TheyogabawaJourney

TheyogabawaJourney 🧘‍♀️ Yoga + Daily Life

🇺🇸 Sharing my journey in the US

Stretch, breathe & enjoy every moment

02/18/2026

စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံဖို့ ကျွန်မနဲ့အတူယောဂလေ့ကျင့်ပြီးတိုင်း အသက်ရူလေ့ကျင့်ခန်း
တရားထိုင် / meditation ( 5 to 10 ) မိနစ် စလုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ🌳

ကျွန်မတို့တတွေဟာ အလွန်သေးငယ်တဲ့စိတ်ခံစားချက်လေးတွေကိုတောင် ထိန်းချုပ်ဖို့ခက်ခဲတတ်ကြပါတယ်။ လမ်းမှာကားပိတ်ပြီး အချိန်မီမရောက်ရင်စိတ်တိုတာ၊ ချိန်းထားတဲ့သူက နောက်ကျနေရင် စိတ်မရှည်တာ၊ ထစ်ကနဲဆို ဒေါသထွက်မိတာတွေကအစ မထိန်းချုပ်နိုင်ကြပါဘူး။

ဒီလို မကောင်းတဲ့ခံစားချက်တွေစုပုံလာတဲ့အခါ ကြာလာတော့ စိတ်ထဲမှာအစိုင်အခဲတွေဖြစ်လာတယ်၊ မွန်းကျပ်လာတယ်၊ နေရတာမပျော်တော့ဘူး၊ ငြိမ်းချမ်းမှုနဲ့ဝေးကွာလာရပါတယ်။

စိတ်ချမ်းသာခြင်းကိုပြန်ရရှိဖို့ ကျွန်မကိုယ်တိုင်လက်တွေ့ရှာဖွေမိသွားတာက "ယောဂလေ့ကျင့်ပြီးတိုင်း တရားထိုင်ခြင်း ပါပဲ။ ယောဂဟာ ခန္ဓာကိုယ်ပျော့ပြောင်းစေပြီး အာရုံစုစိုက်အားပိုကောင်းပြီး တရားထိုင်ခြင်းက စိတ်ကိုကုစားဖို့နဲ့ ငြိမ်းအေးရာဆီလမ်းညွှန်ပေးနိုင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။
✅ စိတ်ထိခိုက်လွယ်သူတွေ
✅စိတ်မရှည်တတ်သူတွေ၊ စိတ်တိုလွယ်သူတွေ
✅ တွေးပူတတ်သူတွေ၊ တွေဝေတတ်သူတွေ
✅ စိုးရိမ်သောကရောက်နေသူတွေ
✅ စိတ်ပင်ပန်းနေတာကို သိသိသာသာခံစားနေသူတွေအားလုံးကို ကျွန်မနဲ့အတူ ယောဂလေ့ကျင့်ပြီး တတရားထိုင်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။

စိတ်၏ချမ်းသာခြင်းဆိုတဲ့ပန်းတိုင်ကိုရောက်အောင် ကျွန်မတို့အတူတကွ သွားကြည့်ကြစို့နော်။ ❇️


#မနက်ခင်းယောဂ



02/17/2026

💪🧘‍♀️ အသက် ၄၀ ကျော်လာရင်… Gym လား Yoga လား?
စွမ်းအား + ကြံ့ခိုင်မှုလိုသလား? 🏋️‍♀️
စိတ်တည်ငြိမ်မှု + ခန္ဓာကိုယ်ချိန်ညှိမှုလိုသလား? 🧘‍♀️

အသက် ၄၀ ကျော်လာရင် ရေရှည်ကျန်းမာရေးအတွက် ခန္ဓာကိုယ်လှုပ်ရှားမှု တစ်ခုခုလုပ်ရမယ်၊ အရေးကြီးတာက consistent လုပ်နေရတာပါ။

💪🧘‍♀️ အသက် ၄၀ ကျော်ပြီးရင် — Yoga & Gym နှစ်မျိုးလုံးအရေးကြီးပါတယ်

🧘‍♀️ Yoga အားသာချက်
• Flexibility & Mobility တိုးတက်စေပြီး ကိုယ်လှုပ်ရှားမှု ပိုမိုလွယ်ကူစေသည်
• အဆစ်များကို ချောမွေ့စေပြီး နာကျင်မှု လျော့နည်းစေသည်
• စိတ်ဖိစီးမှု လျော့နည်းစေပြီး စိတ်တည်ငြိမ်မှု ပေးသည်
• ကိုယ်နှင့်စိတ် ချိန်ညှိမှုကောင်းမွန်စေသည်

💪 Gym အားသာချက်
• Strength တိုးတက်စေပြီး ကြံ့ခိုင်မှုမြင့်တက်စေသည်
• Muscle build-up ဖြစ်စေပြီး ခန္ဓာကိုယ်ပုံသဏ္ဍာန် ကောင်းမွန်စေသည်
• အရိုးသန်မာမှုကို ထောက်ပံ့ပေးသည် (အသက်တိုးလာချိန်တွင် အရေးကြီး)
• (metabolism) မြင့်တက်စေပြီး အလေးချိန်ထိန်းသိမ်းရန် ကူညီသည်

💡 အကြံပေးချက်
Yoga သည် လှုပ်ရှားမှုချောမွေ့စေပြီး စိတ်တည်ငြိမ်မှု ပေးသည်။
Gym သည် ကြံ့ခိုင်မှုနှင့် muscle strength တိုးစေသည်။

👉 အရေးကြီးဆုံးက — တစ်ခုခုရွေးပြီး consistent လုပ်ခြင်း
👉 အကောင်းဆုံးက — နှစ်မျိုးလုံး ပေါင်းစပ်လေ့ကျင့်ခြင်း

ကျန်းမာရေးကောင်းချင်ရင် လှုပ်ရှားမှုကို နေ့စဉ်အလေ့အကျင့်တစ်ခု ဖြစ်အောင်လုပ်ပါ။


#မနက်ခင်းယောဂ



အမျိိုးသမီးအတွက် ဟော်မုန်းညှိနှိုင်းမှုအတွက် အရေးကြီးသော အာဟာရများ🥚 1️⃣ ပရိုတင်း (Protein)ဟော်မုန်းထုတ်လုပ်မှုနှင့် ကြွက...
02/16/2026

အမျိိုးသမီးအတွက် ဟော်မုန်းညှိနှိုင်းမှုအတွက် အရေးကြီးသော အာဟာရများ

🥚 1️⃣ ပရိုတင်း (Protein)

ဟော်မုန်းထုတ်လုပ်မှုနှင့် ကြွက်သားထိန်းသိမ်းမှုကို ကူညီသည်။

စားသင့်သောအစားအစာ
✔️ ဥ
✔️ ငါး
✔️ ကြက်သား
✔️ တိုဖူး၊ ပဲမျိုးစုံ

👉 မနက်စာတွင် ပရိုတင်းပါဝင်စေခြင်းက စွမ်းအင်တည်ငြိမ်စေသည်။

⸝

🥑 2️⃣ ကျန်းမာသောအဆီ (Healthy fats)

Estrogen နှင့် progesterone ထုတ်လုပ်မှုကို ထောက်ပံ့သည်။

စားသင့်သောအစားအစာ
✔️ ထောပတ်သီး
✔️ အယ်လ်မွန်၊ သစ်ကြားသီး
✔️ chia seeds / flax seeds
✔️ သံလွင်ဆီ (olive oil)

⸝

🥦 3️⃣ အမျှင်ဓာတ် (Fiber)

အပို estrogen များကို ဖယ်ရှားရန် ကူညီသည်။

စားသင့်သောအစားအစာ
✔️ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
✔️ ဘရိုကိုလီ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ
✔️ ပဲမျိုးစုံ
✔️ whole grains

⸝

🐟 4️⃣ Omega-3

ရောင်ရမ်းမှုလျော့စေပြီး စိတ်တည်ငြိမ်မှုကို ကူညီသည်။

✔️ ဆယ်လ်မွန်ငါး
✔️ sardines
✔️ walnuts
✔️ flax seeds

⸝

🍓 5️⃣ Antioxidants

အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး ဆဲလ်ကျန်းမာရေးကို ကူညီသည်။

✔️ ဘယ်ရီသီးများ
✔️ မုန်လာဥနီ
✔️ လက်ဖက်စိမ်း
✔️ သစ်သီးများ

⸝

❌ ဟော်မုန်း မညီမျှမှု ဖြစ်စေနိုင်သော အစားအစာများ

🚫 သကြားများသော အစားအစာ
🚫 အလွန် ပြုပြင်ထားသော အစားအစာများ
🚫 ကော်ဖီ အသောက်များခြင်း
🚫 အရက်
🚫 မကောင်းတဲ့အဆီပါသော အသင့်စားအစားအစာများ

🌼 နောက်ထပ် အရေးကြီးသော အချက်များ

✔️ အိပ်ရေးဝဝအိပ်ပါ
✔️ ယောဂနှင့် လေ့ကျင့်ခန်း လုပ်ပါ
✔️ စိတ်ဖိစီးမှု လျော့ချပါ
✔️ နေရောင်ခြည် ရယူပါ



#မနက်ခင်းယောဂ



02/15/2026

အမေရိကန်မှာ အငြိမ်းစားယူပြီးသူတွေကို ကြည့်ပြီး
အသက်ကြီးလာတာဟာ ဘဝပြီးဆုံးခြင်း မဟုတ်ဘဲ
ပိုလွတ်လပ်စွာ နေထိုင်နိုင်တဲ့ အချိန် ဖြစ်တယ်ဆိုတာ သင်ယူခဲ့ပါတယ်။

သူတို့ဟာ လှုပ်ရှားနေကြတယ်၊ သဘာဝကို ခံစားတတ်ကြတယ်၊
ကိုယ့်ကျန်းမာရေးနဲ့ စိတ်အေးချမ်းမှုကို ဦးစားပေးကြတယ်။

ယောဂသဘောတရားအရ —
🧘‍♀️ ကိုယ်ကို စောင့်ရှောက်ခြင်းဟာ ကိုယ့်ကို ချစ်ခြင်းပါ
🧘‍♀️ လက်ရှိအချိန်ကို အသိရှိစွာ နေထိုင်ခြင်းဟာ ဉာဏ်ပညာပါ
🧘‍♀️ အသက်အရွယ် မဟုတ်ဘဲ စိတ်အနေအထားက ဘဝကို ဆုံးဖြတ်ပါတယ်

မိသားစုတန်ဖိုးတွေကို ထိန်းသိမ်းထားရင်း
ကိုယ့်ကျန်းမာရေး၊ ပျော်ရွှင်မှု၊ စိတ်တည်ငြိမ်မှုကို ဦးစားပေးနိုင်ရင်
ဘဝဟာ ပိုပြီး သက်သာပျော်ရွှင်လာပါတယ် 🌿
✨✨✨ US ရောက်မှာ အသက် ၄၀ ဆိုတာ အရမ်းငယ်သေးတယ်လို့ ခံစားရတယ် 🤩🤩

#မနက်ခင်းယောဂ



အမျိုးသမီးဟော်မုန်းညီမျှမှုအတွက် ယောဂ 🌸ယောဂလေ့ကျင့်ခြင်းသည် Thyroid, adrenal နှင့် reproductive hormones များကို သဘာဝအတိ...
02/14/2026

အမျိုးသမီးဟော်မုန်းညီမျှမှုအတွက် ယောဂ 🌸

ယောဂလေ့ကျင့်ခြင်းသည် Thyroid, adrenal နှင့် reproductive hormones များကို သဘာဝအတိုင်း ညီမျှဖို့ ကူညီပေးပြီး စိတ်ဖိစီးမှု လျော့ချပေးကာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကို တည်ငြိမ်စေပါသည်။

လည်ချောင်းဖွင့်ပေးသော poses များ၊ ရင်ဘတ်ဖွင့်လှစ်သော လှုပ်ရှားမှုများနှင့် အသက်ရှူလေ့ကျင့်မှုတို့က —
✨ အရွယ်မရွေး ဟော်မုန်းမျှတမှုကို ကူညီပေးသည်
✨ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှု လျော့ချပေးသည်
✨ လစဉ်စက်ဝန်း မညီမညာ ဖြစ်မှုများကို ထိန်းညှိကူညီနိုင်သည်
✨ အိပ်စက်မှုနှင့် စိတ်အေးချမ်းမှု တိုးတက်စေသည်

မိန်းမတို့၏ ခန္ဓာကိုယ်သည် တိုက်ခိုက်ရန် မလိုအပ်ပါ — ညှိနှိုင်းမှုနှင့် ပံ့ပိုးမှုသာ လိုအပ်ပါသည်။

✨ နူးညံ့စွာ လှုပ်ရှားပါ
✨ အသက်ရှူကို သတိထားရှူပါ
✨ ကိုယ့်ခန္ဓာကိုယ်ကို ချစ်ခင်ဂရုစိုက်ပါ
✨တစ်ကွက်ကို ၃၀ စက္ကန့် မှ ၁ မိနစ်ထိ​လေ့ကျင့်နိုင်ပါတ​ယ်.. အကွက်ကို နေ့တိုင်း ပြန်လည်​လေ့ကျင့်ပါ.. ၃ လ​လောက်အချိန်​ပေးကြည့်ပါ။

အတွင်းထဲမှာ မျှတသောအခါ အပြင်ပန်းမှာလည်းတည်ငြိမ်လာပါတယ်



#မနက်ခင်းယောဂ


Valentine’s Day ဆိုတာတစ်ယောက်ယောက်က ကိုယ့်ကိုချစ်ပေးတာအကြောင်း မဟုတ်ပါဘူး။ကိုယ်ကိုယ်တိုင် ကိုယ်ရှိနေသလိုအတိုင်း လက်ခံပြီ...
02/14/2026

Valentine’s Day ဆိုတာ
တစ်ယောက်ယောက်က ကိုယ့်ကိုချစ်ပေးတာအကြောင်း မဟုတ်ပါဘူး။
ကိုယ်ကိုယ်တိုင် ကိုယ်ရှိနေသလိုအတိုင်း လက်ခံပြီး ချစ်တတ်လာဖို့ သင်ယူရတဲ့နေ့လေးပါ။ 💗

Valentine’s Day is not about being loved by someone else.
It is about learning to love yourself exactly as you are.

#မနက်ခင်းယောဂ


02/12/2026

Flexibility ဆိုတာ ကိုယ့်ကိုယ်ကို အတင်းဖိအားပေးခြင်း မဟုတ်ပါဘူး —
နူးညံ့ပျော့ပြောင်းစွာ လွှတ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။

ကိုယ်ခန္ဓာနဲ့ စိတ်ထဲက တင်းကျပ်မှုတွေကို လွှတ်ချနိုင်လေလေ
ပိုပြီး နက်ရှိုင်းစွာ ဖွင့်လှစ်နိုင်လေလေ ဖြစ်ပါတယ်။ 🌿


#မနက်ခင်းယောဂ


02/11/2026

💚 ရင်ဘတ်ဖွင့် ယောဂအနေအထားများ နဲ့ နှလုံး ချာကရာ (Anahata)

နှလုံးချာကရာဟာ ရင်ဘတ်အလယ်ဗဟိုမှာ တည်ရှိပြီး

အချစ်၊ ဝမ်းနည်းမှု၊ ခွင့်လွှတ်နိုင်မှု၊ နှစ်သိမ့်ကြင်နာမှုတွေကို သယ်ဆောင်ထားပါတယ်။

ရင်ဘတ်ဖွင့် ယောဂအနေအထားတွေက

ရင်ဘတ်နဲ့ ပခုံးတွေကို နူးညံ့သိမ်မွေ့စွာ ဆွဲလှန်ပေးပြီး

မပြောမဖြစ် ထိန်းသိမ်းထားတဲ့ စိတ်ခံစားမှုတွေ အတွက် နေရာလွတ် ဖန်တီးပေးပါတယ်။

နှလုံးဖွင့်လိုက်တဲ့အခါ

စိတ်ခံစားမှုတွေက ကျွန်မတို့ကို မဖျက်ဆီးနိုင်တော့ဘဲ

ကျွန်မတို့ရဲ့ အနက်ရှိုင်းဆုံးထိကို ဖြတ်သန်း လှုပ်ရှားသွားတာပဲ ဖြစ်ပါတယ်။

🧘‍♀️ ရင်ဘတ်ဖွင့် ယောဂအနေအထားတွေက ကူညီပေးတာတွေကတော့ —

• အတွင်းစိတ်ထဲ သိုလှောင်ထားတဲ့ ဝမ်းနည်းမှု၊ စိတ်ဒဏ်ရာတွေကို လွတ်မြောက်စေခြင်း

• ကိုယ်တိုင်ကာကွယ်ထားတဲ့ စိတ်ခံစားမှုအကာအရံတွေကို ပျော့ပျောင်းစေခြင်း

• ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှု၊ ကြင်နာမှုကို ဖိတ်ခေါ်ခြင်း

• ရယူခြင်းနဲ့ ပေးဆပ်တတ်ခြင်းကို ညီမျှအောင်



#မနက်ခင်းယောဂ





🌅 Morning Yoga Before Work = Better Productivityမနက်ပိုင်း ယောဂလေ့ကျင့်ခြင်းကနေ့တစ်နေ့လုံးကို ပိုပြီး စနစ်တကျ လုပ်ဆောင်န...
02/10/2026

🌅 Morning Yoga Before Work = Better Productivity

မနက်ပိုင်း ယောဂလေ့ကျင့်ခြင်းက
နေ့တစ်နေ့လုံးကို ပိုပြီး စနစ်တကျ လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။

🧘‍♀️ စိတ်အာရုံစိုက်မူ ပိုအားကောင်းလာမယ်;
⚡ ကိုယ်အားအင် သဘာဝအတိုင်း တိုးလာတယ်
🌿 စိတ်ဖိစီးမှုကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်
🪑 ကိုယ်ခန္ဓာ လဲသန်မာလာပြီး အလုပ်လုပ်နိုင်တယ်။

မနက် 10–15 မိနစ်ပဲ ဖြစ်ပါစေ
နေ့တစ်နေ့လုံး အကျိုးရှိစေပါတယ်။ 💛

*** တစ်ကွက်ကို ၁ မိနစ် မှ ၃ မိနစ်ထိ နေနိုင်ပါတယ်။
*** အသက်ရူမှန်မှန် ရှူမှတ်ပေးပါ
*** ဒီအကွက်တွေကို အချိန်ရသလောက် ၂ / ၃ ခါပြန်ကျင့်ပါ။


#မနက်ခင်းယောဂ


02/09/2026

“မြေဓာတ်က ကိုယ်ကို ထောက်ပံ့သလို
ယောဂလေ့ကျင့်မှုက စိတ်ကို ထောက်ပံ့ပေးတယ်။
နေ့စဉ်လေ့ကျင့်လေလေ
စိတ်တည်ငြိမ်မှုက ပိုမို နက်ရှိုင်းလာလေလေ။”


#သဘာဝနဲ့အတူ


02/08/2026

***အမေရိကန်မှာ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြလဲ?

အမေရိကန် (အထူးသဖြင့် Colorado) မှာ နေရင်း
ကျွန်မ အရမ်းကွာခြားမှုတစ်ခု သတိထားမိလာပါတယ်။

ဒီမှာတော့
အသက် 50၊ 60၊ 70 နှစ်အရွယ် senior များတောင်
gym သွားကြ၊ yoga လေ့ကျင့်ကြ၊ လမ်းလျှောက်ကြပါတယ်။
“အသက်ကြီးပြီ” ဆိုတဲ့ အတွေးထက်
“ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ်” ဆိုတဲ့ စိတ်က ပိုကြီးပါတယ်။

ကျွန်မက အသက် 40 ကျော်ပေမယ့်
Myanmar မှာဆိုရင်
“အသက်ကြီးပြီလား”
“အနားယူတော့” လို့ မကြာခဏ ကြားရတတ်ပါတယ်။

ဒါပေမယ့် ဒီမှာတော့
အသက်က ကန့်သတ်ချက်မဟုတ်ပါဘူး
ကျန်းမာရေးကို ဂရုစိုက်ဖို့ အကြောင်းပြချက်တစ်ခုပဲ ဖြစ်ပါတယ်။

Gym သွားတာက
ကြွက်သားအတွက်တင် မဟုတ်ဘဲ
စိတ်ကျန်းမာရေး၊ ပေါ့ပါး ၊ လွတ်လပ်မှုအတွက်ပါ။

ဒီယဉ်ကျေးမှုက
ကျွန်မကို သင်ပေးလိုက်တာက—
👉 အသက်ကြီးလာလို့ လှုပ်ရှားမှုကို မရပ်ရဘူး
👉 လှုပ်ရှားနေလို့ပဲ အသက်က နုပျိုနေတတ်တယ်

40 ဆိုတာ မအိုသေးပါဘူး
50၊ 60 ဆိုတာလည်း မနောက်ကျပါဘူး
ဒီနေ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်တာပဲ အရေးကြီးပါတယ် 🤍

Colorado မှာ နေရင်း
ကျန်းမာရေးကို ဦးစားပေးတတ်တဲ့ ယဉ်ကျေးမှုကို
အရမ်းလေးစားမိလာပါတယ်။





****ယောဂလေ့ကျင့်မှုက အိမ်ထောင်ရေးကို ဘယ်လိုပြောင်းလဲစေလဲယောဂဆိုတာ ကိုယ်ခန္ဓာကိုယ်ကို လေ့ကျင့်တာတင်မကဘဲလေ့ကျင့်မှုကနေ သင်...
02/07/2026

****ယောဂလေ့ကျင့်မှုက
အိမ်ထောင်ရေးကို ဘယ်လိုပြောင်းလဲစေလဲ

ယောဂဆိုတာ ကိုယ်ခန္ဓာကိုယ်ကို လေ့ကျင့်တာတင်မကဘဲ
လေ့ကျင့်မှုကနေ သင်ယူရတဲ့ အရာတွေဟာ
ကျွန်မရဲ့ အိမ်ထောင်ရေးထဲကိုလည်း တိတ်တိတ်လေး ဝင်ရောက် ကူညီပေးနေပါတယ်။

💟Tapas — ကတိကဝတ်နဲ့ ဆက်လက်ကြိုးစားမှု

ယောဂလေ့ကျင့်မှုအပေါ် ကတိကဝတ်ထားနိုင်တာက
အိမ်ထောင်ရေးမှာလည်း ကတိကဝတ်ထားနိုင်ဖို့ သင်ပေးပါတယ်။

ယောဂ မတ် ပေါ်မှာ မလွယ်ကူတဲ့ အချိန်တွေကို
အသက်ရှုသွင်း ရှူထုတ်ရင်း ဆက်လက် လေ့ကျင့်နေသလိုပဲ စုံတွဲဘဝမှာလည်း စိန်ခေါ်မှုတွေ၊ နားလည်မှုမတူတာတွေ၊ အငြင်းအခုံတွေ ရှိလာတဲ့အခါ
လွယ်လွယ်နဲ့ လက်မလွှတ်ဘဲ ဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးပါတယ်။
ဒီ ကတိကဝတ်ဆိုတဲ့ အမူအကျင့်လေးက ကျွန်မတို့ကို အမြဲတမ်း ပြန်လည် ချိတ်ဆက်ပေးနေပါတယ်။

❇️လက်ခံနိုင်ခြင်း — ကိုယ့်ကိုယ်ကို လက်ခံမှ အခြားသူကို
လည်း လက်ခံနိုင်ခြင်း
ယောဂက ကျွန်မကို ကိုယ်ခန္ဓာကို အရှိအတိုင်း လက်ခံဖို့ သင်ပေးပါတယ်။
ကိုယ့်ကိုယ်ကို လက်ခံနိုင်လာတဲ့ အချိန်မှာ
ကိုယ့်အဖော်ကိုလည်း သူ့ပုံစံအတိုင်း လက်ခံနိုင်လာပါတယ်။
လူတိုင်းက မတူကြပါဘူး—
ခန္ဓာကိုယ်၊ စိတ်ခံစားမှု၊ အတွေးအခေါ်၊ နေထိုင်ပုံတွေ မတူကြပါဘူး။
လက်ခံနိုင်ခြင်းက ခက်ခဲတဲ့ အပြောင်းအလဲတွေအစား
အချစ်ကို ပိုမို ကြီးထွားစေပါတယ်။

💠နားထောင်နိုင်ခြင်း — ပြုပြင်ချင်စိတ်မပါဘဲ အတူရှိနေပေးခြင်း
ယောဂ မတ် ပေါ်မှာ ကိုယ့်ခန္ဓာကို နားထောင်ဖို့ သင်ယူသလို
ဘဝထဲမှာလည်း ကိုယ့်အဖော်ကို နားထောင်တတ်လာပါတယ်။
အလုပ်ဖိအားတွေ၊ ဘဝရဲ့ စိန်ခေါ်မှုတွေကြောင့်
ကိုယ့်အဖော် စိတ်ဖိစီးနေတဲ့အခါ
အမြဲတမ်း အကြံပေးဖို့ မလိုအပ်ပါဘူး။
တစ်ခါတလေတော့
အကဲဖြတ်ခြင်းမရှိဘဲ
ပြုပြင်ချင်စိတ်မပါဘဲ
နားထောင်ပေးပြီး အတူရှိနေပေးရုံနဲ့ပဲ လုံလောက်ပါတယ်။

ယောဂက ကျွန်မကို
သတိပညာ၊ သည်းခံနိုင်မှု၊ ကြင်နာမှုတွေကို
အသက်ရှုတစ်ချက်စီနဲ့
နေ့တိုင်း သင်ပေးနေပါတယ်။

ဒီလိုပဲ
အိမ်ထောင်ရေး၊ စုံတွဲဘဝဆိုတာလည်း
ပြီးပြည့်စုံဖို့ မလိုပါဘူး။
မလွယ်တဲ့နေ့တွေမှာတောင်
လက်မလွှတ်ဘဲ
အတူ လေ့ကျင့်သွားနိုင်ဖို့ပဲ လိုပါတယ် 🤍






Address

425 Baker Street
Denver, CO
80502

Telephone

+959799915529

Website

Alerts

Be the first to know and let us send you an email when TheyogabawaJourney posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to TheyogabawaJourney:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram