Gorgeous Myanmar Tarot and Oracle Group

  • Home
  • Gorgeous Myanmar Tarot and Oracle Group

Gorgeous Myanmar Tarot and Oracle Group Tarot and Oracle reading, knowledge sharing page page by Gorgeous and other readers

💥💥💥 NoOne-Metaphysical Online Shop new page 💥💥💥
26/11/2024

💥💥💥 NoOne-Metaphysical Online Shop new page 💥💥💥

ကျွန်မတို့ Metaphysical online page ကို 2021 Apr ထဲကစပြီးဖွင့်ခဲ့ပါတယ် metaphysical items ဖြစ်တဲ့ crystals ကစလို့ အခြားသောဆက်စပ်ပစ္စည်းတွေကိုရောင်းပေးခဲ့ပါတယ်။အဲ့ဒီအချိန်က tarot ရောင်းတဲ့ crystals ရောင်းတဲ့page တွေရှိပေမယ့် ကျမတို့လိုmetaphysical items အစုံရောင်းတဲ့ page တော့မရှိသေးပါဘူး နောက်ပိုင်းမှများလာတာပါ။
အဲ့ဒီလိုရောင်းပေးတဲ့အခါမှာ တချို့ ပစ္စည်းလေးတွေကိုလည်း knowledge လေးတွေပါပေးခဲ့ပါတယ်။ customer တွေကို ဂရုတစိုက်ဖြေကြား service ပေးတာ ကျမတို့ရဲ့ 2021 ထဲက royal customerတွေအသိဆုံးဖြစ်ပါတယ်။
Crystals , crystals kit jar , sage , palo Santo, Tarot, sharman drums & evil eye … စသည်ဖြင့် ပစ္စည်းတော်တော်များများကို ကျမတို့ကိုယ်တိုင်အသေးစိတ်လေ့လာပြီး မသိတာကိုသိအောင် တတ်အောင်သင်ပြီးလေ့လာခဲ့ပါတယ်။

2024 Mar လမှာ ကျွန်မတို့ page အဟောင်းပျက်သွားတာကြောင့် customer များစွာနဲ့ အဆက်အသွယ်ပြတ်သွားရသလို ငွေစျေးတွေအဆမတန်များလာတာကြောင့် ကိုယ်တိုင်အကောင်းသုံး အစစ်အမှန်သုံးသလို customer တွေကိုလည်း ကောင်းတာလေးတွေပဲရောင်းပေးချင်တာကြောင့် ကကျမတို့စျေးတက်ရတဲ့အခါ customer တွေအတွက်အများကြီးကုန်ကျစေပါတယ်။ ကျမတို့မှာတဲ့ပစ္စည်းတွေကလည်း နိုင်ငံပေါင်းစုံကမှာပြီး made in china တောင် Singapore base ဖြစ်တဲ့အတွက် quality ပိုကောင်းပါတယ်။
နောက်ပိုင်းမှာ ဆင်တူလိုက်ရောင်းတဲ့ page တွေများလာသလို items တွေကို သုံးတတ်တဲ့ ဆရာ ဆရာ့တွေလည်းများလာခဲ့ပါတယ်။ အဲ့ဒီ့အခါမှာ တချို့လည်း နည်းနည်းသိပြီးလာဝယ်သလို တချို့လည်း လုံးဝ အကျိုးကျေးဇူးမသိပဲ စုတ်တွေလာဘ်တွေ positive energy တွေကောင်းအောင် ဆိုပြီး သေချာမလေ့လာပဲလာဝယ်ကြပါတယ်။ ငွေအများကြီးပေးပြီး ကိုယ်သုံးမယ့်ပစ္စည်း benefit မသိပဲနဲ့ မဝယ်ပါနဲ့
ကျွန်မတို့သည် စျေးရောင်းတဲ့ page ဖြစ်တဲ့အတွက် အသေးစိတ်ရှင်းပြဖို့ တာဝန်ရှိမနေပါဘူးရှင် ကိုယ်သုံးစွဲမယ့် ပစ္စည်းကို နာမည်သိရုံထက် အကျိုးကျေးဇူးပါသိပြီး ဝယ်ယူသုံးစွဲတာအကောင်းဆုံးဖြစ်ပါတယ်။ သူများသုံးပြီး အကျိုးကျေးဇူးဖြစ်တာမဖြစ်တာ သူများနဲ့ပဲဆိုင်ပြီး ကိုယ်နဲ့မဆိုင်ပါ နေ့စဉ် customer များစွာကိုဖြေကြားနေရတာဖြစ်တဲ့အတွက် chat box ကနေ knowledge sharing မလုပ်နိုင်တာစိတ်မရှိပါနဲ့ရှင်

ကျွန်မတို့ရဲ့ customer တယောက်စီတိုင်းကို အထူးကျးဇူးတင်စွာဖြင့်



Approved Reader BunnyKi လေးရဲ့ ကုသိုလ်
16/09/2024

Approved Reader BunnyKi လေးရဲ့ ကုသိုလ်

ရေဘေးအလှူအတွက် donation based နဲ့မေးနိုင်ပါပြီရှင် W, Your Divination friend
13/09/2024

ရေဘေးအလှူအတွက် donation based နဲ့မေးနိုင်ပါပြီရှင် W, Your Divination friend

ယခု နိုင်ငံအနှံ့မှာကြုံနေတွေ့နေရတဲ့ ရေဘေးတွေအတွက် ဝိုင်းစက် Personal အရလဲ တတ်နိုင်သလောက် လှူဒါန်းပါဝင်ပြီးပါပြီ။

ခုလဲ ဝိုင်းစက်တတ်တဲ့ပညာလေးနဲ့ ပိုမိုပြီး လှူဒါန်းချင်တာမို့ ခုချိန်ကနေစပြီး Energy exchange fees များကို မူလသတ်မှတ်ထားတဲ့ price မဟုတ်ဘဲ မိမိတို့ စေတနာရှိသလောက် donation based စေတနာကြေးနဲ့ Tarot နဲ့ Oracle ဖတ်ပေးသွားမှာဖြစ်ပြီး ရသမျှငွေတွေကို ရေဘေးအတွက် 100% ပြန်လည်လှူဒါန်းပေးသွားမှာဖြစ်လို့ ပါဝင်ပေးကြဖို့တောင်းဆိုချင်ပါတယ်နော်။

ခုချိန်ကနေစပြီး ဝိုင်းစက်ဆီမှာ စေတနာကြေးပေးပြီး လာရောက်မေးမြန်းနိုင်ပါပြီရှင်။

အားလုံးပဲ ရန်သူမျိုးငါးပါးဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းဝေးနိုင်ကြပါ‌စေရှင် 🙏🙏🙏

# Photo credit to original uploader.

Pile တွေမှာတောင် Energy တွေတောင် ကွက်တိရေးနိုင်တဲ့ reader လေးရဲ့ free reading giveaway မို့ ပါဝင်ကံစမ်းကြပါဦးနော်
06/09/2024

Pile တွေမှာတောင် Energy တွေတောင် ကွက်တိရေးနိုင်တဲ့ reader လေးရဲ့ free reading giveaway မို့ ပါဝင်ကံစမ်းကြပါဦးနော်

Violet Crown Reading လေးတွေယူလို့ရပါတယ်
24/08/2024

Violet Crown Reading လေးတွေယူလို့ရပါတယ်

02/06/2024

❤️🌟✨💥🎁

ဒါမျိုးဆိုတာ ကိုယ် အင်မတန်ရေးခဲပါတယ် ဒါပေမဲ့ မရေးမနေရ ဘာလို့ ထရေးရလဲဆို Yoga ကျင့်နေတာကို ၃ ရက်ဆက်တိုက်ကြီး သူ့ဟာသူပေါ်ပ...
27/05/2024

ဒါမျိုးဆိုတာ ကိုယ် အင်မတန်ရေးခဲပါတယ် ဒါပေမဲ့ မရေးမနေရ ဘာလို့ ထရေးရလဲဆို Yoga ကျင့်နေတာကို ၃ ရက်ဆက်တိုက်ကြီး သူ့ဟာသူပေါ်ပေါ်လာလို့ ၄ ရက်မြောက်နေ့မှာ မရေးမနေ ထ ရေးရတော့တာပါ ပြီးခဲ့တဲ့ အပတ်ကပဲ The Healing Water Oracle ကနေ message တွေရပြီး ဆူတာခံထားရတာ အခုတော့ မရေးမနေရ တကယ်ထိုင်ရေးထားတာလေးမို့ တိုက်ဆိုင်သူတွေအတွက် တစ်ခုခု အကျိုးရှိပါစေလို့ပဲ ... Gorgeous 990

💥💥💥✨✨✨🌟🌟🌟
26/05/2024

💥💥💥✨✨✨🌟🌟🌟

Pluto Retrograde အကြောင်းမျှဝေပေးချင်ပါတယ်။

Pluto Retrograde က မေလ (၂) ရက်နေ့ ကနေစပြီး အောက်တိုဘာလ (၁၁) ရက်နေ့အထိကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီကာလမှာ လူအတော်များများဟာ အတိတ်မှာတုန်းက ဆိုးရွားတဲ့အတွေအကြုံတွေ၊ ပြုတ်ကျခဲ့ဖူးတာ၊ လဲကျခဲ့ဖူးတာ၊ အတိတ်မှာတုန်းက ကိုယ့်ကို တယောက်ယောက်က ကိုယ့်ကို နောက်ကျော ဓါးနဲ့ထိုးဖူးတာ၊ အတိတ်မှာရရှိခဲ့တဲ့ Trauma တွေ အစရှိတာတွေ ပြန်ပြီးတော့ပေါ်လာမျိုးတွေဖြစ်တတ်တဲ့ ကာလပဲဖြစ်ပါတယ်။

Pluto Retrograde ကာလမှာတော့ ကိုယ်ရဲ့ အတိတ်မှာ မကောင်းတဲ့ခဲ့အရာတွေ၊ ကိုယ်လဲကျခဲ့တဲ့အရာတွေဟာ အခုအချိန်မှာ အသစ်တဖန်ပြန်လည်ဖန်တီးပြီးဖြစ်ပေါ်လာတဲ့အရာပဲဖြစ်ပါတယ်။ ဥပမာ အတိတ်မှာတုန်းက တယောက်ယောက်က ကိုယ်ကို လမ်းခွဲခဲ့ဖူးတယ်ဆိုရင် အခုအချိန် ကိုယ်က အဲ့အရာတွေကိုတွေးပြီးကြောက်နေတာမျိုးတွေ၊ အတိတ်မှာ ကိုယ်က တချိုသောသူတွေနဲ့ အဆင်မပြေခဲ့တဲ့အတွက် ကိုယ်က Communication မကောင်းဘူးလို့မှတ်ယူခဲ့တယ်။ ရှင်းရှင်းပြောရရင် အတိတ်မှာတုန်းက ကိုယ်က ထွက်ပြေးခဲ့တဲ့အရာ၊ သေသေချာချာမဖြေရှင်းခဲ့တဲ့ ပြသနာတွေကို အခုချိန်မှာ ဘယ်လိုများအ‌ ကောင်းဆုံးဖြေရှင်းမလဲဆိုတာကို သိ‌အောင်လို့ ကိုယ်ဆီကို တဖန်ပြန်ပြီးရောက်လာမည့်ကာလတစ်ခုအဖြစ် ကျွန်မကတော့ သုံးသပ်ပါတယ်။

အခုတလောမှာဆိုရင် လူအတော်များမျာက ဆုံးဖြတ်ချက်မပြတ်သားတာမျိုးတွေ၊ အတိတ်တုန်းက ကြုံတွေခဲ့ရတဲ့ အချို့သောအရာတွေက အခုအချိန်မှာ ကိုယ်ဆီကို တနည်းတဖုံနဲ့ ပြန်ရောက်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဥပမာ ကိုယ်တချိန်က ငွေရေးကြေးရေးအဆင်မပြေခဲ့ရင် အခုအချိန်မှာငွေရေးကြေးရေးပြသနာလေးတွေ၊ ကိုယ်တချိန်က အိမ်ကို ထောက်ပံ့နိုင်ရင် အခုအချိန်မှာမထောက်ပံ့နိုင်ဘူး အစရှိတဲ့ပြဿနာလေးတွေကို ပြန်လည်ကြုံရနိုင်ပါတယ်။ ဒါတွေကလဲ ကျွန်မ အစတုန်းက ပြောခဲ့သလိုပါပဲ ကိုယ်က တချိန်က ကိုယ်ကြုံတွေ့ခဲ့ပြီး သေချာမဖြေရှင်းနိုင်ခဲ့တဲ့ပြသနာတွေဟာ အခုအချိန်မှာ တဖန်ဘယ်လိုကိုင်တွယ်ဖြေရှင်းမရလဲဆိုတဲ့အရာ(မှန်ကန်တဲ့အဖြေ)ကို သိအောင်လို့ ကိုယ်ဆီကို တဖန်ပြန်လာတဲ့ပုံစံသဘောမျိုးပဲလို့ ပြောချင်ပါတယ်။

အခု Pluto Retrograde က ဘာနဲ့တူသလဲဆိုရင် ကိုယ်ရဲ့ဘဝ၊ နေထိုင်မှုပုံစံတွေ၊ အတွေးအခေါ်တွေကို ပိုပြီးတော့ တိုးတက်လာဖို့၊ ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ အယူအဆတွေကို အရင်ကထက်ပိုပြီး ရင့်ကျက်လာဖို့၊ နောက်တဆင့်တက်လှမ်းဖို့ကို ဦးတည်တဲ့ အချိန်ကာလလိုပြောရင်လဲ မမှားပါဘူး။ ဒီအချိန်ကာလမှာ ကိုယ့်အနေနဲ့ ကြောက်တာတွေ၊ စိုးရိမ်တာတွေ၊ ဖြစ်ပါ့မလားဆိုပြီး ကိုယ့်ကိုကိုယ် သံသယဝင်တာတွေ၊ ကိုယ်က ဘယ်လိုလူမျိုးပဲဖြစ်ပါစေ၊ ဘယ်လောက်ပဲ သန်မာပါစေ ကိုယ့်ကို တနည်းနည်းနဲ့ကြောက်အောင် နည်းလမ်းအမျိုးမျိုးတွေနဲ့ စမ်းသပ်တဲ့ကာလတစ်ခုဖြစ်တယ်လို့လဲ ပြောပါရစေ။

ဒီလိုအချိန်ကာလတွေမှာ ဘာတွေကြုံတွေရလာနိုင်သလဲဆိုရင် ကိုယ်ရဲ တိုးတက်ရာတိုးတက်ကြောင်းတွေ အပြင် ကိုယ်ရဲ့ အသိစိတ်ထက် ကိုယ်ရဲ့ မသိစိတ်ထဲမှာ ပုန်းအောင်မြုပ်ကွယ်နေတဲ့အရာမျိုး၊ ကိုယ်ရဲ့ မသိစိတ်ထဲမှာ လျှပ်တပြတ်အလင်းဝင်တာမျိုးလေးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ကာလပဲဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် အခု Pluto Retrograde ကာလမှာ ကိုယ်အနေနဲ့ အခက်အခဲအတားအဆီးတွေနဲ့ကြုံတွေရတဲ့အခါတွေမှာ ကိုယ်ယုံကြည်ရတဲ့သူတွေထံကနေ အကြံဉာဏ်တွေ၊ အကူအညီတွေ ယူတာမျိုးကို လုပ်သင့်ပါတယ်။

ဒါအပြင်ကိုယ်အနေနဲ့ ပြသနာတွေကို ကြုံတွေ့ရတဲ့အခါမှာ မဖြစ်နိုင်ပါဘူး၊ ငါတော့ မလုပ်နိုင်ပါဘူ ဆိုပြီး ကြောက်စိတ်တွေမဝင်ဘဲ၊ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို ကိုယ်ဘဝရှေ့ရေးအတွက် ခေါင်းအေးအေးနဲ့ သေချာအချိန်ပေးပြီး စဥ်စားဆုံးဖြတ်မယ်ဆိုရင် အရမ်းကို‌ကောင်းတဲ့အချိန်လေးပဲဖြစ်ပါတယ်လို ပြောချင်ပါတယ်။

ရွှေဝါလေးကို အားပေးကြပါဦးရှင်  လိုချင်တာမှန်သမျှ ရွှေဝါ့ဆီ ပုံလေးပြလိုက်ရုံနဲ့ အကုန်ရှာဝယ်ပေးပါတယ် ပစ္စည်းမှန် စျေးနှုန်...
26/03/2024

ရွှေဝါလေးကို အားပေးကြပါဦးရှင် လိုချင်တာမှန်သမျှ ရွှေဝါ့ဆီ ပုံလေးပြလိုက်ရုံနဲ့ အကုန်ရှာဝယ်ပေးပါတယ် ပစ္စည်းမှန် စျေးနှုန်းမှန် အာမခံတဲ့ Singapore တိုက်ရိုက် ရွှေဝါဆီမှာ Authentic တွေကို စိတ်ချလက်ချ အားပေးနိုင်ပါတယ်

မင်္ဂလာပါရှင့်

ကျွန်မတို့ရဲ့ 𝟐𝟎𝟐𝟏 𝐌𝐚𝐫 လ မှစပြီး ဖွင့်လှစ်ခဲ့တဲ့ 𝐍𝐨𝐎𝐧𝐞 𝐦𝐞𝐭𝐚𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐩𝐚𝐠𝐞 က မြန်မာနိုင်ငံမှာ 𝐂𝐫𝐲𝐬𝐭𝐚𝐥 , 𝐌𝐞𝐭𝐚𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐢𝐭𝐞𝐦𝐬 တွေကို လွယ်လွယ်ကူကူနဲ့ ဝယ်ယူရရှိစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ပါတယ် ဒီကနေစပြီး 𝐍𝐨𝐎𝐧𝐞-𝐃𝐢𝐯𝐢𝐧𝐞 𝐍𝐞𝐰 𝐀𝐠𝐞 𝐇𝐞𝐚𝐥𝐢𝐧𝐠 𝐒𝐩𝐚𝐜𝐞 , 𝐍𝐨𝐎𝐧𝐞-𝐖𝐞𝐥𝐥𝐬𝐩𝐫𝐢𝐧𝐠 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 စတဲ့ 𝐩𝐚𝐠𝐞 တွေဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ အရင်𝐩𝐚𝐠𝐞 https://www.facebook.com/NoOnemetaphysical?mibextid=LQQJ4d က 𝐬𝐮𝐬𝐩𝐞𝐧𝐝𝐞𝐝 ဖြစ်ပြီး လတ်တလောအသုံးပြုလို့ မရနိုင်တာကြောင့်

အခု 𝐩𝐚𝐠𝐞 အသစ်ကနေပြီး အရင်လို ပဲ ကျွန်မတို့ 𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေရဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေက်ုဆက်လက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။
𝟐𝟎𝟐𝟏 မှ ယနေ့အထိအားပေးကြတဲ့ 𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫 အယောက်ဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် ။

Customers တွေကို အခုရက်ပိုင်းအတွင်းလည်း စာပြန်လို့မရလို့ ဒီpage ရဲ့ chat box or
Viber channel

https://invite.viber.com/?g2=AQA9gmTwIBJHNVGsNTrI%2ByJsop0Vy4TG60DuJjZOhMjaGFFR6fkBV9j6AvPVLsiC

Viber or mobile

09425307611

မှလည်း ဆက်သွယ်လို့ရပါတယ်ရှင့်

❤️ March လအတွက် Oracle Guidance ❤️
01/03/2024

❤️ March လအတွက် Oracle Guidance ❤️

ဒါလည်း ကျွန်မ တပည့်ရင်းလေးတစ်ယောက်ရဲ့  Healing Official Page ပါရှင့် 🌟🎁💥❤️💜
09/02/2024

ဒါလည်း ကျွန်မ တပည့်ရင်းလေးတစ်ယောက်ရဲ့ Healing Official Page ပါရှင့် 🌟🎁💥❤️💜

🌻 အားလုံးပဲ မင်္ဂလာပါ။

Healing Soup for Your Soul page ကနေ ပြန်လည်ကြိုဆိုပါတယ်။

ဒီနေ့က New Moon in Aquarius လည်း ဖြစ်တာမို့ Alice ဒီညကို Candle Healing လေး လုပ်ဖြစ်ပါတယ်။ Healing လုပ်ရင်းနဲ့မှ Self Love နဲ့ ပက်သက်ပြီး reflect လုပ်မိလို့ ဒီ Post မှာ Self Love နဲ့ ပက်သက်တဲ့အကြောင်းရာတစ်ချို့ sharing လုပ်ပေးချင်ပါတယ်။

ကျွန်မတို့တွေဘဝမှာ Why Me? Why always me? ဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်ကိုယ် ခဏခဏ ပြန်မေးမိကြတယ်မလား။
မျှော်လင့်ထားတဲ့အရာတွေ ဖြစ်မလာတဲ့အခါ တူညီတဲ့ failure မျိုးကို ရင်ဆိုင်ရတဲ့အခါ ဒီမေးခွန်းကို ကျွန်မအပါဝင် လူတိုင်းကိုယ့်ကိုယ်ကိုယ် မေးဖြစ်ကြမယ်ထင်ပါတယ်။

တစ်ခါတစ်လေမှာ ကျွန်မတို့တွေဟာ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့၊ ချစ်ပေးဖို့ထက် သူများက လာချစ်ပေးတာ၊ ဂရုစိုက်ပေးတာကို ပိုလိုချင်ကြတယ်။ တစ်ဖက်က ကိုယ်လိုချင်တဲ့ response မျိုး ကိုယ့်အပေါ် မပေးနိုင်တဲ့အခါ ကိုယ်သာခံစားကြရတယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး Quality Me Time ယူဖို့ထက် သူများက ကိုယ့်ကို အချိန်ပေးတာကို ပိုလိုချင်ကြတယ်။ ကိုယ်လိုချင်တာတွေ၊ ဖြစ်ချင်တာတွေကို ကိုယ့်ကိုယ်ကိုယ် ပေးနိုင်တာကို မေ့လျော့ပြီး သူများဆီကသာ မျှော်လင့်တတ်ကြတယ်။

ဒါဟာ အားနည်းချက်လို့ ဆိုနိုင်ပေမယ့် ပြုပြင်လို့ရတဲ့ အားနည်းချက်မျိုးပါ။ ကလေးဘဝမှာ လုံလောက်စွာ အချစ်မခံရပဲကြီးပြင်းလာခဲ့ရတာ၊ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ကြီးပြင်းလာခဲ့ရတာ၊ ဒါတွေဟာ ကျွန်မတို့တွေက Not Enough ဖြစ်လို့မဟုတ်ပါဘူး။
ရွေးချယ်ခွင့်မရှိတဲ့ လူရယ်လို့ဖြစ်လာတဲ့ဘဝမှာ ကြုံရသမျှ အရာအကုန်လုံးဟာ ကျွန်မတို့တွေရဲ့ Soul Contract မှာ ပါပြီးသားကြည့်ပါပဲ။
ငယ်ဘဝမှာ လုံလောက်စွာ အချစ်မခံရပဲ ကြီးပြင်းလာတဲ့အခါ အပြင်လူကို အရမ်းတွယ်တာတတ်ကြတယ်။ တစ်ဖက်က ၁၀ ဖိုးလောက်ပေးလိုက်ရင် ကိုယ်က ၁၀၀ ဖိုးလောက်အထိမျှော်လင့်တာ၊ ဒါမှမဟုတ် ကိုယ်က ၁၀၀ ဖိုးလောက် ပြန်ပေးချင်တာမျိုး ဖြစ်တတ်ကြတယ်။ ဒီလူဆီက ဂရုစိုက်မှုတွေ၊ အချိန်ပေးတာတွေကို လိုချင်ကြတယ်။ တစ်ဖက်က အဲ့လိုမလုပ်ပေးနိုင်တော့ ခံစားရတယ်၊ နှစ်ယောက်ကြားက ဆက်ဆံရေးလည်း အဆင်မပြေဖြစ်ကြရတယ်။

ဒီအခြေနေမျိုးဟာ ၁၅၀၀ relationship မှာတင် မဟုတ်ပဲ ၅၂၈ relationship မှာပါ ဖြစ်တတ်ပါတယ်။
ဒီသူငယ်ချင်းနဲ့လည်း ဒီလိုပဲ၊ ဒီချစ်သူနဲ့လည်း ဒီလိုပဲ အစရှိသဖြင့် same scenario same pattern ပြန်ပြန်လည်နေတတ်ကြပါတယ်။ ဒီလိုဖြစ်နေတာဟာ ကျွန်မတို့တွေရဲ့ inner child မှာ heal မဖြစ်သေးလို့ပါ။
Inner child က စိတ်ဒဏ်ရာကို အမြစ်တူးမရှာပဲ၊ မကုပဲ လစ်လျူရှုထားတဲ့အခါ အပ်နဲ့ထွင်းရမယ့် ကိစ္စ၊ ဆောက်နဲ့ထွင်းရတဲ့အထိ ဖြစ်သွားတတ်တယ်။
ကျွန်မတို့တွေမျက်နှာမှာ ဝက်ခြံတွေ breakout တွေ ဖြစ်တဲ့အခါ makeup ဘယ်လောက်လိမ်းလိမ်း ဖုံးမရသလိုပေါ့။

Treatment တစ်ခုဆိုတော့ အတွင်းရော အပြင်ရော ကုသမှ ထိရောက်မှုရှိပါတယ်။
Breakout တွေပျောက်ကင်းဖို့ ကျွမ်းကျင်ရာ dermatologist တွေရဲ့ instructions နဲ့ treatment လုပ်ပြီး ကိုယ်တိုင်ကလည်း အနေထိုင် အစားအသောက် ဆင်ခြင်ရတယ်။
ထိုနည်း၎င်းပဲ ကျွန်မတို့စိတ်မှာ အေးချမ်းဖို့အတွက် inner child ကို healing ပြန်လုပ်ပေးဖို့လိုသလို လက်ရှိကိုယ့်မှာတွယ်ညိနေတဲ့ မကောင်းတဲ့ စိတ်ခံစားချက် စိတ်အစွဲတွေကိုလည်း ဖြတ်ချပစ်ရတယ်။
ဒါမှသာ ပစ္စုပ္ပန်က မိမိသည် စိတ်ရောကိုယ်ပါ balance ဖြစ်နိုင်မှာပါ။ တစ်ချိန်လုံး balance မိနေဖို့ မလွယ်ကူပေမယ့် ကိုယ့်စိတ်မှာ တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ခံစားမိရင် healing လုပ်တာသည် အကောင်းဆုံးပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ Self Love ထားနိုင်ဖို့ အတွက် healing လုပ်နိုင်ဖို့ အရေးကြီးပါတယ်။
Self Love ရဲ့ အဓိပ္ပာယ်ကလည်း ကျွန်မတို့ ယေဘူယျ သိထားတာထက်ကို လေးနက်ပါတယ်။
Fast food တွေ စိတ်ရှိသလိုစား၊ ဘဝကို နေချင်သလိုနေတာသည် မှန်ကန်တဲ့ Self Love မဟုတ်ပါဘူး။
ကိုယ့်စိတ်မှာ mental illness မရှိမှ၊ ကိုယ့် lifestyle သည် physically ရော mentally ရော healthy ဖြစ်အောင် နေနိုင်မှ Self Love လို့ ဆိုနိုင်ပါမယ်။

ကျွန်မအနေနဲ့တော့ Self Love starts with Healing လို့ပဲ ခံစားမိပါတယ်။ ဒီ 2024 မှာတော့ ကျွန်မတို့တွေအားလုံး better me ဖြစ်အောင်လို့ healing နဲ့ စတင်လိုက်ကြရအောင်နော်။

ကျွန်မကိုယ်တိုင်လည်း ဒီရက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် Me time ကြိုးစားပြီးပေးနေတာမို့ Healing ဆိုင်ရာ paid services ကိုတော့ နောက်ရက်အနည်းငယ်အတွင်း ကြေငြာပေးပါမယ်နော်။

With Love,
Healing Soup for Your Soul 💛

Patient ကနေမှ Student ဖြစ်ပြီး လပိုင်းလေးအတွင်းမှာတင် ပညာရပ်အတော်များများကို သင်ယူတတ်မြောက်ခဲ့သူလေးပေါ့ 2023 မှာ ကြုံဆုံ...
28/01/2024

Patient ကနေမှ Student ဖြစ်ပြီး လပိုင်းလေးအတွင်းမှာတင် ပညာရပ်အတော်များများကို သင်ယူတတ်မြောက်ခဲ့သူလေးပေါ့ 2023 မှာ ကြုံဆုံခဲ့ရတဲ့ တပည့်အုပ်စုထဲ သူကိုယ်တိုင် soul family member တစ်ယောက်ဖြစ်လာခဲ့ရုံမက သူငယ်ချင်းကိုပါ ခေါ်သွင်းလာပေးခဲ့ပြီး ပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရလေးတွေ အများကြီးဖန်တီးနိုင်ခဲ့တဲ့ ကျွန်မတပည့်ရင်းလေး စုစု 💙💗❤️🩵💜

💛Declaration💛
၂၀၂၃ ၆လပိုင်းကနေစပြီး ပညာတွေအများကြီးသင်ခဲ့ရတယ်။ကိုယ့်ရဲ့ Spiritual journey ကိုလျှောက်လှမ်းတဲ့အချိန်ဆရာမတစ်ယောက်နဲ့ဆုံခဲ့တယ်။ဆရာမကတော့ Tarot Queen Gorgeousရဲ့ပဲ့ကိုင်ရှင် ဆရာမမေနီနီဦးMay NiNi Ooပါ။ဆရာမဆီမှာတပည့်ဖြစ်ခံယူရင်း ကိုယ့်ကိုကိုယ်အများကြီးခွါချခဲ့ရတယ်။
ဆရာမနဲ့discussion ဝင်တာထက်စာသင်ရတာက ဆရာမနဲ့တွေ့ချိန်ပိုများတယ်။စာသင်တာတစ်ခုတည်းတင်မဟုတ်ဘဲ လိုအပ်တဲ့နေရာတွေ၊မမြင်ရသေးတဲ့အရာတွေကိုထောက်ပြပေးတာ၊ကိုယ့်စိတ်ထဲရှိသမျှအရာတွေကိုဖွင့်ချခွင့်ရတာတွေက ဆရာမအတန်းတွေရဲ့အားသာချက်တစ်ခုဖြစ်တယ်။ဆရာမဆီမှာလည်း အတန်းတက်လိုက်ရုံနဲ့ပြီးသွားတာမဟုတ်ပါဘူး။ကိုယ်တိုင်case studyတွေလုပ်၊အတန်းထဲမှာ ပြန်ဆွေးနွေးနဲ့assignments တွေထပ်ပြီးအများကြီးဖြတ်ကျော်ခဲ့ရတာပါ
ဆရာမဆီမှာhealing,Divination,Coaching,Personal Development,Psychology နဲ့ပက်သက်တဲ့ပညာရပ်တွေကိုသင်ယူခဲ့ပါတယ်။
ဆရာမဆီမှာတက်ခဲ့တဲ့အတန်းတွေကတော့
✅Knowledge Sharing Session
✅Psychology Fundamentals
✅Mindset Coaching,Life Coaching
✅Inner You,Outer You and the Soul You
✅Alchemy of Dreams Do Come True
✅Energy,Universe and You,Yourself
✅Love and Energy Within You
✅Classification of RS Energy Mastery
✅The Art of Detachment Mastery
✅Oracle Rules Reading
✅Professional Oracle Training
✅Personal Development Integrity
✅ New Matrix,New Energy,New Revolution and New Me
✅Candle Healing Paragon
✅Candle Healing Paragon(Second time)
✅Candle Healing Mastery Training for therapeutic approaches in Psychology တို့ဖြစ်ပါတယ်
အချိန်၊ငွေ၊လူအင်အားတွေအရင်းပြုပြီးဆရာမဆီမှာသင်ခဲ့တဲ့ပညာတွေနဲ့ ကိုယ်နဲ့ရေစက်ပါလာတဲ့သူတွေကို ကူညီပေးချင်ပါတယ်။တန်ဖိုးကြီးတဲ့ပညာရပ်တွေကို စေတနာပါပါနဲ့သေချာလမ်းညွှန်သင်ပြပေးခဲ့တဲ့ ဆရာမကိုလည်းဒီနေရာကနေ ရှိခိုးကန်တော့လိုက်ပါတယ်🙏🏻🙏🏻🙏🏻🙏🏻💛

Address


Website

Alerts

Be the first to know and let us send you an email when Gorgeous Myanmar Tarot and Oracle Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Gorgeous Myanmar Tarot and Oracle Group:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram