Tarot by Lino

Tarot by Lino Hello beautiful people! I am a fortune teller and warmly welcome to my page

Halloween special pick a pile reading 🎃မွေးနေ့တုန်းက တင်မယ်ဆိုပြီး မတင်လိုက်ရလို့ အကြွေးလာဆပ်တာပါဗျို့။ ဒီလက မွေးလလည်းဖြ...
10/16/2025

Halloween special pick a pile reading 🎃

မွေးနေ့တုန်းက တင်မယ်ဆိုပြီး မတင်လိုက်ရလို့ အကြွေးလာဆပ်တာပါဗျို့။ ဒီလက မွေးလလည်းဖြစ်သလို လီနိုအကြိုက်ဆုံးလမလို့ အားတာနဲ့ pick a pile လေးတွေ လာလာတင်ပေးပါမယ်ရှင်။ 🎂

10/10/2025

လီနိုကို အောက်လမ်း/အစီအရင် ကိစ္စတွေခဏခဏ လာမေးကြပါတယ်။ အမြဲတမ်းလည်း ငြင်းခဲ့ပါတယ်။ အခုလည်း ဘာလို့ ဒီကိစ္စတွေကို မလုပ်ပေးတာလဲနဲ့ ဘာလို့ အမြဲတားနေရသလဲဆိုတာကို ထည့်ပြောပေးထားပါတယ်။ လုပ်ခြင်း မလုပ်ခြင်းကတော့ ရှင်လေးတို့ရဲ့ စိတ်သဘောပါပဲရှင်။

မှတ်ချက် - အလုပ်ပြီးချိန်တန်းရိုက်လိုက်တာမလို့ ရုပ်ကတော့ ရှုပ်ပွနေပါတယ်ရှင်။

ဒီလ ကျွန်မမွေးနေ့ရှိပါတယ် သီတင်းကျွတ်ကာလအဖြစ်ရော မွေးနေ့အမှတ်တရအနေနဲ့ပါ ၅၀၀၀ကျပ်ဖြင့် ဘာမေးမေး ကြိုက်နှစ်သက်ရာမေးခွန်းသု...
10/08/2025

ဒီလ ကျွန်မမွေးနေ့ရှိပါတယ် သီတင်းကျွတ်ကာလအဖြစ်ရော မွေးနေ့အမှတ်တရအနေနဲ့ပါ ၅၀၀၀ကျပ်ဖြင့် ဘာမေးမေး ကြိုက်နှစ်သက်ရာမေးခွန်းသုံးခုမေးနိုင်ပါတယ်ရှင်။

၉ရက်၁၀လ မှ ၁၁ရက်၁၀လအထိသာ 🎁

နောက်တစ်ခုအနေနဲ့ကတော့ ကျွန်မမွေးနေ့ ၁၀-၁၀ မှာမွေးနေ့အမှတ်တရ အနေနဲ့ pick a pile video လေးတင်သွားဖို့ရှိပါတယ်ရှင်။ ကိုယ့်ဘက်က နားထောင်ချင်တဲ့ ခေါင်းစဉ်လေးရှိရင် comment မှာ ရေးသွားပေးလို့ ရပါတယ်ရှင်။

ပျော်ရွှင်ဖွယ်သီတင်းကျွတ်ပါရှင်။

လီနိုရေ တားရော့​ဟော​သေးလားလို့ ခဏခဏလာ​မေး​နေကြလို့ ဟောပါ​သေးတယ်ရှင်…… ပို့စ်တွေ တင်လေ့တင်ထမရှိတာမလို့ တားရော့ကတော့ ပုံမှ...
09/02/2025

လီနိုရေ တားရော့​ဟော​သေးလားလို့ ခဏခဏလာ​မေး​နေကြလို့ ဟောပါ​သေးတယ်ရှင်…… ပို့စ်တွေ တင်လေ့တင်ထမရှိတာမလို့ တားရော့ကတော့ ပုံမှန်ဟောပါတယ်ရှင်….. 💋

3-5 questions package
Consultation package
Find the soul package

သုံးခုလုံးကို မေးလို့ရပါတယ်ရှင် စျေးနှုန်းလည်း မ​ပြောင်းလဲပါဘူး​နော်ရှင်…… ❤️

ဗုဒ္ဓဘာသာဝင်တို့အတွက်…..ယတြာမဟုတ်တဲ့ ဘုရားဆေးတရားဆေးလေးတစ်ခုလောက် လက်ဆောင်ပေးချင်လို့ပါရှင်……“မနက်တစ်ခါ ညတစ်ခါ ပုံမှန် ဘ...
08/19/2025

ဗုဒ္ဓဘာသာဝင်တို့အတွက်…..

ယတြာမဟုတ်တဲ့ ဘုရားဆေးတရားဆေးလေးတစ်ခုလောက် လက်ဆောင်ပေးချင်လို့ပါရှင်……

“မနက်တစ်ခါ ညတစ်ခါ ပုံမှန် ဘုရားရေချမ်းကပ်လှုပါ၊ ဆီမီးကပ်လှုပူဇော်ပါ၊ မနက်တိုင်း သရဏံဂုဏ်ဆောက်တည်ပါ။”

ဘုရားစာတစ်ခုခုကို အာဂုံဆောင်ကြပါ။ တားရော့မေးတာလည်းမေးကြတာပဲပေါ့…. ဒါပေမယ့် “စိတ်ကောင်းမှ ကံကောင်းမည်၊ စိတ်ထားလှမှ ဘဝလှမည်။” တဲ့….

ဘာတွေပဲလုပ်နေပါစေ…. ပွဲပဲပေးပေး ယတြာပဲချေချေပေါ့လေ ကိုယ်တိုင်က မကောင်းနိုင်ရင် အရာအားလုံးကို ပြန်ဆုံးရှုံးရမှာပါပဲ…. တရားသောကံဖြင့် တရားသောအလုပ်ကိုသာလုပ်ကြပါရှင်။

လီနိုရေ တားရော့​ဟော​သေးလားလို့ ခဏခဏလာ​မေး​နေကြလို့ ဟောပါ​သေးတယ်ရှင်…… ပို့စ်တွေ တင်လေ့တင်ထမရှိတာမလို့ တားရော့ကတော့ ပုံမှ...
08/19/2025

လီနိုရေ တားရော့​ဟော​သေးလားလို့ ခဏခဏလာ​မေး​နေကြလို့ ဟောပါ​သေးတယ်ရှင်…… ပို့စ်တွေ တင်လေ့တင်ထမရှိတာမလို့ တားရော့ကတော့ ပုံမှန်ဟောပါတယ်ရှင်….. 💋

3-5 questions package
Consultation package
Find the soul package

သုံးခုလုံးကို မေးလို့ရပါတယ်ရှင် စျေးနှုန်းလည်း မ​ပြောင်းလဲပါဘူး​နော်ရှင်…… ❤️

လီနို အိပ်မက်တွေအရရော ပြီးတော့ ကဒ်တွေအရရော ဆဌမအာရုံအရရော မြင်ထားတာလေးတွေက ဖြစ်ဖြစ်လာပြီမလို့ သတိပေးချင်တာလေးတွေရှိပါတယ်…...
08/01/2025

လီနို အိပ်မက်တွေအရရော ပြီးတော့ ကဒ်တွေအရရော ဆဌမအာရုံအရရော မြင်ထားတာလေးတွေက ဖြစ်ဖြစ်လာပြီမလို့ သတိပေးချင်တာလေးတွေရှိပါတယ်……

၁။ လူပျောက်တာတွေက ပိုဆက်လာနိုင်ပါတယ်၊ ပိုဆိုးပြီး သတင်းတွေပိုများလာနိုင်ပါတယ်။

၂။ ပျောက်ဆုံးသူအများစုကို ရှင်လျက်ပြန်ရှာတွေနိုင်ချေဟာ ၁၀ယောက်မှာ ၃ယောက်ခန့်သာ ရှိနိုင်ပါတယ်။ ပြီးတော့ သေဆုံးသူအများစုဟာ ခန္တာကိုယ်တောင်ပြန်မရပဲ သတင်းအစအနပျောက်တာမျိုးတွေ ဖြစ်လာမှာမျိုးကို သတိမူစေချင်ပါတယ်။

၃။ တို့ဆေးတွေပိုများလာပြီး social media ကြောင့် အချုပ်အနှောင်ခံရသူတွေ ပိုများလာတော့မှာဖြစ်ပါတယ် (၆လအတွင်း….)။

၄။ လူဝင်စားနေကြသော သိုက်ဆက် အများစုကို သိုက်နန်းကနေ ပြန်ခေါ်လာဖို့ အိပ်မက်တွေပေးလာဖို့ရှိပါတယ် (သိုက်နန်းတွေကို ပြန်လည်စုပေါင်း ကာကွယ်ဖို့ အရေးကြီးအချိန်တစ်ခုကိုရောက်နေကြပါပြီ)။

၅။ အိပ်မက်ဆိုးတွေမက်မယ်၊ အိပ်မက်ထဲ အတိုက်အခိုက်ခံရတာ၊ အနိဠာရုံတွေ မြင်ရတာ၊ လန့်နိုးတာတွေ ဖြစ်လာကြနိုင်ပါတယ်။

၆။ နိုင်ငံရေးအခြေအနေက ပိုမိုဆိုးရွားလာမှာဖြစ်ပြီးတော့ နိုင်ငံရေးကြား သာသနာရေး ဘာသာရေး ခုတုံးခံရမှုတွေ၊ နာမည်ကြီး နိုင်ငံရေးပုဂ္ဂိုလ်တွေနဲ့ ဘာသာရေး သာသနာရေး ပုဂ္ဂိုလ်တွေ အတူပူးပေါင်းပြီး နာနာဘာဝဘုံလောကသားတွေကို လှုပ်ကိုင်မှာတွေ၊ နတ်ဘုံလောကမှာပါ အပြောင်းအလဲ များစွာဖြစ်လာမှာတွေပါ ရှိလာတော့မှာပါ။

၇။ မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ ၂၀၂၇ အထိ ကပ်ကြီးသုံးပါးဆိုက်ကပ်မှာဖြစ်ပြီး ၂၀၂၅ မှာ အဝင်ကြမ်းထားသလို ၂၀၂၇ မှာလည်း အထွက်ကြမ်းတဲ့အနေနဲ့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ငွေကြေးပြဿနာတွေပိုဖြစ်လာတော့မှာပါ (အရင်းရှင်တွေမှ လွှဲ၍)။

၈။ ကလေးသူငယ်တွေနဲ့သက်ဆိုင်တဲ့ ရောဂါကပ်ဘေးတစ်ခုလည်း ထပ်ဖြစ်ဖို့ ရှိသေးတာမလို့ ကလေးတွေကိုဂရုစိုက်ပါ။ ကျောင်းအသွားအပြန် ကလေးပျောက်တာတွေပိုဖြစ်လာနိုင်တာမလို့ သေချာဂရုစိုက်စေလိုပါတယ်။

၉။ မိသားစုတွေ အချင်းချင်း စိတ်ဝမ်းကွဲတာ၊ အမျိုးအရင်းက မကောင်းကြံတာတွေ ပိုမြင်လာရမှာဖြစ်ပြီး အမွေကိစ္စအထူး ခိုက်ရန်များလာမယ့်ကာလပါ။

၁၀။ မိန်းကလေးများ S/A ကိစ္စတွေပိုအဖြစ်များလာမှာမလို့ အထူးဂရုစိုက်ကြပါ။

၁၁။ ခွေးကြောင် အစရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့အတူ လမ်းဘေးခွေးကြောင်တွေကအစ ရန်မူ ကြမ်းတမ်းမှုတွေများလာတော့မှာမလို့ ဂရုစိုက်ကြပါ။

ဘာတွေလုပ်ရမလဲ ဆိုရင်တော့ -

ရှောင်ရန် -

၁။ ညနေ နေဝင်ပြီဆိုတာနဲ့ အိမ်ခြံဝင်းတံခါးတွေကို ဟာလဟင်းလင်းကြီး ဖွင့်မထားရပါ။
၂။ ညကြီးမိုးချုပ် ဆံကေဖြီးလိမ်း အလှပြင် အမွှေးနံသာ သုံးတာတွေကို လျော့ဖို့ လိုပါတယ်။
၃။ ညဘက်တွေမှာ ကျယ်လောင်စွာ ရန်ဖြစ်ခြင်း အော်ဟစ်ဆဲဆိုကြိမ်းမောင်းခြင်းကို ရှောင်ကျဉ်ဖို့ရာလိုပါတယ်။
၄။ ကလေးတွေကို ညဘက်မိုးချုပ် မှောင်ရီဝင်ချိန်မှာ အိမ်ဝန်းခြံဝန်းအပြင်ကို တစ်ယောက်ထဲထွက်ဆော့ခွင့်ပေးတာတွေကိုရှောင်ဖို့လိုပြီး မိုးချုပ်လို့ အိမ်ကိုပြန်မရောက်သေးတဲ့အခါ နာမည်နဲ့ အော်ခေါ်တာမျိုးတွေကို အထူးရှောင်ကျဉ်ဖို့လိုပါတယ်။
၅။ မိသားစုချင်းစိတ်ဝမ်းကွဲတာမျိုးကိုအတတ်နိုင်ဆုံးရှောင်ပါ။
၆။ ဒေါသကြီးတာကို ထိန်းပါ။
၇။ ဆုံးဖြတ်ချက်ကိုမြန်မြန်မချကြပါနဲ့။
၈။ ညဘက်မိုးချုပ် ၁၀နာရီနောက်ပိုင်း မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။
၉။ ညဘက်မိုးချုပ် နေဝင်ကျော်တာနဲ့ အမှိုက်သွားမပစ်ကြပါနဲ့။
၁၀။ ညဘက် ထမင်းဟင်းကျန်များကို အဖုံးမရှိပဲ ဟာလာဟင်းလင်း မသိမ်းဆည်းပါနဲ့။

ဆောင်ရန် -

၁။ ကိုယ် ကိုးကွယ်ရာ၊ ကိုယ်ယုံကြည်ရာကို အမြဲမမေ့မလျော့ ရင်ထဲ ထားပါ။
၂။ ဘုရားနေ့တိုင်းရှိခိုးပြီး တရားထိုင်ပေးပါ။
၃။ ဘုရားရှိခိုးပြီးတိုင်း ဆွေတော်မျိုးတော်တွေနဲ့ သိုက်ဆက်တွေ၊ မြင်အပ်မမြင်အပ် လူနတ်ဗြဟ္မာ အပေါင်းတို့ကို မေတ္တာပို့ပေးပါ။
၄။ မရှိသောသူကိုပေးကမ်းပါ။
၅။ မေတ္တာအမြဲပို့သပါ။
၆။ အမြဲတမ်း ဘုရားစာတစ်ခုခုကို အာဂုံဆောင်ပါ။
၇။ စည်းချပြီး စည်းတားပြီးမှ အိပ်ပါ။
၈။ ငွေတွေကို စုဆောင်းထားပါ၊ ကိုယ်စုဆောင်းထားတာ ကိုယ်မှတစ်ပါး တစ်ခြားသူ မသိပါစေနဲ့။
၉။ ကိုယ်နဲ့မသက်ဆိုင်တဲ့အရာအပေါ် မစပ်စုပါနဲ့၊ ဝင်မပါပါနဲ့။
၁၀။ အစာရေစာ တာရှည်ခံတာလေးတွေ၊ ဆေးလေးတွေ ဝယ်စုထားပါ။

အ​ရေးကြီး။ ။ သိုက်ဆက်ပဠာန်းဆက်များ သာသနာပြု​နေကြသူများ ကိုယ်နှင့်သက်ဆိုင်ရာ ဘုံ​လောကမှာ ဘာ​တွေဖြစ်​နေပြီလဲ သတိရှိပါ၊ အသိရှိပါ။ အတူတူတွန်းမှ ရွေ့နိုင်မယ့် အ​နေအထားတစ်ခုပါ။ အားလုံး ကျန်းမာချမ်းသာပြီး တာဝန်​တွေကို ထမ်း​ဆောင်နိုင်ကြပါ​စေ…..။ 🙏
၁၀။ အစာရေစာ တာရှည်ခံတာလေးတွေ၊ ဆေးလေးတွေ ဝယ်စုထားပါ။

07/20/2025

General Reading (20 June ~ 26 June)

General reading မလို့ energy ကိုက်မှ ယူကြပါရှင်… တားရော့မေးမယ်ဆိုရင် page chat box ကနေ လာရောက်မေးမြန်းနိုင်ပါတယ်ရှင်…… ❤️

Pick a pile ~ သူ သင့်ကို သဘောကျနေလား….။စိတ်ကိုငြိမ်ငြိမ်လေးထားပြီးမှ မျက်လုံးထဲ အမြင်မိဆုံးပုံကို ရွေးပြီး ဖတ်ပါရှင်…. ✨...
06/21/2025

Pick a pile ~

သူ သင့်ကို သဘောကျနေလား….။

စိတ်ကိုငြိမ်ငြိမ်လေးထားပြီးမှ မျက်လုံးထဲ အမြင်မိဆုံးပုံကို ရွေးပြီး ဖတ်ပါရှင်…. ✨

General reading မလို့ အရမ်းတော့ serious မထားစေချင်ပါဘူးရှင်။ energy မကိုက်ခဲ့ရင် နောက်ထပ် pick a pile တွေကျ ပြန်လာခဲ့ကြပါပေါ့ရှင်…..။ 🍀

Consultation promotion 🗣️ဒီရက်ပိုင်း လူက စိတ်ချမ်းသာနေတော့ အားနေ promotion ပဲလုပ်ချင်နေတော့တာပါရှင်။Consultation package...
06/10/2025

Consultation promotion 🗣️

ဒီရက်ပိုင်း လူက စိတ်ချမ်းသာနေတော့ အားနေ promotion ပဲလုပ်ချင်နေတော့တာပါရှင်။

Consultation package ကို တစ်နာရီအတွင်း unlimited topics, Unlimited questions ကိုမှ ၃သောင်းကျပ် (or) $30 ထဲနဲ့ ဟောပေးမယ်ရှင်။

၁၀ရက်နေ့ကနေ ၁၅ရက်နေ့အတွင်း booking လာယူတဲ့သူ သီးသန့်အတွက်ပါနော်…… 💋

Address

Alexandria, VA

Website

Alerts

Be the first to know and let us send you an email when Tarot by Lino posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram