02/03/2025
                                            မနေ့က video လေး တစ်ခုတွေ့တယ်..... အကောင့် တစ်ခုက တင်ထားတာလေးပါ 
ပြောပြချင်တာက တတ်နေတဲ့ ကလေးကို ဘာလုပ်ပေးရမလဲပေါ့
အဲဒါတွေ မပြောပြခင် ကလေး တစ်ယောက် ဘာကြောင့် တတ်နိုင်ပါသလဲ...
အကြောင်းအရင်းတွေကတော့ အများကြီးပါ
ဥပမာ အတတ်ရောဂါ ရှိတဲ့ ကလေးတွေ ဟိုအရင်ကတော့ ဝက်ရူးပြန်လို့ ခေါ်ကြတယ် အခုကတော့ အာ့လို လုံးဝမခေါ်တော့ပါဘူးနော်........
နောက် ရောဂါ မရှိဘဲ အဖြစ်များတာကတော့ ကလေးတစ်ယောက်ဟာ ကိုယ်ပူကြီးရင် တတ်တတ်ပါတယ်.......  အဖျားကြီးတဲ့အခါမှာ ကလေး လေးတွေရဲ့ ဦးနှောက်ဟာ ကိုယ်ပူတဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် တတ် တတ်ပါတယ်
အဲတော့ ကလေးတွေ အဖျားကြီးလာရင် တစ်နည်း နည်း နဲ့ ကိုယ်အပူချိန် ချ ဖို့လိုပါတယ်
ရေပတ်တိုက်တာတွေ ဆေးတိုက်တာတွေကိုတော့ အရင်ပို့စ်မှာ ပြောထားလို့ မသိသေးရင် ရှာဖတ်ကြည့်ပါ
.......................................
အခုကတော့ ကလေးတစ်ယောက် တတ်ရင် ဘာလုပ်ရမလဲရယ် ဘာတွေ မလုပ်ရဘူးလဲရယ်
လုပ်ရမှာတွေက
၁. တတ်နေရင် ပထမဆုံး ကလေးကို ဘေးကင်းရာ နေရာကို ရွေ့ပေးထားရမယ် ဥပမာ ထပ်ပြီး ပြုတ်ကျတာမျိုးတွေ မဖြစ်အောင်လို့ပါ
၂. တတ်ပြီး ပါးစပ်က ချွဲတွေ အမြှုတ်တွေ ထွက်နေရင် ဘေးစောင်းပေးထားပါ..ပက်လက်မထားတာ အကောင်းဆုံးပါ... အချွဲတွေက အဆုတ်ထဲကို မြှိုချမိရင် ပိုကုရ ခက်တတ်ပါတယ်
၃. အဝတ်အစားတွေ တင်းကျပ်နေရင် လျော့ထားပါ ချွတ်ထားပေးပါ
၄. အရေးကြီးတခုက မိဘတွေပါ လုပ်ပေးနိုင်ရင်တော့ ကလေး တတ်နေတဲ့အချိန်မှာ video ရိုက်ပေးနိုင်ရင် ကုသမှု့မှာ တော်တော်လေးကို အကျိုးရှိစေမှာပါ 
၅. ကလေးတစ်ယောက်က တတ်ရင် ၅ မိနစ် အောက် လောက်ပဲ တတ်တတ်ပါတယ်.... အဲတော့ စောင့်ကြည့်ပါ...  တတ်တာက ကြာနေရင် ၅ မိနစိကျော်ရင်တော့ ကလေးကို ဘေးစောင်းအနေအထား ထားပြီးတော့ နီးစပ်ရာ ကလေးဆေးခန်း ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းရှိတဲ့ ဆီကို အမြန်ဆုံးသွားပါ
... ကဲ လုပ်ပေးရမှာတွေက အများကြီးတော့ မရှိဘူးနော် အဲလောက်ဆိုရင်........  အရေးကြီးဆုံးအချက်ကတော့ နံပါတ် ၂. ပါ.... အာ့လေး လုပ်ပေးထားရင် ကလေး ဒုက္ခ အရောက်နည်းတာပေါ့နော
ကဲ အခု လာပါပြီ.......  မလုပ်ရမဲ့ဟာတွေ
၁. ဖိတာ နှိပ်တာ နင်းတာ
တတ်လို့ တတ်နင်းတဲ့အတွက် ပေါင်ကျိုးတဲ့ ကလေးတွေမှာ အများကြီးပါ......  လုပ်လဲ ကလေး အတတ်ကို မကျစေနိုင်ပါ
၂. ပါးစပ်ထဲကို လေမှုတ်သွင်းတာ
တတ်တဲ့အခါ ချွဲတွေ ထွက်တဲ့အတွက် မှုတ်လိုက်ရင် အဆုတ်ထဲကို ပိုးတွေ တမ်းရောက်ပြီး ကုရ ခက်တတ်ပါတယ်.....  အဲတော့ ပါးစပ်ထဲက အရာတွေ အကုန်ရှင်း ဘာမှမရှိ.. ကလေးကလဲ အသက်လုံးဝမရှူမှ လုပ်သင့်ပါတယ်....  အဲတော့ အစပိုင်းမှာ မလုပ်တာ အကောင်းဆုံးပါ
၃. လူတွေ ဝိုင်းအုံနေတာတွေ
မလိုအပ်ဘဲ အုံနေချင်းအာဖြင့် ကလေးကို ပိုပြီး အသက်ရှူကျပ်စေပါတယ်
၄. ကျောပုတ်တာ ရင်ဘတ်ညစ်တာ
ဒါတွေက အရေးပေါ် အသက်ကယ်တဲ့နည်းတွေပါ
၅. ပါးစပ်ထဲ ဇွန်းထိုးတာ ပစ္စည်းထည့်တာ
စတာတွေကလည်း ပါးစပ်ကို ဒဏ်ရာရစေပြီး သွားတွေထိုး အဆုတ်ထဲဝင် ပြသနာတွေ ပိုကြီးစေပါတယ်
၆. အခု video ထဲကလို ခေါင်းပေါ်ရေတွေဖျန်း ခေါင်းပုတ်တာတွေလည်း မလုက်သင့်ပါဘူးနော်
ဒါမျိုးတွေကလှုပ်နှိုးရုံ ( stimulation)  ဖြစ်ရုံသာပါပဲ
ကဲ အဲတော့ လုပ်ရမှာတွေရော မလုပ်ရမဲ့ အရာတွေရော ပြောပြီးပါပြီ....  ကျန်တာတွေ ဖြည့်စွက် မေးချင်း မေးနိုင်ပါတယ် 
Video ကို post မတင်ပါရစေနဲ့.........  ကြောက်လို့
မန့်မှာ လင့်လေး မန့်ပေးပါမယ်