SHWE BHONE MYAT Pharmacy

  • Home
  • SHWE BHONE MYAT Pharmacy

SHWE BHONE MYAT Pharmacy ​ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားရော

10/06/2025

Hello

11/02/2025
**စာအုပ် စာပေတွေ ဖတ်ရင်းစိတ်ဓာတ်ဖြည့်စွက်စာ ဆိုတဲ့ စာပေ အားဆေးတွေစားရင်း လောကဓံရဲ့ ရိုက်ခက်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ အချိန်...
03/04/2024

**စာအုပ် စာပေတွေ ဖတ်ရင်း
စိတ်ဓာတ်ဖြည့်စွက်စာ ဆိုတဲ့
စာပေ အားဆေးတွေစားရင်း
လောကဓံရဲ့ ရိုက်ခက်မှုတွေ
ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေက
ကိုယ့်ရဲ့မှတ်စု စာသားလေးပေါ့**

ကိုယ့်လိုပဲ လက်ရှိကာလနိုင်ငံရေး အပြောင်းအလဲတွေ၊
ဘဝရဲ့ အဆင်မပြေမှုတွေ၊ ဘဝရဲ့ရိုက်ခက်မှုတွေ
ရင်ဆိုင်နေကြရတဲ့ မိတ်ဆွေများအားလုံး
စိတ်ဓာတ်များ အားနည်းလာခဲ့ရင်
ဘဝရဲ့ လမ်းမှန်ကို ညွှန်ပြပေးမယ့်
စာပေတွေ ဖတ်ရှု့ရင်း စိတ်သက်သာရာ
ရှာဖွေနိုင်ကြပါစေလို့ ဒီစာသားလေးနဲ့
အားပေးစကား ဆိုပါရစေ

 #အယ်နီညို တော့လာနေပြီ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ။အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝ...
29/03/2024

#အယ်နီညို တော့လာနေပြီ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ။

အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် အပူလှိုင်းများ ဖြစ်ပေါ်လာမည်ဟု မိုးလေဝသ ပညာရှင်များက ထုတ်ပြန်ထားသည်။
အရှေ့တောင် အာရှနိုင်ငံများသည် အပြင်းထန်ဆုံးသော ဒေသများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းတို့တွင် အပူချိန် ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်မားသော အပူလှိုင်းများကို နိုင်ငံများက ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန်..
ပထမအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာအကောင်းဆုံးက အပူချိန်နဲ့ အပူလှိုင်းတွေအောက်မှာ လျှပ်စစ်မီးမရှိခြင်းဖြစ်သည်။ ဒါဆိုဘာလုပ်သင့်လဲ။
အပူချိန် ၃၈ ဒီဂရီရောက်ရင် ရေနွေးကို တတ်နိုင်သမျှ သောက်သုံးသင့်တယ်လို့
စင်ကာပူ တရုတ်လူမျိုး ဒေါက်တာ Chen က သတိပေးထားပါတယ်။
အပူချိန်မြင့်လွန်းခြင်းကြောင့် သွေးကြောတွေ ပေါက်ကွဲတာ၊ လေဖြတ်တာ၊ သေဆုံးတာတွေ ဖြစ်တတ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ အပူချိန်မြင့်နေချိန် ရုတ်တရက် နောက်ပြန်လှည့်တာမျိုး၊ ရေခဲရေ သောက်သုံးခြင်းမျိုး၊ လေအေးပေးစက်ကို တိုက်ရိုက်မှုတ်ခြင်းမျိုး မလုပ်ပါနဲ့၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ပါနဲ့၊
ထိုင်ရာမှ ရုတ်တရက် အရမ်းကြီး မထပါနဲ့။ အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ အထူးသတိထားသင့်သည် ။ အပူချိန် မြင့်မားသော ရာသီဥတုတွင် ရေဓာတ်အချိန်မီပြန်လည်ဖြည့်တင်းခြင်း၊ ရေဓာတ်ဆုံးရှုံးသွားသည့်အတိုင်း ပြန်လည်ဖြည့်တင်းခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဓာတ်ဆားမှုန့်၊ စပျစ်သီးမှုန့်စသည်တို့ကို စနစ်တကျ ဖြည့်တင်းပေးခြင်း၊ အသီးအရွက်နှင့် သစ်သီးဝလံများကို များများစားပြီး လေးလံထိုင်းမှိုင်းစေသောအစားအစာများလျှော့စားပါ။ အပူချိန်မြင့်မားခြင်းကြောင့် စိတ်တို လေလေ စိတ်မသက်မသာ ဖြစ်လေလေပါပဲ။ မိသားစုနဲ့ကိုယ့်ကိုကိုယ်ကာကွယ်ပါ။ (ဒီပူပြင်းလှတဲ့အပူရှိန်နှင့် လျှပ်စစ်မီးမရှိသောကြောင့် အပူချိန်များမြင့်နေသဖြင့် လူတိုင်းသတိထားသင့်ပါသည်။) အချို့နေရာတွင် အပူချိန်ပြောင်းလဲကာ အပူချိန်ကျဆင်းသွားစေရန်အတွက် မိုးအနည်းငယ်ရွာနိုင်မည်ဖြစ်ပါသည်။

ကျေးဇူးပြု၍ ညီအစ်ကိုမောင်နှမများ၊
ဤဆောင်းပါးကို သင့်ဆွေမျိုးများနှင့် မိတ်ဆွေများထံ
ပေးပို့ပါ။ အနည်းနှင့်အများ အကူအညီဖြစ်ပါမည်။

Credit

ခြေထောက်ဖောရောင်ပြီး သွေးကျနေလျှင်ခြေထောက်ကြီးဖောင်းပြီး လေမ လျှောက်ပဲ သွေးကျ တာမျိုးကို ဖြစ်ဖူးကြလား? ခြေ ထောက်သွေးကျတယ...
07/03/2024

ခြေထောက်ဖောရောင်ပြီး သွေးကျနေလျှင်

ခြေထောက်ကြီးဖောင်းပြီး လေမ လျှောက်ပဲ သွေးကျ တာမျိုးကို ဖြစ်ဖူးကြလား? ခြေ ထောက်သွေးကျတယ် ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးက သွေးပေါင်ကျတာနဲ့ မ တူပဲ ခြေ ထောက်တစ်ခုတည်းမှာပဲက ွက်ပြီး လေးပင် ဖောင်းကားနေတာမျိုးပါ။ ပုံမှန်ရက်ထက် ဒီ နေ့မှာသင့် ခြေ ထောက်ကြီးက ဖောင်းပြီး လေးလံ နေ တာမျိုး ကိုခံစားနေရပြီး ခြေဖဝါးကြီးခရမ်းရောင်သမ်း နေပြီဆိုရင်တော့ ဒါ ဟာခြေ ထောက်သေ ွးကျခြင်း ဝေဒနာပါပဲ။

ဘယ်လို အ ခြေအ နေမျိုးမှာ ခြေထောက်သွေးကျခြင်း ဖြစ်ပေါ်လာစေတတ်သလဲ?

အထူးသဖြင့် ကားကြာကြာမောင်းရသူ၊ မတ်တပ်ကြာ ကြာရပ်ရသူနဲ့ ခြေ ထောက်ကို အောက်ချပြီး အကြာ ကြီးနေရတဲ့သူတွေမှာ ခြေ ထောက်သေ ွးကျခြင်းက ပိုလို့ဖြစ်လာနိုင်ပါတယ်။ ကားကြာကြာ မောင်းတဲ့သူ တွေ ဟာ ခြေ ထောက်ကို အမြဲလိုလိုသေသေကြီးနေရ တာကြောင့် ကားမောင်းရင်း အချိန်သုံးနာရီ လာက် ဆက်တိုက်ကြာသွားတဲ့အခါမှာတော့ ခြေ ထောက် သေးကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ထိုနည်း လည်းကောင်းပါပဲ မတ်တပ်အကြာကြီးရပ်တဲ့သူမျိုး တွေ မှာလည်း ၄၀% လောက်က တော့ ခြေ ထောက် သေ ွးကြဖူးတဲ့သူကြီးပါပဲ ။

ဒါဆိုရင် ဒီလို ခြေ ထောက်သေ ွးကျတာကြီးဘယ်လို ကုသမလဲ?

အသက်သေ စနိုင်လောက်တဲ့ ရောဂါမဟုတ်တဲ့ အတ ွက်စိတ်ပူစရာတော့မလိုပါဘူး။ ကုသနိုင်တဲ့ နည်းလမ်းတွေကတော့..

(၁) ရေခဲနဲ့ ခြေထောက်ကို အုံပေးပါ

(၂) ရေဇလုံတစ်ခုနဲ့ ခြေ ထောက်ကို ဆားရည်စိမ်ပေး

(၃) ခြေ ထောက်ကို အ ပေါ်သို့ ၇ မိနစ် လောက် ည စဉ် ပင့် ထောင် ထားပေးပါ

(၄)ကျောက်စရစ်ခဲပေါ် ဖိနပ်မပါဘဲလမ်းလျှောက်ပေးပါ

ဒီနည်းလမ်းလေးတွေနဲ့ကုသကြည့်တာ တောင်အဆင် မ ပြေပဲ ဆိုးဝါးနေမယ်ဆိုရင်တော့ နည်းစပ်ရာ ဆရာဝန်နဲ့ ညှိနှိုင်းပြီးမှ ကုသသင့်ပါတယ်။

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

Credit from
ကျန်းမာချမ်းသာကြပါစေ
#အရဟံသမြားနီဆေးကြီး
09258002442
09447771982

နနွင်း အသုံးဝင်ပုံများ အပင်ရွက်ယောင် ပင်စည် ဖြစ်ပြီး ၄-၅ ပေ ခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥ များရှိသည်။ မြစ်ဥ အတွင်း သား တော...
03/03/2024

နနွင်း အသုံးဝင်ပုံများ


အပင်

ရွက်ယောင် ပင်စည် ဖြစ်ပြီး ၄-၅ ပေ ခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥ များရှိသည်။ မြစ်ဥ အတွင်း သား တောက်ပ သော အရောင် ရှိသည်။ နနွင်း အမျိုးအစား ၇ မျိုး ရှိသည့် အနက် ဆေးဖော်စပ် ရာ၌ ဤ နနွင်း ရိုးရိုး ကိုသာလျှင် ဆေးဖက် အဖြစ် အထူး အသုံး ပြု၏။

အရွက်

ရွက်ညှာ သည် ရွက်ပြားနှင့် အလျား ညီ၏။ ရွက်ညှာ ရင်းမှ ရွက်ပြား ထိပ် အထိ အမြှောင်း ပါသည်။ ရွက်ပြား ရှည်မျောမျော ပုံဖြစ် ပြီး အဖျားချွန် ကာ အရင်းသွယ်သည်။ ရွက်နား ညီသည်။ ရွက်ကြောများ အလွန် ထင်ရှားသည်။

အပွင့်

အဝါ နုရောင် ရှိသည်။ အပွင့်သည် ဆိပ်ဖူးပွင့် နှင့် တူသည်။ ဝါဆို ၊ ဝါခေါင် လများတွင် ပွင့်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ

ဥတက်။

အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေ နွေးစေ၏။ ပူသော ဂုဏ်သတ္တိ ရှိ၏။ လေကို နိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာ မကြေရောဂါ ကို ပျောက်ကင်း စေတတ်၏။

အသုံးပြုပုံ(ဥတက်)

နနွင်း သည် ရောဂါ အမျိုးမျိုးတို့ ကို ပယ်နိုင်၍ အသက်ရှည် စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေး အမျိုးမျိုး၊ မျက်စိ ဆေး အမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ် ရာတွင် အသုံးပြု၏။

ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချည့်နဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်း တို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။

သားအိမ် မသန့် သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျား ရောဂါတို့ အတွက်လည်း နနွင်း ကို ဆေးဖက် အဖြစ် အသုံး ပြုရ၏။

နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရျေနှင့် ကျိုပြီး ပျားရည် သင့်ရုံ စပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။

သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။

နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်း စေ၏။

နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက် သော် လေထိုး လေအောင့် ရောဂါ ပျောက်၏။

အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။

နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။

နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။

နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်၏။

credit from
#အရဟံသမြားနီဆေးကြီး

အမျိုးသမီးတို့အတွက် GynomixGynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။ Gynomix က ပိုးသတ်ဆေး antibiotics တစ်မျိုးဖ...
03/03/2024

အမျိုးသမီးတို့အတွက် Gynomix
Gynomix သည် မိန်းမကိုယ်ထဲကိုထည့်ရတဲ့ဆေးတစ်မျိုးပါ။
Gynomix က ပိုးသတ်ဆေး antibiotics တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ပဲသုံးစွဲလျှင်သော်လည်းကောင်း၊ ခဏခဏသုံးစွဲလျင်သော်လည်းကောင်း ပိုးသတ်ဆေး ယဥ်ပါးခြင်း ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေ မိန်းမကိုယ်ယားယံခြင်း၊အဖြူဆင်းခြင်းတွေမှာ လိုအပ်မှသာ OG တွေကပေးလေ့ရှိပါတယ်။
Gynomix မှာ က ပိုးသတ်ဆေး၃မျိုးကို ပေါင်းပြီးထုတ်လုပ်ထားတာပါ။

1.Metronidazole (မက်ထရိုနိုင်ဒဇော)
သူ့ကြောင့် ဘက်တီးရီးယား တွေနဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။

2.Nystatin (နိုင်စတက်တင်)
သူ့မှာက မိန်းမကိုယ်အတွင်းမှာ ယားယံခြင်း၊အဖြူဆင်းခြင်းတို့ကိုဖြစ်စေတဲ့ မှို (fungus)တွေကို သေစေပါတယ်။

3.Neomycin(နီရိုမိုင်ဆင်)
သူ့မှာပါတဲ့aminoglycoside(အမိုင်နိုဂလိုက်ကိုစိုက်)တွေကြောင့်လည်း မိန်းမကိုယ်မှာဖြစ်ပွားစေတတ်တဲ့bacteria အတော်များများ ကို နှိမ်နင်းနိုင်ပါတယ်။

ဆိုတော့က ဒီလိုမျိုး ၃မျိုးပေါင်းထားတဲ့ ပိုးသတ်ဆေးတွေက မမတို့ညီမလေးတို့ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ သုံးဖို့ရာမသင့်တော်ပါဘူး။

ကိုယ်ကဘာကြောင့် မိန်းမကိုယ်ယားယံရတယ်၊အဖြူဆင်းတယ် ၊အရောင်ပြောင်းတယ်ဆိုတာတွေကို သိဖို့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသပါ။

ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပိုးသတ်ဆေးတွေကိုသုံးမယ်ဆိုရင် ဖြစ်လာနိုင်တာက ကိုယ်တကယ် ပိုးသတ်ဆေးသုံးရတော့မယ့်အခြေအနေမှာ ဆေးမတိုးတော့တာ ဖြစ်နိုင်ချေအများကြီးရှိနေပါတယ်။

Gynomixက မိန်းမကိုယ်အတွင်းကိုထည့်ရပေမဲ့ မိန်းမကိုယ် သန့်ဆေး သားအိမ်သန့်ဆေး မဟုတ်ပါဘူး။

ဘက်တီးရီးယား၊မှို၊ကပ်ပါးကောင်တို့ မိန်းမကိုယ်မှာပေါက်ဖွားလာလို့သာသုံးရတာပါ။

Gynomixကို ကိုယ်ဝန်ယူဖို့ကြိုးစားနေချိန်မှာလဲ မသုံးသင့်ပါဘူး။

Gynomixမှာ ပါတဲ့ Metronidazole က ကိုယ်ဝန်လနုစဥ် အခါမှာသုံးမိမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျ နိုင်ချေတွေ အများကြီးရှိနေပါတယ်။

အရေပြားယားယံခြင်း၊အလာဂျီ(allergy)ဖြစ်ခြင်းတွေတော့ ဆေးသုံးကာစမှာ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဖြစ်ကြပါတယ်။ ဖြစ်တဲ့သူကတော့ တော်တော်နဲပါတယ်။

ကဲ ဒါဆိုရင် Gynomix လို ပိုးသတ်ဆေးတွေကို OGမပေးပဲ မသုံးကြပါနဲ့နော်။

Credit from

ပိုမိုကျန်းမာသော နေ့ရက်များဆီသို့...
allergy(phrmacist)
for all

ရာဇဖွား သားသား မီးမီးများသို့ဆရာ ရာဇဖွားလေးဖြစ်ပြီး ဘာကြောင့် မွေးနံဖြင့်ပေးလို့ မရတာလည် ဆိုတဲ့ မေးခွန်းဟာ။ကျွန်တော်ဆီ လ...
02/03/2024

ရာဇဖွား သားသား မီးမီးများသို့

ဆရာ ရာဇဖွားလေးဖြစ်ပြီး ဘာကြောင့် မွေးနံဖြင့်
ပေးလို့ မရတာလည် ဆိုတဲ့ မေးခွန်းဟာ။
ကျွန်တော်ဆီ လာအမည်ပေးတဲ့ ကလေး မိခင် ဖခင်တိုင်း
မေးတဲ့ မေးခွန်းပါပဲ။

အဲ့ဒီမေးခွန်းကို ဖြေဖို့ အတွက် အရင်ဆုံး နားလည်ထားဖို့
လိုအပ်တာက အင်္ဂဝိဇ္ဇာ ပညာခန်းပဲဖြစ်ပါတယ်။
အင်္ဂဝိဇ္ဇာပညာခန်းမှာ ဥပါဒ်ကြီး ကိန်းဆိုတဲ့
နေ့နံတစ်ခုကို ညံ့စေ ခိုက်စေတဲ့ ပထုပ်စေတဲ့ ပညာခန်းရှိပါတယ်။
နောက်ထပ် စောလှ လှေဆန် ဆိုတဲ့ နေ့နံ တစ်ခုကို
ဖျက်စီး ပျက်စီးစေတဲ့ ကိန်းလည် ရှိပါတယ်။
အဲ့ဒီကိန်းတွေက မိခင် ဖခင် နာမည်ကို ညှိစွန်း လာပြီ
ဆိုရင် ပေးလို့ မရခြင်းဖြစ်ပါတယ်။

အဲ့ဒီတော့ ရာဇဖွားလေးကို အမည်မပေးခင်
အဲ့ဒီ အင်္ဂဝိဇ္ဇာ ကိန်းတွေကို လေ့လာကြည့်ရအောင်။
{ ဒီ အင်္ဂဝိဇ္ဇာပညာခန်းတွေကို စတင် ဖော်ထုတ် ရေးသားခဲ့
သူက ဆရာကြီးဦးမောင်မောင်သန်း ရင်ကို အေးမြစေသား
ဖြစ်ပါတယ်}
ဆရာကြီးရဲ့ ကျေးဇူးကြောင့် ဒီပညာခန်းတွေ
လေ့လာခွင့် ဖတ်ရူခွင့် သင်ယူခွင့် ကျွန်တော်တို့ဟာ
ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ကဲ အဲ့ဒီတော့ ဥပါဒ်ကြီးကိန်းကို အရင်ဆုံး
လေ့လာကြည့်ရအောင်။
ဥပါဒ်ကြီး ကိန်းဆိုတာ နေ့နံ တစ်ခုရဲ့
ပဉ္စပွတ် စ ဆပွတ် အဆုံး မိတဲ့ ကိန်းဖြစ်ပါတယ်။
အရင်ဆုံး တနင်္ဂနွေ နံကို မူတည် ကြည့်ရအောင်။

၅ ပဉ္စပွတ်

၆ ဆပွတ်
၁ တနင်္ဂနွေ




တနင်္ဂနွေနံ ရဲ့ ဥပါဒ်ကြီးကိန်းမိတဲ့ နေ့နံ ၂ ခုတွဲဟာ
ကြာသပတေး အစ သောကြာ အဆုံး နေ့နံ အတွဲ ဖြစ်ပါတယ်။
ဒါဆိုရင် မိမိသားသမီးက တနင်္ဂနွေသားသမီး
မိခင် ၊ ဖခင်က တနင်္ဂနွေ အစ နာမည် ပိုင်ရှင်တွေ ဖြစ်ခဲ့
ရင် ဒီ ကြာသပတေး အစ သောကြာ အဆုံး နာမည်
ဘယ်လိုမှ ပေးလို့ မရနိုင်တော့ပါဘူး။
ပေးမိရင်လည် အင်္ဂဝိဇ္ဇာ ဗေဒင်သဘောတရား အရ
နာမည်ကောင်းတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါဆို ရာဇဖွားအကြောင်း ထပ်ဆက်ကြပါစို့။
ရာဇဖွားများဟာ မဟာဘုတ်ပညာအရ အထက်တန်းဖွား
များဖြစ်ပါတယ်။
နာမက္ခရတိုင်အရ ပြောရ ရင် လာဘ အဖွားများ ဖြစ်ပါတယ်။
မဟာဘုတ် ၀ ကြွင်းဖွား ကြာသပတေးသားသမီးဟာ
မဟာဘုတ်အရ ရာဇဖွား ကြာသပတေးသမီးဖြစ်သလို
နာမက္ခရတိုင်အရလည် လာဘဖွားကြာသပတေးသမီး ဖြစ်ပါတယ်။

__________| ၄ |________
၆ | ၂ | ၅ ရာဇဖွား ကြာသပတေး
---------------|------|-------------
၃။ | ၀ | ၁
မဟာဘုတ်



၅ လာဘဖွား ကြာသပတေးသမီး




နာမက္ခရတိုင်

ဟုတ်ပြီး အဲ့ဒီ ရာဇဖွား ကြာသပတေး သမီးလေး
မိခင် ဖခင်က ဦးအေး နဲ့ ဒေါ်ဦး တနင်္ဂနွေ နာမည် ပိုင်ရှင်
တွေ ဆိုပါတော့။

ပထမဦးဆုံး အမည်ပေးဖို့ကို မွေးနံကိုပဲ ဦးစားပေး
စဉ်းစားကြည့်တဲ့ အခါ။
ကြာသပတေး အစ အင်္ဂါအဆုံး ပေးမယ်ဆိုရင်
မဟာဘုတ် အရလည် ရာဇ အစ မရဏ အဆုံးသတ်လို့
ညံ့စေတယ် ၊ နာမက္ခရတိုင် အရလည် မှားစေတယ်။

ကြာသပတေး အစ စနေ အဆုံး အတွဲ
ကြာသပတေး အစ တနင်္ဂနွေ အဆုံး အတွဲတွေဟာလည်
နာမက္ခရတိုင် အရ ငှင်း
မဟာဘုတ် အိမ် အရ ငှင်း
အင်္ဂဝိဇ္ဇာတိုင် အရ ငှင်း ဘယ်လိုမှ တွဲပေးလို့ မရနိုင်ဘူး။

ဒါဆိုရင်
ကြာသပတေး အစ ဗုဒ္ဓဟူး အဆုံး ပေးမယ်ဆိုရင်လည်
မဟာဘုတ် အရ ကောင်းပေ့မယ့်
နာမက္ခရတိုင်အရ မှားစေတဲ့ အတွက် ပေးလို့ မရနိုင်ပြန်ဘူး။

ကြာသပတေး အစ တနင်္လာ အဆုံး ပေးမယ်ဆိုရင်လည်
အင်္ဂဝိဇ္ဇာတိုင်အရ မွေးနံ စ ပဉ္စပွတ် အဆုံးဖြစ်လို့
ကောင်းနေပေ့မယ့်။
မဟာဘုတ် အရ ရာဇ အစ သိုက် အဆုံးဟာ
မဟာဘုတ် ပက္ခတ်လည်ဖြစ် နာမက္ခရတိုင်လည်
မှားတဲ့ အတွက် မရနိုင်ပြန်ဘူး။

ကျန်တာဆိုလို့
ကြာသပတေး အစ သောကြာ အဆုံး အတွဲပဲ ကျန်ပါတယ်။ အဲ့ဒီ နေ့နံ အတွဲက ကလေးအတွက်
မွေးနံ စ အညွှန့်အဆုံး အတွဲဖြစ်တယ်။
နာမက္ခရတိုင်စဉ်အရလည် မှန်တယ်။
မဟာဘုတ် အရလည် အပြစ်မရှိဘူး။
ကလေးအတွက် အကျိုးပြုတယ် ပေးလို့ ရတယ်။

ဒါပေ့မယ့် မိခင် ဖခင် နာမည်တွေဟာ
တနင်္ဂနွေ နာမည် ပိုင်ရှင်တွေ ဖြစ်တဲ့ ဦးအေး နဲ့ ဒေါ်ဦး
လို့ ပြောခဲ့တာ မမေ့ စေချင်ပါဘူး။

၅ ကြာသပတေး အစ

၆ သောကြာ အဆုံး
၁ ဦးအေး ဒေါ်ဦး




အဲ့ဒီ ကြာသပတေး အစ သောကြာ အဆုံးဟာ
တနင်္ဂနွေ နာမည် ပိုင်ရှင် ဖြစ်တဲ့
ဦးအေး နဲ့ ဒေါ်ဦး ကို ဥပါဒ်ကြီး ကိန်း မိနေတာ
တွေ့ရပါလိမ့်မယ်။
ကလေးအတွက် အကျိုးပြုပေ့မယ့် မိခင် ဖခင် ကို
အကျိုးမပြုဘူး ဒါကြောင့် ပေးလို့ မရနိုင်တော့ဘူး။

ဒါကြောင့် ရာဇဖွားကို မွေးနံ အစပြု ပေးလို့ မရနိုင်တော့ဘူး။ ဘယ်လိုပဲ နေ့နံတွေ လှည့်ပက် တွဲပေးပေး မရနိုင်
တော့ဘူး။

ရာဇဖွားကို မွေးနံဖြင့် ပေးလို့ ရ မရ ဆိုတာ
အဲ့ဒါ အဖြေပဲ

သင်ဆရာ မြင်ဆရာ ကြားဆရာ အပေါင်းနှင့်တကွ
ဆရာကြီး ဦးမောင်မောင် ရင်ကိုအေးမြစေသားအား
ဤပညာခန်းဖြင့် လက်ဆယ်ဖြာထိပ်မှာမိုး၍
ရှိခိုးကန်တော့ပါ၏ 🙏🙏🙏

ဗေဒင်ဥယျာဉ်

YouTube channel မှာကြည့်ရန်
https://yt.psee.ly/5ndrnw

ကလေးအမည်ပေးလိုလျှင်
Telegram channel မှလည် ပေးနိူင်သည်။
https://t.me/aungaung079

ဗေဒင်နှင့်ပက်သက်သော ဗဟုသုတများ
Viber channel မှာ ဖတ်ရူရန်။
https://tinyurl.com/2muaakf3

#ကလေးအမည်ပေး / အမည်ပြောင်းလိုလျှင်Viber 09792767553သို့ကလေးမွေးခု ၊ လ ၊ နေ့နံ ၊ အမိအဖ နာမည် အမိအဖ အသားအရောင် အချတ်အလတ် .....

02/03/2024

သင့်ကျန်းမာရေးကောင်းပြီး ဒေါင်ဒေါင်မြည်နေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ .


1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ Energy, Enthusiasm နဲ့ Empathy

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2016 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီ၀က်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀နျတိုဖွဈနတောဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

Credit: အေးငြိမ်း

23/02/2024

" ပါးစပ်ထဲက အဖုအကြိတ်တမျိုး သို့မဟုတ် မြူကိုစီး "

ဒီနေ့တော့ ကျွန်တော်က ပါးစပ်ထဲမှာ တွေ့ရတတ်တဲ့ "အကြိတ်" တခုအကြောင်းပြောပြပါမယ် ။ ဒီအကြိတ်လေးတွေကို အောက်နူတ်ခမ်းမှာဖြစ်တာ အများဆုံးတွေ့ရပေမယ့် ပါးစပ်ထဲက မည်သည့်နေရာမဆို ဒီအကြိတ်လေးတွေဖြစ်နိုင်ပါတယ် ။
ဒီအကြိတ်လေးတွေကို အင်္ဂလိပ်လို "မြူကိုစီး - Mucocele" လို့ခေါ်ပါတယ် ။ နာမည်လေးက မှတ်ရလွယ်ပြီး လှတော့ မြန်မာမှုမပြုတော့ပဲ "မြူကိုစီး" လို့ပဲ မှတ်ကြရအောင် ။

🍀 မြူကိုစီးအကြိတ်လေးတွေဆိုတာဘာလဲ?

မြင်အောင်ပြောရရင် ကျွန်တော်တို့ပါးစပ်ထဲက နေရာအနှံ့မှာ မြစ်၊ချောင်းလေးတွေစီးဆင်းနေသလိုပဲ တံတွေးထွက်ဖို့ လမ်းကြောင်းလေးတွေဟာ စီးဆင်းနေကြတယ်ဆိုကြပါစို့ ။ တံတွေးလမ်းကြောင်းလေးတွေဟာ အကြောင်းအရင်းတခုခုကြောင့် ပျက်စီးသွားတဲ့အခါ ဒါမှမဟုတ် ပိတ်သွားတဲ့အခါ တံတွေးလေးတွေဟာ ဆက်စီးလို့မရတော့ပဲ လမ်းကြောင်းပျောက်ပြီး အဲ့ဒီနေရာမှာ ပိတ်မိကုန်တယ် ။ တံတွေးလမ်းကြောင်းလေးပျက်စီးပြီး ပိတ်မိသွားတဲ့နေရာမှာ တံတွေးကျိချွဲချွဲအရည်တွေဟာ စုပြုံလာပြီး အင်းအိုင်ကြီးလိုဖြစ်လာတာပေါ့ ။ ဒီဖြစ်စဥ်ကို ကျွန်တော်တို့က အပြင်ဘက်ကနေ အကြိတ်ဖောင်းဖောင်းလုံးလုံးအဖြစ်မြင်တွေ့ရပါတယ် ။
ဒါကြောင့် မြူကိုစီးအကြိတ်လေးတွေဟာ တံတွေးတွေ၊ ကျိချွဲချွဲအရည်တွေပြည့်နေတဲ့အိတ်လေးတွေလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ် ။

🍀 မြူကိုစီးဖြစ်ရသောအကြောင်းအရင်းများ

အခုပြောပြမှာက မြူကိုစီးအကြိတ်ဖြစ်လာရသောအကြောင်းအရင်းများလို့ပြောလို့ရသလို တံတွေးလမ်းကြောင်းလေးတွေပျက်စီးရသောအကြောင်းများလို့လည်း ဆိုနိုင်ပါတယ် ။
များသောအားဖြင့် တံတွေးလမ်းကြောင်းတွေကို ထိမိခိုက်မိပြီး အနာတရဖြစ်လို့ ဖြစ်တာများပါတယ် ။

(၁) နူတ်ခမ်းကိုက်ခြင်း ။
- နူတ်ခမ်းကိုက်တဲ့အလေ့အကျင့်ရှိသူတွေဟာ မြူကိုစီးအကြိတ် အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်ပါတယ် ။

(၂) ပါးစောင်ကို ကိုက်ခြင်း ။

(၃) အပေါက်ဖောက်ခြင်း ။
- အလှတပ်ကွင်းများထည့်ရန်အပေါက်ဖောက်ခြင်း

(၄) မတော်တဆခိုက်မိရာမှ တံတွေးလမ်းကြောင်းကို ထိခိုက်မိခြင်း။
- စားရင်းဝါးရင်းထိခိုက်မိခြင်း၊ ယဥ်မတော်တဆဖြစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း။

(၅) ချွန်နေ/ ရှနေတဲ့သွားများ
- သွားပိုးပေါက်များ ၊ သွားအကျိုးအပဲ့များ ၊ အိုဟောင်းနေပြီး Fitting မကျတော့တဲ့ သွားအတုများ။

🍀 မြူကိုစီးက ဘယ်လိုလက္ခဏာတွေရှိသလဲ?

မြူကိုစီးအကြိတ်လေးတွေကို အသက် (၁၀ - ၂၅) နှစ်အပိုင်းအခြားမှာ အများဆုံးတွေရတတ်ပါတယ် ။ ဒါပေမယ့် မြူကိုစီးအကြိတ်လေးတွေဟာ အသက်ကြီးငယ်မရွေး၊ ကျား/မ မရွေးဖြစ်နိုင်ပါတယ် ။
တချို့မြူကိုစီးလေးတွေဟာ အပေါ်ယံလောက်မှာပဲရှိနေတတ်ပြီး တချို့ကျလည်းအောက်နက်နက်အထိ တွယ်ကပ်နေကြပါတယ် ။
- အပေါ်ယံအနေအထားလောက်မှာတွေ့ရတဲ့မြူကိုစီးလေးတွေဟာ ပျော့ပျော့၊ ဖောင်းဖောင်း ခပ်စူစူအကြိတ်အနေအထားနဲ့ အပြာရောင်လေးဖြစ်နေတတ်ပါတယ် ။
- နည်းနည်းအောက်မှာတွယ်ကပ်နေတတ်တဲ့မြူကိုစီးလေးတွေကတော့ ခပ်တင်းတင်း၊ ဖောင်းဖောင်းလုံးလုံးအကြိတ်အနေအထားကိုမှ ခပ်ဖြူဖြူအရောင်လေးအဖြစ်မြင်တွေ့ကြရပါတယ် ။

အရွယ်အစားအနေနဲ့ များသောအားဖြင့် တစ်စင်တီမီတာထက်သေးလေ့ရှိပါတယ်။ ဒါပေမယ့် တခါတရံမှာ (၃) စင်တီမီတာခန့်အထိ ကြီးတတ်တာကိုလည်းတွေ့မြင်ကြရပါတယ်။

မြူကိုစီးအကြိတ်လေးတွေဟာ များသောအားဖြင့် နာတာကျင်တာမျိုးမရှိတတ်ပါဘူး ။
အဲ့ဒီတနေရာထဲမှာ မကြာခဏ ပျောက်လိုက်ပေါ်လိုက်ဖြစ်နေတာ အချိန်ကြာနေရင်တော့ နာလာတတ်ပါတယ် ။

🍀 ဘယ်လိုကုသမှုတွေလုပ်ရမလဲ?

ပါးစပ်ထဲမှာ မြူကိုစီးအကြိတ်မှမဟုတ်ဘူး ဘယ်လိုအကြိတ်၊ အလုံးကိုမဆို သတိထားမိတာနဲ့ အမြန်ဆုံးသွားနှင့်ခံတွင်းဆေးခန်းကိုအမြန်ဆုံးပြသသင့်ပါတယ် ။
ကုသမှုပုံစံတွေကတော့ မြူကိုစီးအကြိတ်တွေရဲ့ အခြေအနေပေါ်မှာမူတည်ပါတယ် ။
မြူကိုစီးအကြိတ်လေးတွေ လုံးဝ ပျောက်ကင်းဖို့အတွက် အကြိတ်လေးတွေကို ခွဲစိတ်ဖယ်ထုတ်ရတာများပါတယ် ။ အကြိတ်လေးတွေကိုပဲ သီးသန့်ဖယ်ထုတ်တာရှိသလို တံတွေးလမ်းကြောင်းလေးတွေကိုပါ ဖယ်ထုတ်ရတတ်ပါတယ် ။
ဒီလိုအရှင်းဖယ်ထုတ်ထားတာတောင် တခါတရံ မြူကိုစီးက ထပ်ခါထပ်ခါပြန်ဖြစ်တတ်ပါတယ် ။
မြူကိုစီးခွဲစိတ်မှုဟာ တကယ့်ကိုအသေးစားခွဲစိတ်မှုလေးဖြစ်ပြီးတော့ ထုံဆေးနဲ့ခွဲတာဖြစ်ပြီး ခွဲစိတ်ချိန်လည်းမကြာတတ်ပါဘူး ။ ခွဲပြီးသွားတဲ့အခါလည်း အထွေအထူးရှောင်ရန်များမရှိတတ်ပါဘူး ။
တချို့သော မြူကိုစီးအကြိတ်လေးတွေဟာ ကုသရန်မလိုအပ်ပဲ သူ့အလိုလိုသူပျောက်ကင်းနိုင်တဲ့အခြေအနေမျိုးလည်းရှိတတ်ပါတယ် ။ ဒါပေမယ့် အမြဲစောင့်ကြည့်ဖို့ ဆရာဝန်နဲ့ပြသဖို့တော့လိုအပ်ပါတယ် ။

🍀 မြူကိုစီးက အန္တာရယ်ရှိလား?

မြူကိုစီးအကြိတ်လေးတွေက အန္တာရယ်မရှိဘူး/ စိုးရိမ်ရန်မလိုအပ်ဘူးလို့ ပြောလို့ရပါတယ် ။
အန္တာရယ်ရှိတယ်လို့ယူဆရတဲ့အကြိတ်တွေဆိုရင် ဆရာတွေက အသားစယူပြီး စစ်ဆေးပေးပါလိမ့်မယ် ။

🛑🛑 အထူးရှောင်ရန်များ
- အခုဒီစာကို ဖတ်ပြီးတော့ ကိုယ့်ပါးစပ်ထဲက အလုံးအကြိတ်တွေကို မိမိဘာသာ မြူကိုစီးအကြိတ်လို့ခေါင်းစဥ်မတပ်ရပါဘူး ။ မြူကိုစီးအကြိတ်ဟုတ်မဟုတ် ၊ တခြားသောရောဂါများဟုတ်မဟုတ် ဆရာဝန်ကဆုံးဖြတ်ပါစေ ။
- မြူကိုစီးအကြိတ်တွေကို အိမ်မှာ အချွန်တွေနဲ့ မဖောက်ကြည့်ရပါဘူး ။ ပိုးဝင်ပြီးပိုဆိုးလာတတ်ပါတယ်။
- မြူကိုစီးအကြိတ်များကို သစ်ဥသစ်ဖုများ၊ ဆေးပူများ၊ ပရုပ်ဆီများ၊ အနာလိမ်းဆေးများလုံးဝမလိမ်းသင့်ပါဘူး ။ အကြိတ်ကတဆင့် အနာဖြစ်သွားတတ်ပြီး လုံးဝအနာမကျက်တော့တဲ့အနာဆိုးများဖြစ်လာတတ်ပါတယ်။ ဒီလိုတွေလုပ်ရင် နှစ်အတော်ကြာတဲ့အထိအနာမကျက်ပဲ ကံဆိုးရင် ကင်ဆာအနာများအဖြစ်ပြောင်းသွားတတ်ပါတယ်။

ဒီလောက်ဆိုရင် မြူကိုစီးအကြိတ်လေးတွေအကြောင်းဗဟုသုတရမယ်လို့ထင်ပါတယ်ခင်ဗျာ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။
Crd

ဒေါက်တာမျိုးမြင့်အောင်

04/02/2024

မိမိကိုယ်ကိုဆုံးမခြင်း (၆၁)

+ လူဖြစ်လာရင်
လောကဓံမုန်တိုင်းနဲ့ ကြုံရမှာပဲ။

+ မုန်တိုင်းနဲ့အတူပါလာတဲ့ ကြမ္မာဆိုးတွေက
လူတွေကို ထိခိုက်နာကျင် ကြေကွဲဝမ်းနည်း
စိတ်ပျက်ငြီးငြူ နလံမထူနိုင်အောင်
နှိပ်စက်တတ်ပါတယ်။

+ ဘယ်လိုကံကြမ္မာဆိုးတွေနဲ့
ကြုံတွေ့ရသည်ဖြစ်စေ
ကိုယ်တာဝန်ကတော့
မုန်တိုင်းလွန်ပြီး သီချင်းအဆိုမပျက်တဲ့
ငှက်ကလေးတစ်ကောင်လို
အမြဲခေါင်းထောင်ပြီး
နေနိုင်ဖို့ပဲ မဟုတ်လား။ ။

ကောင်းသန့်

Address


Website

Alerts

Be the first to know and let us send you an email when SHWE BHONE MYAT Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share