Empower By Zar

Empower By Zar Assist you to gain a better understanding of USA’ education , mental health and general knowledge

👍👍👍
04/15/2026

👍👍👍

"လစာလေးတစ်ခုတည်းကိုပဲ ဖက်တွယ်ထားရင်တော့ မနက်ဖြန်ဆိုတဲ့ ခင်ဗျားရဲ့အနာဂတ်ဟာ လေထဲတိုက်အိမ်ဆောက်နေသလိုပါပဲ။"

လကုန်ခါနီးတိုင်း ပိုက်ဆံပြတ်လပ်တဲ့ ဒဏ်ကို အမြဲခံစားနေရပြီလား? ငွေရှာနေရက်နဲ့ ဘာလို့ ငွေမစုမိတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်နေရပြီလား? ဒါဆိုရင်တော့ ခင်ဗျားရဲ့ ငွေကြေးစီမံခန့်ခွဲမှုပုံစံကို ချက်ချင်း ပြောင်းလဲဖို့ လိုနေပါပြီ။
လက်တွေ့ဘဝမှာ လူတိုင်းသိထားသင့်တဲ့ ပိုက်ဆံနဲ့ပတ်သက်တဲ့ ရွှေစည်းမျဉ်း (၅) ခုကို ဖောက်သည်ချပေးလိုက်ပါတယ်။

၁။ ပိုက်ဆံရှာရာတွင်... (ဝင်ငွေတစ်ခုတည်းကို ဘယ်တော့မှ ပုံအပ်မထားပါနဲ့) ✅

လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုတည်းကိုပဲ ခြေစုံပစ်ရပ်တည်နေရင်၊ အဲ့ဒီဝင်ငွေ ရပ်တန့်သွားတဲ့နေ့မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတတ်ပါတယ်။ ဘဝတစ်ခုလုံးလည်း ဗြောင်းဆန်သွားပါလိမ့်မယ်။ ဒါကြောင့် ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲကြိုရှာထားပါ။

မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရုံးအလုပ်လုပ်ပြီး လကုန်မှ ရလာမယ့် လစာလေးတစ်ခုတည်းကိုပဲ ထိုင်မျှော်လင့်နေလို့ မရတဲ့ ခေတ်ရောက်နေပါပြီ။ ကုမ္ပဏီက လူလျှော့လိုက်တာမျိုး၊ အလုပ်ရုတ်တရက် ပြုတ်သွားတာမျိုး ကြုံလာတဲ့အခါ အိမ်လစာနဲ့ မိသားစုစားစရိတ်တွေကြားမှာ အသက်ရှူကျပ်သွားတတ်ပါတယ်။

ဒါကြောင့် မုန့်လုပ်တာ၊ စာရင်းလုပ်ပေးတာ၊ စာသင်ပေးတာ၊ ဂရပ်ဖစ်ဆွဲတာ စတဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတစ်ခုခုကို အသုံးချပြီး ညဘက်ဖြစ်ဖြစ်၊ စနေတနင်္ဂနွေမှာဖြစ်ဖြစ် အပိုဝင်ငွေရှာနိုင်မယ့် Freelance အလုပ်လေးတွေ၊ Online Shop လေးတွေ မဖြစ်မနေ စမ်းလုပ်ထားဖို့ လိုနေပါပြီ။

၂။ ပိုက်ဆံသုံးရာတွင်... (လူလုံးပြဖို့အတွက်နဲ့ အကြွေးနွံထဲ မဆင်းပါနဲ့) ✅

ခင်ဗျားမှာ မလိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပါများလာရင်၊ နောက်ဆုံးမှာ ခင်ဗျားအတွက် တကယ်လိုအပ်တဲ့ ပစ္စည်းတွေကို ရောင်းချပြီး စွန့်လွှတ်ရတတ်ပါတယ်။ တချို့တွေက လူသာ မချမ်းသာတာ၊ ကိုင်တဲ့ အသုံးအဆောင်တွေကတော့ အပျံစားတွေချည်းပါပဲ။ ရေရှည်ကို မကြည့်ဘဲ အခိုက်အတန့်လေးအတွက် သူများလုပ်တာကို လိုက်လုပ်ချင်ကြတယ်။ ကိုယ်က မချမ်းသာသေးတဲ့အချိန်မှာ ချမ်းသာတဲ့သူတွေနဲ့ အပြိုင်အဆိုင် သွားမလုပ်ပါနဲ့။

လစာ ၃ သိန်း၊ ၄ သိန်းရတဲ့သူက အပေါင်းအသင်းတွေကြားမှာ မျက်နှာမငယ်ချင်လို့၊ ကော်ဖီဆိုင်မှာ ဖုန်းထုတ်ပြချင်လို့ဆိုပြီး သိန်း ၄၀ ကျော်တန် နောက်ဆုံးပေါ် ဖုန်းကြီးကို အတိုးနဲ့ အရစ်ကျ ဝယ်ကိုင်တာမျိုးတွေပါ။ အပြင်ပန်းကြည့်ရင်တော့ အမိုက်စား၊ တကယ်တမ်း လကုန်ရက်တွေဆို ခေါက်ဆွဲထုပ်လေးနဲ့ အသက်ဆက်နေရတဲ့ ဘဝမျိုးပါ။ အဲ့ဒီလို မလိုအပ်ဘဲ ကြွားချင်ရုံသက်သက် ငွေသုံးနေမယ်ဆိုရင် တကယ်တမ်း မိသားစု အရေးပေါ်ကိစ္စပေါ်လာတဲ့အခါ သူများဆီ မျက်နှာငယ်နဲ့ အကူအညီတောင်းရပါလိမ့်မယ်။

၃။ ပိုက်ဆံစုရာတွင်... (ကျန်မှစုမယ်ဆိုတဲ့ အတွေးကို အပြီးအပိုင်ဖျောက်ပါ) ✅

သုံးပြီးလို့ ပိုတာကို မစုပါနဲ့။ စုပြီးလို့ ပိုတာကိုမှ သုံးပါ။ သုံးပြီးမှ ပိုတာကို စုမယ်ဆိုရင်တော့ ဒီတစ်သက် ခင်ဗျား စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံးစဉ်းစားရမှာက "ဘယ်လောက်ဖယ်ပြီး စုမလဲ" ဆိုတာပါပဲ။ ပြီးမှ ကျန်တဲ့ငွေနဲ့ လောက်အောင် သုံးပါ။

လစာဝင်ဝင်ချင်း ဘဏ်ထဲကိုဖြစ်ဖြစ်၊ စုဘူးထဲကိုဖြစ်ဖြစ် ကိုယ်စုမယ့် ၁၀ ရာခိုင်နှုန်းလောက်ကို အရင်ဆုံး ဖယ်ချလိုက်ပါ။ ပြီးမှ ကျန်တဲ့ငွေနဲ့ တစ်လစာ စီမံခန့်ခွဲပါ။ ဒါပေမယ့် စုတယ်ဆိုတဲ့နေရာမှာလည်း ငွေကြေးတန်ဖိုးတွေ အပြောင်းအလဲမြန်နေတဲ့ခေတ်မှာ ပိုက်ဆံတွေကို သေတ္တာထဲ သော့ခတ်ထားဖို့ချည်း ပြောတာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်ပေးမယ့် နေရာတွေမှာ ပြန်သုံးပါ။ ဘာသာစကား သင်တန်းတက်တာ၊ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ Certificate Course တွေ တက်တာ၊ အတွေးအခေါ်ရင့်ကျက်စေမယ့် စာအုပ်တွေ ဝယ်ဖတ်တာမျိုးက ခင်ဗျားကို အနာဂတ်မှာ အဆပေါင်းများစွာ ပြန်ရှာပေးနိုင်မယ့် အကောင်းဆုံး စုဆောင်းမှုပါပဲ။

၄။ စွန့်စားရာတွင်... (မျက်လုံးစုံမှိတ်ပြီး ချောက်ထဲမခုန်ချပါနဲ့) ✅

ရေအတိမ်အနက်ကို ခြေနှစ်ချောင်းလုံးချပြီး ဘယ်တော့မှ မစမ်းသပ်ပါနဲ့။ မစွန့်စားနဲ့လို့ ပြောတာ မဟုတ်ပါဘူး။ မစွန့်စားဘဲနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားတဲ့နေရာမှာ ပါးနပ်ဖို့၊ ဉာဏ်ပြေးဖို့ လိုပါတယ်။ အန္တရာယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုး လုံးဝ မလုပ်ပါနဲ့။

တစ်လကို အတိုး ၅ သိန်းရမယ်၊ ၁၀ သိန်းရမယ်ဆိုပြီး မက်လုံးပေးတဲ့ အွန်လိုင်းက မသေချာတဲ့ ငွေစုငွေချေး လုပ်ငန်းတွေ၊ မြင့်မားတဲ့ အမြတ်ပေးမယ်ဆိုတဲ့ အရင်းအနှီးတွေထဲကို ကိုယ့်မိသားစု တစ်သက်လုံး စုဆောင်းထားတဲ့ အိမ်ဝယ်မယ့်ငွေတွေ၊ ခြံဝယ်မယ့်ငွေတွေ အားလုံးကို လောဘတက်ပြီး ပုံအောလိုက်တာမျိုးပါ။

တကယ်လို့ အဲ့ဒီလုပ်ငန်းသာ ပြဿနာတစ်ခုခုဖြစ်သွားရင် ကိုယ့်မှာ ထမင်းစားစရာတောင် ကျန်မှာမဟုတ်ပါဘူး။ ဒါကြောင့် အသစ်အဆန်းတစ်ခုကို စမ်းတော့မယ်ဆိုရင် ဆုံးရှုံးသွားရင်တောင် ကိုယ့်ဘဝကို မထိခိုက်နိုင်တဲ့ ပမာဏလေးနဲ့ပဲ အရင် စမ်းသပ်ကြည့်သင့်ပါတယ်။

၅။ ရင်းနှီးရာတွင်... (ကြက်ဥတွေကို ခြင်းတောင်း
တစ်လုံးတည်းမှာ စုမထည့်ပါနဲ့) ✅

အရင်းအနှီး လုပ်ပြီဆိုရင် ရှိသမျှ ပိုက်ဆံတွေအားလုံးကို တစ်နေရာတည်းမှာ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဘဲ ပြာကျသွားပါလိမ့်မယ်။

ကိုယ်က စားသောက်ဆိုင်ဖွင့်ဖို့ စိတ်ကူးတယ်ဆိုပါစို့။ ကိုယ့်ဆီမှာရှိတဲ့ ငွေအားလုံးကို ဆိုင်ခန်းအလှဆင်တာ၊ ပစ္စည်းဝယ်တာတွေမှာ အကုန်မသုံးပစ်လိုက်ပါနဲ့။ ဆိုင်က ချက်ချင်း ဧည့်သည်မလာရင်၊ မျှော်မှန်းထားသလို မရောင်းရရင် လည်ပတ်ဖို့အတွက် အရန်ငွေ မဖြစ်မနေ ချန်ထားရပါမယ်။ ဒါမှမဟုတ် ကိုယ့်ပိုင်ဆိုင်မှုကို ရွှေနည်းနည်း ဝယ်စုတာ၊ စိတ်ချရတဲ့ မိတ်ဆွေရဲ့ လုပ်ငန်းမှာ ရှယ်ယာနည်းနည်း ထည့်တာမျိုး ခွဲပြီး ရင်းနှီးထားပါ။ တစ်ခုရှုံးသွားရင်တောင် နောက်တစ်ခုက ကိုယ့်ကို ပြန်ထူမတ်ပေးနိုင်ပါလိမ့်မယ်။

ဒီအချက် (၅) ချက်ထဲက ခင်ဗျားအတွက် အထိမိဆုံးနဲ့ အမှန်ကန်ဆုံးလို့ ထင်ရတဲ့အချက်က ဘယ်အချက်ဖြစ်မလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦး။

04/12/2026

Green Card၊ EAD နှင့် Travel Document များ၏ Case Status စစ်ဆေးခြင်းနှင့် Delivery စောင့်ကြည့်နည်း

USCIS Case Status Online
👉 https://egov.uscis.gov/casestatus/landing.do
ဤလင့်ခ်တွင် သင့် USCIS လျှောက်လွှာ၏ case အခြေအနေကို စစ်ဆေးနိုင်ပါသည်။
USPS Informed Delivery
👉 https://www.usps.com/manage/informed-delivery.htm
ဤဝန်ဆောင်မှုဖြင့် သင့်ဆီသို့ ရောက်လာမည့် စာနှင့် package များကို ကြိုတင်ကြည့်ရှုနိုင်ပါသည်။
USCIS Address Change (AR-11)
👉 https://www.uscis.gov/addresschange
လိပ်စာပြောင်းလဲပါက USCIS နှင့် အမြန်ဆုံး update ပြုလုပ်ရန် အသုံးပြုနိုင်ပါသည်။

04/06/2026

SNAP ( Food Stamps) Changes Effective Since January 1, 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စပြီး SNAP (အစားအသောက်အထောက်အပံ့) ပြောင်းလဲမှုများ

Check the link below for information on FPL and income limits for eligibility.

အောက်ပါလင့်ခ်ကို နှိပ်၍ FPL နှင့် အခွင့်အရေးရရှိနိုင်မည့် ဝင်ငွေ ကန့်သတ်ချက်များအကြောင်း အချက်အလက်များကို စစ်ဆေးပါ။

https://aspe.hhs.gov/sites/default/files/documents/b1bfa16b20ae9b89d525bc35de7c1643/detailed-guidelines-2026.pdf

https://hhs.iowa.gov/medicaid/apply-medicaid/income-guidelines

03/29/2026
03/29/2026

People who qualify “Medicaid”

03/15/2026
03/15/2026

There are 4 parts of Medicare!

1: Part A ( hospital insurance)
2: Part B ( medical insurance)
3: Part C ( Medicare advantage)
4: Part D ( prescription drug coverage)

Source from Social Security Administration!!!

03/09/2026
03/08/2026

Social Security benefits ( 6 types of benefits )

1: Retirement
2: Disability
3: Survivor
4: Family
5: Supplemental Security Income (SSI)
6: Medicare

ကြည့်ရှူအားပေးသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏🥰🥰🥰😊😊😊

03/06/2026

🌹စိတ်ရှင်းရင်ဘဝရှင်းပါတယ်..။🌹

ခုနောက်ပိုင်း ကျွန်မက minimalism ဆိုတဲ့ ဘဝနေနည်းလေးကို အတော်လေးသဘောကျလာပါတယ်..။ အရင်ကဆို..လိုတာလည်းဝယ်..မလိုတာလည်း ဝယ်..စျေးလျှော့တဲ့အခါဝယ်..တန်တယ်ထင်တဲ့အခါဝယ်…လက်ဆောင်ပေးဖို့ဝယ်..စသဖြင့် မလိုအပ်ဘဲ ဝယ်ထားတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ တစ်အိမ်လုံးမှာ ရှုပ်ပွနေတတ်ပါတယ်..။ အခုတော့ ပစ္စည်းတစ်ခု ဝယ်ခါနီးကျရင် ဒီပစ္စည်းဟာ ကိုယ်တကယ်လိုအပ်ရဲ့လား..တကယ်အသုံးဝင်မှာလား..ဒီပစ္စည်းကို ဘယ်နေရာမှာထားမှာလဲ..စသဖြင့် တွေးတောဆင်ခြင်ပြီးမှ တကယ်မလိုအပ်ရင် မဝယ်ဖြစ်တော့ပါဘူး… အဲ့ဒိအတွက် ရလဒ်က ကိုယ့်အိမ်မှာ မလိုအပ်ဘဲ ပစ္စည်းတွေ စုပုံမနေတော့သလို ကိုယ့်စိတ်ထဲလည်း သက်သောင့်သက်သာ ကျေနပ်ပေါ့ပါးလာပါတယ်..။ စိတ်လည်းရှင်းလာပါတယ်..။ လိုချင်တောင့်တစိတ်တွေလည်း သိသိသာသာ လျော့ပါးလို့လာပါတယ်..။ ဒီပစ္စည်းကို မရလို့လည်း ဘာမှဖြစ်မသွားပါဘူးဆိုတဲ့ အတွေးမျိုးနဲ့ ကြိုတင်လက်လွှတ်တတ်လာပါတယ်..။

ကျွန်မက ကိုယ့်ရဲ့အိမ်ကလေးကို အတတ်နိုင်ဆုံး မလိုအပ်တဲ့အပိုပစ္စည်းတွေ ဘာမှမရှိစေဘဲ..ရှင်းရှင်းလင်းလင်းလေးဖြစ်နေတာကို အလွန်သဘောကျပါတယ်..။ အိမ်တစ်အိမ်မှာ တကယ်လိုအပ်ပြီးရှိသင့်ရှိထိုက်တဲ့..ကိုယ့်ရဲ့စိတ်အကြည်ဓါတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ မရှိမဖြစ်ပစ္စည်းကလေးတွေကလွဲလို့..မလိုအပ်တဲ့ဘယ်အသုံးအဆောင်မျိုးကိုမှ အပိုမထားချင်တော့ပါဘူး..။

အလားတူပါပဲ..ကျွန်မရဲ့စိတ်ကိုလည်း minimalistic ဖြစ်အောင် သတိလေးထားပြီး ကျင့်သုံးနေထိုင်ဖို့ ကြိုးစားလာပါတယ်..။ ကိုယ့်ရဲ့စိတ်ထဲမှာ မလိုအပ်တဲ့အရာတွေဘာမှထည့်မထားဘဲ...အပိုအတွေးတွေ..အပိုအပြောတွေ..အပိုအလုပ်တွေတွေကို လွှတ်ချသင့်ရင်
လွှတ်ချလိုက်ပါတယ်..။ အဲ့ဒိအပိုတွေနေရာမှာ ကိုယ့်အတွက် တကယ်အကျိုးရှိစေမယ့် တန်ဖိုးရှိစေတဲ့ အရာတွေနဲ့ အစားထိုးဖြည့်ဆည်းလိုက်ပါတယ်..။ ကိုယ့်ရဲ့စိတ်ထဲမှာ မလိုအပ်တဲ့..ရှုပ်ထွေးလေးလံစေတဲ့အတွေး..အပြော..အလုပ်မှန်သမျှကို ရှင်းလင်းပစ်နိုင်လာတာနဲ့အမျှ..ကိုယ့်ရဲ့စိတ်ဟာ အမှိုက်ကင်းမဲ့ဇုံ..ဒရာမာကင်းမဲ့ဇုံလေးဖြစ်လာပါတယ်..။

ကျွန််က အရင်ကဆို ဟိုအကြောင်းလည်းသိချင်..ဒီအကြောင်းလည်းသိချင်..ဟိုလူ့အကြောင်းလည်း စပ်စု..ဒီလူ့အကြောင်းလည်းစပ်
စု..တစ်ခုခုဆို..အကုန်သိချင်တတ်ပါတယ်..။ သူများတွေက ကိုယ့်ကို ဘယ်လိုထင်မလဲ…ကိုယ့်အကြောင်းဘာတွေပြောနေမလဲဆိုတာကိုလည်း အလွန်ဂရုစိုက်တတ်ပါတယ်..။ အခုတော့ ကိုယ့်ရဲ့စိတ်ထဲကို အပိုတွေဘာမှမထည့်ဘဲ ရှင်းရှင်းလေးထားတဲ့အခါ..မလိုအပ်တဲ့ အကြောင်းအရာပိုတွေ..လူပိုတွေ..ပြဿနာပိုတွေအတွက်လည်း နေရာပေးမနေတော့ပါဘူး..။

ကိုယ့်ရဲ့အနားမှာ..ကိုယ့်ကို တကယ်ချစ်ခင်တန်ဖိုးထားပြီး ကိုယ့်ရဲ့ကောင်းကျိုးကို လိုလားတဲ့ မိတ်ဆွေသူငယ်ချင်ကောင်းလေးတွေကို တန်ဖိုးထားစွာ နေရာပေးထားပါတယ်..။ ကိုယ့်အပေါ် မလိုလားတဲ့သူ..ကွယ်ရာမှာ အတင်းပြောတတ်သူ..အပြစ်ရှာဖွေနေတတ်သူမျိုးကိုတော့ ကိုယ့်အတွက် မလိုအပ်တဲ့ အသုံးမဝင်တဲ့အရာတွေလိုပဲ ကိုယ့်ဘဝထဲကနေ အပြီးတိုင်ရှင်းလင်းဖယ်ထုတ်ထားလိုက်ပါတယ်..။

တကယ်တော့ ကိုယ့်ကို လူတွေက ဘယ်လိုထင်မလဲ..ဘာတွေပြောနေမလဲဆိုတာ..ကိုယ့်အလုပ်မဟုတ်ပါဘူး..။ ပြောနေတဲ့သူရဲ့ အလုပ်သာဖြစ်ပါတယ်..။ အတင်းပြောခံရတာဟာ ကိုယ့်ရဲ့ပြဿနာမဟုတ်ပါဘူး..သူ့ရဲ့ပြဿနာသာဖြစ်ပါတယ်..။ ကိုယ့်ရဲ့စိတ်မှာ မလိုအပ်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားလိုက်တဲ့အခါ…စိတ်ဟာ ရိုးရှင်းပြီး အကြည်ဓါတ်ကလေးနဲ့ အေးမြလို့လာပါတယ်..။ ဘဝအတွက် သံသရာအတွက် ပိုပြီးအရေးကြီးတဲ့အလုပ်တွေကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ အာရုံစိုက်ပြီးလုပ်နိုင်လာပါတယ်..။

ကိုယ့်ရဲ့စိတ်မှာ မလိုအပ်တဲ့အရှုပ်တွေ ရှင်းလင်းလာတာနဲ့အမျှ..ကိုယ့်ရဲ့စိတ်နှလုံးအိမ်ကလေးဟာ ရိုးရှင်းပြီးကြည်လင်သန့်စင်လာပါတယ်..။ အိမ်ကလေးလှပရှင်းလင်းနေအောင် ထားသလိုမျိုး..ကိုယ့်ရဲ့စိတ်နှလုံးကိုလည်း ကြည်လင်သန့်ရှင်းနေအောင်ထားဖို့လိုပါတယ်..။ စိတ်ရှင်းလာတာနဲ့အမျှ ကိုယ့်ဘဝကလည်း ရှင်းလာမှာဖြစ်ပါတယ်..။

#လွန်းထားထား
#စိတ်ရှင်းရင်ဘဝရှင်းပါတယ်။

03/05/2026
🥰🥰🥰
10/25/2025

🥰🥰🥰

Address

Des Moines, IA
50313

Opening Hours

9am - 5pm

Telephone

(515)7833258

Website

Alerts

Be the first to know and let us send you an email when Empower By Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Empower By Zar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram