Relax and Peace

  • Home
  • Relax and Peace

Relax and Peace Self-care and Love yourself �

မဖြစ်သေးတဲ့ အချိန်တခုကို တွေးပူပြီး တကယ်စိုးရိမ်သလို ဖြစ်မလာတဲ့အခါ ..တွေးပူခဲ့ရတဲ့အချိန်တွေကို နှမျောသလို ဖြစ်မိတယ်..မဖြ...
31/12/2024

မဖြစ်သေးတဲ့ အချိန်တခုကို တွေးပူပြီး
တကယ်စိုးရိမ်သလို ဖြစ်မလာတဲ့အခါ ..
တွေးပူခဲ့ရတဲ့အချိန်တွေကို နှမျောသလို ဖြစ်မိတယ်..

မဖြစ်သေးတဲ့ ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေ
တကယ်ပျော်ရွှင်ခွင့်မရတဲ့အခါ ...
အခိုက်အတန့် ပျော်ရွှင့်ခဲရတာလေးတွေကို ကျေနပ်မိတယ်...

ကိုယ့်ရဲ့ ‌ဝမ်းနည်းခြင်း ဝမ်းသာခြင်းတွေကအနာဂတ်နဲ့ မဆိုင်သလို အတိတ်ကိုလဲ ပြန်မသွားနိုင်တော့တဲ့အခါ .....


ဆရာတော်ကြီးပြောသလို ပေးသမျှ လက်ဆောင်ယူနေတော့ ပင်ပန်းရတာပေါ့....ဝဠ်ကြွေးရှိနေသမျှတော့ ..ပေးရမယ့်သူကို .. ပေးဆပ်ရမယ့်နေရာမ...
04/08/2024

ဆရာတော်ကြီးပြောသလို ပေးသမျှ လက်ဆောင်ယူနေတော့ ပင်ပန်းရတာပေါ့....

ဝဠ်ကြွေးရှိနေသမျှတော့ ..
ပေးရမယ့်သူကို ..
ပေးဆပ်ရမယ့်နေရာမှာ....
ပေးဆပ်ရမယ့်အချိန်ရောက်ရင် ....
သေချာပါတယ် နေရာမှန် အချိန်မှန် ဖြစ်ရပ်တွေ ဟာ တပြိုင်တည်း ရောက်ရှိလာတာပေါ့

အမြဲတမ်းမဟုတ်သလို တကြမ်တခါတည်းလည်းမပြီးနိုင်တာမျိုးလဲ ဖြစ်နိုင်တာပဲလေ ....

ကြွေးပေးရမယ့်သူက သွားရမယ့် ဒီခရီးဆုံး‌ထိ ... ကြွေးရှင်ကတော့ စောင့်မျှော်ပေါ့......

လွတ်၂လပ်၂ နေလို့ ရတယ် စည်းကမ်းမဲ့လို့မရဘူးအလုပ်မလုပ်ချင်လို့ ရတယ် အလုပ် မလုပ်လို့မရဘူးမပါတ်သက်ချင်လို့ရတယ် မလေးစားလို့ မ...
16/05/2024

လွတ်၂လပ်၂ နေလို့ ရတယ်
စည်းကမ်းမဲ့လို့မရဘူး

အလုပ်မလုပ်ချင်လို့ ရတယ်
အလုပ် မလုပ်လို့မရဘူး

မပါတ်သက်ချင်လို့ရတယ်
မလေးစားလို့ မရဘူး

တာဝန်ယူတတ်မှ တာဝန်ကိုသိမယ်
တာဝန်ခံတတ်မှ တာဝန်ရှိမယ်



ကိုယ့်ကိုယ်တိုင်က ငြိမ်းချမ်းမှု မရှိတော့ ....တခြားသူကို ဘယ်လို ပျော်ရွှင်မှု ပေးနိုင်မလဲကွယ် ...ကိုယ်ကိုယ်တိုင်က ပျော်ရ...
15/05/2024

ကိုယ့်ကိုယ်တိုင်က ငြိမ်းချမ်းမှု မရှိတော့ ....
တခြားသူကို ဘယ်လို ပျော်ရွှင်မှု ပေးနိုင်မလဲကွယ် ...

ကိုယ်ကိုယ်တိုင်က ပျော်ရွှင်မှု မရှိတော့
တခြားသူကို ဘယ်လိုအေးချမ်းမှု ပေးနိုင်တော့မလဲကွယ်...

ကိုယ်ကိုယ်တိုင်က အပူတွေများနေတော့
တခြားသူကို ဘယ်လိုဖြေသိမ့်နိုင်မလဲကွယ်....

အဲဒီတော့......

ကိုယ်ကိုယတိုင်ပဲ အလှဆင် ပျော်ရွှင်အောင် လုပ်ရတော့မှာပေါ့ 💕💕

ကျေးဇူးတရားကိုနားမလည်သူတွေအတွက် ....သိတတ်စရာမလိုဘူးပေါ့တန်ဖိုးမထားတတ်သူတွေအတွက်...စိုးရိမ်စရာမလိုဘူးပေါ့မချစ်တတ်သူတွေအတွ...
07/05/2024

ကျေးဇူးတရားကိုနားမလည်သူတွေအတွက် ....
သိတတ်စရာမလိုဘူးပေါ့

တန်ဖိုးမထားတတ်သူတွေအတွက်...
စိုးရိမ်စရာမလိုဘူးပေါ့

မချစ်တတ်သူတွေအတွက်....
ဝမ်းနည်းစရာမလိုဘူးပေါ့

ချစ်ပြီးတန်ဖိုးထားရင် ကျေးဇူးတရားကို နားလည်လာပါလိမ့်မယ်...

မူရင်း..


မည်သို့ပင် ဆိုစေကာမူ...လူရယ်လိုဖြစ်လာဖို့ မွေးပေးမယ့်မိခင် နဲ့ ကြွေးပေးမယ့် ကျေးဇူးရှင်တွေ တော့ရှိကြတယ် .....စွန့်ပစ်ခံက...
30/04/2024

မည်သို့ပင် ဆိုစေကာမူ...

လူရယ်လိုဖြစ်လာဖို့ မွေးပေးမယ့်မိခင် နဲ့ ကြွေးပေးမယ့် ကျေးဇူးရှင်တွေ တော့ရှိကြတယ် .....

စွန့်ပစ်ခံကလေးဆိုရင်တောင် အသက်ကို ရင်းပြီး မွေးပေးတဲ့ ‌မိခင်ကတော့ ဖျောက်မရပါဘူး ...

ကြွေးမယ့်အဖေမရှိရင်တောင် လူရယ်လို့ ရပ်တည်ရှင်သန်ဖို့ ကြွေးကျေးဇူးရှင်တွေရှိတယ် ...

ကျေးဇူးရှင်ကို ကျေးဇူးမဆပ်နိုင်ရင်တောင် ကျေးဇူးမကန်းကြပါနဲ့ ....

အကုသိုလ်ကြီးလို့ပါ....

Actually women don't need protection from men but women need support from them !!!
04/04/2024

Actually women don't need protection from men but women need support from them !!!


ဝဋ်ကြွေးလို့တွေးလို့ စိတ်သက်သာတယ်ဆိုရင်တောင် ကျေအောင်ဆပ်မယ်လို့တွေးရင်မော တဲ့ အခြေအနေတွေမှာ .....နောက်ဆုံးချိန် တောင့်ခံ...
15/03/2024

ဝဋ်ကြွေးလို့တွေးလို့ စိတ်သက်သာတယ်ဆိုရင်တောင် ကျေအောင်ဆပ်မယ်လို့တွေးရင်မော တဲ့ အခြေအနေတွေမှာ .....

နောက်ဆုံးချိန် တောင့်ခံနိုင်ပါ့မလားဆိုတဲ့စိတ်တွေကို .....

ငါခုချိန်ထိ အကောင်းဆုံး လုပ်ခဲ့ပြီးလို့ တွေးရင်း....

ရှေ့ဆက် ပိုရဲရင့် ပြီးသန်မာရမယ်.....💪✊



မင်းဟာ ..လူတယောက်ကို ကိုယ်ဘယ်လောက်ချစ်လဲ တန်ဖိုးထားလဲဆိုတာ..အဲဒီလူအပေါ် ကိုယ်ဘယ်လောက်ဖြည့်စည်း နားလည်ပေးနိုင်လဲ ဆိုတဲ့အပ...
08/03/2024

မင်းဟာ ..
လူတယောက်ကို ကိုယ်ဘယ်လောက်ချစ်လဲ တန်ဖိုးထားလဲဆိုတာ..

အဲဒီလူအပေါ် ကိုယ်ဘယ်လောက်ဖြည့်စည်း နားလည်ပေးနိုင်လဲ ဆိုတဲ့အပေါ်မူတည်တယ်...

ကိုယ့်အတ္တကို ချစ်တာလား???
ကိုယ့်မာနကိုချစ်တာလား??? ခွဲခြားသိချင်ရင် .....

သူ့ရဲ့လုပ်ရပ်အပေါ် ငါဘယ်လောက် နားလည်ပေးနိုင်သလဲ‌ဆိုတာ....

🤔🤔💅


Address


14201

Website

Alerts

Be the first to know and let us send you an email when Relax and Peace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram