Dr.Khin Maung Latt

Dr.Khin Maung Latt health education

I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
28/10/2024

I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာများ
07/07/2024

ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာများ

26/06/2024

ဝလာတယ် ဗိုက်ပူလာတယ် ကိုယ်အလေးချိန်တိုးလာတယ် အဝလွန်တယ်စသည်ဖြင့် နေ့တိုင်းကြားရတဲ့စကားတွေပါ။အထူးအဆန်းမဟုတ်တော့ပါ။
ဘာကြောင့်လည်း။ဒီလိုဗိုက်ပူတာBelly fat များစေတဲ့အကြောင်းအရာတွေဟာ အများကြီးရှိပါတယ်။
၁။စားသောက်နေထိုင်မှုပုံစံ
Refined Carbohydrate လို့ခေါ်တဲ့ ကဆီဓာတ်များများပါတဲ့ အစားအစာ Trans fat လို့ခေါ်တဲ့ ဆိုးကျိူးပြုတဲ့ အဆီ၊ သကြား လို အချိူများများပါတဲ့အစားအစာ ။ဒီအစားအစာတွေဟာ ကယ်လိုရီ များများစားလာတာနဲ့ ဝလာစေတယ်။ဗိုက်ပူလာစေတယ်။
ဥပမာ ။ကျွန်တော်တို့ နေ့တိုင်းစားနေကြ ဆီကျော်စာတွေဖြစ်တဲ့ အီကြာကွေး၊ထပ်တရာ၊ပလာတာ၊အကြော်၊ကိတ်မှုန့်ဖျော်ရည်ဗူးအမျိူးမျိူး စသည်။
ဒီလိုအစားအစာတွေဟာ ကယ်လိုရီ calories မြင့်မားစွာ ပါဝင်တ်တယ်။စားရတာအရသာရှိတယ်ချိူမြိန်တယ် ဆိုပေမဲ့ အဝလွန်စေတယ် ဗိုက်ပူလာစေတယ်။သင့်တော်တဲ့ လေ့ကျင့်ခန်း မရှိဘူးဆိုရင် အချိန်လာကြာလာတာနဲ့အမျှ ဗိုက်ပူလာစေတယ်။အထိုင်များတဲ့အလုပ်တွေ၊ခရီးရှည်ထွက်နေရသူူတွေ၊လှုပ်လှုပ်ရှားရှား မရှိတဲ့ဘဝနေထိုင်မှုပုံစံတွေ တဖြည်းဖြည်းဝလာစေတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်သူ ရှိတယ်။ပိုများလာအောင် အားပေးသင့်တယ်။
၂။ စိုးရိမ်သောကစိတ် stress ကြောင့်ထွက်လာတဲ့ cortisol ကလည်း ဝလာစေတယ်။လုပ်ငန်းခွင်က ၊နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး စတဲ့ အမျိူးမျိူးသော stress ကြောင့် cortisol ပိုထွက်လာပြီ စားသောက်နေထိုင်မှုပုံစံကို များစွာ ထိခိုက်လာတတ်တယ်။
၃။လူမှုရေး
သာရေး၊နာရေး လူမှုရေးပွဲတွေ၊ပျော်ပွဲရွှင်ပွဲ၊ဘာသာရေးပွဲ၊New year ပြောလိုက် Deepawali ပြောလိုက်၊တစ်နှစ်မှ တခါလာတယ်ပြောပြီး ပွဲတွေအားလုံးဟာ အစားအသောက်ကို ဦးစားပေးလာကြတယ်။ဧည့်ခံပွဲဟာ သိသိသာသာရော မသိမသာပါ အရက်ဘီယာ ဝိုင် တွေ ပါလာကြတယ်။လူတွေကလည်းအမျိူးမျိူး အစားတလိုင်းဆိုပြီး ဂုဏ်ယူတဲ့လူနဲ့ ဧည့်ဝတ်မကြေမှာထင်လို့ လိုက်ဖြည့်ပေးတဲ့ သူတွေလည်းများ။ပျော်ပျော်ပါးပါးစားကြသောက်ကြ။တနှစ်တနှစ်မှာဒီလိုပွဲတွေဘယ်လောက်တောင်ရှိလည်း။သတိထားစရာပါ။
၄။မျိူးရိုးဗီဇ အရလည်း အဝလွန်တာရှိပါတယ်။ကိုယ်ဝတာ ဗီဇကြောင့်ဆိုပြီး နေထိုင်မှုပုံစံ စားသောက်မှုပုံစံ ကို ဂရုမစိုက်တာမျိူးမလုပ်သင့်ဘူး။ကြိုတင်ပြင်ဆင်လို့ရတယ်။
အဲ့တော့ အဝလွန်ပြီး Metabolic syndromes လို့ခေါ်တဲ့ နောက်ဆက်တွဲရောဂါမဝင်ရအောင်
အစားအသောက်ပုံစံတွေကို ချင့်ချိန်ရအောင်
လူမှုရေးဧည့်ခံပွဲတွေမှာ ကျွန်တော်တို့ရဲ့
ယဉ်ကျေးမှုစံနှုန်းတန်ဖိုးတွေ အလေးထားရင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေနဲ့ ဧည့်ခံရအောင်။
နှစ်သက်ရာ အားကစား၊လေ့ကျင့်ခန်းတွေကို habit ဖြစ်အောင်လုပ်ရအောင်။

ရေးတာနည်းနည်းများသွားပြီ Facebook ခဏလေးပိတ်ပြီး တနစ်မှာတခါ HBD လို့ရတဲ့ သူငယ်ချင်းကိုဖုန်းဆက်ခေါ်ကြည့်လိုက်ပါ ပျော်ရွင်မှုဆိုတာ တကယ်လက်တွေ့ခံစားရလာမှာ။
ကျန်းမာရေး၊အစားအ သောက်၊နှင့်ပတ်သက်၍ မေးမြန်းလိုပါက Page messenger မှတဆင့်မနက် ၈း၀၀မှ ညနေ၈း၀၀ နာရီ ဆက်သွယ်‌နိုင်ပါတယ်

ကျေးဇူးတင်ပါတယ်။
ဒေါက်တာခင်မောင်လတ်

21/06/2024

Welcome to our Online Clinic! Here, you'll find expert medical advice, health tips, and a supportive community ready to assist you. Whether you're seeking information on treatments, wellness articles, or connecting with healthcare professionals, we're here for you. Join discussions, ask questions, and share experiences to make this platform a valuable resource for all. Let's embark on your health journey together. Welcome aboard!

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+66827092161

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr.Khin Maung Lattผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Dr.Khin Maung Latt:

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram