Wellness Mommy

Wellness Mommy Mommy Doctor's blog သားငယ်သမီးငယ်လေးတွေအတွက် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ ပတ်သတ်တာလေးတွေကို ဝေမျှပေးသွားမယ့်နေရာလေးပါ။

What I am NOT : Online clinic

04/15/2025

ကိုယ့်ကိုယ်ကိုယ်လည်း ရယ်ချင်ပါတယ်။ ပြောလိုက်ရင်တော့ အချိန်ရရင် ဒါလေးပြောပြမယ်နော် ဟိုဟာလေးပြောပြမယ်နော် နဲ့ ပြီးတော့ တစ်နှစ်လောက် ပျောက်သွားပြန်ရော။ I promise I'll do better!

04/15/2025

တစ်နှစ်တစ်ခါ ပေါ်လို့လာ 😬

ဆရာဝန်တစ်ယောက်ဆိုတာထက် သားလေးနှစ်ယောက်ရဲ့အမေဆိုတဲ့ဘဝကို ပိုဂုဏ်ယူတယ်ဆိုတာ တကယ် ♥️
05/18/2024

ဆရာဝန်တစ်ယောက်ဆိုတာထက် သားလေးနှစ်ယောက်ရဲ့အမေဆိုတဲ့ဘဝကို ပိုဂုဏ်ယူတယ်ဆိုတာ တကယ် ♥️

Locks of love ကို လှူမယ့် သားကြီးရဲ့ ဆံပင်လေးတွေ ♥️
05/18/2024

Locks of love ကို လှူမယ့် သားကြီးရဲ့ ဆံပင်လေးတွေ ♥️

ငါကပဲ မိန်းမကြမ်းကြီး
05/17/2024

ငါကပဲ မိန်းမကြမ်းကြီး

ဖောက်ပြန်တဲ့ relationship လင်မယား သမီးရည်းစား ဆက်ဆံရေးတွေရဲ့ ၃၀ ရာခိုင်နှုန်းမှာ ဖောက်ပြန်တဲ့ပြဿနာ ဖြစ်ဖူးကြတယ်လို့ ဆိုတ...
05/17/2024

ဖောက်ပြန်တဲ့ relationship

လင်မယား သမီးရည်းစား ဆက်ဆံရေးတွေရဲ့ ၃၀ ရာခိုင်နှုန်းမှာ ဖောက်ပြန်တဲ့ပြဿနာ ဖြစ်ဖူးကြတယ်လို့ ဆိုတယ်။ ဘယ်လိုပဲ ဖောက်ပြန်ခံရသည်ဖြစ်စေ နင့်မိန်းမ/နင့်ယောက်ျားဖောက်ပြန်တာ နင်အသုံးမကျလို့ ဖောက်ပြန်ခံရတာလို့ ဘယ်တော့မှ အပြောမခံလေနဲ့။ ကိုယ့်လက်တွဲဖော် ဖောက်ပြန်တာဟာ ကိုယ့်အပြစ် လုံးဝ (လုံးဝ) မပါပါဘူး။ ဖောက်ပြန်တာဟာ ၁၀၀ ရာခိုင်နှုန်း ဖောက်ပြန်သူရဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်ပုံချလို့မရပါဘူး။ ကိုယ့်ရွေးချယ်မှု ကိုယ့်ဆုံးဖြတ်ချက်ဖြစ်လို့ သတ္တိရှိရှိပဲ ငါမလုပ်သင့်တဲ့အလုပ်ကို လုပ်လိုက်တယ်လို့ တာဝန်ယူလိုက်ပါ။ ယုတ်စွအဆုံး ကိုယ့်လက်တွဲဖော်နဲ့ ဖောက်ပြန်တဲ့ တပါးသူကိုတောင် အပြစ်ပြောကိုပြောရမယ်လို့ ကျမတော့ မထင်ဘူး။ လူတိုင်းက စနိုက်မ စနိုက်ကြော်တဲ့ကောင်ဆိုပြီး ဆဲကြတယ်။ တကယ်တော့ သူများကို အပြစ်ပြောမယ့်အစား ကိုယ့်လူကိုယ်ပဲ ပြောရမှာလို့ ကျမတော့ ထင်တာပဲ။ ကိုယ့်လူကိုကျတော့ ချစ် (ခဲ့ဖူး)တော့ အပြစ်သိပ်မတင်ရက်ဘဲ တဖက်လူကို စနိုက်ကြော်တယ်ဆိုပြီး ဖိပြောကြ အပြစ်တင်ကြတာပဲ။ သူတို့ကို မမှားဘူးပြောတာမဟုတ်ဘူးနော်။ ဒါပေမယ့် တာဝန်အရှိဆုံးက ကိုယ့်ကိုဖောက်ပြန်သွားတဲ့ လူက တာဝန်အရှိဆုံးပဲ။ သူလက်ခံလိုက်လို့ ဒီကိစ္စဖြစ်ရတာကိုး။ ကိုယ့်ဘက်ကသာ ခိုင်မာရင် ဘယ်သူက ဘယ်လိုပဲ စနိုက်ကြော်ဖို့ ကြိုးစားပါစေ မယိုင်လဲနိုင်ဘူးလေ။

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး အကောင်လေး။ ခြေထောက်မှာ ပျားရည်အိတ်ကလေးနဲ့ ♥️ဓါတ်ပုံရိုက်ပြီးတော့ အငယ်ကောင်ရဲ့ food chain လက်ခ...
05/16/2024

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး အကောင်လေး။ ခြေထောက်မှာ ပျားရည်အိတ်ကလေးနဲ့ ♥️

ဓါတ်ပုံရိုက်ပြီးတော့ အငယ်ကောင်ရဲ့ food chain လက်ချာတော့ နားထောင်လိုက်ရတယ်။

ကိုယ်ဟာအနိုင်ကျင့်ခံရတဲ့ ဆက်ဆံရေး (abusive relationship) ထဲ ရောက်နေသလားဆိုတာ ဘယ်လိုသိနိုင်မလဲ။📌  လူတယောက်ဟာ ကိုယ့်ကို ကိ...
05/16/2024

ကိုယ်ဟာအနိုင်ကျင့်ခံရတဲ့ ဆက်ဆံရေး (abusive relationship) ထဲ ရောက်နေသလားဆိုတာ ဘယ်လိုသိနိုင်မလဲ။

📌 လူတယောက်ဟာ ကိုယ့်ကို ကိုယ်ထိလက်ရောက် တနည်းမဟုတ်တနည်း လုပ်နေတာ။ ဥပမာ ရိုက်မယ် တွန်းမယ် ဆွဲခါမယ် ကြမ်းကြမ်းတမ်းတမ်းဆွဲဆောင့်တာ စသဖြင့်
📌 သူနဲ့အဆက်ဖြတ်ရင် ကိုယ့်ကို ဒုက္ခရောက်အောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တာ
📌 သူနဲ့အဆက်ဖြတ်ရင် သူ့ကိုယ်သူထိခိုက်နာကျင်အောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တာ
📌 ကိုယ်မလုပ်ချင်တဲ့ လိင်မှုဆိုင်ရာဆက်ဆံ‌မှုတွေကို လုပ်ဖို့ အတင်းတိုက်တွန်းတာ
📌 ကိုယ်ဝတ်တာစားတာ ပြောဆိုနေထိုင်တာကို ချုပ်ချယ်တာ၊ ကိုယ့်သူငယ်ချင်းတွေနဲ့ မပေါင်းရဘူး ထိန်းချုပ်တာ
📌 ကိုယ်ဟာ အသုံးမကျတဲ့သူတယောက်လို့ ခံစားရအောင် အရှက်ရအောင် ပြောတာ၊ ဆက်ဆံတာ
📌 သူအမှားလုပ်ထားတာကို ကိုယ့်အလွန်ဖြစ်အောင် လှည့်ပတ်ပြောတာ
📌 ကိုယ်ဘယ်သွားတယ် ဘာလုပ်နေတယ်ဆိုတာတွေကို အမြဲ နောက်က လိုက်စစ်ဆေးနေတာ။ သူ့ကိုမပြောဘဲ ဘာမှမလုပ်ရတာ
📌 သူငယ်ချင်းတွေနဲ့ အပြင်သွားရင် စိတ်ဆိုးတာ မနာလိုတာ
📌 လူမှုကွန်ယက်ပေါ်မှာ ကိုယ့်ကို မိုက်မိုက်ရိုင်းရိုင်းပြောတာ
📌 ကိုယ့်ရဲ့ လူမှုကွန်ယက် log in password တွေ အတင်းတောင်းတာ

စတာတွေ တခုထက်ပို လုပ်နေရင်တော့ သတိထားပေတော့။

အတော်များများကတော့ အချစ်စိတ်မွှန်နေတဲ့အချိန်မှာ ကိုယ့်ကိုချစ်လို့ လုပ်တယ်လို့ ထင်ကြတာကိုး။ နောက်ကြာလာတဲ့အခါမှ ပျော်ရမယ့်အစား စိတ်ဆင်းရဲလာတာ၊ ရည်းစားနဲ့တွေ့ဖို့ ဝမ်းသာရမယ့်အစား စိတ်ညစ်လာနဲ့ တဖြည်းဖြည်း စိတ်ပျက်လာတာပဲ။

ရည်းစားထားတယ်ဆိုတာနဲ့ တယောက်ကိုတယောက် ပိုင်သွားတာ မဟုတ်ပါဘူး။ သူ့မှာလည်း သူ့ကိုယ်ပိုင်အချိန် ကိုယ်ပိုင် privacy ရှိသလို ကိုယ်မှာလည်း ကိုယ်ပိုင်အချိန် privacy ရှိရမှာပဲ။ တယောက်နဲ့တယောက် အတင်းကြီးလိုက်ကြပ်နေစရာ အကြောင်းလည်းမရှိပါဘူး။ ကိုယ်မကြပ်နိုင်လို့ သူများဆီပါသွားတယ်ဆိုရင်လည်း အဲလိုလူမျိုး ရည်းစားဘဝနဲ့ ဇာတ်လမ်းပြတ်သွားတာ ကျေးဇူးတင်လိုက်ရမှာ။ လွမ်းမနေနဲ့ နောက်ထပ်ကိုယ့်ကိုတကယ်ကြင်နာတဲ့သူ ပေါ်လာလိမ့်မယ်။

နောက်နေ့ကျရင် Gaslighting နဲ့ ကိုယ့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့သူနဲ့နေရတဲ့ relationship ပုံသေနည်းတွေကို ပြောကြမယ်။

🚫 နွေနေပူမှာ ကလေးတွေကို တွန်းလှည်းနဲ့ခေါ်တဲ့အခါ အနှီးတို့ စောင်တို့ ဘယ်လောက်ပါးတဲ့ အဝတ်ပါးဖြစ်ပါစေ၊ လှည်းပေါ်ကို မအုပ်ပါ...
05/14/2024

🚫 နွေနေပူမှာ ကလေးတွေကို တွန်းလှည်းနဲ့ခေါ်တဲ့အခါ အနှီးတို့ စောင်တို့ ဘယ်လောက်ပါးတဲ့ အဝတ်ပါးဖြစ်ပါစေ၊ လှည်းပေါ်ကို မအုပ်ပါနဲ့နော်။ အကာအကွယ်မရှိဘဲသွားချိန်မှာ အပူချိန်၇၂ ဒီဂရီရှိချိန်မှာ အဝတ်ပါးကလေး အုပ်လိုက်မိရင် နာရီဝက်အတွင်း အပူချိန် ၉၃ ဒီဂရီကို တက်သွားပါတယ်တဲ့။ အဝတ်အုပ်လိုက်ရင် လေဝင်လေထွက်မရှိတော့ဘဲ အပူချိန်အရမ်းတက်သွားတာပါ။ အဲဒါဆို ကလေးတွေမှာ အပူရှပ်တာ၊ ဒီထက်ဆိုးရင် heat stroke ရတဲ့အထိ ဖြစ်တတ်တယ်။

🚫 သိပ်ပူရင်အကောင်းဆုံးက အပြင်ခေါ်မသွားတာအကောင်းဆုံးပါပဲ။ ပွပြီးလေဝင်လေထွက်ကောင်းတဲ့ ချည်သားလေးတွေ ဝတ်ပေးပါ။ နို့များများ အရည်များများတိုက်ပါ။ ကိုယ့်အိမ်မှာ သိပ်ပူပြီး လေအေးပေးစက်အဆင်မပြေရင် လေအေးပေးစက်ရှိတဲ့ ဈေးဝယ်စင်တာတွေ ကစားကွင်းလေးတွေမှာ သွားနေဖို့ ကြိုးစားကြည့်ပါ။ ခုတော့ ရန်ကုန်မှာ မိုးတွင်းရောက်တော့မယ်ဆိုတော့ အပူသက်သာတော့မယ် မျှော်လင့်ရတာပဲ 😇

Photo courtesy: save a little life

မူးစုမတ်စု
05/14/2024

မူးစုမတ်စု

Yoga pose တွေ သိပ်မလုပ်နဲ့သားရေ ပိန်နေဦးမယ်
05/13/2024

Yoga pose တွေ သိပ်မလုပ်နဲ့သားရေ ပိန်နေဦးမယ်

တစ်နှစ်ပြည့်♥️ စစ်ပွဲတွေ မရှိတဲ့နေရာမှာ ဒီလိုပဲ ပြုံးနေပါ ♥️
05/12/2024

တစ်နှစ်ပြည့်

♥️ စစ်ပွဲတွေ မရှိတဲ့နေရာမှာ ဒီလိုပဲ ပြုံးနေပါ ♥️

Address

San Francisco, CA

Website

Alerts

Be the first to know and let us send you an email when Wellness Mommy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share