Witchy Candy Do the universe a favor, and don’t hide your magic
(377)

မနက် အိပ်ယာနိုးရင် သူတို့ကို ရေလောင်းရင်း ဒီအစ်မက အများကြီးချစ်တာမို့၊ လှလှလေး ရှင်သန်ပေးကြနော်လို့ ပြောဖြစ်တယ်။ စံပယ်လေ...
23/05/2026

မနက် အိပ်ယာနိုးရင် သူတို့ကို ရေလောင်းရင်း ဒီအစ်မက အများကြီးချစ်တာမို့၊ လှလှလေး ရှင်သန်ပေးကြနော်လို့ ပြောဖြစ်တယ်။ စံပယ်လေးတွေကလည်း မွှေးအီနေရောပဲ 🤍

လူတိုင်းမှာ ကိုယ်ပိုင် “စိတ်လုံခြုံမှုနယ်ပယ်” လေးတစ်ခုလိုအပ်ပါတယ်။  အဲဒီနေရာလေးဟာ ကိုယ်စိတ်ပင်ပန်းနေချိန် နားခိုလို့ရတဲ့...
23/05/2026

လူတိုင်းမှာ ကိုယ်ပိုင် “စိတ်လုံခြုံမှုနယ်ပယ်” လေးတစ်ခုလိုအပ်ပါတယ်။
အဲဒီနေရာလေးဟာ ကိုယ်စိတ်ပင်ပန်းနေချိန် နားခိုလို့ရတဲ့နေရာ၊ ကိုယ့်အနာတရတွေကို တိတ်တိတ်လေးကုစားလို့ရတဲ့နေရာ၊ ကိုယ့်ကိုယ်ကို ပြန်တွေ့နိုင်တဲ့နေရာလေးဖြစ်ပါတယ်။

ဒါပေမယ့် စိတ်လုံခြုံမှုဆိုတာ လူတွေကို အကုန်ကြောက်လန့်ပြီး မတွေ့မဆုံဘဲ နေလိုက်တာမျိုးမဟုတ်သလို “ငါပဲအရေးကြီးတယ်” ဆိုတဲ့စိတ်နဲ့ တခြားသူတွေကို နာကျင်စေတာမျိုးလည်း မဟုတ်ပါဘူး။

စိတ်လုံခြုံမှုနယ်ပယ်က ကိုယ့်စိတ်ကို ကာကွယ်ရင်း တခြားသူတွေရဲ့ စိတ်ကိုလည်း မထိခိုက်စေဘဲ အေးအေးချမ်းချမ်း နေထိုင်နိုင်တဲ့ balance(ညီညွတ်မျှတတဲ့ အလေ့အထ)တစ်ခုပါ။

ဒီတော့ ကိုယ့်ရဲ့ စိတ်လုံခြုံမှုနယ်ပယ်ကို တည်ဆောက်ချင်ရင် …

ကိုယ်အဆင်မပြေတာတွေကို “အဆင်မပြေဘူး” လို့ ပြောတတ်ဖို့လိုပါတယ်။ အမြဲတမ်း သည်းခံပေးနေရတာက ကောင်းမွန်ခြင်းမဟုတ်ပါဘူး။ ကိုယ်ပင်ပန်းနေတာကို ဖုံးကွယ်ထားရင်း နောက်ဆုံး ကိုယ့်စိတ်ပဲ ကျိုးပဲ့ပျက်စီးသွားတတ်ပါတယ်။

လူတိုင်းကို အမြဲရှင်းပြပေးဖို့ မလိုပါဘူး။ တချို့လူတွေက အပြစ်တင်ဖို့သက်သက်လာတာပါ။ ကိုယ့်ကို စိတ်ချမ်းသာစေတဲ့ relationship တွေကိုရွေးပြီး၊ စိတ်ကုန်စေတဲ့နေရာတွေကနေ တဖြည်းဖြည်းဝေးလာဖို့ လိုပါတယ်။

တခြားသူတွေရဲ့ boundaries ကိုလည်း လေးစားဖို့လိုပါတယ်။ ကိုယ်မကြိုက်တဲ့အရာကို သူများအပေါ် မလုပ်သင့်ပါဘူး။ မတောင်းပန်ဘဲ စကားနာထိုးပြောတာ၊ အတင်းဝင်စွက်ဖက်တာ၊ reply မရတာနဲ့ ဖိအားပေးတာတွေက သူများရဲ့ စိတ်လုံခြုံမှုကို ထိခိုက်စေတတ်ပါတယ်။

စိတ်တ်အေးချမ်းဖို့ဆိုတာ အမြဲတမ်း positive ဖြစ်နေရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ဝမ်းနည်းရင် ဝမ်းနည်းခွင့်ပေးပါ။ ပင်ပန်းရင် နားခွင့်ပေးပါ။ ကိုယ့်ခံစားချက်ကို ကိုယ်တိုင် မငြင်းပယ်ဖို့ အရေးကြီးပါတယ်။

လူတိုင်းကို ကယ်တင်ပေးဖို့ ကိုယ့်တာဝန်မဟုတ်ပါဘူး။ တချို့ relationship တွေမှာ ကိုယ်ပေးနေတာများပြီး ကိုယ်လိုအပ်တဲ့အခါ တယောက်တည်း ဖြစ်နေရတတ်ပါတယ်။ Compassion ရှိတာက ကောင်းပါတယ်။ ဒါပေမယ့် self-respect မပျောက်သွားဖို့လည်း လိုပါတယ်။ ကျမကိုယ်တိုင် ဒီအလ့အကျင့်ဆိုးကို နှစ်နဲ့ချီ ရုန်းထွက်ခဲ့ရတာပါ။ ငါတတ်နိုင်တာတော့ ဒီလောက်ပဲဆိုတာမျိုး ပြောဖို့ဝန်မလေးပါနဲ့။ တချိန်က ကျမက အဲဒီလိုပြောလိုက်ရင် ငါ့ကို မချစ်တော့ဘဲနေမလားနဲ့ စိုးရိမ်ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က အပေးရှိမှ ပြန်ရမယ့် အချစ်မျိုးက စစ်မှန်တဲ့အရာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို လေးစားစိတ်လေးနဲ့ နေတတ်သွားရင် ပိုစိတ်ချမ်းသာရပါတယ်။

ကိုယ့်စိတ်ကို လုံခြုံစေတဲ့ routine လေးတွေ ဖန်တီးပါ။ မနက်ခင်းမှာ စာဖတ်တာ၊ meditation လုပ်တာ၊ ညဘက်ဖုန်းပိတ်ပြီး နားတာ၊ music နားထောင်တာ၊ ဆိတ်ဆိတ်ငြိမ်ငြိမ်လေး coffee သောက်တာကအစ ကိုယ့် energy ကို ပြန်ဖြည့်ပေးနိုင်ပါတယ်။ ကျမက ကော်ဖီမသောက်တော့ herbal tea လေးတွေသောက်တယ်၊ ပန်းပင်လေးတွေ ရေလောင်းတယ်၊ ကိုယ်စားချင်တာလေးတွေ ချက်ပါတယ်။

တစ်ခါတလေ “No” လို့ ပြောနိုင်တာက ကိုယ့်ကိုယ်ကို ကာကွယ်နေခြင်းပါ။ အဲဒါဟာ မာနကြီးတာမဟုတ်သလို၊ လူဆိုးဖြစ်သွားတာလည်း မဟုတ်ပါဘူး။

နောက်ဆုံးမှာ စိတ်လုံခြုံမှုနယ်ပယ်ဆိုတာ လူတွေအားလုံးကို မထိတွေ့ရအောင် ကာဆီးထားတဲ့ နံရံကြီးတစ်ခုမဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ချစ်ပေးနိုင်ဖို့၊ ကိုယ့်ကိုယ်ကို မဆုံးရှုံးသွားဖို့၊ နူးညံ့ပြီး တည်ငြိမ်တဲ့နေရာလေးတစ်ခုပါပဲ။

ချစ်ရတဲ့သူတွေအားလုံး ပူလောင်သောကတို့ ကင်းဝေးပြီး ကျန်းမားချမ်းသာကြပါစေ 🧜‍♀️🤍

Witchy Candy 🍭

ညဘက် မအိပ်ခင် ကြယ်တွေစုံတဲ့ညဆို ကြယ်တွေကြည့်တယ်။ ဒီနေ့တော့ မိုးတွေခြိမ်းနေတယ်။ လျှပ်စီးတွေလက်တယ်။ ငယ်ငယ်ကဆို သိပ်ကြောက်တ...
22/05/2026

