Dufilex Collagen Type-II บำรุงกระดูกและข้อเข่า - ထိုင်းနိုင်ငံဆိုင်ခွဲ 003

Dufilex Collagen Type-II บำรุงกระดูกและข้อเข่า - ထိုင်းနိုင်ငံဆိုင်ခွဲ 003 Dufilex by W Plus Care Official Thailand & Myanmar

✨👉 ကျွန်တော်တို့ရဲ့ ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်း ၄ မျိုးကို စုစည်းပေးလိုက်ပါတယ် W Plus Care နဲ့အတူ ကျန်းမာပျော်ရွှင်...
17/06/2025

✨👉 ကျွန်တော်တို့ရဲ့ ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်း ၄ မျိုးကို စုစည်းပေးလိုက်ပါတယ် W Plus Care နဲ့အတူ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုဖြတ်သန်းကြပါစို့

🧡 Dufilex - ကိုရီးယားမှ ရရှိတဲ့ Collagen Type ll ထုတ်လုပ်မှုဖြင့်
အရိုးအဆစ်နာကျင်ကိုက်ခဲမှုမှန်သမျှကိုလျော့ပါးစေပါတယ်
🤎 W Plus 5 Mix Oil - ပရီမီယမ်
အဆင့်မှီ သဘာဝဆေးဖတ်ဝင်အဆီ (5) မျိူးဖြင့်ဖော်စပ်ထုတ်လုပ်ထားပြီးကျန်းမာရေးအတွက်အကောင်းမွန်ဆုံးနှင့်တစ်ခုတည်းသောရွေးချယ်စရာ
💜 Lutina - မျက်လုံးအသုံးပြုများခြင်းကြောင့်ဖြစ်တဲ့ မျက်စိကိုက်ခြင်း၊မျက်စိစပ်ခြင်းအတွက် တနေ့2လုံးအသုံးပြုရုံနှင့်ကောင်းမွန်တဲ့ရလဒ်တွေ့ရှိမူ
💛 Retino - ကမ္ဘာ့ နံပါတ် (1)
အကောင်းဆုံး ဂျပန်နိုင်ငံမှ ရရှိတဲ့
လူတင်းဖြင့်ဖော်စပ်ထုတ်လုပ်ထားပြီး မျက်စိဝေဒနာမှန်သမျှကို ပုံမှန်အတိုင်း
ကြည်လင်ပြတ်သားစွာကြည့်ရှု့စေနိုင်ဖို့ကူညီပေးသော ဖြည့်စွက်စာ

📌 W Plus Care ကုမ္ပဏီဟာဆိုရင်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှာ
ကျန်းမာရေးဖြည့်စွက်စာ ထုတ်ကုန်များကို ရောင်းချလာတဲ့ သက်တမ်းဟာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး
လက်ရှိတွင် မြန်မာနှင့် ထိုင်းနိုင်ငံမှာ
လည်း သောက်သုံးသူ Customer
အယောက် (1 ) သိန်းအထက်ရှိပြီဖြစ်ပါတယ်

ကျွန်ုပ်တို့ W Plus Care ကုမ္ပဏီ ရဲ့ ထုတ်ကုန်တိုင်းကို ယုံကြည်စွာဝယ်ယူနိုင်ပြီး သင်နောင်တမရစေဖို့ အာမခံပါတယ်

🏳️‍🌈 𝐇𝐚𝐩𝐩𝐲 𝐏𝐫𝐢𝐝𝐞 𝐌𝐨𝐧𝐭𝐡 🏳️‍🌈𝐋𝐆𝐁𝐓𝐐+𝐝𝐚𝐲 👑" 𝐖𝐞 𝐬𝐭𝐚𝐧𝐝 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐟𝐨𝐫 𝐥𝐨𝐯𝐞,𝐞𝐪𝐮𝐚𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐡𝐮𝐦𝐚𝐧 𝐫𝐢𝐠𝐡𝐭 "✊     ကမ္ဘာပေါ်မှာရှိသော 𝐋𝐆...
12/06/2025

🏳️‍🌈 𝐇𝐚𝐩𝐩𝐲 𝐏𝐫𝐢𝐝𝐞 𝐌𝐨𝐧𝐭𝐡 🏳️‍🌈

𝐋𝐆𝐁𝐓𝐐+𝐝𝐚𝐲 👑
" 𝐖𝐞 𝐬𝐭𝐚𝐧𝐝 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐟𝐨𝐫 𝐥𝐨𝐯𝐞,𝐞𝐪𝐮𝐚𝐥𝐢𝐭𝐲 𝐚𝐧𝐝 𝐡𝐮𝐦𝐚𝐧 𝐫𝐢𝐠𝐡𝐭 "✊
ကမ္ဘာပေါ်မှာရှိသော 𝐋𝐆𝐁𝐓တိုင်း အပြစ်တင်ရှုံ့ချခြင်းများကင်းဝေးပြီး ချစ်ခြင်းမေတ္တာများ ပြည့်ဝကြပါစေ 👩‍❤️‍👩
ခွဲခြားဆက်ဆံခြင်းမရှိ လူသားအားလုံးကို ချစ်ခြင်းမေတ္တာများဖြင့် အစဉ်အမြဲတည်မြဲနိုင်ပါစေလို့ အားလုံးနှင့်အတူ
𝐖 𝐏𝐋𝐔𝐒 𝐂𝐀𝐑𝐄 ကုမ္မဏီမိသားစုမှ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ဆု‌မွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🌈



🚨ငလျင်လှုပ်ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေး      ငလျင်လှုပ်ပြီးနောက်တွင်ခေါင်းမူးခြင်း အန်ခြင်းများကြုံတွေ့နိုင်ပါတယ်ရှင...
29/03/2025

🚨ငလျင်လှုပ်ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေး
ငလျင်လှုပ်ပြီးနောက်တွင်ခေါင်းမူးခြင်း အန်ခြင်းများကြုံတွေ့နိုင်ပါတယ်ရှင့်
ပထမဦးဆုံးအနေဖြင့် သတိပေးချင်တာကတော့ စိုးရိမ်စိတ်ကို ပထမဦးစွာလျော့ချပေးပါရှင့် စိုးရိမ်စိတ်လွန်ကဲခြင်းဟာ ပိုမိုမူးမော်ခြင်းကိုဖြစ်စေပါတယ်
✅ ငလျင်လှုပ်ပြီးနောက် ခေါင်းဆက်မူးနေလျှင် ဖော်ပြပါ အချက်များကိုလိုက်နာဆောင်ရွက်ပေးပါရှင့်
- ခဏငြိမ်သက်စွာ လှဲလျောင်းပေးပါ
- ရေဓာတ်ရအောင်ပြန်လည်လုပ်ဆောင်ပါ
- စိတ်ငြိမ်သက်စေရန် အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
- အခြေအနေငြိမ်သက်သွားလျှင် မိမိကိုယ်ကိုယ်ထိခိုက်မှုရှိမရှိသေချာစွာစစ်ဆေးပါ
- ထိခိုက်မှုရှိပါက ကုသခြင်းကို အမြန်ဆုံးခံယူပါ
⛔နောက်ဆက်တွဲအနေဖြင့် ငလျင်လှုပ်ပြီးချိန်တွင် ရေမသန့်မှုကြောင့် ဝမ်းပျက်ဝမ်းလျောခြင်းများလဲဖြစ်ပေါ်စေနိုင်ပါတယ် အထူးသတိပြုပေးပါရှင့်
❗အသက်ရှုလမ်းကြောင်းဆိုင်ရာများလဲပြဿနာများ ကြုံတွေ့နိုင်သလို သွေးတိုးဝေဒနာများအနေနှင့်လဲ သွေးပေါင်ချိန်မြင့်တတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်
💥ယခုလိုအချိန်မျိုးတွင် မိဘပြည်သူများအနေဖြင့် မိမိကျန်းမာရေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ရှင့်
🤗 မိဘပြည်သူများနှင့်အတူ W PLUS Care ကုမ္မဏီမိသားစုမှအတူတစ်ကွရှိနေကြောင်းကိုလဲ အသိပေးအပ်ပါတယ်ရှင့်
_ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်များကင်းဝေးကြပါစေ
_ယခုကြုံတွေ့နေရသောကပ်ဆိုးများမှလဲ
အမြန်ဆုံးကင်းလွတ်နိုင်ကြပါစေ
_ချစ်သောမိသားစုသူငယ်ချင်းများနှင့်လဲပြန်လည်ဆုံတွေ့နိုင်ပါစေလို့ ဝမ်းနည်းညိုးငယ်စွာဖြင့် ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ရှင့် 🙏


⛔️ငလျင်ဖြစ်ပွားချိန်မှာ *အန္တရာယ်ကင်းရှင်းဖို့*ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အောက်ပါအတိုင်း သိထားကြရအောင်။  🔹 ငလျင်ဖြစ်...
29/03/2025

⛔️ငလျင်ဖြစ်ပွားချိန်မှာ *အန္တရာယ်ကင်းရှင်းဖို့*ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အောက်ပါအတိုင်း သိထားကြရအောင်။

🔹 ငလျင်ဖြစ်စဉ်အတွင်း
ဆောင်ရန် 🔹
✅ အဆောက်အဦးအတွင်းမှာရှိလျှင်ခေါင်းကိုဖုံးကာ စားပွဲ၊ ခိုင်မာတဲ့ပစ္စည်းအောက်မှာဝင်နားပါ။
✅ အပြင်မှာရှိရင်အဆောက်အဦး
အမြင့်များ၊ သစ်ပင်များ၊ လျှပ်စစ်ဝါယာများအနီးမှာနေထိုင်မနေရန်
✅ ကားမောင်းနေလျှင်ကားကိုဖြည်းဖြည်းမောင်းပြီး မလိုအပ်ဘဲလမ်းမကြီး
တွင်ရပ်မထားပါနှင့်။
✅ငလျင်ပြီးဆုံးသွားချိန်မှာအမြန်မထွက်ခွာပါနဲ့ အစိတ်အပိုင်းပြိုကျမှုရှိနိုင်တာကြောင့် **ထပ်မံဂရုစိုက်ပါ**

❌ ငလျင်ဖြစ်စဉ်အတွင်း ရှောင်ရန် ❌
❌ မှန်ပြတင်းပေါက်နားမှာ နေခြင်းကိုအထူးဂရုပြုပါရန်။
❌ လျှပ်စစ်မီးခလုတ်နှိပ်ခြင်းများမပြုလုပ်မိရန် (မီးလောင်မှုဖြစ်နိုင်)
❌ ထွက်ပြေးခြင်း – ငလျင်ဖြစ်နေစဉ် အတွင်းအဆင်းအတက်မလုပ်ပါနဲ့ ထွက်ပြေးရင်း ( ထိခိုက်နိုင် )
❌ ဓာတ်လှေကားသုံးခြင်း – လှေကား အတွင်းပိတ်မိနိုင် သို့မဟုတ် ပြိုကျနိုင်

📌 ငလျင်ပြီးချိန်မှာ လုပ်ဆောင်ရန်
✔ **ကိုယ့်ကိုယ်ကို စစ်ဆေးပါ
ထိခိုက်မှုရှိရင် ( အမြန်ကုသရန် )
✔ **အခြားသူများကို ကူညီပါ**
အကူအညီလိုသူရှိ/မရှိ စစ်ဆေးပါ
✔ **သက်ဆိုင်ရာ၏ ကြေညာချက်များနားထောင်ပါ
– ထပ်တလဲလဲငလျင် (Aftershock) ဖြစ်နိုင်
✔ **အန္တရာယ်ရှိသောနေရာများ မဝင်ပါနဲ့
– အဆောက်အဦးပြိုကျမှုများစွာရှိနိုင်

🔹ချစ်ရတဲ့Customers များအတွက်
ဗဟုသုတရစေရန် တင်ပေးလိုက်ပါတယ်ရှင့် ဤ ကပ်ဆိုးကြီးမှ အမြန်ဆုံးကျော်လွှားနိုင်စေဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်

#အားလုံးအတူတူကျော်လွှားကြပါစို့


"အရင်ကချော်လဲခဲ့ဖူးတယ် လမ်းပြန်မလျှောက်နိုင်တော့ဘူးလို့တောင်ထင်ခဲ့တာ " မနက်ဖြန်မှာဆိုရင်ဖြင့် Dufilex ရဲ့ Brand Ambassad...
14/03/2025

"အရင်ကချော်လဲခဲ့ဖူးတယ် လမ်းပြန်မလျှောက်နိုင်တော့ဘူးလို့တောင်ထင်ခဲ့တာ "

မနက်ဖြန်မှာဆိုရင်ဖြင့် Dufilex ရဲ့
Brand Ambassador ဖြစ်တဲ့ ပြည်သူ့အချစ်တော်" Aunty Cho Pyone"
နှင့်အတူ Product Specialist တို့၏
Talk show 🎬 အစီအစဉ်တွင် အရိုးအဆစ်ကျန်းမာရေးနှင့်တကွ မေချိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အရိုးအဆစ်နာကျင်မှုကြောင့် လမ်းဆက်လျောက်ခွင့်‌မရတော့ဘူးလို့သတ်မှတ်ခဲ့ရတဲ့ အချိန်တစ်ခုရဲ့အတွေ့အကြုံကို ဒေါက်တာနဲ့အတူ မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင့် 🧡

ဒါ့အပြင် Dufilex ရဲ့အထူး Special Promotion များကိုလဲ ထို Live ထဲ
တွင်ပေးသွားမှာ ဖြစ်တဲ့အပြင်
" MayCho " ရဲ့ကျန်းမာရေး
လျှိူ့ဝှက်ချက်တွေကိုလည်းမျှဝေ
ပေးဦးမှာဖြစ်တဲ့အတွက် အထူးအခွင့်အရေးများကိုရယူဖို့ Live လေးထဲကိုဝင်ရောက်ကြည့်ရှု့ဖို့အတွက် ဖိတ်ခေါ်ပါတယ်ရှင့် 🤗

Date | 15 Mar 2025 ( Saturday )
Time | 12:00 PM -1:00 PM



🌕ယခုကျရောက်သောမြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် သာသနာနှစ်၂၅၆၈ တပေါင်းလပြည့်နေ့လေးတွင် ချစ်ရတဲ့မိဘပြည်သူများအားလုံး ကျန်းမာကြပါစေ...
13/03/2025

🌕ယခုကျရောက်သောမြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် သာသနာနှစ်၂၅၆၈ တပေါင်း
လပြည့်နေ့လေးတွင် ချစ်ရတဲ့မိဘပြည်သူများအားလုံး ကျန်းမာကြပါစေ🪔

_ ဘေးဘယာများဝေးကွာ၍ အေးချမ်းမှုများရရှိကြပါစေ
_ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ
_ စိတ်ရဲ့အလိုတိုင်း လုပ်ဆောင်မှုများအောင်မြင်ပါစေ
_ ချစ်ရတဲ့သူများနှင့်လဲ သာယာဖွယ်ကောင်းသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ
_ ကျန်းမာလှပပြီး ကိုယ်ရောစိတ်ပါနှစ်ပါးစလုံး သာယာချမ်းမြေ့ပါစေ
_ ဝင်ငွေများလဲ ဆထက်တပိုး တိုးတတ်ပါစေကြောင်း
W Plus care company မိသားစုမှ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ရှင့် 🙏🙏🙏


🐉နေ့ထူး‌နေ့မြတ်ဖြစ်သောတရုတ်နှစ်သစ်ကူးနေ့ရက်လေးမှစ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများဖြစ်ပါစေရှင့်🏮 🌸ထိုမွန်မြတ်လှ‌ပသော န...
28/01/2025

🐉နေ့ထူး‌နေ့မြတ်ဖြစ်သောတရုတ်နှစ်သစ်ကူးနေ့ရက်လေးမှစ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများဖြစ်ပါစေရှင့်🏮

🌸ထိုမွန်မြတ်လှ‌ပသော နေ့ရက်လေးမှစ၍ 🧧ဝင်ငွေများ ဆထက်တပိုးတိုး၍ လုပ်ငန်းများလဲအောင်မြင်ပါစေ

- အနာရောဂါကင်းရှင်းပြီးစိတ်ရော
ကိုယ်ပါ သာယာချမ်းမြေ့ပါစေ။ ချစ်မြတ်နိုးရတဲ့ မိသားစုနဲ့အတူ နှစ်သစ်မှစနေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ။
💰ရွှေငွေများလဲ ပေါကြွယ်ဝလို့ အောင်မြင်မှုများလဲ သိမ်းပိုက်နိုင်ပါစေ။ ကံကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံပါစေ
အောင်မြင်မှုနဲ့အတူ ချမ်းသာကြွယ်ဝခြင်းများပိုင်ဆိုင်ပါစေလို့
" W Plus Care company "မိသားစုလေးမှ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ရှင့်🙏



Chinese new year မှာ Dufilex ကပေးနေတဲ့ အထူးလျော့ဈေးလေးရှိပါတယ်ဗျို့ 📢        🎆တရုတ်နှစ်သစ်ကူးရက်လေးမှာ လူကြီးမိဘတွေကိုကန...
28/01/2025

Chinese new year မှာ Dufilex ကပေးနေတဲ့ အထူးလျော့ဈေးလေးရှိပါတယ်ဗျို့ 📢
🎆တရုတ်နှစ်သစ်ကူးရက်လေးမှာ လူကြီးမိဘတွေကိုကန်တော့ချင်လို့ဘဲဖြစ်ဖြစ် ‌မေတ္တာလက်ဆောင်အဖြစ်ပေးမယ်ဆိုလျှင် လုံးဝကောင်းမွန်ပြီး အထူးတန်ပါတယ်ရှင်

🤗ကျန်းမာခြင်းလက်ဆောင်ဟာ အကောင်းမွန်ဆုံးလက်ဆောင်တစ်ခုပါ "ကျန်းမာခြင်းသည် လာဘ်တစ်ပါး"ဆိုသည့်အတိုင်း

✨ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်တန်ဖိုးထားရတဲ့သူတွေကျန်းမာသန်စွမ်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်စေဖို့ မေချိုကိုယ်တိုင်ယုံကြည်စွာသုံးစွဲနေတဲ့ Dufilex ဖြည့်စွက်စာအားဆေးလေးရှိပါတယ်ရှင်
Dufilex ဟာကျန်းမာသန်စွမ်းမယ့်နေ့ရက်တွေကိုပိုင်ဆိုင်စေမယ့်အပြင် အခုဆိုရင် တရုတ်နှစ်သစ်ကူးအနေနဲ့
📢 Buy 3 get 3 သုံးဗူးဝယ်
ဗူးသေးသုံးဗူး လက်ဆောင်
6 ဗူး = 2,370 ဘတ်
3 ဗူးဈေးကို 2,370 ဘတ်နဲ့ ရရှိမှာဖြစ်တဲ့အပြင် လက်ဆောင် 3ဗူးပါထပ်ရအုံးမှာဆိုတော့ လုံးဝလက်မလွှတ်တန်းဝယ်ယူလိုက်ရအောင်ရှင့် 🥰



Dufilex နဲ့ မေချိုတို့ရဲ့ 2025 နှစ်သစ်အတွက် အလှုကြီး တခုကို လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေပါရှင့်  Dufilex ချစ်သူများနှင့်...
27/01/2025

Dufilex နဲ့ မေချိုတို့ရဲ့ 2025 နှစ်သစ်အတွက် အလှုကြီး တခုကို လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေပါရှင့် Dufilex ချစ်သူများနှင့် w plus care မှ မိတ်ဟောင်းမိတ်သစ် customer များအားလုံးလည်း သာဓုခေါ်နိုင်ပါပြီရှင့်

⛔ အလွန်အန္တရာယ်များသော Air pollution ဟုခေါ်သော      လေထုညစ်ညမ်းခြင်း ⛔           Air Pollution ဟာ ယခုဆိုလျှင် လွန်စွာဆို...
24/01/2025

⛔ အလွန်အန္တရာယ်များသော Air pollution ဟုခေါ်သော
လေထုညစ်ညမ်းခြင်း ⛔

Air Pollution ဟာ ယခုဆိုလျှင် လွန်စွာဆိုးရွားလာလျက်ရှိပါတယ် ။ ယခုလတ်တလောတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုဟာ တစ်နေ့တစ်ခြား မြှင့်တတ်လာပြီး စိုးရိမ်အဆင့်အနီရောင်အဆင့်ဟု သတ်မှတ်ထားပြီးဖြစ်ပါတယ် ။ ‌‌
လေထုညစ်ညမ်းလာလျှင် ကမ္ဘာမြေရဲ့ဂေဟစနစ်တွေပျက်စီးဆုံးရှုံးသည့်အပြင် မိဘပြည်သူများအတွက်လဲကျန်းမာရေးထိခိုက်မှုများကြုံတွေ့ရနိုင်ပါတယ်ရှင် ထို့ကြောင့် မိဘပြည်သူများအနေနဲ့ လေထုညစ်ညမ်းမှုကို‌ လျော့ချနိုင်ဖို့မိမိနိုင်ရာဘက်ကနေဝင်ရောက် ကူညီပေးကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင် 🙏
‌Air pollution ( လေထုညစ်ညမ်းမှု ) မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ❓
🚨 အမှိုက်များကို မီးမရှို့ဘဲ တခြားနည်းစနစ်ဖြင့် စွန့်ပစ်ပေးပါ ၊ မော်တော်ယာဉ်မောင်းနှင်မှုကိုလျော့ချပေးပါ၊ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ကောင်းမွန်သောစနစ်ကိုသာအသုံးပြုပေးပါ၊ သန့်စင်သောလေထုကိုထုတ်ပေးတဲ့ သစ်ပင်များကိုစိုက်ပျိုးပေးပါရှင်
❗ယခုလောလောဆယ် အနေဖြင့် တတ်နိုင်သမျှ ပြင်ပလေကိုမရှုရှိုက်မိအောင်နေပါ အပြင်မထွက်ပါနှင့် မဖြစ်မနေထွက်ရမည်ဆိုလျှင် mask တပ်ဆင်ပြီးမှ ထွက်ပါရှင်

📢 Air pollution ‌မကောင်းသောလေထုကိုရှုရှိုက်မိပါက ကြုံတွေ့ရနိုင်သော ပြဿနာများ
🔺 အသက်ရူလမ်းကြောင်းဆိုင်ရာ နှလုံးအဆုတ်တို့တွင် ဝေဒနာများဖြစ်ပေါ်ခြင်း၊ အရေပြားရောဂါများ ဖြစ်ပေါ်ခြင်း၊
မျက်စိစပ်တာ ၊ ချောင်းဆိုးတာ၊ ဓာတ်မတည့်တာမျိုးတွေအပြင် ကြာလာတာနဲ့အမျှ ကင်ဆာရောဂါဖြစ်ပွားနှုန်းကိုလဲ မြှင့်တတ်စေပါတယ်ရှင် ထို့ကြောင့်မိဘပြည်သူများအနေနှင့် လေထုညစ်ညမ်းစေမယ့်အရာများကို လျော့ချပေးနိုင်ရန် ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင် ✌️
သန့်စင်သောလေကိုသာရူရှိုက်ခွင့်ရပြီး ကျန်းမာသောနေ့ရက်လေးများပိုင်ဆိုင်ကြပါစေလို့ " W Plus Care " မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏

ที่อยู่

420/118 THE ONE Bangna ถนน นัมเบอร์วัน-ราม 2 แขวง ดอกไม้ เขต ประเวศ
Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dufilex Collagen Type-II บำรุงกระดูกและข้อเข่า - ထိုင်းနိုင်ငံဆိုင်ခွဲ 003ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์