Dhamma by Buddha - ဘုရားဟောထားသော တရားတော်များ

Dhamma by Buddha - ဘုရားဟောထားသော တရားတော်များ ဗုဒ္ဓဟောထားသောတရား‌တော်များ

04/11/2024

ကြံ့ကြံ့ခံနိုင်မှု (Resilience) ဆိုတာ



🔹ကရုဏာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဦးစားပေးပြီးတော့ ဟောတာ ဒုက္ခနဲ့တွေ့တဲ့အခါမှာ ယိမ်းယိုင်မှု မရှိဘဲနဲ့ Resilience ၊ resilience ဆိုတာက ကြံ့ကြံ့ခံနိုင်တာပေါ့။ ကြံ့ကြံ့ခံနိုင်တယ် ဆိုတဲ့ဟာက ဟို resistance ပြောတာမဟုတ်ဘူး၊ resistance က resist လုပ်တယ် အဲဒါက ကြံ့ကြံ့ခံတယ် အဲဒါက တစ်ခု။ အသုံးပြုတဲ့ အင်္ဂလိပ်စကား။


🔹နောက်တစ်ခုက Resilience ဆိုတာက ဥပမာ ကားကြပ်လို့ ဒါမှမဟုတ် လိုချင်တဲ့ပစ္စည်းမှာတာ နောက်ကျနေလို့ စိတ်ညစ်သွားရင် စိတ်ညစ်တာကို သိလိုက်တယ်၊ အဲဒီ စိတ်ညစ်တာကနေပြန်ပြီး မြန်မြန်ဆန်ဆန် နလန်ထူနိုင်တာ။


🔹စိတ်ညစ်တဲ့အခါမှာ အဆိုးမြင်ဝါဒ ဝင်တယ်။ Negative thinking တွေ ဝင်တယ်၊ အဲဒီ Negative thinking ကနေ ပြန်နလန်ထူတာ recover ဖြစ်တယ် ခေါ်တာပေ့ါ။


🔹ပြန်ပြီးတော့ နလန်ထူတယ် ပြန်ပြီး recover ဖြစ်တယ် အဲဒီဟာကို positive thinking ခေါ်တာ။ အဲဒီလို ဒုက္ခနဲ့တွေ့တိုင်း ပြဿနာနဲ့ တွေ့တိုင်း ခလုတ်တိုက်တိုင်း ကိုယ့်ဟာကိုယ်ကို ပြန်ပြီးတော့ မြန်မြန်ဆန်ဆန် recover ဖြစ်တာ နလန်ထူတာ နလန်ထနိုင်တာ အတွေးအခေါ်အနေနဲ့ရော စိတ်ခံစားမှု emotion အနေနဲ့ရော ပြန်ပြီးတော့ နလန်ထနိုင်တာ။


🔹Negative attitude ကနေ Poisitive attitude ပြန်ဖြစ်သွားတယ်။ ရမှရပါ့မလားဆိုတဲ့ သံသယကနေပြီးတော့ ဒီဟာ လုပ်နိုင်ပါတယ်ဆိုပြီးတာ့ ယုံကြည်ချက်လေး ပြန်ပြီးတော့ ရရှိထားတယ်။ Negative ဘက်ကနေ Positive ဘက် ပြန်ရာက်သွားတယ်။

အဲဒါကို Resilience လို့ ခေါ်တယ်။


🔹Resilience ကို တချို့ psychologist တွေကတော့ Mental Immune System - immunity က ကိုယ်ခံအားကို ပြောတယ်လေ၊ ကိုယ်ခံအားကောင်းတဲ့လူ အအေးဒဏ် ခံနိုင်တယ်၊ နှာစီးဒဏ်တွေ ခံနိုင်တယ်၊ ရာသီဥတု climate ဒဏ်တွေခံနိုင်တယ်။


🔹အဲဒီလိုပါပဲတဲ့ စိတ်ထဲမှာ စိတ်ဓာတ်ခံအား ခေါ်ရမှာပေါ့ psychological immune system ကောင်းတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်ကလည်း တော်ရုံတန်ရုံ သူများဝေဖန်တာတို့ တော်ရုံတန်ရုံ အခက်အခဲနဲ့ တွေ့တာမျိုးတို့ အဲဒါမျိုးဆို သူက


🍃စိတ်ဓာတ် မကျတတ်ဘူး
🍃လက်မလျှော့တတ်ဘူး


လက်မလျှော့ရုံတင် မကဘူး မိမိတွေးခေါ်တဲ့နေရာမှာ -

🍃မိမိအတွက်လည်းတွေးတယ်
🍃သူတစ်ပါးအတွက်လည်း တွေးတယ်။


🔹တချို့ကျတော့ အခက်အခဲနဲ့တွေ့ပြီဆိုရင် ကိုယ့်အတွက်ပဲ တွေးတော့တယ်၊ inward-looking တစ်ခုပဲ လုပ်တော့တယ် outward-looking မလုပ်တော့ဘူး balance မဖြစ်တော့ဘူး။


🙏ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ🙏

"နေ့စဉ်အသုံးချ ကရုဏာ(၁၇.၁.၂၀၁၉ မြစ်ကြီးနားမြို့)" တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။




ချစ်ခြင်းအားဖြင့်
ပြေခိုင်

31/10/2024

ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..

ပထမ ၁၀ နှစ်ကတော့ ဘာမှ တတ်သိနားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်...

ဒုတိယ ၁၀ နှစ်ကျပြန်တော့ ကျောင်းစာတွေ သင်ကြား လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ကြပြန်ရော...

တတိယ ၁၀ နှစ်ကျတော့ သင်တန်းတွေ တက်ရင်း အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်...

စတုတ္ထ ၁၀ နှစ်ကျပြန်တော့ စီးပွားရှာ မိသားစုဘဝ တည်ဆောက်ရင်းနဲ့ပေါ့...

ပဉ္စမ ၁၀ နှစ်မှာကျတော့ ရှာဖွေစုဆောင်းထားသမျှကို အသုံးပြုရင်း တည်မြဲအောင် ထိန်းသိမ်းရင်း အချိန်တွေ ကုန်သွားပြန်ရော...

ဆဋ္ဌမ ၁၀ နှစ်ထဲရောက်လာတော့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်...

နောက်ဆုံး ၁၀ နှစ်ထဲမှာရောက်တော့ အရာရာ လွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်...

( ဒါတွေဟာ ယေဘုယျအားဖြင့်ပါ.)

ကျွန်တော်တို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာ ပြန်စဉ်းစားကြည့်ပါ. ၁၀ နှစ် တစ်စုချင်းစီက ကုန်ဆုံးသွားလိုက်တာ အရမ်း မြန်ဆန်လွန်းလို့ မျက်လှည့် ပြလိုက်သလိုပါပဲ...

သိပ်မကြာခင် အချိန်မှာပဲ ကျွန်တော်တို့ လက်ရှိ ၁၀ နှစ် အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်...

ကျွန်တော်တို့ လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရှိသလို မလုပ်ရသေးတာတွေလည်း အများကြီး ကျန်နေသေးတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်...

ဒါပေမဲ့ ကျွန်တော်တို့တွေ ငွေနဲ့ ကုန်သွားတဲ့ အချိန်တွေကို ပြန်ဝယ်လို့ မရတော့ဘူး...

အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်တော်တို့မှာ နောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက် ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး...

ကျွန်တော်တို့ သိနိုင်တာတစ်ခုက ကျွန်တော်တို့ ၁၀ နှစ်အစုတွေ ဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ...

ကျန်နေသေးတဲ့ ၁၀ နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး...

ကျွန်တော်တို့ သုံးပြီးခဲ့တဲ့ ဆယ်နှစ် အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား...

နောက်ပြန် လှည့်ကြည့်မိတဲ့ အခါတိုင်းမှာ ပြန်နှမြောနေစရာ မလိုအောင် အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား...

ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကို အကျိုးရှိရှိ
အသုံးချကြရအောင် ..!

- မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ.
- မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ.
- ဘဝက အရမ်း ရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာ လွှတ်ချထားခဲ့ပါ.
- ပတ်သက်ဖို့ အကြောင်းတရား ရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေး ဆက်ဆံလိုက်ပါ.
- ရာထူးအာဏာ ရှိတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို နှိမ့်ချပါ.
- လူက မပင်ပန်းဘူးဆိုရင်တောင် စိတ်ကိုတော့ အနားပေးလိုက်ပါ.
- မချမ်းသာသေးဘူး ဆိုပေမယ့် ရှိတာနဲ့ တင်းတိမ် ရောင့်ရဲပါ.
- အလုပ်တွေ ဘယ်လောက်များများ မိသားစုနဲ့ အပန်းဖြေလိုက်ပါ.
- စားချင်တာရှိရင် စားပါ. လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ.
- စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိမ်းမထားပါနဲ့. ပျော်ပျော်ရွှင်ရွှင်သာ နေပါ.
- လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်း အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေလိုက်ပါ...

- တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလို့ ရနေသေးချိန်မှာ အားရပါးရ ဖက်ထားလိုက်ပါ.
- အဖေ အမေ ညီအကို မောင်နှမ သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း စတဲ့ ရောက်ရာ တာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ...

- အတူတူ ရှိနေကြတုန်းမှာ ဘာအကြာင်းကြောင့်ပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မမုန်းတီးကြ အာဃာတ မထားကြပါနဲ့...

- အရေးအကြီးဆုံးကတော့

ဘဝကို ကိုယ်က အသုံးချတဲ့သူ ဖြစ်နေပါစေ... ဘဝက ကိုယ့်ကို ပြန်အသုံးချပြီး ဒီအတိုင်း ..

"သေဆုံးသွားရတာမျိုး"

မဖြစ်ပါစေနဲ့....။

31/10/2024

ဗုဒ္ဓပြောတဲ့ အချစ်အကြောင်း
~~~~~~~~~~~~~~~~~~
အချစ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ...
မရခင်မှာလည်း လိုချင်လို့ ပူလောင်ရတယ်။
ရအောင်ကြိုးစားရလို့လည်းပူလောင်ရပြန်တယ်။
ရပြီးတော့လည်း ဆုံးရှုံးရမှာကြောက်လို့ ပူလောင်ရပြန်တယ်...
ရနေတော့လည်း မရောင့်ရဲနိုင်ကြပြန်ဘူး။

အဲ့ဒါကြောင့် ကိလေသာ အချစ်အကြောင်း တွေးတောင်မတွေးမိစေနဲ့ ချစ်သား...
ကိုယ်မပိုင်တဲ့အရာတစ်ခုကို ကိုယ်ပိုင်လို့ထင်ပြီး စွဲလန်းသဘောကျနေတာ ပူလောင်လှပါတယ် ချစ်သား...

မသိမှုကြောင့် စွဲလန်းတယ်
စွဲလန်းမှုကြောင့်ပြုလုပ်တယ်
ပြုလုပ်တော့ ဒုက္ခဖြစ်တယ်
ဒုက္ခဖြစ်တော့ ဆင်းရဲခြင်းကြုံရတယ်...

အဲ့ဒါကြောင့် အချစ်ဆိုတာ ဒုက္ခဖြစ်ခြင်းအကြောင်းတရားပါပဲ ချစ်သား....

31/10/2024

မဂ်လာရှိသောညလေးပါ🙏✨🌺

ဓမ္မမိတ်ဆွေများအားလုံးကို🙏✨🌺

တရားဓမ္မလေးနဲ့နုတ်ဆက်ပါတယ်🙏✨🌺

ပါးပါးလာတဲ့ဆံပင် 🫧🫧🫧

ပင်းပင်လာတဲ့နား🫧🦻🦻🦻🦻

ပဲ့ပဲ့လာတဲ့သွား🫧🦷🦷🦷🦷

ကိုင်းကိုင်လာတဲ့ခါး 🫧🫧🫧

ပိန်ပိန်လာတဲ့ရုပ် 🫧🫧🫧🫧

#သစ္စာရွှေရည်ဆရာတော်‌
#ဟောကြားတော်မူသော
#တရားတော်များ

31/10/2024

တရားဓမ္မနှစ်သက်သောသူတော်စင်အပေါင်း✨🙏🙏

စိတ်၏ချမ်းသာခြင်း✨ နှင့် ✨ကိုယ်၏ကျန်းမာခြင်းဖြင့်✨🙏🙏

လိုအင်ဆန္တများစွာ✨နဲ့✨တောင်းတတိုင်း✨🙏🙏

လပြည့်ဝန်းလို ✨ပြည့်စုံနိုင်ကြပါစေ✨🙏🙏

#ပါချုပ်ဆရာတော်ကြီးဟောကြားတော်မူသော
#တရားတော်များ

31/10/2024

မဂ်လာနံနက်ခင်းပါ🙏🙏🙏

မဂ်လာရှိသောနေ့နဲ့တရားဒေသနာတော်ကို 🙏🙏🙏

နာယူကြပါစေ🙏🙏🙏

ကျန်းမာပါစေ ချမ်းသာပါစေ 🙏🙏🙏

#ပါချုပ်ဆရာတော်ကြီးဟောကြားတော်မူသော
#တရားတော်များ
#ဓမ္မဒါန
#ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူ

14/10/2024

မဂ်လာညနေခင်းလေးနဲ့ပြည့်စုံပါစေ🙏🙏🙏

မိုးအုံ့ဆိုင်းမှိုင်းနဲ့မိုးချိန်းသံကြားထဲက🙏🙏🙏

ဓမ္မစကားနေ့တိုင်းကြားကြရအောင်🙏🙏🙏

#သစ္စာရွှေရည်ဆရာတော်
#တရားတော်များ

#ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူ

13/10/2024

မဂ်လာရှိသောနံနက်ခင်းလေးပါ🙏🙏🙏

တရားချစ်သောသူတော်ကောင်းအပေါင်းတို့🙏🙏🙏

သူနည်းနည်းကိုယ်နည်းနည်းတရားလေးတွေ🙏🙏🙏

မျှကြရအောင်🙏🙏🙏

🙏** သစ္စာနဲ့ကြည့် *** သီလနဲ့နေ *** မေတ္တာနဲ့စောင့်ရှောက် **🙏

ယနေ့ပြုသမျှဒါနကောင်းမူ့အစုစုကို🙏🙏🙏

ခုနှစ်ရက်သ္မီးများအားလုံးနှင့်🙏🙏🙏

သုံဆယ်တစ်ပုံတွင်ကျင်လည်ကြကုန်သော🙏🙏🙏

လူနတ်ဗြန်မာသတ္တဝါအပေါင်းတို့များအားလုံးကို🙏🙏🙏

ကုသိုလ်အမျှပေးဝေငှ၏🙏🙏🙏

သာဓု သာဓု သာဓု ဟုခေါ်ဆိုကြလျက် 🙏🙏🙏

ကုသိုလ်အမျှယူကြပါကုန်လော့ 🙏🙏🙏

#ပါချုပ်ဆရာတော်ကြီးဟောကြားတော်မူသော
#တရားတော်များ
#ဓမ္မဒါန

13/10/2024

မဂ်လာအပေါင်းနှင့်ပြည့်စုံပြီး🙏🙏🙏🌺

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့🙏🙏🙏🌺

ဆုမွန်ကောင်းတောင်းပြီး🙏🙏🙏🌺

ယနေ့ပြုသမျှဒါနကောင်းမူ့ကုသိုလ်အစုစုတို့ကို🙏🙏🙏🌺

ခုနှစ်ရက်သ္မီးများအားလုံးညီတူညီမျှ ထပ်တူထပ်မျှ🙏🙏🙏🌺

ကုသိုလ်အမျှရကြရအောင်🙏🙏🙏🌺

ဓမ္မတရားနာကြားကြရအောင်🙏🙏🙏🌺

#ပါချုပ်ဆရာတော်ကြီးဟောကြားတော်မူသော
#တရားတော်များ

#ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူ

29/09/2024

မဂ်လာပါဓမ္မမိတ်ဆွေအပေါင်းတို့🙏🙏🙏

စိတ်၏ချမ်းသာခြင်းနှင့်ကိုယ်၏🙏🙏🙏

ကျန်းမားခြင်းနဲ့ပြည့်စုံပါစေ🙏🙏🙏

အရမ်းတန်ဖိုးရှိတဲ့ ဆရာတော်ဘုရားကြီး🙏🙏🙏

ဟောကြားပြောပြတဲ့စကားလုံးတိုင်းဟာ🙏🙏🙏

ကိုယ့်ကိုယ်ကို ဆင်ခြင်ပွားများအားထုတ်နိုင်ပါစေ🙏🙏🙏

ကိုယ်ကိုတိုင်လည်းပဲကြိုးစားအာထုတ်နေပါတယ်🙏🙏🙏

#ဆရာတော်ဘုရားကြီးဦသီရိဓမ္မ (ပြည်)
#သဲအင်းရိပ်သာ
#ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူ
#🙏🙏🙏
#ဓမ္မဒါန🙏🙏🙏🙏

24/09/2024

ဓမ္မမိတ်ဆွေများအားလုံး🙏🙏🙏

ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် 🙏🙏🙏

မဂ်လာရှိသော 24.9.2024 ရက်လေးဖြစ်ပါစေ 🙏🙏🙏

ဓမ္မစကားနေ့စဉ်ကြားရအောင် 🙏🙏🙏

#သစ္စာရွှေရည်ဆရာတော်


ที่อยู่

138 Moo 4, Petchakasem Road, Tambon Sarpang, Province/Petchaburi, District/Khao Yoi
Phetchaburi
76140

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dhamma by Buddha - ဘုရားဟောထားသော တရားတော်များผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์