ညဘက် မအိပ်ခင် ကြယ်တွေစုံတဲ့ညဆို ကြယ်တွေကြည့်တယ်။ ဒီနေ့တော့ မိုးတွေခြိမ်းနေတယ်။ လျှပ်စီးတွေလက်တယ်။ ငယ်ငယ်ကဆို သိပ်ကြောက်တာပဲ … ဒေဝေါကြီးလာပြီဆို ကြောက်လို့ငိုရတာ သတိရမိသား။

22/05/2026

ရည်းစားရှိ/အိမ်ထောင်ရှိ အစ်မကြီးတို့၏ ဆံပင်ဖြူဒဿနလေး ပြောပြအုံးမယ်။ အရင် ကိုကျော်နဲ့ ကြိုက်ခါစက သူ့ခေါင်းမှာ ဆံပင်ဖြူတွေ အများကြီးပံ။ အခု အိမ်ထောင်သက် တနှစ်ကျော်လောက်မှာ ထူးထူးဆန်းဆန်း သူ့ခေါင်းက ဆံပင်ဖြူတွေက မရှိသလောက်ဖြစ်သွားပြီး၊ ကိုယ့်ခေါင်းမှာက အပင် ၂၀နီးပါး ထွက်လာတယ်။ အဲဒါ ကိုယ်တယောက်တည်းမှတ်နေတာ၊ အစ်မတယောက်နဲ့ပြောမှ သူလည်း အဲလိုပဲတဲ့။ “ညီမလေးရေ သူတို့က ဘယ်ဖြူတော့မလဲ စိတ်အေး နှလုံး(နှစ်လုံး)အေး၊ ဘဝနောင်ရေးတွေ ပူစရာမှ မရှိတော့တာ နုပျိုကြတာပေါ့။ ကိုယ်တွေကျ သူတို့ကို ပူပန်ရတာတွေအကုန်လုံး ကိုယ့်ခေါင်းပေါ် ပစ်တင်လိုက်တော့ ဖြူကုန်တာပေါ့”တဲ့။ အဲဒီ့ကျမှ ဟုတ်သားပဲလို့။ မရခင်က “အဖြေလေးသာပေးပါ ကိုကိုက မန်ယူဖန်၊ ဘာမှမလုပ်နိုင်ရင်တောင် ဆိုက်ကားနင်းကျွေးမယ်၊ ဂိတ်မှူးလုပ်ကျွေးမယ်”ဆိုပြီး၊ အခုကျ အာဆင်နယ်ဖလားရရင် တနှစ်ဟင်းချက်ကျွေးမယ်ဆိုပြီးတောင် ရူးချင်ယောင်ဆောငိနေတာ ဒီဆံပင် မဖြူခံနိုင်ရိုးလား။ ဘဝတူတွေလည်း ရှိမယ်ထင်ပါ့နော် 🫠

သူရေးတဲ့စာဖတ်ပြီး အကုန်နားလည်တယ် သူငယ်ရည် ဆိုတာ ဘာရည်မှန်းနားမလည်ဘူး။ ဒါဘာကြီးလဲမေးတော့ … အာ ရှူရှူးကိုပြောတာလေ တဲ့။ “ဟဲ...
22/05/2026

သူရေးတဲ့စာဖတ်ပြီး အကုန်နားလည်တယ် သူငယ်ရည် ဆိုတာ ဘာရည်မှန်းနားမလည်ဘူး။ ဒါဘာကြီးလဲမေးတော့ … အာ ရှူရှူးကိုပြောတာလေ တဲ့။ “ဟဲ့ အဲဒါ ကျင်ငယ်ရည်လို့ခေါ်တယ်… သူငယ်ရည်က အင်္ဂါဂြိုလ်မှာခေါ်တာလား”ဆိုမှ “ဪ ဟုတ်လား ပြင်ဖတ်လိုက် သဲလေး” တဲ့။ ဗာဂိုဟ တပြားမှမလျော့ဘူး … 🙂

သူများသာ နံနံပင် တစ်ကီလို ဝယ်လို့တဲ့ … သူကျ အဲဒီ့မန့်ထဲကအတိုင်းပဲ … သွားကြားထိုးတံ ဝယ်လာတာတဲ့ .. 🤭
22/05/2026

သူများသာ နံနံပင် တစ်ကီလို ဝယ်လို့တဲ့ … သူကျ အဲဒီ့မန့်ထဲကအတိုင်းပဲ … သွားကြားထိုးတံ ဝယ်လာတာတဲ့ .. 🤭

သောကြာနေ့ရဲ့ energy က နှလုံးသားကို နူးညံ့စေပြီး လူတွေအပေါ် ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံနိုင်အောင် ကူညီပေးတဲ့နေ့လေး ဖြစ်ပါတယ်...
22/05/2026

သောကြာနေ့ရဲ့ energy က နှလုံးသားကို နူးညံ့စေပြီး လူတွေအပေါ် ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံနိုင်အောင် ကူညီပေးတဲ့နေ့လေး ဖြစ်ပါတယ်။ ဒီနေ့မှာ ကိုယ့်စိတ်ထဲက အပြစ်တင်မှုတွေကို လျော့ချပြီး နူးညံ့တဲ့စကားလေးတွေ ပြောဖို့ အလွန်ကောင်းတဲ့အချိန်ပါ။

သောကြာနေ့ညမှာ ရေမွှေးနံ့သင်းသင်းလေးဖြစ်တဲ့ ဖယောင်းတိုင် (သို့) ပန်းနံ့လေးတစ်ခုခု/အမွှေးဆီလေးတခုခု ဖယောင်းတိုင်ကို သုတ်လိမ်းထွန်းညှိပြီး “ကျွန်မရဲ့စကားတွေမှာ နူးညံ့မှုရှိပါစေ ... ကျွန်မရဲ့ energy က လူတွေအတွက် အေးချမ်းမှုဖြစ်ပါစေ ၊ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုတွေကို ဆွဲဆောင်နိုင်ပါစေ” လို့ စိတ်ထဲကနေ ဖြည်းဖြည်းချင်း ရွတ်ဆိုပေးပါ။

ပြီးရင် ကိုယ်ချစ်ရတဲ့သူတွေကို စိတ်ထဲကနေ မေတ္တာပို့ပေးပါ။ Energy ဆိုတာ မြင်မရပေမယ့် ကိုယ်ပေးလိုက်တဲ့ခံစားချက်တွေက ပြန်ရောက်လာတတ်ပါတယ်။

သောကြာနေ့မှာ စိတ်ကြည်လင်တဲ့ energy ကို ထိန်းထားနိုင်ရင် အချစ်ရေး၊ မိတ်ဆွေဆက်ဆံရေးနဲ့ ပြောဆိုဆက်ဆံမှုတွေမှာ နူးညံ့ပြီး အဆင်ပြေတဲ့ vibration တွေ ပိုဝင်လာတတ်ပါတယ် ✨

