12/10/2025
ထိုင်းပြည်နယ် ၁၇ ခုမှာ ရေကြီးနေပြီး ဒေသခံ ၃၄၀,၀၀၀ ရေဘေးသင့်
ဒီနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ထိုင်းပြည်နယ် ၁၇ ခုမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံ ၃၄၀,၀၀၀ ရေဘေးသင့်နေပါတယ်။ အဓိကအားဖြင့် မြေပြန့်လွင်ပြင်အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ထိခိုက်မှုရှိနေပါတယ်။
ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနရဲ့ ဖော်ပြချက်အရ မြေပြန့်လွင်ပြင်အလယ်ပိုင်းက ပြည်နယ် ၈ ခုဖြစ်တဲ့ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani နဲ့ Nakhon Pathom မှာရှိတဲ့ ဒေသခံတွေဟာ ရေဘေးဒဏ်ကို ဆက်လက်ခံစားနေရတယ်လို့ ဆိုပါတယ်။
မြေပြန့်လွင်ပြင်အလယ်ပိုင်းထဲမှာတော့ Suphan Buri ရဲ့ Mueang, Bang Pla Ma, Song Phi Nong, Don Chedi, Doembang Nangbuat, U Thong, Nong Yasai, Sam Chuk နဲ့ Dan Chang ခရိုင်တွေမှာ ရေကြီးရေလျှံမှုအဆင့်တွေ မြင့်တက်လာခဲ့ပါတယ်။ ဒေသရဲ့ တခြားနေရာတွေမှာတော့ ရေမျက်နှာပြင်က တည်ငြိမ်သွားတာ ဒါမှမဟုတ် ပြန်ကျစပြုလာတာ ဖြစ်ပါတယ်။
မြောက်ပိုင်းမှာတော့ ပြည်နယ် ၅ ခုဖြစ်တဲ့ Phitsanulok, Phetchabun, Sukhothai, Phichit နဲ့ Nakhon Sawan မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Phitsanulok နဲ့ Nakhon Sawan မှာ ရေမျက်နှာပြင်က တည်ငြိမ်နေပေမယ့် Phetchabun, Sukhothai နဲ့ Phichit မှာတော့ ရေကျသွားခဲ့ပါတယ်။
အရှေ့မြောက်ပိုင်းမှာတော့ Ubon Ratchathani နဲ့ Udon Thani မှာ အခြေအနေက အပြောင်းအလဲမရှိဘဲ Chaiyaphum မှာတော့ ရေမျက်နှာပြင် ကျဆင်းသွားခဲ့ပါတယ်။
အရှေ့ပိုင်းမှာတော့ Chachoengsao ရဲ့ Bang Nam Prieo ခရိုင်မှာ ရေမျက်နှာပြင်တွေ ကျဆင်းသွားခဲ့ပါတယ်။
Ref : Thethaiger
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #ထိုင်းပြည်နယ်၁၇ခုရေကြီး