Rady Coffee Sunshine

  • Home
  • Rady Coffee Sunshine

Rady Coffee  Sunshine Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rady Coffee Sunshine, .

Rady order Saveမူဆယ်မြို့ Juice 3 Page orderလွိုင်ကော် JUICE 3 +coffee 2accအပိတ်ခံထားရလည်းရောင်းရနေတာဘဲ😎 #မြို့နယ်၃၀၀ကျေ...
26/07/2023

Rady order Save

မူဆယ်မြို့ Juice 3 Page order
လွိုင်ကော် JUICE 3 +coffee 2

accအပိတ်ခံထားရလည်းရောင်းရနေတာဘဲ😎

#မြို့နယ်၃၀၀ကျော်အိမ်ရောက်ငွေချေ
#ပြည်တွင်းပြည်ပပို့ဆောင်ပေးပါတယ်ရှင့်
📲09442665188

အဆီတွေကြောက်တဲ့Rady Detox Coffeeမလိုအပ်တဲ့ အဆီပိုတွေကို အဓိကဖယ်ရှားပေးတဲ့ပါဝင်ပစ္စည်း ၁၂ မျိုးတောင်ပေါင်းစပ်ဖွဲ့စည်းထားတ...
23/07/2023

အဆီတွေကြောက်တဲ့
Rady Detox Coffee

မလိုအပ်တဲ့ အဆီပိုတွေကို အဓိကဖယ်ရှားပေးတဲ့
ပါဝင်ပစ္စည်း ၁၂ မျိုးတောင်ပေါင်းစပ်ဖွဲ့စည်းထားတာဆိုတော့
ဘာလိုသေးလဲ?? ပျိုမေတို့ရယ်

ပါဝင်ပစ္စည်းနဲ့ အာနိသင်ကို သိချင်တယ်ဆိုရင်တော့
အောက်ကပုံလေးကို ဆက်ကြည့်ပေးနော်

မှာယူချင်တယ်ဆိုရင်တော့ Messenger မှာ
“Rady”လို့ သာပို့လိုက်ပါ။
၁ဗူး ၂၂၅၀၀Ks
5ဗူးကစပြီး လက်ကားစျေးရ
📲09442665188



 #အမျိုးသား   #ဆီးကြိတ်  ရောဂါ                 #ကျခတ်ဝါး ရွက်             အသက်(၅၀)ကျော်လာပါကအမျိုးသားတိုင်း မလွဲမသွေ ဆီး...
15/05/2023

#အမျိုးသား #ဆီးကြိတ် ရောဂါ
#ကျခတ်ဝါး ရွက်

အသက်(၅၀)ကျော်လာပါကအမျိုး
သားတိုင်း မလွဲမသွေ ဆီးကြိတ် ရော
ဂါ ဖြစ်လာ တတ်ပါတယ်။

ဆီးကြိတ် ရောဂါ စဖြစ်လာ
လျှင် ဆီးသွားလိုစိတ်ဖြစ်လာက
ကြာကြာအောင့်ထား၍ မရတော့။
ဆီးသွားလိုရင် အမြန် သွားရသည်။
ရောဂါ ရင့်လာလျှင် ဆီးကြိတ်သည်
အတော်အတန်ကြီးလာပြီဖြစ်၍
အောင့်ထား၍ မရတော့။ထွက်ကျ
တော့သည်။

ရောဂါပြင်းလာပါက အလို
လိုထွက်ကျသွားသည်။အနံ့ အသက်
လည်း မကောင်း။အရောင်အဆင်း
မကောင်း။အနယ်အနှစ် တွေ့ ဖြစ်
နေတော့သည်။ ကြာလာလျှင် အသက်
အန္တရာယ် ကျရောက်တတ်သည်။

ဆေးရုံပြပါက ခွဲရပါလျှင်
ငွေကြေး အလွန် ကုန်ကျပါလိမ့်မည်။

ဆီးကြိတ် ရောဂါကို ကုသ
ခြင်း။ကြိုတင်ကာကွယ်ခြင်းများ ပြု
လုပ်ထားရပါမည်။

#ကုသခြင်းနှင့်ကြိုတင်ကာကွယ်ခြင်း

ကျခတ်ဝါးရွက် လက်တဆုပ်
ကို ဒိုဘာလာ သကြားနှစ်ခဲ နှင့်ရောကာ
ရေနွေးပွက်ပွက် ဆူအောင်တည်ပြီး
သောက်ခြင်းပါ။

ကျခတ်ဝါး သည်ဆူးတွေလို
ပိတ်နေသည့်ဝါးပင်။မင်္ဂလာဒုံ
ကျိုက္ကလို့ ဘုရားတွင်ရှိသည်။ပေါ
ပါသည်။ဒိုဘာလာ သကြားခဲက
ဘယဆေးဆိုင်တွင် ၅၀၀ ကျပ်ဘိုး
ဆို အများကြီးရပါသည်။

သောက်ရသောအခါ ချို ရဲ
ရဲပါ။သောက်နိုင်သလောက်သောက်
ပါ။မိမိကိုယ်တိုင်သုံးသပ်ပြီး နှစ်ပတ်
မှ လ ကြာသည်အထိသောက်ပါ။
အန္တရာယ်မရှိပါ။

Credit

 #နှလုံးအား ကောင်း မကောင်းကို သင့်ခြေသလုံးတွင် စစ်ဆေးနိုင်သည်နှလုံးသည် လူ့အသက်ရှည် ကျန်းမာရေးအတွက် အရေးအကြီးဆုံးသော ကိုယ...
13/05/2023

#နှလုံးအား ကောင်း မကောင်းကို သင့်ခြေသလုံးတွင် စစ်ဆေးနိုင်သည်

နှလုံးသည် လူ့အသက်ရှည် ကျန်းမာရေးအတွက် အရေးအကြီးဆုံးသော ကိုယ်တွင်းအင်္ဂါဖြစ်သည်။ လူများအိပ်ပျော်သည့်တိုင် အနားမယူဘဲ အလုပ်လုပ်နေသူမှာ နှလုံးကြွက်သားများဖြစ်သည်။ နှလုံးကြွက်သားများ အနားယူသည့်အချိန်သည် လူသေဆုံးသည့် အချိန်ဖြစ်လေသည်။ နှလုံးမှကြွက်သားများ ညှစ်ထုတ်အားကြောင့် လူ့တစ်ကိုယ်လုံးသို့ သွေးများရောက်ရှိပြီးနှလုံးကြွက်သားများ ပြန်ကျုံ့သည့်အခါ လူ့ခန္ဓာအနှံ့မှ သွေးဟောင်းများသည် နှလုံးတွင်းသို့ ပြန်လည်ရောက်ရှိကြပြန်သည်။ ထိုသွေးများကို အဆုတ်မှရှူသွင်းသည့် လေ(အာနာပါန)ဖြင့် သန့်စင်ပြီးသွေးအသစ် ဖြစ်စေသည်။ ထိုသွေးသစ်ကို ခန္ဓာကိုယ်သို့ ဖြန့်ဖြူးခြင်းကို တစ်မိနစ်လျှင် အကြိမ် ၇ဝ မှ အကြိမ် ၁ဝဝ ကျော်အထိ နှလုံးကြွက်သားများက မနားမနေ ပြုလုပ်ပေးသည်။

ဤမျှအရေးပါသော နှလုံးကြွက်သားများအား ကောင်း၊မကောင်း တစ်နည်းအားဖြင့် နှလုံးအားကောင်း၊ မကောင်းကို သိရှိနိုင်ရန် ဆေးရုံကြီးများ သို့လည်း သွားရောက် မစစ်ဆေးနိုင်၊ ဆရာဝန်ကြီးများနှင့်လည်း ငွေကုန်ကြေးကျခံပြီး သွားရောက် မစစ်ဆေးနိုင်သူများအတွက် မိမိကိုယ်တိုင် စစ်ဆေးနိုင်မည့် နည်းလမ်းတစ်ခုကို တင်ပြလိုသည်။ ဤနည်းမှာ မိမိခြေသလုံးကြွက်သားကို စစ်ဆေးရမည့် နည်းလမ်းဖြစ်သည်။

ရှေးကရဟန်းတော်များသည် ''သလုံးမြင်းခေါင်း (ခြေသလုံးကြွက်သား) ကောင်းနေသမျှ ဆွမ်းခံစားရမည်''ဟု အဆိုရှိသည်။ တစ်နည်းအားဖြင့် ကျန်းမာနေသည့် ဆွမ်းခံစားနိုင်သည့် အင်အားကို ခြေသလုံးကြွက်သားအင်အားဖြင့် စံပြုတိုင်းတာခြင်းဖြစ်သည်။

ထို့အတူ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများကလည်း ခြေသလုံး ကြွက်သားများသည် လူ၏ ''ဒုတိယနှလုံး''ပင်ဖြစ်သည်ဟု ဆိုကြသည်။ နှလုံးအားကောင်း၊ မကောင်းကို စစ်ဆေးလိုလျှင် ခြေသလုံးကြွက်သားများကို အားရှိ၊ မရှိ စစ်ဆေးကြည့်ခြင်းဖြင့် သိနိုင်သည်ဟု ဆိုသည်။

လူငယ်များတွင် ခြေသလုံးကြွက်သားအင်အားကို အထူးစစ်ဆေးနေစရာမလိုပေ။ ပြေးလွှားခြင်း၊ ဘောလုံးကန်ခြင်း၊ တောင်ဆင်းတောင်တက် ပြုလုပ်ခြင်းများသည် ခြေသလုံးကြွက်သားများဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။ အသက် ၆ဝ ကျော် လူကြီးပိုင်းမှာမူ မတ်တတ်ကြာကြာမရပ်နိုင်ခြင်း၊ ခြေလှမ်းသွက်သွက် မလျှောက်နိုင်ခြင်း၊ လှေကားထစ်များစွာ မတက်နိုင်ခြင်းပြဿနာများရှိလာသည်။ ဤသို့ဖြစ်ရခြင်းမှာ ခြေသလုံးကြွက်သား များ အားနည်းလာခြင်းကြောင့်ဖြစ်သည်။ ခြေသလုံး ကြွက်သားအားနည်းလျှင်၊ တစ်မိုင်ခန့်မျှ လမ်းမလျှောက်နိုင်လျှင်၊ မောလျှင် နှလုံးအားနည်းရောဂါ ဝင်လာပြီဟု ခန့်မှန်းနိုင်ပေသည်။

အချို့လူကြီးများတွင် ခြေသလုံးကြွက်သားများ ပျော့ကျသွားသူများရှိသလို ခြေသလုံးကြွက်သားများ တောင့်တင်းမာခဲပြီး လမ်းမလျှောက်နိုင် သူများလည်း ရှိသည်။

ကြွက်တက်သူများပင် ရှိသည်။ မကြာခဏ အနင်းအနှိပ်ခံခြင်း၊ ပရုတ်ဆီဆေးအပူများ လိမ်းခြင်းပြုလုပ်သော်လည်း ခြေသလုံးကြွက်သားများမှာ အမြဲတောင့်တင်းနေလေ့ရှိသည်။ ခြေသလုံးကြွက်သားများ အမြဲတောင့်တင်းနေလေ့ ရှိသူများသည် နှလုံးသွေးကြောပိတ် ရောဂါဖြစ်နိုင်ခြေ ရှိသူများ ဖြစ်သဖြင့် သတိထားသင့်သည်။

နှလုံးကြွက်သား အားကောင်းစေရန်အတွက် လေ့ကျင့်ခန်းမှာ တစ်နေ့လျှင် နှစ်မိုင်ခန့် လမ်းလျှောက်ပေးခြင်းဖြစ်သည်။ လမ်းလျှောက်ပျင်းသူများ တွင် ခြေသလုံးကြွက်သား ပျော့ကျသွားတတ်သည်။ အစားများပြီး အထိုင်များသူများတွင် ခြေသလုံးကြွက်သား တောင့်တင်းမာကျောပြီး သွေးကြောပိတ်ရောဂါ ရတတ်သည်။

လူကြီးများ ရေချိုးသည့်အခါတွင်လည်း ဒူးအောက်ပိုင်း ခြေသလုံးမှစ၍ ရေလောင်းပြီးမှသာ ချိုးသင့်ကြောင်း တင်ပြလိုက်ရပေသည်။
ကြည်လွင်မြင့် (မုဒြာ)

 #ဂေါက်အဆစ်ရောင်  #ဆီးနှင့်ကျောက်ကပ်   #အသည်းသမားများအတွက်  #ဘူးပင် အစွမ်း အံမခန်းပါရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သော...
13/05/2023

#ဂေါက်အဆစ်ရောင် #ဆီးနှင့်ကျောက်ကပ် #အသည်းသမားများအတွက် #ဘူးပင် အစွမ်း အံမခန်းပါ

ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသူများနှင့် ယူရစ်အက်စစ်များ၍ ဆီးပူသော သူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး သံပရာရည်ဖြင့်ရောကာ သောက်သုံးပေးသင့်သည်။

ကျောက်ကပ်ရောင် ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိသည်။

ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သည်။.

ဝမ်းလျှောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသောအစားအစာ သို့မဟုတ် ဆီကြော်မုန့်စားသုံးပြီး နောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနည်းငယ်ရော၍သောက်သုံးပေးသင့်သည်။

ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက် အထက်ပါအတိုင်းသောက်သုံးပေးပါက လူကိုပြန်လည် လန်းဆန်းစေသည်။ အပူလျှပ်ခြင်းမှလည်း ကာကွယ်ပေးသည်။

သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုသည်။

ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါရောဂါကို ဟန့်တားကာကွယ်ပေးသည်။

ဆံပင်ဖြူခြင်းကို သက်သာလျော့ပါးစေသည်။

အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါများသောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး သည်။

အာရုံကြောများကို အားကောင်းစေကာ မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။(စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုးပြုပါသည်)

ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် (ဘူးရွက်)အရည်ကို လိမ်းပေးသင့်သည်။

သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေသည်။ သွားများမပျက်စီးရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘူးညွန့်အရည်ဖြင့် ပလုတ်ကျင်းပေးသင့်ပါသည်။

ဖက်ခွက်နာ(ပြည်တည်နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမကြေခြင်းဝေဒနာများကို သက်သာ ပျောက်ကင်း စေသည်။

နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့စဉ်တစ်နေ့လျှင် တစ်ခွက်ပုံမှန်သောက်သုံးပေးပါက အရွယ်တင် နုပျိုစေသည်။

မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထပါက ဘူးသီးကိုကြိတ်ချေ၍ ၎င်းအနှစ်များဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေသည်။

ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိသော လင်းလက်စိုပြည်လှပသည့် အသားအရေကို ပိုင်ဆိုင်နိုင်သည်။

ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများကို ကောင်းစွာအကျိုးပြုသည်။

နာတာရှည်အိပ်မပျော်နိုင်ဘဲ မျက်စိကြောင်နေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး နှမ်းဆီနှင့်ရော၍ ဦးခေါင်းခွံ (ဦးရေပြား)ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက်စွာအကျိုးရှိစေသည်။

အစာအိမ်အက်စစ် အထွက်လွန်သူများအတွက် သက်သာပျောက်ကင်းသည်။

နှလုံးကိုအားကောင်းစေသည်။

အဆိပ်ပြေစေသည်။

ချောင်းဆိုးခြင်းကြောင့် အသက်ရှူလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူများနှင့် ပန်းနာရင်ကျပ်ရောဂါများကို ကုသပေးနိုင်စွမ်းရှိသည်။

ဗီတာမင်အီးက မျက်လုံးသွေးကြောမျှင်များကို ကောင်းကျိုးပြုသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည့် ဘူးညွန့်ဟင်းလျာတစ်ခွက်တွင် ဗီတာမင်အီးကိုလုံလောက်စွာ ရရှိနိုင်သည်။ ထို့ကြောင့် ဘူးညွန့်စားခြင်း က မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။

မှတ်သားရန်

ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဆီးရောဂါရှိသူများအနေဖြင့် ဖျော်ရည်လုပ်၍ သောက်သုံးနိုင်သော်လည်း ၎င်းရောဂါမရှိဘဲ ရက်လတာရှည်အစိမ်းစားပါက အစာအိမ်နှင့်အူမများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။

အချုပ်အားဖြင့်ဆိုသော် ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် အစွမ်းသတ္တိများနှင့်ပြည့်စုံသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ရေဓာတ်ပါဝင်မှုများပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန် မလိုဘဲ အချိန်ကုန်သက်သာစေသည်။ ထို့ကြောင့်ဆေးဖက်ဝင်ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ။
Crd ပေါက်ပေါက်
#ဘူးရွက်
#ဘူးညွှန့်
#ဘူးသီး
#ဗူးရွက် #ဗူးသီး
လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

ဝမ်းချုပ်တတ်လျှင်.ဒါမှမဟုတ် သင့်မတ်ဆွေများ ဝမ်းချုပ်တက်ရင်..==============- မနက်စောစောထ- လေရှူ၊ လမ်းလျှောက်- ရေအဝသောက်- ...
12/05/2023

ဝမ်းချုပ်တတ်လျှင်.
ဒါမှမဟုတ် သင့်မတ်ဆွေများ ဝမ်းချုပ်တက်ရင်..
==============

- မနက်စောစောထ
- လေရှူ၊ လမ်းလျှောက်
- ရေအဝသောက်
- နေ့စဉ်မှန်မှန်လုပ်ပါ

ဝမ်းချုပ်သူများ
++++++++++
လမ်းမလျှောက်ရင် ဝမ်းချုပ်ပါတယ်။ မနက်စောစောထ၊ လမ်းလျှောက် - လေရှူ - ရေသောက်
ပြုလုပ်ပါ။ မှန်မှန်ပြုလုပ်ပေးရင် ဝမ်းမှန်လာပါတယ်။

အသီးအနှံကို အရင်ကထက်ပိုစားပေးပါ။

ရှေးစာဆိုအရတော့
"မနက် သင်္ဘော၊ ညငှက်ပျော" လို့ဆိုပါတယ်။

အသားကိုလျှော့စားပါ။ အထူးသဖြင့် ခြေလေးချောင်းသားရှောင်စားပါ။

ညနေ သို့မဟုတ် ညအိပ်ခါနီး အစာနဲ့ဝေးချိန်မှာ မန်ကျည်းမှည့် ဖျော်ရည်သောက်ပါ။

ဝမ်းအလွန်ချုပ်ရင် ဆားခါးဝယ်ထားပါ။ နိုင်ငံခြားမှာနေသူများ Apson salt လို့ မေးဝယ်ပါ။

ဆားခါးကို ဒယ်အိုးနဲ့လှော်ထားပါ။ ဖန်ပုလင်းနဲ့လေလုံအောင် သိမ်းထားပါ။

ဝမ်းအလွန်ချူပ်ရင် ဆားခါးဟင်းစားဇွန်း ၁ ဇွန်းမှ ၂ ဇွန်း ရေအေးနဲ့သောက်ပါ။

ဆားခါးကို မန်ကျည်းဖျော်ရည်နဲ့ ရောဖျော်သောက်ရင်လည်း ရပါတယ်။
နောက်တစ်နည်းရှိပါသေးတယ် ဒါကပိုလွယ်ကူပါတယ်...
ဆားခါးကသွေ.မတိုးပါ။ လှော်ပြီးသောက်ရင် ဝမ်းမရစ်ပါ။

ကနခိုပါသော၊ ပွေးကိုင်းပါသော ဝမ်းနုတ်ဆေ.များသည် အူထဲမှ ချွဲအမြှေးများကို ကွာကျစေသဖြင့် ရေရှည်စွဲမသောက်သင့်ပါ။

သတိပြုပါ။ ဝမ်းသွားတိုင်းမကောင်းပါ။
လွပ်လပ်စွာ shar နိုင်ပါတယ်နော်.
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

😱အဆီကျဖို့ lbကျဖို့  ဗိုက်ချပ်ဖို့၁ပတ်ဆိုတဲ့ အချိန်ဘဲလိုတယ်😘✅ကဲကဲ တပတ်နဲ့သိသာဖို့ ဘယ်ချိန်သောက်ရမလဲး☕️မနာက်စာစားဖို့ နာရ...
10/05/2023

😱အဆီကျဖို့ lbကျဖို့ ဗိုက်ချပ်ဖို့
၁ပတ်ဆိုတဲ့ အချိန်ဘဲလိုတယ်😘

✅ကဲကဲ တပတ်နဲ့သိသာဖို့ ဘယ်ချိန်သောက်ရမလဲး

☕️မနာက်စာစားဖို့ နာရီ၀က်အလိုမှာ ၁ထုပ်
☕️နေ့လည်စာ စားပြီး ၂နာရီီကြာရင် ၁ထုပ်
(OR)
☕️နေ့လည်စာမစားခင် နာရီဝက်အလိုမှာသောက်ပေးရပါမယ်

🤷‍♀️ဘာတွေလုပ်ဖို့လိုအပ်လည်း

🍶တရက်ကို ရေအနဲဆိုး 2 လီတာသောက်ပါ
🏃‍♀️၁၀မိနစ် စာ လှုပ်ရှားမှု တခုအမြဲပြုလုပ်ပါ
🎇အိပ်ချိန် တရက် ၇နာရီပြည့်ပါစေ
🍲ညစာကို ၆နာရီနောက်ဆုံးထားစားပေးပါ

❌ဘာတွေရှောင်ဖို့လိုလဲ

❗️အစာစားပြီးတိုင်း
❗️အိပ်ခြင်း
❗️ထိုင်နေခြင်း
❗️ရေခဲရေ အချိုရည်သောက်ခြင်း
❗️ဗိုက်ပြည့်တင်းအောင်စားခြင်း

✅FDAထောက်ခံချက် အပြည့်အ၀ရထားပြီး စျေးသင့်တာမို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်ရှင့်

✅သွေးပေါင်ကျတဲ့သူတွေပါသောက်ပေးလို့ရတဲ့
Rady Coffee

❌န်ို့တိုက်မိခင် ကိုယ်၀န်ဆောင်မိခင် သောက်သုံးရန်မသင့်

#၁ဗူး 22500ks (ရက်၂၀စာပါ)
#3ဗူးကစပြီး လက်ကားစျေးရ
#မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း
#မြို့နယ်စုံ အိမ်ရောက်ငွေချေ
📲09 442 665 188သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

လွယ်လွန်းလို့ဆိုပြီး မယုံမရှိပါနဲ့လက်တွေ့ပျောက်ကင်းပါတယ်ပျဉ်းတော်သိမ်ရွက်ဆေးဖက်ဝင်  ရေဖျဉ်း /သွေးဖျဉ်း / လေဖျဉ်းပျဉ်တော်...
29/04/2023

လွယ်လွန်းလို့ဆိုပြီး မယုံမရှိပါနဲ့
လက်တွေ့ပျောက်ကင်းပါတယ်

ပျဉ်းတော်သိမ်ရွက်ဆေးဖက်ဝင်

ရေဖျဉ်း /သွေးဖျဉ်း / လေဖျဉ်း

ပျဉ်တော်သိမ်အရွက်ကြမ်း ရေနဲ့ပြုတ်အနည်းငယ်သောက်ပေး , ချိုးပေး ,
အရွက်နုကိုအတို့အမြုပ်လုပ်စား , ဟင်းခါးချက်သောက် , ထမင်းစားတိုင်းကျွေးပါက
ရေဖျင်းရောဂါ ပျောက်၏ ။

ပျဉ်တော်သိမ်ရွက်ပြုတ် အရည်ကိုသောက်ပြီး ပြုတ်ဖတ်ကိုထောင်း ညအိပ်ရာဝင် ချက် , ပတ်လည်မှာအုံ အဝတ်နဲ့ စည်း သွေးဖျဉ်း လေဖျဉ်း ရေဖျဉ်းပျောက်၏။

credict

ဆေးဝါး အရက် ကြောင့် အသည်းအဆိပ်အတောက်သင့်တာကို ဖယ်ရှားပေးနိုင်တဲ့ #ငရံ့ပတူ ဟင်းတမယ်အနေနဲ့ရော အေးခါး ဓါတ်စာ အနေနဲ့ရော အရွက...
28/04/2023

ဆေးဝါး အရက် ကြောင့် အသည်းအဆိပ်အတောက်သင့်တာကို ဖယ်ရှားပေးနိုင်တဲ့
#ငရံ့ပတူ

ဟင်းတမယ်အနေနဲ့ရော အေးခါး ဓါတ်စာ အနေနဲ့ရော အရွက်ကို ပြုတ်စား ကြော်စားပါက ကိုယ်ပူ ချောင်းဆိုး လေနာနှင့်မီးယပ်သွေးခဲ၊ သွေးကျန်တို့ကို ကြေပျက်၍ ကျစေသည်။

အရွက်ကိုပြုတ်၍ သုပ်စားပါက လေကောင်း ဝမ်းမှန်စေသည်။

အမြစ်ကိုသွေး၍ ချင်းခြောက်မှုန့်နှင့်ရောပြီး ရေနွေးနှင့်သောက်ပါက အဆုတ်နာပျောက်၏။

အစေ့ကို လူပျိုနာကြောင့်ဖြစ်သော အဆစ်ရောင် ရောဂါများအတွက် အသုံးပြုသည်

မြန်မာဆေးကျမ်းများအလိုအရ ငရံ့ပတူ အမြစ်နှင့် အရွက်သည် ပူ၊ခါး သော အရသာရှိ၏။ ကြေညက်၍ ပူသော ဂုဏ်သတ္တိရှိ၏။ သွေးကို ကြွစေပြီး လေကို ရစေသည်။

တိုင်းရင်းဆေးသမားတော်များက
အရွက်နှင့် အမြစ်တို့ကို သန်ကျဆေး အနာကြီးရောဂါဆေးများနှင့် မီးယပ်ဆေး များဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

အမြစ်နှင့် ဖော်စပ်သောဆေးသည် ဒူလာ၊ ညောင်းကျ၊ ပန်းနာ၊ ရင်ကျပ်၊ ချောင်းဆိုး၊ အကိုက်အခဲ ကို ပျောက်ကင်းစေနိုင်သည်။
Crd

အာရုံကြော ကျန်းမာစေနိုင်တယ်

အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်၊ multiple sclerosis (MS)တွေလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ဓာတ်တိုးပစ္စည်းတွေကြောင့် အာရုံကြောတွေ ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက် စားပေးလို့ ရပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်

အမျိုးအစား ၂ ဆီးချိုကလည်း တော်တော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာပါ။ ဒီကျန်းမာရေးပြဿနာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် သက်သာစေဖို့ပဲဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ အဝမလွန်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဆီးချိုအပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုး ကာကွယ်ပေးနိုင်တယ်

သွေးတိုးတာကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးကြောင့် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းတာတွေကို ခံစားရနိုင်ပါတယ်။

သွေးတိုးသက်သာစေဖို့နဲ့ သွေးတိုးကာကွယ်ဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

ကင်ဆာ သက်သာစေနိုင်တယ်

ကင်ဆာက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ ကျန်းမာရေး ပြဿနာပါ။ ကင်ဆာက ဆဲလ်တွေ ထိန်းချုပ်မရနိုင်အောင် ပွားလာရာကနေတဆင့် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်လာပါတယ်။

ဒီကင်ဆာတွေကို ဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် ဖြစ်ဖြစ်၊ သက်သာစေဖို့ ဖြစ်ဖြစ် ငါးရံ့ပတူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

တစ်နေ့တာ လှုပ်ရှားမှုအတွင်း ထိတွေ့မိတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာက တစ်ရှူးတွေနဲ့ ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေနဲ့ ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေး မထိခိုက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

လေ့လာမှုတွေအရကတော့ ငါးရံ့ပတူရွက်က ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက် စားသုံးပေးလို့ ရပါတယ်။

ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

နှစ်စဉ် ကမ္ဘာတလွှားမှာ ဗိုင်းရပ်စ်ပိုးတွေ အမျိုးမျိုးကူးစက်နေပါတယ်။ ဒီလိုမျိုး ဗိုင်းရပ်စ်တွေ ကူးစက်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။

ဒါကြောင့် ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။

အရောင်ကျစေနိုင်တယ်

ထိခိုက်မှုကြောင့် ဖြစ်ဖြစ်၊ ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်ဖြစ် အရေပြားပေါ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုရော၊ ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ဆိုရင် ငါးရံ့ပတူရွက်ကို စားပေးလို့ ရပါတယ်။ နာတာရှည် ရောင်ရမ်းမှုတွေကိုလည်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ရောင်ရမ်းတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အသည်း ကျန်းမာစေနိုင်တယ်

Bioactive ဒြပ်ပေါင်းတွေ ဖြစ်တဲ့ (phenolics၊ tannins၊ flavonoids၊ alkaloids၊ terpenoids၊ saponins နဲ့ sterols)တို့ ပါဝင်နေတာကြောင့် အသည်းကို ထိခိုက်စေမှုတွေကနေ ကာကွယ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

ဆေးဝါးတွေ၊ အယ်လ်ကိုဟောနဲ့ အခြားသော အရာတွေကြောင့် အသည်း ထိခိုက်တာတွေ ကင်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

 #ကြက်သွန်နီကြက်သွန်နီသည် အစိမ်းစားမှ ဆေးဘက်ပိုဝင်ပါသည်။ ကြက်သွန်နီသည်ချို၏။စပ်၏၊ အနည်းငယ်ပူ၏၊ လေသလိပ်၊ ၊ အဖျား၊ ချောင်း...
28/04/2023

#ကြက်သွန်နီ
ကြက်သွန်နီသည် အစိမ်းစားမှ ဆေးဘက်ပိုဝင်ပါသည်။ ကြက်သွန်နီသည်ချို၏။
စပ်၏၊ အနည်းငယ်ပူ၏၊ လေသလိပ်၊ ၊ အဖျား၊ ချောင်းဆိုးနာတို့ကို နိုင်၏။ ဆီးရွှင်သည်။ ခံတွင်းပျက်၊ အော့အန်ရောဂါများပျောက်
သည်။
ခွန်အားနှင့် သုတ်ကို ပွားစေသည်။ ကြက်သွန်နီတွင် အရည်ဓာတ်၉၀ ရာခိုင် နှုန်း၊ ပရိုတိန်းဓာတ် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ထုံးဓာတ် ၁ရာခိုင်နှုန်း၊ အချဉ်ဓာတ် တစ်ရာခိုင်နှုန်း၊ ခြင်ဆီဓာတ်သုည ဒသမ ၂ ရာခိုင်နှုန်း၊ ဖော့(စ်)ဖာရပ် သုည ဒသမ ၁ ရာခိုင်နှုန်းနှင့်
သံဓာတ်အနည်း ငယ်ပါဝင်သည်။ ၎င်းအပြင် ဗီတာမင်အေ၊ ဘီ၊စီ စသည့် ဓာတ်များလည်း ပါဝင်သည်။

ကြက်သွန်နီ၏ ဆေးဘက်၀င်သတ္တိ သည် အမွန်ဓာတ်တွင် ပါရှိပါသည်။ တချို့ လူများသည်
အမွန်ဓာတ်ကို မကြိုက်ကြ သည့်အတွက် ဆေးဘက်ဝင်ကြက်သွန်နီကို မစားဖြစ်ကြပါ။ ကြက်သွန်နီကို ဓားနှင့် လှိသောအခါ အမွန်
ဓာတ် ထွက်လာ ပါသည်။
ထိုအမွန် ဓာတ်ကို Allin ဟု ခေါ် သည်။ Allin သည် လေထဲမှာရှိ
သည့် အောက်စီဂျင်နှင့် ဓာတ်ပြုသောအခါ volatile oile အဖြစ်
ပြောင်းသွားပြီး လူကို အကျိုးပြု ဆေးဖြစ်သွားသည်ဟု သိရှိရပါသည်။

အညစ်အကြေးများကို ပြင်ပသို့ စုပ်ထုတ် နိုင်သောသတ္တိရှိပါသည်။ ကြက်သွန်နီ လှီးနေစဉ် မျက်ရည်များထွက်ကျသလို နှာ
ခေါင်းထဲမှ အရည်များ ထွက်ကျလာ တတ်ပါသည်။ ကြက်သွန်နီသည်နှလုံးကို သန်မာကြံခိုင်စေနိုင်ကြောင်းကိုလည်း ပညာရှင် များ
တွေ့ရှိထားသည့်အတွက် နှလုံးရောဂါ ရှိသူကို ကြက်သွန်နီနေ့စဉ်စားသုံးခြင်းဖြင့် နှလုံးပြန်လည်ကောင်းမွန်လာကြောင်း သိရှိရပါသ
ည်။

မြန်မာဆေးကျမ်းတွင်လည်း ကြက်သွန်နီသည် နှလုံးကိုအားဖြစ်စေသည်ဟု ပါရှိပါသည်။

ကြက်သွန်နီသည် ကိုလက်(စ်)ထရော ချပေးနိုင်သည့်အတွက် နှ
လုံးသွေးကြောကျဉ်းရောဂါ၊ အ၀လွန် သူများကို ကိုယ်အလေးချိန်
ချပေးနိုင်ပါ သည်။ ထို့ကြောင့် ကြက်သွန်နီကို နေ့စဉ် စားသင့်ပါ
သည်။ ဆီးပူ၊ ဆီးအောင့်၊ ဆီးနီ၊ ဆီးနည်း ရောဂါများအတွက် ကြ
က်
သွန်နီဥ သတ္တုရည်ကို ညှစ်ယူပြီးလျှင် သကြား၊ သို့မဟုတ် ပျားရ
ည်ဖြင့်ရော၍ ဖျော်ရည်လုပ်သောက် ခြင်း၊ သို့မဟုတ် ပျားရည်နဲ့
ရောပြီး တစ်နေ့ နှစ်ကြိမ် သုံးကြိမ်သောက်ပေးနိုင်ပါသည်။ (တစ်
နည်း ကြက်သွန်ဥကို မီးဖုတ်ပြီး သတ္တုရည်ညှစ်ယူ၍ သောက်သုံး
နိုင်ကြောင်းလည်း သိရသည်။)

စားလိုက်လျှင် အစာခြေ လမ်းကြောင်း တစ်လျှောက်မှ အညစ်
အကြေးများ ဆွဲယူပြီး ပြင်ပသို့ စွန့်ထုတ်ပစ် ပါသည်။
ကလေးများ ဗိုက်နာပါကကြက်သွန်နီ ရည်များကို ညှစ်၍ တိုက်
ပါ။ ချက်ချင်း သက်သာ ပါမည်။ ကလေးများ ဆီးချုပ်လျှင် ကြက်
သွန်နီ မီးဖုတ်ပြီး ဆီးအိတ်ပေါ်သို့ ပူပူနွေးနွေးကပ် ပေးပါက အချိ
န်အနည်းငယ် အတွင်း ပျောက်ကင်းမည်။ ပန်းနာ ရင်ကြပ်ချော
င်း
ဆိုး ရောဂါ ချွဲသလိပ်များ၊ လေပြွန် တွေမှာ ပိတ်နေလျှင် ကြက်သွ
န်နီ ဥကြီး တစ်လုံးကို နေ့စဉ် စားပေးခြင်းဖြင့် ဖယ်ရှားပေး နိုင်ပါ
သည်။ နားကိုက်၊ နာပြည်ယိုရောဂါများကို ကြက်သွန်နီမီးဖုတ်သ
တ္တုည်ကို ညှစ်ယူ၍ ကြွေဇွန်းတစ်ဇွန်းတွင် သကြားအနည်းငယ်
စပ်၍ သောက်သုံး ပေးပါက သက်သာစေ နိုင်သည်။ အရေပြားတွင် ဖြစ်ပေါ်တတ် ၊ ၊ ဝဲ၊ ဒက်၊ ကျွတ်၊ ညှင်း၊ ဗောက်
စသည့်ရောဂါများကို ကြက်သွန်နီထိပ်ဝကို ဓာတ်ဖြင့်လှီး၍ ထွက်
လာသောအစေးနှင့် ပွတ်တိုက်ပေးပါက ရက်ပိုင်းအတွင်းပျောက်
ကင်းပါသည်။
ကင်း၊ ပင့်ကူ၊ ပျားပိတုန်း စသည့် အဆိပ်ရှိ သတ္တဝါများ အကိုက်ခံ
ရလျှင် ကြက်သွန်နီ ထိပ်ဝကို ဓားဖြင့် လှီး၍ ထွက်လာသော အ
စေးကို အကိုက်ခံ ရသော နေရာကို ပွတ်ပေး၊ လိမ်းပေးပါက အ
ဆိပ်ပြေ ပျောက်၍ သက်သာလာပါသည်။ အနာစိမ်း၊ သက်တန့်
ရောဂါ များတွင် ကြက်သွန်နီ ထက်ခြမ်းခြမ်း၍ ပတ်တီးဖြင့် စီးပေး
လျှင် နုလျှင်ပိန်၊ ရင့်လျှင်ပြည်ပေါက်ပါမည်။ ဆီးချိုကြောင့်ဖြစ်သော အနာများကို ကြက်သွန်နီ အရည်ကို အပြင် လိမ်းဆေး အ
ဖြစ် အသုံးပြုနိုင်ပါသည်။ သံစူးနာများ ကြက် သွန်ရည်ညှစ်ထည့်
ပါက သံဆိပ်များ ချက်ချင်း ကျစေနိုင်ပါသည်။ သွေထက်သံယိုဖြ
စ် သော ခွေးကိုက်၊ ဓားရှ၊ အနာပဆုပ်တို့ အတွက် ကြက်သွန်နီ
ထုထောင်းပြီး အုံပေးပါက အနာပျောက်ကင်းသည်။
ကြက်သွန်နီစားခြင်းသည် သွေးကို သန့်ရှင်းစေသည့်အတွက် ဆဲ
လ်များ ပတ် လည်နုပျိုလန်းဆန်းလာပါသည်။

၀သူများ အဆီ
ကျပြီး ပိန်သူများ အသားအရည်စိုပြေလာကြောင်း ဆေးပညာ
စာစောင်များတွင် တွေ့ရှိရသည်။ ကြက်သွန်နီကို ကြက်သွန်ဖြူ
ကဲ့သို့ အစိမ်းအတိုင်း နေ့စဉ်ပုံမှန်စားခြင်းဖြင့် သွေးတွင်းအဆီဓာ
တ်ကို လျှော့ချပေးနိုင် ပြီး သွေးတိုးရောဂါနှင့် နှလုံးသွေးကြော
ကျဉ်းရောဂါများကို သက်သာစေပါသည်။

ကြက်သွန်နီ ပုံမှန်နေ့စ
ဉ်စားသုံးပေး ခြင်းဖြင့် အအေးမိတုပ်ကွေးရောဂါ၊ အသက်ရှူ
လမ်းကြောင်းရောဂါများနှင့် အမျိုးသား များတွင် ဖြစ်တတ်သော
ဆီးကြိတ်ကြီး ခြင်း၊ ဆီးကြိတ်ကင်ဆာရောဂါများကို ကာကွယ်
ပေးနိုင်ပါသည်။ တစ်နေ့တာ အတွက် ကြက်သွန်ကို သုံးကျပ်သား
မှ လေးကျပ်သားခန့်ထိ စားသုံးနိုင်ပြီး ဘေးထွက် ဆိုးကျိုးမရှိ
နိုင်ပါ။ ထို့ကြောင့် နေ့စဉ် ကြက်သွန်နီ စားပေးခြင်းဖြင့် ကျန်းမာ
လှပနုပျို အသက်ရှည် မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

#မြန်မာတောင်သူကြီး ဂျာနယ်
#သမားတော်တိုင်းရင်းဆေး
Crd

အုန်း စိမ်း ရည် (သို့ မ ဟုတ်)ဓာတ် ဆား ရည် သောက် ပေး ကြ ပါ ရန် ။အ ပူ လွန် ၊ အ စပ် လွန် သော အ စား အ စာ များ ရှောင် ကြ ပါ.ရ...
18/04/2023

အုန်း စိမ်း ရည် (သို့ မ ဟုတ်)
ဓာတ် ဆား ရည် သောက် ပေး ကြ ပါ ရန် ။
အ ပူ လွန် ၊ အ စပ် လွန် သော အ စား အ စာ များ ရှောင် ကြ ပါ.ရန် ။

မန္တလေး - စစ်ကိုင်း -မကွေး
အပူချိန် 45°C ထိ တိုးလာတော့မည်။
အရမ်းပူလာပါတော့မည်။
ခဏခဏ ရေမချိုးပါနှင့်။
ပန်ကာတောက်လျှောက် ဖွင့်မထားပါနှင့်။
နေ့ခင်းနေ့လည် ယမကာ မှီဝဲတတ်သူများ
အထူးသတိထားပါ။
အပြင်သွားလျှင် ဦးထုပ် ထီး ဆောင်းပါ။
အဝတ်ရေစို ဆွတ်၍ ခင်းမအိပ်ပါနှင့်။
ရေ များများသောက်ပါ
ဖြစ်နိုင်လျှင် ရေခဲရေမသောက်ပါနှင့်
ရေခဲမုန့် ဂျယ်လီ မစားပါနှင့်။
ဝတ် စလစ်ဖြင့် ကြာရှည်စွာ မနေပါနှင့်။
ကြမ်းပြင်ပေါ် ကြာရှည် မလှဲလျောင်းပါနှင့်။
အိမ် နံရံများအား ရေနိုင်နိုင် ပက်ဖြန်းပါ။
ပတ်ပတ်လည် ရေနိုင်နိုင်ဖြန်းပါ။
Gym ကစားသူများ ပြင်းထန်စွာ မကစားပါနှင့်။
အားကစားလုပ်သူများ ပြင်းထန်သော အားကစား
မလုပ်ပါနှင့်
အက ကသူများ ပြင်းထန်စွာ မကပါနှင့်
နေ့စားလုပ်သားများ ပြင်းထန်စွာ အလုပ်မလုပ်ပါနှင့်
နား၍ နား၍ လုပပှါ။

မိတ်တွေ ပေါက်
အပူတွေကန်
အဖျားတွေကြီး
သွေးပေါင် ဆောင့်တက်
ဝမ်းကိုက် ဝမ်းပျက်
အစရှိသည်တို့ ဖြစ်တတ်သည်။

အပင်အောင် အရိပ်အောက်မှာ ခိုနားနေထိုင်ပါ။

စေတနာဖြင့်

Credit

၁။ တားဆေးအပါအဝင် ဆေးနေ့စဉ်သောက်နေရသူတွေ ✅ ပဲဘိစပ်နို့  သောက်ပါ  ၂။ အဖြူဆင်းများသူ အားနည်းလွယ်သူများ ✅ ဒိန်ချဉ် သောက်ပါ၃။...
28/03/2023

၁။ တားဆေးအပါအဝင် ဆေးနေ့စဉ်သောက်နေရသူတွေ
✅ ပဲဘိစပ်နို့ သောက်ပါ

၂။ အဖြူဆင်းများသူ အားနည်းလွယ်သူများ
✅ ဒိန်ချဉ် သောက်ပါ

၃။ ဝမ်းချုပ်တတ်သူ များ
✅ မန်ကျည်းဖျော်ရည်/ချဉ်စော်ကားသီးဖျော်ရည်/သစ်သီးဖျော်ရည်တမျိုး သောက်ပါ

၄။ ရင်ကျပ်ပန်းနာ သမားများ
✅ ဆန်းကစ်သီးထဲပူစီနံတရွက်နှစ်ရွက် နဲ့ ဆားနဲနဲထည့်၍ဖျော်ရည်သောက်ပါ။ သကြားနို့ ဘာတခုမှမထည့် နဲ့

၅။ သွေးအားနည်းတတ်သူများ
✅ မုန်လာဥနီ ဖျော်ရည်သောက်ပါ

၆။ လိပ်ခေါင်းရှိသူများ
✅ မြင်းခွာရွက်ရည် သောက်ပါ

၇။ ဆီးကျဉ်တတ်သူများ
✅လက်ဖက်ခြောက်ရည် သောက်ပါ

၈။ မကြာခနခေါင်းမူးတတ်သူ ခြေလက်ထုံကျဉ် တတ်သူ အကြောကပ်တတ်သူများ နဲ့ ဝမ်းလျှောနေသူများ
✅ အုန်းစိမ်းရည် /ဂလူးကို့စ်ရည် သောက်ပါ

၉။ အစာအိမ်နာ /လေပွ တတ်သူများ
✅နွယ်ချို ရေနွေးစိမ်၍ပျားရည် တဇွန်းထည့် တနေ့ ၂ကြိမ် သောက်ပါ

၁၀။ သားအိမ်ရေအိတ်သွေးအိတ်တည်နေသူများ /သားအိမ်ကျ သူ များ
✅ စမုံနက်အဆီ တပတ် တဇွန်း သောက်ပါ

၁၁။ သွေးတွင်းအဆီပျစ်ခဲသူများ
✅စံပယ်ပန်းခြောက် ခပ်ထားတဲ့ရေနွေး မကြာခန သောက်ပေးပါ

Drမင်းခန့်

Djm ရဲ့မျှဝေခြင်းလေးပါ
:
by Kyaw Aye.

Address


Website

Alerts

Be the first to know and let us send you an email when Rady Coffee Sunshine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram