10/13/2023                                                                            
                                    
                                                                            
                                            Useful tips !
နေအိမ်တွင် အနည်းဆုံးရှိသင့်သော ဆေးဝါးဆိုင်ရာ ပစ္စည်းများ
၁။ အပူချိန်တိုင်း Thermometer
 မိမိအိမ်သားတစ်ယောက်အဖျားရှိပြီဆို တိုင်းကြည့်ဖို့ Thermometer တစ်ခုတော့ ရှိသင့်ပါတယ်။
၂။ အရေးပေါ်ဆေးသေတ္တာ (First aid kit)
 အရေးပေါ်သောက်ဆေးများ၊ ထိခိုက်ဒဏ်ရာအတွက် ထည့်ရန် ဆေးများ၊ ပတ်တီးများစသည် ပါဝင်သော အရေးပေါ် ဆေးသေတ္တာ (First aid kit) ရှိထားသင့်ပါတယ်။
၃။ Saline ပုလင်းနှင့် Drip ထည့်ရန်လိုအပ်သော ပစ္စည်းများ
 သွေးပေါင်ကျသည့် အခြေအနေမျိုး၊ ရေဓာတ်အလွန်အမင်း ဆုံးရှုံးသည့် အခြေအနေမျိုးတွင် ဆေးရုံဆေးခန်းမသွားခင် အမြန် ရှေးဦးသူနာပြုစုရာတွင် လိုအပ်လေ့ရှိသော Saline စသည် အိမ်တွင် အဆင်သင့်ရှိနေပါက ပိုမိုအဆင်ပြေပါသသည်။
၄။ မျက်လုံးထဲ တစ်ခုခုဝင်က အမြန််ဆေးရန် Eye wash
 မျက်လုံးအတွင်းသို့ Spray, တခြား Chemical အရည်တစ်ခုခုဝင်ပါက မျက်လုံးကို အမြန်သန့်စင်ရန်လိုပါသည်။ တကယ်၍ Eye wash အရည်များအလွယ်တကူ ရှာဖွေမရပါက မျက်ကပ်မှန်အသုံးပြုရာတွင် အသုံးပြုသည့် ဆေးရည် (သို့မဟုတ်) artificial tears ကဲ့သိုသော မျက်စဉ်ဆေးရည်ကို သုံးနိုင်ပါသည််။
၅။ အရိုးထိခိုက်ပါက ကြပ်စည်းရန် Medical grade splint
 မတော်တဆထိခိုက်ဒဏ်ရာရခြင်းများတွင် အရိုးကျိုးနိုင်သည်ဟုထင်ပါက အဆိုပါ လက် သို့မဟုတ် ခြေထောက်ကို ပိုမဆိုးသွားစေရန် Splint ခံပြီး ငြိမ်အောင်ချည်ပြီးမှ လူနာကို သယ်ဆောင်သင့်ပါသည်။ ထို့အတွက် Medical grade splint အိမ်တွင် ဆောင်ထားနိုင်က ပိုမိုကောင်းမွန်ပါသည်။ မရှိလျှင်လည်း ထိခိုက်ဒဏ်ရာရသည့် လက် သို့မဟုတ် ခြေထောက်ကို လှုပ်ရှားမှုနည်းစေရန် သစ်သားချောင်းကဲ့သို့ အရာနှင့် ပတ်စည်းပြီးမှ လူနာကို သယ်ဆောင်ပါ။
၆။ လေထုအစိုဓာတ်ကို ထိန်းပေးသည့် စက် (Humidifier)
 ခြောက်သွေ့သောလေသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများအတွက် မကောင်းလှသဖြင့် လေထုကို အစိုဓာတ်ထိန်းပေးနိုင်သည့် Humidifier ရှိက ပိုမိုအဆင်ပြေပါသည်။
၇။ သွေးတွင််း အောက်စီဂျင်တိုင်းသည့်စက်
 အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးများ များနေသည့် ယခုလို အချိန်မျိုးတွင် SpO2 တိုင်းစက်လိုအပ်ပါသည်။
လွတ်လပ်စွာ Share နိုင်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။
နောက်ပိုင်းလည်း ကျန်းမာရေးအတွက် အကျိုးရှိမယ့် အစီအစဉ်လေးတွေ ရှိနေဦးမှာမို့ Page လေးကို like and follow ထားပေးကြပါဦးနော်။