက်တွေကို ယင်မနားအောင် ဖုံးအုပ်ထားပါ။

💁‍♀️ အစားအသောက်တွေကို ပူပူနွေးနွေးစားသောက်ပါ။

👩‍⚕️ ဝမ်းပျက်ဝမ်းလျှောရောဂါက ကလေးတွေသာမကဘဲ အသက်ကြီးတဲ့ ဘိုးဘွားတွေ၊ ကိုယ်ခံအားကျတဲ့သူတွေမှာလည်း ရေဓာတ်ခမ်းခြောက်တာ ဆိုးရွားစွာဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်တာကြောင့် သတိထားကြစေချင်ပါတယ်။

🍀 အားလုံးကျန်းမာကြပါစေ။

Dr.Su

🏥 ဘန်ကောက် မှာ ဆေးစစ်ချင်တာပဲဖြစ်ဖြစ် ဆေးကုချင်တာပဲဖြစ်ဖြစ် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

✈️ လေယာဉ်လက်မှတ် ဝယ်တာ၊ ဟိုတယ်ဘိုကင်လုပ်တာ၊ ကားအကြိုအပို့ စတာတွေအတွက်လည်း one stop service ရှိပါတယ်နော်။

ဆက်သွယ်ရန်
☎️ ရန်ကုန်ဖုန်း 09446688892
☎️ ထိုင်းဖုန်း 0951477580
📞 Viber +66948502122
💌 Page ရဲ့ messenger မှာလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။


#ကလေးကျန်းမာရေး

#ဝမ်းပျက်ဝမ်းလျှော

03/08/2023

အူသိမ်ရောင်ရမ်းခြင်း ( enteritis )

👩‍⚕️ ရောဂါပိုးတစ်ခုခုဝင်တဲ့ အခါ၊ ထိခိုက်ဒဏ်ရာတစ်ခုခုရတဲ့အခါမျိုးမှာ ခန္ဓာကိုယ်က ရောင်ရမ်းလာပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုရောင်ရမ်းတယ်ဆိုတာ ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာရှိနေပြီ အန္တရာယ်ရှိနေပြီဆိုတာ သတိပေးတာပါ။

🔸အူမှာ အူသိမ်နဲ့ အူမကြီး နှစ်ပိုင်းရှိပါတယ်။ 🔸 🔸အူသိမ်သီးသန့်ရောင်တာ ရှိသလို တစ်ခါတလေ အူမကြီးပါတွဲရောင်တဲ့ enterocolitis ဖြစ်တတ်ပြီး အစာအိမ်နဲ့တွဲရောင်ရင်တော့ gastroenteritis ( အထက်လန်အောက်လျှော ) ဖြစ်တတ်ပါတယ်။

👉 အူရောင်တာက များသောအားဖြင့် မသန့်ရှင်းတဲ့ အစားအသောက်ကနေတဆင့် ဗိုင်းရပ်၊ ဘက်တီးရီးယားတို့ဝင်ပြီး ဖြစ်လေ့ရှိပါတယ်။
👉 တစ်ခါတလေမှာတော့ ဓာတ်ရောင်ခြည်ထိလို့၊ ဆေး၊ ရောဂါအခံတစ်ခုခုကြောင့်ဖြစ်တတ်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် အူသိမ်ရောင်တဲ့ လက္ခဏာတွေက တူပါတယ်
🔸ဖျားတယ်
🔸ဗိုက်အောင့် ဗိုက်နာတယ်
🔸ပျို့တယ် အန်တယ်
🔸အစားစားချင်စိတ်ပျောက်တယ်
🔸ဝမ်းပျက်ဝမ်းလျှောတယ်
🔸တစ်ခါတရံ ဝမ်းထဲမှာသွေးပါတယ် စတဲ့ လက္ခဏာတွေပြပါတယ်။

အစားအသောက်ကနေ ဖြစ်တဲ့ အူရောင်တာက သူ့ဘာသာပျောက်သွားတတ်ပါတယ်။
တစ်ခါတလေလည်း ပိုးသတ်ဆေးသောက်ရတာမျိုးရှိတတ်ပါတယ်။

❗အူရောင်တာရဲ့ အဓိက အရေးကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံးအချက်က ရေဓာတ်ခမ်းခြောက်တာပါ။
အထူးသဖြင့် ကလေးငယ်တွေ၊ အသက်ကြီးတဲ့ ဘိုးဘွားတွေ၊ ကိုယ်ခံအားကျတဲ့သူတွေမှာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။
ဒါကြောင့် အန်တယ်၊ ဝမ်းလျှောတယ်ဆိုရင် ရေဓာတ်ပြန်ဖြည့်ဖို့က အရေးကြီးဆုံးပါ။
✅ အရည်များများသောက်ဖို့လိုပါတယ်။
✅ ရေနဲ့အတူ တခြား ဆုံးရှုံးသွားတဲ့ ဓာတ်တွေရှိတာကြောင့် ဓာတ်ဆားရည်သောက်သင့်ပါတယ်။
တကယ်လို့ ပါးစပ်ကသောက်လို့ မဝင်ရင် သွေးကြောကနေသွင်းရမှာဖြစ်ပါတယ်။

✅ အစားအစာအနေနဲ့တော့ အစာပျော့လေးတွေ၊ အရည်များတာလေးတွေ စားသင့်ပါတယ်။
အမျှင်ဓာတ်များတဲ့ အစားအစာတွေက ဝမ်းသွားတာကို အားပေးတာမို့ နေမကောင်းတဲ့ အချိန်မှာတော့ ရှောင်သင့်ပါတယ်။

အစားအသောက်ကနေ အဖြစ်များတာမို့ အစားအသောက်ကိုင်တွယ်တဲ့ အချိန် သတိထားပြီး အပြင်စာတွေစားရင်လည်း သန့်ရှင်းတဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။

🍀 အားလုံး ရောဂါကင်းဝေးကြပါစေ။

Dr.Su

🏥 ဘန်ကောက် မှာ ဆေးစစ်ချင်တာပဲဖြစ်ဖြစ် ဆေးကုချင်တာပဲဖြစ်ဖြစ် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

✈️ လေယာဉ်လက်မှတ် ဝယ်တာ၊ ဟိုတယ်ဘိုကင်လုပ်တာ၊ ကားအကြိုအပို့ စတာတွေအတွက်လည်း one stop service ရှိပါတယ်နော်။

ဆက်သွယ်ရန်
☎️ ရန်ကုန်ဖုန်း 09446688892
☎️ ထိုင်းဖုန်း 0951477580
📞 Viber +66948502122
📩 Page ရဲ့ messenger မှာလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။



#အူရောင်ရောဂါ

❓ လေပြွန်ရောင်ရောဂါဖြစ်ပြီးခါစ ကလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲ။ ကလေးမှာ လေပြွန်ရောင်နေပြီဆိုရင်တော့☑️ အရည်များများတိုက်ပေး...
19/07/2023

❓ လေပြွန်ရောင်ရောဂါဖြစ်ပြီးခါစ ကလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲ။

ကလေးမှာ လေပြွန်ရောင်နေပြီဆိုရင်တော့
☑️ အရည်များများတိုက်ပေးပါ
☑️ အပြည့်အဝ အနားယူခိုင်းပါ
☑️ လှဲအိပ်ရင် ချောင်းဆိုးတာ ချွဲကြပ်တာဖြစ်ပြီး အိပ်ရေးပျက်တတ်လို့ ခေါင်းအုံးလေးခုပြီး မတ်မတ်လေး အိပ်ခိုင်းပါ
☑️ ရင်ဘတ်ကို ဆေးပူလေးလိမ်းပေးတာ၊ ရေနွေးအိတ်ကပ်ပေးတာလေးတွေ လုပ်လို့ရပါတယ် (❗ ရေနွေးအိတ်သုံးရင် အပူမလောင်အောင်တော့ လူကြီးက သတိထားပေးပါ )
☑️ ကလေးရဲ့ အခန်းထဲမှာ ရေငွေ့ထုတ်စက် humidifier လေးထားပေတာက ချောင်းဆိုးတာ၊ ချွဲကြပ်တာ သက်သာစေပါတယ် (❗ စက်ထဲ ထည့်တဲ့ ရေကိုတော့ ရေသန့်ပဲ ထည့်ပေးပါ )
☑️ ရေငွေ့ထုတ်စက် အလွယ်တကူမရှိရင် ရေနွေးငွေ့ရှုခိုင်းပေးလို့ရပါတယ် (❗အပူမလောင်အောင်‌တော့ အထူးသတိထားပေးပါ။ ရေသန့်ရေ ကိုပဲ ရေနွေးကြိုပေးပြီး တခြားဘာမှ မထည့်ပါနဲ့ )
☑️ ကလေးအနားမှာ ဆေးလိပ်မသောက်ဖို့၊ အမွေးတိုင်၊ ခြင်ဆေး၊ မီးခိုး၊ အမွေးနံ့ဖြန်းတာ စတာတွေ မရှိဖို့ သတိထားရပါမယ်။

❓လေပြွန်ရောင်နေတဲ့ကလေးတွေနဲ့ နလန်ထစကလေးတွေကို ဘာတွေကျွေးရမလဲ❓

👪 ပုံမှန်တောင်ကလေးတွေက အစားကျွေးရခက်တတ်ပြီး သူတို့ကြိုက်တာပဲ စားတတ်တော့ ဒီလိုနေမကောင်းတဲ့ အချိန် အစာကျွေးရတာ ဖေဖေ မေမေတို့အတွက် ကြီးမားတဲ့ challenge တစ်ခုပါပဲ
👉 အဓိက အရေးကြီးတာက ကလေးအတွက် အာဟာရဖြစ်ဖို့နဲ့ ကိုယ်ခံအားတက်ဖို့ပါ။ အစားကို နည်းနည်းနဲ့ ခဏခဏ ခွဲကျွေးပေးပါ။

👶 ကလေးကို အတင်းချုပ်ကျွေးတာ၊ အစားမစားလို့ဆူတာ၊ ရိုက်တာတွေ မလုပ်သင့်ပါဘူး။ ချွဲတွေနဲ့ ကြပ်နေပြီး ချောင်းဆိုးရလွန်းလို့ လည်ချောင်းတွေ ရင်ဘတ်တွေနာနေတဲ့ ကလေးလေးတွေ အတွက် အစားစားရတာ ပင်ပန်းလွန်းပါတယ်။

🔸အသား၊ငါး စွပ်ပြုတ်၊ မြူစွမ်၊ ဆန်ပြုတ်
🔸ကြက်ဥ၊ နို့၊ ပူတင်း
🔸အသီးဖျော်ရည် ( readymade juice တွေ မဟုတ်ပါ၊ လတ်လတ်ဆတ်ဆတ် အသီးကို သကြားမထည့်ဘဲ ဖျော်တိုက်လို့ရပါတယ်၊ အသီးဖျော်ရည်က ခံတွင်းပျက်နေတဲ့ ကလေးတွေ အတွက် အစားစားချင်စိတ်ဖြစ်အောင် အထောက်အကူပေးနိုင်ပါတယ်)
🔸ကလေးသောက် ငှက်သိုက် စတာတွေ ကျွေးလို့ရပါတယ်

✅ နေကောင်းခါစ ကလေးတွေကို ကောင်းကောင်း အနားယူခိုင်းဖို့ အရေးကြီးပါတယ်။
👪 သားသားမီးမီးလေးတွေလည်း အမြန်ဆုံးနေကောင်းပြီး ပုံမှန် အတိုင်းဆော့နိုင်စားနိုင်ကြပါစေ။

Dr.Su

🏥 ကလေးလူကြီး မရွေး ဘန်ကောက်မှာ ဆေးစစ်ချင်ရင် ဆေးကုချင်ရင် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာ one stop service တွေရှိတာမို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်
☎️ ရန်ကုန်ဖုန်း 09446688892
☎️ ထိုင်းဖုန်း 0951477580
📞 Viber +66948502122
💬 Page messenger မှာလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်



#ကလေးကျန်းမာရေး

❓ လေပြွန်ရောင်ရောဂါမဖြစ်အောင် ဘယ်လိုတွေ ကာကွယ်နိုင်မလဲ ❓🦠 ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ကလေးတော်တော်များများ ...
16/07/2023

❓ လေပြွန်ရောင်ရောဂါမဖြစ်အောင် ဘယ်လိုတွေ ကာကွယ်နိုင်မလဲ ❓

🦠 ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ကလေးတော်တော်များများ bronchitis လို့ခေါ်တဲ့ လေပြွန်ရောင်ရောဂါဖြစ်ကြပါတယ်။
🦠 ရောဂါလက္ခဏာပြင်းတာကြောင့် ဆေးခန်းတွေလည်း ကလေးလူနာတွေနဲ့ ပြည့်ပြီး ဆေးရုံတွေမှာ ကုတင်ပါပြည့်သွားသလို ကလေးတွေ နေမကောင်းလို့ ၊ ကူးမှာစိုးလို့ ကျောင်းမတက်တာများလို့ တစ်ချို့ကျောင်းတွေ ပိတ်ပေးလိုက်ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

🦠 လေပြွန်ရောင်ရောဂါက များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ဘတ်တီးရီးယား၊ ဖုန်မှုန့်၊ မီးခိုးမှိုင်း၊ ဆေးလိပ်ငွေ့တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

🦠 လေပြွန်ရောင်ရင်
🔸ချောင်းဆိုးတာ
🔸ချောင်းဆိုးမစခင် နှာရည်အရင်ကျတတ်ပါတယ်
🔸ချွဲကြပ်တာ
🔸အဖျားရှိတာတွေဖြစ်တတ်ပါတယ်

❗တကယ်လို့ ကိုယ်ပူချိန် တအားကြီးတာ၊ အသက်ရှုကြပ်တာ၊ အောက်စီဂျင်ကျတာတွေ ဖြစ်ရင်တော့ အရေးကြီးပါတယ်။
❗အရေးပေါ် နီးစပ်ရာ ဆေးရုံဆေးခန်း ချက်ချင်းသွားသင့်ပါတယ်။

❓လေပြွန်ရောင်ရောဂါကို ဘယ်လိုကာကွယ်နိုင်လဲ❓

✅ အသက်ရှုလမ်းကြောင်းကနေ ကူးတဲ့ရောဂါမို့ ကာကွယ်နည်းတွေက လူတိုင်းနဲ့ မစိမ်းတဲ့ ကိုဗစ်ကာကွယ်နည်းနဲ့ တူတူပါပဲ။
✅ ချောင်းဆိုးရင် ပါးစပ်ကိုအုပ်ဆိုးတာ၊ mask တပ်တာ၊ လက်ခဏခဏဆေးတာတွေပါ။
✅ သားသားမီးမီးလေးတွေကို ချောင်းဆိုးရင် ပါးစပ်ကို ဘယ်လို အုပ်ရမယ်ဆိုတာ၊ mask တပ်သင့်တယ်ဆိုတာ၊ လက်ကို မှန်မှန်ကန်ကန်ဆေးနည်း၊ အစာမစားခင်၊ ချောင်းဆိုးပြီးရင်၊ mask ကိုင်ပြီးရင် လက်ဆေးဖို့ စတာတွေကို ဖေဖေ မေမေတို့က သင်ပေးထားရပါမယ်။
✅ ကလေးတွေ တပ်တဲ့ mask က ပြန်သုံးတဲ့ mask ဆိုရင်လည်း နေတိုင်းသန့်ရှင်းပေးရပါမယ်
✅ ကလေးအနားမှာ ဆေးလိပ်သောက်တာမျိုးမလုပ်ရပါဘူး
✅ ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီး ကလေးအတွက်လိုအပ်တဲ့ ကာကွယ်ဆေးတွေကို update ဖြစ်အောင်ထိုးပေးရပါမယ်။ flu vaccine ထိုးပေးလို့ရပါတယ်။
✅ နောက်ဆုံးအနေနဲ့တော့ ရေများများသောက် ၊ အစားအသောက်ကို အာဟာရပြည့်အောင် အစုံစား၊ အိပ်ရေးဝဝအိပ်တာတွေက ကလေးကိုယ်ခံအားကိုကောင်းစေပြီး တော်ရုံရောဂါကို ခံနိုင်ရည်ရှိစေပါတယ်။

❗လေပြွန်ရောင်ရောဂါက
ပန်းနာရင်ကြပ်ရောဂါအခံရှိတဲ့ ကလေးတွေ၊ allergy ရှိတဲ့ကလေးတွေ၊ နှာသီးယောင်ပြီး ခဏခဏ နှာရည်ကျတတ်တဲ့ကလေးတွေမှာ တခြားကလေးတွေထက်ပိုပြီး ဖြစ်နိုင်ချေပိုများပါတယ်။
❗ဒါကြောင့် ကိုယ့်ကလေးမှာ ဒီလို ရောဂါအခံတွေရှိရင် သူများတွေထက်ပို ဂရုစိုက်ပေးသင့်ပါတယ်။ နေပြန်ကောင်းပြီးရင်တောင် ပြန်ကူးနိုင်တာမို့ အပြည့်အဝ အနားယူပြီးမှ အပြင်လွှတ်တာ၊ လူများတဲ့နေရာသွားတာမျိုးလုပ်သင့်ပါတယ်။

👪 သားသားမီးမီးလေးတွေလည်း အမြန်ဆုံးနေကောင်းပြီး ပုံမှန် အတိုင်းဆော့နိုင်စားနိုင်ကြပါစေ။

Dr.Su

🏥 ကလေးလူကြီး မရွေး ဘန်ကောက်မှာ ဆေးစစ်ချင်ရင် ဆေးကုချင်ရင် Bangkok medicare မှာ one stop service တွေရှိတာမို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်
☎️ ရန်ကုန်ဖုန်း 09446688892
☎️ ထိုင်းဖုန်း 0951477580
📞 Viber +66948502122
💬 Page messenger မှာလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်



#ကလေးကျန်းမာရေး

❓အမျိုးသမီးတွေမှာ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ ပုံမှန်ပဲလား❓🌹 အမျိုးသမီး အများစုက အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ သွေးဆု...
07/07/2023

❓အမျိုးသမီးတွေမှာ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ ပုံမှန်ပဲလား❓

🌹 အမျိုးသမီး အများစုက အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ သွေးဆုံးကြပါတယ်။
🌹 သွေးဆုံးခါစ သိုမဟုတ် သွေးဆုံးခါနီးမှာ ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုက ရာသီလာတာ မမှန်တာ နည်းသွားတာ လာလိုက်မလာလိုက်ဖြစ်တာမျိုးတွေ ‌ဖြစ်တတ်ပါတယ်။
🌹 ရာသီလုံးဝမလာတာ ( ဆေးသောက်တာ ဆေးထိုးနေတာကြောင့်မဟုတ်ဘဲ ) တစ်နှစ်အထက်ရှိပြီဆိုရင် သွေးဆုံးပြီလို့ သတ်မှတ်ပါတယ်။

🥀 အခုလို သွေးဆုံးပြီးမှ ရာသီပြန်ဆင်းတာမျိုးဖြစ်ရင် အမျိုးသမီး အများစုက သာမန်ပဲလို့တွေးပြီး အမှုမဲ့ အမှတ်မဲ့နေတတ်ကြပါတယ်။

🚩 တကယ်က သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာက သတိထားရမယ့် အရေးကြီးတဲ့ လက္ခဏာ Red Flag symptom တစ်ခုဖြစ်ပါတယ် 🚩

🍁 သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာက ရောဂါကြောင့်မဟုတ်ဘဲလည်း ဖြစ်တတ်ပါတယ်။ ဥပမာ ဟော်မုန်းဆေးသောက်နေတာမျိုးပေါ့။
🍁 ဒါပေမယ့် ဒီလက္ခဏာက အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာလည်းဖြစ်တာကြောင့် ပေါ့ဆမနေသင့်ပါဘူး။
🍁 သားအိမ်ခေါင်းကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာ၊ သားအိမ်ကင်ဆာတွေက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ သွေးပြန်ဆင်းတဲ့ လက္ခဏာပြတတ်ပါတယ်။

🌹 ဒါကြောင့် အခုလို လက္ခဏာပြလာပြီဆိုတာနဲ့ စောစောစီးစီး စစ်ဆေးဖို့က အရေးကြီးပါတယ်။
🌹 သားဖွားမီးယပ် အထူးကုဆရာဝန်က လူနာရဲ့ မိန်းမကိုယ်ကို အသေးစိတ်စစ်ဆေးပေးပြီး မွေးလမ်းကြောင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ တို့ကို ရှာဖွေပေးမှာပါ။
🌹 သားအိမ်ကင်ဆာ ရှိ၊ မရှိကိုတော့ အာထရာဆောင်းရိုက်ပြီးစစ်ဆေးပေးမှာပါ။ 🌹သားအိမ်ထဲ မှန်ပြောင်းကြည့်တာ၊ အသားစ ယူတာတွေကိုတော့ လိုအပ်သလို စစ်ဆေးပေးမှာဖြစ်ပါတယ်။

🍁 အမျိုးသမီးနဲ့ ပတ်သက်တဲ့ ကင်ဆာတွေကို လက္ခဏာမပြခင်ကတည်းကလည်း ကြိုတင် check up လုပ်လို့ရပါတယ်။
🍁 မီးယပ်အထူးကုနဲ့ အသေးစိတ်စစ်ဆေးတာ၊ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတာ၊ အာထရာဆောင်းရိုက်ပြီး သားအိမ်နဲ့ သားဥအိမ် စစ်ဆေးတာ စတာတွေကို စစ်ဆေးနိုင်ပါတယ်။

🏥 ဘန်ကောက်မှာ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ရောဂါတွေ အတွက် medical check up လုပ်ချင်ရင်တော့ မြန်မာငွေ ၄ သိန်းကျော်နဲ့ စစ်ဆေးနိုင်မှာဖြစ်ပါတယ်
ဒီ medical check up မှာ ပါဝင်တာတွေကတော့
✅ ဘွတ်ကင်ယူပေးခြင်း
✅ မီးယပ်အထူးကုနှင့် တိုင်ပင်ဆွေးနွေးခြင်း
✅ မီးယပ်အထူးကုက စမ်းသပ်စစ်ဆေးပေးခြင်း
✅ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း
✅ အာထရာဆောင်းစစ်ဆေးခြင်း ( ဗိုက်ပေါ်ကနေ စစ်တာမဟုတ်ဘဲ မိန်းမကိုယ်ထဲကနေတဆင့်သားအိမ်ထဲကို စစ်ဆေးပေးတာမို့ သားအိမ်နဲ့ သားဥအိမ်ကို အသေးစိတ် စစ်ဆေးနိုင်ပါတယ် )
✅ ဘာသာပြန်ပေးခြင်း စတာတွေပါဝင်ပါတယ်။( ဘာသာပြန်ကလည်း မြန်မာဆရာဝန်ကိုယ်တိုင် မိသားစုဆရာဝန် အနေနဲ့ လိုက်ပါ ဘာသာပြန်ပေးတာကြောင့် ဘာသာပြန်ရုံတင်မဟုတ်ဘဲ ရောဂါတစ်ခုခုနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တာ သိချင်တာမျိုးရှိရင် မေးမြန်းတိုင်ပင်ဆွေးနွေးလို့ရပါတယ် )

🌿 ဘန်ကောက် မှာ ဆေးစစ်ချင်တာပဲဖြစ်ဖြစ် ဆေးကုချင်တာပဲဖြစ်ဖြစ် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

🌿 လေယာဉ်လက်မှတ် ဝယ်တာ၊ ဟိုတယ်ဘိုကင်လုပ်တာ၊ ကားအကြိုအပို့ စတာတွေအတွက်လည်း one stop service ရှိပါတယ်နော်။

ဆက်သွယ်ရန်
☎️ ရန်ကုန်ဖုန်း 09446688892
☎️ ထိုင်းဖုန်း 0951477580
📞 Viber +66948502122
📍 Page ရဲ့ messenger မှာလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။




#အမျိုးသမီးကျန်းမာရေး

လူတိုင်းက ကိုယ်ချစ်တဲ့သူတွေ အတွက် အကောင်းဆုံးကိုပဲ ဖြည့်ဆည်းပေးချင်ကြတာပါ။💝 အစားအသောက်၊ အသုံးအဆောင်၊ အဝတ်အစား ဘာမဆို အကေ...
11/06/2023

လူတိုင်းက ကိုယ်ချစ်တဲ့သူတွေ အတွက် အကောင်းဆုံးကိုပဲ ဖြည့်ဆည်းပေးချင်ကြတာပါ။

💝 အစားအသောက်၊ အသုံးအဆောင်၊ အဝတ်အစား ဘာမဆို အကောင်းဆုံးကိုပေးချင်ကြပါတယ်။
ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိသားစုကို ကိုယ့်အနားမှာ အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေစေချင်ကြပါတယ်။

💝 ဒါဆိုရင် အကောင်းဆုံးလက်ဆောင်ဖြစ်တဲ့ ကျန်းမာရေးလက်‌ဆောင်ကို ပေးဖို့ ဘာလို့မေ့နေကြတာလဲ။

💝 နေမကောင်းဖြစ်မှ ရောဂါဒဏ်ခံရတာထက် မဖြစ်ခင်ကတည်းက ရောဂါကြိုတင်ရှာဖွေတာက ပိုကောင်းပါတယ်။
💝 မိဘတွေကို ကန်တော့ဖို့ပဲ ဖြစ်ဖြစ်၊ ချစ်ရတဲ့ ဇနီး ခင်ပွန်း အတွက်ပဲဖြစ်ဖြစ် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာ ကျန်းမာရေးစစ်ဆေးဖို့ medical check up package တွေ စုံစမ်းဝယ်ယူလို့ရပါပြီ။

💁‍♀️ အသက်အရွယ်မရွေး အဆင်ပြေစေပြီး ပေးရတဲ့ ဈေးနဲ့ တန်အောင်စုံလင်တဲ့ medical check up package ကို 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 က သေချာရွေးချယ်ပေးထားတာဖြစ်ပါတယ်။

✅ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်
✅ အသည်းရောဂါ၊ ကျောင်ကပ်ရောဂါ
✅ နှလုံးနဲ့ ပတ်သက်ပြီး ECG သာမက နှလုံးအာထရာဆောင်း ( အက်ခိုး ) ရိုက်ပေးပြီး အသေးစိတ်စစ်ဆေးတာ
✅ လည်ပင်းကြီးရောဂါ
✅ အရိုးသိပ်သည်းဆ စစ်ဆေးတာ ( သွေးဆုံးပြီး အမျိုးသမီးတွေက အရိုးပွပြီး အရိုးကျိုးလွယ်ကြပါတယ် )
✅ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ စစ်ဆေးတာ
✅ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာတွေဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတာ၊ ရင်သားကင်ဆာ အတွက် ရင်သားဓာတ်မှန်ရိုက်တာ
✅ အမျိုးသားတွေ အတွက် ဆီးကျိတ်ကင်ဆာစစ်ဆေးတာ
စတဲ့ စုံလင်လှတဲ့ စစ်ဆေးမှုတွေအားလုံးပါတဲ့ medical check up package ကို ဘတ် ၉၀၀၀ နဲ့ စစ်ဆေးနိုင်မှာဖြစ်လို့ တအားတန်တဲ့ package လေးဖြစ်ပါတယ်။

✈️ Passport လေးရှိရုံနဲ့ လိုအပ်သအမျှ လေယာဉ်လက်မှတ် ဟိုတယ်ဘိုကင် အကြိုအပို့ အားလုံးကို 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 က စီစဉ်ပေးမှာမို့ luggage လေးပြင်ပြီး လာရုံပါပဲ။

🏥 ဘန်ကောက်မှာ ကျန်းမာရေးစစ်ဆေးချင်ရင် ဆေးကုသချင်ရင် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 ရဲ့ page messenger ကိုဖြစ်စေ၊ ဖုန်းသို့မဟုတ် viber မှ ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

☎️ရန်ကုန်ဖုန်း 09446688892
☎️ထိုင်းဖုန်း 0951477580
☎️Viber +66948502122


😷 နေမကောင်းဖြစ်လို့ ကိုယ်ပူတဲ့ အခါ တစ်ချို့က နေရတာ သက်သောင့်သက်သာမဖြစ်ရုံ ကိုယ်အပူချိန် နည်းနည်းပဲ တက်တာရှိပေမယ့် တအားပူ...
22/05/2023

😷 နေမကောင်းဖြစ်လို့ ကိုယ်ပူတဲ့ အခါ တစ်ချို့က နေရတာ သက်သောင့်သက်သာမဖြစ်ရုံ ကိုယ်အပူချိန် နည်းနည်းပဲ တက်တာရှိပေမယ့် တအားပူခြစ်ပြီး အဖျားကြီးတာမျိုးလည်း ကြုံရတတ်ပါတယ်။

👩‍⚕️ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် အဖျားကြီးလွန်းရင်တော့ နီးစပ်ရာ ဆေးရုံ ဆေးခန်း ချက်ချင်းသွားသင့်ပါတယ်။
ကလေးတွေမှာဆိုရင် အ‌ဖျားကြီးလွန်းရင် တက်တတ်ပါတယ်။

ကိုယ်အပူချိန်တက်တာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

🔸 ခန္ဓာကိုယ် တစ်နေရာရာမှာ ရောဂါပိုး infection တစ်ခုခုရှိနေတာ
🔸 COVID 19 ( အခုရက်ပိုင်းမှာ အဖြစ်များနေပါတယ် )
🔸 အပူလျှပ်တာ ( ပြင်ပရာသီဥတု အပူချိန်ပြင်းတဲ့ နွေရာသီ နဲ့ အပူလှိုင်းဖြတ်တဲ့ အချိန်တွေမှာ အဖြစ်များပါတယ် )
🔸 ကာကွယ်ဆေးတစ်ခုခုထိုးပြီးခါစ သိူ့မဟုတ် ထိုးပြီး နောက်တစ်ရက်
🔸 ကိုယ်ခံအားက ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ Autoimmune ရောဂါတွေ စသဖြင့် အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။

❓ ဘယ်အချိန်မှာ အရေးပေါ် ဆရာဝန်နဲ့ ပြရမလဲ။

👉 အဖျား 102 ဒီဂရီ ဖာရင်ဟိုက် ထက် များရင်
👉 ပြင်ပအပူချိန်များတဲ့နေရာ၊ နေတအားပူတဲ့နေရာမှာ ရှိနေချိန် သို့မဟုတ် ပြန်လာပြီးတဲ့ အချိန်မှာ ဖျားရင် ( ဘာကြောင့်ဖျားတယ်ပဲ ထင်ထင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ heat stroke လို့ခေါ်တဲ့ အပူလျှပ်ခြင်း က အဖျားတအားကြီးပြီ သတိလစ်တာ အသက်အန္တရာယ်ရှိတာမျိုးဖြစ်နိုင်လို့ပါ )
👉 အလွယ်တကူဆေးဆိုင်မှာ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေး အဖျားကျဆေး ( ဥပမာ - ပါရာစီ‌တမော၊ အိုင်ဘျူပရိုဖန် ) စတာတွေ‌သောက်ပြီးတာတောင် အဖျားမကျရင်
👉 Covid 19 ဖြစ်နေတဲ့သူနဲ့ contact ဖြစ်ထားရင်
စတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းသွားသင့်ပါတယ်။

ဖျားတဲ့ လူနာတွေ အတွက်
🔹 အရည်များများသောက်ပေးပါ။ ( ရေ၊ ရေနွေး၊ စွပ်ပြုတ်၊ ဓာတ်ဆားရည် စသည်ဖြင့် များများသောက်ပေးပါ။ ခန္ဓာကိုယ်က ပုံမှန်ထက် ရေဓာတ်ပိုလိုပါတယ်။ )

🔹 အားရှိအောင် အာဟာရဖြစ်တာစားပေးပါ။ဆရာဝန်ကို ရှောင်ဖို့လိုတဲ့ အစားအစာ ရှိမရှိမေးပါ။ ဆရာဝန်ရှောင်ခိုင်းတာက လွဲရင် ကျန်တဲ့ အာဟာရဖြစ်မယ့်အစားအစာ အကုန်လုံးကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။ ရောဂါကို တိုက်ထုတ်ဖို့ အားရှိပြီး ကိုယ်ခံအားကောင်းဖို့လိုပါတယ်။

🔹 ကိုယ်အပူချိန်တက်လာရင် ရေပတ်တိုက်တာ၊ ရေ‌နွေးနွေးလေးနဲ့ ရေးချိုးပေးတာလုပ်လို့ရပါတယ်။ အပူချိန်ကျစေချင်လို့ ရေချိုးခိုင်းတာမို့ အကြာကြီး ချိုးဖို့မလိုပါဘူး ( scrub တိုက်တာ၊ ဆပ်ပြာအကြာကြီးတိုက်တာမျိုးမလုပ်ပါနဲ့ ) ရေချိုးပြီးတာနဲ့ ချက်ချင်းရေပြောင်အောင်သုတ်ပြီး နွေးနွေးထွေးထွေးနေပေးပါ။

🔹 အဝတ်အထူကြီးဝတ်တာ၊ အထပ်အများကြီးဝတ်တာ၊ စောင်အထူကြီး ခြုံတာ‌တွေရှောင်ပြီး အင်္ကျီ ပွပွ လေဝင်လေထွက်ကောင်းတာ ဝတ်သင့်ပါတယ်။ အဝတ်အထူကြီးတွေက လှောင်ပြီး ကိုယ်အပူချိန်ပိုတက်နိုင်ပါတယ်။

🔹 အခန်းကို လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖြစ်နိုင်ရင် ဖွင့်ထားပေးပါ။ ( လေတိုက်တဲ့ တည့်တည့်မှာ ၊ ပန်ကာရှေ့တည့်တည့်မှာ နေခိုင်းတာ မဟုတ်ပါ )

🍀 အခုရက်ပိုင်း ရာသီဥတု အကူးအပြောင်း ကြောင့်ရော၊ ရာသီ တုပ်ကွေး၊ ကိုဗစ် တို့ကြောင့်ရော နေမကောင်းဖျားနာတဲ့သူ တော်တော်များများတွေ့နေရတာကြောင့်မို့ ကျန်းမာရေး ဂရုစိုက်ကြပါလို့ မှာချင်ပါတယ်။ အစားအသောက် အားရှိအောင်စားပြီး အိပ်ချိန်စားချိန်မှန်အောင်နေကြပါနော်။

🍀 အားလုံး ကျန်းကျန်းမာမာနဲ့ ရောဂါကင်းဝေးကြပါစေ။

Dr.Su





🏥 ဘန်ကောက်မှာ ဆေးခန်းပြချင်ရင်၊ ကျန်းမာရေးစစ်ဆေးချင်ရင် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တာ၊ ဟိုတယ်ဘွတ်ကင် အစရှိတဲ့ ဝန်ဆောင်မှုများအတွက်လည်း one stop service ကို 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာရရှိနိုင်မှာဖြစ်ပါတယ်။

သည်းခြေကျောက်တည်ခြင်း ( gall bladder stone ) အပိုင်း ၂( သည်းခြေကျောက်တည်ရင် ဖြစ်တတ်တဲ့ လက္ခဏာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ...
10/05/2023

သည်းခြေကျောက်တည်ခြင်း ( gall bladder stone ) အပိုင်း ၂

( သည်းခြေကျောက်တည်ရင် ဖြစ်တတ်တဲ့ လက္ခဏာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှေ့ post ပြောခဲ့ပါတယ် 👉 https://bit.ly/3LToAiY )

❓သည်းခြေကျောက်ရှိတယ်လို့ထင်ရင် ဘယ်လို စစ်ဆေးနိုင်လဲ❓

🔸အဓိက စစ်ကြတာကတော့ ဝမ်းဗိုက်အာထရာဆောင်းပါ။ တစ်ခါတလေ medical check up လုပ်ရင်း အာထရာဆောင်းရိုက်တဲ့ အခါမှာလည်း တွေ့တတ်ပါတယ်။

🔸ထပ်ပြီးစစ်ဖို့လိုအပ်ရင်တော့ သံလိုက်ဓာတ်မှန် ကို အသုံးပြုပြီး သည်းခြေလမ်းကြောင်းကိုကြည့်တဲ့ MRCP ( magnetic resonance cholangiopancreatography ) နဲ့ စစ်သလို သည့်ခြေလမ်းကြောင်းထဲမှာ ကျောက်ရှိနေရင် ပိတ်နေရင် တစ်ခါတည်း ဖယ်လို့ရအောင် ပါးစပ်ထဲက မှန်ပြောင်းထည့်ပြီး စစ်ဆေးတဲ့ ERCP ( endoscopic retrograde cholangiopancreatography ) စတာတွေနဲ့ စစ်ဆေးကုသလို့ရပါတယ်။ ERCP ကတော့ ခန္ဓာကိုယ်ထဲကို မှန်ပြောင်းထည့်ရတဲ့ စစ်ဆေးမှုဖြစ်တာကြောင့် လိုအပ်မှ ဆရာဝန်တွေက လုပ်ပေးပါတယ်။

❓သည်းခြေကျောက်တည်ရင် ဘယ်လိုကုသလို့ရလဲ❓

🔹ဘာလက္ခဏာမှ မပြဘဲ ကျန်းမာရေးစစ်ဆေးရင်းတွေတဲ့ သည်းခြေအိတ်ထဲ သူ့ဘာသာ‌နေတဲ့ ကျောက်ဆို ဘာမှ မလုပ်ဘဲထားလို့ရတတ်ပါတယ်။ အရေးပေါ်လက္ခဏာတွေ၊ ဘယ်လို အချိန်မှာ ဆေးရုံသွားရမယ်ဆိုတာတွေတော့ သိထားရပါတယ်။ ဒါပေမယ့် ခရီးဝေး အလုပ်သွားလုပ်ရမှာမို့၊ အလုပ်အကိုင်အရ ဆေးစစ်ချက်မှာ ကျောက်တွေ့ရင် လက်မခံလို့၊ နိုင်ငံရပ်ခြားမှာ အကြာကြီး သွားနေရမှာမို့ တစ်ခါတည်း ကျောက်ကို ထုတ်သွားတာတွေရှိပါတယ်။ ( ကျောက်နဲ့ အတူ သည်းခြေ အိတ်ကိုပါ ထုတ်တာပါ )

ခွဲစိတ်ကုသခြင်း

🔹လက္ခဏာပြလာပြီဆိုရင်တော့ ခွဲစိတ်ပြီးထုတ်ကြပါတယ်။ ခွဲတဲ့ အချိန်မှာ သည်းခြေအိတ်ကိုပါထုတ်ပါတယ်။ သည်းခြေအိတ်က ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်လို့ ထုတ်လိုက်ရင်ပြဿနာ တစ်ခုခုရှိမှာ စိတ်ပူတတ်ကြပါတယ်။ ကြီးကြီးမားမား ဘာပြဿနာမှ မရှိတတ်ပါဘူး။ သည်းခြေအိတ်ရဲ့ အလုပ်က အသည်းကထုတ်ပေးတဲ့ သည်းခြေရည်ကို သိမ်းထားပေးတာပါပဲ။

🔹သည်းခြေကျောက်နဲ့ သည်းခြေအိတ်ထုတ်တဲ့ ခွဲစိတ်မှုကို ဗိုက်ခွဲပြီးလုပ်တဲ့ open abdominal surgery နဲ့ သည်းခြေအိတ်နေရာကို ဗိုက်မှာ အပေါက်ဖောက်ပြီး မှန်ပြောင်းနဲ့ ထုတ်တဲ့ ( laproscopic cholecystectomy) ဆိုပြီး နှစ်မျိုးလုပ်လို့ရပါတယ်။

🔹တိုးတက်ပြီး ပစ္စည်းကရိယာပြည့်စုံတဲ့ နိုင်ငံတွေမှာတော့ မှန်ပြောင်းနဲ့ ထုတ်တဲ့ laproscopic cholecystectomy ကို ပိုလုပ်ကြပါတယ်။
ဗိုက်မှာ ခွဲကြောင်းကြီးပေးပြီး ဗိုက်ကို ဖွင့်တာမဟုတ်ဘဲ အပေါက်သေးလေးပဲဖောက်တာမို့ အနာကျက်ချိန်မြန်ပါတယ်။ လူနာ အနေနဲ့လည်း ခွဲစိတ်ပြီး တစ်ပတ်လောက်နားပြီးပုံမှန်အတိုင်း သွားလာ အလုပ်လုပ်လို့ရပါတယ်။ ဆေးရုံမှာလည်း ခွဲစိတ်တဲ့နေ့အပါအဝင်ကိုမှ နှစ်ညပဲ အိပ်ပြီး သုံးရက်မြောက်မှာ ဆေးရုံဆင်းလို့ရပါတယ်။

အခုဆိုရင် နည်းပညာတွေ တအားတိုးတက်လာတာကြောင့် မှန်ပြောင်းထည့်မယ့် အပေါက်ကို သေးနိုင်သမျှအသေးဆုံး ၁ စင်တီမီတာလောက်ထိသေးအောင် လုပ်နိုင်လာတဲ့ ဆေးရုံတွေရှိလာတာကြောင့် လူနာ အနေနဲ့ တစ်ပတ်တောင် နားစရာမလိုဘဲ ရက်ပိုင်းနဲ့တင်ပုံမှန်အတိုင်းသွားလာလုပ်ရှားလို့ရနေပါပြီ။

ဗိုက်ခွဲပြီး ထုတ်ရရင်တော့ ခွဲကြောင်းကြီးတာကြောင့် ဆေးရုံတက်ရက်ကြာတာရော၊ လူနာလည်း ပိုခံရတာ၊ risk ပိုများတာရောကြောင့် အခုနောက်ပိုင်းမှာ နည်းပညာတိုးတက်ပြီးပစ္စည်း စုံလင်ရင်တော့ ဆရာဝန်တွေကမှန်ပြောင်းနဲ့ ခွဲတာကိုပဲ ရွေးကြပါတယ်။
မဖြစ်မနေ အခြေအနေတွေမှာတော့ ဗိုက်ခွဲရတာမျိုးရှိပါတယ်။
🔹သည်းခြေအိတ်တအားရောင်နေတာ
🔹သည်းခြေအိတ်ပြည်တည်တာ
🔹သည်းခြေအိတ်ပေါက်တာ စတဲ့ အရေးပေါ်အခြေအနေမျိုးမှာတော့ ဗိုက်ခွဲပြီး သည်းခြေအိတ်ကို ထုတ်ရပါတယ်။

🔹သည်းခြေလမ်းကြောင်းထဲမှာရှိနေရင်‌တော့ ကျောက်ခြေတဲ့နည်းလမ်းသုံးတာမျိုးလည်းရှိပါတယ်။ ဒီ နည်းလမ်းက သည်းခြေအိတ်ထဲရှိတဲ့ ကျောက်အတွက်တော့ အသုံးမဝင်ပါဘူး။

🔹ခွဲစိတ်ဖို့မဖြစ်နိုင်တဲ့ တခြားရောဂါအခံ အများကြီးရှိတဲ့ လူနာတွေမှာတော့ သောက်ဆေးပေးတာမျိုးရှိတတ်ပါတယ်။ သောက်‌ဆေးက ပျောက်ဖို့ လတွေနှစ်‌တွေကြာတာ၊ ကျောက်အမျိုးအစား တချို့အတွက်ပဲရတာ၊ ပျောက်ပြီးရင် ပြန်ဖြစ်တတ်တာတွေကြောင့် ခွဲစိတ်ဖို့ လုံးဝ မဖြစ်နိုင်မှဘဲ ဆေးပေးကြတာ ဖြစ်ပါတယ်။

အခုလောက်ဆိုရင်တော့ သည်းခြေကျောက်နဲ့ ပတ်သက်ပြီး ဘယ်လို လက္ခဏာတွေဖြစ်တတ်တယ်၊ ဘယ်လိုကုသရတယ်ဆိုတာတွေ ပြောပြပြီးသွားပြီ ဖြစ်ပါတယ်။

🌱 အားလုံးပဲ ရောဂါကင်းဝေး ကျန်းမာကြပါစေ 🌱

Dr.Su



#သည်းခြေကျောက်

🚩အစာအိမ်အချဉ်ပြန်တက်ခြင်းရောဂါ ( GERD - Gastro-esophageal Reflux Disease )🚩👉စားချဉ့်ပြန်ရောဂါ လို့ အသိများကြတဲ့ GERD က အ...
30/04/2023

🚩အစာအိမ်အချဉ်ပြန်တက်ခြင်းရောဂါ ( GERD - Gastro-esophageal Reflux Disease )🚩

👉စားချဉ့်ပြန်ရောဂါ လို့ အသိများကြတဲ့ GERD က အစာအိမ်အတွင်းမှာရှိတဲ့ အက်ဆစ် အချဉ်ဓာတ်‌တွေ အပေါ်ကိုပြန်တက်လာတဲ့ရောဂါဖြစ်ပါတယ်။

အစားစားပြီးသွားရင် အစာချေဖို့ အစာအိမ်ထဲမှာ အက်ဆစ်အချဉ်ဓာတ်တွေ ထွက်လာပါတယ်။ အစာရေမျိုပြွန်အောက်ပိုင်းမှာ အစာအိမ်နဲ့ဆက်ထားတဲ့နေရာက ကြွက်သားအားနည်းတဲ့အခါ အက်ဆစ်တွေက အစာမျိုပြွန်ထဲကိုပြန်တက်လာပါတယ်။
တစ်ခါတလေ လေချဉ်တက်တဲ့အခါ ချဉ်တဲ့အရသာ တက်လာသလိုမျိုးပါ။ လေချဉ်တက်တာက ရောဂါမဟုတ်ပေမယ့် အစာမျိုပြွန်အောက်ပိုင်းကြွက်သားအားနည်းတဲ့သူတွေမှာတော့ မကြာခဏ အချဉ်ပြန်တက်တာမျိုးဖြစ်ကြပါတယ်။

GERD ရှိတဲ့သူတွေမှာ
♦️ရင်ပူခြင်း
♦️မကြာခဏ လေချဉ်တက်ခြင်း
♦️ခံတွင်းချဉ်ခြင်း
♦️အစာများ မကြာခဏ အပေါ်ပြန်တက်ခြင်း
♦️အစာစားပြီးလျှင် ရင်ဝမှာ မီးစနှင့်ထိုးသလိုပူခြင်း စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

‼️GERD ရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ မကြာခဏ အက်ဆစ်ပြန်တက်တာကြောင့် အက်ဆစ်ဒဏ်မခံနိုင်တဲ့ အစာမျိုပြွန်ကို ထိခိုက်စေပြီး အစာမျိုပြွန်ရောင်တာ၊ အစာမျိုပြွန်ကျဉ်းလာပြီး အစာမျိုမရတော့တာတွေအပြင် တချို့မှာ‌တော့ အစာမျိုပြွန်ကင်ဆာ ဖြစ်တာအထိ ဖြစ်နိုင်ပါတယ်။

GERD ရောဂါရှိသူတွေမှာ နေထိုင်စားမှုပုံစံ life style ပြင်လိုက်ရုံနဲ့ သက်သာသွားသူရှိသလို အစာအိမ်ဆေးသောက်ရတာမျိုးလည်း ရှိပါတယ်။

နေထိုင်စားသောက်မှုအနေနဲ့
🔹ကိုယ်အလေးချိန်မများအောင် ထိန်းတာ
🔹အစာကို တစ်ခါတည်း အများကြီး မစားဘဲ နည်းနည်းစီခွဲပြီး မကြာမကြာစားတာ
🔹ဆေးလိပ် အရက်ရှောင်တာ
🔹စားပြီးပြီးချင်း ချက်ချင်းလှဲတာမျိုး ရှောင်တာ
🔹အိပ်ရင်ခေါင်းအုံး မြင့်မြင့်သုံးတာ စတာတွေ လုပ်လို့ရပါတယ်။

နေထိုင်စားသောက်မှုပြင်တာနဲ့ ဆေးသောက်တာကို မသက်သာရင်တော့ ခွဲစိတ်ကုသရပါတယ်။

🍀အားလုံးပဲ ရောဂါကင်းဝေး ကျန်းမာကြပါစေ။🍀

Dr.Su



#စားချဉ့်ပြန်ရောဂါ #အစာအိမ်
#အစာအိမ်မှန်ပြောင်း

🏥 ဘန်ကောက်မှာ အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး ဆေးခန်းပြချင်ရင်၊ အစာအိမ်မှန်ပြောင်းကြည့်ချင်ရင် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တာ၊ ဟိုတယ်ဘွတ်ကင် အစရှိတဲ့ ဝန်ဆောင်မှုများအတွက်လည်း one stop service ကို 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာရရှိနိုင်မှာဖြစ်ပါတယ်။

👩‍⚕️ အမျိုးသမီးများ ရာသီလာစဉ် ကိုက်ခဲတာက ရောဂါကြောင့်ဖြစ်နိုင်လား 👩‍⚕️💁‍♀️ အမျိုးသမီးတွေမှာ ရာသီလာရင် ကိုက်ခဲတာမျိုးဖြစ်...
26/04/2023

👩‍⚕️ အမျိုးသမီးများ ရာသီလာစဉ် ကိုက်ခဲတာက ရောဂါကြောင့်ဖြစ်နိုင်လား 👩‍⚕️

💁‍♀️ အမျိုးသမီးတွေမှာ ရာသီလာရင် ကိုက်ခဲတာမျိုးဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တော့ မတူပါဘူး။ လုံးဝ ကိုက်ခဲတာမရှိတဲ့သူရှိသလို ရာသီလာတဲ့ရက်တွေမှာ အိပ်ရာထဲက မထနိုင်အောင်ကိုက်ခဲလွန်းတဲ့သူလည်းရှိပါတယ်။

💁‍♀️ ရာသီလာရင် ဗိုက်အောင့်တာ ကိုက်ခဲတာက ပုံမှန် အမျိုးသမီးတွေမှာ ဖြစ်နေကျဖြစ်စဉ်လို့သတ်မှတ်ထားပေမယ့် တချို့သားအိမ်နဲ့ပတ်သက်လို့ရောဂါရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

💁‍♀️ ပုံမှန်ရာသီလာလို့ကိုက်ခဲတာက ရာသီမလာခင် ရက်ပိုင်း သို့မဟုတ် ရာသီစစချင်းရက်တွေမှာ ကိုက်ခဲတတ်ပြီး တစ်ရက်နှစ်ရက်လောက်ပဲ နာတတ်ပါတယ်။ အသက်ကြီးလာရင် ဒါမှမဟုတ် ကလေးမွေးပြီးရင်ပျောက်သွားလေ့ရှိပါတယ်။ ဒါက များသောအားဖြင့်တွေ့ရတတ်တဲ့ပုံစံ‌တွေပါ။

💁‍♀️ သားအိမ်မှာရောဂါရှိခဲ့ရင် အလုံးအကျိတ်ရှိခဲ့ရင်တော့ ရာသီလာစဉ်ကိုက်ခဲတာ ပိုကြာတာမျိုးဖြစ်တတ်ပါတယ်။ ရာသီပြီးခါနီးမှပိုနာလာတာမျိုးပေါ့။ ဒါပေမယ့် အလုံးအကျိတ်ရဲ့ တည်နေရာပေါ်မူတည်ပြီး လုံးဝ လက္ခဏာမပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။

💁‍♀️ ပုံမှန်လည်း ရာသီလာရင်ကိုက်ခဲတတ်ကြတော့ အမှုမဲ့ အမှတ်မဲ့နေတတ်ကြပါတယ်။ ဒါကြောင့် တခြားလက္ခဏာမပြမချင်း မစစ်ဆေးမိလို့ အလုံးတအားကြီးမှ သိရတာ၊ ကိုယ်ဝန်ရှိလို့ အာထရာဆောင်းရိုက်ရင်းနဲ့မှ သိရတာ၊ medical checkup လုပ်ရင်းမှတွေ့တာတို့ဖြစ်တတ်ပါတယ်။

💁‍♀️ အမျိုးသမီးတွေ အနေနဲ့ သားအိမ်၊ သားဥအိမ် တို့နဲ့ ပတ်သက်တဲ့ အမျိုးသမီး ကျန်းမာရေးကိုလည်း အသက်အရွယ် အပိုင်းအခြားလိုက်ပုံမှန်စစ်ဆေးသင့်ပါတယ်။

ရောဂါ တစ်ခုခုရှိတာကြောင့်မဟုတ်ဘဲ ပုံမှန်ရာသီလာရင် ကိုက်ခဲတတ်တဲ့ အမျိုးသမီးတွေ အနေနဲ့
🧚‍♀️ ရေနွေးအိတ်ကပ်တာ
🧚‍♀️ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေရှောင်တာ
🧚‍♀️ လိုအပ်ခဲ့ရင် အကိုက်အခဲ ပျောက်ဆေးသောက်တာ ( တန်ဆေးလွန်ဘေး မို့ အများကြီးသောက်မိရင်လည်း ဆိုးကျိုးရှိသလို ဗိုက်အောင့်လို့ အလုပ်အကိုင်ပျက် အိပ်ရာထဲက မထနိုင်ဖြစ်နေရင်လည်း လိုအပ်သလောက်သောက်သင့်တာမို့ သတိထား ချင့်ချိန်သောက်သင့်ပါတယ် )
🧚‍♀️ အရက်‌၊ ဆေးလိပ်ရှောင်တာ
🧚‍♀️ ဝမ်းဗိုက်ပိုင်းကို နှိပ်နယ်ပေးတာ
🧚‍♀️ ပုံမှန် အပတ်စဉ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာ၊ ယောဂလုပ်တာ
စတာတွေက ကိုက်ခဲမှုကို လျှော့ချပေးတတ်ပါတယ်။

💐 အမျိုးသမီးများအားလုံး ကျန်းမာလှပ ကြပါစေ။ 💐

Dr.Su






💁‍♀️ ဘန်ကောက်မှာ အမျိုးသမီးရောဂါနဲ့ ပတ်သက်ပြီး စစ်ဆေးချင်ရင်၊ ဆေးခန်းပြချင်ရင် 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐌𝐞𝐝𝐢𝐜𝐚𝐫𝐞 မှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

✈️ လေယာဉ်လက်မှတ်ဝယ်တာ၊ ဟိုတယ်ဘွတ်ကင် အစရှိတဲ့ ဝန်ဆောင်မှုများအတွက်လည်း one stop service ကို Bangkok Medicare မှာရရှိနိုင်မှာဖြစ်ပါတယ်။

📣 April new year promotion အနေနဲ့ one stop service ကို ဝန်ဆောင်ခမယူဘဲ လုပ်ပေးမယ့် အထူး promotion လေးရှိတာကြောင့် အမြန်ဆုံးဆက်သွယ်စုံစမ်းလိုက်တော့နော် 📣

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bangkok Medicareผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram