Soul Healer Z

  • Home
  • Soul Healer Z

Soul Healer Z Doing something is always better than doing nothing. 🧘🏻‍♀️🍀

𝘾𝙧𝙪𝙨𝙝 ရှေ့ရောက်ရင် ဖြစ်တတ်တဲ့ သူတို့ပုံစံလေးတွေ🫢🤫.......♈ Aries (မိဿ)Crush‌လေး အနားရှိနေရင်ကို တအားရှက်။ မျက်လုံးချင်းလဲ...
15/06/2025

𝘾𝙧𝙪𝙨𝙝 ရှေ့ရောက်ရင် ဖြစ်တတ်တဲ့ သူတို့ပုံစံလေးတွေ🫢🤫.......

♈ Aries (မိဿ)
Crush‌လေး အနားရှိနေရင်ကို တအားရှက်။ မျက်လုံးချင်းလဲ မဆုံရဲ။ Crushလေးဘာပြောပြော သဘောတွေကျပြီး ရယ်ပဲရယ်နေတော့တာ။

♉ Ta**us (ပြိဿ)
သူကတမျိုးလေး။ သူ့Crush ရှေ့မှာ ရှိနေတောင် ခပ်တည်တည်ပဲ။ သူပါပေါ့၊ မCrush ပါဘူးပေါ့။ တကယ်က နောက်ကွယ်မှာ Crush နဲ့ပတ်သက်သမျှ အကုန်သိချင်၊ အကုန်စုံစမ်းနေတတ်တဲ့သူ။

♊ Gemini (မေထုန်)
သူက ဟန်ဆောင်ကောင်းသူလေး။ Crush ရှေ့ရောက်ပြီဆိုရင်၊ Crush ကလွဲရင် အခြားသူတွေနဲ့ တအားတွေ ရင်းနှီးကျွမ်းဝင်နေတော့တာ။ Crush ကိုတော့ မေးထူး၊ ခေါ်ပြောပဲ။

♋ Cancer (ကရကဋ်)
Cancerလေးကတော့ နူးညံ့တယ်ပေါ့။ သူCrush ပုံက တမျိုး။ Crush ကိုပုံမှန်သူလိုငါလို ခေါ်နိုင်ပြောနိုင်တယ်။ အစားအသောက်တွေ ခဏခဏဝယ်ကျွေး/ချက်ကျွေးချင်တယ်။ Crush ကြိုက်တတ်တာလေးတွေ မှတ်ထားတတ်တယ်။ သူ့ကိုကြည့်လိုက်ရင်တော့ ဒါသူ့ရဲ့ ပင်ကိုယ်ပုံစံ၊ လူတိုင်းအပေါ် ဒီလိုပါပဲပေါ့။

♌ Leo (သိဟ်)
Leo လေးတွေကတော့ Crush ရှေ့ရောက်ပြီဟေ့ဆိုရင် ကိုယ်ရေကိုယ်သွေးတွေထုတ်ပြပြီ။ သူဘယ်လောက်တော်ကြောင်း၊ တတ်ကြောင်း Crush မသိသိအောင်၊ မကြားကြားအောင် လုပ်ပြ၊ ပြောပြတော့တာပဲ။ အပေါင်းအသင်းတွေက ရိပ်မိလို့ Crush အကြောင်းမေးရင်၊ Crush ရှိကြောင်း ဘယ်တော့မှ ဝန်မခံသူပေါ့။

♍ Virgo (ကန်)
သူ့ Crush နဲ့ပတ်သက်သမျှ ဆံပင်ဘယ်နှစ်မွှေးရှိလဲ၊ တနေ့ ခြေဘယ်နှစ်လှမ်းလှမ်းလဲကအစ အသေးစိတ် မှတ်ထားတတ်တယ်။ Crush က သတိထားမိလို့ မေးရင်တော့ သူက မွေးရာပါ ဉာဏ်ကောင်းလို့ အကုန်မှတ်မိနေသယောင် ဖြေလိမ့်မယ်။

♎ Libra (တူ)
Libra လေးတွေက Crush ကို Friend zone မှာပဲထားတာ။ သူငယ်ချင်းလို၊ မိတ်ဆွေလို ဟန်မပျက် ခေါ်နိုင်ပြောနိုင်တယ်။ ဒါပေမဲ့ သူ့အနားတော့ တိတ်တိတ်လေးအမြဲရှိနေချင်တာ။

♏ Scorpio (ဗြိစ္ဆာ)
Crush ကို စိတ်မဝင်စားသလိုလို၊ အာရုံမစိုက်သလိုလိုနဲ့ မသိချင်ယောင်ဆောင်နေပေမဲ့။ သူ့ Crush က အခြားသူတွေနဲ့ တရင်းတနှီးရှိနေပြီဆိုရင် စိတ်ထဲက ကြိတ်ပြီး ဂျေဒိုးနက်တွေ အကွင်းလိုက် မြိုချနေပြီ။

♐ Sagittarius (ဓနု)
Sagitလေးတွေက Crush နဲ့စကားတွေအများကြီး ပြောနေချင်တာ။ စကား‌ ပြောခွင့်ရ‌နေရင်ကို ကျေနပ်ပြီ။ ပိုပြီးမမျှော်လင့်ဘူး။

♑ Capricorn (မကာရ)
Capri လေးက တမျိုး။ သူက Crush ကို အလုပ်ကြိုးစားဖို့၊ အနာဂါတ်အောင်မြင်ဖို့ ဇွတ်တွေ တွန်းအားပေးတာ။ အားပေးတာ။ Crush ဖက်ကအမြင်ကတော့ သူက workaholic တယောက်ပါပေါ့။

♒ Aquarius (ကုံ)
Aquar လေးတွေက Crush ကို အစစအရာရာ ဂရုစိုက်ပေး၊ လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးပေမဲ့ ၊ ချစ်နေကြောင်း ဘယ်တော့မှ ထုတ်မပြောဘူး။

♓ Pisces (မိန်)
Pisces လေးတွေကတော့ Crushလေးကို သူ့ စိတ်ကူးယဉ်အိမ်မက်ထဲမှာပဲ 24 နာရီလုံး ထည့်ထားတာ။ အပြင်မှာတော့ သူတို့မဟုတ်သလို ခပ်တည်တည်ပဲ။ Crush နဲ့ လာစရင်တောင် စိတ်ဆိုးချင်ယောင်ဆောင်လိမ့်မယ်။ .........
Thanks for interesting 🫶🏻

Your Soul Healer Z 🍀

🔮DM me anytime for a personal reading🔮

နယုန်လပြည့်နေ့အတွက် မေတ္တာပို့လေး ကိုယ့်ဘာသာရေးရင် လိုအပ်တာလေးတွေရှိမှာစိုးလို့ AI ကိုရေးခိုင်းကာမှ သူတော်တော်တတ်နေတာ .....
10/06/2025

နယုန်လပြည့်နေ့အတွက် မေတ္တာပို့လေး ကိုယ့်ဘာသာရေးရင် လိုအပ်တာလေးတွေရှိမှာစိုးလို့ AI ကိုရေးခိုင်းကာမှ သူတော်တော်တတ်နေတာ ..

မေတ္တာပို့ပါတယ်နော် AI ကပြောသလိုပဲ "ချမ်းသာဝပြော တော်တော်ဖြစ်ပါစေ" 😂

မိသားစုအတွက် ကိုယ့်မွေးလအလိုက် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘာဖြစ်မလဲ? လအလိုက် ယေဘုယျအချက်လေးတွေဆိုတော့ လူတိုင်းနဲ့တေ...
07/06/2025

မိသားစုအတွက် ကိုယ့်မွေးလအလိုက် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘာဖြစ်မလဲ?

လအလိုက် ယေဘုယျအချက်လေးတွေဆိုတော့ လူတိုင်းနဲ့တော့ မကိုက်ညီနိုင်ဘူးမို့ Don't take it seriously!

Your Soul Healer Z 🍀

🔮 Feel free to message me for personal reading.🔮

27/05/2025

Dear Universe...

ချစ်သူကို အရစ်ဆုံး ရာသီခွင် ငါးခုYour Soul Healer Z 🍀
26/05/2025

ချစ်သူကို အရစ်ဆုံး ရာသီခွင် ငါးခု
Your Soul Healer Z 🍀

ချစ်ဖို့ကောင်းတဲ့ရာသီခွင်ကနေ ကြောက်ဖို့ကောင်းတဲ့ ရာသီခွင် လေးခု။  👼🏼 😈Your Soul Healer Z 🍀 🔮For personal reading, messag...
25/05/2025

ချစ်ဖို့ကောင်းတဲ့ရာသီခွင်ကနေ ကြောက်ဖို့ကောင်းတဲ့ ရာသီခွင် လေးခု။ 👼🏼 😈

Your Soul Healer Z 🍀
🔮For personal reading, message me anytime!✨

**us

Ex ကို အခုထိ မမေ့နိုင်သေးတဲ့ တရုတ်ရာသီခွင်များ။Chinese zodiac signs who still can't get over their ex. Rabbit🐇ယုန်နှစ် (...
25/05/2025

Ex ကို အခုထိ မမေ့နိုင်သေးတဲ့ တရုတ်ရာသီခွင်များ။
Chinese zodiac signs who still can't get over their ex.

Rabbit🐇
ယုန်နှစ် ( 1987, 1999, 2011, 2023)

Ox 🐂
နွားနှစ် ( 1985, 1997, 2009,2021 )

Pig 🐖
ဝက်နှစ် ( 1995, 2007, 2019 )

Goat (or) sheep 🐐 🐑
ဆိတ်(သို့)သိုးနှစ် ( 1991, 2003, 2015)

Dog 🐕
ခွေးနှစ် ( 1994, 2006, 2018 )

Your Soul Healer Z 🍀

🔮For personal reading, message me anytime!✨

တရုတ်ရာသီခွင် ၁၂ ကောင်ရဲ့ Red Flag & Green Flag compilation ❤️💚ပုံတစ်ပုံချင်းစီရဲ့ အောက်မှာ 'ဘယ်ခုနှစ်'  က 'ဘယ်အကောင်လေး...
25/05/2025

တရုတ်ရာသီခွင် ၁၂ ကောင်ရဲ့ Red Flag & Green Flag compilation ❤️💚

ပုံတစ်ပုံချင်းစီရဲ့ အောက်မှာ 'ဘယ်ခုနှစ်' က 'ဘယ်အကောင်လေး' စိုးမိုးလဲဆိုတာ ဖော်ပြပေးထားတယ်နော်။ မွေးတဲ့နှစ်နဲ့ တိုက်ရှာကြည့်နော်။

Your Soul Healer Z 🍀

Oh wait! Btw, I'm fortune reader by using the Lenormand desk. For personal reading, message me anytime! ✨

တရုတ်ရိုးရာဗေဒင်ပညာမှာ ကိုယ်မွေးဖွားတဲ့နှစ်အလိုက် ကိုယ်အပေါ်လွှမ်းမိုးထားတဲ့ zodiac animals တွေရှိသလိုပဲ၊ ဒီ animals တွေ...
24/05/2025

တရုတ်ရိုးရာဗေဒင်ပညာမှာ ကိုယ်မွေးဖွားတဲ့နှစ်အလိုက် ကိုယ်အပေါ်လွှမ်းမိုးထားတဲ့ zodiac animals တွေရှိသလိုပဲ၊ ဒီ animals တွေကို အားဖြည့်ပေးတဲ့ elements (ဒြပ်စင်) တွေလဲ ရှိသေးတယ်။

🌳သစ်သား
🔥မီး
🌏မြေ
🪨သတ်တု
💧ရေ

ဆိုတဲ့ ဒြပ်စင်ငါးမျိုးပေါ့။

ဒီငါးမျိုးနဲ့တင် မပြီးသေးဘူးနော်။ ဒီ elements ငါးမျိုးကိုမှ Yin & Yang ☯️ ဆိုတဲ့ အပျော့အမာ၊ အဖိုအမ ဂုဏ်သတ္တိကလဲ ကိုယ့် မွေးနှစ်အရ ကိုယ့်ကံဇာတာမှာ ပေါင်းစပ်သေးတာ။

လူတစ်ယောက်က 1990 ခုနှစ်မှာ မွေးဖွားတယ် ဆိုပါစို့။ တရုတ်ရိုးရာဗေဒင်နည်းအရ တွက်ချက်ကြည့်ရင် Yang metal horse year bornလို့ ခေါ်တယ်။ ဒါဆို သူက မြင်းနှစ်ဖွား၊ (Yang) အမာ ဂုဏ်သတ္တိရှိတဲ့၊ (metal) သတ္တုဒြပ်စင်က အားဖြည့်ပေးထားတဲ့သူ။

မြင်းနှစ်ဖွားဖြစ်တဲ့အတွက် ထိုသူက ဘယ်အရာမဆို၊ တက်ကြွတဲ့သူ။ လွတ်လပ်မှုကိုမြတ်နိုးတဲ့သူလို့ သိနိုင်တယ်။ Yang အားကောင်းပြီး မွေးဖွားလာသူမို့ စိတ်ဓါတ်ခိုင်မာတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်၊ နွေးထွေးတဲ့စိတ်ထားရှိတဲ့သူလို့ အကြမ်းဖျဉ်းသိနိုင်တယ်။ Metal element အားဖြည့်‌ပေးထားသူမို့- ရည်မှန်းချက်ကြီးတယ်။ သူ့ရည်မှန်းချက်သူ ကောင်းကောင်းသိတယ်။ တကယ် လိုချင်တာ ရချင်တာရှိရင် တစိုက်မက်မက်ကြိုးစား ရယူတတ်တယ်။ ဒီလို စိတ်ဓါတ်စွမ်းအားတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေရှိတဲ့ လူတယောက်အနေနဲ့ ကမ္ဘာမြေပေါ်ရောက်လာတဲ့သူပေါ့။ ဒီလိုလေးတွေ သိနိုင်တာပေါ့လေ။ ဒါက အမြည်းသဘော‌လေး ပြောပြတာပါ။

အခုကတော့ ကိုယ့်ရဲ့ မွေးနှစ်အလိုက် ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘယ် elements အထောက်အပံ့တွေနဲ့ မွေးလာလဲ။ Yin အားကောင်းလား၊ Yang အားကောင်းလား ဆိုတာ အရင်ဆုံး သိရအောင် အောက်က ဇယားကွက်လေးကို ကြည့်ပြီး တွက်ကြည့်ကြည့်နော်။

ကိုယ်က ဘာနှစ်ဖွားလဲဆိုတာ မသိသေးတဲ့သူတွေကတော့ ဒီ link လေးကနေ ကိုယ်က ဘာနှစ်ဖွားလဲ အရင်ကြည့်ကြည့်နိုင်ပါတယ်။ 👇🏻
https://www.facebook.com/share/p/1F4NzfDPUC/
--------
နောက်နေ့တွေမှာ Elements တွေရဲ့ အထောက်အပံ့တွေက ဘာတွေလဲ။ Yin & Yang ရဲ့ ဂုဏ်သတ္တိတွေက ဘာတွေလဲ။ ပေါင်းစပ်လိုက်ရင် ဘယ်လိုအဖြေတွေပြောင်းလဲသွားမလဲဆိုတာ Sharing ထပ်လုပ်ပေးမယ်နော်။

Your Soul Healer Z 🍀

Friday born လေးတွေအတွက် သီးသန့် ဖတ်ထားတဲ့ lenormand Reading 🔮သောကြာသားသမီးများအတွက် ဒီနေ့ဟာ စိတ်ခံစားချက်ကို ဖော်ပြဖို့ ...
23/05/2025

Friday born လေးတွေအတွက် သီးသန့် ဖတ်ထားတဲ့ lenormand Reading 🔮

သောကြာသားသမီးများအတွက် ဒီနေ့ဟာ စိတ်ခံစားချက်ကို ဖော်ပြဖို့ အကောင်းဆုံးနေ့ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အသင်းအဖွဲ့နဲ့အလုပ်လုပ်ရတဲ့အခါမှာလဲ မိမိရဲ့ စိတ်ကူးစိတ်သန်းတွေကို ချပြဖို့ အကောင်းဆုံးနေ့ရက်ပါ။ ကိုယ့်ရဲ့ ကိုယ်ရေကိုယ်သွေးဟာ ဒီနေ့မှာ ပိုပြီး တောက်ပနေပါလိမ့်မယ်။ တပါးသူအကြောင်း မကောင်းပြောခြင်း၊ မကောင်းစကားဆိုခြင်း၊ negative energy များ လက်ခံခြင်းကို ရှောင်ပါ။

Lucky number : 6️⃣
Lucky colour: ပန်းရောင်၊ ခရမ်းနုရောင်၊ အဖြူရောင်

သောကြာဂြိုဟ်မင်းနှင့်တကွ၊ သောကြာသားသမီးအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။

Your Soul Healer Z 🍀

22/05/2025

ရွှေလိပ်မြင်၊ ငွေလှိမ့်ဝင်။

မင်္ဂလာရှိသော မနက်ခင်းကို၊ ဤမင်္ဂလာနမိတ်ဖြင့် အစပြုပါသည်။ အကြောင်းတိုက်ဆိုင်၍ ဤရွှေလိပ်အား မြင်သူအားလုံး ငွေကံ ထူးထူးခြားခြား မြင့်တက်ပြီ။ ထီဆုကြီးပေါက်သလို ငွေတွေအစုလိုက်အပြုံလိုက် ဝင်ပြီ။ အလိုရှိရာ ပြည့်စုံပြီ။

Your Soul Healer Z 🍀

ဒီနေ့တော့ ကိုယ်ဒီနှစ် ဘယ်လိုသက်ရောက်မှာ ရောက်နေလဲဆိုတာ ကိုယ်တိုင်တွက်ကြည့်ချင်သူတွေအတွက် တွက်နည်းလေး မျှဝေပေးပါမယ်။ အရင်...
30/05/2024

ဒီနေ့တော့ ကိုယ်ဒီနှစ် ဘယ်လိုသက်ရောက်မှာ ရောက်နေလဲဆိုတာ ကိုယ်တိုင်တွက်ကြည့်ချင်သူတွေအတွက် တွက်နည်းလေး မျှဝေပေးပါမယ်။

အရင်ဆုံး အဋ္ဌလဂ်ခွင်လေးကိုတော့ သိထားရပါမယ်။ အောက်မှာပြထားတဲ့ ပုံကတော့ အဋ္ဌလဂ်ခွင်ဖြစ်တဲ့ ဂြိုဟ်ခွင်ပုံပါ။ ဒါလေးကိုတော့ ပုံသေ မှတ်ထားရပါမယ်။ ပြီးရင် ဘယ်နေ့သားသမီးပဲဖြစ်ဖြစ် လက်ရှိရောက်နေတဲ့ အသက်ကိုတည်ပြီး (၈) နဲ့ စားရပါမယ်။ (၈) နဲ့စားလို့ ကြွင်းတဲ့အကြွင်းကို ဂြိုဟ်ခွင်ပုံမှာပြထားတဲ့အတိုင်း မိမိရဲ့ မွေးနံကနေစပြီး လက်ယာရစ် ရေတွက်ရပါမယ်။

ဥပမာပြောရရင်။

တနင်္ဂနွေသား/သမီး တယောက် အသက် (၅၄) နှစ်ရှိပြီ ဆိုပါစို့။ (၅၄) ကို (၈) နဲ့စားရင် (၆) ကြွင်းပါတယ်။ ဂြိုဟ်ခွင်အတိုင်း တနင်္ဂနွေအကွက်ကနေစပြီး လက်ယာရစ်ရေရင် (၆)ကွက်မြောက် ကြာသပတေးကို ရောက်ပါမယ်။ ဆိုတော့ ဒီလူဟာ ဒီနှစ်မှာ ကြာသပတေးဂြိုဟ် သက်ရောက်တယ်လို့ အဖြေထွက်ပါတယ်။

ကဲ ဒါဆို ကိုယ်ရော ဘယ်သက်ရောက်မှာရောက်နေလဲဆိုတာ အတည်သိချင်လို့ပဲဖြစ်ဖြစ်၊ အပြင်းပြေပဲဖြစ်ဖြစ် တွက်ကြည့်ကြပါဦး။ အတည်သိချင်တဲ့သူတွေကတော့ တွက်ပြီးလို့ ကိုယ်ဘယ်သက်ရောက်မှာ ရောက်နေလဲ သိရရင် သက်ရောက်အဟောတွေကို post အောက်က comment မှာ ဖတ်ရှုနိုင်ပါတယ်။

Z.Lenormand

Address


Opening Hours

Monday 20:00 - 22:00
Tuesday 20:00 - 22:00
Wednesday 20:00 - 22:00
Thursday 20:00 - 22:00
Friday 20:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Soul Healer Z posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share