
04/01/2025
ဆရာမဆီမှာ Tarot ဗေဒင်မေးချင်တယ် ဥာဏ်ပူဇော်ခ ဘယ်လောက်ကန်တော့ရမလဲဆိုတဲ့သူတွေအတွက် post ပါ ခဏခဏတင်ဖူးပါတယ် အခုပြန် share ပေးတာပါ😊😊😊
ဒီနေ့ ကျွန်မဆီမှာ Tarot အမြဲလာမေးနေကြတဲ့ သူငယ်ချင်း မိတ်ဆွေများ သိချင်နေတဲ့ ကျွန်မဘာ့ကြောင့် စေတနာကြေး နဲ့ပဲ ဟောပေးနေတာလဲဆိုတာလေးကို ပြောပြချင်ပါတယ် တကယ်တော့ Tarot reader ဘဝကို ကျွန်မရွေးချယ်ခဲ့တာမဟုတ်ပါဘူး Tarot ကသာကျွန်မကိုရွေးချယ်ခဲ့တာပါ ကျွန်မဘဝမှာ အရမ်းအားကျယုံကြည်ခဲ့ရတဲ့ ဆရာကြီးတဦးရှိခဲ့ဖူးပါတယ် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်ကတည်းက ကျွန်မက အသက်၃၀ကေျာ်ရင် ဗေဒင်ဆရာမဖြစ်လာလိမ့်မယ် ဆိုပြီး ကျွန်မမွေးနေ့ သက္ကရာဇ် တခုမှမပါဘဲ ဒီအတိုင်း ကျွန်မမျက်နာကိုပဲကြည့်ပြီး ဟောခဲ့တဲ့ဆရာကြီးတယောက်ပါ ဆရာကြီးသည် ဆရာဝန်တွေမပြောခင် လူတယောက်က ဘာရောဂါဖြစ်ပြီး သေနိုင် မသေနိုင်ကိုပါ တိတိကျကျ ဟောနိုင်တဲ့ဆရာကြီးပါ ကျွန်မကို ၃ခါဟောဖူးပါတယ် ၃ခါလုံးလုံးဝမလွဲခဲ့ပါဘူး ပြောချင်တာက ဆရာကြီးရဲ့ ဥာဏ်ပူဇော်ခ ယူပုံလေးပါ ဆရာကြီး သည် လူတိုင်းကို စေတနာကြေး တတ်နိုင်သလောက် သာ ကန်တော့တာလက်ခံပါတယ် ဘယ်၍ဘယ်မျှ ဘယ်တုန်းက မှ မသတ်မှတ်ပါဘူး ယတြာပေးရင်လည်း ဘုရားကို ဘာလှူပါ ဘာကုသိုလ် လုပ်ပါကလွဲရင် အထူးအဆန်းယတြာမပေးပါဘူး ယတြာကြေး ဘယ်၍ဘယ်မျှ ဆိုတာလည်း တခါမှ မတောင်းပါဘူး ဗမာလွယ်အိတ်လေးတလုံးနဲ့ အမြဲအေးဆေးတည်ငြိမ်နေတဲ့ဆရာကြီးရဲ့ရုပ်သွင်ဟာ ကြည်ညိုစရာပါ ဒါပေမယ့် ဆရာကြီး ကမဆင်းရဲပါဘူး တိုက်နဲ့ကားနဲ့ မိသားစု တွေ ပြည့်ပြည့်စုံစုံနဲ့ သားသမီး တွေကို ကောင်းကောင်းထားနိုင်ပါတယ် ဆရာကြီးကိုကြည့်ပြီးကျွန်မတခုနားလည်မိပါတယ် စေတနာကြေးတတ်နိုင်သလောက်ဆိုတဲ့စကားပါ စေတနာဆိုတာသည် လူတဦးကလူတဦးအပေါ် ကြည်ကြည်ဖြူဖြူနဲ့ သူ့အတွက် လည်း မခက်မခဲ တဲ့အရာကို ပေးတယ်လို့ကျွန်မနားလည်ပါတယ် အဲ့ဒါ ကြောင့် ကျွန်မလည်စးကျွန်မကို tarot ကြည့်တဲ့ အခါပေးတဲ့ ဥာဏ်ပူဇော်ခ သည် စေတနာကြေးတတ်နိုင်သလောက် သာရလိုပါတယ် ပြီးတော့ စေတနာသည် အဆုံးမရှိ ပါ ဖြစ်နိုင်ရင် ဒိထပ်ပိုပေးချင်တာပါဆိုတဲ့ စကား ကိုကျွန်မ တော်တော်များများ ဆီကကြားဖူးပါတယ် ကြားရရုံနဲ့တင်ကျေနပ်ပါတယ် ပြီးတော့ ကျွန်မကို Tarot ပညာသင်ပေးတဲ့ ဆရာ Sayar Arkar. ကြောင့်ပါ ဆရာသည် ကျွန်မအပေါ်မှာ စေတနာသက်သက်ဖြင့်သာ ပညာတွေသင်ကြားပေးခဲ့တာဖြစ်ပါတယ် ဆရာသည်လည်း စေတနာဆရာတစ်ယောက်ပါ ပြီးတော့ ကျွန်မရဲ့ သင်ဆရာမြင် ဆရာ အားလုံးသည်လည်း စေတနာဆရာတွေသာဖြစ်ပါတယ်
ဆရာငြိမ်းအေးလူ လို နိုင်ငံကျော် ဆရာသည်လည်းကျွန်မအရမ်းဒုခရောက်ခဲ့စဥ်က ဖုန်းဘေလေး၃ထောင်နဲ့ဟောပေးခဲ့ဖူးပါတယ်
အဲ့လို ဆရာတွေရဲ့တပည့်ဖြစ်တဲ့ ကျွန်မသည်လည်း စေတနာကြေးသာ ဥာဏ်ပူဇော်ခ လက်ခံပါတယ်
အဓိကက ကျွန်မကိုဥာဏ်ပူဇော်ခ ပေးတဲ့ ငွေသည်
ကျွန်မအပေါ် ကြည်ကြည်ဖြူဖြူနဲ့ ပေးတဲ့
သူအတွက် လည်း မခက်မခဲ တဲ့အရာကို ပေးရတယ်ဆိုရင် ကျွန်မအတွက်လည်း စားရသုံးရ လှူရတန်းရတာ အဆင်ပြေလို့ပါလို့ ပြောပြချင်ပါတယ်
ကျွန်မရဲ့သင်ဆရာ မြင်ဆရာအားလုံးကို ရှိခိုးကန်တော့ပါတယ်🙏🙏🙏🙏
မှတ်ချက်အနေနဲ့
ကျွန်မဆီမှာ မတတ်နိုင်လို့ ၃ထောင်လောက်ယူပါဆိုပြီး တခြားမှာ သောင်းချီသိန်းချီပေးပြီး တလွဲတွေကြုံလာတော့မှ ပြန်လာငိုပြတာတွေကတော့ သဗ္ဗေသတ္တာ ကမ္မသက္ကာ ပါပဲလို့