ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ

  • Home
  • ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ

ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ ဆက်သွယ်ရန် Viber or Telegram- 09773833456 ကို Hi လိုက်နော်ရှင့် ညီမအကောက်ဖွင့်ပေးမယ်ရှင့်🥰
(1)

23/07/2023

ငွေသွင်းငွေထုတ်စိတ်ချယုံကြည်ရဆုံး TPT SKM အွန်လိုင်းဂိမ်းဝဘ်ဆိုက်
ငွေသွင်းအနည်းဆုံး(1,000) ကျပ်မှစတင်ဆော့ကစားနိုင်ပါပြီ။
5000 ခန်းမှာဒိုင်ကိုင်ပြီး သူများတွေ 10သိန်းခွဲ ထုတ်သွားပြီးနော် .လူလိမ်websiteတွေကြောင့် အနိုင်ရပေမဲ့အရွှေးမှားနေတာကြောင်အလိမ်ခံနေပြီးလား..စိတ်မညစ်ပါနဲံ .ယုံကြည်စိတ်ချရပြီးအရော်အစားမှန်ကန်တဲံ TPT SKM ကိုလာရောက်ဆော့ကစားဖိုဖိတ်ခေါ်ပါတယ်ရှင့်...မန်ဘာသစ်‌တွေအတွက် 100%ဘောနပ် ( ဉပမာ ) ‌5000 သွင်းပြီး 5000‌ ဘောနပ်ရယူလိုက်ပါ... စိတ်ဝင်စားရင် ✅ Viber- 09773833456
✅Telegram- 09773833456
ကို အသေးအစိတ် ဆက်သွယ်မေးမြန်:နိုင်ပါတယ်ရှင့်

23/07/2023

TPT SKM မှာဆိုရင် 1000ကျပ် သွင်းကစားရုံနဲ့ အနိုင်များတဲ့ တောင်ပေါ်သားရှမ်းကိုးမီး
✅တောင်ပေါ်သားရှမ်းကိုးမီး /✅Live Casino /✅စလော့/✅ဘူကြီး/
✅ငါးပစ်/✅အသေးစားဂိမ်းများကို စိတ်ကြိုက်ဒိုင်ကိုင် ကစားနိုင်သည်။
🅱️မန်ဘာသစ် ၁၀၀%
🅱️နေ့စဉ် ၁၀% ဘောပ်သွင်းတိုင်းရ
✅Viber No - 09773833456
✅Telegram -09773833456
မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
(2️⃣4️⃣နာရီ ဝန်ဆောင်မှူ)

22/07/2023

နာမည်မှာ ( ချို ) ပါရင် မှတ်ပုံတင်ပြပြီးဖရီးအကောက် '' 1000 '' ယူ 😁

1000ကျပ် သွင်းကစားရုံနဲ့ အနိုင်များတဲ့ တောင်ပေါ်သားရှမ်းကိုးမီး
✅တောင်ပေါ်သားရှမ်းကိုးမီး
✅Live Casino
✅စလော့
✅ဘူကြီး
✅ငါးပစ်
✅အသေးစားဂိမ်းများကို စိတ်ကြိုက်ဒိုင်ကိုင် ကစားနိုင်သည်။
🅱️မန်ဘာသစ် ၁၀၀%
🅱️နေ့စဉ် ၁၀% ဘောပ်နပ်များကို အတန်ဆုံးရယူပြီး ကျွမ်းကျင်သောဝန်ထမ်းများရဲ့ ကောင်းမွန်မြန်ဆန်တဲ့ဝန်ဆောင်မှုတွေနဲ့အတူ ငွေသွင်းငွေထုတ် ယုံကြည်စိတ်စွာ ကစားနိုင်ပါတယ်ရှင့် အသေးစိတ်ကို
✅Viber No - 09773833456
✅Telegram - 09773833456
✅Line ID _
မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
(2️⃣4️⃣နာရီ ဝန်ဆောင်မှူ)

21/07/2023

နာမည်မှာ ( ချို ) ပါရင် မှတ်ပုံတင်ပြပြီးဖရီးအကောက် '' 1000 '' ယူ

1000ကျပ် သွင်းကစားရုံနဲ့ အနိုင်များတဲ့ တောင်ပေါ်သားရှမ်းကိုးမီး
✅တောင်ပေါ်သားရှမ်းကိုးမီး
✅စလော့
✅Live Casino
✅ဘူကြီး
✅ငါးပစ်
✅အသေးစားဂိမ်းများကို စိတ်ကြိုက်ဒိုင်ကိုင် ကစားနိုင်သည်။
🅱️မန်ဘာသစ် ၁၀၀%
🅱️နေ့စဉ် ၁၀% ဘောပ်နပ်များကို အတန်ဆုံးရယူပြီး ကျွမ်းကျင်သောဝန်ထမ်းများရဲ့ ကောင်းမွန်မြန်ဆန်တဲ့ဝန်ဆောင်မှုတွေနဲ့အတူ ငွေသွင်းငွေထုတ် ယုံကြည်စိတ်စွာ ကစားနိုင်ပါတယ်ရှင့် အသေးစိတ်ကို
✅Viber No - 09773833456
✅Telegram - 09773833456
✅Line ID _
မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
(2️⃣4️⃣နာရီ ဝန်ဆောင်မှူ)

19/07/2023

ဒီ post ကို Like & Share လုပ်ပြီး မှတ်ပုံတင်ပြပြီးဖရီးအကောက် '' 1000 '' ယူ 😁
လူကြီးမင်းတိုရဲ့ အချိန်တွေကို TPT SKM မှာ ရင်းနှီးမြုပ်နှံ လိုက်ပါ🙏🙏🙏
🟥 ရုပ်ချော ယုံနဲ့မပီးသေးဘူးနော်ကိုကိုတို
🟥ငွေလဲ ပေါမှ ဆော်ပိုကြည်မှာမို
🟥 တောင်ပေါ်သားရှမ်းကိုးမီး မှာငွေရှာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်
🥳1000 သွင်း 1000 အပိုဆု🥳
🥳3000 သွင်း 3000 အပိုဆု 🥳
🥳5000 သွင်း 5000 အပိုဆု🥳
🥳10000 သွင်း 10000 အပိုဆု🥳
Viber - 09773833456
Telegram -
Line ID -
(မှတ်ချက် - Video အားပြန်လည်ကူးယူဖော်ပြခွင့်လုံး၀လုံး၀ ခွင့်မပြုပါရှင့် )

တညင်းသီးကိုစွန့်မလား ကျောက်ကပ်ကိုစွန့်မလား========================အသေခံစားကြတဲ့အထဲမှာ တညင်းသီးလည်းပါတယ်။ ဘယ်လိုပြောပြော ...
07/06/2023

တညင်းသီးကိုစွန့်မလား ကျောက်ကပ်ကိုစွန့်မလား
========================
အသေခံစားကြတဲ့အထဲမှာ တညင်းသီးလည်းပါတယ်။ ဘယ်လိုပြောပြော အိမ်ကလူတွေလည်း ပြောမရဘူး။ ရှေ့မှာမစားရဘူးဆိုတော့ ခိုးစားကြတာပဲ။ တညင်းသီးက မစားသင့်တဲ့အသီးထဲပါတယ်။ ဒါပေမယ့် အရမ်းကြိုက်တယ် မစားရမနေနိုင်ပါဘူးဆိုရင်တော့ သေချာချက်စားရမယ်။ သေချာချက်စားတယ်ဆိုတာ ပြုတ်စားတာကိုပြောတာမဟုတ်ဘူး။
တညင်းသီးက ဆီးလမ်းကြောင်းကို ဒုက္ခပေးတဲ့အစားအသောက်ပါ။ တညင်းသီးမှာပါတဲ့အဆိပ်ကို ခန္ဓာကိုယ်က ချေဖျက်ရ အင်မတန်ခက်တယ်။ ဒါကြောင့်ပဲ တညင်းသီးစားပြီးရင် ဆီးနံ့ ဝမ်းနံ့ တအားပြင်းတာပါ။ သူ့မှာပါတဲ့ အက်ဆစ်ဓာတ်တစ်မျိုးက ကျောက်ကပ်တွေမှာရော ဆီးလမ်းကြောင်းမှာပါ အနည်ကျတယ်။ အဲဒီလိုအနည်ကျတာကနေ ကျောက်ကပ်လည်း ပျက်စီးတယ်၊ ဆီးလမ်းကြောင်းလည်း ပျက်စီးတယ်။ အဆိပ်သင့်ပြီဆိုရင် ခါးဘေးတဖက်တချက်တွေနာတာကနေပြီး ဆီးမသွားနိုင်တော့တာ၊ ဆီးထဲသွေးပါတာနဲ့ ကျောက်ကပ်ပျက်စီးပြီး သေဆုံးတာထိ ဖြစ်နိုင်တယ်။
တညင်းပင်က အရှေ့တောင်အာရှမှာပေါက်တဲ့အပင်ဖြစ်လို့ တညင်းသီးအဆိပ်သင့်တဲ့ကိစ္စတွေက အနောက်တိုင်းမှာသိပ်မကြုံရဘူး။ ဒါကြောင့် အနောက်တိုင်းဆေးပညာမှာ လေ့လာချက်ရှားပါးတယ်။ ဒါပေမယ့် အခုနောက်ပိုင်း တညင်းသီးအစားများတာကနေ အဆိပ်သင့်ကိစ္စတွေလည်း အရမ်းများလာလို့ လေ့လာချက်တွေ တော်တော်ထွက်လာပါတယ်။ အကုန်လုံးနီးပါးရဲ့ တွေ့ရှိချက်က တညင်းသီးဟာ ဆီးလမ်းကြောင်းကို ထိခိုက်ပျက်စီးစေတယ်ဆိုတာပဲ။ ဒါ ကောလာဟလမဟုတ်ဘူး၊ မသေချာတဲ့ တွေ့ရှိချက်တွေမဟုတ်ဘူး။
တညင်းသီးအလွန်အကျွံစားရင် ကျောက်ကပ်ပျက်စီးပြီး သေနိုင်ပါတယ်။ အစားကြောင့် တကယ်သေနိုင်တာနော်။ အပိုလုပ်ပြောတာမဟုတ်ဘူး။ ကျောက်ကပ်ပျက်စီးရင် ဆီးမသွားနိုင်တော့ဘူး။ ခန္ဓာကိုယ်က အဆိပ်တွေ မစွန့်ထုတ်နိုင်တော့လို့ တကိုယ်လုံးဖောရောင်နေမကောင်းဖြစ်မယ်၊ တချိန်လုံးမောနေမယ်။ လုံးဝအဖတ်ဆယ်လို့မရအောင် ကျောက်ကပ်ပျက်စီးပြီဆိုရင်တော့ ကျောက်ကပ်အစားထိုးတဲ့နည်းလမ်းတစ်ခုနဲ့ပဲ အသက်ဆက်ရှင်နိုင်မယ်။
ကျောက်ကပ်အစားထိုးတယ်ဆိုတာလည်း လွယ်ကူတဲ့အလုပ်မဟုတ်တော့ ကြားထဲမှာ တစ်ပတ်နှစ်ခါလောက် ကျောက်ကပ်ဆေးနေရမယ်။ တစ်ခါဆေး ငါးသောင်းတစ်သိန်းနှုန်းပေါ့။ ကျောက်ကပ်မဆေးရင် ဖောရောင်အမောဆို့ပြီး ကုန်းပေါ်မှာ ရေနစ်နေလိမ့်မယ်။ သိပ်ကြောက်ဖို့ကောင်းတယ်နော်။ ကျောက်ကပ်ပျက်စီးသွားတဲ့လူနာတွေ သေချာမတွေ့ဖူးကြလို့ ကျောက်ကပ်ထိတယ်ဆိုတာကို ပေါ့ပေါ့လေးသဘောထားနေကြတာ။ ကျနော်တွေ့ဖူးသမျှ လူနာတွေထဲ ကျောက်ကပ်လူနာတွေဟာ သနားစရာအကောင်းဆုံးပဲ။ ရေတောင်မသောက်ရလို့ ရေခဲငုံရတဲ့ဘဝတွေ။ ရေသောက်တာနဲ့ဖောလို့ မောမောနဲ့ ရေငတ်ခံနေရတဲ့ဘဝတွေ။
တညင်းသီးကို သေချာပြုတ်လိုက်ရင် အဆိပ်အတောက်တွေပြေသွားလို့ စားလို့ရတယ်ဆိုပြီးပြောကြတယ်။ အဲဒါမဟုတ်ဘူး။ ပြုတ်လည်း အဆိပ်က ပြေမသွားပါဘူး။ ဆားရည်စိမ်ဆို ပိုတောင် ဆိုးသေးတယ်။ အဆိပ်တွေအကုန် စုပေးထားသလို ဖြစ်နေတာ။ တညင်းသီးက ရှောင်သင့်ပါတယ်။ ဒါပေမယ့် စားကိုစားချင်တာ တားမရဘူးဆိုရင်တော့ ဒီလိုမျိုးချက်စားပါ။
- တညင်းသီးတွေကို တစ်ညလုံး ရေစိမ်ထားပါ။
- နောက်နေ့မှာ စိမ်ထားတဲ့ရေတွေကို သွန်ပြီး ရေသေချာစစ်ပါ။
- ရေနွေးဆူဆူနဲ့ အနည်းဆုံးမိနစ် ၃၀ ကြာအောင်ပြုတ်ပါ။ နူးအိသွားတဲ့အထိ ပြုတ်ရမယ်။
- ပြုတ်ပြီးရေတွေအကုန်သွန်ပြီး ရေသေချာစစ်မယ်။ မာနေသေးရင် ထပ်ပြုတ်ရမယ်။
- နည်းနည်းပဲစားရမယ်။ နှစ်လုံးထက်ပိုမစားသင့်ဘူး။
- စားပြီး ဗိုက်အောင့်တယ်၊ ဝမ်းသွားတယ်၊ ခါးနာသလိုဖြစ်တယ်ဆိုရင် လုံးဝထပ်မစားရဘူး။ ဆရာဝန်ပြရမယ်။
- တညင်းသီးစားပြီးရင် ဆီးတွေမနံတော့တဲ့အထိ ရေများများသောက်ပေးရမယ်။
ဘယ်လောက်ပဲ စားရမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိဘူး။ တချို့တွေ တစ်လုံးတည်းစားပြီးလည်း ပြဿနာဖြစ်နိုင်သလို တချို့လည်း အများကြီးစားပြီး ဘာမှမဖြစ်ဘူး။ အပေါ်က ပြောထားသလို ချက်ထားလည်းပဲ အန္တရာယ်ဖြစ်စေတဲ့ အက်ဆစ်ဓာတ်က ကျန်နေဦးမှာပဲမို့ တတ်နိုင်သလောက်တော့ ရှောင်တာအကောင်းဆုံးပါ။

Dr. Thurein Hlaing Win

ထမင်းစားပြီးနောက်မလုပ်သင့်သည့်အန္တရာယ် (၈)ရပ်သင် ဒါတွေ သိပါသလား။ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။မိမိ ကိုယ်တိုင်ရော၊မိသားစု န...
06/06/2023

ထမင်းစားပြီးနောက်
မလုပ်သင့်သည့်
အန္တရာယ် (၈)ရပ်

သင် ဒါတွေ သိပါသလား။
ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။
မိမိ ကိုယ်တိုင်ရော၊
မိသားစု နှင့် သူငယ်ချင်း
မိတ်ဆွေများ အားလုံး ကို လည်း လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါ …. ။

(၁) ဆေးလိပ် မသောက်ပါနှင့်။
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။

(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။

ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။
(ကျမ္မာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့့တွင် သစ်သီးအစား၊ ဥပမာ … ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)

(၃) လ္ဘက်ရည် မသောက်ပါနှင့်။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့က ထမင်း ဟင်းထဲ တွင် ပါရှိသည့် ပရိုတင်း များကို အနှောင့်် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။

(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။
ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။

(၅) ရေ မချိုးပါနှင့်။
ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာ အိမ်ကောင်း စွာ အလုပ် မလုပ်နိုင်တော့ပေ။

(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။
ရှေး လူကြီးမျာက "ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား" ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။

အကြောင်းရင်း မှာ .... ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊
ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်
လမ်းလျှောက်ပါ။

(၇) မအိပ်ပါနှင့်။
ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေ သည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀င်စေသည်။

(၈) အားကစား မလုပ်ပါနှင့်။
အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထား ပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

ကိုကို (မိုမိုလေး)

မမေ့နဲ့နှလုံး ရောဂါ အတွက်ငါးကြော်စားမယ် ဆိုခရမ်းချဉ်သီး ၊ မန်ကျည်းမှည့် တို့နှင့် ပြန်ချက်စားပါပြန်မချက်နိုင်ခဲ့ရင် ချဉ်...
03/06/2023

မမေ့နဲ့
နှလုံး ရောဂါ အတွက်

ငါးကြော်စားမယ် ဆို
ခရမ်းချဉ်သီး ၊ မန်ကျည်းမှည့် တို့နှင့် ပြန်ချက်စားပါ

ပြန်မချက်နိုင်ခဲ့ရင် ချဉ်ရည်ဟင်း နဲ့ တွဲဖက်စား
( ငါးကြော်ကို ချဉ်ရည်ဟင်းလောင်း ဓာတ်ပြောင်းပါ )

ကြေခဲ ကျက်ခဲတဲ့အစာ
ကောက်ညှင်း အစာတွေကို ချင့် ချိန် ပြီးစားပါ

သတိထားရမှာက …
*** ကောက်ညှင်းစားပြီး ……***
ရေနွေးသောက် က ဝမ်းချုပ်စေတဲ့အတွက်
ဝမ်းမချူ ပ်စေခြင်လျှင် ရေအေးသောက်

……………………
ကာကွယ်ပါ
နှလုံးရောဂါ မဖြစ်အောင် အဆီ အဆိမ့် အစေး အစာတွေရှောင်

မနက်စာ အုန်းနို့ခေါက်စွဲ
နေ့လည်စာ ဒန်ပေါက်
ညနေစာ ငါးသလောက်ပေါင်း တို့ကို
တစ်ရက်တည်း စားသုံးတာမျိုး ကိုရှောင်ပါ

မိုးလင်း အီကြာကွေး ၊ စမှူဆာ
နေ့လည် ငါးကြော် နဲ့ ထမင်း
ညစာ ကိုရီးယားအကင် ၊ ကြက်ဥကြော်
အကြော်စုံတို့နဲ့ စားတာမျိုး ကို ရှောင်ရပါမယ်

ဘာစားစား စားသင့်တာထက် ပိုမစား ပါနဲ့
………………………
စားရမည့် ဓာတ်စာများ

ချဉ်ချို အရသာ ၃ ရက်
အေးခါး အရသာ ၃ ရက်
ချိုအေး ငန်အေး အရသာ ၆ ရက် စားပါ

ဥပမာ
မန်ကျည်းဖျော်ရည် ထန်းလျက်ဖြင့်ဖျော် ၃ ရက်
ထန်းလျက်ကော်ဖီ ၃ ရက်
ကန်စွန်းရိုးနီပြုတ်ရည် ၆ ရက် သောက်ပါ

ကောင်းမြတ်သောပေါင်းစပ်ခြင်းသည်
အများကောင်ကျိုး အများချမ်းသာ ၊
လောကစောင့်ရှောက်ရန်အတွက်
အကောင်းဆုံး အင်အားဖြစ်သည်

ဗုဒ္ဓစကား မူရင်းထားလျက်
ခေတ်စားသိပ္ပံ တွဲစပ်ကြည့်ပါ

သတ္တဝါတွေ အစာဝ ၊ အနာကင်း ၊ ဘယာရှင်းကြပါစေ
……………………………
မြန်မာ့တိုင်းရင်းဆေးဆရာကြီး
( ဩ / သု ) ဦးရန်အောင်

ဆေးတွေ့ပြီ ။သွေးဆုံးကိုင်သူများအတွက် #အမျိုးသမီးတွေမှာ မီး ၃ မီးရှိပါတယ်။မီးယပ်၊ မီးဖွား၊ မီးဆုံး တို့ဖြစ်ပါတယ်။အဲဒီမီး၃...
02/06/2023

ဆေးတွေ့ပြီ ။

သွေးဆုံးကိုင်သူများအတွက်

#အမျိုးသမီးတွေမှာ မီး ၃ မီးရှိပါတယ်။

မီးယပ်၊ မီးဖွား၊ မီးဆုံး တို့ဖြစ်ပါတယ်။

အဲဒီမီး၃မီးကို အမျိုးသမီးတိုင်း မဖြစ်မနေ တွေ့ကြုံရလိမ့်မယ်။

အဲဒီမီး ၃မီးထဲက နောက်ဆုံးမီးဖြစ်တဲ့
#မီးဆုံး အကြောင်းကို ပရိဿတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။

မီးဆုံးတဲ့အချိန်ဟာ အမျိုးသမီးတွေ အသက် ၄၀ ကျော်ကနေ ၅၅ နှစ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သွေးဆုံးတဲ့ အသက်ချင်းမတူညီတတ်ကြပါဘူး။

ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်က ဓာတ်၄ပါးချင်းသော်လည်းကောင်း ၊ သွေးအားအနည်းအများသည်လည်းကောင်း၊ အပူအအေးသည်လည်းကောင်း၊မျိုးရိုးဗီဇသည်လည်းကောင်း မတူညီကြလို့ပဲဖြစ်ပါတယ်။

ကျန်းမာဝဖြိုးပြီးသွေသားစိုပြည်ကြတဲ့ အမျိုးသမီးတွေဟာ သွေးဆုံးမီးယပ်ဖြစ်တာနောက်ကျကြလေ့ရှိတယ်။ အသက်၅၀ ကျော်လောက်မှသွေးရပ်သွားကြတယ်။ တစ်ချို့ဆိုရင် အသက် ၆၀ ဝန်းကျင်အထိ သွေးမရပ်သေးဘူး။

အသက် ၆၀ ကျော်ကျော်လောက်မှ သွေးဆုံးသွားသူတွေတောင်ရှိပါတယ်။ ငယ်ငယ်ကတည်းက ချူချာပြီး သွေးအားမကောင်းလို့ ကျန်းကျန်းမာမာမရှိကြတဲ့ အမျိုးသမီးတွေကတော့ စောစောစီးစီးအသက် ၄၀ ကျော်ကျော်လောက်မှာပဲ သွေးဆုံးသွားလေ့ရှိပါတယ်။

တစ်ချို့အမျိုးသမီးတွေကျတော့ မချူချာပေမယ့် သားသမီးတွေ အများကြီးမွေးဖွားရတဲ့အတွက် စောစောစီးစီး သွေးဆုံးသွာတာမျိုးလည်းရှိပါတယ်။

ဘယ်အရွယ်မှာပဲ သွေးဆုံးသည်ဖြစ်ပါစေ အားလုံးခံစားရတဲ့ ဝေဒနာကတော့ အတူတူပဲဖြစ်ပါတယ်။ သွေးဆုံးမီးယပ်ဖြစ်တဲ့ အချိန်မှာ ဝေဒနာတွေပြင်းထန်ပါတယ်။

အဲဒါကို သွေးဆုံးကိုင်တယ်လို့ ခေါ်ပါတယ်။ သွေးဆုံးကိုင်တယ်ဆိုတာ အလကားနေရင်းဒေါသတွေထွက်ခြင်း၊ ယောက်ျားအပေါ်သဝန်တိုခြင်း၊ ရန်ဖြစ်ခြင်း၊ အော်ဟစ်ပြီးသောင်းကျန်းခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာများသာမက ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေလည်း အများအပြားခံစားရပါတယ်။

ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေအဖြစ် ညညအိပ်မပျော်ခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်း၊ လည်ပင်းပတ်ပတ်လည်းမှာ ချွေးစေးတွေထွက်ခြင်း၊ အစာစားလိုစိတ်မရှိဘဲ ခံတွင်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အော့အန်ခြင်းစသည်ဖြင့် ဝေဒနာတွေကတော့ တစ်နေ့ရွေ့တစ်နေ့ငွေဖြစ်နေတတ်ပါတယ်။

အဲဒါကို သွေးဆုံးကိုင်ဝေဒနာများလို့ပြောကြပါတယ်။
သွေးဆုံးကိုင်ဝေဒနာတွေဖြစ်လာတဲ့အခါမှာ အမျိုးသမီးအများစုက ဆေးတစ်ခုခုရှာပြီး ဝေဒနာတွေကို သက်သာဖို့ အတွက်ကုသကြပါတယ်။

သွေးဆုံးကိုင်ဝေဒနာ ခံစားကြရတဲ့ အမျိုးသမီးများဟာ အပူဆေးလည်း
မသောက်နဲ့၊ အအေးဆေးလည်းရှောင်၊ အကောင်းဆုံးကတော့ ဓာတ်စာစားခြင်းပဲဖြစ်ပါတယ်။

သွေးဆုံးကိုင်တဲ့အချိန်ဟာကာလတစ်ခုကြာပါတယ်။ ၁နှစ်တန်သည် ၂နှစ်တန်သည်အထိတောင်ကြာတတ်ပါတယ်။ ဓာတ်စာတစ်မယ် နှစ်မယ်လောက်တင်ပေးလို့မရပါဘူး ဓာတ်စာစုံအောင်ပေးဖို့လိုပါတယ်။

သွေးဆုံးမီးယပ်ဟာအားနည်းပြီး သွေးဝမ်းဆီးလေ မညီညွှတ်တဲ့အတွက် ဓာတ်စာပေးရာမှာ အားကို အင်မတန်ကောင်းစေပြီး သွေးဝမ်းဆီးလေညီညွှတ်မယ့်ဓာတ်စာတွေကို ရွေးချယ်ပြီးပေးရမှာဖြစ်ပါတယ်ဆိုတာကို
ဆရာမင်းကျော်ဝင်း
ရေးသားတဲ့ ဓာတ်စာ စာအုပ်နှင့်
အမျိုးသမီး ကျန်းမာရေးဆောင်းပါး
ပေါင်းစုံမှ

ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ

Latt Well Thone

အမျိုးသမီးများ ပျမ်းမျှ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆုံးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်)

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာပျောက်ကင်း စေနိုင်ပါလိမ့်မယ်။

(၁) 'မိန်းမတို့အသက် ကရမက် ' ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။

(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။

(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။

(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။

(၅) ဆီးဖြူသီး စားပါ။

(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။

(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီးအဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန့် ၂ ပဲသားစီတို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)

(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။

(၉) သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။

(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။

(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်ပါ။

(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။

(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။

(၁၄) ကြက်သွန်ဖြူစားပါ။

(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝအမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စားပါ။

(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။

(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ (သို့မဟုတ်) EPO (ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။

(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုးပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)

(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။

(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်လွန်၍ ရေချိုးခြင်းမပြုရ။

Credit
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ

Address


Website

Alerts

Be the first to know and let us send you an email when ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျန်းမာရေး နှင့် အထွေထွေဗဟုသုတ:

Shortcuts

  • Address
  • Alerts
  • Contact The Practice
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share