Inner Space Yoga is the most precious one I choose in my life.

Couple Yoga /Partner Yoga🧘‍♀️🧘 ချစ်စရာအတွဲလေးတွေ သူတို့နဲ့ဆိုပါးစပ်မစိရ တစ်ချိန်လုံး ခွီနေရသော   #ယောဂ
05/08/2025

Couple Yoga /Partner Yoga🧘‍♀️🧘 ချစ်စရာအတွဲလေးတွေ

သူတို့နဲ့ဆိုပါးစပ်မစိရ တစ်ချိန်လုံး ခွီနေရသော


#ယောဂ

ယောဂ လေ့ကျင့်ခြင်းက ပျော့ပျောင်းခြင်းတစ်ခုတည်းအတွက်ပဲလား ။ ယောဂ လို့ပြောလိုက်တာနဲ့ ပျော့ပျောင်းတဲ့ကိုယ်နေဟန်ထားတွေကိုပြေ...
01/08/2025

ယောဂ လေ့ကျင့်ခြင်းက ပျော့ပျောင်းခြင်းတစ်ခုတည်းအတွက်ပဲလား ။

ယောဂ လို့ပြောလိုက်တာနဲ့ ပျော့ပျောင်းတဲ့ကိုယ်နေဟန်ထားတွေကိုပြေးမြင်ပြီး ဒီတစ်ခုတည်းကပဲ ယောဂရဲ့အကျိုးကျေးဇူးလို့ထင်နေတက်ကြပါတယ်။ တကယ်တော့ ယောဂ လေ့ကျင့်ခြင်းကနေရတဲ့အကျိုးကျေးဇူးတွေက ပျော့ပျောင်းခြင်းထက်အများကြီးပိုပါတယ်။ ဒီလိုပြောလိုက်လို့ ပျော့ပျောင်းခြင်းဆိုတဲ့အကျိုးကျေးဇူးကိုလဲ အထင်မသေးသင့်ပါဘူး ။ လှုပ်ရှားရပိုပေါ့ပါးသွက်လက်တယ် ၊ ရုတ်တရက် ကွေး၊ဆန့်ခြင်းကြောင့်ဖြစ်တက်တဲ့ ထိခိုက်ဒဏ်ရာရတာတွေကိုကာကွယ်ပေးနိုင်တယ်။ သွေးလည်ပတ်မှုပိုမိုကောင်းမွန်လာစေပြီး အာရုံကြောတွေဆီ အောက်စီဂျင် နဲ့ အာဟာရတွေပို့ဆောင်ပေးတဲ့စနစ်ပိုမိုကောင်းမွန်လာစေတယ်။ ယောဂလေ့ကျင့်ခြင်းကနေ ရရှိမယ့်နောက်ထပ်အကျိုးကျေးဇူးတွေကတော့ ဒီမှာပါ။

* Strength- ကြွက်သား၊အရိုးနဲ့အဆစ်တွေသန်မာလာစေခြင်း။
* Mobility- အဆစ်များ၏ကွေးနိုင်၊ဆန့်နိုင်၊လှည့်နိုင်စွမ်းများ တိုးတက်လာစေခြင်း။
* Body Posture - ကိုယ်နေဟန်ထားပိုမိုကောင်းမွန် လာစေခြင်း။
* Balance - ဟန်ချက်ထိန်းမှုပိုမိုကောင်းမွန်လာစေခြင်း။
* Stress relief- စိတ်ဖိစီးမှုလျော့ကျစေခြင်း။
* Energy Boost- ပေါ့ပါးလန်းဆန်းစေခြင်း။
* Better Breathing - အသက်ရှူရပိုမိုကောင်းမွန်လာစေခြင်း ။

ယောဂလေ့ကျင့်ခြင်းကနေရရှိတဲ့ အကျိုးကျေးဇူးကတော့ အများကြီးပါ။ ဆောင်ရန် ရှောင်ရန်ကတော့ ဘယ်အရာမှာမဆိုရှိကြတာပဲ မဟုတ်လားရှင်။ ယောဂလေ့ကျင့်ခြင်းမှာ သတိကပ်နေဖို့ အရေးကြီးပါတယ်။ စိတ်တခြား ခန္ဓာကိုယ်တခြားဖြစ်နေလို့မရပါဘူး ။ သတိမမှုပဲလုပ်လိုက်မိတဲ့အပြုအမူတွေကသာ ထိခိုက်ဒဏ်ရာရရှိစေတာပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်အဆင်သင့်မဖြစ်သေးချိန် အတင်းဖိအားပေးတာမျိုးကလဲ မလုပ်သင့်တဲ့အရာပါ။ ကိုယ့်ကို လေ့ကျင့်သင်ကြားပေးတဲ့သူက ညွှန်ကြားတဲ့အရာတွေကို ဂရုစိုက်နားထောင်ပြီး လိုက်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် ယောဂကို ထိခိုက်ဒဏ်ရာကင်းကင်းနဲ့ ထိထိရောက်ရောက်လေ့ကျင့်နိုင်မှာပဲဖြစ်ပါတယ်ရှင်။

Instructor Gi
Inner Space Yoga

🧘‍♀️🧘‍♀️🧘‍♀️မင်္ဂလာပါရှင်ဩဂုတ်လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။ Weekend Morning Class (Beginner)Sat &...
01/08/2025

🧘‍♀️🧘‍♀️🧘‍♀️

မင်္ဂလာပါရှင်

ဩဂုတ်လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။

Weekend Morning Class (Beginner)
Sat & Sun
6:30 Am to 7:30 Am

စနေ ၊တနင်္ဂနွေ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာလေးတွေ မထိခိုက်စေပဲ ကျန်းမာရေးအတွက် လုပ်လို့ရတဲ့ မနက်အစောပိုင်းအချိန်လေးပါရှင်။

Weekend Evening Class ( Intermediate)
Sat ,Sun
7:00 Pm to 8:00 Pm

ဒီအတန်းလေးကတော့ ရုံးချိန်လွတ်ဖြစ်ပြီး တနေ့တာလှုပ်ရှားမှုတွေကြားထဲ တင်းမာမှုတွေကိုဖြေလျှော့ပေးဖို့အတွက် အရမ်းအဆင်ပြေသောအတန်းလေးပါရှင်။

Weekday Evening Class
Tue & Thur
7:00 Pm to 8:00 Pm

စနေ၊ တနင်္ဂနွေကို တခြားလူမူဆောင်တာကိစ္စတွေအတွက် အပြည့်အဝအချိန်ဖယ်ထားချင်တဲ့သူတွေအတွက် ကြားရက်အတန်းလေးဖြစ်ပါတယ်ရှင်။ ဒီလမှာ ထပ်တိုးဖွင့်ပေးတဲ့အတန်းသစ်လေးပါရှင်။

တစ်ယောက်တည်း သီးသန့်သင်ကြားချင်သူများအတွက်လဲ ကိုယ်လိုချင်တဲ့ အချိန်ညှိပြီး သင်ကြားပေးနေပါတယ်ရှင်။ ဘော်ကန်ကော်ကောက်မှာနေတဲ့သူတွေအတွက် In Person Private class လေးတွေလည်းရှိပါတယ်ရှင့်။ ကိုယ်လေ့ကျင့်ချင်တဲ့အချိန်နဲ့ ရက် ညှိယူလို့ရပါတယ်ရှင်။

🌿 Yoga is the dance of every cell with the music of every breath that creates inner serenity and harmony. 🌿. (Debasish Mridha)

Yoga Instructor
Gi

တစ်နှစ်လောက် ယောဂနဲ့အဆက်ပြတ်နေပြီး ပထမဆုံး ပြန်လေ့ကျင့်တဲ့နေ့ 👇👇👇
25/07/2025

တစ်နှစ်လောက် ယောဂနဲ့အဆက်ပြတ်နေပြီး ပထမဆုံး ပြန်လေ့ကျင့်တဲ့နေ့ 👇👇👇

ဘယ်လိုစိတ်နဲ့ယောဂလေ့ကျင့်မလဲယောဂကျင့်ဖို့ ဘယ်လိုအခြေအနေ ဘယ်လိုအကြောင်းတရားတွေကြောင့် စပြီးကျင့်ဖြစ်ခဲ့တာလဲ ။ လက်ရှိမှာရေ...
24/07/2025

ဘယ်လိုစိတ်နဲ့ယောဂလေ့ကျင့်မလဲ

ယောဂကျင့်ဖို့ ဘယ်လိုအခြေအနေ ဘယ်လိုအကြောင်းတရားတွေကြောင့် စပြီးကျင့်ဖြစ်ခဲ့တာလဲ ။ လက်ရှိမှာရော ဘယ်လိုစိတ်နဲ့ယောဂလေ့ကျင့်ဖြစ်နေလဲ ။ ယောဂီတို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြရအောင်။ အညောင်းအညာပြေဖို့ ၊ပိုကျန်းမာချင်လို့၊ကိုယ့်အတွက်တစ်ခုခုမှာအချိန်ပေးပြီးသေချာလေးလုပ်ကြည့်ချင်လို့၊ယောဂပိုစ့်လှလှလေးတွေလုပ်တတ်ချင်လို့၊ခန္ဓာကိုယ်ပျော့ပျောင်းချင်လို့ စသဖြင့် ယောဂကျင့်ဖြစ်စေတဲ့ အကြောင်းတရားတွေရှိကြမှာပါ။ ဘယ်လိုအကြောင်းတရားကြောင့်ပဲ ယောဂလမ်းပေါ် စပြီးလျှောက်လှမ်းခဲ့ပါစေ ခုချိန်မှာ ကိုယ့်ရဲ့ယောဂအပေါ်ထားရှိတဲ့သဘောထားနဲ့ အကျိုးရလဒ်တွေကို ပြန်ဆန်းစစ်ကြည့်ရင် ရှေ့လျှောက် ယောဂလမ်းက ကိုယ့်အတွက် အများကြီးအထောက်အကူဖြစ်စေမှာပါ။ ယောဂရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ကိုယ်၊စိတ်၊နှလုံး (Body, Mind & Spirit) ဒီ သုံးပါးကို ပေါင်းစည်းစေဖို့ပါ။ ယောဂကို စွဲစွဲမြဲမြဲလေ့ကျင့်တာကြာလာတဲ့ ယောဂီတွေဟာ ကိုယ့်ခန္ဓာကိုယ်ရဲ့သဘာဝ ၊ စိတ်ရဲ့သဘာဝတွေကို ပိုပြီးနားလည်သဘောပေါက်လာကြပါတယ်။ ယောဂလေ့ကျင့်ရင်း ကိုယ့်ခန္ဓာကိုယ်ရဲ့အားသာချက်၊အားနည်းချက်တွေ တွေ့လာရတယ်။ ခန္ဓာကိုယ်ကြောင့်ဖြစ်လာတဲ့စိတ်ခံစားမှုတွေ၊စိတ်ကြောင့်ဖြစ်တဲ့ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို ဖြည်းဖြည်းချင်း သိမြင်လာကြပါတယ်။ ယောဂလေ့ကျင်မှုမှာ ပိုပြီးပျော်ဝင်နိုင်အောင် နောက်တစ်ချိန်ယောဂကျင့်တဲ့အချိန်ကစပြီး ဒီအချက်လေးတွေနဲ့အတူလေ့ကျင့်ကြည့်ရအောင်နော်။

* ပစ္စုန်ပ္ပန်မှာနေပါ ။ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာတထပ်တည်းရှိပါစေ ။ အတိတ်ကိုလည်းလှမ်းမမျှော်သလို အနာဂတ်ကိုလဲ ကြိုမတွေးပါနဲ့။

* မဝေဖန်ပါနဲ့ ။ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာ နှစ်ခုစလုံးကို သူများနဲ့ နှိုင်းယှဉ်ပြီးမဝေဖန်လိုက်ပါနဲ့ ။ ကိုယ့်ခန္ဓာကိုယ်က ပြောလာတဲ့အရာကိုပဲ အာရုံစိုက်နားထောင်ပေးပါ။

* မိမိကိုယ်ကို ချစ်ပါ။ ကိုယ့်ရဲ့အရှိအတိုင်းလေးလက်ခံပေးပါ။တန်ဖိုးထားပေးပါ။ ယောဂပိုစ့် တစ်ခုကိုမလုပ်နိုင်သေးတာ ကိုယ် မတော်လို့မဟုတ်ပါဘူး။

* စိတ်ရှည်ပါ ။ ကိုယ်စိုက်ပျိုးတဲ့အပင်ပေါ်မူတည်ပြီး ဘယ်ချိန်ပန်းပွင့်မယ် အသီးသီးမယ်ဆိုတာ အဖြေရှိပြီးသားမို့ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးပါ။

🪷 Yoga is a practice – not a performance.

Instructor Gi

ကိုယ့်ကိုယ်ချစ်ဖို့ မေ့နေမိပြီလား ။မိသားစုရေး ၊ လူမှုရေး ၊ စီးပွါးရေးတွေနဲ့ လုံးလည်ချာလည်လိုက်နေပြီး ကိုယ့်အတွက်အချိန်ပေ...
23/07/2025

ကိုယ့်ကိုယ်ချစ်ဖို့ မေ့နေမိပြီလား ။

မိသားစုရေး ၊ လူမှုရေး ၊ စီးပွါးရေးတွေနဲ့ လုံးလည်ချာလည်လိုက်နေပြီး ကိုယ့်အတွက်အချိန်ပေးဖို့ ပျက်ကွက်နေပြီလား ။ ပုခုံးပေါ်မှာကိုယ်စီ လေးပင်တဲ့တာဝန်တွေထမ်းရင်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ကျွန်မတို့ မေ့လျော့နေတတ်ကြတယ်။ တချို့ကြတော့လည်း ကိုယ်ကလွဲရင် ကျန်တာတွေက ဦးစားပေးဖြစ်နေတတ်ကြတာ ။ လုပ်လက်စတွေ ခဏလေးရပ်ပြီး တွေးကြည့်ရအောင် ဒီနေ့မှာ ငါ့အတွက် ငါဘာတွေလုပ်ပြီးပြီလဲလို့ ။ တကယ်တမ်း ကိုယ့်ရဲ့ဦးစားပေးတွေက ဘယ်လိုလူ ဘယ်လိုအရာတွေဖြစ်နေပါစေ ကိုယ့်ကိုယ်ကိုမှ သေချာမစောင့်ရှောက်နိုင်ရင် တစ်ချိန်မှာကိုယ်ချစ်တဲ့ တန်ဖိုးထားတဲ့အရာတွေကိုပါ လက်လွှတ်ဆုံးရှုံးရနိုင်ပါတယ်။ တခြားသူတွေကို ပေးဖို့အတွက်ဆို ကိုယ့်ဆီမှာအရင်ရှိမှရမှာမို့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကျန်းမာအောင် တာဝန်ယူပေးဖို့က ကိုယ့်မှာပဲရှိတာပါ။ ကိုယ့်အတွက် ကိုယ်ပိုင်ချိန်လေးပေးဖို့ အချိန်မဆွဲပါနဲ့တော့။ ဒီနေ့ပဲ အကောင်အထည်ဖော်လိုက်ပါတော့နော် ။

🧘‍♀️🧘‍♀️🧘‍♀️မင်္ဂလာပါရှင်ဂျူလိုင်လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။ Weekend Morning Class (Beginner)Sa...
29/06/2025

🧘‍♀️🧘‍♀️🧘‍♀️

မင်္ဂလာပါရှင်

ဂျူလိုင်လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။

Weekend Morning Class (Beginner)
Sat & Sun
6:30 Am to 7:30 Am

စနေ ၊တနင်္ဂနွေ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာလေးတွေ မထိခိုက်စေပဲ ကျန်းမာရေးအတွက် လုပ်လို့ရတဲ့ မနက်အစောပိုင်းအချိန်လေးပါရှင်။

Weekend Evening Class ( Intermediate)
Sat ,Sun
7:00 Pm to 8:00 Pm

ဒီအတန်းလေးကတော့ ရုံးချိန်လွတ်ဖြစ်ပြီး တနေ့တာလှုပ်ရှားမှုတွေကြားထဲ တင်းမာမှုတွေကိုဖြေလျှော့ပေးဖို့အတွက် အရမ်းအဆင်ပြေသောအတန်းလေးပါရှင်။

Weekday Evening Class
Tue & Thur
7:00 Pm to 8:00 Pm

စနေ၊ တနင်္ဂနွေကို တခြားလူမူဆောင်တာကိစ္စတွေအတွက် အပြည့်အဝအချိန်ဖယ်ထားချင်တဲ့သူတွေအတွက် ကြားရက်အတန်းလေးဖြစ်ပါတယ်ရှင်။ ဒီလမှာ ထပ်တိုးဖွင့်ပေးတဲ့အတန်းသစ်လေးပါရှင်။

တစ်ယောက်တည်း သီးသန့်သင်ကြားချင်သူများအတွက်လဲ ကိုယ်လိုချင်တဲ့ အချိန်ညှိပြီး သင်ကြားပေးနေပါတယ်ရှင်။ ဘော်ကန်ကော်ကောက်မှာနေတဲ့သူတွေအတွက် In Person Private class လေးတွေလည်းရှိပါတယ်ရှင့်။ ကိုယ်လေ့ကျင့်ချင်တဲ့အချိန်နဲ့ ရက် ညှိယူလို့ရပါတယ်ရှင်။

🌿 Yoga is the dance of every cell with the music of every breath that creates inner serenity and harmony. 🌿. (Debasish Mridha)

Yoga Instructor
Gi

“Yoga does not just change the way we see things, it transforms the person who sees.” – B.K.S. Iyengarယောဂ ဟာ လူတစ်ယောက်...
22/04/2025

“Yoga does not just change the way we see things, it transforms the person who sees.” – B.K.S. Iyengar

ယောဂ ဟာ လူတစ်ယောက်ကို ပတ်ဝန်းကျင်ကအရာတွေအပေါ် ရှူမြင်ပုံတွေ ပြောင်းလဲသွားစေရုံတင်မဟုတ်ပဲ အဲ့ဒီလူကိုယ်တိုင်ကိုပါ ပြောင်းလဲစေပါတယ်။
(B.K.S. Iyengar)

ကောင်းခြင်းအဖြာဖြာယူဆောင်လာပေးသောနှစ်သစ်ဖြစ်ပါစေ။ မြန်မာပြည်သူတို့ ကြုံတွေ့နေရတဲ့ဘေးဒုက္ခများမှ လွန်မြောက်ပြီး ကောင်းကျိ...
17/04/2025

ကောင်းခြင်းအဖြာဖြာယူဆောင်လာပေးသောနှစ်သစ်
ဖြစ်ပါစေ။ မြန်မာပြည်သူတို့ ကြုံတွေ့နေရတဲ့ဘေးဒုက္ခများမှ လွန်မြောက်ပြီး ကောင်းကျိုးချမ်းသာများရရှိမယ့်နေ့ရက်များအမြန်ဆုံးရောက်ရှိလာပါစေရှင်။

🧘‍♀️🧘‍♀️🧘‍♀️မင်္ဂလာပါရှင်March လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။ Weekend Morning Class (Beginner)Sat ...
21/02/2025

🧘‍♀️🧘‍♀️🧘‍♀️

မင်္ဂလာပါရှင်

March လ အတွက် Yoga Online Class လေးတွေ အပ်လို့ရပါပြီရှင် ။

Weekend Morning Class (Beginner)
Sat & Sun
6:30 Am to 7:30 Am

စနေ ၊တနင်္ဂနွေ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာလေးတွေ မထိခိုက်စေပဲ ကျန်းမာရေးအတွက် လုပ်လို့ရတဲ့ မနက်အစောပိုင်းအချိန်လေးပါရှင်။

Weekdays to Weekend Evening Class ( Intermediate)
Fri, Sat ,Sun
7:00 Pm to 8:00 Pm

ဒီအတန်းလေးကတော့ ရုံးချိန်လွတ်ဖြစ်ပြီး တနေ့တာလှုပ်ရှားမှုတွေကြားထဲ တင်းမာမှုတွေကိုဖြေလျှော့ပေးဖို့အတွက် အရမ်းအဆင်ပြေသောအတန်းလေးပါရှင်။

ဘော်ကန်ကော်ကောက်မှာနေတဲ့သူတွေအတွက် In Person Private class လေးတွေလည်းရှိပါတယ်ရှင့်။ ကိုယ်လေ့ကျင့်ချင်တဲ့အချိန်နဲ့ ရက် ညှိယူလို့ရပါတယ်ရှင်။

🌿 Yoga is the fountain of youth. You’re only as young as your spine is flexible 🌿. (Bob Harper)

Yoga Instructor
Gi

🧘‍♀️🧘‍♀️🧘‍♀️မင်္ဂလာပါရှင်ဒီနှစ်တော့ ကိုယ့်ကိုယ်ကို အချိန်သေချာပေးတော့မယ် ကျန်းမာရေးအတွက် အကျိုးရှိတာလေးတွေလုပ်မယ်ဆုံးဖြတ...
27/01/2025

🧘‍♀️🧘‍♀️🧘‍♀️

မင်္ဂလာပါရှင်

ဒီနှစ်တော့ ကိုယ့်ကိုယ်ကို အချိန်သေချာပေးတော့မယ် ကျန်းမာရေးအတွက် အကျိုးရှိတာလေးတွေလုပ်မယ်ဆုံးဖြတ်ထားပြီးကာမှ အချိန်ဆွဲနေမိနေတုန်းလား။ အချိန်တွေထပ်မရွှေ့တော့နဲ့နော် ခုပဲ Inner Space မှာ အတန်းလေးလာအပ်လိုက်ပါတော့ ။

Weekend Morning Class (Beginner)
Sat & Sun
6:30 Am to 7:30 Am

စနေ ၊တနင်္ဂနွေ အားလပ်ရက်လေးမှာ ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာလေးတွေ မထိခိုက်စေပဲ ကျန်းမာရေးအတွက် လုပ်လို့ရတဲ့ မနက်အစောပိုင်းအချိန်လေးပါရှင်။

Weekdays to Weekend Evening Class ( Intermediate)
Fri, Sat ,Sun
7:00 Pm to 8:00 Pm

ဒီအတန်းလေးကတော့ ရုံးချိန်လွတ်ဖြစ်ပြီး တနေ့တာလှုပ်ရှားမှုတွေကြားထဲ တင်းမာမှုတွေကိုဖြေလျှော့ပေးဖို့အတွက် အရမ်းအဆင်ပြေသောအတန်းလေးပါရှင်။

ဘက မှာ နေတဲ့သူတွေအတွက် In Person Private class လေးတွေလည်းရှိပါတယ်ရှင့်။ ကိုယ်လေ့ကျင့်ချင်တဲ့အချိန်နဲ့ ရက် ညှိယူလို့ရပါတယ်ရှင်။

🌿 Yoga is the dance of every cell with the music of every breath that creates inner serenity and harmony. 🌿

(Debasish Mridha)

Yoga Instructor
Gi

ယောဂ လေ့ကျင့်ချိန် တစ်ချိန်စာက နေ့ရက်တစ်ရက် ဖြတ်သန်းမှုကို ပိုကောင်းအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ စတင်ဖို့အကောင်းဆုံး...
11/01/2025

ယောဂ လေ့ကျင့်ချိန် တစ်ချိန်စာက နေ့ရက်တစ်ရက် ဖြတ်သန်းမှုကို ပိုကောင်းအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ စတင်ဖို့အကောင်းဆုံးအချိန်က အခုပါပဲ ။ လေးလံထိုင်းမှိုင်းမှုတွေကို အခုပဲလျှော့ချလိုက်ပါ။

Inner Space Yoga


#ယောဂ

ที่อยู่

Bangkok
10120

เบอร์โทรศัพท์

+66814271580

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Inner Spaceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram