Royal Thudamar Specialist Clinic

Royal Thudamar Specialist Clinic ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Royal Thudamar Specialist Clinic, โรงพยาบาล, Bangkok.

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Thudamar အထူးကုဆေးခန်းတွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းအသစ် ခန့်ထားရန်ရှိပါ...
12/11/2025

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Thudamar အထူးကုဆေးခန်းတွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းအသစ် ခန့်ထားရန်ရှိပါသဖြင့် လျောက်ထားလိုသူများသည်
- Viber 09943861610
- Royal Thudamar Specialist Clinic page
- Royal Thudamar အထူးကုဆေးခန်းကို ဖြစ်စေ CV ပို့၍ လျောက်ထားနိုင်ပါသည်။

🟢 Marketing Staff (part time) ၁ ဦး

အရည်အချင်းကိုက်ညီသူများအား တစ်ပတ်အတွင်း အင်တာဗျူးဖြေရန် ခေါ်ဆိုသွားမည်ဖြစ်ပါသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Thudamar အထူးကုဆေးခန်းတွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းအသစ် ခန့်ထားရန်ရှိပါ...
03/10/2025

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Thudamar အထူးကုဆေးခန်းတွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းအသစ် ခန့်ထားရန်ရှိပါသဖြင့် လျောက်ထားလိုသူများသည်
- Viber 09943861610
- Royal Thudamar Specialist Clinic page
- Royal Thudamar အထူးကုဆေးခန်းကို ဖြစ်စေ CV ပို့၍ လျောက်ထားနိုင်ပါသည်။

🟢 Nurse Aid (သူနာအပြုအကူ) 2 ဦး

အရည်အချင်းကိုက်ညီသူများအား တစ်ပတ်အတွင်း အင်တာဗျူးဖြေရန် ခေါ်ဆိုသွားမည်ဖြစ်ပါသည်။

✅ လက်မောင်းအောက်ထည့်တဲ့ သန္ဓေတားပစ္စည်းဆိုတာ♻၄စင်တီမီတာသာသာလောက်ရှိတဲ့ မီးခြစ်ဆံအရွယ် အချောင်းလေးကို လက်အောင်းအောက်အရေပြ...
05/08/2025

✅ လက်မောင်းအောက်ထည့်တဲ့ သန္ဓေတားပစ္စည်းဆိုတာ
♻၄စင်တီမီတာသာသာလောက်ရှိတဲ့ မီးခြစ်ဆံအရွယ် အချောင်းလေးကို လက်အောင်းအောက်အရေပြားမှာ ထည့်ထားတာ ဖြစ်ပါတယ်။ အချောင်းလေးကနေ ပရိုဂျက်စတင်ဟော်မုန်းကို တဖြည်းဖြည်း ထုတ်ပါတယ်။ ပရိုဂျက်စတင်က သားဥကြွေခြင်းကို တားပေးခြင်း၊ သားအိမ်နံရံကို ပါးစေခြင်း၊ သားအိမ်အချွဲကို ထူစေခြင်းနည်းနဲ့ သန္ဓေတားပေးတာ ဖြစ်ပါတယ်။

✅ ဘယ်လောက်ထိ ကိုယ်ဝန်တားပေးနိုင်သလဲ
စနစ်တကျ အသုံးပြုမယ်ဆိုရင် ၉၉%ကျော်အထိ တားပေးနိုင်ပါတယ်။

✅ဘယ်လိုထည့်ရမလဲ
ဒီသန္ဓေတားပစ္စည်းကို ထည့်ဖို့ရော၊ ထုတ်ဖို့ရော ဆရာဝန်ရဲ့ အကူအညီကို လိုပါတယ်။ ♻လက်မောင်းအောက်နေရာကို ထုံဆေးပေးပြီး ထည့်တဲ့ကိရိယာလေးနဲ့ လက်မောင်းအောက်ကို ထည့်လိုက်တာ ဖြစ်ပါတယ်။ လက်နဲ့စမ်းကြည့်ရင် အချောင်းကို စမ်းမိနေပါတယ်။
✅ နှစ်ပြည့်လို့ ပြန်ထုတ်ရင်လည်း ထုံဆေးပေးပြီး ပြန်ထုတ်မှာ ဖြစ်ပါတယ်။
✅ လက်မောင်းအောက်
သန္ဓေတားပစ္စည်းထည့်ခြင်းရဲ့ ‌ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေလဲ
✅ ကောင်းကျိုးတွေကတော့
🔺တစ်ခါထည့်ထားရင် ထည့်တဲ့ပစ္စည်းပေါ် မူတည်ပြီး ၃-၄နှစ်ခံတာ ဖြစ်တဲ့အတွက် နှစ်ရှည်သန္ဓေတားလိုသူတွေ၊ ဆေးသောက်ဖို့ မေ့တတ်သူတွေအတွက် သင့်တော်ပါတယ်။
🔺အတူနေတာကို အနှောင့်အယှက်မဖြစ်ပါဘူး။
🔺အီစထရိုဂျင်ပါတဲ့ တားဆေးကို အသုံးပြုလို့ အဆင်မပြေသူများအတွက် သင့်တော်ပါတယ်။
🔺နို့တိုက်မိခင်တွေလည်း အသုံးပြုလို့ရပါတယ်။
🔺ရာသီသွေးဆင်းများတာကို သက်သာစေပါတယ်။
🔺ပစ္စည်းထုတ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။
♻အားနည်းချက်တွေကတော့
🔸စအသုံးပြုတဲ့အခါ ရာသီသွေးဆင်း မမှန်တာ၊ များတာ၊ နည်းတာ၊ ရက်တိုတာ၊ ရက်ရှည်တာတွေ ဖြစ်တတ်ပါတယ်။ လပိုင်းလောက်နေရင်တော့ သက်သာသွားပါတယ်။
🔸တချို့သူတွေမှာ ဝက်ခြံပိုဆိုးတတ်ပါတယ်။
🔸စအသုံးပြုကာစမှာ စိတ်အတက်အကျဖြစ်တာ၊ ခေါင်းကိုက်တာ၊ ရင်သားတင်းတာတွေ ဖြစ်တတ်ပါတယ်။
လိင်ကတဆင့်ကူးစက်ရောဂါတွေကို မကာကွယ်ပေးနိုင်တဲ့အတွက် ရောဂါပိုးကာကွယ်ချင်တယ်ဆို ကွန်ဒုံးကို ထပ်သုံးဖို့ လိုပါတယ်။
✅လက်မောင်းအောက်ထည့်တဲ့ ပစ္စည်းက လူတိုင်းအသုံးပြုလို့ရပါတယ်။
✅ ဒါပေမယ့် ကိုယ့်မှာ
စွဲသောက်နေတဲ့ဆေးတွေရှိရင်
✅အသည်းမကောင်းရင်
✅ရင်သားနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုရှိနေရင်
✅မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်ဘဲ သွေးဆင်းနေရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။
🤔သန္ဓေတားပစ္စည်းထည့်ပြီးတာနဲ့ အတူနေလို့ ရပြီလား...?
🔺ပစ္စည်းထည့်တာက ကြိုက်တဲ့ရက်မှာ ထည့်လို့ရပါတယ်။ ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း ထည့်တာဆိုရင်တော့ ထည့်ပြီးတာနဲ့ အကာအကွယ်မဲ့ အတူနေလို့ ရပါတယ်။ ၅ရက်ကျော်သွားမှ ထည့်တာဆိုရင်တော့ ၇ရက် ရက်ရှောင်ပြီးမှ အကာအကွယ်မဲ့ အတူနေလို့ ရပါတယ်။ ရက်မရှောင်နိုင်ရင် ၇ရက်မပြည့်မချင်း ကွန်ဒုံးသုံးပါ။

🔺လက်မောင်းအောက်ထည့် သန္ဓေတားပစ္စည်းက ကိုယ်ဝန်တားနိုင်စွမ်းကောင်းပြီး တစ်ခါထည့်ထားရင် နှစ်တွေအကြာကြီး ခံတဲ့အတွက် အလုပ်ရှုပ်ပြီး မေ့တတ်တဲ့ အမျိုးသမီးများအတွက် အထူးသင့်တော်ပါတယ်။

လက်‌မောင်း‌အောက်ထည့် သန္ဓေတားပစ္စည်းကို
🏥Royal Thudamar Clinicမှာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေနဲ့ ထည့်လို့ ရနေပြီဖြစ်ကြောင်းကို သတင်းကောင်းပါးလိုပါတယ်။ ပြသလိုပါက အောက်ပါ ဖုန်းနံပါတ်တွေကနေတဆင့် Bookingတင်နိုင်ပါတယ်။

🏥Royal Thudamar Specialist Clinic
ရွိုင်ရယ်သုဓမ္မာအထူးကုဆေးခန်း
✅အမှတ် 1054, သုဓမ္မာလမ်းမကြီး, (င) ရပ်ကွက်,
ဝဇီရာမှတ်တိုင်အနီး, မြောက်ဥက္ကလာပမြို့နယ်
☎ 09775992501 , 09943861610

ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်ခြင်းအန္တရာယ် သတိပြုဖွယ်🍀လေဖြတ်ရတဲ့အကြောင်းရင်းတွေထဲမှာ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင...
29/07/2025

ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်ခြင်းအန္တရာယ် သတိပြုဖွယ်

🍀လေဖြတ်ရတဲ့အကြောင်းရင်းတွေထဲမှာ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်တာရှိသလို ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်တာလည်း ရှိပါတယ်။ ✌✌ဒီနှစ်ခုက ဖြစ်ရတဲ့နောက်ခံအကြောင်းရင်းတွေ အနည်းငယ်ကွာခြားသလို ကုသနည်းတွေလည်း ကွာခြားပါတယ်။

🧠ဦးနှောက်သွေးကြောပေါက်ရတဲ့အကြောင်းရင်းတွေကတော့
🔹 သွေးတိုးလွန်းတာ (ခေါင်းမူးမှ ဇက်ထိုးမှ သွေးတိုးတယ်လို့ ထင်တတ်သူတွေအတွက် သတိပြုစရာပါ။သွေးတအားတိုးပေမယ့်ဘာမှမခံစားရဘဲ ရုတ်တရက် လေဖြတ်သွားတဲ့သူတွေ ရှိပါတယ်။
🔹ဦးနှောက်တွင်း သွေးကြောဖောင်းရောဂါ ရှိနေတာ
🔹ဦးနှောက်အကျိတ်တွေ
🔹ဦးခေါင်းထိခိုက်ဒဏ်ရာတွေကြောင့် ဖြစ်နိုင်ပါတယ်။

အထူးသဖြင့်
ဦးနှောက်သွေးကြောပေါက်ခြင်းက
📌သွေးတိုးရောဂါကို သေချာမကုသသူတွေ
📌အရက်အလွန်အကျွံသောက်သူတွေ
📌ဆေးလိပ်သောက်သူတွေ
📌သွေးတွင်းအဆီဓာတ်များသူတွေ
📌ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရပါတယ်။

✅ဦးနှောက်သွေးကြောပေါက်လို့ လေဖြတ်ခြင်းက သွေးကြောပိတ်လို့ လေဖြတ်ခြင်းနဲ့ လက္ခဏာအတူတူပါပဲ။

🔸 ရုတ်တရက်ခြေလက် မလှုပ်နိုင်တ်
🔸ရုတ်တရက်စကားမပြောနိုင်တာ
🔸အမြင်အာရုံဆုံးရှုံးတာ
🔸ဟန်ချက်ပျက်တာ စတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

📌ဒါ့ကြောင့်လေဖြတ်လူနာတစ်ယောက်ကို အပြင်ပန်းကြည့်ပြီးး သွေးကြောပိတ်တာလား၊ သွေးကြောပေါက်တာလားဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။ ဒါကြောင့်လည်း ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်တွေ ရိုက်ကြရတာပဲ ဖြစ်ပါတယ်။

💊ကုသမှုကလည်း သွေးကြောပိတ်တာနဲ့ သွေးကြောပေါက်တာနဲ့ မတူပါဘူး။ သွေးကြောပေါက်တာကြောင့် လေဖြတ်တဲ့အခါ
- သွေးတိတ်ဆေးတွေ
- သွေးပေါင်ကျဆေးတွေ
- ဦးနှောက်တွင်းက သွေးခဲကို ထုတ်ဖို့ ခွဲစိတ်မှုတွေ လုပ်ရပါတယ်။ ခွဲစိတ်မှုမလုပ်ရင် ဦးနှောက်ကျွံပြီး အသက်အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ သွေးကြောပေါက်လူနာမှာ သွေးကြောပိတ်လူနာလိုမျိုး သွေးခဲဖျော်ဆေးတွေကိုထိုးလိုက်ရင် ပိုဆိုးသွားနိုင်ပါတယ်

🔸ဒါ့ကြောင့် လေဖြတ်တာခြင်းတူပေမယ့် လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသမှု မတူညီတာဖြစ်ပါတယ်။

🍀ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်ခြင်းက အချိန်မီကုသမယ်ဆိုရင် အသက်ရှင်နှုန်းများပါတယ်။ လေဖြတ်ပြီးနောက်ပိုင်း လေ့ကျင့်ခန်းတွေ ပြန်လုပ်မယ်ဆိုရင် ပြန်လည်သန်စွမ်းလာနိုင်ပါတယ်။

လေဖြတ်ပြီးနောက်မှာ နောက်တစ်ခေါက်လေမဖြတ်စေဖို့ဆိုရင်
🔹 ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးကို ပုံမှန်သောက်သုံးဖို့
🔹အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။

👉 Royal Thudamar Clinicမှာ ဦးနှောက်အာရုံကြောကျန်းမာရေးပြဿနာအမျိုးမျိုးအတွက် ဦးနှောက်နဲ့အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသလို့ရနေပြီဖြစ်ကြောင်းကို သတင်းကောင်းပါးလိုပါတယ်။

👉 ပြသလိုပါက အောက်ပါ ဖုန်းနံပါတ်တွေကနေတဆင့် Bookingတင်နိုင်ပါတယ်။👇👇👇

🏥🏥 Royal Thudamar Specialist Clinic
ရွိုင်ရယ်သုဓမ္မာအထူးကုဆေးခန်း
🏢 အမှတ် 1054, သုဓမ္မာလမ်းမကြီး, (င) ရပ်ကွက်,
ဝဇီရာမှတ်တိုင်အနီး, မြောက်ဥက္ကလာပမြို့နယ်
☎ 09775992501 ,
☎09943861610

♻️မိဘများ သတိပြုသင့်တဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်🌧️မိုးရာသီရောက်လာပြီဆိုရင် မိဘများ စိတ်ပူကြတဲ့ရောဂါကတော့ ကလေးတွေမှာ ဖြစ...
29/06/2025

♻️မိဘများ သတိပြုသင့်တဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်

🌧️မိုးရာသီရောက်လာပြီဆိုရင် မိဘများ စိတ်ပူကြတဲ့ရောဂါကတော့ ကလေးတွေမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးပါ။ နာမည်အတိုင်းပဲ သွေးလွန်သွေးလန့်ပြီး shockဖြစ်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် မိဘများအနေနဲ့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်လို့ သတိရှိနေတာ ကောင်းပါတယ်။

💁မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးက ရာသီမရွေး ဖြစ်နိုင်ပြီး မိုးရာသီမှာတော့ ခြင်ပေါက်ပွားမှုများတဲ့အတွက် အဖြစ်ဆုံးပါပဲ။

✳️သွေးလွန်တုပ်ကွေးက တစ်ခါဖြစ်ရင် ၂ရက်ကနေ ၇ရက်အထိ ကြာတတ်ပြီး ၃ရက်မြောက်နေ့ကစလို့ နောက်ပိုင်းတွေက အန္တရာယ်အများဆုံးရက်တွေပဲ ဖြစ်ပါတယ်။

♻️ခုလိုရာသီမှာကလေးတစ်ယောက်က
🔺အဖျားကြီးမယ် (အဖျား ၁၀၀ ဒီဂရီဖာရင်ဟိုက် ကျော်မယ်)
🔺ခေါင်းကိုက်မယ်
🔺မျက်လုံးအောင့်မယ်
🔺ကိုယ်လက်နာမယ်
🔺ပျို့မယ်
🔺အန်မယ်
🔺အကျိတ်တွေထွက်မယ်
🔺အနီစက်တွေထွက်မယ်ဆိုရင် သွေးလွန်တုပ်ကွေးကို သံသယရှိသင့်ပါတယ်။

💁အရင်က သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့ ကလေးတွေက နောက်တစ်ခေါက်ထပ်ဖြစ်ရင် ပိုပြီး ပြင်းထန်နိုင်တာကြောင့် ပိုပြီး သတိထားသင့်ပါတယ်။

♻️ဖျားပြီး ၃ရက်မြောက်နေ့နောက်ပိုင်းမှာတော့ ကလေးကို ပိုပြီး စောင့်ကြည့်သင့်ပါတယ်။
💁ဒီရက်တွေမှာ
ကလေးက အဖျားကျသွားတာတောင်
🔺မှိန်းနေရင်
🔺ခြေလက်တွေ အေးနေရင်
ဗိုက်အောင့်ရင်
🔺ဆက်တိုက်အန်နေရင်
🔺အသက်ရှူမြန်နေရင်
🔺နှာခေါင်းသွေးလျှံ၊ သွားဖုံးသွေးယိုရင်
🔺အန်တဲ့အခါ၊ ဝမ်းသွားတဲ့အခါ သွေးပါရင်❗ ပြင်းထန်တဲ့အဆင့် ဖြစ်တာကြောင့် ဆေးရုံချက်ချင်း သွားဖို့ လိုပါတယ်။❗
💁ဒီလို ပြင်းထန်တဲ့အခြေအနေမရောက်ဘဲ ကောင်းသွားခဲ့ရင်တောင် ရက်ပေါင်းများစွာ နုံးပြီး ကျန်ခဲ့တတ်ပါတယ်။

♻️🌧️ခုလိုရာသီမှာ ရာသီတုပ်ကွေးကလည်း ဖြစ်တတ်တော့ မိဘများအနေနဲ့ ကလေးဖျားတာ ဘာကြောင့်လဲဆိုတာ သိဖို့ ခဲယဉ်းပါတယ်။ ဘာကြောင့်ပဲဖျားဖျား
ကလေးကို
✔️အာဟာရပြည့်ဝအောင် ကျွေးပေးပါ။
✔️ရေများများတိုက်ပါ။
ဖျားတာ၊
✔️ကိုယ်လက်ကိုက်တာအတွက် ပါရာစီတမောပဲ တိုက်ပါ။
✔️သွေးလွန်တုပ်ကွေး လက္ခဏာလို့ သံသယရှိတဲ့အခါ ကလေးဆရာဝန်နဲ့ စောစောစီးစီးပြသပါ။

🏥Royal Thudamar Clinicမှာ သွေးလွန်တုပ်ကွေးအပါအဝင် ကလေးကျန်းမာရေးပြဿနာအမျိုးမျိုးကို
👩‍⚕️ကလေးအထူးကုဆရာဝန်ကြီးတွေနဲ့ ပြသလို့ရနေပြီဖြစ်ကြောင်းကို သတင်းကောင်းပါးလိုပါတယ်။ ပြသလိုပါက အောက်ပါ ဖုန်းနံပါတ်တွေကနေတဆင့် Bookingတင်နိုင်ပါတယ်။
☎️ 09775992501
09943861610

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ Royal Thudamar အထူးကုဆေးခန်း မိသားစု...
17/04/2025

မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ Royal Thudamar အထူးကုဆေးခန်း မိသားစုဝင်များမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

အသည်းရောင်တဲ့အခါဘာလို့ အသားဝါတာလဲ🔹လတ်တလော အဖြစ်များနေတာတွေ့ရတဲ့ အသည်းရောင်အသားဝါ A, E ဗိုင်းရပ်စ် ပိုးတွေအကြောင်းကို သတိ...
13/03/2025

အသည်းရောင်တဲ့အခါဘာလို့ အသားဝါတာလဲ

🔹လတ်တလော အဖြစ်များနေတာတွေ့ရတဲ့ အသည်းရောင်အသားဝါ A, E ဗိုင်းရပ်စ် ပိုးတွေအကြောင်းကို သတိထားမိကြမှာပါ။

🔹ဒီပိုးကူးစက်ခံရပြီဆိုရင် အစပိုင်းမှာ ရာသီတုပ်ကွေးမိသလိုပဲ ‌ဖျားတာ၊ မအီမသာဖြစ်တာ၊ ကိုယ်လက်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေပြလေ့ရှိတယ်။ ဒီအချိန်မှာ ထူးခြားတဲ့လက္ခဏာမပြတတ်တာကြောင့် အသည်းရောင်အသားဝါပိုး ကူးစက်ခံရတယ်ဆိုတာ သိနိုင်ဖို့ နည်းနည်းခက်တတ်တယ်။

🔹ပြီးရင်‌တော့ အသည်းရောင်အသားဝါလို့နာမည်ပေးထားတဲ့အတိုင်း အသည်းရောင်တာနဲ့အတူ ရက်နည်းနည်းကြာရင် အသားဝါတဲ့ လက္ခဏာတွေပါ ဖြစ်ပေါ်လာတတ်ပါတယ်။

🔹အသားဝါတယ်ဆိုတာ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးကြောင့် တိုက်ရိုက် အသားဝါလာတာမျိုး တော့မဟုတ်ပါဘူး။ ဒီရောဂါကြောင့် အသားဝါတာဖြစ်လာရတဲ့ အကြောင်းရင်းကဒီလိုပါ။

🔹လူ့ခန္ဓာကိုယ် သွေးကြောတွေထဲမှာ သွေးနီဥလေးတွေရှိတယ်။ ဒီသွေးနီဥလေးတွေက ခန္ဓာကိုယ်ထဲမှာ အကြမ်းအားဖြင့် ရက် 120 ပတ်ဝန်းကျင်လောက် သက်တမ်းရှိပါတယ်။ သွေးနီဥလေးတွေက သက်တမ်းပြည့်တဲ့အခါ စနစ်တကျ ပျက်စီးဖို့ ခန္ဓာကိုယ်က စီစဉ်ထားတာပါ။ သက်တမ်းပြည့်ပြီး ပျက်စီးသွားတဲ့ သွေးနီဥတွေကနေ bilirubin လို့ခေါ်တဲ့ အဝါရောင် ရောင်ခြယ် စွန့်ပစ်ပစ္စည်းလေးတွေ ထွက်လာတယ်။ ဒီစွန့်ပစ်ပစ္စည်းတွေက ကျွန်တော်တို့ရဲ့ ဇာတ်လိုက် အသည်းဆီကို ရောက်လာတယ်။ အသည်းကနေ သူ့ဆီ ရောက်လာတဲ့ ‌bilirubin တွေကို သည်းခြေရည်ထဲ စွန့်ထုတ်ပေးတယ်။ ဆီး၊ဝမ်းတွေကနေတဆင့် စွန့်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းမှာ အဝါရောင်၊ အညိုရောင် ဖြစ်နေတာက bilirubin လို့ခေါ်တဲ့ အဝါရောင် ရောင်ခြယ် စွန့်ပစ်ပစ္စည်းလေးတွေကြောင့် ဖြစ်ပါတယ်။

🔹အသားဝါတဲ့ဆီကို ပြန်သွားရမယ်ဆိုရင် အသည်းရောင်အသားဝါ A, E ပိုးတွေကြောင့် အသည်းရောင်တယ်။ အသည်းရောင်တဲ့အခါ အသည်းက သူပုံမှန်လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေကို ပြည့်ပြည့်ဝဝ မဆောင်ရွက်နိုင်တော့ပါဘူး။ ဒါ့ကြောင့် အဝါရောင် bilirubin တွေကို စွန့်ထုတ်ပေးတာလဲ ထိခိုက်လာတယ်။ မစွန့်ထုတ်နိုင်တဲ့အခါ ခန္ဓာကိုယ်သွေးလည်ပတ်မှု‌ထဲမှာ အဝါရောင် bilirubin တွေများလာပြီး မျက်လုံးဝါတာ၊ အသားဝါတာတွေ ဖြစ်လာတော့တာပါ။ အသည်းရောင် အသားဝါ A ပိုး ကူးစက်ခံရသူ 70-80 ရာခိုင်နှုန်းလောက်မှာ အသားဝါတဲ့ လက္ခဏာမျိုး တွေ့ရတတ်ပါတယ်။

🔹အသည်းရောင်အသားဝါ A, E ပိုးတွေက B, C ပိုးတွေလို နာတာရှည် အသည်းရောဂါတွေအထိ ဖြစ်လေ့မရှိပဲပြန်လည်သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် အသည်းရဲ့အခြေအနေကို သေချာစောင့်ကြည့်နိုင်ဖို့ လိုအပ်တာကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြသထားဖို့တော့လိုပါတယ်။

🔹မိမိမှာ အသည်းရောင်အသားဝါ လက္ခဏာတွေ ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် ကုသဖို့ အထူးကုဆရာဝန်တွေနဲ့ အသည်းရောဂါအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့အတွက် Royal Thudamar Specialist Clinic မှာ ကြိုတင်ရက်ချိန်းယူ‌ဖို့ အောက်ပါဖုန်းနံပတ်များကို ဆက်သွယ်နိုင်ပါတယ်။

Royal Thudamar Specialist Clinic
ရွိုင်ရယ်သုဓမ္မာအထူးကုဆေးခန်း
အမှတ် 1054, သုဓမ္မာလမ်းမကြီး, (င) ရပ်ကွက်,
ဝဇီရာမှတ်တိုင်အနီး, မြောက်ဥက္ကလာပမြို့နယ်
09775992501 , 09943861610

💁မိန်းမကိုယ်အဖြူဆင်းခြင်း✅မိန်းမကိုယ်ကနေ အဖြူဆင်းတိုင်း စိုးရိမ်စရာမလို၊ ကြောက်စရာမလိုပါ။ မိန်းမကိုယ်ကနေ အဖြူဆင်းတယ်ဆိုတ...
04/02/2025

💁မိန်းမကိုယ်အဖြူဆင်းခြင်း

✅မိန်းမကိုယ်ကနေ အဖြူဆင်းတိုင်း စိုးရိမ်စရာမလို၊ ကြောက်စရာမလိုပါ။ မိန်းမကိုယ်ကနေ အဖြူဆင်းတယ်ဆိုတာက မိန်းမကိုယ်ကို စိုစွတ်အောင်၊ သန့်ရှင်းအောင်၊ ရောဂါပိုးမွှားကင်းအောင် သဘာဝအတိုင်း လုပ်ပေးတာ ဖြစ်တာကြောင့် အမျိုးသမီးတိုင်း အဖြူဆင်းပါတယ်။ ဆင်းဖို့လည်း လိုပါတယ်။

✅အဖြူဆင်းတယ်ဆိုတာနဲ့ အမျိုးသမီးတွေက ကြောက်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတာက အမျိုးသမီးသဘာဝ အဖြူဆင်းဖို့လိုတယ်ဆိုတာကို မသိတာကြောင့်ရယ်၊ ဘယ်လိုအဖြူဆင်းတာတွေက စိုးရိမ်စရာကောင်းတယ်ဆိုတာကို မသိကြတာကြောင့်ပါ။ ဒါကြောင့် ဒီနေ့ ဒီအကြောင်းလေးကို ပြောပြပေးပါမယ်။

✅အမျိုးသမီးတွေရဲ့ မိန်းမကိုယ်က နေ့တိုင်းအဖြူဆင်းပါတယ်။ အပြင်ကို မထွက်လာလို့ မသိကြတာပဲ ရှိတာပါ။ အဖြူဆင်းတဲ့အခါမှာလည်း ရေလိုခပ်ကျဲကျဲ ဒါမှမဟုတ် ကြက်ဥအကာလို အကြည်ရောင် ခပ်ပျော့ပျော့ စသဖြင့် ပုံစံစုံဆင်းတတ်ပါတယ်။ သားဥကြွေချိန်နဲ့ ရာသီလာခါနီးအချိန်မှာတော့ အဖြူဆင်းတာက သိသိသာသာများတတ်ပြီး အတွင်းခံမှာပါ ပေတတ်ပါတယ်။ ဒါက သဘာဝပါ။

🤷ဒါ့ပြင်
ကိုယ်ဝန်ဆောင်ချိန်
သန္ဓေတားဆေးသောက်နေချိန်တွေမှာလည်း ပုံမှန်ထက် အဖြူပိုဆင်းတတ်ပါတယ်။
💁ဒါတွေက စိုးရိမ်စရာမလိုပါ။ ဟော်မုန်းအပြောင်းအလဲပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် အဖြူဆင်းတဲ့ ပမာဏ ကွာခြားနိုင်ပါတယ်။ တကယ်လို့ အဖြူဆင်းလို့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင် panty linerလေးခံထားလို့ ရပါတယ်။

✅ဒါပြီးရင်တော့ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းတွေအကြောင်း ဆက်ပြောပြပါမယ်။ တကယ်လို့ အဖြူဆင်းတာက
သိသိသာသာများနေတယ်
အရောင်တွေ ပါနေမယ် (ဥပမာ အဝါရောင်၊ အစိမ်းရောင်)
♦️အနံ့ဆိုးနေမယ်၊ ငါးညှီနံ့လိုမျိုးတွေ ထွက်နေမယ်
ဒိန်ခဲဖတ်ကို အဖြူအဖတ်အဖတ်တွေ ဖြစ်နေမယ်
မိန်းမကိုယ်ယားတာ၊ စပ်ဖျင်းဖျင်းဖြစ်တာ၊ နာတာတွေနဲ့ တွဲဖြစ်မယ်ဆိုရင် ဒါက ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း ဖြစ်သွားပါပြီ။
🤷ဒါဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့လိုနေပါပြီ။

♦️ပုံမှန်မဟုတ်တဲ့ အဖြူတွေ ဆင်းရတဲ့ အကြောင်းရင်းကတော့
မိန်းမကိုယ် မှိုစွဲတာ
ဘက်တီးရီးယား ပိုးဝင်တာ
♦️လိင်ကတဆင့်ကူးစက်ရောဂါတွေ ခံစားရတာ (ဥပမာ ဂနို၊ ကလက်မိုင်းဒီးယား) ကြောင့်ပါ။
♦️ပိုးကြောင့်မဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းနိုင်လားဆိုတော့ ဆင်းနိုင်ပါတယ်။

♦️ဥပမာ-Tamponကို မလဲဘဲ အချိန်အကြာကြီးထားထားတာ၊
♦️လဲဖို့ မေ့နေတာ
♦️မိန်းမကိုယ်နဲ့ ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ အသုံးပြုမိတာ (ဥပမာ မိန်းမကိုယ်အတွင်းထဲကို ဆပ်ပြာနဲ့ဆေးတာ၊ ရေမွေးစွတ်တာ၊ အတွင်းခံလျှော်တဲ့ ဆပ်ပြာနဲ့ ဓာတ်မတည့်တာ၊ အမွေးနံ့ပါတဲ့ feminine wipeတွေ သုံးတာ)
♦️ခုခံအားကျတာ
ပိုးသတ်ဆေးတွေ အလွန်အကျွံသောက်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

♻️မိန်းမကိုယ်ကနေ အဖြူဆင်းတာတွေ သက်သာစေဖို့
လိင်ကတဆင့် ကူးစက်ရောဂါတွေကို သတိပြုပါ။
♻️လိင်ဆက်ဆံဖော် မများပါစေနဲ့။
♻️မိန်းမကိုယ်အပြင်ဘက်ကိုပဲ ဆပ်ပြာအပျော့စားနဲ့ ရေသုံးပြီးဆေးပါ။
♦️အတွင်းထဲကို မဆေးရပါ။
♦️အတွင်းကျပ်ကျပ် ဝတ်တာကို ရှောင်ပါ။ ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံကို ဝတ်ပါ။
♦️မိန်းမကိုယ်တစ်ဝိုက်ကို ‌ရေမွေး၊ ဆပ်ပြာအပြင်းစား၊ အနံ့ပါတဲ့ ပစ္စည်းတွေ သုံးတာ ရှောင်ပါ။
♦️မိန်းမကိုယ်နဲ့ စအိုကို ဆေးတဲ့အခါ အရှေ့ကနေ အနောက်ကို ဆေးပါ။

💁ဒါဆိုရင် အဖြူဆင်းတယ်ဆိုတာ သဘာဝဖြစ်ကြောင်း၊ ဘယ်လိုအဖြူဆင်းတာကတော့ စိုးရိမ်စရာကောင်းကြောင်း သိလောက်ပြီလို့ ယူဆပါတယ်။

🏥Royal Thudamar Clinicမှာ အဖြူဆင်းခြင်းပြဿနာအမျိုးမျိုးကို သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသလို့ရနေပြီဖြစ်ကြောင်းကို သတင်းကောင်းပါးလိုပါတယ်။ ပြသလိုပါက အောက်ပါ ဖုန်းနံပါတ်တွေကနေတဆင့် Bookingတင်နိုင်ပါတယ်။

🏥Royal Thudamar Specialist Clinic
ရွိုင်ရယ်သုဓမ္မာအထူးကုဆေးခန်း
အမှတ် 1054, သုဓမ္မာလမ်းမကြီး, (င) ရပ်ကွက်,
ဝဇီရာမှတ်တိုင်အနီး, မြောက်ဥက္ကလာပမြို့နယ်
☎️ 09775992501 , 09943861610

👉ပန်းနာရင်ကျပ်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များရာသီဥတုတွေအေးနေတာနဲ့အမျှ ပန်းနာရင်ကျပ်လူနာတွေက အရင်ကထက် ပိုကျပ်လာဝာာ‌တွ...
22/01/2025

👉ပန်းနာရင်ကျပ်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ

ရာသီဥတုတွေအေးနေတာနဲ့အမျှ ပန်းနာရင်ကျပ်လူနာတွေက အရင်ကထက် ပိုကျပ်လာဝာာ‌တွေ တွေ့နေရပါတယ်။ ဒါ့ကြောင့် ပန်းနာရင်ကျပ်ရှိသူများအဖို့ ဆောင်းတွင်းအပါအဝင် တစ်နှစ်ပတ်လုံး ခဏခဏရင်ကျပ် မဖောက်စေဖို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို မျှဝေပေးချင်ပါတယ်။

🙅(၁) ကိုယ်နဲ့ မတည့်တာကို ရှောင်ပါ။
ပန်းနာရင်ကျပ်လူနာတိုင်းမှာ ကိုယ်နဲ့ မတည့်တာ သီးသန့်ဆီ ရှိပါတယ်။ ဥပမာ တချို့က ဝက်သားစားရင် ကျပ်တယ်၊ တချို့က ‌အေးရင် ကျပ်တယ်၊ တချို့က ဆေးလိပ်ငွေ့ရရင် ကျပ်တယ် စသဖြင့် တစ်ယောက်နဲ့ တစ်ယောက် မတည့်တာတွေ ရှိပါတယ်။ ကိုယ်က ဘာလုပ်ရင် ပန်းနာရင်ကျပ်ထတတ်လဲဆိုတာကို ရှာဖွေပြီး အဲ့ဒါကို လုံးဝရှောင်လိုက်ပါ။

💊(၂) ပန်းနာရင်ကျပ်ဆေးဝါးတွေကို ဆောင်ထားပါ။
ကိုယ့်ရဲ့ ပန်းနာရင်ကျပ်အခြေအနေပေါ်လိုက်ပြီး ဂေါက်ရှူဆေး၊ သောက်ဆေးတွေ ရှိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို ပုံမှန်အသုံးပြုပါ။ မတော်တဆ ကျပ်လာတာနဲ့ ချက်ချင်းသက်သာစေဖို့ ဘယ်သွားသွား ဂေါက်ရှူဆေးကို ဆောင်ထားပါ။

🧹(၃) အိမ်တွင်းမှာ ပန်းနာရင်ကျပ်ထစေနိုင်တဲ့ အရာတွေကို ရှင်းထားပါ။
ဖုန်၊ မှို၊ တိရစ္ဆာန်အမွေး စတာတွေကို ရှင်းထားပါ။ အိမ်ထဲမှာ ဆေးလိပ်ပေးမသောက်ပါနဲ့။ အနံ့ဆိုးပြီး မွှန်ထူစေတဲ့ သန့်ရှင်းရေးပစ္စည်း (ဥပမာ အိမ်သာချေးချွတ်ဆေး) တွေနဲ့ ဝေးဝေးနေပါ။ ပြင်ပကနေ ပန်းဝတ်မှုန်တွေ ဝင်လာနိုင်ခြေ ရှိရင် ပြတင်းပေါက်တွေ သေချာပိတ်ထားပါ။ အိမ်သန့်ရှင်းရေး လုပ်ပါ။

💉(၄) တုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။
ပန်းနာရင်ကျပ် လူနာတွေက တုပ်ကွေးကူးလွယ်သလို ဖြစ်လာရင်လည်း နာလန်ထဖို့ ကြာနိုင်တာ၊ နောက်ဆက်တွဲပြဿနာတွေ ဝင်နိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

🫂(၅) အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ဂရုစိုက်ပါ။
အအေးမိ၊ တုပ်ကွေး ဖြစ်တဲ့အခါ ပန်းနာရင်ကျပ်ထနိုင်တာကြောင့် ကာကွယ်ဆေးထိုးပြီး ကာကွယ်တာအပြင် လူစုလူဝေးရှောင်ပါ။ လူကြားထဲသွားရင် နှာခေါင်းစည်းတပ်ပါ။ မကြာခဏလက်ဆေးပါ။ အိပ်‌ရေးဝဝအိပ်ပြီး အာဟာရပြည့်အောင် စားသောက်ပါ။

🗣️(၆) ပန်းနာရင်ကျပ် လက္ခဏာတွေကို အမြဲစောင့်ကြည့်နေပါ။
ပန်းနာရင်ကျပ် လက္ခဏာတွေ ပိုဆိုးလာတယ်၊ မကြာခဏ ကျပ်တယ်၊ ဂေါက်ရှူဆေးကို မကြာခဏ ရှူနေရတယ်၊ ညဘက်တွေ အိပ်မရအောင် ထထကျပ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်ပြပါ။ ဆေးတွေ ပြန်ပြီး ချိန်ညှိဖို့ လိုပါတယ်။
ပန်းနာရင်ကျပ်က ကိုယ်နဲ့ မတည့်တာကို ရှောင်မယ်ဆိုရင် သိသိသာသာ သက်သာနိုင်ပါတယ်။ ဒါ့ပြင် ကိုယ်သုံးရမယ့် ‌ဆေးတွေကို စနစ်တကျ သုံးမယ်။ ပတ်ဝန်းကျင်မှာ ပန်းနာရင်ကျပ်ထစေနိုင်တဲ့ အရာတွေကို ရှင်းလင်းထားမယ်ဆိုရင် ခဏခဏပန်းနာရင်ကျပ်မထအောင် ကာကွယ်နိုင်မှာပါ။
Royal Thudamar Clinicမှာ ကျန်းမာရေးပြဿနာအမျိုးမျိုးကို သမားတော်ကြီးတွေနဲ့ ပြသလို့ရနေပြီဖြစ်ကြောင်းကို သတင်းကောင်းပါးလိုပါတယ်။ ပြသလိုပါက အောက်ပါ ဖုန်းနံပါတ်တွေကနေတဆင့် Bookingတင်နိုင်ပါတယ်။

🏥Royal Thudamar Specialist Clinic
ရွိုင်ရယ်သုဓမ္မာအထူးကုဆေးခန်း
အမှတ် 1054, သုဓမ္မာလမ်းမကြီး, (င) ရပ်ကွက်,
ဝဇီရာမှတ်တိုင်အနီး, မြောက်ဥက္ကလာပမြို့နယ်
☎️ 09775992501 , 09943861610

ရွှင်လန်းကျန်းမာစေကြောင်း နှစ်သစ်ဆုမွန်ကောင်း 🙏🙏🙏နှစ်ဟောင်းကုန်ဆုံးလို့ ကူးပြောင်းလာခဲ့တဲ့ (၂၀၂၅) ခုနှစ်၊ နှစ်သစ်အခါသမယမ...
01/01/2025

ရွှင်လန်းကျန်းမာစေကြောင်း နှစ်သစ်ဆုမွန်ကောင်း 🙏🙏🙏

နှစ်ဟောင်းကုန်ဆုံးလို့ ကူးပြောင်းလာခဲ့တဲ့ (၂၀၂၅) ခုနှစ်၊ နှစ်သစ်အခါသမယမှာ -
"စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး နှစ်သစ်မှစ၍ စီးပွားဥစ္စာများ ဒီရေအလားတိုးတက်ပါစေ"

လို့ ရွိုင်ရယ်သုဓမ္မာမိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။

♻️နိုဝင်ဘာလ(၁၄)ရက်နေ့ကို "ကမ္ဘာ့ဆီးချိုရောဂါနေ့" အဖြစ်သတ်မှတ်ထားကြပါတယ်။ ဆီးချိုရောဂါဆိုတာ အဖြစ်အများဆုံး နာတာရှည်ရောဂါတ...
13/11/2024

♻️နိုဝင်ဘာလ(၁၄)ရက်နေ့ကို "ကမ္ဘာ့ဆီးချိုရောဂါနေ့" အဖြစ်သတ်မှတ်ထားကြပါတယ်။

ဆီးချိုရောဂါဆိုတာ အဖြစ်အများဆုံး နာတာရှည်ရောဂါတွေထဲက တစ်ခုဖြစ်ပြီး သေချာကုသမှု မပြုလုပ်ရင် နောက်ဆက်တွဲ ကျန်းမာရေး ပြသနာတွေ ဖြစ်‌ပေါ်လာနိုင်ပါတယ်။

ဒါကြောင့်မို့ "ရွိုင်ရယ်သုဓမ္မာအထူးကုဆေးခန်း"မှာ
ကမ္ဘာ့ဆီးချိုရောဂါနေ့အထိမ်းအမှတ်အနေနဲ့
✅ECG စက်ဖြင့် နှလုံးအခြေအနေစစ်ဆေးပေးခြင်း
✅RBS (ဆီချိုစစ်ဆေးပေးခြင်း)တို့ကို
⏰မနက်(၈)နာရီမှညနေ(၄)နာရီထိ အခမဲ့စမ်းသပ်‌စစ်ဆေးကုသပေးမှာပဲဖြစ်ပါတယ်ရှင့်။

♻️နိုဝင်ဘာ(၁၄)ရက်(၁၅)ရက် နှစ်ရက်တည်းသာစစ်ဆေးကုသပေးမှုပေးမှာဖြစ်သည့်အတွက်ကြိုတင်ဘိုကင်ယူထားနိုင်ပါတယ်ရှင့်💁

🏥 Royal Thudamar Specialist clinic

အမှတ် 1054,သုဓမ္မာလမ်းမကြီး(င)ရပ်ကွက် ,ဝဇီရာမှတ်တိုင်အနီး,မြောက်ဥက္ကလာပမြို့နယ်
☎️ 09775992501 , 09943861610

💁‍♀️အဆီကျဆေး Statin အကြောင်းသိကောင်းစရာ ♻️Statin ဆိုတာ သွေးတွင်းအဆီကျဆေးဖြစ်ပြီး သွေးတိုးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိသ...
12/11/2024

💁‍♀️အဆီကျဆေး Statin အကြောင်းသိကောင်းစရာ

♻️Statin ဆိုတာ သွေးတွင်းအဆီကျဆေးဖြစ်ပြီး သွေးတိုးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေမှာ တခြားဆေးများနဲ့ တွဲသောက်ရတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။

♻️Statinဆိုတာ အတိအကျပြောရရင် HMG CoA reductase inhibitorဖြစ်ပြီး ခန္ဓာကိုယ်ကနေ ကိုလက်စထရော ထုတ်ဖို့ လိုအပ်တဲ့ အင်ဇိုင်းကို တားဆီးပေးတာပဲ ဖြစ်ပါတယ်။

✅Atorvastatin, Rosuvastatin, Simvastatin တွေကတော့ မြန်မာနိုင်ငံမှာအသုံးများပါတယ်။

✅Statin ဆေးတွေက ကောင်းကျိုးအနေနဲ့

✴️မကောင်းတဲ့ အဆီတွေဖြစ်တဲ့ ကိုလက်စထရော၊ LDL၊ Triglycerides စတာတွေကို ကျစေပါတယ်။

✴️ကောင်းတဲ့ အဆီဖြစ်တဲ့ HDLကို တက်စေပါတယ်။

✅Statin ဆေးတွေကို
✴️သွေးတွင်းအဆီဓာတ်များတဲ့သူတွေ
✴️ဆီးချိုရောဂါရှိပြီး သွေးကြောပိတ်တာ၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ များသူတွေ
✴️နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေ
✴️လေဖြတ်၊ လေဖြန်းသူတွေ

✴️10 year CVD riskလို့ ခေါ်တဲ့ နှလုံးသွေးကြောပိတ်နိုင်ခြေ များနိုင်သူတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတတ်ပါတယ်။

✅Statin ဆေးတွေက တစ်သက်လုံး သောက်ရပါတယ်။

✅ဆေးပမာဏလည်း လိုရင်လိုသလို တိုးရပါတယ်။ သွေးတွင်းအဆီကောင်းနေတယ်ဆိုပြီး ရပ်လိုက်ရင် ပြန်တက်လာနိုင်ပါတယ်။

✅Statin ဆေးတွေသောက်တဲ့အခါ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့‼️

🔺ခေါင်းကိုက်တာ
🔺လေပွတာ
🔺ဝမ်းချုပ်တာ
🔺ရင်ပူပြီးအစာမကြေတာ
🔺ခါးနာတာ
🔺ကြွက်သားနာတာ
🔺ဆီးသွားရခက်တာ
🔺နှာပိတ်တာ
🔺ချွေးထွက်များတာ
🔺အိပ်ပျော်ဖို့ခက်တာတွေ ကြုံရတတ်ပါတယ်။

⁉️သတိထားရမယ့် ဘေးထွက်ဆိုးကျိုးကတော့ ကြွက်သားကြေတာနဲ့ အသည်းအင်ဇိုင်းတက်တာပဲ ဖြစ်ပါတယ်။

♻️ဒီဘေးထွက်ဆိုးကျိုးတွေက တွေ့ရတတ်တာတွေပဲ ဖြစ်ပြီး လူတိုင်းမှာ ဖြစ်မှာမဟုတ်ပါဘူး။

💁‍♀️တချို့လက္ခဏာတွေက ဆေးစသောက်စမှာပဲ ဖြစ်တတ်ပြီး အချိန်ကြာလာတာနဲ့အမျှ သက်သာသွားပါတယ်။

✅အရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ကြွက်သားကြေတာနဲ့ အသည်းအင်ဇိုင်းတက်တာအတွက် ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပေးနေမှာ ဖြစ်တာကြောင့် ထူးထူးထွေထွေ စိုးရိမ်စရာမလိုပါ။

✅Statinက အရေးကြီးတဲ့ ဆေးဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေကြောက်လို့ဆိုပြီး မသောက်တာမျိုး မလုပ်ရပါ။
✅တကယ်ပဲ ဘေးထွက်ဆိုးကျိုးကြောင့် သောက်ဖို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ တခြားသင့်တော်တဲ့ ဆေးနဲ့ အစားထိုးပေးပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်ရပါ။

💁‍♀️ဒါ့ပြင် Statin သောက်တဲ့အခါ တခြားသိထားသင့်တဲ့အချက်တွေကတော့

✴️ညဘက်‌သောက်တာ ပိုကောင်းပါတယ်။
✴️ညဘက်မှာ ခန္ဓာကိုယ်က ကိုလက်စထရောထုတ်မှာမို့လို့ပါ။
✴️ဂရိတ်ဖရုဖျော်ရည်နဲ့ တွဲမသောက်ပါနဲ့။

✴️Statinရဲ့ အာနိသင်ကို အနှောင့်အယှက်ဖြစ်စေတာကြောင့်ပါ။

♻️တခြားဆေးဝါးတွေ သောက်မယ်ဆို ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

‼️အထူးသဖြင့် ပိုးသတ်ဆေး၊ ဝါဖရင် သွေးမခဲဆေး၊ HIVအတွက် သောက်တဲ့ဆေးနဲ့ တခြားဆေးတွေ သောက်မယ်ဆို ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ပါ။ ဆေးအချင်းချင်း ဓာတ်ပြုနိုင်တာကြောင့်ပါ။

✅Statinက ခန္ဓာကိုယ်က ထုတ်တဲ့အဆီကိုပဲ နည်းစေတာကြောင့် အစားအစာကရတဲ့ အဆီကိုတော့ ကိုယ်တိုင်လျှော့ရမှာပါ။ Statin သောက်တာအပြင်

🔺အဆီအစိမ့်တွေ လျှော့စားတာ
🔺အသီးအရွက်တွေ များများစားတာ
🔺လေ့ကျင့်ခန်းလုပ်တာ
🔺အဝမလွန်အောင်ထိန်းတာ
🔺ဆေးလိပ် အရက်ဖြတ်တာတွေကို လိုက်နာမှ သွေးတွင်းအဆီကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။

✅Statinက အသက်ရှည်ဖို့ အရေးကြီးတဲ့ ဆေးဖြစ်တာကြောင့် ဆရာဝန်ညွှန်ကြားမှ သောက်သင့်သလို ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျ သောက်သင့်ပါတယ်။

👉Royal Thudamar Clinicမှာ သွေးတွင်းအဆီများခြင်းကို သမားတော်ကြီးတွေနဲ့ ပြသလို့ရနေပြီဖြစ်ကြောင်းကို သတင်းကောင်းပါးလိုပါတယ်။ ပြသလိုပါက အောက်ပါ ဖုန်းနံပါတ်တွေကနေတဆင့် Bookingတင်နိုင်ပါတယ်။

🏥Royal Thudamar Specialist Clinic

ရွိုင်ရယ်သုဓမ္မာအထူးကုဆေးခန်း

 အမှတ် 1054, သုဓမ္မာလမ်းမကြီး, (င) ရပ်ကွက်,

ဝဇီရာမှတ်တိုင်အနီး, မြောက်ဥက္ကလာပမြို့နယ်

☎️ 09775992501 , 09943861610

ที่อยู่

Bangkok

เวลาทำการ

จันทร์ 07:00 - 21:00
อังคาร 07:00 - 21:00
พุธ 07:00 - 21:00
พฤหัสบดี 07:00 - 21:00
ศุกร์ 07:00 - 21:00
เสาร์ 07:00 - 21:00
อาทิตย์ 07:00 - 21:00

เบอร์โทรศัพท์

+959943861610

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Royal Thudamar Specialist Clinicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ประเภท

New era of Homecare

ဆရာဝန်အိမ်ပင့်ဖို့ ခက်ခဲလှတဲ့ ပြည်သူတွေရဲ့ အခြေအနေကို တတ်နိုင်တဲ့ဘက်က ကူညီဖို့ FAMILY DOCTOR အိမ်တိုင်ရာရောက် ကျန်းမာရေး ၀န်ဆောင်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။ အိပ်ယာထဲလဲ နာတာရှည် လူနာတွေ ၊ ကင်ဆာ လူနာတွေ ၊ အဖိုးအဖွား တွေ အတွက် အဓိက အားထားစရာ ၀န်ဆောင်မှု ဖြစ်လာဖို့ မျှော်လင့်ရင်း မြန်မာပြည်မှာ ပိုမိုကောင်းမွန်တဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေး စနစ်တွေ ဖြစ်ပေါ်လာဖို့ အမြဲကြိုးစား အားထုတ်နေသော လုပ်ငန်းပဲဖြစ်ပါတယ် ။