22/08/2022
#မေမေမြင်ခဲ့ရင်.......(Nurse..)
ု
~လူနာမျိုးစုံ ရောဂါမျိုးစုံ အနံ့မျိုးစုံ ကူးစပ်ရောဂါမျိုးစုံကြား ချွေးတရွဲရွဲနဲ့ ပြေးလွှားနေတဲ့ကျွန်တော် တို့ရဲ့ခြေလှမ်းတွေကို မေမေမြင်ခဲ့ရင်......
~အခြားဝန်ထမ်းတွေလို ထမင်းစားနားချိန်ဆိုပြီးတောင်းတမိဖို့ မဆိုပါနဲ့ အချိန်တွေကျော်စားရတာတောင် စားရင်းတန်းလန်းနဲ့ ထထပြေးနေရတဲ့ ကျွန်တော် တို့ကိုမေမေမြင်ခဲ့ရင်..
~စာနာစိတ်မရှိ ရပ်တည်ကာကွယ်ပေးဖို့မပြောနဲ့ အမှားလုပ်မှာကို အပြစ်တင်ဖို့စောင့်ကြည့်နေတဲ့ အချို့သူတွေရဲ့ မျက်လုံးတွေကို မေမေမြင်ခဲ့ရင်......
~အ်ိမ်မှာ ဘယ်လောက်ကောင်းတဲ့ အိပ်ယာနဲ့ အိပ်ရ အိပ်ရ..
ဆေးရုံမှာ ဆရာ/ဆရာမတွေအတွက် အခန်းတစ်ခန်းတောင် မရှိတဲ့အတွက် ကောင်တာဘေးကကြမ်းပြင်မှာ ဖျာခင်းအိပ်နေရတာကို မေမေမြင်ခဲ့ရင်....
~7am 4 pmဆိုပြီး သတ်မှတ်အလုပ်ချိန် တစ်နေ့ 9နာရီရှိပြီး လူအင်အားနည်းတာကြောင့် 7am to 7pmဆိုပြီး တစ်နေ့အလုပ်ချိန် 12နာရီကို အကြိမ်းပေါင်းမနည်း ဆင်းခဲ့ရတဲ့ ပင်ပန်းနွမ်းလျနေတဲ့ ကျွန်တော်တို့မျက်နှာကိုမေမေမြင်ခဲ့ရင်....
~အချို့လူနာတွေရဲ့ စော်ကားမှူတွေ၊ သူ့လူနာတစ်ယောက်တည်းအတွက် အတ္တတွေ၊ အထင်လွဲမှူတွေကြားမှာ
ခံစားချက်မျိုးစုံနဲ့ ဖြေရှင်းချက်တွေပေးနေတဲ့ ကျွန်တော် တို့မျက်နှာတွေကိုမေမေမြင်ခဲ့ရင်...........
သားယုံကြည်တယ်မေမေ....
"ကျွန်တော့်ကို သူနာပြုအရမ်းဖြစ်စေချင်တယ်''
ဆိုတဲ့စကားကိုအရင်ကလို မျက်နှာမှာအပြုံးအပြည့်နဲ့
မေမေပြောနိုင်မှာမဟုတ်တော့ဘူးဆိုတာကိုပေါ့........
...........
အချို့လူနာတွေရဲ့စကားတွေ သူတို့ရဲ့ဖြူစင်တဲ့မေတ္တာတွေ.. စာနာတတ်မှူတွေကြောင့် အတိုင်းမသိကြည်နှုးခဲ့ရသလို..
"သူနာပြု''ဆိုတာနဲ့ ဘယ်သူဘယ်ဝါမသိ ခေါက်ရိုးကျိုး သိမ်းကြုံးအပြစ်တင်နေကြတဲ့အချို့သူတွေကြောင့်''သူနာပြု"ဘဝ'ကို ဝမ်းနည်းစိတ်ပျက်ခဲ့ဖူးတယ်..... မေမေ........ 🙂🙂
...
@