Witchy Candy 🍭

22/05/2026

လူကြီးတွေကိုတော့ ကန်တော့ပါ … မနေ့က ဟာသတခုပြောပြချင်လို့။ မနေ့ကကွယ် လူက အဟောက ည၈ခွဲအထိ ဆက်တိုက်ဆိုတော့ မောနေပြီ၊ ဒါတောင် နောက်ဆုံးက ညီမလေးက လူရင်းမို့ …”မမ နားအုံး”ဆိုပြီး ပြီးသွားတာ။ အဲဒါ မောမောနဲ့ စိတ်နဲ့လူနဲ့က သိပ်မကပ်တော့ဘူး ရေကလည်း ဆာ။ အဲဒါ ကိုကျော်က အခန်းထဲက ထွက်လာတဲ့သူကို “သဲသိပြီးပြီလား ထော်ကိုင်းက 👮‍♂️တယောက်က မူကထဆိုင်မှာ ကောင်မလေးကို ဖျင်နှိုက်လို့ အမှုဖြစ်နေတယ်” တဲ့။ အဲဒါ ပါးစပ်က “ဖျင်နှိုက်တော့ အီးစော်နံတာပေါ့ အားအားယားယား” လို့ ပြောပြီး ရေတွေသောက်နေတာ။ ပြန်လှည့်ကြည့်တော့ ကိုကျော်က မျက်လုံးအဝိုင်းသားနဲ့ ပါးစပ်ထဲမှာ မုန့်တွေစားလက်စ “သဲရယ် အသာလုပ်ပါ မုန့်က ဆက်စားရမှာလား မစားရဘူးလားတောင် မသိတော့ဘူး” တဲ့။
“ဆက်စားလိုက် ကိုယ်နှိုက်တာမှ မဟုတ်တာ၊ ရဲနေရာမှာ ကိုယ်ဝင်ခံစားနေရင်တော့ တမျိုးပေါ့” ဆိုမှ၊ သူ့မှာ ကြိတ်မှိတ်မျိုကျတယ်။ အဲဒါ အမောပြေသွားတော့မှ … သူဖြစ်သွားတဲ့ရုပ်ကို တွေးတွေးပြီး ရယ်ရတာ … ခဏခဏမှာလည်း သူမမှတ်ဘူး။ မောနေရင် ဘာမှန်းမသိတာတွေ လာလာမပြောနဲ့လို့။ ပြီးရင် သူပဲ မရှူနိုင်မကယ်နိုင် 🥴

ပါးနှစ်ဖက်ကို အားရပါးရနမ်းချင်တာ 😍
22/05/2026

ပါးနှစ်ဖက်ကို အားရပါးရနမ်းချင်တာ 😍

22/05/2026

ကျမကို တချို့ညီမငယ်လေးတွေမေးတတ်ကြတာ လူတိုင်းနဲ့အဆင်ပြေအောင် ဘယ်လိုနေရမလဲ၊ အစ်မ ဘယ်လိုနေလဲတဲ့။ ကျမ လူတိုင်းနဲ့တည့်တယ်လို့ မထင်ပါဘူး အရိုးသားဆုံးပြောတာပါ။ လူရယ်လို့ဖြစ်လာရင် လူတိုင်းရဲ့အချစ်ခံလေး၊ အမုန်းနတ္ထိလေးဖြစ်ဖို့ထက် … ကိုယ်က ကိုယ့်စည်းကိုယ့်ဘောင်နဲ့ သူတပါးမထိခိုက်အောင် နေတတ်ရင်ကို လုံလောက်ပြီလို့ ကျမက ခံယူထားပါတယ်။ ကျမအပါအဝင် လူတချို့ဟာ … သူ့ဘာသူနေတဲ့သူတွေ၊ ကိုယ်နဲ့ ဘာမှ ဒဲ့ငြိတာမရှိဘူးဆိုရင် ဒီလိုပဲ အေးဆေးနေကြတာပါပဲ။ တချို့ကျ … ကိုယ့်မြင်တာနဲ့ သောက်မြင်ကပ်နေတာလည်း သူ့အကြောင်းနဲ့သူ ရှိနိုင်တာပါပဲ။ ကိုယ်က သောက်မြင်ကပ်အောင်ကို တမင်နေလို့ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာလည်း ရှိနိုင်သလို၊ ကိုယ်နဲ့သူ သဘာဝမတူ၊ အနေအထားမတူ၊ ခံယူချက်မတူလို့ ကြည့်မရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီတော့ လူတိုင်းချစ်ခံရဖို့က မလွယ်ပါဘူး။

ဒီ့ထက်ရှင်းအောင်ပြောရရင် ခြင်္သေ့အုပ်ထဲ ယုန်ဟာ မဝင်ဆံ့သလို၊ နွားအုပ်ထဲ ကျားဝင်နေလို့မရပါဘူး။ လူဟာ အပေါ်ယံသဏ္ဍာန်ဆင်ပေမဲ့ အတွင်းစိတ်ဟာ ကွဲပြားပါတယ်။ ယေဘုယျပုံစံတူတဲ့သူတွေ အချင်းချင်း ဘယ်လိုပေါင်းဖက်ကြလဲဆို စိတ်နေသဘာဝဆင်သူတွေပဲ ပေါင်းဖက်ကြရပါတယ်။ ဒီနေရာမှာ စိတ်သဘောထား မတူပေမဲ့၊ တော်စပ်မှုအရယုန်မိသားစုထဲက ခြင်္သေ့တကောင်ကို မြင်ရတာမျိုးရှိနိုင်သလို၊ ကြောင်မိသားစုထဲက ကြွက်ကလေးဖြစ်ရသူတွေလည်း ရှိနေနိုင်တာပါပဲ။ ဒါပေမဲ့ စိတ်ချင်းမတူရင် … ပွတ်တိုက်မှုတွေက အနည်းနဲ့အများရှိကြပါတယ်။ ဒီလိုပဲ ကြိတ်မှိတ်သည်းခံလိုက်/ပေါက်ကွဲလိုက်နဲ့ နေကြရသူတွေများပါတယ်။

ငယ်ငယ်ကတော့ ကျမလည်း လူတိုင်းနဲ့အဆင်ပြေချင်တယ်။ နောက်တော့ သဘောပေါက်လာတာက … လူတိုင်းက ကိုယ်နဲ့အဆင်ပြေချင်မှပြေမယ်ပေါ့။ ကိုယ်က ကောင်းကောင်းမွန်မွန်ဆက်ဆံပါလျက်နဲ့ ကိုယ့်အပေါ်မရိုးဖြောင့်တော့လည်း ထွေထူးဝမ်းနည်းမနေတော့ဘူး။ လူတိုင်းအနားရှိမှ ပျော်ရွှင်ရမယ်ထင်တာထက်၊ ကိုယ်နဲ့စိတ်သဘောချင်းတူမျှသူနည်းနည်းရှိလည်း ဘဝက အဆင်ပြေသားပဲဆိုတာကို တွေးတတ်လာတယ်။ ကိုယ်ကစပြီး သူ့ဘာသူနေတဲ့ ဘယ်သူ့ကိုမှ ပြဿနာမလုပ်သလို၊ ကိုယ့်ကိုလာလုပ်လည်း သူများဘက်ထက် ကိုယ့်ဘက်ကိုယ်ပဲ ကြည့်လိုက်တယ်။ ငါဘာမှားလဲ သူထောက်ပြတာ ငါမှားလို့ဆို ငါပြင်မယ်၊ ငါမမှားဘဲ မုန်းလို့ကို လိုက်ပြောနေတာဆိုရင်တော့ … သူ့ကိစ္စ သူ့အပူလို့ပဲတွေးလိုက်တယ်။ တခါတလေ ပြန်တုံ့ပြန်ချင်လည်း တုံ့ပြန်မိမယ်။ များသောအားဖြင့်ကတော့ ကိုယ့်စိတ်လေးကို မပင်ပန်းစေချင်ဘူး။ ကိုယ်လည်း ပြည့်စုံနေတဲ့သူမဟုတ်ဘူး၊ ဆရာမကြီးလည်း မဟုတ်ဘူး၊ မောက်မာဖို့လည်း ဝါသနာမပါဘူး။ ဒီလိုပဲ ကိုယ့်လာပြီး အရှိန်အဝါပြသနေလည်း အသိအမှတ်ပြုသင့်တဲ့အရာဆို လက်ခံပေးလိုက်တယ်။ ဒါဟာ ကိုယ်နိမ့်ကျသွားတာမဟုတ်ဘူး။ ကိုယ့်နေရာက ကိုယ့်တည်ဆောက်မှုနဲ့ပဲဆိုင်ပါတယ်။

လူတွေဟာ မသေမချင်း လူတွေနဲ့ ထိတွေ့နေရအုံးမှာပဲ။ လူတွေချစ်အောင်နေဖို့၊ လူတိုင်းနဲ့တည့်ဖို့ထက်၊ ကိုယ့်ရှင်သန်မှုဟာ ကိုယ့်ကိုယ်ကိုနဲ့ သူတပါးကို မထိခိုက်ဘူးဆို လူဖြစ်ရတာ တန်ပါတယ်။ ကောင်းမွန်သော စိတ်အေးချမ်းရာတို့ ပြည့်ဝကြည်လင်နိုင်ကြပါစေ 🤍✨🧜‍♀️

Witchy Candy 🍭

ที่อยู่

Bangkok

เบอร์โทรศัพท์

+66951373686

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Witchy Candyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์