Support for all - SFA

  • Home
  • Support for all - SFA

Support for all - SFA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Support for all - SFA, Mental Health Service, .

အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ October 10 ရက်နေ့မှာကျရောက်မဲ့ World Mental Health Day နဲ့ပတ်သတ်ပြီး Support For All ကန...
07/10/2022

အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ October 10 ရက်နေ့မှာကျရောက်မဲ့ World Mental Health Day နဲ့ပတ်သတ်ပြီး Support For All ကနေပြုလုပ်သွားမဲ့အစီအစဥ်တစ်ခုအကြောင်းပြောပြချင်ပါတယ်။ ဒီအစီအစဥ်လေးကတော့ Mental Health နဲ့ပတ်သတ်ပြီးသိသင့်တဲ့အကြောင်းအရာလေးတွေကို "Sharing for YOU & OTHERS" ဆိုတဲ့​ခေါင်းစဥ်နဲ့ ဝေမျှပေးသွားမယ့် အစီအစဥ်လေးပဲ ဖြစ်ပါတယ်ရှင့်။ ဒီအစဥ်အစဥ်ကို ဒီအပတ် တနဂ်​နွေ​နေ့ (9/10/2022) ​နေ့လယ် (၂)နာရီမှာ Zoom Platform ကို အသုံးပြုပြီး ကျင်းပသွားမှာဖြစ်လို့ အတူတကွပါဝင်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။
Meeting ID - 94401422388
Meeting Passcode - 13222


Su Kha Han Sa Center မှ ပုံရိပ်တချို့📸💝အခြေအနေအမျိုးမျိုးကြောင့် ပုံတွေကိုခုမှတင်ဖြစ်တော့တယ်☺️💝
25/07/2022

Su Kha Han Sa Center မှ ပုံရိပ်တချို့📸💝
အခြေအနေအမျိုးမျိုးကြောင့် ပုံတွေကိုခုမှတင်ဖြစ်တော့တယ်☺️💝

New Day Center မှ ပုံရိပ်တချို့ 📸📸📸
25/07/2022

New Day Center မှ ပုံရိပ်တချို့ 📸📸📸

Hello SFAers တို့ရေ Post တွေ မတင်ဖြစ်တာကြာတော့ မေ့နေကြပြီလား။💭💭💭 Content သစ်လေးတွေကိုကော စောင့်နေကြပြီလား။😇😇😇 အဲတာဆိုရင်...
18/07/2022

Hello SFAers တို့ရေ

Post တွေ မတင်ဖြစ်တာကြာတော့ မေ့နေကြပြီလား။💭💭💭
Content သစ်လေးတွေကိုကော စောင့်နေကြပြီလား။😇😇😇
အဲတာဆိုရင်တော့ SFA အဖွဲ့သားတွေက သတင်းကောင်းလေးတွေပြောပြဖို့ ရှိနေပါတယ်နော်။

အခု ပထမဆုံးပြောပြချင်တာကတော့ May လတုန်းက Maesot မြို့မှာ Mental Health Awareness Training သွားပေးဖြစ်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒီ Project မှာ SFA အဖွဲ့သားတွေက တစ်နေရာစီကနေ Chaingmai မြို့မှာ လူစုပြီးတော့ Maesot မြို့ကို သွားခဲ့ကြပါတယ်။ Help Without Frointiers အဖွဲ့အစည်းနဲ့ချိတ်ဆက်ထားတဲ့ Community Center (၄)ခုကို ၂ရက်ကြာ Training သွားပေးခဲ့ကြပါတယ်။ ပထမဆုံးရက်မှာ New Day Center နှင့် Su Kha Han Sa Center ကို သွားရောက်ခဲ့ပြီး ဒုတိယရက်မှာတော့ KM 42 Center နဲ့ Parami Center တို့ကို သွားရောက်ခဲ့ပါတယ်။ ပါဝင်သူအများစုကတော့ ဆယ်ကျော်သက်လူငယ်တွေ ဖြစ်ပြီးတော့ အယောက် ၇၀ ကျော်ကို Mental Health Awareness နဲ့ Sexual Knowledge တွေကို မျှဝေ ​ပေးနိုင်ခဲ့ပါတယ် ။ ဒီအကြောင်းလေးတွေကိုတော့ နောက်ရက်တွေမှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်တခုအနေနဲ့ကတော့ Support For All Page ကနေတဆင့် Mental Health နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် တခြား စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကိုလည်း တင်ပေးသွားဖို့ရှိတာကြောင့် ဆက်လက်ပြီးတော့ စောင့်မျှော်ပေးကြပါအုံးနော်။

SFAers တို့ရယ် ဒီတစ်ပတ် မှာ ဝေမျှပေးမယ့် အကြောင်းအရာလေး က တော့ PTSD အကြောင်းလေးပဲဖြစ်ပါတယ်။ PTSD ရဲ့ အရှည်ကောက်ကတော့ ( P...
10/06/2022

SFAers တို့ရယ် ဒီတစ်ပတ် မှာ ဝေမျှပေးမယ့် အကြောင်းအရာလေး က တော့ PTSD အကြောင်းလေးပဲဖြစ်ပါတယ်။ PTSD ရဲ့ အရှည်ကောက်ကတော့ ( Post Traumatic stress disorder) ဖြစ်ပါတယ်။ PTSD ဆိုတာ ဟာ လဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ( Mental Health Problem) တစ်ခုဖြစ်ပါတယ်။

အထူး သဖြင့် ဒီ June လ ဟာ ဆိုရင် National PTSD Awareness Month လေး ပဲဖြစ်ပါတယ်။ ဒီလ ထဲ မှာ ​ဆိုရင် ကမ္ဘာ တစ်ဝှမ်းရှိ Mental Health နဲ့ ပတ်သတ်သက်တဲ့ အဖွဲ့အစည်းများ နှင့် တက်ကြွလှုပ်ရှားသူများက PTSD ကို ခံစားရပြီး နာလန်ထူနိူင် ခဲ့တဲ့ PTSD Survivors တွေ အတွက် အထောက်အကူ ပြု စေရန် PTSD အသိပညာပေး campaigns များ ကိုကျင်းပလေ့ရှိကြပါတယ်။ အဓိက ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ PTSD (သို့မဟုတ်) Mental illness ကို ခံစားနေရတဲ့ လူတွေ ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုတာ လည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဲ့သို့ ပိုကောင်းမွန်တဲ့ ကုသနည်းတွေနှင့် စနစ်တကျ ကုသရင် ပြန်လည် ကောင်းမွန် လာနိူင် ​ကြောင်း အသိပညာပေးလုပ်ငန်းစဥ်များမှ တစ်ဆင့် သတင်စကားပါးပြီး ခွန်အား ပေး ဗဟုသုတများမျှဝေ ပေးလို ခြင်းပဲ ဖြစ်ပါတယ်။ June လထဲ မှာ ဆို ရင် PTSD အသိပညာပေး အစီစဥ် တွေ အကြောင်းအရာတွေ ကို Events တွေ Posters တွေ က တစ်ဆင့်မျှဝေ လေ့ရှိပါတယ်။ ယခု အချိန် မှာ ဆိုရင် internet ကို အသုံးပြု ပြီး Social Media Platform များကနေတစ်ဆင့် design posters၊ hashtags ပြုလုပ်ပီး awareness campaign တွေ လုပ်ကြသလို Helplines တွေ ကနေ တစ်ဆင့် လည်း PTSD နဲ့ပတ်သက်တဲ့ အသိပညာတွေ ဗဟုသုတွေ၊ ရင်းမြစ်တွေ ကို ကူညီမျှဝေ ပေးလျှက် ရှိကြပါတယ်။

* ဘယ်လို မျိုး အကြောင်းအရာတွေ အဖြစ်ပျက်တွေ က PTSD( စိတ်ဒဏ်ရာ) ကို ဖြစ်ပေါ် စေပါသလဲ။

■ ကိုယ်ရဲ့ဘဝ ကို ကြောက်လန့် ခြောက်ခြားစေမဲ့ အတွေ့အကြုံ၊ အဖြစ် ပျက် မျိုး ကို ကိုယ်တိုင်ကြုံတွေ့ရတာ သို့ မဟုတ် ကိုယ့် ရှေ့ မှာ တစ်စုံတစ်ယောက် ဖြစ်ပျက်သွားတာ ကို မျက်ဝါး ထင်ထင် မြင် တွေ့ ရခြင်းများမှ တစ်ဆင့်လည်း PTSD ကို ဖြစ်စေပါတယ်။

ဥပမာ- လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း
- သဘာဝ ဘေးအန္တာရယ် ဒဏ် များကို ရင်ဆိုင်ကြုံတွေ့ရခြင်း
- ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရခြင်း
- အပြင်းအထန် မတော်တဆ ဖြစ်ပွားမှုများကြုံရခြင်း (car accidents)
- ရုတ်တရက် ကိုယ် ချစ်ခင် ရ တဲ့ မိသားစုဝင် တွေ သူငယ်ချင်းတွေ မတော်တဆ ဖြစ်ပြီးသေဆုံး မှု များ ကို ကိုယ်တိုင်ကြုံတွေ့ရခြင်း အစ ရှိသော အကြောင်း အရာ၊ အဖြစ်အပျက် များ က PTSD ကို ဖြစ် ပေါ် စေပါတယ်။

◇အခု ပြောပြသွားတဲ့ စိတ်ဒဏ်ရာ (Trauma) ရစေ တဲ့ အဖြစ်ပျက်တွေ က လူတိုင်းမှာ ဖြစ်ပေါ် စေနိူင်ပါတယ်။ ကိုယ်တိုင် မကြုံတွေ့ ရ ရင်တောင် မှ တစ်စုံတစ်ယောက်ကဖြစ်ပျက်သွားတဲ့အကြောင်းအရာ၊ အကြမ်းဖက်ပီး ကြောက်မက်ထိတ်လန့်ဖွယ်ကောင်း တဲ့ မြင်ကွင်းတွေ မှ တစ်ဆင့်လည်း Trauma ကို ဖြစ်ပေါ် နိူင်စေပါတယ်။

♤ PTSD ကို ခံစားနေရတဲ့ လူ တွေ မှာ နောက်ဆက်တွဲအနေ နဲ့ ဘယ်လို ပြဿနာမျိုးတွေ ကြုံ တွေ့ ရနိူင် ပါသလဲ။

● PTSD ကို ရင်ဆိုင်ကြုံတွေ့ နေ ရ တဲ့ လူ အများစု မှာ နောက် တက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ လည်း ရှိနိူင်ခြေများ ပါတယ်။
ဥပမာ- Depression ( စိတ်ဓါတ်ကျခြင်း)
- Anxiety ( စိတ်ပူ​ ပင် သောက ​ရောက်ခြင်း)
-အရက် နှင့် မူးယစ်ဆေးဝါး များ အလွန် အကျွံ သုံးစွဲလာခြင်း ( Alcohol and drug abuse)
- ကိုယ့်ကိုကိုယ် သို့ မဟုတ် တစ်ခြားသူများ ကို နာကျင် ထိခိုက်စေမည့် အကြောင်း အရာများကိုတွေးတော နေခြင်း

-အလုပ်ထဲ မှ လုပ်ဖော်ကိုင်ဖက်များနှင့် (သို့မဟုတ်) relationship တွေမှာလည်း အဆင်မပြေမှု ပြဿနာများ ဖြစ်လာခြင်း အစရှိသည် များကို လည်း ယေဘုယအားဖြင့်တွေ့ကြုံရပါတယ်။
PTSD ရဲ့ လက္ခဏာတွေ က ဘာ တွေ လဲ?

-အတိတ်က ကြုံ​တွေ့ရတဲ့ အဖြစ်အပျက်​နှင့် ဆင်တူရိုးမှားတဲ့ အ​တွေ့ကြုံ​တွေ ကြုံရတိုင်း​ ​ကြောက်ရွံ ထိတ်လန့်ပြီး စိတ်ဓါတ်ရာ ( Trauma) များ ပြန်ပေါာလာခြင်း

-ကိုယ်ကို စိတ်ဓာတ်ရာ (Trauma ) ရစေ ခဲ့ တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေ၊ လူ ပုဂ္ဂိုလ်တွေ ကို ရှောင်ရှားလာခြင်း

-အရင်က ထက် ပိုပြီး မကောင်းတဲ့အတွေးအခေါာတွေ၊စိတ်ခံစား ချက်တွေ ရှိ နေ ခြင်း

-အမြဲတမ်းထိတ်လန့်တကားဖြစ် ပြီး၊ အိပ်စက်အနားယူရန်ခက်ခဲလာခြင်း စသည့် လက္ခဏာများတွေ့ရတတ်ပါတယ်။

■တစ်ကယ်လို့ ကိုယ့်အနီးအနား မှာ ရှိ တဲ့ မိတ်ဆွေ သူငယ်ချင်း၊မိသားစုဝင်တွေ တစ်ယောက်ယောက်ဆီ မှာ PTSD လို Mental Health Problem လက္ခဏာ မျိုးတွေ ကြုံတွေ့ နေ ရ ပြီဆိုရင် ဘယ်လိုကူညီပေးကြမလဲ?

1. Stand with PTSD Survivors
- PTSD Survivors တွေဟာ သူတို့ အနီးအနားပတ်ဝန်းကျင် မှ ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုဝင်တွေ ဆီ မှ ဂရုစိုက်မှုတွေ၊ အလေးထား ခံရမှု တွေ နှင့် ချစ်ခြင်း မေတ္တာ တွေ လိုအပ်ပါတယ်။ သုတေသန ပြု ပြီး လေ့လာတွေ့ရှိ မှု တွေ အရ
တစ်ကယ်လို့ သူ တို့ ဆီမှာ ပံပိုး ဖေး မ ပြီး ခွန်အားပေး မျှဝေ ပေးတဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ မိသားစု ဝင် တွေ ရှိ ခဲ့ရင် စိတ်ကျန်းမာရေး ပြသနာ များ ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူအများစု ဟာ မြန်မြန်ဆန်ဆန် နဲ့ ပြန်လည်ကောင်းမွန် လာ နိူင်ပါတယ်တဲ့ SFAers တို့ရယ်။ အဲဒီတွက်ကြောင့် ကိုယ့်မှာ PTSD ကို ရင်ဆိုင်ခံစားနေရတဲ့ မိတ်ဆွေ သူငယ်ချင်း၊ မိသားစုဝင်တွေ ရှိရင် သူတို့ နဲ့အတူ ရပ်တည်ပေးဖို့ ပြောကြားချင်ပါတယ်။

2. Learn about PTSD

အထက်မှာပြောခဲ့သလို PTSD ဆိုတာ လူတိုင်း ဆီမှာ မတူညီတဲ့ အကြောင်းအရာ တွေ အတွေ့အကြုံတွေ အမျိုးမျိုး က နေ တစ်ဆင့်ဖြစ်လာနိူင်ခြေတွေ ရှိပါတယ်။ အာ့ကြောင့် သုတေသနပြုချက်တွေ အရ လူတိုင်း PTSD ဖြစ်လာ နိူင် စေတဲ့အကြောင်းအရာတွေ၊ လက္ခဏာ တွေ နှင့် ကုသနည်းတွေ ကို လေ့လာမှတ်သားကြဖို့ အကြုံပြုထားပါတယ်။ တစ်ကယ်လို့ အနာဂတ်မှာ ကိုယ်ကိုတိုင် သို့မဟုတ် ကိုယ့်မိတ်ဆွေသူငယ် ချင်းတွေ PTSD မျိုး Mental Health နဲ့ ပတ်သက်ပြီး ခံစား ရသည် ရှိသော် ကူညီဖြေရှင်းပေးနိူင်ဖို့ ရည်ရွယ်ပါတယ်။ SFAers တို့ PTSD နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို လေ့လာဖို့ မမေ့ ကြ နဲ့နော်။

3. Talk about PTSD

PTSD Awareness Month ဖြစ်တဲ့ June လဟာ ဆိုရင် အဓိက PTSD နဲ့ပတ်သက်တဲ့ အသိပညာ၊ဗဟုသုတတွေ ကို မျှဝေ ပေးဖို့ ရည်ရွယ် တာ ကြောင့် SFAers တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကို PTSD Awareness events တွေ သွားရောက်နားထောင်ဖို့ တိုက်တွန်းပါ၊အားပေးစကားပြောပါ။ တစ်ကယ်လို့ ကိုယ်က တတ်နိူင်တယ်ဆိုရင် PTSD အဖွဲ့ အစည်းတွေ ကို လည်း တတ်အားသလောက် လှူဒါန်းနိူင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် PTSD နဲ့ ပတ်သက် တဲ့ သတင်းအချက်အလက်တွေ ကို အနီးအနားမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်း မိသားစုဝင်တွေ ကို မျှဝေပေးဖို့ အကြုံပြုပါရစေ။ Don't stop spreading information about PTSD.

Day of the message

"You are not alone, we are always there if you need us at anytime".

SFAers တို့ ရယ် PTSD သို့ Mental Health နဲ့ပတ်သက်ပြီး ကိုယ် မှာ တစ်ခုခု ကြုံတွေ့ နေ ရလား။ ကြုံတွေ့ရတဲ့ ကိုယ့် ပြဿနာ အခက်ခဲတွေကို ဖွင့်ပြော ပြ ဖို့ မိတ်ဆွေ သူငယ်ချင်းတွေ မရှိဘူးလို့ ခံစားနေရပြီလား? 🥰 ဒါဆိုရင် SFA ကို သတိရလိုက်ပါ။ Support For All က SFAers တို့နဲ့ အတူရပ်တည်ပြီး Mental Health နဲ့ ပတ်သက်ပြီးဖေးမ ကူညီပံပိုးပေးဖို့ SFAers ရဲ့ လက်တစ်လှမ်းမှာ ကျွန် တော် တို့ အမြဲရှိ နေပါတယ်။ ပြောချင်တာကတော့ ကိုယ့်မှာ ပြသနာ အခက် ခဲ တစ်ခု ရင်ဆိုင်လာရပြီ ဆိုရင် ကိုယ်တစ်ယောက်တည်းခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်း နေစရာ မလိုပါဘူး။ အနီး အနားမှာ ယုံကြည်စိတ်ချ ရပြီး ကိုယ့်အခက် ခဲ တွေ ကို နားထောင်ပေးပြီး အကူအညီပေးနိူင်တဲ့ သူတွေဆီမှာ သွားရောက်ပြောပြပြီးအကူညီ၊နည်းလမ်းတွေ ကို မေးမြန်းနိူင်ပါတယ်။ဥပမာ- SFAers တို့ ရဲ့ အနီးအနား မှာ ရှိတဲ့ Support For All လိုမျိုးပေါ့ ဗျာ့။ နောက်ဆုံးအနေနဲ့ SFAers တို့ အတွက် ဆုတောင်းပေးချင်တာကတော့ စိတ်ရောကိုယ်ပါ ကျန်းမာပြီး တစ်နေ့တာကို ပျော်ပျော်ရွင်ရွင် နဲ့ ဖြတ်သန်းနိူင်ပါစေလို့ SFA မိသားစုမှ မေတ္တာ စကား ပါး လိုက်ပါတယ်။

Content by Aung







အားလုံးပဲ မင်္ဂလာညခင်းလေးပါ🤗❤️ရှင့်Team (4)ခုထဲမှ.နောက်ဆုံးမိတ်ဆက်ပေးမယ့် Team ကတော့ Planning and Organization Team ပဲ ဖ...
20/05/2022

အားလုံးပဲ မင်္ဂလာညခင်းလေးပါ🤗❤️ရှင့်
Team (4)ခုထဲမှ.နောက်ဆုံးမိတ်ဆက်ပေးမယ့် Team ကတော့ Planning and Organization Team ပဲ ဖြစ်ပါတယ်ရှင့်။ Planning and Organization Team members တစ်ယောက်ချင်းစီရဲ့အကြောင်းကို အောက်မှာဖော်ပြပေးထားပါတယ်ရှင့်။ 😍🥰





အားလုံးပဲ မင်္ဂလာညခင်းလေးပါ🤗❤️ရှင့်Team (4)ခုထဲမှ..တတိယအကြိမ်မိတ်ဆက်ပေးမယ့် Team ကတော့ Management Team ပဲ ဖြစ်ပါတယ်ရှင့်...
12/05/2022

အားလုံးပဲ မင်္ဂလာညခင်းလေးပါ🤗❤️ရှင့်
Team (4)ခုထဲမှ..တတိယအကြိမ်မိတ်ဆက်ပေးမယ့် Team ကတော့ Management Team ပဲ ဖြစ်ပါတယ်ရှင့်။ Management Team members တစ်ယောက်ချင်းစီရဲ့အကြောင်းကို အောက်မှာဖော်ပြပေးထားပါတယ်ရှင့်။ 😍🥰





Hello-- SFAers တို့ ရယ်  May လဟာ ဆို ရင် Mental Health Awareness Month ပဲ ဖြစ် ပါတယ်။  အာ့ကြောင့် ဒီနေ့ SFAers တို့ ကို ...
06/05/2022

Hello-- SFAers တို့ ရယ် May လဟာ ဆို ရင် Mental Health Awareness Month ပဲ ဖြစ် ပါတယ်။ အာ့ကြောင့် ဒီနေ့ SFAers တို့ ကို Mental Health Awareness Month အကြောင်းလေး ကို မျှဝေပေးချင်ပါတယ်။

အမေရိကန် နိူင် ငံ ရှိ Mental Health America (MHA) အဖွဲ့ အစည်း က နေ ပြီးတော့ May လ ကို Mental Health Awareness Month အဖြစ် ၁၉၄၉ ခု နှစ်တွင် စတင် အသိမှတ် ပြုခြင်း ခဲ့ ပါတယ်။ အဓီက ရည်ရွယ် ချက် က​တော့ လူထု ကို စိတ်ကျန်းမာ​ရေး နဲ့ ပတ်သတ် ပီး အသိပညာ​ပေး​ ခြင်း ၊ ဗဟုတတွေကို မြင့်တင်လိုခြင်း ပဲ ဖြစ်ပါတယ်။

နှစ် စဥ် နှစ်တိုင်း Mental Health America (MHA) အဖွဲ့ အစည်း မှ ကြီး မှူး ပြီးတော့ May လ မှာ ပြုလုပ် မဲ့ Mental Health Awareness outreach activities ပြင်ဆင်ဖို့ တွက် လမ်းညွှန်ချက်တွေ ကို March လ လယ် ပိုင်းလောက် က တည်း က ထုတ်ပြန် လေ့ ရှိပါတယ်။ ထို့ အပြင် MHA ရဲ့ ပံ့ပိုးကူညီမှု နဲ့အတူ ကမ္ဘာ တစ်ဝန်း လုံး ရှိ Mental Health နဲ့ ပတ် သတ် တဲ့ အဖွဲ့စည်း များက နှစ်စဥ် နှစ်တိုင်း မတူညီတဲ့ theme တွေ နဲ့ activities တွေ ကို ကျင်းပ လေ့ ရှိကြပါတယ်။ ဒီ ၂၀၂၂ ရဲ့ theme ကတော့ Back to Basics ပဲ ဖြစ်ပါတယ်။ ဒီ နှစ် theme ရဲ့ ရည်ရွယ်ချက်ကတော့ Mental Health နဲ့ ပတ်သက် တဲ့ အခြေခံ ဗဟုသုတတွေ နှင့် ကိုယ့် မှာ Mental Health လက္ခ ဏာ တွေ ရှိနေရင် ဘာတွေ လုပ်ဆောင် သင့်သလဲစတဲ့ အခြေခံ သတင်းအချက်အလက်တွေ မျှဝေ ပေးလို ခြင်း ဖြစ်ပါတယ်။ ကမ္ဘာ ကပ်ရောဂါ( Covid19 pandemic) ဖြစ်ပွား ပီး နောက်ပိုင်း လူတွေ ဟာ စိတ်ဖိစီမှုတွေ၊ မ​သေချာမှု​တွေ နဲ့ ပြည် နှက် ပီး ​နေထိုင်​နေကြ ရပါတယ်။ ထို့​ကြောင့် MHA ရဲ့ ပံပိုးကူညီမှု လမ်းညွှန် မှု တို့ နဲ့အတူ ကမ္ဘာ တစ် ဝန်း လုံး ရှိ Mental Health organisation များ က May လထဲ တွင် ဆိုရှယ်မီဒီယာ၊ campaign တွေ နဲ့ events တွေ က နေ တစ်ဆင့် Mental Health နဲ့ ပတ်သတ်တဲ့ အကြောင်း အ ရာတွေ၊ ဗဟုသုတတွေ ကို သန်းပေါင်းများစွာသော လူထု ဆီ ရောက် အောင် နှစ်စဥ် နှစ်တိုင်း မျှဝေ ပေး လျှက် ရှိပါတယ်။ ဒီ Mental Health Awareness Month က May 1 ရက် May 31 နေ့ထိ ကြာ မြင့်ပါတယ်။

Message of the Day

SFAers တို့ရယ် Mental Health ဆို တာလည်း ကျွန်တော်တို့ ရဲ့ Physical Health နဲ့ အတူတူပါပဲ။ စိတ်က ကျန်းမာ နေ လို့ ရှိ ရင် ကျွန်တော်တို့ အကြောင်း အရာတွေကို ကောင်း စွာ တွေးတော စဥ်းစားနိူင် မယ်၊ နေ့ စဥ် ဘဝ မှာ လူတွေ နဲ့ ပြောဆို ဆက်ဆံ ရာ တွင်လည်း ပြေပြေပြစ်ပြစ်ရှိမယ်။ ကို ယ့် ရဲ့ စိတ်က မကျန်း မာ လို့ ရှိ ရင်တော့ နေ့တဓူဝ လုပ်ဆောင်ရ တဲ့ အရာတွေ၊ ခံစားချက်တွေ၊ အတွေးအ ခေါ် တွေ က အစ ခက်ခဲလာမယ်။ အဲဒီအတွက် ကြောင့် လူတိုင်းလူတိုင်း ကိုယ့်ရဲ့ စိတ် ကျန်းမာရေး ကို ဂရုစိုက်သင့်ပါတယ်။ SFAers လေး တွေကို ရော ကိုယ့် စိတ် ကျန်းမားရေ အခြေ အနေ ကို ဂရုစိုက်ဖို့ မှာချင်ပါတယ်။ SFAers တို့ အတွက် Mental Health နဲ့ပတ်သက်ပီး ကူညီ ဖို့ ကျွန်တော်တို့ အသင့်ရှိတယ် ဆို မမေ့ပါနဲ့ ခင်ဗျား။
"Together for Mental Health"
-
Raise our voices together to advocate for Mental Health.


Reference link- https://www.mhanational.org/mental-health-month



This year, the theme of MHA’s 2022 Mental Health Month Toolkit is "Back to Basics." After the last two years of pandemic living, many people are realizing that stress, isolation, and uncertainty have taken a toll on their well-being. Our goal is to provide foundational knowledge about mental healt...

အားလုံးပဲ မင်္ဂလာညခင်းလေးပါ🤗❤️ရှင့်Team (4)ခုထဲမှ..ဒုတိယမိတ်ဆက်ပေးမယ့် Team ကတော့ Finance Team ပဲ ဖြစ်ပါတယ်ရှင့်။ Financ...
05/05/2022

အားလုံးပဲ မင်္ဂလာညခင်းလေးပါ🤗❤️ရှင့်
Team (4)ခုထဲမှ..ဒုတိယမိတ်ဆက်ပေးမယ့် Team ကတော့ Finance Team ပဲ ဖြစ်ပါတယ်ရှင့်။ Finance Team member တစ်ယောက်ချင်းစီရဲ့အကြောင်းကို အောက်မှာဖော်ပြပေးထားပါတယ်ရှင့်။ 😍🥰





30/04/2022

SFAersတို့ရေ
ဒီနေ့မှာတော့ Depression(စိတ်ဓာတ်ကျခြင်း)ဆိုတဲ့ အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ လူတိုင်းဒီစကားလုံးနဲ့ရင်းနှီးနေကြပေမယ့် ဘယ်အရာတွေက depression ကိုဖြစ်စေတာလဲ၊ အဲ့လိုဖြစ်နေတာကို ဘယ်လိုသိနိုင်မှာလဲ၊ ဒါကိုဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို ပြောပြပေးပါမယ်နော်။ ဒါဆိုရင် စလိုက်ကြရအောင်။

Depression(စိတ်ဓာတ်ကျခြင်း)ဆိုတာဘာလဲ။
စိတ်ဓာတ်ကျတယ်ဆိုတာ -ဆက်တိုက်၀မ်းနည်းမှုကိုခံစားရတာ၊
-ကိုယ်အရင်ကနှစ်သက်ခဲ့တဲ့အရာတွေအပေါ် စိတ်၀င်စားမှုမရှိတော့တာ၊
-နေ့စဉ်လုပ်နေကျအရာတွေကို ကောင်းမွန်စွာ မလုပ်နိုင်တော့တာတွေ ဖြစ်ပါတယ်။

ဘယ်အရာတွေက စိတ်ဓာတ်ကျတာကို ဖြစ်စေတာလဲ။
-မျိုးရိုးဗီဇ(Genetics)
-မိသားစုရာဇ၀င်(Family history)
-စိတ်ဒဏ်ရာ(Trauma)
-စိတ်ဖိစီးမှု(Stress)
-နာမကျန်းမှု(Illness)

စိတ်ဓာတ်ကျတာကို ဘယ်လိုသိနိုင်မလဲ။
-၀မ်းနည်းခြင်း၊ ဗလာနတ္တိ ခံစားရခြင်း နှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်း၊
-နေ့စဉ်လုပ်နေကျအရာများနှင့် ကြိုက်နှစ်သက်သောအရာများကိုလုပ်ရန်ပင်စိတ်၀င်စားမှုကင်းမဲ့ခြင်း(ဥပမာ-ဝါသနာ၊ အားကစား)
-အလွန်အကျွံအိပ်စက်ခြင်း(သို့) အိပ်မပျော်ခြင်း၊
-အစားအစာလွန်ကဲစွာစားသုံးခြင်း(သို့) အစာစားချင်စိတ်မရှိခြင်း၊
-ခန္ဓာကိုယ်အလေးချိန်ပြောင်းလဲခြင်း၊
-အတိတ်ကကျရှုံးခဲ့မှုများကိုတွေးပြီး မိမိကိုယ်ကိုအပြစ်တင်ခြင်း၊
-မိမိကိုယ်ကိုတန်ဖိုးမရှိခြင်း နှင့် အပြစ်ရှိသည်ဟုခံစားရခြင်း၊
-ပူပင်သောက၊ စိတ်လှုပ်ရှားမှု၊ ဂနာမငြိမ်မှုများဖြစ်ခြင်း၊
-ခန္ဓာကိုယ်လှုပ်ရှားမှု နှေးကွေးလာခြင်း၊
-တွေးခေါ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းတို့ လျော့နည်းလာခြင်း၊
-သေကြောင်းကြံစည်ခြင်း၊သတ်သေရန်ကြိုးပမ်းခြင်းနှင့် သတ်သေခြင်း၊
-အသေးအမွှားကိစ္စများတွင်ပင် ဆတ်ဆတ်ထိမခံဖြစ်ခြင်း၊ ဒေါသပေါက်ကွဲလွယ်ခြင်း၊
-တစ်ချိန်လုံး ပင်ပန်းနွယ်နယ်မှုကိုခံစားရခြင်းတို့ ဖြစ်ပါတယ်။

စိတ်ဓာတ်ကျတာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။
-လေ့ကျင့်ခန်းလုပ်ခြင်း၊
-အာဟာရမျှတစွာစားသုံးခြင်း၊
-ကောင်းမွန်စွာအိပ်စက်ခြင်း၊
-အရက်သောက်ခြင်း နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုရှောင်ရှားခြင်း၊
-ချစ်ရသူတွေနဲ့အတူ အချိန်ကုန်ဆုံးခြင်း၊
-မလုပ်ဖူးသောအရာများကိုလုပ်ခြင်း(ဥပမာ-တောင်မတက်ဖူးသူက တောင်တက်တာ)
-စေတနာ့၀န်ထမ်း (Volunteer)လုပ်ခြင်း၊
-တရားထိုင်ခြင်း၊ ယောဂ(Yoga)လုပ်ခြင်းနှင့် အသက်၀၀ရှုခြင်း၊
-မိမိကိုယ်ကိုချီးကျူးခြင်း၊
-ကြိုက်နှစ်သက်တဲ့အရာတွေကိုလုပ်ခြင်း(ဥပမာ- သီချင်းနားထောင်တာ၊ ပြေးတာ၊ ပုံဆွဲတာ)
-ကျွမ်းကျင်သူများနှင့် တိုင်ပင်ခြင်း(ဥပမာ- Counselling ခံယူတာ)တို့ပဲ ဖြစ်ပါတယ်။
ကဲ ဒါဆိုရင်တော့စိတ်ဓာတ်ကျတာနဲ့ပတ်သက်ပြီး အနည်းငယ် သိသွားလောက်ပြီထင်ပါတယ်နော်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ဖြေရှင်းပုံမတူနိုင်တဲ့ ကိုယ့်အတွက်အဆင်ပြေစေမယ့်နည်းလမ်းတွေကိုလုပ်လို့ရပါတယ်ရှင့်။
ဒါနဲ့ SAFersလေးတို့ကရော စိတ်ဓာတ်ကျရင် ဘာတွေလုပ်ဖြစ်ကြလဲဆိုတာ ဖြေပေးကြပါအုန်းနော်။ ဒါ့အပြင် SFAersတို့အနေနဲ့ သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment(သို့) messengerမှာလာပြီး ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင့်။

Message of the day

SFAအနေနဲ့ပြောပြချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာရှက်စရာမဟုတ်ပါဘူးနော်။ လူတိုင်းကြုံတွေ့နေကျဖြစ်တဲ့အတွက် မိမိချင်ခင်ရသူတွေနဲ့ ကျွမ်းကျင်သူများကို ပြောပြပြီး အကူအညီတောင်းလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားနိုင်စွမ်း မတူနိုင်တဲ့အတွက် တစ်ခါတစ်လေ တစ်ဖက်သူခံစားရတဲ့ပြဿနာက ကိုယ့်အတွက်ဘာမှမဟုတ်ပေမယ့်လည်း သူ့အတွက်ကိစ္စကြီးကြီးမားမားဖြစ်နိုင်တယ်ဆိုတာ သတိပြုရပါမယ်။ ပြီးတော့ တစ်ဖက်သူရဲ့ခံစားချက်ကို လျစ်လျူရှုတာ၊ နောက်ပြောင်တာတွေ မလုပ်ကြပါနဲ့နော်။ အဲ့ဒီအစား တစ်ယောက်နဲ့တစ်ယောက် ဖေးမပြီး ကူညီသွားကြရအောင်စို့လား SFAersတို့ရေ။

References
American Psychiatric Association
Kimberly-Holland,Sepetmber 24, 2018




SFA Team လေးခုထဲမ ပထမဆုံးမိတ်ဆက်ပေးမယ့် Team ကတော့ Communication Team ပဲ ဖြစ်ပါတယ်ရှင်း။ အဆိုပါ Team member တစ်ယောက်ချင်...
28/04/2022

SFA Team လေးခုထဲမ ပထမဆုံးမိတ်ဆက်ပေးမယ့် Team ကတော့ Communication Team ပဲ ဖြစ်ပါတယ်ရှင်း။ အဆိုပါ Team member တစ်ယောက်ချင်းစီရဲ့အကြောင်းကို အောက်မာဖော်ပြပေးသွားမာပါရှင့်။ ကျွန်မတို့ရဲ့အချိန်အနည်းငယ်နောက်ကျမှုအတွက်အားလုံးကို တောင်းပန်ပါတယ်ရှင့်။





Support For All Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့် မဲဆောက်မြို့မှာပြုလုပ်သွားမဲ့ Mental Health Awareness Training အတ...
28/04/2022

Support For All Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်

မဲဆောက်မြို့မှာပြုလုပ်သွားမဲ့ Mental Health Awareness Training အတွက်ရယ် Mental Health နဲ့ပတ်သက်ပြီး ဗဟုသုတလေးတွေမျှဝေပေးဖို့အတွက်ရယ် SFA Members တွေအနေနဲ့ Team လေးတွေခွဲထားပါတယ်

အပတ်စဥ် ကြာသပတေးနေ့တိုင်းမှာ SFA Team တွေနဲ့ မိတ်ဆက်ပေးသွားဖို့ရှိပါတယ်။
ပြီးတော့ နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းပြီး ဗဟုသုတရစေမယ့် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ Content လေးတွေကိုလည်း Page မှာ တင်သွားဖို့ရှိပါတယ်။

ဒီနေ့ညနေ (၈)နာရီကျရင် SFA Team ထဲက တစ်ဖွဲ့ကို မိတ်ဆက်ပေးသွားမယ်နော်
ဘယ်အဖွဲ့ဖြစ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ရအောင် 🤩🤩🤩🤩

အားလုံးပဲစောင့်မျှော်ပေးကြပါလို့ သတင်းကောင်းပါးအပ်ပါတယ်နော်






11/04/2022

အားလုံးဘဲ မင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ SFA အဖွဲ့လေးနဲ့မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ SFAအဖွဲ့နဲ့ပတ်သက်ပြီး စိတ်၀င်စားနေကြပြီလား။ ဒါဆိုရင် SFAအဖွဲ့အကြောင်းကို ပြောပြပေးပါမယ်နော်။ SFAရဲ့အရှည်ကောက်ကတော့ Support for All ဖြစ်ပြီး SFAအဖွဲ့ကို BEAM Education Foundationက ဦးစီးကျင်းပတဲ့ youth conferenceမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသားများထဲမှ mental healthနဲ့ပတ်သက်ပြီး ဝေမျှပေးချင်တဲ့ လူငယ် (၁၀)ဦးမှ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဖွဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ လူသားတိုင်းကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ မွန်းကြပ်မှုများ၊ စိတ်ဖိစီးမှုများကို ဖြေလျှော့ပေးဖို့အတွက် mental healthပိုင်းနဲ့ ပတ်သက်ပြီး ဗဟုသုတများကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်ပညာရှင်များနဲ့ ဆွေးနွေးလိုသူများ အတွက်လည်း SFA ကနေ counselorsများနဲ့ ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ SFA အနေနဲ့ ပထမဆုံး လုပ်ဆောင်မယ့် project ကေတာ့ မဲဆောက်မြို့မှာရှိတဲ့ အသက် ၁၂-၃၀ ကြား နေထိုင်သူများကို mental health awarenessနဲ့ပတ်သက်ပြီး training ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် လူငယ်များကိုလည်း s*x educationနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေပါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Page မှာတော့ SFA အဖွဲ့ရဲ့ လုပ်ဆောင်မယ့် activities တွေ၊ လုပ်ဆောင်ခဲ့တဲ့ projects တွေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပတ်စဉ် စိတ်၀င်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို မျှေ၀ပေးသွားမှာဖြစ်တဲ့အတွက် SFA(Support for All) pageကို like and follow လုပ်ဖို့မမေ့ပါနဲ့နော်။ စာဖတ်သူတို့အနေနဲ့လည်း သိချင်တဲ့အကြောင်းအရာတွေရှိရင် comment (သို့) pageရဲ့ messenger မှာလာပြီး ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင့်။





Address


Website

Alerts

Be the first to know and let us send you an email when Support for all - SFA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your practice to be the top-listed Clinic?

Share