Shwe Poe Eain's Tarot

  • Home
  • Shwe Poe Eain's Tarot

Shwe Poe Eain's Tarot တွယ်ငြိရာသာ ဆုံးရှုံးမှာ…🕊️💃🏻🍷🌱

Money Reading 🕊️🪙 လတ်တလောအချိန်ကာလမှာ ငွေနဲ့ပတ်သက်ပြီးဆောင်ရန် ရှောင်ရန်တွေလောက်သာ ရေးသားထားပါတယ်။မထိခိုက်ဖွယ် Abundance...
26/09/2025

Money Reading 🕊️🪙

လတ်တလောအချိန်ကာလမှာ ငွေနဲ့ပတ်သက်ပြီး
ဆောင်ရန် ရှောင်ရန်တွေလောက်သာ ရေးသားထားပါတယ်။

မထိခိုက်ဖွယ် Abundance ဖြစ်ကြပါစေဗျ။🕊️

SPE🕊️

မကွေး
26/09/2025

မကွေး

ခု ရွေးကြည့်တာ ကိုယ်လိုနေတဲ့ Message ရလို့…🕊️🌸
26/09/2025

ခု ရွေးကြည့်တာ ကိုယ်လိုနေတဲ့ Message ရလို့…🕊️🌸

Crush Connection 🕊️  only, not Guidances, Feel yourself. 🕊️
24/09/2025

Crush Connection 🕊️

only, not Guidances, Feel yourself.
🕊️

24/09/2025

ကျေးဇူး။ Clients တွေကို တရား vd link ပဲ ချပေးနေရတာ သူတို့လည်း ငြီးငွေ့နေမှာပဲ၊ ခုတော့ တမျိုးတမည် ပြောင်းလိုက်ပါဦးမယ်လေ…☺️

ကဲ ဟော စောစီး Pg ကြီးနဲ့ဟေ 😆🤣😂 Pg နဲ့ပဲ ပေါက်ကရတွေ လာလာတွေ့နေတာကိုးလို့ 🥲🥹

စာဖတ်ရတာပဲ ကြိုက်လို့ Colour book ပဲရမယ်၊ wattpad တို့ ဘာတို့ပေါ့ ဟော ကဲဗျာ ကဲဗျာ 😎
အဟက်ဟက် 😆

ဟော ကဲ 🥹
23/09/2025

ဟော ကဲ 🥹

ယုံကြည်သက်ဆင်း ကိုယ့်ကိုယ်တွင်း 🕊️———————————————————ကိုယ့်ကိုယ်တွင်းမှာ ယုံကြည်လက်ခံထားတဲ့အရာရာတိုင်းဟာ သိသိသာသာ လက်ခံမ...
22/09/2025

ယုံကြည်သက်ဆင်း ကိုယ့်ကိုယ်တွင်း 🕊️
———————————————————

ကိုယ့်ကိုယ်တွင်းမှာ ယုံကြည်လက်ခံထားတဲ့အရာရာတိုင်းဟာ သိသိသာသာ လက်ခံမိတာရှိသလို၊ မသိမသာ ဘယ်လိုအရာကနေ လက်ခံမိထားမှန်း မသိတာတွေလည်း ရှိတယ်။ အမှား အမှန်ဆိုတာထက် သင်ယူလေ့လာရင်း ပြုပြင်ရင်း ဆက်လက် ယုံကြည်သွားကြတာပါပဲ။
ဒီလိုပဲ ရင်းနှီးမြှုပ်နှံရတာပါပဲဗျ။

မင်းအတိုင်းလေးပဲ နေပါ။ မင်းအတိုင်းလေးပဲ ရှင်သန်ပါ။ မင်းအတိုင်းလေးပဲ မင်းစိတ်ကြိုက် updated လုပ်ပါ။ မင်းအတိုင်းလေးပဲ ငြင်းပယ်ပါ။ အရာရာဟာ မင်းအတိုင်းလေးပဲ ဖြစ်နေရင် ရပြီ။🕊️

SPE🕊️

About your love connection ——————————————Single တွေ ဘေးကို 😁Rs Connection သီးသန့်လေးမို့Rs လေးတွေ ကြွပါဗျ။ 🕊️🌌About your...
20/09/2025

About your love connection
——————————————

Single တွေ ဘေးကို 😁
Rs Connection သီးသန့်လေးမို့
Rs လေးတွေ ကြွပါဗျ။ 🕊️🌌

About your lv connection Reading လေးက
Energy Check Reading ပါ။

SPE🕊️🌌

She — သူ့ကို ပြန်လိုချင်တယ်၊             အစီအရင်လုပ်ပြီး ပြန်ခေါ်မယ်။ Me — ❓( #ကနဦး ပြောချင်တာက ကျွန်တော် ဆက်ဆံရေးတွေနဲ့...
19/09/2025

She — သူ့ကို ပြန်လိုချင်တယ်၊
အစီအရင်လုပ်ပြီး ပြန်ခေါ်မယ်။
Me — ❓

( #ကနဦး ပြောချင်တာက ကျွန်တော် ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး မည်သည့်ဆက်ဆံရေးမှ အစီအရင် မကိုင်ပါ။ Handle လည်း မလုပ်နိုင်ပါဘူး။)

( #အိမ်ထောင်သည် အမျိုးသား/သမီးတွေအား မပြောပါ။ အိမ်ထောင်ရေး မပြိုကွဲအောင် တည်ဆောက်ခွင့် ရှိပါတယ်။ အစီအရင်တွေ အမျိုးမျိုးနဲ့ တခြားနည်းလမ်းတွေ ရှိပါတယ်။)

ဒီအတွေးက ဟိုးနှစ်အချို့က ကိုယ်တွေးခဲ့ဖူးတဲ့အတွေးပဲ။ အဓိက လိုရင်းပဲ ပြောပါမယ်/ မေးပါမယ်ဗျ။ ဒါကတော့ အကြံပြုတာပါ။ လုပ်ချင်တာ လုပ်လို့ရတယ်လေ။ ကိုယ့်သမိုင်းနဲ့ ကိုယ်ပါပဲဗျ။

#ဒါက ကျွန်တော့်အတွေး အမြင် သုံးသပ်ချက်ဖြစ်လို့ သဘောထားကွဲလွဲနိုင်ပါတယ်။ လက်မခံလည်း ရပါတယ်ခင်ဗျာ။

📌”သူ့ဆီက ဘာတွယ်တာလဲ၊ဘာရချင်တာလဲ”❓

ရချင်တာရှိလို့ ၊ စွဲလန်းတာရှိလို့ တားဆီးချင်စိတ်ဖြစ်တာပါ။ ဆွဲခေါ်ချင်စိတ် ဖြစ်တာပါ။ အဲ့တော့ အရင်းကို ပြန်စစ်ပါ။ ဘာကို ရချင်တာလဲ။ ဒီအချက်ကို Analyze လုပ်တဲ့အခါ မက်မောတွယ်တာခြင်းတွေရဲ့ နေရာကိုရှာလိုက်သလိုပဲ အပိုင်းလိုက် အကန့်လိုက် ဖြစ်သွားလိမ့်မယ်။

📌 အစီအရင်/ယတြာတွေနဲ့ လူတစ်ယောက်ကို ဆွဲခေါ်ထားတဲ့လုပ်ရပ်ကို ကျွန်တော်ကတော့ “ကံကြမ္မာပြောင်းတယ်/ ဝဋ်ကြွေး ဆွဲဆန့်တယ်/ ကြွေးသစ် ဖန်တယ်”လို့ မြင်ပါတယ်။ ဒါက အချိန်အကန့်အသက်ရှိသလို/ ပြန်ပေးဆပ်ရတာတွေလည်း ရှိတယ်။ လဲလှယ်ခြင်းလို့ ပြောရပါမယ်။
📌ပြန်ပြောစရာရှိလာတယ် >>> ရတယ် ဘာပဲဖြစ်ဖြစ်၊ နာကျင်ရလည်း ရတယ်၊ သူ့ကို ရရင် ဖြစ်တယ်၊ သူ ဘေးနားရှိရင် အဆင်ပြေတယ်၊ ဘာပဲ ပြန်ပေးဆပ်ရ ပေးဆပ်ရ >>> ဒီအတွေးကလေ စိတ်တစ်ခုကနေ လာတာပဲ။ ပျောက်သွားရင်လည်း စိတ်ကလေးတစ်ခုကနေပဲ ပျောက်သွားတာ။ ဖြစ်လည်း ဒီစိတ်၊ ပျက်လည်း ဒီစိတ် ဆိုသလိုပေါ့။

📌တကယ်ပဲ အစီအရင်လုပ်လို့ သူ့ကို ရလာပြီ။
ရလာပြီ။ မြဲသလား။ ပေးရတာတွေ တန်သလား။ ဘာတွေ ပြန်ပေးဆပ်ရမယ်ဆိုတာ မင်းရဲ့လက်ခံ ကျေနပ်မှုတွေ မေးနေမှာ မဟုတ်ဘူး။ ဆုံးရှုံးချင်တာ ဆုံးရှုံးသွားမှာပဲ။ ကိုယ်ဆိုရင်ရော မနေချင်တဲ့နေရာ/လူဆီ အစီအရင်နဲ့ ပြန်ခေါ်ခံရတာမျိုး လက်ခံနိုင်ပါသလား။ ထုံဆေးပြယ်တဲ့အချိန် ဝေးမှာပဲ။ အိမ်ထောင်ရှိ အမျိုးသား/သမီးတွေကို ကြိုးစားတယ်ဆိုရင် ပိုပြီးတော့တောင် အကုသိုလ်များပါသေးတယ်။ စိတ်ဆိုတာ ဖြစ်တယ်။ အကောင်အထည် မဖော်မိဖို့က အသိနဲ့ ပြန်ထိန်းကြရတာပါ။ အကောင်အထည်ဖော်မိရင် အနားတွေ ဖွာထွက်လာတာ။ ဆေးမတိုးပဲ လှိုက်စားလာတဲ့ အနာလို ဖြစ်လာပါလိမ့်မယ်။

📌ရချင်တဲ့တောင့်တချက်တွေကို တခြားနည်းနဲ့ ရနိုင်ပါတယ်။ သူမှ သူဖြစ်နေဖို့ မလိုပါဘူး။ သူဖြစ်နေဖို့ လိုတာက >>> အချိန်တွေ/ အမှတ်တရတွေ/ ချစ်ခြင်းမေတ္တာတွေ/ ရည်ရွယ်ထားတဲ့အိမ်မက်တွေ စတဲ့ ကိုယ်ရော ၊ သူရော ရင်းနှီးမြှုပ်နှံခဲ့တာတွေကို နှမြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူနဲ့ မဟုတ်လည်း တည်ဆောက်လို့ရတယ်။ ဖန်တီးလို့ရတယ်။ ဖွဖွလေး ပြောရရင် ကံကြမ္မာကို လက်ခံစေချင်တယ်။

#ကျွန်တော်က ဒီတိုင်းပဲ ဒီတိုင်းပါ။ ဒီလိုအတွေးတွေများ ဖြစ်ပေါ်စေခဲ့ချိန်မှာ စိတ်နှလုံးမှာ အသိများ နိူးထစေချင်ရုံအပြင် အခြားသော ဆန္ဒမရှိပါဗျာ။)

(ကျွန်တော့်ဇာတ်မှာ ကျွန်တော် အကောင်အထည် ဖော်ခဲ့တယ်လို့ ထင်လား။ အိန်း….စိတ်ဝင်စားမယ် မထင်လို့ ပြောတော့ပါဘူးလေ။😄😆🤣😂 စတာပါ။ စိတ်ဝင်စားရင် နောက်နေ့ Comment box မှာ လာဖတ်နော်။ ကျွန်တော် ရေးထားပေးပါမယ်ဗျ။ 🕊️🤍🌱)

မိမိစိတ်နှလုံးဝယ် အသိတရားများ နိူးထလာပါစေ…🕊️🌱

Shwe Poe Eain 🕊️💃🏻🌌

18/09/2025

ကိုယ်ရချင်တဲ့ Package,
ကိုယ် သိချင်တဲ့ မေးခွန်းတွေကို
မေးရဲအောင် မေးပါ။

ဗီဇတွေ အကျင့်စရိုက်တွေဆိုတာ
လူတွေ သတ်မှတ်ကြတာပါ။

Readers က အထင်သေးတဲ့အပြုအမူမျိုး
ဘယ်လုပ်ပါ့မလဲ။ မလုပ်ဘူးလို့တော့ ယုံတယ်။
Privacy ထိန်းသိမ်းကြမှ ဒီအလုပ်ကို လုပ်လို့ရတာလေ။ ကိုယ်သိလိုတဲ့ မေးခွန်း မေးမှ အနာနဲ့ ဆေးနဲ့ တိုးမပေါ့။ Clients အနာကို တုတ်နဲ့ မထိုးဘူး။ ဘယ်လိုအနာလဲ၊ အနာအတိမ်အနက်နဲ့ ဘာဆေးထည့်မလဲ စမ်းသပ်တာပဲ
ရှိမယ်။

SPE🕊️

Address



Website

Alerts

Be the first to know and let us send you an email when Shwe Poe Eain's Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram