
16/08/2025
ရှေးအဘဝိဇ္ဇာ ဆရာကြီးများ၏ ရေစင်(၁၇)မျိုးကပ်လှူပူဇော်နည်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရှေးတုန်း အဘဝိဇ္ဇာ ဆရာကြီးတွေဟာ ရောဂါ ကပ်ဘေး
တွေ ကျရောက်လာလျှင်သော်၄င်း ၊ လက်နက်ဘေး စစ်မက်ဘေးတွေ ကြုံတွေ့လာရလျှင်သော်၄င်း ၊ အစာရေစာ ငတ်မွတ်ဘေး ကျရောက်လာလျှင်သော်၄င်း........
ဤ ရေစင် (၁၇)မျိုးကို ကပ်ခိုင်း၍ ထိုကပ်ကြီး၃ပါး၏
ဘေးရန်မှနေ လွတ်ကင်းအောင် ပြုလုပ်ဆောင်ရွက်ခိုင်းကြလေသည် ။
ရေစင် (၁၇)မျိုး
^^^^^^^^^^^^^^
၁။ဘုရားရေစင်
၂။သိကြားရေစင်
၃။နတ်ရေစင်
၄။ဝိဇ္ဇာရေစင်
၅။သိုက်ရေစင်
၆။နဂါးရေစင်
၇။ဇီဝကရေစင်
၈။အာယုရေစင်
၉။ဘဝ ဘောဂ ရေစင်
၁၀။စက္ခုရေစင်
၁၁။သစ္စာ ရေစင်
၁၂။အဓိဋ္ဌာန် ရေစင်
၁၃။ပုလဲရေစင်
၁၄။သောတ ရေစင်
၁၅။သုခ ရေစင်
၁၆။မေတ္တာရေစင်
၁၇။ မင်္ဂလာရေစင်
ထိုရေစင် (၁၇)မျိုးကို ကပ်လှူနည်းမှာ
၁။ ဘုရားရေစင် မိမိ၏ မွေးနေ့ မနက် ၉း၄၅တွင် အိမ်ရှိမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးအား သောက်တော်ရေ ၊ မျက်နှာသစ်တော်ရေ ၊ လက်ဆေးတော်ရေ ဟူ၍ ရေ၃မျိုး ဖန်ခွက်ထဲထည့်၍ ကပ်လှူပါ ။
၂။သိကြားရေစင် သကြားဖြူဖြူသန့်သန့် ၃ဇွန်းအား ရေနှင့်ဖျော်၍ ကပ်လှူပါ ။
၃။နတ်ရေစင် မွှေးနံ့သာ တစ်မျိုးမျိုးအား ရေနှင့်ရော၍
ကပ်လှူပါ (ရေတစ်ခွက်ထဲတွင် သွေးပြီးသား နံ့သာဖြူ
အနည်းငယ်ရောစပ်ပြီးကပ်လှူပါ)
၄။ဝိဇ္ဇာရေစင် အဘ ဝိဇ္ဇာဆရာကြီးများအား ရည်စူး၍
ရေနွေးကြမ်းတစ်ခွက်ကပ်လှူပါ ။
၅။သိုက်ရေစင် မိမိနှစ်သက်ရာ ပန်းတစ်မျိုးမျိုး (ရနံ့ရှိသောပန်းဖြစ်ရပါမည်) ရေစိမ်၍ ကပ်လှူပါ ။
၆။နဂါးရေစင် မိမိ၏မွေးနေ့နံနက် ၉း၄၅ အချိန်တွင် နွားနို့
ပျစ်ပျစ်တစ်ခွက်ကပ်လှူပါ ။
၇။ဇီဝကရေစင် သွေးဆေးတစ်မျိုးမျိုးအား ရေနှင့်ဖျော်၍
ကပ်လှူပါ ။
၈။အာယုရေစင် ရေသန့်တစ်ခွက်အား (အာယုဝဏ္ဏော သုခံဗလံ) ဟူ၍ နှုတ်မှ ၉ကြိမ်ရွတ်ဆို၍ ကပ်လှူပါ ။
၉။ဘဝ ဘောဂ ရေစင် ရေသန့်တစ်ခွက်အား (ဘဝန္တု သဗ္ဗ
မင်္ဂလံ)ဟူ၍ ၉ကြိမ်တိတိ နှုတ်မှရွတ်ဆို၍ ကပ်လှူပါ ။
၁၀။စက္ခုရေစင် ရေသန့်တစ်ခွက်အား (စက္ခုမာစရ မာစိန္နော ) ဟူ၍နှုတ်မှ ၉ကြိမ်တိတိ ရွတ်ဆို၍ ကပ်လှူပါ။
၁၁။သစ္စာရေစင် ရေသန့်တစ်ခွက်ကို မိမိပြုလုပ်ဖူးသော
ဒါန တခုခုအား စိတ်ညွှတ်၍ (ဧ တေန သစ္စဝဇ္ဇေန ဟောတုမေ သဗ္ဗဒါ) ဟူ၍နှုတ်မှ ၃ကြိမ်တိတိ ရွတ်ဆို၍ ကပ်လှူပါ ။
၁၂။အဓိဋ္ဌာန်ရေစင် ရေသန့်တစ်ခွက်အား မိမိဆောက်တည်ခဲ့ဘူးသော် အဓိဋ္ဌာန်တခုခုအား စိတ်ညွှတ်၍ (ဧ တေန သစ္စဝဇ္ဇေန အဓိဌာန ဟောတုမေ သဗ္ဗဒါ) ဟူ၍နှုတ်မှ ၃ကြိမ်တိတိ ရွတ်ဆို၍ ကပ်လှူပါ ။
၁၃။ပုလဲရေစင် ရေသန့်တစ်ခွက်အား သံမ္ဗုဒ္ဓေဂါထာ ၉ခေါက်ရွတ်ဆို၍ ကပ်လှူပါ ။
၁၄။သောတရေစင် ရေသန့်တစ်ခွက်အား (သောတဝိဉာဏ
ဓါတု) ဟူ၍နှုတ်မှ ၉ကြိမ်ရွတ်ဆို၍ကပ်လှူပါ ။
၁၅။သုခရေစင် ရေသန့်တစ်ခွက်အား ( သုခံ သုပတိ သုတ္တောစ ၊ ပါပကိဉ္စိ န ပဿတိ) ဟူ၍နှုတ်မှ ၉ကြိမ်တိတိရွတ်ဆို၍ ကပ်လှူပါ ။
၁၆။မေတ္တာရေစင် ရေသန့်တစ်ခွက်အား ( မေတ္တဉ္စ သဗ္ဗ
လောက သပ္မိ ၊ မာနသံ ဘာဝယေ အ-ပရိမာဏံ)ဟူ၍နှုတ်မှ ၉ကြိမ်တိတိရွတ်ဆို၍ ကပ်လှူပါ ။
၁၇။မင်္ဂလာရေစင် ရေသန့်တစ်ခွက်အား (သဗ္ဗလောက ဟိတ္ထာယ ၊ မင်္ဂလံ တံ ဘဏာမဟေ )ဟူ၍နှုတ်မှ ၉ကြိမ်တိတိရွတ်ဆို၍ ကပ်လှူပါ ။
ရေစင်(၁၇မျိုး)ကပ်လှူပူဇော်ခြင်းအား တနေ့ထဲနှင့်အပြီး
ပြုလုပ်ဆောင်ရွက်ရမည်ဟု မဆိုလိုပါ ။
မည်သည့်နေ့တွင်မဆို အမှတ်စဉ်(၁)ဘုရားရေစင်မှ စ၍
တနေ့လျှင် ၃မျိုး အနည်းဆုံး ကပ်လှူနိုင်ပါသည် ။
ဆုတောင်းပုံ
^^^^^^^^^^^
ဤရေစင်များကို ကပ်လှူပြီးသည့်နေ့မှ အစပြု၍ အကျွန်ုပ်တို့ မိသားစုသည် လှိုင်းကြီးလှေအောက် တောင်ကြီး ဖဝါးအောက် ဆိုဘိသကဲ့သို့ ဘုရားတပြည့်တော်တို့၏ မိသားစုအပေါ်သို့ ကောင်းသောကံများအကျိုးသက်ရောက်စေပြီး ကပ်ကြီး
၃ပါး၏ ဘေးမှ လွတ်ကင်းပါစေသတည်း ဤကဲ့သို့ ရေစင်
(၁၇)မျိုးကပ်လှူပူဇော်ရသည့်အကျိုးသည် ၇ရက်သားသမီးအပေါင်းနှင့် တကွသတ္တဝါအားလုံးအေးချမ်းပါစေသတည်း ။
ဤ ရေစင် ၁၇မျိုး ကပ်လှူပြီးသည့်အချိန်မှစ၍
ဘုရားတပြည့်တော် တို့မိသားစုအပေါ်တွင်
အညံ့တွေပပျောက်ပါစေ
အဆိုးတွေကင်းစင်ပါစေ
ဝမ်းနည်းမှုတွေကင်းစင်ပါစေ
ကြပ်တည်းမှုတွေကင်းစင်ပါစေ
ငတ်မွတ်ဘေး မှ လွတ်မြောက်ပါစေ
မရှိ ၊ မသိ ၊ မဝ ၊ မလှ၊ မရ
တည်းဟူသော `မ´၅လုံးဖယ်ခွာ၍
အောင်ဓာတ်တွေပြည့်ပါစေ ။
(ဥုံ သိဒ္ဓိ သိဒ္ဓိ မဟာ သိဒ္ဓိ.... သိဒ္ဓိ အပေါင်း ထောင်သောင်း
တက်ဆရာတက် ထက်ဆရာထက်.... ေဩာင်း တိဋ္ဌတု
တည်စေ တည်စေ) ဟူ၍ သုံးကြိမ်တိတိရွတ်ဆိုပါ ။
ရေစင်အကျိုး (၁၇)မျိုးကပ်လှူရခြင်းအကျိုး
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
(၁) ဘုရားရေစင် -
မြတ်စွာဘုရား၏အရိပ်အောက်
အေးချမ်းစွာနားခိုနိုင်ခြင်း
(၂) သိကြားရေစင် -
သိကြားမင်း၏ကူညီစောင့်ရှောက်မှုရရှိခြင်း
(၃) နတ်ရေစင် -
နတ်များ၏ချစ်ခင်ခြင်း
(၄) ဝိဇ္ဇာရေစင် -
ဝိဇ္ဇာကြီးများ၏မစခြင်း၊ စောင့်ရှောက်ခြင်း
(၅) သိုက်ရေစင် -
သိုက်များကြည့်ရူစောင့်ရှောက်မှုကိုခံရခြင်း
(၆) နဂါးရေစင် -
နဂါးသိုက်အဆက်များမှ မိမိအားစောင့်ရှောက်မှုပေးခြင်း
(၇) ဇီဝကရေစင် -
ကပ်ရောဂါဖယ်ရှားခြင်း၊
(၈) အာယုရေစင် -
အသက်ရှည်ခြင်း
(၉) ဘဝဘောဂရေစင် -
ဝင်ငွေကောင်းခြင်း
(၁၀) စက္ခုရေစင် -
ကောင်းသောအမြင်ရှိခြင်း ကောင်းသော ဣဌာရုံ များသာမြင်တွေ့ရခြင်း
(၁၁) သစ္စာရေစင် -
သစ္စာပြည့်ဝခြင်း ၊ သစ္စာတရား၏ အကျိုးကျေးဇူးကိုခံစားရစေခြင်း
(၁၂) အဓိဌာန်ရေစင် -
အဓိဌာန်တိုင်းပြည့်ဝခြင်း
(၁၃) ပုလဲရေစင် -
လူအများ၏ နှစ်လိုဖွယ်ကြည်ညိုမှုကိုခံရခြင်း
(၁၄) သောတရေစင် -
သတင်းကောင်းကြားရခြင်း
(၁၅) သုခရေစင် -
စိတ်ချမ်းသာခြင်းအဖြာဖြာရခြင်း
(၁၆) မေတ္တာရေစင် -
ချစ်ခင်လေးစားခြင်း ၊ ၇ရက်သားသမီး များမှ ရင်ဝယ်သားသဖွယ်သို့ ချစ်ခင်စေခြင်း
(၁၇) မင်္ဂလာရေစင် -
ကျက်သရေမင်္ဂလာတိုးခြင်း
မြန်မာပြည်သူ/သားများ ကပ်ကြီး၃ပါးကျော်လွားနိုင်ကြပါစေ။
မူရင်းတင်သူအားလေးစားစွာ Crdပေးပါသည်။
#ဆရာမကြီဒေါ်တင်မေ
09.400950230