kdms Orthopedic Hospital Myanmar

kdms Orthopedic Hospital Myanmar kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကြီး

သင့်တွင် ခါးနာခြင်း၊ ဒူးနာခြင်း၊ အရိုးအဆစ်ရောင်ခြင်း သို့မဟုတ် တင်ပါးဆုံရိုးနှင့်ပတ်သက်သောပြသာနာများရှိနေပါက Thai Expo Y...
13/05/2026

သင့်တွင် ခါးနာခြင်း၊ ဒူးနာခြင်း၊ အရိုးအဆစ်ရောင်ခြင်း သို့မဟုတ် တင်ပါးဆုံရိုးနှင့်ပတ်သက်သောပြသာနာများရှိနေပါက Thai Expo Yangon 2026 တွင် လာရောက်ဆွေးနွေးနိုင်ပါပြီ။ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ တွင် ဇွန်လ 5 ရက်နေ့မှ 7 ရက်နေ့ အထိ kdms အရိုးအထူးကုဆေးရုံမှ ကျောရိုး၊ ဒူးနှင့် တင်ပါးဆုံရိုး ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ဝင်ရောက်ဆွေးနွေးနိုင်ပါပြီ။

ပွဲသို့ လာရောက် သူများအတွက် အထူးပရိုမိုးရှင်းများ -
1. ဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးနိုင်မည့်အခွင့်အရေး ဇွန် လ 5 -7 2026 ထိ
2. 60 USD (2,000 ဘတ် ) တန် Cash Voucher ( 60 စောင်)

ကျောရိုး ,ဒူးခေါင်းနှင့် တင်ပါးဆုံရိုး အထူးကုဆရာဝန်ကြီးများနှင့် Thai Expo Yangon 2026 တွင် လာရောက်ဆွေးနွေးနိုင်ပါပြီ။

ဒူးနှင့် တင်ပါးဆုံရိုးအထူးကုနှင့် ဆွေးနွေးရန် – လွန်ခဲ့သည့် (၃) လအတွင်း ရိုက်ကူးထားသော X-Ray ဓာတ်မှန်ပုံများ။
ကျောရိုးအထူးကုနှင့် ဆွေးနွေးရန် – လွန်ခဲ့သည့် (၃) လအတွင်း ရိုက်ကူးထားသော MRI ဓာတ်မှန်ပုံများ။
အထွေထွေ – သက်ဆိုင်ရာ ဆေးမှတ်တမ်းများနှင့် လက်ရှိသောက်သုံးနေသော ဆေးဝါးအမည်များကို (တစ်ပါတည်း) ယူဆောင်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့ဆွေးနွေးနိုင်ရန် အောက်ပါလင့်ကို နိုပ်ပါ။
https://forms.gle/bpDaYtr5VE4F5Y1E6

📱 Viber, Messenger +6681-235-6100
📧 အီးမေးလ် imk@kdmshospital.com
🌐 ဝက်ဘ်ဆိုက် www.kdmshospital.com

#အရိုး #အရိုးဆေးရုံ #အရိုးအဆစ်ကုသမှု #အဆစ်ကြည့်မှန်ပြောင်းခွဲစိတ်

သင့်တွင် ခါးနာခြင်း၊ ဒူးနာခြင်း၊ အရိုးအဆစ်ရောင်ခြင်း သို့မဟုတ် တင်ပါးဆုံရိုးနှင့်ပတ်သက်သောပြသာနာများရှိနေပါက Thai Expo Y...
11/05/2026

သင့်တွင် ခါးနာခြင်း၊ ဒူးနာခြင်း၊ အရိုးအဆစ်ရောင်ခြင်း သို့မဟုတ် တင်ပါးဆုံရိုးနှင့်ပတ်သက်သောပြသာနာများရှိနေပါက Thai Expo Yangon 2026 တွင် လာရောက်ဆွေးနွေးနိုင်ပါပြီ။ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ တွင် ဇွန်လ 5 ရက်နေ့မှ 7 ရက်နေ့ အထိ kdms အရိုးအထူးကုဆေးရုံမှ ကျောရိုး၊ ဒူးနှင့် တင်ပါးဆုံရိုး ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ဝင်ရောက်ဆွေးနွေးနိုင်ပါပြီ။

ပွဲသို့ လာရောက် သူများအတွက် အထူးပရိုမိုးရှင်းများ -
1. ဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးနိုင်မည့်အခွင့်အရေး ဇွန် လ 5 -7 2026 ထိ
2. 60 USD (2,000 ဘတ် ) တန် Cash Voucher ( 60 စောင်)

ကျောရိုး ,ဒူးခေါင်းနှင့် တင်ပါးဆုံရိုး အထူးကုဆရာဝန်ကြီးများနှင့် Thai Expo Yangon 2026 တွင် လာရောက်ဆွေးနွေးနိုင်ပါပြီ။

ဒူးနှင့် တင်ပါးဆုံရိုးအထူးကုနှင့် ဆွေးနွေးရန် – လွန်ခဲ့သည့် (၃) လအတွင်း ရိုက်ကူးထားသော X-Ray ဓာတ်မှန်ပုံများ။
ကျောရိုးအထူးကုနှင့် ဆွေးနွေးရန် – လွန်ခဲ့သည့် (၃) လအတွင်း ရိုက်ကူးထားသော MRI ဓာတ်မှန်ပုံများ။
အထွေထွေ – သက်ဆိုင်ရာ ဆေးမှတ်တမ်းများနှင့် လက်ရှိသောက်သုံးနေသော ဆေးဝါးအမည်များကို (တစ်ပါတည်း) ယူဆောင်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့ဆွေးနွေးနိုင်ရန် အောက်ပါလင့်ကို နိုပ်ပါ။
https://forms.gle/bpDaYtr5VE4F5Y1E6

📱 Viber, Messenger +6681-235-6100
📧 အီးမေးလ် imk@kdmshospital.com
🌐 ဝက်ဘ်ဆိုက် www.kdmshospital.com
#အရိုး #အရိုးဆေးရုံ #အရိုးအဆစ်ကုသမှု #အဆစ်ကြည့်မှန်ပြောင်းခွဲစိတ်

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဉီးဝင်းရွှေကတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကြီ...
28/04/2026

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဉီးဝင်းရွှေကတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကြီးကို ဒုတိယအကြိမ် အနေနဲ့ ဘယ်ဖက် တင်ပါးဆုံရိုးခွဲစိတ် အစားထိုးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လထဲမှာ ညာဖက် တင်ပါးဆုံရိုးကို စက်ရုပ်အကူအညီနဲ့ အောင်မြင်စွာ ခွဲစိတ်အစားထိုးခဲ့ပြီး ၁ နှစ်အကြာမှာ ဘယ်ဖက် တင်ပါးဆုံရိုးနာကျင်မှုများကြောင့် စက်ရုပ်အကူအညီနဲ့ ခွဲစိတ် အစားထိုးဖို့ ဒူးနှင့် တင်ပါးဆုံရိုး အထူးကုဆရာဝန်ကြီး Dr. Napon Sinthuvanich, M.D နဲ့ kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကို Mandalay Medical Service အကူအညီဖြင့် ဒုတိယအကြိမ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ပထမအကြိမ်လာရောက်ခွဲစိတ်တုန်းကတော့ ဘယ်ဖက်တင်ပါးဆုံရိုးက ညာဖက်နဲ့ ယှဉ်ရင် နာကျင်မှု သိပ်မသိသာသေးတာကြောင့် ပိုနာနေတဲ့ ညာဖက်ကိုပဲ အရင်ဆုံးခွဲစိတ် အစားထိုးခဲ့တာပါ။ ခွဲစိတ်ပြီး ရလဒ်များ ကောင်းမွန်တာကြောင့်ရော၊ ဆရာဝန်ကြီးရဲ့ ကျွမ်းကျင်မှုနဲ့ ဆေးရုံရဲ့ ဝန်ဆောင်မှုတွေကို စိတ်ကျေနပ်မှု ရှိတာကြောင့်ပါ အခုတစ်ခေါက်မှာတော့ ဒုတိယအကြိမ်အဖြစ် ဘယ်ဖက်တင်ပါးဆုံရိုးကိုပါ ထပ်မံခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ဦးဝင်းရွှေဟာ စက်ရုပ်အကူအညီသုံး ခွဲစိတ်မှု (Robotic-Assisted Surgery) ကြောင့် နာကျင်မှုသက်သာပြီး ပြန်လည်နာလန်ထူလာနိုင်ပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့အတူ ပြန်လည်ထူထောင်ရေးအတွက် အတွေ့အကြုံရင့် ဝန်ထမ်းများကလည်း အသင့်စောင့်ရှောက်ပေးနေတာကြောင့် လူကြီးမင်းတို့ရဲ့ အရိုးအဆစ် ပြဿနာတွေအတွက် အကောင်းဆုံး ကုသမှုတွေကို ခေတ်မီနည်းပညာတွေနဲ့ စိတ်ချလက်ချ ခံယူနိုင်ဖို့ kdms ဆေးရုံကြီးကို အခုပဲ ဆက်သွယ်ပြီး ရက်ချိန်းယူလိုက်ပါ။

ဆက်သွယ်ရန်

📱 Viber, Messenger +6681-235-6100
📧 အီးမေးလ် imk@kdmshospital.com
🌐 ဝက်ဘ်ဆိုက် www.kdmshospital.com
#ဒူးဆစ်အရွတ် #အရိုးအဆစ်ကုသမှု #ဒူးနာကျင်ခြင်း #အားကစားဒဏ်ရာ #အဆစ်ကြည့်မှန်ပြောင်းခွဲစိတ် #အရိုးအထူးကုဆေးရုံ

ဒူးခေါင်းအရွတ်နဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုတွေကို ဘာကြောင့် မှန်ပြောင်းနဲ့ (Arthroscopic surgery) ခွဲစိတ်ဖို့ ရွေးချယ်လာကြတာလ...
10/04/2026

ဒူးခေါင်းအရွတ်နဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုတွေကို ဘာကြောင့် မှန်ပြောင်းနဲ့ (Arthroscopic surgery) ခွဲစိတ်ဖို့ ရွေးချယ်လာကြတာလဲ?

ဒူးခေါင်းအရွတ် ပြသနာများကို အဆစ်ကြည့် မှန်ပြောင်းခွဲစိတ်မှု (Arthroscopic surgery) နဲ့ ပြုပြင်ခြင်းဟာ ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိတတ်ပါတယ်။ ဒါပေမယ့် ရလဒ်က ဘယ်လောက်အထိ ကောင်းမွန်သလဲဆိုတာကတော့ ထိခိုက်ဒဏ်ရာရတဲ့ အရွတ်အမျိုးအစား၊ လူနာရဲ့ အခြေအနေနဲ့ ခွဲစိတ်မှုအပြီး ပြန်လည်ထူထောင်ရေး ကာလအပေါ် အများကြီးမူတည်ပါတယ်။ ဒူးခေါင်းအရွတ် မှန်ပြောင်းခွဲစိတ်မှုရဲ့ ကောင်းမွန်တဲ့ ရလဒ်များ

ဒီလိုခွဲစိတ်မှုဟာ လူနာတွေအတွက် သိသိသာသာ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

· နာကျင်ကိုက်ခဲမှု လျော့ကျခြင်းနဲ့ ဒူးဆစ်လုပ်ဆောင်နိုင်စွမ်း ကောင်းမွန်လာခြင်း - ဒူးဆစ်နေရာရွှေ့ကျခြင်း (Knee Dislocation) နဲ့ အရွတ်များစွာ ထိခိုက်ဒဏ်ရာရသူတွေကို အဆစ်ကြည့်မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှုခံယူပြီးနောက် လူနာတွေရဲ့ နာကျင်မှုအဆင့် သိသိသာသာ လျော့ကျသွားကြပါတယ် ။ ဒူးဆစ်ရဲ့ တည်ငြိမ်မှုနဲ့ လုပ်ဆောင်နိုင်စွမ်း တိုးတက်လာတာကိုလဲ တွေ့ရမှာပါ။

· ပုံမှန်လှုပ်ရှားမှုနဲ့ အားကစားပြန်လုပ်နိုင်ခြင်း - ဒူးနောက်ဘက်အရွတ် (PCL) ခွဲစိတ်မှုခံယူပြီး လူနာအများစုဟာ ခွဲစိတ်ပြီး ကာယလေ့ကျင့်ခန်းများ

ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ပုံမှန် အားကစားတွေ ပြန်လုပ်နိုင်ဖို့ အခွင့်အရေးအများကြီးရှိပါတယ်။ ဒူးဆစ်နေရာရွှေ့ခြင်း ပြဿနာရှိသူတွေမှာလည်း ခွဲစိတ်ပြီးနောက် လှုပ်ရှားမှုစွမ်းရည် သိသိသာမြင့်တက်လာပြီး ဒူးဆစ်ကွေးနိုင်ဆန့်နိုင်အတိုင်းအတာ ပိုမိုကောင်းမွန်လာပါတယ်။

· ဒူးဆစ်တည်ငြိမ်မှု(ဒူးဆစ် ခိုင်ခံ့မှု) ပြန်လည်ရရှိခြင်း - ခွဲစိတ်မှုအပြီးမှာ ဒူးဆစ်ဟာ သိသိသာသာ တည်ငြိမ်လာပါတယ်။ ဥပမာအားဖြင့် ဒူးဆစ်နေရာရွှေ့ခြင်း ဖြစ်နေတဲ့သူတွေမှာ ခွဲစိတ်ပြီးချိန် နောက်ဆုံးစစ်ဆေးမှုအရ လူနာအားလုံးရဲ့ ဒူးဆစ်တည်ငြိမ်မှုဆိုင်ရာ စမ်းသပ်ချက်တွေဟာ ပုံမှန်အနေအထားကို ပြန်ရောက်သွားတာကြပါတယ်။ အရှေ့ဘက်အရွတ် (ACL) ခွဲစိတ်မှုခံယူပြီးတဲ့ လူနာတွေဟာလဲ ဒူးဆစ်လျော့ရဲမှု (ဒူးဆစ် မခိုင်ခံ့ခြင်း/ဒူးဆစ် ချောင်နေခြင်း) အဆင့် ၀ နဲ့ ၁ ကြားသာ ရှိတယ်လို့ ဆိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ဒူးခေါင်းအရွတ် မှန်ပြောင်းခွဲစိတ်ခြင်းဟာ ဒူးခေါင်းအရွတ်ပြဲခြင်း၊ အရွတ်စုတ်ပြဲခြင်း လက္ခဏာရှိတဲ့ လူနာများအတွက်တော့ သေးငယ်တဲ့ ဒါဏ်ရာနဲ့ ကုသမှု ထိရောက်မှုရှိပြီး ရလဒ်ကောင်း ရနိုင်ခြေ ရာခိုင်နှုန်းအမြင့်ဆုံးနဲ့ နောက်ဆုံးပေါ် ခေါတ်မှီနည်းပညာတခုလည်း ဖြစ်တာကြောင့် လက်ရှိခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေပြီး ဒူးဆစ်ရဲ့ လုပ်ဆောင်ချက်တွေကို သိသိသာသာ ပြန်လည်ကောင်းမွန်စေတဲ့ ထိရောက်တဲ့

နည်းလမ်းတစ်ခုပါ။ သို့သော် ခွဲစိတ်ပြီး ဒူးဆစ်ရောင်ရမ်းခြင်းလို နောက်ဆက်တွဲပြဿနာများ ရှိလာနိုင်တာကြောင့် ခွဲစိတ်မှုမခံယူခင် အတွေ့အကြုံရင့်ကျက်သည့် သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ သေချာဆွေးနွေးပြီး ခွဲစိတ်မှုအပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်ကို စနစ်တကျလိုက်နာဖို့ အရေးကြီးပါတယ်။

သင့်အနေနဲ့ ဒီလိုအရွတ်စုတ်ပြဲဒါဏ်ရာကို အထူးကျွမ်းကျင်စွာ ကုသပေးနိုင်မဲ့ အထူးကုဆရာဝန်များကို ရှာဖွေနေတယ် ဆိုရင်တော့ kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကို အမြန်ဆုံးဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ အရိုး၊ဆစ် နှင့် အရွတ် ဆိုင်ရာပြသနာများအတွက် kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံတွင် ခေတ်မီနည်းပညာများဖြင့် ကုသမှုခံယူရန် ယခုပဲ ဆက်သွယ်ပြီး ရက်ချိန်းယူလိုက်ပါ။

ဆက်သွယ်ရန် Viber, Messenger +6681-235-6100 အီးမေးလ် imk@kdmshospital.com ဝက်ဘ်ဆိုက် www.kdmshospital.com

#ဒူးဆစ်အရွတ် #အရိုးအဆစ်ကုသမှု #ဒူးနာကျင်ခြင်း #အားကစားဒဏ်ရာ #အဆစ်ကြည့်မှန်ပြောင်းခွဲစိတ် #အရိုးအထူးကုဆေးရုံ

ဒူးဆစ်နာကျင်ခြင်း၊ တင်ပဆုံရိုးရောဂါများ သို့မဟုတ် ကျောရိုးပြဿနာများကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲဖြစ်နေပါသလား?kdms အရိုးနှင...
24/03/2026

ဒူးဆစ်နာကျင်ခြင်း၊ တင်ပဆုံရိုးရောဂါများ သို့မဟုတ် ကျောရိုးပြဿနာများကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲဖြစ်နေပါသလား?

kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံ မှာ သင့်အတွက် အဖြေရှိပါတယ်။
kdms အရိုးနှင့်အဆစ်အထူးကုဆေးရုံတွင် ကုသပေးနေသော အဓိကရောဂါများကတော့ အရိုး၊ အဆစ်နှင့် အရွတ်ဆိုင်ရာ ရောဂါများကို အထူးပြုကုသပေးလျက်ရှိပါတယ်။

🦵 ဒူးဆစ် - ဒူးဆစ်ယိုယွင်းခြင်း၊ အရွတ်ပြဲခြင်း၊ meniscus ထိခိုက်ခြင်း
🦴 တင်ပဆုံရိုး - တင်ပဆုံရိုးယိုယွင်းခြင်း၊ အဆစ်ရောင်ခြင်း
⚕️ ကျောရိုး - ခါးနာခြင်း၊ ခါးဆစ်ရိုးကြား အချပ်ပြားကျွံခြင်းနှင့် အာရုံကြောများအား ဖိမိနေခြင်း (Herniated disc)
💪 ပခုံးနှင့် တံတောင်ဆစ် - အရွတ်ရောင်ခြင်း၊ အဆစ်လွဲခြင်း
✋ လက်နှင့် လက်ကောက်ဝတ် - လက်ကောက်ဝတ်အကြောညှပ်ခြင်း (Carpal tunnel)
📱 Viber, Messenger +6681-235-6100
📧 အီးမေးလ် imk@kdmshospital.com
🌐 ဝက်ဘ်ဆိုက် www.kdmshospital.com
#အရိုး #အရိုးဆေးရုံ #အရိုးအဆစ်ကုသမှု #အဆစ်ကြည့်မှန်ပြောင်းခွဲစိတ်

ဒူးဆစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ မတည်မငြိမ်ဖြစ်ခြင်းတွေ ခံစားနေရပါသလား။ ဒါဟာ PCL (Posterior Cruciate Ligament) ဒူးဆစ...
16/03/2026

ဒူးဆစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ မတည်မငြိမ်ဖြစ်ခြင်းတွေ ခံစားနေရပါသလား။ ဒါဟာ PCL (Posterior Cruciate Ligament) ဒူးဆစ်နောက်ဘက်အရွတ် ထိခိုက်မိတာကြောင့် ဖြစ်နိုင်ပါတယ်။

Posterior Cruciate Ligament (PCL) ဆိုတာဘာလဲ။

PCL ဟာ ဒူးဆစ်ရဲ့တည်ငြိမ်မှုအတွက် အဓိကအရေးပါတဲ့ အရွတ်တစ်ခုဖြစ်ပြီး ခြေထောက်ရှေ့ရိုး (Femur) နဲ့ ခြေထောက်နောက်ရိုး (Tibia) ကို ဆက်သွယ်ထားပေးပါတယ်။ ဒီအရွတ်က ဒူးဆစ်ကို နောက်ပြန်ရွေ့ကျမသွားအောင် ထိန်းပေးထားတာဖြစ်ပါတယ်။

PCL ဘယ်လိုထိခိုက်တတ်လဲ။
အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ -

- ဒူးဆစ် (ဒူးခေါင်း) တိုက်ရိုက်ထိခိုက်မိခြင်း (ဥပမာ - ကားမတော်တဆမှု)
- အားကစားလုပ်ရင်း ဒူးဆစ်လိမ်မိခြင်း
- ပြုတ်ကျခြင်း
- ခြေထောက်ကို ဆန့်တန်းရင်း ဒူးဆစ်အပေါ်ပိုင်း ထိခိုက်မိခြင်း
ဒဏ်ရာအမျိုးအစားနဲ့ ကုသမှုနည်းလမ်းများ

PCL ဒဏ်ရာကို အဆင့် (၃) ဆင့်ခွဲခြားနိုင်ပြီး ဒဏ်ရာအခြေအနေပေါ်မူတည်ကာ ကုသမှုနည်းလမ်း ကွဲပြားပါတယ်။

အဆင့် (၁) နှင့် (၂) ဒဏ်ရာများ (အပျော့စားမှ အလယ်အလတ်)
- ခွဲစိတ်ကုသခြင်းမဟုတ်သော နည်းလမ်း
- ရေခဲကပ်ခြင်း၊ အနားယူခြင်း
- ဒူးဆစ်ညှပ် (Brace) တပ်ဆင်ခြင်း
- ကာယ ကုထုံးဖြင့် ကြွက်သားသန်မာအောင် လေ့ကျင့်ခြင်း

အဆင့် (၃) ဒဏ်ရာများ (ပြင်းထန်) ခွဲစိတ်ကုသရန်လိုအပ်ပြီး kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံတွင် ခေတ်မီအဆင့်မြင့် အဆစ်ကြည့်မှန်ပြောင်းခွဲစိတ်ကုသခြင်း (Arthroscopic Surgery) နည်းပညာများဖြင့် PCL ပြန်လည်ပြုပြင်ခြင်း နှင့် PCL ပြန်လည်တည်ဆောက်ခြင်း တို့ကို လူနာ၏ ရောဂါအခြေအနေအရ သက်ဆိုင်ရာ ကျွမ်းကျင်အထူးကု ဆရာဝန်များမှ ကုသပေးလျက်ရှိပါတယ်။

ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်လည်ထူထောင်ရေး

ခွဲစိတ်ကုသမှုအောင်မြင်ပြီးနောက် လူနာရဲ့ ဒူးခေါင်း အမြန်ဆုံး အပြည့်အဝ ပြန်လည်အသုံးပြုလာနိုင်ဖို့အတွက် စနစ်တကျ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်က အလွန်အရေးကြီးပါတယ်။
- ပထမ ၆ ပတ် - ဒူးဆစ်ညှပ် (Brace) တပ်ဆင်ခြင်း၊ ချိုင်းထောက် (Crutches) အသုံးပြုခြင်း၊ ဒူးဆစ်ကွေးခြင်း လေ့ကျင့်ခန်းများ
- ၆ ပတ်မှ ၁၂ ပတ် - ဒူးဆစ်ပိုကွေးနိုင်အောင် လေ့ကျင့်ခြင်း၊ ကြွက်သားသန်မာအောင် စတင်လေ့ကျင့်ခြင်း
- ၁၆ ပတ်မှ ၆ လ - ကြွက်သားသန်မာရေးနှင့် ဟန်ချက်ညီရေး လေ့ကျင့်ခန်းများ
- ၆ လမှ ၉ လ - ပုံမှန်အားကစားများ ပြန်လည်ကစားနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ခန်းများ

သတိပြုရန် - ပြန်လည်ထူထောင်ရေးကာလဟာ အနည်းဆုံး ၆ လမှ ၉ လအထိ ကြာမြင့်တတ်ပြီး လူနာရဲ့ လိုက်နာဆောင်ရွက်မှုအပေါ် မူတည်ကာ ကွာခြားနိုင်ပါတယ်။ Kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကြီးမှာ တိကျသေချာသည့် ရောဂါရှာဖွေမှုများ၊ အရိုး၊အဆစ် နှင့် အရွတ် ပြသနာများအတွက် ခေါတ်မှီနည်းပညာဖြင့် နာကျင်မှုနည်းသည့် ကုသနည်းများ၊ အထူးကုကျွမ်းကျင်ဆရာဝန်များ နှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်ပြီး အတွေ့အကြုံပြည့်ဝသည့် စောက်ရှောက်ရေး ဝန်ထမ်းများ အသင့်ရှိနေသောကြောင့် လူကြီးမင်းတို့အနေနဲ့ အရိုး၊ဆစ် နှင့် အရွတ် ဆိုင်ရာပြသနာများအတွက် kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံတွင် ခေတ်မီနည်းပညာများဖြင့် ကုသမှုခံယူရန် ယခုပဲ ဆက်သွယ်ပြီး ရက်ချိန်းယူလိုက်ပါ။

ဆက်သွယ်ရန်

📱 Viber, Messenger +6681-235-6100
📧 အီးမေးလ် imk@kdmshospital.com
🌐 ဝက်ဘ်ဆိုက် www.kdmshospital.com

#ဒူးဆစ်အရွတ် #အရိုးအဆစ်ကုသမှု #ဒူးနာကျင်ခြင်း #အားကစားဒဏ်ရာ #အဆစ်ကြည့်မှန်ပြောင်းခွဲစိတ် #အရိုးအထူးကုဆေးရုံ

ဒီတခါတော့ အသက် (၂၄) အရွယ် ကိုကောင်းစံလင်းရဲ့ ဘောလုံးကန်ရင်း ခုန်လိုက်တဲ့အခါမှာ မတော်တဆ ထိခိုက်မိသွားတဲ့ ဘယ်ဖက်ဒူးခေါင်း ...
05/03/2026

ဒီတခါတော့ အသက် (၂၄) အရွယ် ကိုကောင်းစံလင်းရဲ့ ဘောလုံးကန်ရင်း ခုန်လိုက်တဲ့အခါမှာ မတော်တဆ ထိခိုက်မိသွားတဲ့ ဘယ်ဖက်ဒူးခေါင်း အရွတ်ထိခိုက်မှု (PCL) ကို အောင်မြင် မြန်ဆန်စွာ ကုသခဲ့တဲ့ အကြောင်းကို ဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။
ရောဂါလက္ခဏာများကတော့ လမ်းလျှောက်ချိန်မှာ ပုံမှန်အတိုင်းဆိုပေမဲ့ ပြေးတဲ့အခါ အောက်ပိုင်း Gym ကစားတဲ့အခါတွေမှာ ဒူးခေါင်းအရှေ့ဖက် နာကျင်တာမျိုးနဲ့ ဒူးမတည်ငြိမ်ပြဲ လဲပြိုမလို ဖြစ်ခြင်း၊ ဒူးခေါင်း ခွေကျတော့မလို ဖြစ်ခြင်း စတဲ့ လက္ခဏာများကို ခံစားခဲ့ရပြီး ရန်ကုန်မှာလဲ သက်ဆိုင်ရာ အထူးကုဆရာဝန်များနဲ့ ဆွေးနွေး တိုင်ပင်ခဲ့ပြီး ကာယကုထုံးများနဲ့ ၃လ ကြိုးစားကုသခဲ့ပါတယ်။
ရောဂါလက္ခဏာများ သက်သာမှုမရှိပဲ ဒူးအရွတ်ပြဲသွားခဲ့တဲ့ ဘယ်ဖက် ဒူးခေါင်းအထက်ပိုင်း ကြွက်သားများဟာ ညာဖက်ဒူးနဲ့ ယှဉ်လိုက်ရင် ကြွက်သားများ သေးငယ်သွားပြီး ကြွက်သားကြံ့ခိုင်မှုကို လုံးဝ ပြန်လည် အပြည့်အဝ ပြန်မကောင်းလာတာကြောင့် ထိုင်းနိုင်ငံရှိ
kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကြီးမှ ဒူးခေါင်းအရွတ်ဆိုင်ရာ အထူးကုခွဲစိတ်ဆရာဝန် Dr.Pongtep Na Nakorn, M.D. နှင့် လာရောက်ဆွေးနွေးတိုင်ပင်ပြီး မှန်ပြောင်းဖြင့် ညာဖက်ဒူးအရွတ်ပြဲ ဒါဏ်ရာအား ပြန်လည်ချုပ်ပြီးကုသ (Arthoroscopic PCL with graft left) ခဲ့ပါတယ်။
ခွဲစိတ်ရန် ၂ည ၃ရက်တာ ဆေးရုံတက်ရောက်ပြီး အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။
၁ပတ်အကြာမှာ အောက်ပါပုံအတိုင်း ကောင်းမွန်ကျန်းမာစွာ လှုတ်ရှားမှုများကို အပြည့်အဝနည်းပါး လုပ်ဆောင်နိုင်နေပြီး ကိုကောင်းလင်းစံ၏ ညာဖက်ဒူးခေါင်း အမြန်ဆုံး အပြည့်အဝ ပြန်လည်လှုတ်ရှားနိုင်ပါစေကြောင်း kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံ မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ကိုကောင်းလင်းစံကို ခေါတ်မှီနည်းပညာဖြင့် တိကျသေချာသည့် ခွဲစိတ်မှုကို အောင်မြင်စွာ ခွဲစိတ်ကုသပေးသွားခဲ့တဲ့ ဒေါက်တာကတော့ kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကြီးရဲ့ Sports medicine နှင့် ပုခုံးနှင့် ဒူးခေါင်းအရွတ်ဆိုင်ရာ မှန်ပြောင်းဖြင့် အထူးကုခွဲစိတ်ဆရာဝန် Dr.Pongtep Na Nakorn, M.D. ဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ Sports medicine နှင့် ပုခုံးနှင့် ဒူးခေါင်းအရွတ်ဆိုင်ရာ ရောဂါလက္ခဏာများ ရှိနေပါက ခေါတ်မှီနည်းပညာများနှင့် တိကျသေချာသည့် ရောဂါရှာဖွေခြင်း၊ အောင်မြင်မှု ရလဒ်ကောင်းများဖြင့် ကုသနိုင်ဖို့ kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံသို့ ဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက Inbox ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

#ဒူး #ဒူးခေါင်း #အရိုး #အဆစ် #ခါး #ခါးရိုး #ကျောရိုး #အရွတ်

ဒါကတော့ အသက် ၇၇ နှစ်အရွယ် အန်တီ စဒ်လွှမ့်ရဲ့ (၅ညအိပ် ၆ရက်) ဒူးခေါင်း ၂ ဖက်လုံး ခွဲစိတ်အစားထိုးပြီး ရက်တ္တပတ် ၄ပတ် အကြာမှ...
17/02/2026

ဒါကတော့ အသက် ၇၇ နှစ်အရွယ် အန်တီ စဒ်လွှမ့်ရဲ့ (၅ညအိပ် ၆ရက်) ဒူးခေါင်း ၂ ဖက်လုံး ခွဲစိတ်အစားထိုးပြီး ရက်တ္တပတ် ၄ပတ် အကြာမှာ အပြည့်အဝ နီးပါးပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေဖြစ်ပါတယ်။
အန်တီ့ရဲ့ ဒူးခေါင်း ၂ဖက်လုံး တပြိုင်တည်း အစားထိုး ခွဲစိတ်မှုကို kdms အရိုးနှင့်အဆစ်အထူးကုဆေးရုံကြီးမှ ဒူးခေါင်းနဲ့ တင်ပါးဆုံရိုး အထူးကုဆရာဝန် Dr. Napon Sinthuvanuch, M.D မှ နောက်ဆုံးပေါ်ခေါတ်မှီနည်းလမ်း ဖြစ်သည့် Robotic Assistant (စက်ရုပ်အကူ) ဖြင့် အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသပေးခဲ့တာ ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေသည့် အဆစ်များကို အစားထိုးဖို့ ဆိုရင် နောက်ဆုံးပေါ် ခေါတ်မှီနည်းလမ်းဖြစ်တဲ့ Robotic Assistant ဆိုတဲ့ နာကျင်မှုနည်း စက်ရုပ်အကူအညီ နည်းလမ်းနဲ့ အစားထိုးကုသခြင်းက အကောင်းဆုံးဖြစ်ပြီး လူနာများအတွက်
🦿တိကျ သေချာသည့် အဆစ်များ အစားထိုးနိုင်ခြင်း
⏳ခွဲစိတ်ချိန်မှာ သာမန် အစားထိုးခွဲစိတ်မှုများထက် အချိန်တိုတောင်းခြင်း
🤩 ခွဲစိတ်ပြီး နာကျင်မှုနည်းခြင်း
🏃‍♂️ ပြန်လည် နလန်ထူရန် မြန်ဆန်ခြင်း
🏌️‍♂️အဆစ်များ အပြည့်အဝ ပြန်လည်လှုတ်ရှားနိုင်မှု မြန်ဆန်ခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိမှာ ဖြစ်ပါတယ်။
ခွဲစိတ်ပြီး လူနာအများစုအတွက်လဲ follow up ပြရန် အဆင်ပြေစေဖို့ kdms အရိုးနှင့်အဆစ် အထူးကု ဆေးရုံမှ ရန်ကုန်၊ မန္တလေး နှင့် တောင်ကြီးမြို့များလို့ အလှည့်ကျ ၁လခြား ၁ကြိမ် တွေ့စုံနိုင်ရန် Expo ပွဲများတွင် ပါဝင်ပြီး ဖြစ်စေ ကျန်းမာရေး ဟောပြောပွဲများကို စီစဉ်၍ သွားရောက် တွေ့စုံ ဆွေးနွေးပေးနေတာကြောင့် လူကြီးမင်းတို့ရဲ့ မကျန်းမာတဲ့ အရိုးနဲ့ အဆစ်တွေကို အဆင်ပြေပြေ ကုသမှုခံယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
💬 အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက Inbox ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
#ဒူး #ဒူးခေါင်း #အရိုး #အဆစ် #ခါး #ခါးရိုး #ကျောရိုး

💙 In kdms, we trust 💙အင်းယားလိတ်ဟော်တည် YCC မှာ ကျင်းပပြုလုပ်တဲ့ Health & Beauty Fair 2026 ပွဲမှ kdms အရိုးနှင့်အဆစ် အထူ...
07/02/2026

💙 In kdms, we trust 💙
အင်းယားလိတ်ဟော်တည် YCC မှာ ကျင်းပပြုလုပ်တဲ့ Health & Beauty Fair 2026 ပွဲမှ kdms အရိုးနှင့်အဆစ် အထူးကု ဆေးရုံသို့ ယုံကြည်စိတ်ချစွာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ ဧည့်သည်တော်များရဲ့ အရိုးကျန်းမာရေး အခြေအနေကို ဆွေးနွေးပေးခွင့် ရတဲ့အတွက် kdms မှအထူးဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း နှင့် ၈ရက် ဖေဖေါ်ဝါရီလ အတွက်လဲ လာရောက်ဆွေးနွေး နိုင်သေးပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
#အရိုး #အရိုးဆေးရုံ #ဘန်ကောက်

Health & Beauty Fair 2026 ကုန်စည်ပြပွဲသို့ ကြွရောက်ပြီး kdms အရိုးနဲ့ အဆစ်အထူးကုဆေးရုံမှ အထူးကုများနှင့် တိုင်ပင်ဆွေးနွေ...
04/02/2026

Health & Beauty Fair 2026 ကုန်စည်ပြပွဲသို့ ကြွရောက်ပြီး kdms အရိုးနဲ့ အဆစ်အထူးကုဆေးရုံမှ အထူးကုများနှင့် တိုင်ပင်ဆွေးနွေးပြီး သင့်ရဲ့ အရိုးနှင့်အဆစ် ရောဂါများအတွက် တိကျသေချာသည့် ကုသနည်းများကို အဖြေရှာလိုက်ပါ။
📆 ဖေဖေါ်ဝါရီလ ၇-၈- ရက် ၂၀၂၆
⏰ အချိန် မနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီ
📍အင်းယားလိပ်ဟော်တည် YCC (Yangon Convention Center) မှာ ကျင်းပ ပြုလုပ်မဲ့
🎫 Health & Beauty Fair 2026 ကုန်စည်ပြပွဲတွင်
kdms အရိုးနှင့်အဆစ် အထူးကုဆေးရုံကြီးရဲ့ အထူးကု ဆရာဝန်ကြီးများ သွားရောက်မှာဖြစ်လို့ အရိုးနဲ့အဆစ် ရောဂါတွေ ခံစားနေရသူများ အထူးကုဆရာဝန်ကြီးများနဲ့ အခမဲ့ဆွေးနွေးဖို့ ဆိုင်ခန်းနမ်ပတ် A18 ကို ဖိတ်ခေါ်ချင်ပါတယ်ရှင့်။ အခမဲ့ ကျန်းမာရေး ဆွေးနွေးပေးမဲ့ အထူးကု ဆရာဝန်ကြီးတွေကတော့
👨‍⚕️ဒူးခေါင်းနှင့် တင်ပါးဆုံရိုး အထူးကုခွဲစိတ် ဆရာဝန်ကြီး Dr. Napon Sinthuvanich
👨‍⚕️ကျောရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီး Dr. Jirachai Pisutbenya တို့ဖြစ်ပါတယ်။
အခဲ့ဆွေးနွေးလိုသည့် လူနာများအနေဖြင့်
🩻 လွန်ခဲ့တဲ့ ၃လ အတွင်းရိုက်ကူးထားသော ဒူးနှင့် တင်ပါးဆုံရိုးအထူးကု ဆရာဝန်နှင့်ဆွေးနွေးလိုပါလျှင် X-Ray ဓါတ်မှန်ပုံ၊ ကျောရိုး အထူးကုနှင့် ဆွေးနွေးလိုပါလျှင် MRI ရိုက်ကူးထားသော ပုံများ၊ သက်ဆိုင်ရာ ဆေးမှတ်တမ်းများနှင့် သောက်သုံးလျက်ရှိသော ဆေးဝါးအမည်များ ဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးရန် လာသည့်အခါ တပါတည်း ယူဆောင်လာပေးပါ။
အခမဲ့ဆွေးနွေးနိုင်ရန် အောက်ပါလင့်ကို နိုပ်ပါ။
https://forms.office.com/r/BXgCpAu2Cy?origin=lprLink

ที่อยู่

9 Soi Sukonthasawat 38, Lat Phrao Subdistrict, Lat Phrao District, Bangkok , Bangkok, Thailand
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ kdms Orthopedic Hospital Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท