VigRx For Men Online

  • Home
  • VigRx For Men Online

VigRx For Men Online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from VigRx For Men Online, Medical and health, .

" သတိထားသင့်တဲ့ ဒူးကျီးပေါင်း "🦴' အသက်ကြီးလာရင် ဟိုနား ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်၊ ဒီနား ဂျွတ်ဂျွတ် ဂျွတ်ဂျွတ် ' နာနေတာပဲလို့...
13/11/2021

" သတိထားသင့်တဲ့ ဒူးကျီးပေါင်း "

🦴' အသက်ကြီးလာရင် ဟိုနား ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်၊ ဒီနား ဂျွတ်ဂျွတ် ဂျွတ်ဂျွတ် ' နာနေတာပဲလို့စာရေးသူအမေကတော့အမြဲပြောပါတယ်။ အထူးသဖြင့် ကိုယ့်ခန္ဓာကိုယ် အလေးချိန်ကို သယ်ထားရတဲ့ ဒူးဆစ်ကလေးတွေ ပိုဆိုးပါတယ်။ အထိုင်အထတွေ၊ လှေကားတက်ရတာတွေ ခက်ပြီး ညနေပိုင်းတွေဆို ပိုနာတတ်ပါတယ်။ ဒါကိုတော့ ဒူးကျီးပေါင်းလို့ ခေါ်လို့ရပါတယ်။

🦴ပုံမှန်ဆိုရင် အရိုးနှစ်ခုကြားမှာ တစ်ခုနဲ့ တစ်ခု မပွတ်အောင် အရိုးနုလေးတွေနဲ့ ခြားထားပါတယ်။ ဒီအရိုးနုလေးတွေ ပွတ်တိုက်ပြီး ပျက်ဆီးသွားတဲ့ အခါ အဆစ်နှစ်ခုထိခိုက်မိပြီး လှုပ်ရှားနိုင်မှာ နာလာတာ၊ အဆစ်ပုံပျက်တာမျိုးဖြစ်တတ်ပါတယ်။ အသက်ကြီးတာ၊ အဝလွန်တာ၊ အဆစ်ရောဂါနဲ့ အခြားသော အကြောင်းအမျိုးမျိုးကြောင့် ဒူးကျီးပေါင်းဖြစ်ပေါ်တတ်ပါတယ်။
အသက် ၅၀ ကျော်လာရင် ပိုအဖြစ်များပြီး အမျိုးသမီးတွေက ပိုဖြစ်တတ်ပါတယ်။

🦴ဒူးကျီးပေါင်းဖြစ်လာပြီဆို ဘယ်လိုတွေလုပ်ကြမလဲ?

🦵သက်သာအောင် ကုသနည်းတွေအမျိုးမျိုးရှိပေးမယ့် အဓိကကတော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အမြစ်ပြတ်ကုသ တာမျိုး မရပေမယ့် ရောဂါလက္ခဏာသက်သာစေတဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။

🦵X -ray ရိုက်ကြည့်တာ အရမ်းနာလာရင် အကိုက်အခဲပျောက်ဆေးသောက်တာမျိုးလုပ်လို့ရပါတယ်။

🦵ကိုယ်အလေးချိန်ချတာ ၊ ကြွက်သားတွေကို သန်မာစေဖို့ပုံမှန် လေ့ကျင့်ခန်းတာမျိုး လုပ်ပေးရပါမယ်။

🦵အဆစ်ကြားကို ဆေးထိုးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် အန္တရာယ်များတဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။

🦵Glucosamine တွေ၊ ငါးကြီးဆီတွေသောက်ရင် ကတော့ အချို့မှာ သက်သာပေမယ့် ထူးခြားတဲ့ပြောင်းလဲမှုတွေမဖြစ်တာကိုလည်း သုတေသနစာတမ်းတွေမှာ တွေ့ရပါတယ်။

🦵အကယ်၍ ရောဂါအခြေအနေက ရင့်လာတယ်၊ ဆိုးလာတယ် ဆိုရင်တော့ ဒူးအစားထိုး ကုသတာမျိုးလုပ်နိုင်ပါတယ်။

👩🏻‍⚕️အသက်ကြီးရင် ဒူးနာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာပါ။ ဒါပေမယ့် ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲဖြစ်ဖြစ် ဒူးနာပြီဆိုရင်တော့ မပေါ့ဆပါနဲ့။ ရောဂါ အခြေအနေမဆိုးခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်။

_______________________
ကျန်းမာရေးနဲ့ ဆိုင်တဲ့ မေးခွန်းများမေးမြန်းလိုပါက HOPE မှ ဆရာဝန်တွေကို မနက် ၈ မှ ည ၁၀နာရီ အတွင်း အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်..

𝗛𝗢𝗣𝗘 𝗮𝗽𝗽 ဒေါင်းရန် :(For Android)
🤍 https://bit.ly/3sTy2sJ

#ဒူးကျီးပေါင်း #ကျီးပေါင်း #ဒူးနာရောဂါ

ဖုန်း​တွေကို အနားမှာထားအိပ်တာ တကယ်ပဲ​သင့်​တော်ရဲ့လား❓ ၂၁ရာစုမှာ လူငယ်အများစုက လက်ကိုင်ဖုန်း(စမတ်ဖုန်း​)တွေကို ခေါင်းအုံး...
13/11/2021

ဖုန်း​တွေကို အနားမှာထားအိပ်တာ တကယ်ပဲ​သင့်​တော်ရဲ့လား❓

၂၁ရာစုမှာ လူငယ်အများစုက လက်ကိုင်ဖုန်း(စမတ်ဖုန်း​)တွေကို ခေါင်းအုံးနားမှာထားအိပ်လာတတ်ကြပါတယ်။ ဒါဟာ ကျန်းမာ​ရေးရှု​ထောင့်အ​နေနဲ့ကြည့်မယ်ဆိုရင် တကယ်ပဲ အန္တရာယ်မရှိဘူးလား🤔 ဘယ်လိုဆိုးကျိုး​တွေ ရှိနိုင်မလဲဆိုတာကို ​​လေ့လာကြည့်ကြရ​အောင်...

ပထမဆုံးနဲ့ ​အ​ရေးကြီးဆုံးအချက်က​တော့ လက်ကိုင်ဖုန်းကို အနီးအနားမှာထားအိပ်မိမယ်ဆိုရင် သင့်ရဲ့ အိပ်စက်ခြင်းကို အ​နှောင့်အယှက်​ပေးနိုင်ပါတယ်။ လူ​တွေဟာ အိပ်မ​ပျော်လို့ဖြစ်​စေ၊ အိပ်ရင်းနဲ့ခဏနိုးလာလို့ပဲဖြစ်​စေ အနားမှာထားထားတဲ့ လက်ကိုင်ဖုန်းကို ကြည့်တတ်ပါတယ်။ ဒါဟာ မ​ကောင်းတဲ့အ​လေ့အကျင့်တခုဖြစ်သလို နှစ်ခြိုက်စွာအိပ်စက်အနားယူနိုင်ဖို့အတွက် ခက်ခဲ​စေနိုင်ပါတယ်။

လေ့လာ​မှုတွေအရ လက်ကိုင်ဖုန်းကထွက်တဲ့ လျှပ်စစ်သံလိုက်ဓါတ်​ရောင်ခြည်နဲ့ ကြာကြာထိ​တွေ့မယ်ဆိုရင်ဦး​နှောက်ထိခိုက်​စေတဲ့အတွက် မှတ်ဥာဏ်စွမ်းအားနဲ့ အာရုံစူးစိုက်နိုင်စွမ်း​တွေကို ​လျော့နည်း​စေနိုင်ပါတယ်။

လျှပ်စစ်သံလိုက်ဓါတ်​ရောင်ခြည်​ကြောင့် ♀️ကိုယ်ဝန်​ဆောင်အမျိုးသမီး​တွေအ​နေနဲ့ မိမိရဲ့သ​န္ဓေသားကို ထိခိုက်​စေနိုင်ပြီး ♂️ အမျိုး​သားတွေမှာဆိုရင်​တော့ သုတ်ပိုးအရည်အတွက်​ကော အရည်အ​သွေး​ကောပါ ကျဆင်း​စေနိုင်ပါတယ်။

ယခုလက်ရှိအထိ​ အတိအကျမ​ပြောနိုင်​ပေမယ့် ဖုန်းကထွက်လာတဲ့ ဓါတ်​ရောင်ခြည်​တွေက ကင်ဆာဖြစ်​​စေတယ်လို့ သတ်မှတ်ထားကြပါတယ်။

အဆုံးသတ်အ​နေနဲ့က​တော့ လက်ကိုင်ဖုန်း​တွေကို မဖြစ်မ​နေအနီးအနားမှာထားအိပ်ရမယ်ဆိုရင် မိမိနဲ့ အနည်းဆုံး ၃​ပေ အကွာ​လောက်မှာ ထားပြီး အိပ်​စေချင်ပါတယ်။

Ref: manipalhospitals

_______________________
ကျန်းမာရေးနဲ့ ဆိုင်တဲ့ မေးခွန်းများမေးမြန်းလိုပါက HOPE မှ ဆရာဝန်တွေကို မနက် ၈ မှ ည ၁၀နာရီ အတွင်း အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်..

𝗛𝗢𝗣𝗘 𝗮𝗽𝗽 ဒေါင်းရန် :(For Android)
🤍 https://bit.ly/3sTy2sJ

သင့်ရဲ့သွေးပေါင်ချိန်နံပါတ်များက ဘယ်လိုအဓိပ္ပါယ်လဲ....❓❓➡  သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂မျိုး ပါဝင်ပါတယ်။ သင့်ခန္ဓါကို...
13/11/2021

သင့်ရဲ့သွေးပေါင်ချိန်နံပါတ်များက ဘယ်လိုအဓိပ္ပါယ်လဲ....❓❓

➡ သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂မျိုး ပါဝင်ပါတယ်။ သင့်ခန္ဓါကိုယ်မှာ လည့်ပတ်နေတဲ့ သွေးကြိမ်နုန်းကို တိုင်းတာတာဖြစ်တယ်။

☑ – Systolic (အပေါ်ကိန်း) ကတော့ပိုများတဲ့ပမာဏတစ်ခုပါ။ နှလုံးခုန်တဲ့အခါ သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တန်ဖိုးကိုတိုင်းတာတာပါ။ ဒါဟာ နှလုံးကြွက်သားကျုံ့ညှစ်တဲ့အချိန်မှာ ဖြစ်လာပါတယ်။

☑ – Diastolic (အောက်သွေး) ကတော့ ပိုနည်းတဲ့ပမဏဖြစ်ပြီး နှလုံးခုန်သံ တစ်ချက်နဲ့တစ်ချက်ကြားထဲက သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ နှလုံးက ခဏနားနေပြီး သွေးပြန်ဖြည့်နေတဲ့အချိန်ဖြစ်ပါတယ်။

ပြင်းထန်မှုပေါ်မူတည်ပြီး သွေးတိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်:

👍 Prehypertension: 120/80 mmHg or higher

👍 Stage 1 high blood pressure: 140/90 mmHg or higher

👍 Stage 2 high blood pressure: 160/100 mmHg or higher

👍 Hypertensive crisis (a life-threatening condition): 180/110 mmHg or higher

➡ American Heart Association ၏အဆိုအရ 120/80 mmHg နဲ့ 90/60 mmHg ကြား ပမာဏကို သွေးပေါင်ချိန်ပုံမှန် ဖြစ်တယ်လို့ မှတ်ယူပါတယ်။ တစ်ခါလေးတိုင်းရုံနဲ့ သွေးတိုးရျိတယ်လို့ မှတ်လို့မရပါ။15 မိနစ်အကြာမှာတစ်ခါထပ်တိုင်းပြီးမှ သွေးတိုးနေပြီလို့ သတ်မှတ်ရမှာပါ။🙂

➡ သင့်ရဲ့သွေးပေါင်ချိန်ဖတ်တာဟာ တသမတ်တည်း 140/90 mmHg အထက်ရောက်နေရင် သွေးတိုးရောဂါဖြစ်နေပြီလို့ ဆိုနိုင်ပါသည်။ ဒါဟာသင့် သွေးတွေက ဖိအားပိုမြင့်နေပြီး သွေးကြောတွေရော ကိုယ်တွင်းအင်္ဂါအပေါ်ပိုပြီးဖိအားပေး ထိခိုက်နေပြီလို့ဆိုလိုပါတယ်။

Credit-Helloဆရာဝန်

Address


Website

Alerts

Be the first to know and let us send you an email when VigRx For Men Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share